← Chapters

ဒါရိုက်တာလင်း ၊ ခင်များက ကျွန်တော်တို့မျိုးဆက်ရဲ့ လေးစား အတုယူဖွယ်ရာပါပဲဗျာ....

Vol. 26 Ch. 384

ဒါရိုက်တာလင်း ၊ ခင်များက ကျွန်တော်တို့မျိုးဆက်ရဲ့ လေးစား အတုယူဖွယ်ရာပါပဲဗျာ....

Vol. 26 Ch. 384

“နင်က တကယ့်ခွဲစိတ်မှုကို မြင်ယောင်ပြီးတော့ ချုပ်နေတာ…..”

လီချူးဟန် သူမ ခံစားချက်များကို မည်သို့ ဖော်ပြရမလဲဆိုတာ မသိတော့ချေ။ မယုံနိုင်စရာကောင်းသည်ဟုသာ ဆိုနိုင်တော့သည်။

အစကတော့ သူမ လင်းရီ၏ ကိုယ်ပိုင်ဟန်ဖြစ်မည်ဟု ထင်မှတ်ထားခဲ့၏။သို့သော်လည်း ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်လိမ့်မည်လို့ ထင်မှတ်မထားချေ။

အကယ်၍ သူမသာ သာမန်ဒဏ်ရာချုပ်သည့်ပန်၀န်းကျင် နှင့် တိကျသည့် အီလက်ထရွန်မိုက်ခရိုစကုပ်ကိုသာ ပေးလိုက်မည်ဆိုပါက ရလဒ်များမှာ ပို၍ ကောင်မွန်နိုင်လိမ့်မည် မဟုတ်ပါလော။

“ဒီနေ့ကစပြီးတော့ နင်က ငါ့ရဲ့ လက်ထောက်ပဲ….. ငါခွဲစိတ်ခန်း ဝင်တဲ့အချိန်တိုင်း နင်လိုက်ခဲ့ရမယ်…..”

လီချူးဟန်မှ ပြောလိုက်၏။

“ကျွန်တော် ရာထူးတိုးသွားတာလား…..”

“ခစ်ခစ် နင် ငတုံးလေးကတော့…..” စွန်းလီကျူးမှ ပြောလိုက်ပြီး “ဒေါက်တာလီက ဟွာရှန်းဆေးရုံက အလှနတ်သမီးလေးနော်……နင် ရာထူးတိုးရုံတင်ဘယ်ကမှာ … ဒေါက်တာလီနဲ့ အတူတူ အလုပ်လုပ်ဖို့ အခွင့်အရေး ရတယ်လို့တောင် ပြောလို့ရတယ်….”

"အဲ့လိုဆို ကောင်းတာပေါ့..."

စွန်းလီကျူးမှ ထိုလေသံဖြင့် စနောက်လိုက်သော်လည်း လီချူးဟန်၏ မျက်နှာအမူအရာကတော့ တစိုးတစိမျှ ပြောင်းလဲခြင်းမရှိ။ သူမ ဂရုစိုက် မစိုက်ကို ပြောပြရန် ခက်ခဲလေသည်။

တစ်ခါတစ်ရံ လီချူးဟန်မှာ စက်ပစ္စည်းတစ်ခုကဲ့သို့ အေးစက်တည်ငြိမ်လှပြီး လင်းရီ သူမ၏ ခံစားချက်များကို ဖတ်၍မရချေ။

သူမကဲ့သို့ အကျင့်စာရိတ္တရှိသူမျိုးကတော့ ဆေးရုံပတ်၀န်းကျင်နှင့် အကိုက်ညီဆုံးပင်။

"နင် နေ့လည်စာ စားပြီးပြီလား.. ငါ တစ်ခုခုသွားမှာရင်း နင်နဲ့ ဆွေးနွေးစရာ ကိစ္စလေးလည်း ရှိလို့...."

လီချူးဟန် ပြုံးလျက် ဆိုလိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်မှ ထိုသို့ ပြောလာမည်ဆိုပါက သူနှင့် ပရောပရီလုပ်ချင်လို့ဟူ၍ လင်းရီ သံသယ ၀င်မိပေလိမ့်မည်။ သို့သော်လည်း လီချူးဟန်၏ နှုတ်မှထွက်လာသည့် ‌စကားလုံးတို့ကတော့ အမှန်တကယ် သန့်စင်ပေသည်။ သူမ သူနှင့် အမှန်တကယ်ကြီး နေ့လည်စာအတူစားချင်နေပုံပင်။

"နင် ငတုံးကောင်လေး ဘာတွေ တွေဝေ‌နေတာ..." စွန်းလီကျူး ‌နောက်မှ တံတောင်ဖြင့် တွတ်လိုက်ပြီး "ငါနင့်ကို ပြောပြမယ်... ဒေါက်တာလီက ဒီမှာ အလုပ်လုပ်တာ နှစ်နှစ်ကျော်နေပြီနော်... သူမ ဒါပထမဆုံးအကြိမ် ဆန့်ကျင်ဘက်လိင်ကို ထမင်းအတူစားဖို့ ဖိတ်ခေါ်တာပဲ....အပြင်က မှာစားတယ်ဆိုရင်တောင်မှ နင်တန်ဖိုး ထားသင့်တယ်...."

"အဲ့လိုဆိုရင်‌ ကျွန်တော်ကပဲ ဂုဏ်ယူစွာနဲ့ ဒေါက်တာလီရဲ့ ဖိတ်ခေါ်မှုကို လက်ခံပါရစေ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါပေမယ့် ကျွန်တော်ကပဲ ၀ယ်ကျွေးလိုက်မယ်လေ... အမေကပြောထားတယ် မိန်းမလှလေးတွေကို ပိုက်ဆံ မရှင်းခိုင်းရဘူးတဲ့....."

စွန်းလီကျူး လက်မထောင်ပြလိုက်၏။

"နင့်အမေက အရမ်းတော်တာပဲ...."

"အဲ့တာဆိုလည်း နောက်တစ်ခေါက်ကျ ငါ ၀ယ်ကျွေးရတာပေါ့...."

လီချူးဟန် နေ့လည်စာကျွေးမယ့်ကိစ္စနှင့် စပ်လျဉ်း၍ များစွာ အချိန်ဖြုန်းမနေတော့ပဲ သူမဖုန်းကို ထုတ်ကာ ဝီချက် QR ကုတ်ကို ပြလိုက်သည်။

"ဒါက ငါ့ရဲ့ ဝီချက်ခ်အကောင့်ပဲ...အပ်ထားလိုက်...နောက်ဆိုရင် ဘာပဲလိုလို ဆက်သွယ်ရ လွယ်ကူသွားတာပေါ့...."

"အိုကေ....."

ဝီချက်အပ်ပြီးနောက် လင်းရီ ၀မ်ထျန်းလုံထံ ဖုန်းဆက်၍ ‌နေ့လည်စာ လာပို့ပေးရန် မှာကြားလိုက်သည်။

"နင် ရုံးခန်းနံပါတ် ၈၀၉ ကို သွားပြီးတော့ အဲ့မှာစောင့်နေလိုက်... ငါလုပ်စရာလေးတစ်ခုရှိသေးလို့ ပြီးရင် နင့်နောက် လိုက်လာခဲ့လိုက်မယ်...."

"ကောင်းပါပြီ..."လင်းရီ ခေါင်းညိမ့်လိုက်၏။

ထို့နောက် လီချူးဟန်၏ လမ်းညွှန်မှုအတိုင်း လင်းရီ ရုံးခန်းနံပါတ် ၈၀၉ သို့ ရောက်လာခဲ့သည်။ ရုံးခန်းမှာ ကြီး‌တော့ မကြီးချေ။ ကွန်ပျူတာ တစ်လုံးနှင့် ပရင်တာတစ်လုံးတည်းတာရှိပြီး လီချူးဟန်၏ အခြား ပစ္စည်းများလည်း ရှိနေသေးသည်။

ရုံးခန်းတစ်ခုဟု ဆိုသည်ထက် ယာယီနားနေခန်းဟု အသုံးပြုပါက ပို၍ သင့်လျော်ပေမည်။

ဤနားနေခန်းမှတစ်ဆင့် ဟွာရှန်းဆေးရုံမှာ အခြားသောဆေးရုံများနှင့် မတူညီကြောင်း မြင်တွေ့နိုင်လေသည်။ ကျန်သည့် ဆေးရုံများတွင်တော့ ရုံးခန်း အကျယ်ကြီးတစ်ခုသာ ပေးထားပြီး ဌာနဒါရိုက်တာများ အားလူံးမှ ထိုရုံးခန်းထဲတွင် နားနေကြရသည်။

သို့သော်လည်း ဟွာရှန်းဆေးရုံကတော့ ကိုယ်ပိုင်နားနေခန်းတစ်ခုတောင် ချပေးထား၏။ ယင်းက အထင်ကြီးလောက်စရာပင်။

နာရီ၀က်ကြာပြီးနောက် လီချူးဟန် သူမလက်မောင်းထဲတွင် စာဖိုင်တစ်ထပ်လိုက်ကြီးကို သယ်ဆောင်လျက် အခန်းထဲသို့ ရောက်လာခဲ့သည်။ စားပွဲဆီသို့ တန်းသွားပြီး ချောမွေ့စွာဖြင့် ပစ္စည်းများက်ု ချလိုက်၏။

ထို့နောက် လင်းရီ ရှိနေသည်ကို ဂရုမထားပဲ သူမ နေနေကြပုံစံအတိုင်း ဒေါက်တာကုတ်အရှည်ကို ချွတ်၍ အင်္ကျီချိတ်သည့် နေရာ၌ ချိတ်လိုက်သည်။ အထဲတွင်တော့ ရိုးရှင်းသည့် NIKE တီရှပ်တစ်ထည်ကိုသာလျှင် ၀တ်ဆင်ထား၏။ လင်းရီ၏ စံနှုန်းများအရတော့ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ မဆိုးလှချေ။

ကြီးသည်ဟု မဆိုသာသော်လည်း သေးသည်ဟုလည်း ပြော၍မရချေ။ ခန့်မှန်းကြည့်ရလျှင်တော့ လက်တစ်ဆုပ်စာ ပြည့်ပြည့်၀၀တော့ ရှိလေသည်။

လင်းရီလည်း သူမ သတိမထားမိခင် ချောင်းတစ်ချက်ဟန့်၍ မသိမသာ အကြည့်လွဲလိုက်တော့၏။

ထိုအချိန်တွင် ချလပ် မြည်သံနှင့်အတူ နားနေခန်း တံခါးမှာ ပွင့်ဟလာခဲ့ပြီး နာ့စ်သုံးယောက်မှ ရယ်ရယ်မောမောနှင့် နားနေခန်းထဲသို့‌ ရောက်လာခဲ့၏။

"ဒေါက်တာလီ ညီမတို့ ထိုင်စရာနေရာ မရှိတော့လို့ အစ်မနား ခဏလောက်....."

လင်းရီကို မြင်သည့်အချိန်တွင်တော့ သူမတို့ စကားတစ်၀က်တစ်ပျက်ဖြစ်သွားခဲ့ပြီး လင်းရီက်ုတစ်လှည့် လီချူးဟန်ကိုတစ်လှည့် ကြည့်နေကြ၏။

"အယ်..... ဒေါက်တာလင်းလည်း ဒီရောက်နေတာလား.... ကျွန်မတို့ နှောင့်ယှက်မိပြီနဲ့တူတယ်...."

"ဘာမှ မဖြစ်ဘူး... လာလာ အတူထိုင်ပြီး စားကြတာပေါ့..."

လီချူးဟန် ယဉ်ကျေးစွာ ဆိုလိုက်သည်။

"တကယ် ဖြစ်ပါတယ်နော်...."ဆံပင်အရှည်နှင့် နာ့စ်မှ မေးလိုက်၏။ ရင်ဘက်ရှိ တံဆိပ်တွင်တော့ ယွမ်စီးချီဟု ရေးသားထားလေသည်။

လီချူးဟန် ခေါင်းညိမ့်လိုက်၏။

"အနောက်စားပွဲပေါ်က ဖိုင်တွဲတွေကို ပြတင်းပေါက်နားက ဒေါက်တန်းလေးပေါ် တင်ထားလိုက်...အဲ့တာဆို နေရာလွတ်သွားပြီ...."

"ဒေါက်တာလီနဲ့ ဒေါက်တာလင်းတို့ကရော စားပြီးကြပြီလား.... မစားရသေးရင် ဒီနေ့ ကန်သင်းက အရသာရှိတဲ့ အသားညှပ်ပေါင်မုန့်တွေ လုပ်တဲ့နေ့လေ... ညီမတို့ သွား၀ယ်လာခဲ့ပေးမယ်.... "

ယွမ်စီချီးမှ ပြောလိုက်သည်။

"ဒေါက်တာလင်းက အော်ဒါမှားပြီးသွားပြီဆိုတော့ ထားလိုက်တော့...."

"အိုး... အဲ့တာဆို ဒီမှာပဲ စားကြမှာပေါ့နော်...."

"အင်း...."

လီချူးဟန်မှာ အေးစက်သည်ဟု ထင်ရသော်လည်းသူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့်တော့ ကောင်းမွန်သည့် ပတ်သက်မှုများ ရှိလေသည်။ ပုံမှန်ဆိုလျှင် နာ့စ်များမှ ဒေါက်တာများ၏ နားနေခန်းထဲသို့ အရမ်းကာရော ၀င်လာရဲခြင်း မရှိကြချေ။

နာ့စ်သုံးယာက်မှာတော့ လင်းရီနှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ထိုင်၍ တိတ်ဆိတ်စွာ စားသောက်နေကြပြီး လင်းရီကိုလည်း မသိမသာ အကဲခတ်နေကြ၏။

"ဒေါက်တာလင်းက အရမ်းယောက်ျားပီသတာပဲနော်... ငါသူ့ရဲ့ ဟော်မုန်းရနံတောင် ဒီထိ ရနေသလိုပဲ...."

"ငါ့အထင်တော့ နင့်နှာခေါင်းက ပြဿနာရှိနေပြီထင်တာပဲ.... ရေမွှေးနံကို ဘာတွေ ဟော်မုန်းနံ့ရတယ် ပြောနေတာ...."

"ဒေါက်တာလင်းက ဘယ်လောက် ချောချော ငါတို့အတွက် အလကားပဲ... ဒေါက်တာလီက သူ့ကို သိမ်းပိုက်ပြီးသွားပြီ....."

"အင်း... ဘာပဲဖြစ်ဖြစ် ဒေါက်တာလီကလည်း ငါတို့ဆေးရုံ၀န်းရဲ့ အလှနတ်သမီးလေးလေ... သူတို့နှစ်ယောက်တွဲမယ်ဆိုရင်လည်း လိုက်ဖက်တာပဲ...."

ယွမ်စီချီမှ ပြောလိုက်သည်။

"ငါတော့ ကောင်းတယ် မထင်ဘူးနော.... ထောက်ပံ့ပို့ဆောင်ရေးဌာနက လက်ထောက် ဒါရိုက်တာသွမ့်ကလည်း ဒေါက်တာလီကို လိုက်ပိုးပန်းနေတာကြာပြီ....တကယ်လို့ သူသာ ဒီကိစ္စတွေ ရှာတွေ့သွားလို့ကတော့ ဘာတွေဖြစ်လာမလဲမသိဘူး.... "

"နင်ပြောတာလည်း ဟုတ်သလိုတော့ရှိသား...ဒါရိုက်တာသွမ့်က ချမ်းလည်းချမ်းသာတယ်... ဒီမှာလည်း အာဏာအတော်အသင့်ရှိတယ်ဆိုတော့ ဒေါက်တာလင်းက ဒီနေရာမှာ တစ်ကွက်လိုသွားပြီ....."

"ကဲ ကဲ စားစရာရှိတာ စားကြ... ဒေါက်တာလီက ဒေါက်တာလင်းနဲ့ ဘာတွေဆွေးနွေးနေလဲမသိဘူး... တော်ကြာ အနှောင့်အယှက် ဖြစ်နေဦးမယ်....."

သို့နှင့် သုံးယောက်သား ဆိတ်ငြိမ်စွာဖြင့် စားသောက်လိုက်ကြသည်။

လီချူးဟန်မှ ဖိုင်တွဲတစ်ခုကို ယူလိုက်ပြီး "ငါနင့်နဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခုရှိတယ်...ကြာမှာဆိုတော့ နင်နေ့လည် အနားယူတာကို အနှောင့်ယှက်ဖြစ်ရင် ဖြစ်သွားမှာ.... "လီချူးဟန်မှ ပြောလိုက်ပြီး "‌ညနေလောက်ကျမှ ဆွေးနွေးကြရင်ကော....."

"ရတယ်... ကျွန်တော်က အားအင်အပြည့်ပဲ ဘာမှနေ့လည်တစ်ရေး အိပ်နေစရာမလိုဘူး...ခုပြောလိုက်လည်းရတယ်...."

လီချူးဟန် ခေါင်းညိမ့်လိုက်ပြီး "ငါ မနက်ဖြန်ကျရင် အရေးကြီးတဲ့ ခွဲစိတ်မှုတစ်ခု ပြုရမယ်...ဒါပေမယ် အဲ့ဒီ ခွဲစိတ်မယ့် လုပ်ငန်းစဉ်ကို စဉ်းစားထားတာ အခေါက်ပေါင်း မနည်းတော့ဘူးဆိုပေမယ့် ချုပ်တဲ့အပိုင်းကျ လုံလောက်အောင် မကောင်းမွန်သေးဘူးလို့ ခံစားနေရသလိုပဲ...မတော်လို့များ တစ်ခုခုဖြစ်သွားခဲ့ရင် အန္တရာယ်လည်း အရမ်းများတယ်... ဒါကြောင့်မို့ နင့်ရဲ့ အမြင်ကို ငါတစ်ချက်လောက် နားထောင်ကြည့်ချင်လို့....."

"ဒေါက်တာလီရဲ့ အရည်အချင်းတွေနဲ့တောင်မှ မကိုင်တွယ်နိုင်လောက်ဘူးပေါ့...."

လင်းရီ လီချူးဟန်၏ အရည်အချင်းများကို ထိုက်သင့်သလောက်တော့ နားလည်ထား‌သည်။ သူမပင်လျှင် အန္တာရာယ်များသည့် ခွဲစိတ်မှုဟု သတ်မှတ်ထားသောကြောင့်သာမန်လူတို့ ကိုင်တွယ်နိုင်လောက်မည် မဟုတ်ချေ။

"အန္တာရာယ်က ကဏ္ဍနှစ်ခု... တစ်ခုက လူနာရဲ့ အခြေအနေ....နောက်တစ်ခုကကျတော့ လူနာရဲ့ အထောက်အထားပဲ...."လီချူးဟန် သူမ နဖူးရှေ့ ကျနေသည့် ဆံမြိတ်ကို ဘေးသို့ ပြန်သပ်လိုက်ပြီး "မတော်လို့များ တစ်ခုခု မှားသွားခဲ့လို့ကတော့ ဟွာရှန်းဆေးရုံကတောင် တာ၀န်ခံနိုင်မှာမဟုတ်ဘူး..... "

"ဟမ်...."

လီချူးဟန်၏ စကားလုံးများက လင်းရီ၏ သိချင်စိတ်ကို နှိုးဆွသွားခဲ့သည်။

ဟွာရှန်း ဆေးရုံဆိုသည်မှာ ကျိုးဟိုင်၌ တော်ရုံသွားရှုပ်လို့မရသည့် အနေအထားတစ်ခုနှင့်ဖြစ်၏။

မြို့တော်ကပင်လျှင် အထူးအလေးပေး ဆက်ဆံရပြီး တော်ရုံဆေးဘက်ဆိုင်ရာ မတော်တဆမှုများလောက်တော့ မျက်ကွယ်ပြုထားပေးလိမ့်မည်။ သို့သော်လည်း လူနာမှာ အပြစ်ပြု၍ မရသူဟု လီချူးဟန်မှ ဆိုလာခဲ့၏။ မှန်းဆကြည့်ရသလောက်ကတော့ အတော်လေး ထူးခြားသည့်ပုံပင်။

"လူနာ ဘယ်သူလဲဆိုတာ နင်သိချင်နေပြီမလား...."

လင်းရီ ဖုံးကွယ်နေခြင်းမရှိ ခေါင်းညိမ့်လိုက်သည်။

"လူနာက........."

ဒေါက် ဒေါက် ဒေါက်...

လီချူးဟန် ပြောအံ့ဆဲဆဲတွင် နားနေခန်းတံခါးကို တစ်ယောက်ယောက်မှ လာခေါက်သည့်အသံကို ကြားလိုက်ရသည်။

"၀င်ခဲ့...."လီချူးဟန် အော်လိုက်သည်။

တံခါးမှာ ပွင့်ဟလာခဲ့ပြီး ပုံမှန်အ၀တ်အစားတို့နှင့် အမျိုးသားတစ်ဦး ၀င်လာခဲ့သည်။ သူ၏ အရပ်အမောင်းမှာ ၁.၈ မီတာ မြင့်မားပြီး ဂတုံးပေါက်ကေနှင့် ခန္ဓာကိုယ်မှာလည်း တုတ်ခိုင်သန်မာလေသည်။ သူ၏ လက်ထဲတွင်တော့ အိတ်များစွာကို ကိုင်ထားပြီး ပုံသဏ္ဌာန်အရတော့ အပြင်မှ မှာယူထားသည့် စားစရာများ ဖြစ်ဖို့များ၏။

ထိုသူ၏ နာမည်မှာတော့ သွမ့်ဖန့်ဖြစ်ပြီး အများကတော့ ဖက်တီးသွမ့်ဟုသာ ခေါ်လေ့ရှိကြသည်။ ဟွာရှန်းဆေးရုံ ထောက်ပံ့ပို့တောင်ရေးဌာန၏ လက်ထောက်ဒါရိုတာတစ်ဦးလည်းဖြစ်၏။ ထောက်ပံ့ပေးဆောင်ရေး ဌာနက ကြားရသည်မှာ အထင်ကြီးဖွယ် မကောင်းလှသော်လည်း ဟွာရှန်းဆေးရုံတွင်‌တော့ အရေးပါသည့် အခန်းကဏ္ဍမှ ပါ၀င်လေသည်။ ‌အဆိုပါဌာနရုံးခန်းမှာ လွန်စွာကြီးမားလှပြီး ဆေးရုံမှ လိုအပ်သည့် ဆေးဝါးများနှင့် ပစ္သည်းကိရိယာများက်ု ၎င်းတို့ဘက်မှ တာ၀န်ယူပေးရ၏။ အကျိုးမြတ် ရှိမရှိကိုတော့ ဆင်စား၍မကုန်သည့် ဖက်တီးသွမ့်၏ ခန္ဓာကိုယ်ကိုကြည့်လျှင် သိနိုင်ပေသည်။

သွမ့်ဖန့်၏ ရောက်ရှိလာမှုက သက်တောင့်သက်သာ ဖြစ်နေသည့်လေထုကို သိပ်သည်းတင်းကြပ်သွားစေသည်။

နာ့စ် သုံးယောက်ကတော့ သူမတို့ ပါးစပ်ထဲတွင် တူများကို ထည့်ရင်း ‌လင်းရီကို တစ်လှည့် ၊ သွမ့်ဖန့်ကြိ တစ်လှည့်ကြည့်ရင်း မျက်စိကစားနေကြ၏။

'ပွဲတော့ လှပြီနဲ့တူတယ်...'

လင်းရီကို မြင်သည့်အချိန်တွင်တော့ သွမ့်ဖန့်၏ အမူအရာမှာ အရုပ်ဆိုးသွားခဲ့သည်။

"ဒါရိုက်တာသွမ့်က ဘာကိစ္စရှိလို့လဲ...."လီချူးဟန် အလုပ်သဘောအရ မေးမြန်းလိုက်၏။

"ထွေထူးကြီးတော့ မဟုတ်ပါဘူး... နေ့လည်တောင် ရောက်တော့မှာဆိုတော့ ဒေါက်တာလီ မစားရသေးရင် တစ်ခုခုစားဖို့ လာပို့ပေးတာပါ....."

"မလိုပါဘူး...."လီချူးဟန် ပြောလိုက်ပြီး "ဒေါက်တာလင်းက အော်ဒါမှာပြီးသွားပြီ...ကျွန်မတို့က ဒီနေ့အတူစားမှာမို့လို့ ဒါရိုက်တာသွမ့်ရဲ့ စေတနာကို လက်မခံပါရစေနဲ့.... "

သွမ့်ဖန့်၏ အမူအရာတွင် ဒေါသရိပ်များ စွက်လာခဲ့သည်။

ဒီငနဲက ဘယ်ကလဲကွ....

"သူမှာထားတာတွေက ကျွန်တော် ယူလာခဲ့ပေးတာတွေလောက် ဘယ်ကောင်းမှာ...."သွမ့်ဖန့် ပြောလိုက်ပြီး "ဒါတွေအကုန်လုံး ကျွန်တော့်အမေဆိုင်က ၀ယ်ခဲ့တာတွေ...အားလုံးက စားကောင်းတာတွေ ချည်းပဲ... ဒေါက်တာလီက ခုတလော ပင်ပန်းထားတာဆိုတော့ အားရှိသွားအောင်လို့ ဂျင်ဆင်းစွပ်ပြုတ်လေးပါ ယူခဲ့ပေးသေးတယ်...."

"အားတော့ နာပါတယ် ‌ဒါရိုက်တာသွမ့်... ဒေါက်တာလင်းကလည်း မှာပြီးပြီ....ပြီးတော့ သူနဲ့အတူ စားမယ်လို့ ကတိပေးထားတာမို့လို့ပါ...."

"အပြင်စာတွေ ဘယ်လောက်ကောင်း‌တယ်ပြောပြော ကျွန်တော်ယူလာခဲ့ပေးတာ‌တွေလောက်တော့ ဘယ်ကောင်းမှာ ... "ထိုသို့ပြောပြီးနောက် သူ့လက်ထဲရှိ အထုပ်များကို ဖြေကာ "ဒါက ဘဲကင် ၊ ၀က်ကြွပ်ကြွပ်ကျော် ၊ အမဲရိုးစွပ်ပြုတ် ပြီးတော့......."

နာ့သ်သုံးယောက်ကတော့ ထိုဟင်းပွဲများကိုကြည့်ရင်း သွားရည်ယိုနေတော့၏။

ဟင်းကောင်းတွေပဲဟ....

ဒေါက် ဒေါက် ဒေါက်

သွမ့်ဖန့် မိတ်ဆက်ပေးနေစဉ် တစ်စုံတစ်ယောက်မှ နားနေခန်းတံခါး လာခေါက်သည့် အသံကို ကြားလိုက်ရ၏။

"၀င်ခဲ့...."

အတည်ပြုသံကြားတော့ ၀မ်ထျန်းလုံ နားနေခန်းထဲသို့ ၀င်လာခဲ့ပြီး မနီးမဝေးရှိ ဒေါက်တာလှလှလေးဘေးနား ထိုင်နေသည့် လင်းရီကိုမြင်တော့ ၀မ်ထျန်းလုံ ကြက်သေသေသွားခဲ့သည်။

‌ဒါရိုက်တာလင်းက ဘာလို့ ကုတ်အဖြူကြီး ၀တ်ထားတာလဲဟ..

ဒီဆေးရုံက ဒေါက်တာလှလှလေးတွေကို လာဝိုက်တာများလား....

ဒါကြီးက သောက်ရမ်း အံ့ဩဖို့ကောင်းလွန်းသွားပြီ....

ဒါရိုက်တာလင်းက သူ့မျိုးဆက်ရဲ့ လေးစားအတုယူဖွယ်ရာပါပဲ...

"မစ္စတာလင်း မှာယူထားတာတွေ ရပါပြီခင်ဗျ...."

၀မ်ထျန်းလုံပြောလိုက်ပြီး လေးနက်တည်ကြည်စွာဖြင့်

"ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံးနဲ့ အကြီးဆုံး ဩစတေးလျ ပင်လယ်ဂုန်းပါ .. ပြီးတော့ ဒါက ဩစတေးလျ ကျောက်ပုစွန် ၊ ဖလူးဖင်းတူနာ ဆာရှီးမီး ၊ ရုရှား စတာဂျန်ငါးဥ ၊ နောက်ပြီး ဒါကကျတော့ ဩစတေးလျက MS3 အဆင့်ရှိတဲ့ အသားစတိတ်ခ်၊ တ-ရုတ် စတာဂျန်ငါးပေါင်းနဲ့ မိုစကာတိုဒက်စ်တီ ဝိုင်တစ်ပုလင်းပါ ... အမျိုးသမီးတို့ သောက်သုံးဖို့ အင်မတန် သင့်လျော်ပါတယ်ဗျ.... “

All Chapters