← Chapters

လင်းရီကို အဆုံးသတ်ချင်နေတာလား

Vol. 26 Ch. 386

လင်းရီကို အဆုံးသတ်ချင်နေတာလား

Vol. 26 Ch. 386

"ဒေါက်တာလီက ကောင်းတယ်ထင်တော့လည်း ကျွန်တော်ကြိုးစားထားတာတွေက အလဟဿမဖြစ်တာပေါ့...."

"အင်း... နင် မနက်ဖြန် ကြိုက်တဲ့အချိန် အလုပ်လာဆင်းလှည့်... အိပ်ရေး၀မှပဲ ထလာခဲ့လိုက်နော်...."

"ကျေးဇူးပါ ဒေါက်တာလီ...."

"မအိပ်ခင် နွားနို့သောက်ဖို့လည်း မမေ့နဲ့ဦး.... အဲ့တာဆိုပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်.....ဂွတ်နိုက်...."

"ဂွတ်နိုက် ဒေါက်တာလီ....."

ခေါ်ဆိုမှုမှာတော့ ထိုမျှလောက်ပင်။ လီချူးဟန်ကတော့ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသွားခဲ့၏။

လင်းရီလည်း ရေမိုးချိုးပြီးနောက် အခန်းသိူ့ပြန်ကာ တစ်ချိုးတည်း အိပ်ပျော်သွားလေသည်။

သူဦးနှောက်ကို အလုပ်လုပ်‌ခိုင်းတာ များသွား၍လားတော့မသိ နောက်တစ်နေ့ နံနက် ကိုးနာရီအထိ အိပ်စက်နေခဲ့၏။

ဖုန်းရှိ ဝီချက်ထဲတွင်တော့ ကျီချင်းရန်ထံမှ စာတိုလေးများ ရောက်လို့နေသည်။

"ကောင်စုတ် နင်မထသေးဘူး....."

"ဟဲ့‌အကောင် ခုထိစာမပြန်သေးဘူးပေါ့... ခုဘယ်အချိန်ရှိနေပြီလဲ... နံနက်စာကော စားပြီးပြီလား...."

၎င်းတို့ကို မြင်တော့ လင်းရီ နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး အပြုံးတစ်ခု ပေါ်လာခဲ့၏။

စာသားများမှာ ရိုးရှင်းဟန်ရှိသော်လည်း နွေးထွေးမှုတို့ရောစွက်နေလေသည်။

ကျီချင်းရန်နှင့် တခဏမျှ စကားပြောပြီးနောက် လင်းရီ လန်းဆန်းသွား‌အောင် ရေအေးအေးဖြင့် ရေချိုးလိုက်သည်။ ထို့နောက် ဆေးရုံသို့ သွားသင့်မသွားသင့် တစ်ချက် စဉ်းစားကြည့်လိုက်၏။ အမှန်တော့ သူ သည်ကနေ့ ဆေးရုံသို့ မသွားလည်းရပေသည်။ သို့သော်လည်း စနစ်၏ မစ်ရှင်များမှာ အလုပ်လုပ်နေစဉ်အတွင်း ပေါ်ပေါက်လာတတ်သောကြောင့် သူသွားရန် ဆုံးဖြတ်လိုက်သည်။ မဖြစ်မနေ အရေးကြီးကိစ္စတို့ မရှိပါက အလုပ်သွားသည်က သူ့အတွက် အကောင်းဆုံးပင်။

ကလင် ကလင် ကလင် ...

လင်းရီ ရေချိုးနေစဉ်တစ်ခိုက် အ၀တ်လျှော်စက်ပေါ်တွင် တင်ထားခဲ့သည့် သူ၏ဖုန်းမှာ အသံမြည်လာခဲ့သည်။

ဖုန်းခေါ်ဆိုလာသူ၏ နာမည်ကို လင်းရီမြင်သည့်အချိန်တွင်တော့ သူ၏အမူအရာမှာ ရုတ်ချည်း အေးခဲသွားတော့၏။ ခေါ်ဆိုလာသူကတော့ ချောင်ကျင်းချိုးပင်။

လင်းရီ ရေပန်းကို ခဏပိတ်ထားလိုက်ပြီး ဖြစ်နိုင်ချေများကို စတင်တွေးတောတော့သည်။

အကယ်၍ အလုပ်ကိစ္စဆိုပါက သူမ ဖုန်းနှင့် ဆက်သွယ်လာလိမ့်မည်မဟုတ်ချေ။ လူကိုယ်တိုင် ရောက်လို့လာပေမည်။

ထို့ကြောင့် ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်ဖို့ရာကများသည်။

မသေချာ မရေရာမှုတို့နှင့်အတူ လင်းရီ သူ့လက်ဝါးပေါ်ရှိ ရေစက်များကို တစ်ချက်ခါရင်း ဖုန်းဖြေလိုက်၏။

"ဘာကိစ်စလဲ...."

"မစ္စတာလင်း....ကျွန်မရှင့်ကို ဒါရိုက်တာလင်းလို့ ခေါ်ရမလား... ဒါမှမဟုတ် ဥက္ကဌလင်းလို့ပဲ ခေါ်လိုက်ရမလား...."

"ဟမ်...."

လင်းရီ ရင်ထိတ်သွားခဲ့သည်။ Sci-tech စက်ရုံဒါရိုက်တာဆိုသည့် အထောက်အထားကို သူမသိသွားသည်လော။

ဘယ်ကောင် ဖော်ထုတ်လိုက်တာလဲကွ....

"အမ်.... မိန်းက‌လေးချောင်က ဘာပြောချင်‌နေတာ...."

"ဥက္ကဌလင်း.... ခုကအရမ်းနောက်ကျသွားပြီ... ရှင်ဖုံးကွယ်ချင်တယ်ဆိုရင်တောင်မှ အသုံးမ၀င်ဘူး...."ချောင်ကျင်းချိူး ပြောလိုက်ပြီး "ကျွန်မ သိချင်တာက ရှင် ဘာလို့ ကျွန်မအစ်ကိုနဲ့ ရင်းနှီး‌အောင်လုပ်နေလည်း ဆိုတာကိုပဲ...."

"ကျုပ်တို့အားလုံးက စီးပွားရေးသမားတွေပဲလေ... ဘာလို့ ရင်းနှီးပတ်သက်နေလဲဆို‌တော့ အကျိုးအမြတ်ကြောင့်ပဲပေါ့... ကျုပ်မှာ ပိုက်ဆံရှိတာတောင်မှ ၀င်ငွေရှာလို့မရဘူးလို့တော့ လာမပြောနဲ့...."

ချောင်ကျင်းချိုး၏ ကြံရည်ဉာဏ်ရည်နှင့်ဆိုပါက သူမ၏ မျက်စိအောက်တွင် မည်သည်ကိုမျှ ဖုံးကွယ်ထား၍ ရလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူ့ဘက်မှ ကျယ်ကျယ်လောင်လောင်နှင့် အကြောင်းပြချက်ကို အခိုင်အမာ ပြောဆိုရန် လိုအပ်သည်။ တုံ့ဆိုင်းနေပါက တစ်ဖက်လူမှာ သံသယများသွားနိုင်သည်။

"မစ္စတာလင်း ရှင့်ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ကျွန်မရဲ့ ငတုံးအစ်ကိုနဲ့ အထူးတလှယ် ဆွေးနိုးဖို့ကိစ္စဆိုတာ ရှိလာမှာ မဟုတ်ဘူးထင်တယ်....."

ချောင်ကျင်းချိုး အေးစက်သည့်လေသံဖြင့် ‌ဆိုလိုက်ပြီး

"ပြီး‌တော့ ရှင့်ဘက်က ချစ်ပ်ထုတ်လုပ်ခွင့်နဲ့ ကုန်လှောင်ရုံတွေကို အလကားသပ်သပ် လွှဲပေးလိုက်ဖို့ ဆိုတာလည်း လုံး၀ မဖြစ်နိုင်ဘူး...."

"ဟိုးဟိုး... မိန်းကလေးလျန်ကတော့ အ‌တွေးလွန်နေပါပြီ....မိန်းကလေးရဲ့ အစ်ကိုက ယာယီပဲ ပိုင်ဆိုင်တာလေ ..ကျုပ်က အပိုင်ပေးလိုက်တာမှ ဟုတ်တာ...ကျုပ်ဘက်က ပိုက်ဆံရနေသရွေ့ကတော့ သူ့ဘာသူ ဘာပဲလုပ်လုပ် သောက်ဂရုကိုမစိုက်တာ...."

ချောင်ကျင်းချိုး တစ်မိနစ်ခန့်လောက် တိတ်ဆိတ်ငြိမ်သက်သွားပြီး "မစ္စတာလင်း ... ကျွန်မတို့ နှစ်ဦးနှစ်ဖက်လုံးက ငြိမ်းချမ်းရေးအခိုင်အမာနဲ့ စီးပွားရေးဆက်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်..... မသမာတဲ့ အကြံအစည်တွေ ရှိနေမယ်ဆိုရင်တော့ ကျွန်မတို့ ရှေ့ဆက် လက်တွဲပူးပေါင်းဖို့က ခက်ခဲတော့မှာ...."

"ဒါရိုက်တာချောင် ခင်များဘာတွေပြောနေတာ... ကျုပ်က စာချုပ်ဖိုး ရချင်ရုံသပ်သပ်ပဲ .. ခင်များပြောနေတဲ့ ပုံစံကြီးက ကျုပ်ကပဲ မသူတော်ကြီး ကျနေတာပဲ...."

"ရှင်က ရိုးရှင်းတဲ့သူ မဟုတ်ဘူးဆိုတာ ကျွန်မသိပြီးသား...."ချောင်ကျင်းချိုးပြောလိုက်ပြီး "Sci-techက သေရင်သေနေလိမ့်မယ်... ဒါပေမယ့် ရှင့်လက်ထဲမှာဆိုရင်တော့ တစ်ဖန် အသက်ပြန်၀င်လာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး....."

"ဟားဟား.... ဒါရိုက်တာချောင်ကတော့ ကျုပ်ကို မြှောက်နေပါပြီ..."လင်းရီ ရယ်မောလျက် ပြောလိုက်ပြီး "ကျုပ်ဖြင့် အလုပ်တွေများလွန်းလို့ Sci-techကို လှည့်တောင် မကြည့်နိုင်တာကို ဘယ်နားက ပြန်ပြီး အသက်၀င်လာမှာ...."

"အလုပ်များတယ်...."ချောင်ကျင်းချိုး ဇဝေဇဝါဖြစ်နေသည့်လေသံဖြင့် "ရှင်က လင်းယွမ်အုပ်စုကို နောက်ကွယ်ကနေ အမိန့်ပေးထိန်းချုပ်နေတဲ့ သူဌေးကြီးမဟုတ်ဖူးလား...."

"ကျုပ်အဲ့တာကိုတော့ မငြင်းပါဘူး....ဒါပေမယ့် ကျုပ်ကနေ့တိုင်း အသက်ပေါင်းများစွာကို ကယ်တင်ရင်းနဲ့ အလုပ်ရှုပ်နေတာ...."

"အသက်ကယ်တင်းရင်းနဲ့ အလုပ်ရှုပ်နေတယ်...."

"အဟမ်း... ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ.... ကျုပ်ကဟွာရှန်းဆေးရုံရုံရဲ့ နှလုံးအထူးကုဌာနက ဒေါက်တာလင်းရီပါ....တကယ်လို့ ဒါရိုက်တာချောင်မှာ သားဖွားမီးယပ်ပြဿနာတွေ ရှိလာခဲ့ရင် ဆေးရုံမှာ တန်းစီမနေနဲ့... ကျုပ်ဆီသာ တန်းလာခဲ့လိုက် အားလုံး အဆင်ပြေစေရမယ်....."

"ရှင် ရှင်က နှလူံးအထူးကု ဆရာ၀န်....."

"ကျုပ် နောက်မှပဲ မိန်းကလေးချောင်ကို အလုပ်လိပ်စာကဒ် ပို့ပေးလိုက်တော့မယ်...ခုတော့ ဒါပဲ ရေချိုးနေတယ်"

လင်းရီ ပြောပြီးနောက် ဖုန်းချလိုက်၏။ သို့သော်လည်းသူ၏ အမူအရာကတော့ မဖြစ်စဖူး လေးနက်လို့နေလေသည်။

ချောင်ကျင်းချိုး၏ စကားအသွားအလာကို လင်းရီ လေ့လာသုံးသပ်ကြည့်ရသလောက်တော့ သူ Sci-tech စက်ရုံဒါရိုက်တာ ဖြစ်ကြောင်းသာလျှင် သိသေးပုံရသည်။ မဟုတ်ပါက ယခုလို စကားအေးဆေးပြောနေလိမ့်မည် မဟုတ်ချေ။

ချောင်ကျင်းချိုးနှင့်စပ်လျဉ်း၍ များစွာ စိတ်ပူစရာ မရှိသော်လည်း လင်းရီ ပို၍ သတိကပ်ထားရန် ဆုံးဖြတ်လိုက်၏။

သို့သော်လည်း သူ စက်ရုံဒါရိုက်တာဖြစ်နေကြောင်းကို သူမ မည်သို့ ရှာတွေ့သွားပါသနည်း။

မိနစ်အနည်းငယ်ခန့်ကြာအောင် စဉ်းစားပြီးနောက် လင်းရီ စိတ်သက်သာရာရသွားခဲ့သည်။

အမှန်တရားကို လျှို့ဝှက်ချက်တစ်ခု အဖြစ် ထားထား၍မရပေ။ မည်သူမဆို လုံလောက်အောင် တူးဆွလိုက်မည်ဆိုပါက ရှာတွေ့သွားမည်မှာ မလွဲမသွေပင်။

ချောင်ကျင်းချိုးကဲ့သို့ အမျိုးသမီးဆိုလျှင်တော့ ထွေထူးအားစိုက်နေရန်တောင်မလိုပေ။

သို့တိုင်အောင် သူ စက်ရုံဒါရိုက်တာ ဖြစ်ကြောင်း သူမသိသွားသော်လည်း လင်းရီ၏ လက်ရှိအခြေအနေကို တော့အကျိုးသက်ရောက်ခြင်း မရှိ။ လုံရှင်းသုတေသန စင်တာဥက္ကဌ ၊ ချီရှန်းကျောက် နှင့် ဟော်ယွမ်ယွမ်တို့၏ အထောက်အထားကသာလျှင် အရေးကြီးဆုံးဖြစ်သည်။

ထိုသတင်းအချက်အလက်များ မပေါက်ကြားသေးသရွေ့တော့ သူ၏ လုပ်ငန်းအကြံအစည်များကို ထိခိုက်စေလိမ့်မည်မဟုတ်ပေ။

ချောင်ကျင်းချိုးကတော့ လုံရှင်း သုတေသနစင်တာမှာ သူ၏အပိုင်ဖြစ်ကြောင်း တွေးမိလိမ့်မည် မဟုတ်ကြောင်း သူအ‌သေအချာသိသည်။

ထိုအကြောင်းများတွေးတောရင်း လင်းရီ ချီရှန်းကျောက်ထံ ဖုန်းခေါ်လိုက်၏။

သူ နှစ်ယောက်စလုံးကို ချောင်ကျင်းချိုူရှေ့၌ သူတိူ့၏ အထောက်အထားများကို မဖော်ထုတ်ရန် သတိပေးထားပြီးဖြစ်သော်လည်း စက္ကန့်အနည်းငယ်မျှကြာအောင် စဉ်းစားပြီးနောက် ကြိုတင်ကာကွယ်သည့်သဘောဖြင့် ရှန်းထျန်းကျိုးထံ ဖုန်းခေါ်လိုက်သည်။

"‌ဒါရိုက်တာရှန်း... ကျုပ် ခင်များနား အကူအညီလေးတစ်ခုလောက် တောင်းချင်လို့..."

"ဘာလို့အဲ့လောက်ထိ ယဉ်ကျေးနေတာ.... "ချီရှန်းကျောက်မှ ပြုံးလိုက်ပြီး "မင်းလိုအပ်တဲ့အရာကိုသာ တန်းပြောလိုက်..."

"ဒါရိုက်တာရှန်းရဲ့ လက်အောက်မှာ ဟက်ကာ တစ်ချို့လောက်ရှိလား..."

"ဟက်ကာတွေလား....အင်း...ငါ့အသင်းထဲမှာ‌တော့ အဲ့တာတွေလေ့လာရတာ ကြိုက်တဲ့သူတွေ တစ်ယောက်စ နှစ်ယောက်စတော့ရှိတယ်... ဒါပေမယ့် သူတို့ရဲ့ စကေးတွေကတော့ အကန့်အသတ်နဲ့နော်.....မင်းလိုအပ်တဲ့ အနေအထားနဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာ....."

ရှန်းထျန်းကျိုး လင်းရီအကြောင်း ကောင်းကောင်းနားလည်ပေသည်။ လင်းရီ အာရုံစိုက်နေသည်ဆိုမှတော့ သာမန်ကိစ္စတော့ မဟုတ်လောက်ချေ။

"ဒါပေမယ့် ဒီရဲ့ နယ်ပယ်မှာ ကျွမ်းကျင်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ချို့တော့ရှိတယ်.... မင်းဖြစ်ချင်တာပြောလေ.... ငါသူတို့ကို ဆက်သွယ်လိုက်မယ်...."

"ဒါရိုက်တာရှန်းလည်း သိမှာပါ...ကုမ္ပဏီရဲ့ သတင်းအချက်အလက်ကို ရှာကြည့်လို့ရတဲ့ 'ကောင်းကင်မျက်လုံး ' ၀က်ဘ်ဆိုဒ် ဆိုတာ....အဲ့၀က်ဘ်ဆိုဒ်ထဲ ဖောက်၀င်ပြီးတော့ ကျိုးဟိုင်က လင်းယွမ်အုပ်စုရဲ့ ဥက္ကဌနာမည်ကို ချင်းဟန်ဆိုပြီး ယာယီပြောင်းထားပေးလို့ရမလား...."

ချင်းဟန် : ".........."

ငါက ဘာကောင်ကြီးမှမဟုတ်ဘူးလေ... ဘာလို့ ငါ့နာမည်ကို အလွဲသုံးစား လုပ်နေတာ

"ကောင်းကင်မျက်လုံး...."ရှန်းထျန်းကျိုး စဉ်းစားနေဟန်ဖြင့် ရေရွတ်လိုက်ပြီး "ရန်ကျင်းက ကုမ္ပဏီမလား....ပိုင်ရှင်က လီကျစ်မင်လေ...."

"အမ်... ခင်များက သိတယ်ပေါ့...."

"ဒါပေါ့ကွ... ငါနဲ့ လုပ်ဖော်ကိုင်ဖက် အရင်းခေါက်ခေါက်ကြီးတွေပဲလေ.... သူအရင်တုန်းက မိုက်ခရိုဆော့ဖ်မှာ တောင် အလုပ်လုပ်သွားသေးတယ်.... အတော်လေး သဘောကောင်းတဲ့လူလို့ ပြောရမယ်...."

"ငိုးပဲ...."လင်းရီ နှုတ်မှ လွှတ်ကနဲ ဆဲမိသွားခဲ့ပြီး "အဲ့လိုဆို ပိုပြီး လွယ်သွားတာပေါ့...."

"အိုကေ.... ငါ သူ့ကို ဖုန်းဆက်လိုက်မယ်.... အိုး ဒါနဲ့ ပြောမယ်ပြောမယ်နဲ့ ခုမှ သတိရတယ်...."

"ဘာများလဲ...."

"ရှေ့နှစ်ရက်လောက်တုန်းက ငါတို့ ပရောဂျက်မှာ အသေးစား အောင်မြင်မှုလေးတစ်ခု ရထားတယ်....ငါ ရီပို့ကို သေချာစီစစ်ပြီးတော့မှ မင်းဆီ မေးလ်‌ပို့လိုက်မယ်ကွာ.... အားတဲ့ချိန် ဖတ်ကြည့်ပြီးတော့ လက်မှတ်ထိုးလိုက်....."

"အာ....မကောင်းဘူးထင်တယ်နော....ကျုပ်က ဘာမှမလုပ်ပဲနဲ့ ဒါရိုက်တာရှန်းရဲ့ အားထုတ်မှုတွေကို အလကားယူနေသလိုကြီး ဖြစ်သွားပြီ....."

"သောက်ရေးမပါတာတွေ.. မင်းရဲ့ ထောက်ပံ့မှုတွေကြောင့်သာ မဟုတ်ရင် ဒီလိုရလဒ်မျိုးတွေ ထွက်လာမှာတဲ့လား.. "ရှန်းထျန်းကျိုး ပြောလိုက်သည်။

"ကောင်းပြီ....အဲ့လိုဆို ကျုပ်တစ်ချက်ကြည့်လိုက်မယ်...."

"အိုကေ..."

......

ဖုန်းလန်ယဉ်ကျေးမှု၊ အထွေထွေမန်နေဂျာရုံးခန်း။

လင်းရီ ဖုန်းချသွားပြီးနောက် ချောင်ကျင်းချိုး နေရာ၌ထိုင်နေသည်မှာ ဆယ်မိနစ်ကျော်သွားပြီဖြစ်၏။

သူမ လင်းရီပြောခဲ့သည့် စကားလုံးများကို ဖြစ်နိုင်ချေမျိုးစုံမှ စဉ်းစားတွေးခေါ်နေသည်။ သို့သော်လည်း ယခုအချိန်ထိ သဲလွန်စကတော့ ရှာမတွေ့သေးချေ။

သူ၏ ဒေါက်တာဟူသည့် အထောက်အထားမှာ‌တော့ လင်းရီမှ ငွေပေး၀ယ်ထားခြင်းဖြစ်လောက်၏။ သူ၏ကိုယ်ပိုင်အစွမ်းအစနှင့် ရရှိထားခြင်းတော့ မဟုတ်‌လောက်ချေ။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ချောင်ကျင်းချိုး မနေနိုင်ဘဲ သူ့အစ်ကိုထံ ဖုန်းခေါ်လိုက်သည်။

"အစ်ကို နင်အခု ဘယ်မှာလဲ...."

"စက်ရုံမှာ... ဘာကိစ္စရှိလို့....."

"ကျွန်မ အရေးကြီး ပြောစရာရှိတယ်... စက်ရုံမှာစောင့်နေ ... အခုလာခဲ့မယ်...."

"ဟာ... ခု မလာသေးနဲ့ဦး....ငါအရေးတကြီး အပြင်ထွက်စရာရှိသေးလို့...နောက်တစ်ခေါက်မှ လာခဲ့တော့... "ချောင်ရှန့်ယွီ စိတ်မရှည်စွာ ပြောလိုက်ပြီး

"မင်းအစ်ကိုက လုပ်စရာတွေ အများကြီး ရှိနေတယ်... ဒီတော့ ဒါပဲ...."

မောင်နှမနှစ်ဦး အာဏာပြိုင်ဆိုင်ချိန်ဖြစ်၍ ယခု ချောင်ရှန့်ယွီ အမုန်းဆုံးကို မီးမောင်းထိုးပြပါဆိုလျှင်တော့ ချောင်ကျိုးချိုးသာ ဖြစ်ပေလိမ့်မည်။

တစ်ခါတစ်ရံ သူ့ညီမကို ကားတိုက်သေပါစေဟုတောင် သူတိတ်တဆိတ် ဆုတောင်းမိသည်အထိ မုန်းတီးမိ၏။

"မချသေးနဲ့...."ချောင်ကျင်းချိုး အော်ဟစ်လိုက်ပြီး အမိန့်ပေးသည့် လေသံဖြင့် "နင့်ဘာနင် ဘယ်လောက် အလုပ်များနေပါစေ ကျွန်မကို စက်ရုံမှာ စောင့်နေရ....ဒါ သေရေးရှင်ရေးလောက်ကို အရေးကြီးတဲ့ ကိစ္စ .... "

ချောင်ကျင်းချိုး၏ အလျှော့မပေးသည့် လေသံကိုကြားတော့ ချောင်ရှန့်ယွီဘက်မှ ခေတ္တမျှ တိတ်ဆိတ်သွားပြီး "အဲ့တာဆိုလည်း အမြန်လာခဲ့... ငါ့မှာ အရေးတကြီး လုပ်စရာတွေရှိသေးတယ်...."

ဖုန်းချပြီးနောက် ချောင်ကျင်းချိုး သူမ၏ လက်ကိုင်အိတ်ကို လွယ်ကာ ကားသော့ကို ယူပြီး ရှန့်ရန် စက်မှုဇုန်သို့ ထွက်လာခဲ့သည်။

သိူ့သော်လည်း သူမ ကားစက်မနှိုးမီ ကောင်းကင်မျက်လုံး ၀က်ဆိုဒ်ထဲ၀င်၍ ‌လင်းယွမ်အုပ်စု၏ တရား၀င်ပိုင်ဆိုင်သူ နာမည်ကို စစ်ကြည့်လိုက်၏။

လင်းရီ၏ နာမည်ကို တွေ့သည့်အခါမှသာ သူမ စိတ်သက်သာရာ ရသွားခဲ့သည်။

ချောင်ရှန့်ယွီကတော့ ရုံးခန်းထဲရှိ ထိုင်ခုံပေါ်တွင် ထိုင်လျက် ‌သူ့အတွင်းရေးမှူး၏ အပြုအစုကို ဇိမ်ခံရင်းမှိန်းနေလေသည်။

လင်းရီ ပြောလိုက်သည့်နေ့ကတည်းမှစ၍ သူဆေးလိပ်ဆိုပါက လှည့်ပင်မကြည့်တော့ချေ။ ထို့ကြောင့် အတော်လေး အဆင်ပြေနေခဲ့၏။

မကြာခင် သူ၏ ကိုယ်မှာ တဆတ်ဆတ်တုန်ခါလာပြီး အတွင်းရေးမှူး၏ ခေါင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ထို့နောက် သက်တောင့်သက်သာဖြစ်ဟန်ဖြင့် ထွက်သက်အရှည်ကြီး မှုတ်ထုတ်လိုက်၏။

အတွင်းရေးမှူးမလေးကတော့ နေသားကျနေဟန်ပင်။ ဘယ်လိုမှပင် ဖြစ်ပုံမရပဲ ရာဂစိတ်ထန်နေသည့် မျက်နှာအမူအရာလုပ်လျက် နှုတ်ခမ်းသပ်ကာ အားလုံးမျိုချလိုက်တော့သည်။

"အရမ်းအရသာရှိတာပဲ... ဘော့စ် ဆေးလိပ်ဖြတ်လိုက်တာ အရမ်းကောင်းတဲ့ ဆုံးဖြတ်ချက်လို့တောင် ပြောလို့ရတယ်...." သူမ ချောင်ရှန့်ယွီ၏ တန်ဆာကို သန့်ရှင်းပေးရင်း ဇစ်ပြန်ပိတ်ပေးလျက် ပြောလိုက်၏။

"မင်းက ကောင်းမှန်း အခုမှသိတယ်ပေါ့....အပြစ်ပေးတဲ့အနေနဲ့ မင်း ဒါကို တစ်နေ့လုံး၀တ်ထားရမယ်...."

ချောင်ရှန့်ယွီမှ တစ်လက်မခွဲမျှ ရှည်လျားသည့် အရာတစ်ခုကို အတွင်းရေးမှူးမ၏ကိုယ်ထဲသို့ ထိုးထည့်ရင်း ပြုံးလျက်ဆိုသည်။ ထိန်းချုပ်သည့် ခလုတ်ကတော့ သူ့လက်ထဲ၌ရှိ၏။ အထင်သေးသည့် သူမကို မကြာမကြာ အပြစ်ပေးရပေမည်။

"အပြင်မှာသွားစောင့်နေ .. ခဏနေဆို ကျင်းချိုးက ရောက်လာခဲ့တော့မှာ...."

"ကောင်းပါပြီ ဘော့စ်...." ဖွာလန်ကျဲနေသည့် ဆံပင်ပုံစံဖြင့် အင်္ကျီများကို သပ်ရပ်အောင် ပြင်ရင်း ရူံခန်းထဲမှ ထွက်ခွာသွားလေသည်။

မကြာမီ ရုံးခန်းတံခါးမှာ ပွင့်ဟလာခဲ့ပြီး ချောင်းကျင်းချိုး ၀င်လာခဲ့၏။

"ရိုး.. ကျင်းချိုးတောင် ရောက်လာပါရောလား....ဘာသောက်မလဲ ကော်ဖီလား...ရေအေးလား...."

"မလိုဘူး.... "ချောင်ကျင်းချိုး‌ အေးစက်စက် ဆိုလိုက်ပြီး "ကျွန်မ ခုရောက်လာတာက Sci-tech နဲ့ ပူးပေါင်းတာကို ချက်ချင်းရပ်ဖို့ လာပြောဝာာ... ခုချက်‌ချင်းနော်....."သူမ နောက်ဆုံးစကားလုံးသိ သိသာစေရန် မာန်နှင့် ဖိသိပ်၍ ပြောလိုက်သည်။

ချောင်ရှန့်ယွီ ကြက်သေသေသွားခဲ့၏။

'ဒီကောင်မက ဘာလားဟ....သူခိုင်းတိုင်း လိုက်လုပ်မယ်များအောက်မေ့နေတာလား....ဆောတီးပဲ မနေ့ကနဲ့ ဒီနေ့နဲ့က မတူတော့ဘူး....'

"ကျင်းချိုး...ငါ Sci-tech ကို ဒီလိုမျိုး ငါ့လက်ထဲရောက်လာအောင်လို့ ဘယ်လောက်ထိ ကြိုးပမ်းထားရလဲဆိုတာ မင်းနားလည်လား...."

"မင်းက ခုမှ သွားတောင် စုံအောင်မပေါက်သေးတာကိုများ ငါ့လာပြီးတော့ ဘာလုပ်ပါ ညာလုပ်ပါဆိုပြိး အမိန့်လာပေးနေတယ်ပေါ့...."

"Sci-tech နဲ့ ချုပ်ထားတဲ့ စာချုပ်ကနေ အကျိုးအမြတ်တွေ ဘယ်လောက်ရထားလဲဆိုတာကိုကော မင်းမသိတာလား....ဒါတောင်မှ ငါက ရပ်တန့်လိုက်ရမယ်ဆိုတော့...အဲ့လိုလုပ်လိုက်ရင် ကုမ္ပဏီက ဘယ်လောက် နစ်နာသွားမလဲဆိုတာကို မင်း မစဉ်းစားဘူးလား... မင်းရဲ့ ဦးနှောက်က ဘယ်ဂျောင်ရောက်နေတာ...."

"အစ်ကို့ဘက်က လက်ခံဖို့ ခက်ခဲမယ်ဆိုတာ ကျွန်မ နားလည်တယ်... ဒါပေမယ့် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင်လို့တော့ ကျွန်မတို့ ဒီမှာတင် ရပ်မှဖြစ်မှတော့မှာ...." တစ်ဖက်မှ တင်းလာ၍ သူမ၏ လေသံကို အနည်းငယ်လျှော့လိုက်သည်။

ချောင်ရှန့်ယွီ၏ အမူအရာမှာ သဘာ၀မကျ ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူ့ရှေ့ထိုင်နေသူမှာ သူ့ညီမဖြစ်၏။ ထို့ကြောင့် မကျေမချမ်းဖြစ်မှုများကို ပိရိစွာ ဖုံးကွယ်ထားလိုက်လေသည်။

"ကျင်းချိုး.... မင်းက ငါ့ညီမ ဖြစ်နေတာကြောင့်မို့လို့ ကျိုးကြောင်းမဆီလျော်တာတွေ တောင်းဆိုလာတာတောင်မှ အကြောင်းပြချက် ကောင်းကောင်းပေးမယ်ဆိုရင် ငါတို့ စကားအေးဆေး ဆက်ပြောလို့ရသေးတယ်...."

ထိုသို့ မေးခွန်းထုတ်ခံလိုက်ရသည့် အချိန်တွင်တော့ ချောင်ကျင်းချိုး မျက်မှောင်ကြုတ်သွားခဲ့သည်။

သူမတွင် တိကျသေချာသည့် ‌အကြောင်းပြချက်ဟူ၍မရှိ။ ထို့ကြောင့် သူမ ထိုမေးခွန်းကို မဖြေနိုင်ပေ။

သူမလက်ထဲတွင်လည်း သတင်းအချက်အလက် အနည်းငယ်မျှသာရှိပြီး အများစုမှာတော့ သူမ၏ အလိုလိုသိစိတ်များသာဖြစ်၏။

သို့သော်လည်း ထိုအကြောင်းပြချက်လောက်နှင့်တော့ သူမအစ်ကို ကို ဖြောင်းဖြ၍ရလိမ့်မည် မဟုတ်ချေ။

"နင်နဲ့ အလုပ်တွဲ လုပ်နေတဲ့ လင်းရီဆိုတဲ့လူက ရိုးရှင်းတဲ့လူ မဟုတ်ဘူး..."

သူမတိုက်ရိုက် မပြောလိုက်သည်က ချောင်ရှန့်ယွီကို မနာကျင်စေသောကြောင့်ပင်။ သူမအမြင်တွင်‌ တော့ သူမအစ်ကို၏ IQ မှာ လင်းရီနှင့် တူညီသည့် လယ်ဗယ်တစ်ခု၌ပင် ရှိ‌မနေချေ။

လင်းရီ၏ သာမန်မဟုတ်သည့် အပြုအမူတို့က အလကားသပ်သပ်တော့ မဟုတ်လောက်ချေ။ နောက်ကွယ်တွင် သူမတို့ သတိမမူမိသည့် အကြောင်းအရင်းတို့ ရှိရပေမည်။

"အမှန်ပဲ... လင်းရီက တကယ့်ကို သာမန်မဟုတ်တာ... မဟုတ်ရင် ငါ သူ့ကို ကိုယ်တွယ်ဖို့ လောက်ထိ အားစိုက်ထုတ်လိမ့်မယ်လို့ ထင်လား.... "ချောင်ရှန့်ယွီ မေးငေါ့၍ ပြောဆိုလိုက်သည်။

"ဒါပေမယ့် အစ်ကို နင်က သူဘယ်သူလဲဆိုတာ သိလို့လား...."

"ဘယ်သူဖြစ်ရမှာ... ၀မ်ထျန်းလုံရဲ့ ယောက်ဖလေ." ချောင်ရှန့်ယွီမှ အထင်သေးစွာ ကြည့်လျက်ပြောလိုက်၏။

"ဟမ့်... အဲ့လောက် ရိုးရှင်းတယ်လို့ ထင်နေတာလား....တကာ်တော့ သူက လင်းယွမ်အုပ်စုလို ကုမ္ပဏီကြီးကို နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့ သူဌေးကြီးပဲ....သူက လုံး၀ကို သာမန်လူမဟုတ်ဘူး...."

၎င်းက်ုကြားတော့ ချောင်ရှန့်ယွီ ကြက်သေသေသွားခဲ့၏။

လင်းရီတွင် ထိုမျှ စိတ်တုန်ဟီးဖွယ် အထောက်အထားကြီး ရှိနေလိမ့်မည်လို့ သူ မထင်မှတ်ထားခဲ့ပေ။

ယခုမတိုင်ခင်တော့ သူလင်းရီကို အူမချေးခါးကအစ အကုန်သိသည်ဟု မှတ်ယူထားခဲ့၏။

သကောင့်သားမှာ လောင်းကစားမက်မောပြီး မိန်းကလေးများနှင့် အချိန်ဖြုန်းရသည်ကို ပျော်မွေ့သူတစ်ဦးပင်။

"သေချာလို့လား....."

"သေချာတာပေါ့.... ‌မသေချာရင် ဒီထိ တကူးတကလာပြီးတော့ ပြောမယ်များ ထင်နေတာလား....."

ချောင်ရှန့်ယွီမှ သူမစကားလုံးများကို နား၀င်နေသည်ကိုမြင်တော့ ချောင်ကျင်းချိုး တိတ်တဆိတ် သက်ပြင်းချမိလိုက်သည်။

"နင် မယုံရင်လည်း ကောင်းကင်မျက်လုံး ၀က်ဆိုဒ်မှာ ရှာကြည့်ကြည့်လိုက်... အဲ့မှာ ကုမ္ပဏီအားလုံးရဲ့ အချက်အလက်တွေရှိပြီးသား....."

ချောင်ရှန့်ယွီ ခေါင်းညိမ့်ပြီး သူ၏ အတွင်းရေးမှူးကို အော်ခေါ်လိုက်သည်။

"ကျန်းမုန့်...."

"ဟုတ်ကဲ့ပါဘော့စ်....ဘာအလိုရှိလို့ပါလဲရှင့်...."

"လင်းယွမ်အုပ်စုအကြောင်း အသေးစိတ်သိချင်တယ်...."

"ဟုတ်ကဲ့ပါ....."

အတွင်းရေးမှူးမှာ အသင့်ရှိသည့် သူမ၏ လပ်တော့ပ်ဖြင့် ကောင်းကင်မျက်လုံး ၀က်ဆိုဒ်ထဲသို့ ၀င်ရောက်ကာ လင်းယွမ်အုပ်စုအကြောင်း တူးဆွကြည့်လိုက်သည်။

ချောင်ကျင်းချိုးကတော့ ဆိုဖာပေါ်တွင် ထိုင်နေလျက် အလွန်အမင်း သက်တောင့်သက်သာ ဖြစ်နေလေသည်။

နောက်ဆုံးတော့ သူမအစ်ကိုမှာ သူမ၏စကားကို နား၀င်သွားခဲ့ချေပြီ။

သူမ မလာခင်ကလည်း ကောင်းကင်မျက်လုံးထဲရှိအချက်အလက်များကို အတည်ပြုပြီးဖြစ်၏။

သူမအစ်ကို ရှာကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဘာဖြစ်နေသလဲဆိုတာကို နားလည်သွားပေလိမ့်မည်။

ချောင်ကျင်းချိုး သူမအစ်ကို ကို ဖြောင်းဖြနိုင်ပြီဟူ၍ တွေးတောနေကာရှိသေး ချောင်ရှန့်ယွီမှ သူမကို လှောင်ပြောင်သည့် အကြည့်တိူ့ဖြင့် ကြည့်နေကြောင်း သတိထားမိသွားသည်။

"ကျင်းချိုး.... ငါ‌တော့ မင်းကို တကယ်ကြီး မျှော်လင့်ချက်မဲ့နေပြီ.....”

All Chapters