← Chapters

ဖြစ်နိုင်တာက လင်းရီ မိန်းကလေးတွေကို စိတ်မ၀င်စားတော့တာလား

Vol. 26 Ch. 390

ဖြစ်နိုင်တာက လင်းရီ မိန်းကလေးတွေကို စိတ်မ၀င်စားတော့တာလား

Vol. 26 Ch. 390

လင်းရီနှင့် ချောင်ရှင်းတို့ သူမအခြေအနေကို ရုတ်ချည်း သဘောပေါက်သွားခဲ့သည်။

"ညီမလေးက သားဖွားမီးယပ်ဆရာနဲ့ တွေ့ချင်နေတာလား...."ချောင်ရှင်းမှ မေးလိုက်၏။

"ဟုတ် ဟုတ်ပါတယ်..."

ချောင်ရှင်း သူမ၏ အနေအထားကို ပြောင်းလဲလိုက်ပြီး အမျိုးသမီး လူနာကို စူးစိုက်ကြည့်ကာ "အရင်ဆုံး ညီမလေးကို အစ်မတစ်ခု ကြိုပြောထားမယ်... အစ်မကလည်း မိန်းမသားပဲ.. ဒီတော့ အများကြီး နားလည်တယ်...ဒါပေမယ့် ဒီနေရာက ဆေးရုံဆိုတာကိုတော့ ညီမလေးက မှတ်ထားပေး.... ညီမလေးရဲ့ အထိအတွေ့ မခံနိုင်တဲ့ တစ်ချို့နေရာတွေက အစ်မတို့လို ဆရာ၀န်တွေအတွက်ကျတော့ သာမန်ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းလို့ပဲ မြင်တယ်...ဟွာရှန်းဆေးရုံက ဆရာ၀န်တွေ အကုန်လုံးက ပရော်ဖက်ရှင်နယ်ဆန်တဲ့သူတွေဆိုတာ ညီမလေး ယုံကြည်ထားရမယ်...."

"နောက်ပြီး ဒေါက်တာလင်းက အစ်မထက် ပိုသိ ပိုကျွမ်းကျင်တယ်... ညီမလေး ဖြစ်နေတာတွေကို သူ့ဆီ ယုံယုံကြည်ကြည်နဲ့သာပြောလိုက်... ကုသဖို့ မနှောင့်နှေးစေနဲ့...မဟုတ်ရင် ညီမလေးရဲ့ ကျန်းမားရေးအတွက်လည်း မကောင်းဘူး..."

လင်းရီကတော့ မေးစေ့ အသာပွတ်လိုက်သည်။

'မင်းထက် ပိုသိ ပိုကျွမ်းတယ်ဆိုတာက ဘာသဘောတုန်းဟ... မင်းလုပ်မှပဲ ငါလည်း သားဖွားမီးယပ်ဆရာ၀န်လုံးလုံး ဖြစ်တော့မယ်...'

"ဟုတ် ဟုတ် ဒါ ဒါ ဒါက ဒီ ဒီလိုပါ... "အမျိုးသမီးငယ်လေးမှာ အချိန်အကြာကြီး စကား အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး ယင်းက လင်းရီနှင့် ချောင်ရှင်းတို့ကို ပို၍ စိတ်ပူစေသည်။

"သခွားသီး ကျိုးသွားလို့...."

"အမ်.... ဘာပြောလိုက်တယ်... ဘာကြီးကျိုးသွားတာ..."

"သ သခွားသီး...."

နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့အားလုံးမှာ အရွယ်ရောက်ပြီးသူများ ဖြစ်ကြပြီး ဆရာ၀န်များလည်း ဖြစ်နေသေး၏။ ထို့ကြောင့် သူမဆိုလိုချင်သည့် အဓိပ္ပာယ်ကို သဘောပေါက်လေသည်။

ချောင်ရှင်း အမျိုးသမီး၏ ၀မ်းဗိုက်ကို ကြည့်လိုက်ပြီး "အထဲမှာ ကျိုးကျန်နေခဲ့တာတော့ မဟုတ်လောက်ဘူးမလား...."

အမျိုးသမီးငယ်လေးမှာ မျက်နှာ ရဲရဲနီသွားပြီး သူမ ကြားနိုင်ရုံလောက် အသံလေးဖြင့် ပြောလိုက်၏။

"အင်း......"

"ရှင်းရှင်း မင်းကိုင်တွယ်လိုက်တော့ကွာ... မင်းတို့ နှစ်ယောက်လုံးက အမျိုးသမီးတွေဆိုတော့ ငါ့ထက်ပိုသိမှာပေါ့...."

"အစ်ကိုရီကလည်း ဘာတွေလာပြောနေတာ... ညီမက တစ်ခါမှ မကျိုးဖူးပါဘူးနော်...."ချောင်ရှင်း ရှင်းပြလိုက်၏။

"တစ်ခါမှ မကျိုးဖူးဘူး...အဲ့လိုဆို မင်းရဲ့ နည်းစနစ်တွေက အတော်ကောင်းလို့ ဖြစ်လိမ့်မယ်...အတော်ပဲ.. တစ်ခါတည်း သူ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ နည်းပြလိုက်ပေါ့ကွာ..."

"မ မဟုတ်ဘူး... ညီမ ဆိုလိုချင်တာက ညီမ တစ်ခါမှ သခွားသီး မသုံးဖူးဘူးလို့..."

"တစ်ခြားပစ္စည်းတွေ သုံးလည်း အတူတူပဲ.. ဘာမှသိပ်မခြားနားဘူး... မင်းပဲကိုင်တွယ်လိုက်...."

ချောင်ရှင်း ကူကယ်ရာမဲ့စွာဖြင့် အမျိုးသမီး လူနာကို ကန့်လန့်ကာထားသည့် အခန်းလေးထဲသို့ ခေါ်သွားလိုက်၏။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ အမျိုးသမီးတစ်ဦး သက်တောင့်သက်သာ ရှိလွန်း၍ ညည်းညူသံသဲ့သဲ့ကို ကြားလိုက်ရသည်။ ထိုမိန်းကလေးမှာ သူမကိုယ်သူမ မထိန်းချုပ်နိုင်သည့်ပုံပင်။

မကြာမီ ချောင်ရှင်းနှင့် မိန်းကလေးတို့နှစ်ယောက် ထွက်လာပြီး မိန်းကလေး၏ အမူအရာမှာတော့ ပုံမှန်ပြန်ဖြစ်သွားချေပြီ။

"အစ်ကိုလင်း ညီမဆေးစာကို ဘယ်လိုရေးပေးလိုက်ရမလဲ...."

လင်းရီ စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီးနောက် "နောက်တစ်ခါဆို ခရမ်းသီးသုံးလို့ ရေးလိုက်ကွာ...."

ဖူး....

ချောင်ရှင်း သွေးတစ်လုပ် အန်ထုတ်လုနီးနီး ဖြစ်သွားခဲ့သည်။

အစ်ကိုရီက တကယ့် ကျွမ်းကျင်သူကြီးပဲ...

အမျိုးသမီးလူနာမှာတော့ ဆေးစာကို ယူလျက် ရှက်ရွံ့စွာဖြင့် အခန်းထဲမှ ထွက်ခွာသွားလေသည်။

'အရမ်းရှက်ဖို့ ကောင်းတာပဲ...'

"အစ်ကိုရီ.. ကျွန်မ မြင်မိသလောက်တော့ အစ်ကိုရီက အတွေ့အကြုံ ရင့်ကျက်နေတဲ့ ဒရိုင်ဘာဟောင်းကြီး အတိုင်းပဲနော်... "

"တကယ်တော့ ငါ မမောင်းတာတောင် အတော်ကြာနေပြီ...အကုန်လုံးက ပါရမီသပ်သပ်ချည်းပဲ..."လင်းရီ ပြောလိုက်ပြီး "ဥပမာပြောရရင် ခုလေးတင် အမျိုးသမီးလူနာ အသုံးပြုသွားတဲ့ သခွားသီးက အရှေ့မြောက်ပိုင်းကပဲ...ပိုပြီး တိကျအောင် ပြောရမယ်ဆိုရင် လုံကျန်းစီရင်စုကဖြစ်မယ်..."

"ဟမ် ဘာလို့..."

"လုံကျန်းစီရင်စုက စက်မှုဇုန်ဟောင်း ဖြစ်ရုံတင် မကသေးဘူး... အသီးအနှံတွေကို တွင်ကျယ်အောင် စိုက်ပျိုးတဲ့ စီရင်စုလည်းဖြစ်တယ်...အဲ့ဒီကထွက်တဲ့ သခွားသီးတွေက အရည်တရွှမ်းရွှမ်းနဲ့ အစိမ်းစားလို့ အရမ်းကောင်းတယ်...ဒါပေမယ့် တစ်ခုဆိုးတာက လွယ်လွယ်နဲ့ ကျိူးတတ်တာပဲ... "

"ဒါပေမယ့် တောင်ပိုင်းက သခွားသီးတွေကျတော့ မတူဘူး...သူတို့က အစိမ်းစားဖို့ ခက်ပြီးတော့ လွယ်လွယ်နဲ့လည်း မကျိုးတတ်ဘူး...."

"တောက်ဘက်ပိုင်းက သခွားသီးတွေက ခုနက မိန်းကလေး သုံးသလိုမျိုး အသုံးပြုဖို့ သင့်လျော်တယ်ဆိုပေမယ့် ခရမ်းသီးနဲ့တော့ သွားယှဉ်ရင်လို့မရဘူး...ဘာလို့ဆို သခွားသီးရဲ့ မျက်နှာပြင်မှာက ကြမ်းရှရှ အဖုသေးသေးလေးတွေပါတယ်လေ.... "

"အစ်ကိုရီပြောတာကို ညီမတော့ သဘောမတူဘူး..."ချောင်ရှင်း ပြောလိုက်၏။

"ငါ့ သီအိုရီက ဒီလောက်ခိုင်မာနေတာကို မင်းက ငြင်းချင်နေသေးတယ်ပေါ့....."

"တချို့ လူကြီးအရုပ်တွေမှာ အဲ့လိုအဖုလေးတွေ ထည့်ထားပေးတယ်ဆိုတာ အစ်ကိုရီလည်း သိမှာပါ... အဲ့သခွားသီးလေး ကြမ်းတာလောက်တော့ ဘာပြောကောင်းမလဲ...."

"အာ ဟုတ်သားပဲဟ..."လင်းရီ ရုတ်ချည်း သဘောပေါက်သွားပြီး "ရှင်းရှင်း ငါတို့နှစ်ယောက်က အတော်လေး ပါတနာကျတာပဲကွ...တကယ်လို့ ငါကားပြန်မောင်းဖြစ်ရင် မင်းကို ခေါ်လိုက်မယ်.... "

"အာ..အစ်ကိုရီကလည်း ညီမက နောက်တာပါဆိုနေ..."ချောင်ရှင်း သူမမျက်နှာကို လက်ဖြင့် အုပ်လျက် ပြောလိုက်သည်။

ကလင် ကလင် ကလင်

နှစ်ယောက်သား အတွေ့အကြုံများ ဖလှယ်နေစဉ် လင်းရီ၏ ဖုန်းသံ မြည်လာခဲ့၏။ လီချူးဟန်မှ ခေါ်ဆိုလာခြင်းပင်။

"ဟဲလို ဒေါက်တာလီ...."

"ဆေးရုံရဲ့ ၁၃ ထပ်ကို လာခဲ့လိုက်...နင် ခွဲစိတ်ခန်းထဲမှာ ငါ့ရဲ့ လက်ထောက် လုပ်ရမယ်.. မြန်မြန်လေးနော်...."

လင်းရီ ကြက်သေသေသွားခဲ့၏။

ငါ့ကို ပါ၀င်ခွင့် ပြုလိုက်တာလားဟ...

ဒေါက်တာလီက အရမ်းရဲဝံ့တာပဲ...

"နားလည်ပါပြီ..."

လီချူးဟန်၏ အခန်းမှာ ၁၃ထပ်မြောက်၏ အခန်းနံပါတ် ၈ ပင်။ သူမဘက်မှ အချိန်သိပ်မရ၍ အတိုးချုံး ပြောလိုက်ခြင်းဖြစ်၏။

"ဒေါက်တာလီ ငါ့ကို ခိုင်းစရာရှိလို့ ခေါ်နေပြီ... အရေးပေါ်ဌာနကိုတော့ မင်းပဲ ဆက်တာ၀န်ယူထားလိုက်တော့..."

"အိုကေ..."

လင်းရီ ၁၃ ထပ်မြောက်သို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့၏။

လင်းရီ အခန်းထဲသို့ ၀င်ရန် ခြေလှမ်းပြင်ခါရှိသေး သူ၏ အမူအရာမှာ ရုတ်ချည်း အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ လျန်ရူရွှယ်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

တစ်ချိန်တည်းတွင် လျန်ရူရွှယ်လည်း သူ့ကို မြင်တွေ့လိုက်ရ၏။

သူတို့နှစ်ဦး၏ အကြည့်များမှာ လမ်းခုလတ်အလယ်တွင် ဆုံသွားခဲ့ပြီး ထူးဆန်းသည့်လေထုမှာ ရုတ်ချည်း လွှမ်းမိုးလာ‌ခဲ့သည်။

လင်းရီကတော့ တည်တည်ငြိမ်ငြိမ်နှင့် သူမ အဘယ်ကြောင့် ဤနေရာသို့ ရောက်နေလဲဆိုတာ စဉ်းစားကြည့်နေသည်။

တစ်ဖက်ရှိ လျန်ရူရွှယ်မှာတော့ ရှုပ်ထွေးနေခဲ့၏။

အကယ်၍ လင်းရီ သာမန်အ၀တ်အစားများ ၀တ်ထားမည်ဆိုလျှင်တော့ သူမ ဘာမျှ ပြောလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း လင်းရီမှာ အဖြူရောင် ကုတ်နှင့် ခွဲစိတ်ခန်းသုံးmask ကို တပ်ဆင်ထားသည်။

'သူ‌ဘာကြောင့် ဒီလိုတွေ ၀တ်ထားရတာလဲ..'

"ရှင်...ရှင်ဒီကို ဘာလာလုပ်တာ..."

"အဟမ်း..ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ...ကျုပ်က နှလုံးအထူးကု ဌာနက ဒေါင်တာလင်းရီပါ...ပြီးတော့ ဒေါက်တာလီရဲ့လက်ထောက်ပေါ့..."

"ဟင်...."

အမြဲတစေ တည်ငြိမ်နေခဲ့သည့် လျန်ရူရွှယ်မှာ လင်းရီ ဒေါက်တာဖြစ်နေသည်ဟု သတင်းကြားတော့ မည်မျှပင် စိတ်ပြင်ဆင်ထားစေကာမူ သူမ၏ တည်ငြိမ်မှုကို ဆက်ထိန်းမထားနိုင်တော့ချေ။

သူက ဒုတိယမျိုးဆက် ဘီလီယမ်နာ၊ လုံရှင်းစင်တာရဲ့ ဒါရိုက်တာ၊ နောက်ပြီး ချစ်ပ်နယ်ပယ်က ဆရာတစ်ဆူလေ....

အဲ့ဒီအထောက်အထားတွေထဲမှာ ဆရာ၀န်နဲ့ ဆက်စပ်တာဆိုလို့ ဘာတစ်ခုမှကို မရှိတာ...

ဒီလို ပရော်ဖက်ရှင်နယ် အလုပ်အကိုင်ဆိုတာက လွယ်လွယ်နဲ့ ရနိုင်တာမျိုးလည်း မဟုတ်ဘူး...

ပြီးတော့ လီချူးဟန်လို ဂျီးနီးယပ်စ်တောင်မှ ဆယ်နှစ်လောက် မလေ့ကျင့်ပဲ ဒီနေ့လို ခွဲစိတ်အရည်အသွေးမျိုး ရှိလာဖို့ ဆိုတာ မဖြစ်နိုင်ဘူး...

အဲ့တာ‌ကို ဒီကောင်က ဘယ်လိုလုပ်ပြီး ဆရာ၀န်ဖြစ်လာတာလဲတဲ့.. တစ်ယောက်ယောက်လောက် လာရှင်းပြပေးကြပါဦးလို့......

"ညီမလေး...မင်းတို့ အချင်းချင်း သိကြလို့လား..."

စစ်၀န်ယူနီဖောင်းနှင့် အမျိုးသားတစ်ဦးမှ မေးလိုက်သည်။

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး "အင်း..သူ့နာမည်က လင်းရီလေ..."

ထိုမျှလောက်ပင်။ သူမ လင်းရီ၏ မည်သည့် အထောက်အထားကိုမျှ မဖော်ထုတ်ခဲ့ပေ။

အကြောင်းအရင်းမှာလည်း သူမ ဘာဖြစ်နေလဲဆိုတာ နားမလည်သေးသောကြောင့်ပင်။

"ဒီတော့ မင်းက ဒေါက်တာလင်းပေါ့... "

သက်လတ်ပိုင်း အမျိုးသားမှ သူ၏ လက်ကို ဆန့်တန်းလိုက်ပြီး

"ကောင်းချုံ....တွေ့ရတာ ၀မ်းသာပါတယ်....."

"လင်းရီ ..တွေ့ရသာ၀မ်းသာပါတယ်..."

"ဟင်... အစ်ကို နင်တို့လည်း သူ့ကို သိကြတယ်ပေါ့..."

"ခုလေးတင် ဆွေးနွေးခန်းထဲမှာ ဒါရိုက်တာတွေ အငြင်းပွားကြတယ်ဆိုတာကလည်း သူ့ကြောင့်ပဲလေ... ဒေါက်တာလီက သူ့ရဲ့ ရီပို့နဲ့ ဒါရိုက်တာမြောင်ကို ဖြောင်းဖြလိုက်တာ...မဟုတ်ရင် သူ ဒီနေရာမှာ ရှိနေမှာတောင် မဟုတ်ဘူး..."

"မဖြစ်နိုင်တာ... ခွဲစိတ်ရင် အခက်ဆုံးအပိုင်းက ချုပ်ရိုးချုပ်တာလေ...ချုပ်ရိုးရီပို့က တကယ်ကြီး သူရေးထားတာလား...."

"အမှန်ပဲ... "ကောင်းချုံ ပြောလိုက်ပြီး "ငါ ခုနလေးတင် သူ့ရဲ့ ရီပို့ကို စီနီယာဆေးမှူးစီ ပို့လိုက်တော့ ဟိုဘက်က အကဲဖြတ်ပေးလိုက်တာ အရမ်းမြင့်တယ်.....ဒေါက်တာလင်းရဲ့ စကေးတွေက တကယ်လည်း ပြောင်မြောက်ပါပေတယ်..."

၎င်းကိုကြားတော့ လျန်ရူရွှယ် တခဏမျှ တွေးခေါ်နိုင်စွမ်း ဆုံးရှုံးသွားတော့၏။

အစ်ကိုကောင်းမှာ အမြဲတစေ မာနကြီးသူဖြစ်သည်။ လင်းရီကို ထိုမျှ အကဲဖြတ်ပုံထောက်သည်ကို ကြည့်လျှင်တော့ လင်းရီ၏ စကေးတို့မှာ အင်မတန်မြင့်မားပုံပင်။

သို့သော်လည်း ယခုလို ချုပ်နိုင်ရန် အတွေ့အကြုံမှာ ဆယ်နှစ်မက လိုအပ်၏။

သူ့က ဘာလို့ ဒီလောက် ငယ်ငယ်လေးနဲ့ အဲ့လောက် ထူးချွန်နေရတာလဲတဲ့....

အကယ်၍ နယ်ပယ်တစ်ခုတည်းတွင် ထူးချွန်ပြောင်မြောက်နေလျှင် ပါရမီရှင် ဖြစ်နေသောကြောင့်ဟု အကြောင်းပြချက် ပေး၍ရသည်။

သိူ့သော်လည်း လင်းရီကတော့ ခြားနား၏။

မိုက်ခရိုချစ်ပ်နယ်ပယ်တွင်လည်း ဆရာတစ်ဆူ ဖြစ်နေပြန်သည်။

အရေးအကြီးဆုံးကတော့ ကျိကျိတက် ချမ်းသာသည့် ဒုတိယမျိုးဆက်လည်း ဖြစ်နေသေး၏။

ထိုအချိန်တွင်တော့ လျန်ရူရွှယ်၏ ခေါင်းထဲတွင် ကြယ်များဖြင့် ပြည့်နှက်သွားပြီး...

လင်းရီက ဒီလောက်ချမ်းသာနေတာတောင်မှ သူမ မမျှော်လင့်ထားတာတွေ မဖြစ်နိုင်တာတွေကို ဘာလို့ လုပ်လုပ်ပြနေတာ....

မဟုတ်မှလွဲရော သူ မိန်းကလေးတွေကို စိတ်မ၀င်စားတော့တာများလား....

အဲ့တာတော့ မဖြစ်နိုင်လောက်ပါဘူးနော....

All Chapters