ရိုးရှင်းတဲ့ လက်ဝါးရိုက်ချက်လေး တစ်ချက်
Vol. 22 Ch. 298
ဖန်းရဲ့ စွမ်းရည်က အစောပိုင်းတုန်းက မုယုံဒီး ပြသွားတဲ့ စွမ်းရည်ထက်ကို သာနေပုံပဲ။ ဒါပေမဲ့ သူက ဘယ်လောက်အထိ အားကောင်းသလဲ ဆိုတာကိုတော့ ခန့်မှန်းလို့ မရသေးဘူး "
" ချန်ဖန်းက ကျားနဂါးစာရင်းရဲ့ အဆင့်၁၇ ဖြစ်သလို လီဖူချန်းကလည်း ဖျက်မြင်းတွေရဲ့ ဘုရင်ကွ။ သည်ပွဲက လုံးဝ ပွဲကြီးပွဲကောင်းပဲ”
လူအများစုကတော့ သည်ပွဲကို ကြည့်ချင်နေကြပါပြီ။
စွန်းဟိုင်လုံနဲ့ ရှဟိုရှီကို အနိုင်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းကို ဖျက်မြင်းဘုရင် အဖြစ် လူတွေအားလုံးက တစ်သမတ်တည်း သတ်မှတ် လိုက်ကြပါတယ်။ တကယ်လို့သာ လီဖူချန်းက ချန်ဖန်းကိုပါ အနိုင်ယူနိုင်ခဲ့မယ် ဆိုရင်တော့ သူဟာ ကျားနဂါးစာရင်း ထိပ်ပိုင်း အဆင့်တွေမှာ ရပ်တည်နိုင်မယ့် သူဆိုတာ သေချာသလောက် ဖြစ်သွားပါပြီ။ ဒါပေမဲ့ လီဖူချန်းက ချန်းဖန်းကို ရှုံးနိမ့်သွားမယ် ဆိုရင်တော့ သူ့ရဲ့ အဆင့်ဟာ ထိပ်ဆုံး အယောက်၂၀ နဲ့ ၃၀ ကြားကလွဲပြီး ပိုမြင့်စရာ အကြောင်း မရှိပါဘူး။
ချန်ဖန်းရဲ့ လက်နက်ကတော့ လွှသွား ပုံသဏ္ဌာန် အသွားတွေ ရှိနေတဲ့ ဆေဘာ တစ်လက်ပါပဲ။ ဓားသွားတစ်ခုလုံးကတော့ သွေးလို နီရဲနေပါတယ်။
" လီဖူချန်း ... ငါရဲ့ ဆေဘာကို မြည်းကြည့်စမ်း "
ချန်ဖန်းက ပေါက်ပန်းလေးဆယ် ပြောပြီး အချိန် မကုန်ချင်ပါဘူး။ သူက တိုက်ပွဲရဲ့ အဖြေကိုသာ အမြန်ဆုံး သိချင်တာပါ။
အဲဒီအတွက် ချန်ဖန်းဟာ လီဖူချန်းဆီကို ခုန်ဝင်သွားပြီး လွှသွား ပုံသဏ္ဌာန် ဆေဘာကြီးဖြင့် ခုတ်ချ လိုက်ပါတယ်။
သွေးနီရောင် အလင်းတန်းတွေကတော့ လီဖူချန်းကို စတင်ပြီး ဖိနှိပ်လာခဲ့ပါပြီ။ သေချာ အနီးကပ် ကြည့်လိုက်မယ် ဆိုရင်တော့ သည်သွေးနီရောင် အလင်းတန်းတွေဟာ ချီအတွင်းအားတွေ မဟုတ်ဘဲ ဆေဘာ ဓားချီတွေ ဆိုတာကို သိရပါလိမ့်မယ်။
ချန်ဖန်း လေ့ကျင့်ထားတဲ့ ဆေဘာဓားသိုင်းကတော့ သွေးကမ်းပါး ဆေဘာ ဓားသိုင်း ဖြစ်ပါတယ်။ အဲဒီဓားသိုင်းက ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းပါပဲ။ ဒါပေမဲ့ ချန်ဖန်းက သည်ဆေဘာ ဓားသိုင်းရဲ့ ဆန္ဒကို နားလည်အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။
လီဖူချန်းကလည်း သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအား နည်းစနစ်ကို အသက်သွင်းလိုက်ပြီး ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်ပါတယ်။
" မိစ္ဆာနှင်သတ်ဖြတ်ခြင်း အရိပ် "
ကြက်သွေးရောင် ဓားအလင်းတန်းကြီး တစ်ခုက မာန်ဟုန် အပြည့်ဖြင် ထွက်ပေါ်လာပြီး သွေးဆေဘာ အလင်းတန်းတွေကို ချေမွ ပစ်လိုက်ပါတယ်။
ထန် ... ထန် ... ထန် ... …
ချန်ဖန်ရဲ့ သွေးဆေဘာ ဓားချီတွေကတော့ တစ်ခုမကျန် ဖျက်ဆီး ခံလိုက်ရပါပြီ။
" အာ့ "
ချန်ဖန်းက မျက်မှောင်ကြုတ် လိုက်ပါတယ်။ သူရဲ့ ရှိသမျှ အစွမ်းတွေကို ထုတ်သုံးထားတဲ့ သည်ဓားကွက်က လီဖူချန်းရဲ့ အင်္ကျ ီစကိုတောင် ထိအောင် မစွမ်းဆောင် နိုင်ခဲ့ပါဘူး။
"ငါ့ရဲ့ သည်ဆေဘာ ဓားကွက်ကို ရှောင်နိုင်ရင် ရှောင်စမ်း "
ချန်ဖန်းက မြေပြင်ကို ဖနောင့်ဖြင့် တစ်ချက် ပေါက်လိုက်ပြီး လီဖူချန်ဆီကို ရေပြင်ညီ မျဉ်းအတိုင်း တိုးဝင်သွားခဲ့ပါတယ်။ သူ့ရဲ့ သွေးဆေဘာကတော့ အဆက်မပြတ် ဝှေ့ယမ်းနေဆဲပါပဲ။
" သွေး ရေတံခွန် "
ရွှမ်း…ရွှမ်း…ရွှမ်း ...
ဆံခြည်မျှင် တစ်ခုစာမျှသာ ရှိတဲ့ သွေးနီရောင် အလင်းတန်းတွေက စုပေါင်းသွားခဲ့ပြီး ရေတံခွန်ကြီး တစ်ခုအလား ပြောင်းလဲ သွားခဲ့ပါတယ်။ အဲဒီ သွေးရေတံခွန်ကြီးရဲ့ ဦးတည်ရာ ပစ်မှတ်ကတော့ လီဖူချန်း ပါပဲ။ သွေးရေတံခွန်ကြီးက လီဖူချန်းကို အုပ်မိသွားပြီ ဖြစ်တဲ့ အတွက် လီဖူချန်းအနေနဲ့ သည်ဆေဘာ ဓားကွက်ထဲကနေ ဘယ်လိုမှ ရုန်းထွက်နိုင်စရာ လမ်းမမြင်တော့ပါဘူး။
ဟူး ... ဟူး ... ဟူး ... ဟူး ...
ရုတ်တရက် ဆိုသလို လီဖူချန်း လေးယောက် ပေါ်လာပြီး မတူညီတဲ့ အရပ်မျက်နှာ ပေါင်းစုံကို ခုန်ထွက် သွားပါတော့တယ်။
" ဆန်းကြယ် အလယ်အလတ် ကိုယ်ဖော့ပညာဆန္ဒ ... "
ချန်ဖန်းက လုံးဝကို မယုံနိုင်သည့်ပုံဖြင့် ငေးကြည့်နေမိပါတယ်။
လီဖူချန်းက သူ့ရဲ့ သွေးရေတံခွန် ဆေဘာ ဓားကွက်ထဲက လှလှပပပင် ရှောင်ထွက်သွားခဲ့တာ မဟုတ်ပါလား။
အတွင်းအား ပညာရပ်ဆန္ဒ၊ ကိုယ်ဖော့ပညာ ဆန္ဒ၊ ခန္ဓာကိုယ် သန့်စင်မှု ပညာရပ်ဆန္ဒ။ သည်ပညာရပ် ဆန္ဒသုံးမျိုးဟာ နားလည် အသုံးပြုနိုင်ဖို့ အတွက် အလွန်တရာမှ ခဲယဉ်းလှပါတယ်။
အခုတော့ လီဖူချန်းက သူဟာ ဓားသိုင်းနဲ့ အတွင်းအား ကျင့်စဉ် ပိုင်းမှာသာမက ကိုယ်ဖော့ ပညာရပ်မှာလည်း ထူးချွန်တဲ့ သူတစ်ယောက် ဆိုတာကို ပြသလိုက်ပါပြီ။
လီဖူချန်းက ဆေဘာ ဓားကွက်ထဲကနေ ရှောင်ထွက်သွားပြီးတဲ့ နောက်မှာတော့ ချန်ဖန်းရဲ့ ဘယ်ဘက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။
" မီးတောက်မိစ္ဆာရဲ့ ဦးချို "
သူ့ရဲ့ ဓားနက်ကြီးထံကနေ ကြက်သွေးရောင် ဦးချိုကြီးတစ်ခု ထွက်ပေါ်လာပြီး ချန်ဖန်ကို တိုက်ခိုက် လိုက်ပါတယ်။
ချန်ဖန်းရဲ့ ကိုယ်ဖော့ပညာကတော့ လီဖူချန်းလို မကောင်းပါဘူး။ အဲဒီအတွက် ချန်ဖန်းဟာ လီဖူချန်းရဲ့ တိုက်ခိုက်မှုကနေ မရှောင်ထွက် သွားတော့ဘဲ ဆေဘာနဲ့ပဲ ခံဆောင်လိုက်ပါတယ်။
ဘန်း ... ...
ချန်ဖန်းကတော့ ၁၀မီတာလောက် အထိ မြေပြင်ပေါ် လျောတိုက်ပြီး လွင့်ထွက်သွားခဲ့ပါပြီ။
တစ်ချိန်တည်း လိုလိုမှာပင် သူဟာ စွန်းဟိုင်လုံကို ကိုယ်ချင်းစာမိ သွားပါတယ်။
မီးတောက် မိစ္ဆာရဲ့ ဦးချို ဓားကွက်မှာပါတဲ့ ချီအတွင်းအားတွေဟာ အလွန်တရာ သိပ်သည်းရုံမက ဓားကွပ်ရဲ့ ပေါက်ကွဲအားကလည်း အတော်လေး ပြင်းထန်လှပါတယ်။
လီဖူချန်းရဲ့ ဓားနဲ့ ထိလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ချန်ဖန်းဟာ သည်ဓားကွက်ကို တောင့်ခံထားဖို့က လွဲပြီး အခြားရွေးစရာ လမ်းမရှိတော့ဘူး ဆိုတာကို ရိပ်မိလိုက်ပါပြီ။
" ထွီ "
" အား ... မင်းရဲ့ ဓားကွက်က အရမ်းပြင်းတာပဲ”
ချန်ဖန်းက သွေးတစ်လုတ်ကို ထွေးထုတ် ပစ်လိုက်ကာ ကုန်းရုန်းပြီး ပြန်ထလာပါတယ်။ သူ့ပုံစံက လီဖူချန်းရဲ့ ဓားချက်ကြောင့် ကြီးကြီးမားမား ဒဏ်ရာ မရသွားတဲ့ ပုံပါပဲ။
'အံ့သြစရာပဲ '
လီဖူချန်းက မျက်ခုံး ပင့်မိ လိုက်ပါတယ်။
အစောပိုင်းတုန်းက သူ့ရဲ့ဓားကွက်ဟာ တူနဲ့ သံကို အသုံးပြုပြီး သစ်သားတုံးထဲကို ထုချ လိုက်သလိုပါပဲ။ ဒါပေမဲ့ ချန်ဖန်းကတော့ ရအောင် တောင့်ခံ သွားနိုင်ခဲ့ပါတယ်။
" နောက်ထပ် တစ်ခေါက် တောင့်ခံကြည့်စမ်း "
လီဖူချန်းက ကျားတစ်ကောင်လို အရှိန်အဟုန်ဖြင့် ချန်ဖန်းဆီကို ခုန်ဝင် သွားခဲ့ပြန်ပါတယ်။ သည်တစ်ခါ သူအသုံးပြု လိုက်တဲ့ ဓားသိုင်းကလည်း မီးတောက် မိစ္ဆာရဲ့ ဦးချို ဓားကွက်ပါပဲ။
ထန် ... ...
ဝေါ့ ... ...
သည်တစ်ကြိမ်မှာတော့ ချန်ဖန်းဟာ သွေးအန်ရုံသာမက သူ့ရဲ့လက်ထဲက ဆေဘာပါ လွင့်ထွက် သွားခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အတွင်းအားတွေဟာလည်း တစ်စစီ ဖြိုခွဲခံလိုက်ရ သလိုပါပဲ။
" ငါ အရှုံံးမပေးသေးဘူးကွ "
ချန်ဖန်းက ဝမ်းခေါင်းသံကြီးဖြင့် ကြုံးဝါးပြီး ကုန်းရုန်းထလာ ပြန်ပါတယ်။ သူက နောက်ဆုံး ကျန်နေတဲ့ သက်စောင့်အားတွေကို စုစည်းပြီး လီဖူချန်းကို အနီးကပ် ဝင်လုံးဖို့ ကြံရွယ်နေတာပါ။
ဝမ်းနည်းစရာကတော့ ချန်ဖန်းဟာ စိတ်ပဲရှိပါတော့တယ်။ သူ့ရဲ့ ခန္ဓာကိုယ်က စိတ်ရဲ့ ဦးဆောင်မှု နောက်ကို မလိုက်နိုင်တော့ပါဘူး။
" တောင်းပန်ပါတယ်။ အနိုင်ရမယ့်သူက ငါဆိုတဲ့ လီဖူချန်းပဲ "
လီဖူချန်းက ချန်ဖန်းဆီကို ခုန်ဝင်သွားပြီး ဆောင့်ကန် လိုက်ပါတယ်။
" ဘန်း "
ချန်ဖန်းက သည်ကန်ချက်ကိုတော့ ဘယ်လိုမှ တောင့်ခံနိုင်စွမ်း မရှိတော့ပါဘူး။ သူက ခြေကားယား လက်ကားယားဖြင့် မြေပြင်ပေါ်ကို ပက်လက်လှန် လဲကျ သွားခဲ့ပါပြီ။
ထို့နောက်မှာတော့ လီဖူချန်းက ဆက်မတိုက်တော့ဘဲ နောက်ဆုတ်ကာ သူ့ရဲ့ ကျောက်တုံး မဏ္ဍိုင်ဆီကို ပြန်ခုန်တက် သွားပါတော့တယ်။
သူက သူ့ရဲ့ ကန်ချက်အပေါ်မှာ ယုံကြည်မှု အပြည့်ပါပဲ။ ချန်ဖန်းက သည်ကန်ချက်ကို ထိအပြီးမှာတော့ ပြန်ထနိုင်စရာ အကြောင်း မရှိတော့ပါဘူး။
" ဘာ ... ဘာ ... ဘာဖြစ်သွားတာလဲ ...။ လီဖူချန်းက ချန်ဖန်းကို တစ်ဖက်သတ်ကြီး တိုက်ပြီး အနိုင်ယူ သွားတာလား…"
လူတွေအားလုံးကတော့ လီဖူချန်းကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့် နေကြပါတယ်။
သူတို့အားလုံးက အကြိတ်အနယ် တိုက်ခိုက်မယ့် ပွဲကြီးပွဲကောင်း တစ်ခုကို ကြည့်ချင်တာပါ။ အခုတော့ လီဖူချန်းက တစ်ဖက်သတ်ကြီး တိုက်ခိုက်ကာ အနိုင်ယူသွားခဲ့ပါပြီ။
အသက်၅ နှစ် အရွယ် ကလေးတစ်ယောက်နဲ့ အသက်၄၀ အရွယ် လူကြီးတစ်ယောက် ချတာကမှ ပိုပြီး မျှတပါဦးမယ်။
"လီဖူချန်းရဲ့ ကိုယ်ဖော့ပညာက အရမ်းကောင်းနေသလို သူ့ရဲ့ ဓားသိုင်းကလည်း အရမ်း ထက်မြက်နေပြီ။ သူက အထက်စည်းကို ရောက်သွားပြီ ဆိုတာနဲ့ ချန်ဖန်းက ပြန်ပြီး တိုက်ခိုက်နိုင်မယ့် အခွင့်အရေး မရှိတော့ဘူး”
" ဟုတ်တယ်။ နှစ်ဖက်စလုံးရဲ့ အစွမ်းက ညီမျှ နေပေမယ့်လည်း ကိုယ်ဖော့ပညာက စကားပြော သွားတာပဲ”
" ချန်ဖန်းရဲ့ အားနည်းချက်က ကိုယ်ဖော့ပညာပဲ။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ဖော့ပညာက လီဖူချန်းနဲ့ ယှဉ်လို့သာ အားနည်းတယ်လို့ ပြောနိုင်တာ။ ငါတို့ နဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ချန်ဖန်းရဲ့ ကိုယ်ဖော့ပညာက အားနည်းချက် မဟုတ်တော့ဘူး”
ရှဟိုရှီနဲ့ တိုက်ပွဲပြီးကတည်းက လူငယ်တွေဟာ လီဖူချန်းကို လက်ရွေးစင် ပါရမီရှင် တစ်ယောက် အဖြစ် သို့မဟုတ် ဖျက်မြင်းတို့ရဲ့ ဘုရင်အဖြစ် သတ်မှတ် ထားပြီးသား ပါပဲ။ ဒါပေမဲ့ ချန်ဖန်းနဲ့ တိုက်ပွဲ အပြီးမှာတော့ လီဖူချန်းဟာ ထိပ်တန်းအဆင့် လက်ရွေးစင် ပါရမီရှင် တစ်ယောက်ရဲ့ အစွမ်းအစ ရှိတယ်ဆိုတာ ထုတ်ပြလိုက်ပါပြီ။
လီဖူချန်းက ထိပ်ဆုံးအယောက်၂၀ အဆင့်ထဲကို မျက်လုံးမှိတ်ပြီးတောင် ဝင်နိုင်နေပါပြီ။ လီဖူချန်း တစ်ယောက် ဘယ်အဆင့်အထိ သွားနိုင်မလည်း ဆိုတာကိုတော့ လူတွေအားလုံး စောင့်ကြည့်ရမှာပါပဲ။
" စိတ်ဝင်စားစရာပဲ "
နဂါးဓားသခင်လေး ချူးယီက စိတ်ဝင်စားစွာဖြင့် လီဖူချန်းကို အကဲခတ်လာပါတယ်။
လီဖူချန်းရဲ့ အစွမ်းအစက သူခန့်မှန်း ထားတာထက် ပိုကောင်းနေတဲ့ ပုံပါပဲ။
အစောပိုင်းတုန်းကတော့ သူက လီဖူချန်းကို ပုရွက်ဆိတ်လေး တစ်ကောင်မျှသာ သဘောထားခဲ့တာပါ။ ဒါပေမဲ့ အခု ကြည့်ရတာကတော့ လီဖူချန်းက သူနဲ့တောင် ဓားကွက် အနည်းငယ် ဖလှယ်နိုင်မယ့်ပုံ ရှိပါတယ်။
" လက်ရွေးစင် ပါရမီရှင် ဖြစ်ချင်တော့ လူတစ်ယောက်ဟာ ပညာရပ်တွေ အားလုံးမှာ ထူးချွန်နေရမယ်။ ချန်ဖန်းရဲ့ ကိုယ်ဖော့ပညာက အားနည်း နေတယ်ဆိုတာ အသိသာကြီးပါပဲ”
မုယုံဒီးက သံယပ်တောင်ကို အသာအယာ ခတ်လိုက်ပြီး ကောက်ချက် ချလိုက်ပါတယ်။
" စိတ်ရှုပ်စရာ ကောင်းလိုက်တာ "
နှင်းရေခဲနတ်မိမယ် စုလင်းရဲ့ မျက်နှာ ကလည်း စူပုပ်ပုပ် ဖြစ်နေပါပြီ။
သူမဟာ အအေးဓာတ်နဲ့ ပတ်သက်တဲ့ အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်နိုင်ဖို့ အတွက် ကောင်းကင်ဘုံကနေ ကောင်းချီးပေးခြင်းကို ခံထားရသူ တစ်ယောက်ပါ။ အတွင်းအား ကျင့်စဉ်ပိုင်းမှာ ဆိုရင် ကြယ်ဘုရင် သုံးပါးတောင်မှ သူမလောက် ပါရမီ မပါပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ သူမကို နှာတစ်ဖျား အသာ ယူသွားခဲ့ပါတယ်။ ပြီးတော့ လီဖူချန်းက ကိုယ်ဖော့ ပညာဘက်မှာလည်း ကြောက်စရာ ကောင်းလောက်အောင် ထူးချွန်နေပါသေးတယ်။
ချန်ဖန်းကို အနိုင်ယူပြီး နောက်မှာတော့ လီဖူချန်းရဲ့ ဆက်တိုက်နိုင်ပွဲက ၂၆ပွဲတိတိ ရှိသွားခဲ့ပါပြီ။
သူ့ရဲ့ကျောက်တုံး မဏ္ဍိုင်ကနေ ထွက်နေတဲ့ ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင်တွေကလည်း နောက်ထပ်ပုံသဏ္ဌာန် တစ်မျိုးကို ပြောင်းလဲ သွားခဲ့ပါတယ်။ အခုဆိုရင် အဝါရောင် မြွေကြီး တစ်ကောင် ပုံသဏ္ဌာန်ကနေ ပိုပြီး ကိုယ်လုံးကိုယ်ထည် ကြီးမားတဲ့ စပါးအုံးမြွေကြီး တစ်ကောင် ဖြစ်လာခဲ့ပါပြီ။ အဝါရောင် စပါးအုံး မြွေကြီးဟာ ရှူးရှူးရှဲရှဲဖြင့် ပါးပျဉ်းထောင်ကာ အကုန်လုံးကို ပတ်ကြည့်နေပါတယ်။
ပွဲစဉ် ၁၄၃၀ ကို အလှည့်ကျသူ နှစ်ယောက်ကတော့ ရှဟိုချောင်နဲ့ ချန်ဖန်းတို့ပါပဲ။
ရှဟိုချောင်ဟာ တုံလင်သခင်လေးလို့ ကျော်ကြားသလို ကြယ်၅ပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကျားနဂါး ပြိုင်ပွဲမှာတော့ ရှဟိုချောင်နဲ့ နှင်းရေခဲနတ်မိမယ် စုလင်းဟာ ကျားနဂါးစာရင်းရဲ့ အဆင့် ၁၅ကို ပူးတွဲ ရခဲ့ပါတယ်။ ဒါပေမဲ့ သည်တစ်ခေါက် ကျားနဂါးပြိုင်ပွဲမှာတော့ ရှဟိုချောင်ဟာ ထိပ်ဆုံး၅ယောက် စာရင်းထဲကို ဝင်ရောက်နိုင်တဲ့ အစွမ်းအစတွေ ရှိနေပါပြီ။
လက်ဝါးရိုက်ချက် တစ်ချက် ... …
လက်ဝါးရိုက်ချက် တစ်ချက်ကပဲ ချန်ဖန်းကို လွင့်ထွက် သွားစေခဲ့ပါတယ်။
ချန်ဖန်းရဲ့ အစွမ်းအစက အားနည်းတယ်လို့ သတ်မှတ်လို့ မရပါဘူး။ သူက စုမုယူထက်တောင်မှ ပိုပြီး အစွမ်းထက် ပါသေးတယ်။ ဒါပေမဲ့ ရှဟိုချောင်နဲ့ ရင်ဆိုင် အတွေ့မှာတော့ သူဟာ ရှဟိုချောင်ရဲ့ လက်ဝါးရိုက်ချက် တစ်ချက်ကိုတောင်မှ တောင့်ခံနိုင်ခြင်း မရှိခဲ့ပါဘူး။ လီဖူချန်းနဲ့ တိုက်ခိုက် တုန်းတောင်မှ ချန်ဖန်းဟာ သိုင်းကွက်အနည်းငယ် တောင့်ခံနိုင်ခဲ့ပါသေးတယ်။
" ဟူး ... "
ချန်ဖန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး စင်မြင့်ပေါ်မှာ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပါတယ်။ သူ့ရဲ့ ယုံကြည်မှုတွေကတော့ ရိုက်ချိုး ခံလိုက်ရပါပြီ။
လီဖူချန်းနဲ့ ရှဟိုချောင်တို့က သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတွေကိုပါ ဖျက်ဆီး သွားခဲ့သလိုပါပဲ။
သည်တစ်ခေါက် ကျားနဂါးပြိုင်ပွဲ မစခင်တုန်းကတော့ ချန်ဖန်းဟာ သည်တစ်ကြိမ်မှာတော့ ထိပ်ဆုံး ၁၀ယောက် ထဲကို သေချာပေါက် ဝင်ပြီလို့ ယုံကြည် ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူက ပထမဆုံး လီဖူချန်းကို သိုင်းကွက် အနည်းငယ် အတွင်းမှာ ရှုံးပါတယ်။ ပြီးတော့ ရှဟိုချောင်ကို လက်ဝါးရိုက်ချက် တစ်ချက်ထဲနဲ့ ထပ်ရှုံးပြန်ပါတယ်။ သည်သုံးနှစ်အတွင်းမှာ တိုးတက်မှုကော ရှိလာခဲ့သလားလို့ ချန်ဖန်းက သူ့ကိုယ်သူတောင် သံသယ ဝင်လာမိပါတယ်။
"သည်ခွန်အား ...။ သူက သခင်လေး၆ပါးထဲက တုံလင်သခင်လေး ဖြစ်နေတာ ဘာမှ မထူးဆန်းတော့ဘူး။ လီဖူချန်းက ချန်ဖန်းကို အနိုင်ယူဖို့ အတွက် သုံးကြိမ်တိတိ တိုက်ခိုက်ခဲ့ရတယ်။ ဒါပေမဲ့ ရှဟိုချောင်ကတော့ လက်ဝါးရိုက်ချက် တစ်ချက်ပဲ သုံးသွားတယ်။ "
" လီဖူချန်းက လက်ရွေးစင် ပါရမီရှင် တစ်ယောက် ဖြစ်ဖို့အတွက် အလားအလာ ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူက လုံလောက်တဲ့ အသက်အရွယ်ကို မရောက်သေးဘူး။ လီဖူချန်းက စုမုယူနဲ့ ရန်ချင်းဟူကလွဲရင် တခြား လက်ရွေးစင် ပါရမီရှင်တွေကို နိုင်ဖို့ မဖြစ်နိုင်သေးဘူး"
"အင်း ... မင်းပြောတာ အဓိပ္ပာယ် ရှိတယ်ကွ။ "
ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရှိနေတဲ့ လူငယ်တော်တော်များများက အကြီးအကျယ် ဆွေးနွေးခန်း ဖွင့်နေကြပါတယ်။
ချန်ဖန်းကို လက်ဝါးရိုက်ချက် တစ်ချက်ထဲနဲ့ အနိုင်ယူအပြီးမှာတော့ ရှဟိုချောင်က လီဖူချန်းကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပါတယ်။ သူ့ရဲ့ အကြည့်ကတော့ သခင်လေး၆ပါး ဆိုတဲ့ ဘွဲ့ထူးက ဘာလဲ ဆိုတာကို သိပြီလားဟု ပြောနေသယောင်ပင်။
အဲဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ မုယုံဒီးက ပြုံးပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
" လီဖူချန်း ... လီဖူချန်း ...။ ချန်ဖန်းကို အနိုင်ယူ နိုင်တာနဲ့တင် မင်းက ချီးကျူးခံ ထိုက်နေပါပြီ။ ဒါပေမဲ့ ဒီတစ်ခေါက် ကျားနဂါး ပြိုင်ပွဲက မင်းတောက်ပရမယ့် အချိန် မဟုတ်သေးဘူး။ သည်ပြိုင်ပွဲက ငါတို့ရဲ့ တောက်ပချိန်ပဲ"
***