← Chapters

တိုက်ခိုက်ပြီးတော့ အနိုင်ယူ

Vol. 22 Ch. 300

တိုက်ခိုက်ပြီးတော့ အနိုင်ယူ

Vol. 22 Ch. 300

ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းပြီးတဲ့ နောက်မှာတော့ မုယုံဒီးရဲ့  ချီအရှိန်အဝါတွေက   အဆုံးအစမဲ့တဲ့ ခံစားချက်မျိုးကို ပေးစွမ်းလာပါတယ်။  လီဖူချန်းက သူ့ကိုယ်သူ ကြယ်ပင်လယ်ကြီး တစ်ခုအတွင်း ရောက်နေသလားဟုတောင် ထင်မြင်လာမိပါတယ်။

ကြယ်၄ပွင့် လျှို့ဝှက် နည်းစနစ်ဖြစ်တဲ့ ကြယ်ကောင်းကင်ပြင်ကျယ် လျှို့ဝှက်နည်းစနစ်။

သည်လျှို့ဝှက် နည်းစနစ်က နက္ခတ်တာရာဂိုဏ်းရဲ့ အလွန်ကျော်ကြားတဲ့ လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်ပါတယ်။  နက္ခတ်တာရာ ဂိုဏ်းမှာတော့ ကြယ်ကောင်းကင်ပြင်ကျယ် လျှို့ဝှက် နည်းစနစ်ထက် အစွမ်းထက်တာ ဆိုလို့  နက္ခတ်တာရာဂိုဏ်းရဲ့ တော်ဝင် လျှို့ဝှက် နည်းစနစ်ဖြစ်တဲ့  ကြယ်တာရာ လျှို့ဝှက်နည်းစနစ်ပဲ ရှိပါတော့တယ်။

လူတွေ ပြောကျတာကတော့ နက္ခတ်တာရာဂိုဏ်းရဲ့ သိုင်းပညာတွေနဲ့ လျှို့ဝှက်နည်း စနစ်တွေက ကောင်းကင်ပေါ်မှာ ရှိတဲ့ ကြယ်တာရာတွေကို လေ့လာပြီး တီထွင်ဖန်တီး ထားတာပါတဲ့။

ကြယ်ကောင်းကင်ပြင်ကျယ် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းပြီးတဲ့  အခါမှာတော့  အရာအာလုံးဟာ သူ့ရဲ့ လက်အောက်မှာ ရှိနေတဲ့ ခံစားချက်မျိုးကို မုယုံဒီး တစ်ယောက် ခံစားလိုက်ရပါတယ်။  သူ့ရဲ့ မျက်လုံးထဲမှာတော့ အရာအားလုံးဟာ အရေးမပါတဲ့ အသေးအဖွဲ လေးတွေ ပါပဲ။

မုယုံဒီးက မထီတရီ ပြုံးလိုက်ပြီး မေးလိုက်ပါတယ်။

" မင်းက ငါနဲ့ ဆက်ပြီး တိုက်ခိုက် ချင်သေးတာလား ... "

သူက လီဖူချန်းကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်မလား ဆိုတာကိုတော့ မသေချာပါဘူး။  ဒါပေမဲ့ သိုင်းကွက်၃ကွက် ဆိုရင်တော့ အနိုင်ယူဖို့ ဖြစ်နိုင်ပါတယ်။

" အရမ်းအားကောင်းလွန်းတယ် ...။  ဒါက မုယုံဒီးရဲ့ တကယ့်စွမ်းရည် အစစ်အမှန်လား ... "

" မြေကမ္ဘာနယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်၊ အတွင်းအားကျင့်စဉ် အဆင့်၁၆။  ပြီးတော့ ကြယ်၄ပွင့် လျှို့ဝှက် နည်းစနစ်ကိုပါ သုံးထားသေးတယ်။  လီဖူချန်းတော့ မသိဘူး။  ငါဆိုရင်တော့ မတိုက်ဘဲနဲ့ အရှုံးပေးလိုက်ပြီဟေ့”

မုယုံဒီးရဲ့ ချီအရှိန်အဝါတွေက  ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရှိနေတဲ့ လူငယ်တွေကိုပါ အကျိုးသက်ရောက် စေခဲ့ပါတယ်။

" မင်းက ဘာမို့လို့ ငါက မင်းနဲ့ မတိုက်ရဲရမှာလည်း…"

လီဖူချန်းကလည်း သူ့ရဲ့  အဆင့်၁၆ အစစ်အမှန်ငရဲမီးတောက် အတွင်းအားကို သန့်စင်သော ယန်အဖိုဓာတ် ချီအတွင်းအား အဖြစ် ပြောင်းလဲ စေလိုက်ပါပြီ။ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေ ကလည်း တစ်ရှိန်ထိုး တိုးထွက်လာခဲ့ပါတယ်။

ချီအရှိန်အဝါချင်း ယှဉ်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ချီအရှိန်အဝါက မုယုံဒီးရဲ့ ချီအရှိန်အဝါကို မယှဉ်နိုင်ဘူးဆိုတာ  အသိသာကြီးပါပဲ။  ဒါပေမဲ့ ကွာဟချက်က သိပ်ပြီးတော့ မကြီးမားလှပါဘူး။

ပြီးတော့ အတွင်းအားကျင့်စဉ် ပိုင်းမှာလည်း လီဖူချန်းက အနည်းငယ် သာနေပါသေးတယ်။

မုယုံဒီးရဲ့ အတွင်းအား ကျင့်စဉ်က အဆင့်၁၆ ကနဦး အဆင့်မှာသာ ရှိနေသေးပေမယ့် လီဖူချန်းရဲ့ အတွင်းအား ကျင့်စဉ်ကတော့ အဆင့်၁၆  အထွတ်အထိပ်ကို ရောက်နေပါပြီ။

ကြယ်၄ပွင့် လျှို့ဝှက်နည်းစနစ်ချင်း ယှဉ်ပြန်ရင်လည်း နှစ်ယောက်စလုံးက ပြီးပြည့်စုံခြင်း အဆင့်မှာ ဖြစ်တဲ့အတွက်  အတူတူပါပဲ။

လီဖူချန်းက မုယုံဒီးကို မယှဉ်နိုင်တာဆိုလို့ ကျင့်ကြံခြင်း အပိုင်းမှာပဲ ရှိပါတယ်။

" အတွင်းအားကျင့်စဉ် အဆင့်၁၆ အထွတ်အထိပ် "

မုယုံဒီးက သူ့မျက်စိကိုတောင် သူမယုံသလို  ဖြစ်သွားပါတယ်။

လီဖူချန်းက အတွင်းအားကျင့်စဉ် လေ့ကျင့်ဖို့ မွေးဖွားလာသူ တစ်ယောက်လိုပါပဲ။  ဆန်းကြယ် အထွတ်အထိပ် အဆင့် အတွင်းအား ကျင့်စဉ်တွေဟာ အဆင့်၂၁ဆင့်ပဲ  ရှိပါတယ်။  လီဖူချန်းရဲ့ လေ့ကျင့်နှုန်းနဲ့ ဆိုရင်တော့ အသက်၄၀ မရောက်ခင်မှာ အမြင့်ဆုံး အဆင့်ကို ရောက်သွားမယ့် ပုံပါပဲ။

" အရိပ်မဲ့ သံယပ်တောင် "

မုယုံဒီးက  သူ့ရဲ့ ကိုယ်ဖော့ပညာကို အသုံးပြုပြီး ပြေးဝင်သွားပါတယ်။  သူက မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းနဲ့ ပေ၃၀အကွာကို ရောက်သွားခဲ့ပါပြီ။  ထို့နောက်မှာတော့ သူက သံယပ်တောင်ကို ဖြန့်ပြီး လီဖူချန်းကို ရိုက်ချလိုက်ပါတယ်။

သူ့ရဲ့ သံယပ်တောင်ကနေ ထွက်လာတဲ့ ချီအတွင်းအားတွေက  လေမုန်တိုင်း အသေးစားလေး တစ်ခု တိုက်ခတ် သွားသလိုပါပဲ။  ကျောက်တုံး မဏ္ဍိုင်ပေါ်မှာ ရှိနေတဲ့ လူငယ်တွေတောင်မှ  ပြုတ်ကျတော့မလို ဖြစ်သွားခဲ့ပါတယ်။  သည်ယပ်တောင် ရိုက်ချက်ကို အနီးကပ် ခံစားလိုက်ရတဲ့ လီဖူချန်းဆိုရင်တော့ ဒီဖိအားဒဏ်ကို ဘယ်လောက်အထိ ခံစားရမယ် မသိပါဘူး။

လီဖူချန်းက သူ့ရဲ့ ခြေထောက်အောက်မှာ ရှိတဲ့  မြေပြင်ဟာ ငလျင်လှုပ်သကဲ့သို့ တုန်ခါနေပြီး  လူကိုယ်တိုင်ပါ  သံယပ်တောင် ရိုက်ချက်ကြောင့် လွင့်ပါ သွားတော့မလို ခံစားနေရပါတယ်။

" ဒါကြောင့်လည်း သည်ကောင်က သခင်လေး၆ယောက်ထဲမှာ ပါနေတာကိုး "

လီဖူချန်းက အရှေ့ကို ခါးကိုင်းလိုက်ပြီး သူ့ရဲ့ ဓားနက်ကြီးကို ဆွဲထုတ်ကာ ရင်ဆိုင် လိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...

လီဖူချန်းရဲ့ မိစ္ဆာနှင် ဓားဆန္ဒက ထွက်ပေါ်လာခဲ့သလို  အနီးအနား ပတ်ဝန်းကျင်ကိုလည်း လေပူတွေ လွှမ်းခြုံသွားခဲ့ပါပြီ။

သည်ဓားဆန္ဒက အားကောင်းလွန်းလှတဲ့ ကိုယ်ပိုင် နယ်မြေ အပိုင်းအခြား တစ်ခုကိုပါ  ဖန်တီးလိုက်တဲ့ ပုံပါပဲ။

သည်ဓားဆန္ဒ နယ်မြေ အပိုင်းအခြားထဲကို ဝင်လာတဲ့ အရာမှန်သမျှက  လောင်ကျွမ်းပြာကျ သွားနိုင်ပါတယ်။

ဝုန်း  ...

လေမုန်တိုင်း အသေးစားလေးနဲ့ မီးတောက် နယ်မြေ အပိုင်းအခြားတို့ ထိပ်တိုက် တွေ့ဆုံတဲ့ အခါမှာတော့  ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာပြီး လီဖူချန်းကော မုယုံဒီးပါ အနောက်ကို ခြေတစ်လှမ်းစီ ဆုတ်လိုက်ရပါတယ်။

" ပြီးပြည့်စုံစွာ ဖြစ်တည်ပြီးနေတဲ့ ဆန်းကြယ်အဆင့်မြင့် ဓားဆန္ဒ "

မုယုံဒီးက မျက်နှာ  အကြီးအကျယ် ပျက်သွားခဲ့ပါပြီ။

သူ့ရဲ့ အစီအစဉ် အရဆိုရင်တော့ သူက ပထမဆုံး တိုက်ကွက်မှာ လီဖူချန်းကို အသာရအောင် ဖိနှိပ်လိုက်မယ်။  ဒုတိယ တိုက်ကွက်မှာ သူက  လီဖူချန်းကို ဒဏ်ရာရစေပြီး တတိယ တိုက်ကွက်မှာ လီဖူချန်းကို အနိုင်ယူ လိုက်မယ်ပေါ့။

ဒါပေမဲ့ လီဖူချန်းရဲ့ အတွင်းအားကျင့်စဉ်နဲ့ ဓားသိုင်း ကျွမ်းကျင်မှုက သူ့ရဲ့ အစီအစဉ်တွေကို ပျက်စီး စေခဲ့ပါပြီ။

" ဘယ် ...  ဘယ်လို ဖြစ်သွားတာလဲ ...။  လီဖူချန်းက မုယုံဒီးရဲ့ တိုက်ကွက်ကို ခုခံလိုက်တာလား ... "

" လီဖူချန်းနဲ့ မုယုံဒီးက  လက်ရည်တူပဲလား…"

"  ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလည်း "

လူတွေအားလုံးက ဘာပြောလို့ ပြောရမှန်းမသိ  ဖြစ်နေကျပါပြီ။

သူတို့က လီဖူချန်းတစ်ယောက် ပညာ လျိုထားတာကို လုံးဝ မရိပ်မိခဲ့ဘူးလေ။

ကြည့်ရတာတော့ လီဖူချန်းဟာ  အစောကြီးကတည်းက ဒီလို အဖြစ်အပျက်တွေ ဖြစ်လာမယ် ဆိုတာကို ကြိုတင် တွက်ဆ ထားခဲ့ပုံပါပဲ။  ဒါကြောင့် သူက ပိပိရိရိနဲ့ သူ့ရဲ့ အစစ်အမှန် စွမ်းရည်ကို လျှိုထားခဲ့တာပါ။

ဒါပေမဲ့ မေးစရာ တစ်ခုရှိတာက အသက်၂၀ အရွယ် လီဖူချန်းက ဒီလောက် အစွမ်းထက်အောင် ဘယ်လိုလုပ်ပြီး လေ့ကျင့်ခဲ့တာပါလိမ့်။  ရှင်းရှင်းပြောရမယ် ဆိုရင် သူနဲ့ သက်တူရွယ်တူ ဖြစ်တဲ့  ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်  စုမုယူတောင်မှ ဒီလို မစွမ်းဆောင်နိုင်ပါဘူး။

လီဖူချန်းဟာ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတဲ့  သတင်းစကားဟာ  မိုးပြာရောင်ဂိုဏ်းက တမင် ထုတ်လွှင့်ထားတဲ့ သတင်း အတုများလေလား ... …။

လူတွေအားလုံးကတော့ လီဖူချန်းကို ကြည့်ပြီး သို့လောသို့လော ဖြစ်နေကြပါပြီ။

" သူက တစ်ချိန်လုံး သူ့ရဲ့ စွမ်းရည် အစစ်အမှန်ကို ဖုံးကွယ် ထားတာလား ... "

ရှဟိုချောင်က မျက်မှောင်ကြုတ်ပြီး စဉ်းစားခန်း ဝင်နေပါတယ်။

" သူက တစ်စထက်တစ်စ ပိုပိုပြီး သန်မာလာပြီ "

စုမုယူကလည်း ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။

" စိတ်ဝင်စားစရာပဲ "

မရွေ့လျားသော ကြယ်ဘုရင် ချီဟန်တောင်မှ သည်တိုက်ပွဲကို စိတ်ဝင်စားလာပုံပင်။

သည်တိုက်ပွဲ မတိုင်ခင်တုန်းကတော့ ဓားပျံသခင်လေး လျှိုဖေးယွင်နဲ့ တုံလင်သခင်လေး ရှဟိုချောင်ရဲ့ တိုက်ပွဲကသာ သူ့ကို အနည်းငယ် ဆွဲဆောင်ခဲ့တာပါ။

" လီဖူချန်းက မဆိုးပါဘူး ...။  ဒါပေမဲ့ ဝမ်းနည်းစရာပဲ ...။  သူက မုယုံဒီးကို နိုင်ဖို့  ဘယ်လိုမှ  မဖြစ်နိုင်သေးဘူး  "

ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံက ပျင်းရိပျင်းတွဲ လေသံဖြင့် မှတ်ချက် ချလိုက်ပါတယ်။

မိုးကြိုးကြယ်ဘုရင် စီးတုလေ့က ပြုံးလိုက်ပြီး

" အရာအားလုံးက ဖြစ်နိုင်ပါသေးတယ်။  ပွဲကိုသာ ပြီးအောင် ကြည့်ပါဦး "

စီးတုလေ့ ကတော့  ပွဲမပြီးသေးဘဲ ဘာကိုမှ မှတ်ချက်ချချင်ဟန် မတူပါဘူး။  သူက လူအားလုံးကို သမာသမတ် ကျကျပဲ ဝေဖန်ဆန်းစစ် ချင်သူ တစ်ယောက်ပါ။ သူ့အတွက်ကတော့  သည်တိုက်ပွဲမှာ ဘယ်သူနိုင်နိုင် အရေးမကြီးပါဘူး။

" အရိပ်မဲ့ သံယပ်တောင် ...  ကျွဲရိုင်းမာန်  "

မုယုံဒီးက အသံဝါကြီးဖြင့် ဟစ်ကြွေးလိုက်ပြီး သူ့ရဲ့ အကောင်းဆုံး ယပ်တောင် သိုင်းကွက်ကို ထုတ်သုံး လိုက်ပါတယ်။

သူ့ရဲ့ သံယပ်တောင်ကနေ ထွက်ပေါ်လာတဲ့ ချီအတွင်းအား အစုအဝေးကြီးက   ကျွဲရိုင်းကြီး တစ်ကောင် ရန်သူကို ချိုဖြင့်ဝှေ့ဖို့ ပြေးထွက်လာသည့် အတိုင်း မာန်ပါလွန်းလှပါတယ်။

သည်ယပ်တောင်သိုင်းကွက်က မုယုံဒီးရဲ့ ပွဲသိမ်းတိုက်ကွက် ဖြစ်ပါတယ်။   မုယုံဒီးအနေနဲ့ ဒီယပ်တောင် မှာပါတဲ့ ချီအတွင်းအားတွေက တောင်ကြီး တစ်ခုလုံးကိုတောင် ထုတ်ချင်းဖောက် ပေါက်ထွက် သွားစေနိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ်။

" မီးတောက်မိစ္ဆာရဲ့ ဦးချိူ "

မိစ္ဆာနှင် ဓားသိုင်းကို အစွမ်းကုန် ထုတ်သုံးလိုက်တဲ့ နောက်မှာတော့ မိစ္ဆာနှင်ဓား ဆန္ဒကလည်း ပိုပြီး အားကောင်းလာပုံပါပဲ။

လီဖူချန်းရဲ့ ဓားနက်ကြီးကနေ ထွက်ပေါ်လာတဲ့  ကြက်သွေးရောင် ဦးချိုကြီးကတော့ တကယ့် အစစ်အမှန် ဦးချိုကြီးလားဟုတောင် မေးယူရလောက်ပါတယ်။

ဖောင်း ... ဖောင်း ... ဖောင်း ...

ပေါက်ကွဲမှုတွေက အဆက်မပြတ် ဖြစ်ပေါ်လာပါတယ်။ ဒီတစ်ကြိမ်မှာလည်း လီဖူချန်းကော မုယုံဒီးပါ နောက်ဆုတ် ရပြန်ပါပြီ။  အနောက်ကို ဆုတ်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ ခြေလှမ်းတိုင်းက စက်ဝိုင်ပုံ စင်မြင့်ကြီးကို တုန်ခါ သွားစေပါတယ်။

မုယုံဒီးရဲ့ မျက်နှာကတော့ ပျက်သထက် ပျက်လာခဲ့ပါပြီ။

သူက လီဖူချန်းနဲ့  ထိပ်တိုက် ရင်ဆိုင်ဖို့ မစဉ်းစားတော့ဘဲ ကိုယ်ဖော့ပညာ အကူအညီ ယူပြီး တိုက်ခိုက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။

မုယုံဒီးက သူ့ရဲ့ကိုယ်ဖော့ပညာကို အသုံးပြုပြီး လီဖူချန်းကို အရပ်မျက်နှာ ပေါင်းစုံကနေ တိုက်ခိုက်ပါတော့တယ်။

စိတ်မကောင်းစရာပါပဲ။  မုယုံဒီးရဲ့ အကြံက အတော်လေးကို ဆိုးဝါးလှပါတယ်။  လီဖူချန်းက ကျင့်ကြံခြင်း အဆင့်မှာသာ မုယုံဒီးထက် နိမ့်ရင်နိမ့်ပါမယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ ကိုယ်ဖော့ပညာ ကတော့ မုယုံဒီးထက် အပုံကြီး သာပါတယ်။

လေနက်ကိုယ်ပွား၃ခု ကိုယ်ဖော့ပညာကို သုံးလိုက်တဲ့ အခါမှာတော့ လီဖူချန်းလေးယောက် ဖြစ်လာခဲ့ပါပြီ။  အဲဒီ လီဖူချန်းလေးယောက်ဟာ ဘယ်သူအစစ်၊ ဘယ်သူအတု ဆိုတာကိုတောင် ခွဲခြားခွင့် မပေးတော့ဘဲ  မုယုံဒီးကို ဝိုင်းလိုက်ကာ အဆက်မပြတ် တိုက်ခိုက်ပါတော့တယ်။

ဖုန်း ... ဖုန်း ... ဖုန်း ...  ဘန်း ... ဘန်း ...

သူတို့နှစ်ယောက်ဟာ အချိန်တိုလေး အတွင်းမှာပဲ တိုက်ကွက်ပေါင်း ဒါဇင်နဲ့ ချီပြီး တိုက်ခိုက် ပြီးသွားခဲ့ပါပြီ။

သူတို့နှစ်ယောက်ရဲ့ သိုင်းကွက်တွေက   ကြည့်ရှုနေတဲ့ လူငယ်အပေါင်းကို ရင်သပ်ရှုမော စေခဲ့ပါတယ်။

" သူတို့ နှစ်ယောက်က သိုင်းကွက်တွေ အများကြီး တိုက်ပြီးတာတောင်မှ အရှုံးအနိုင် မပေါ်သေးဘူးလား ... "

လူတွေအားလုံးကတော့ မျက်တောင် မခတ်စတမ်း ကြည့်နေကြပါတယ်။  သူတို့က မျက်တောင် ခတ်ချင်ရင်တောင်မှ မခတ်ရဲပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲအဖြေဟာ အဲဒီအချိန်လေး အတွင်းမှာ ပေါ်သွားနိုင်လို့ပါပဲ။

သိုင်းကွက်ပေါင်း ၁၀၀ ကျော်တဲ့အထိ အနိုင်အရှုံး မသိရသေးတဲ့ နောက်မှာတော့ မုယုံဒီးက စိတ်မရှည်တော့ပါဘူး။

"  တော်တယ် ... လီဖူချန်း…။  မင်းက ငါ့ရဲ့ ပေါင်းချုပ် သိုင်းကွက်နဲ့ ထိုက်တန်တယ်။   ငါ့ရဲ့ ဒီပေါင်းချုပ် သိုင်းကွက်ကိုကော ခုခံကြည့်ပါဦး"

"   ပုံစံမဲ့ယပ်တောင်   လည်ပတ်စမ်း "

မုယုံဒီးရဲ့ လက်ထဲက ယပ်တောင်ဟာ မွတ်နေအောင်  လည်ပြီး ပျောက်ကွယ် သွားခဲ့ပါပြီ။   ထို့နောက်မှာတော့ ပုံသဏ္ဌာန် မရှိတဲ့  စွမ်းအင်တစ်ခုက ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါက ဘာစွမ်းအင်လည်း ဆိုတာကိုတော့  လီဖူချန်းလည်း ဝေခွဲမရပါဘူး။ ဒါပေမဲ့ သေချာတာကတေ့ာ သည်စွမ်းအင်က မွတ်နေအောင် လည်နေတဲ့ သံယပ်တောင်ကနေ ဖြစ်ပေါ်လာတာပါပဲ။

ဒီပေါင်းချုပ် သိုင်းကွက်ကိုတော့ မုယုံဒီးက အခြားသော သခင်လေးတွေနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ အသုံးပြုဖို့ အတွက် တီထွင်ထားခဲ့တာပါ။  ဒီပေါင်းချုပ် သိုင်းကွက်က ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ်သိုင်းကွက်အဆင့်မှာ ရှိပါတယ်။  ဒီပေါင်းချုပ် သိုင်းကွက်ရဲ့ အားသာချက်က တစ်ဖက်ရန်သူရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ် လိုက်တာပါပဲ။  ဒီသိုင်းကွက်ကို ထုတ်လိုက်ပြီ ဆိုရင်တော့ တစ်ဖက်ရန်သူဟာ ရှောငိမ်းဖို့ မဖြစ်နိုင်သလောက်ပါပဲ။

" မီးတောက်နဂါး…"

လီဖူချန်းကလည်း ရှောင်ပြေးဖို့ စိတ်ကူးမရှိပါဘူး။ သူက သူ့ရဲ့ ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ်ဓားကွက် ဖြစ်တဲ့   မီးတောက်နဂါးကို ထုတ်သုံးပြီး  ထိပ်တိုက် ရင်ဆိုင်လိုက်ပါတယ်။

ဟူး ... ဟူး ...

လီဖူချန်းရဲ့ ဓားနက်ကြီးကနေ  မီးတောက်မီးလျှံတွေ ထွက်ပေါ်လာခဲ့ပါပြီ။  ထို့နောက်မှာတော့ ထိုမီးတောက် မီးလျှံကြီးတွေက ပေါင်းစည်းသွားပြီး ကြက်သွေးရောင် မီးနဂါးကြီး တစ်ကောင် အဖြစ် ပြောင်းလဲကာ မုယုံဒီး ဆီကို ပြေးဝင် သွားပါတော့တယ်။

ဝုန်း  ...

လေဟာနယ်ထဲမှာတော့ မုယံဒီးရဲ့ ပုံသဏ္ဌာန် မရှိတဲ့ စွမ်းအင်နဲ့ ကြက်သွေးရောင် မီးနဂါးကြီးဟာ အပြန်အလှန် ဖိအားပေးနေကြပါပြီ။

အတန်ကြာမှာတော့ ကြက်သွေးရောင် မီးနဂါးကြီးဟာ မုယုံဒီးရဲ့ ပုံသဏ္ဌာန် မရှိတဲ့ စွမ်းအင်ကို တစ်စစီ ဖျက်ဆီး ပစ်လိုက်ပါတယ်။

ဖောက်  ...

ထို့နောက်မှာတော လီဖူချန်းရဲ့ ကြက်သွေးရောင် မီးနဂါးကြီးဟာ မုယုံဒီးရဲ့ ချီအကာအကွယ်ကို ဖောက်ထွင်းပြီး   မုယုံဒီရဲ့ ခန္ဓာကိုယ်ထဲကို  ဝင်ရောက် သွားပါတော့တယ်။

" ဝေါ့ "

မုယုံဒီးက  သွေးတစ်လုတ်အန်ကာ  ဒူးထောက် ကျသွားခဲ့ပါပြီ။

***

All Chapters