← Chapters

လျှို့ဝှက်သွေးခန္ဓာကိုယ်

Vol. 22 Ch. 303

လျှို့ဝှက်သွေးခန္ဓာကိုယ်

Vol. 22 Ch. 303

"လခွီးတဲ့မှပဲ……။ သည်ကောင့်ရဲ့ လျှို့ဝှက်နည်းစနစ်က ဟာကွက်တွေကို လျှော့ချ ပေးနေတာလား……"

လီဖူချန်းက သူ့ရဲ့ မိစ္ဆာနှင်အရိပ် သတ်ဖြတ်ခြင်း  ဓားကွက်ကို ရှဟိုချောင် တစ်ယောက် ကာကွယ် နေနိုင်တာကို စိတ်ထဲမှာတောင် မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ သည်ဓားကွက်က ရှဟိုချောင်ကို သွေးတိုးစမ်းရုံလောက်သာ တိုက်ခိုက်လိုက်တာ ဖြစ်နေလို့ပါပဲ။

အခုဆိုရင် လီဖူချန်းက တိုက်စစ်ကို ရောက်သွားပါပြီ။ လီဖူချန်းရဲ့ နောက်ထပ် ဓားကွက်ကတော့ မီးတောက်မိစ္ဆာရဲ့  ဦးချိုပါပဲ။ ကြက်သွေးရောင် ဦးချိုကြီး တစ်ခုက လေဟာနယ်ကို ဖြတ်သန်းပြီး ရှဟိုချောင်ကို တိုက်ခိုက် လိုက်ပါတယ်။

" တောင်ဖြိုလက်ဝါး "

ရှဟိုချောင်ရဲ့ တုံ့ပြန်မှုကလည်း အံ့သြစရာပါပဲ။ သူက ကြက်သွေးရောင် ဦးချိုကြီးကို   ပြန်ပြီး ရိုက်လိုက် နိုင်ပါတယ်။

သည်လက်ဝါး သိုင်းကွက်ကတော့  ရှဟိုချောင် ပေါင်းစပ် ဖန်တီးထားတဲ့  ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် သိုင်းကွက်ပါပဲ။

ဝုန်း...

ကြက်သွေးရောင် ဦးချိုနဲ့ လက်ဝါးရိပ်တို့ ထိပ်တိုက် အတွေ့မှာတော့ ပြင်းထန်လှတဲ့ ပေါက်ကွဲမှု တစ်ခု   ဖြစ်ပေါ်လာခဲ့ပါတယ်။

" ဟင် …… သည်ကောင်……"

ရှဟိုချောင်က မုယုံဒီးတစ်ယောက် လီဖူချန်းကို ဘာဖြစ်လို့ ရှုံးသွားသလဲ ဆိုတာကို ကောင်းကောင်းကြီး နားလည် သဘောပေါက် သွားခဲ့ပါပြီ။

လီဖူချန်းရဲ့  တိုက်ပွဲအပေါ်  သုံးသပ်နိုင်စွမ်းက အရမ်းကို အားကောင်းနေလို့ပါပဲ။  လီဖူချန်းက မုယုံဒီးရဲ့ ဟာကွက်ကို တွေ့မြင်သွားပြီး တိုက်ခိုက် လိုက်တာကြောင့်သာ မုယုံဒီး တစ်ယောက် ဘာမှ မတတ်နိုင်ဘဲ  အရှုံးပေးသွား ရတာပါ။

အခုလည်း လီဖူချန်းက သူ့ရဲ့ တောင်ဖြိုလက်ဝါးနဲ့ ထိပ်တိုက်တွေ့တဲ့ အချိန်မှာ ဟာကွက်တွေကိုပဲ ဦးတည် တိုက်ခိုက်နေပါတယ်။

သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက တကယ်ကို ကြောက်စရာပါပဲ။

ရှဟိုချောင်ရဲ့ လက်ဝါးသိုင်းက  အားကောင်းပြီး အကွက်စေ့ လွန်းပါတယ်။ ဒါပေမယ့် လီဖူချန်းရဲ့  ဉာဏ်များတဲ့ ဓားချက်တွေက သူ့ရဲ့ ဟာကွက်တွေထဲကို မရရအောင် တိုးဝင် လာနေဆဲပါပဲ။ အဲဒီအတွက် ရှဟိုချောင်က သူ့ရဲ့ လက်ဝါးသိုင်းကို အပြည့်အဝ အသုံးမချနိုင်ပါဘူး။ သူက သူ့လက်ဝါးသိုင်းရဲ့  ၇၀ ရာခိုင်နှုန်းလောက်ကိုပဲ အသုံးပြု နေရပါတယ်။ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ရှဟိုချောင်ဟာ လီဖူချန်းရဲ့ ဖိအားပေးခြင်းကို ခံနေရပါပြီ။

" ဒါ…… ဒါကြီးက……"

လူတွေအားလုံးက ပါးစပ် အဟောင်းသား ဖြစ်နေပါတယ်။

လီဖူချန်းက မုယုံဒီးကို ဖိအားပေးပြီး အနိုင်ယူသွားတာကို လက်ခံ နိုင်ပါသေးတယ်။ ဒါပေမဲ့ အခုတော့ ကြည့်စမ်းပါဦး။ ရှဟိုချောင်တောင်မှ  လီဖူချန်းရဲ့ ဖိအားပေးမှုကို ခံနေရပါတယ်။ သူ့ရဲ့ လက်ဝါးသိုင်း ခံစစ်က အရမ်းကောင်းနေလို့သာ ရှဟိုချောင်တစ်ယောက် ခံသာနေတာပါ။

" ဟီးဟီးဟီး……။ ဘယ်လိုဖြစ်ရတာလည်း ရှဟိုရှန်ရဲ့……။ မင်းတို့ တုံလင်ကလန်ရဲ့ မျိုးဆက်က အခြေအနေ ဆိုးလှချည်လား……"

မုယုံပထျန်ကတော့ ရှဟိုရှန်ကို အတိုးကော အရင်းပါ ပေါင်းပြီး လှောင်ပြောင် နေပါတော့တယ်။

ရှဟိုရှန်က အေးစက်စက် လေသံဖြင့်

" ဘာတွေ လောနေတာလဲ……။ပွဲက အခုမှ စရုံပဲ ရှိပါသေးတယ်ကွ" ဟု ပြန်တုံ့ပြန် လိုက်ပါတယ်။

" မသဲမကွဲ  ရေလက်ဝါးသိုင်း "

ရှဟိုရှန်ရဲ့ စကားဆုံးတာနဲ့ တစ်ပြိုင်နက်  ရှဟိုချောင်က လက်ဝါးသိုင်းကို ပြောင်းလိုက် ပါတော့တယ်။ မူလက သူအသုံးပြုနေတဲ့  တောင်ရွေ့လိုက်ဝါးသိုင်းက  မဟန်တော့ဘူးဆိုတာကို ရှဟိုချောင် တစ်ယောက် သတိပြုမိတယ်လေ။

မသဲမကွဲ  ရေလက်ဝါးသိုင်း ဆိုတဲ့ နာမည် အတိုင်းပါပဲ။ ရှဟိုချောင်ရဲ့ လက်ဝါးရိပ်တွေက  မျက်လုံးနဲ့ မြင်နိုင်ဖို့ ခဲယဉ်းလာခဲ့ပါပြီ။ ပြီးတော့ ဒီလက်ဝါးသိုင်းက နူးညံ့ပြီး  ညင်သာတဲ့ လက်ဝါး သိုင်းကွက်တွေနဲ့ တစ်ဖက်လူကို တဖြည်းဖြည်း  ချောင်ပိတ် အနိုင်ယူဖို့ တီထွင်ထားတဲ့ လက်ဝါးသိုင်းပညာ ဖြစ်ပါတယ်။

' လက်ဝါးသိုင်း ပြောင်းလိုက်တာလား……'

လီဖူချန်းက ရှဟိုချောင်ကို အနည်းငယ်တောင် အားကျလာမိ သလိုပါပဲ။

ရှဟိုချောင်က အသက်၂၆နှစ် ရှိပြီ ဖြစ်တဲ့ အတွက် လီဖူချန်းထက် ကျင့်ကြံချိန် ၆နှစ် ပိုရထားပါတယ်။ အဲဒီအတွက်  သူက နောက်ထပ် ဆန်းကြယ် အဆင့်မြင့် လက်ဝါးသိုင်း တစ်ခုကို လေ့ကျင့် ထားနိုင်တယ်လေ။

" နှမြောစရာပဲ……။ မင်းက လက်ဝါးသိုင်း ပြောင်းလိုက်ပေမယ့် အခြေအနေက ဘာမှ ထူးလာမှ မဟုတ်ဘူး"

လီဖူချန်းက ရှဟိုချောင်ရဲ့ လက်ဝါသိုင်းက ဟာကွက်တွေကို မြင်နိုင်နေဆဲပါပဲ။ ပြီးတော့ ရှဟိုချောင်က ဒီလက်ဝါးသိုင်းကိုတော့  ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင်  လေ့ကျင့် ထားနိုင်ပုံ မရပါဘူး။

" မီးတောက်နဂါး "

လီဖူချန်းရဲ့ ဓားကနေပြီး ကြက်သွေးရောင် မီးတောက်နဂါးကြီး တစ်ကောင် ထွက်လာပြီး ရှဟိုရှီရဲ့ ရေလက်ဝါးရိပ်တွေကို ဖောက်ထွက် သွားခဲ့ပါတယ်။

" တောင်ဖြိုလက်ဝါး "

ရှဟိုချောင်က ရွေးချယ်စရာ မရှိတော့ပါဘူး။  သူက တောင်ဖြို လက်ဝါးကို သုံးပြီး လီဖူချန်းရဲ့ ဓားကွက်ကို ပြန်ခုခံ ရပြန်ပါတယ်။

" ငါ့အနေနဲ့ သည်ကောင် အတွင်းအား ကုန်ခန်းသွားတဲ့ အချိန်အထိ အချိန်ဆွဲပြီး တိုက်ရမယ်  ……"

ရှဟိုချောင်က တွေးလိုက်မိပါတယ်။

ရှဟိုချောင်က လွန်ခဲ့တဲ့ ၂နှစ်ကတည်းက မြေကမ္ဘာနယ်ပယ် အဆင့်၉ရဲ့ အထွတ်အထိပ်ကို ရောက်နေတာပါ။ သူ့ရဲ့ ကျင့်ကြံမှု အခြေခံက  ခိုင်မာနေပါပြီ။ လီဖူချန်းကတော့ အခုမှ မြေကမ္ဘာ အဆင့်၈ပဲ ရှိပါသေးတယ်။  အဲဒီအတွက် လီဖူချန်းရဲ့ ချီအတွင်းအား ပမာဏက သူ့ထက် ၂ဆလောက် လျော့နည်းနေမှာ အသေအချာပါပဲ။ တိုက်ပွဲကသာ အချိန် ကြာလာခဲ့မယ်ဆိုရင် လီဖူချန်းက ရှဟိုချောင်ရဲ့  ပြိုင်ဘက် မဖြစ်နိုင်တော့ပါဘူး။

' ရှဟိုချောင်က တိုက်ပွဲကို ကောင်းကောင်းကြီး သုံးသပ်နိုင်တာပဲ။ ဒီကောင်က သူနဲ့ငါ့ကြားက အတွင်းအား ပမာဏ ကွာခြားချက်ကို သတိပြုမိသွားတယ်။ ဒီကောင်က ငါ့ရဲ့ အတွင်းအားတွေ ကုန်တဲ့အထိ   အချိန်ဆွဲပြီး တိုက်ဖို့ ကြံစည်နေတာပဲ။ သည်အတိုင်း ဆက်သွားရင်တော့ နောက်ထပ် သိုင်းကွက် ၁၀၀၀ ဆို ငါအတွင်းအား ကုန်ပြီး အရှုံးပေးရနိုင်တယ်"

လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို သည်ထက်ပိုပြီး ထုတ်ပြလို့ မရတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်းက  ကန့်သတ်ချက်ကို ရောက်နေလို့ပါပဲ။

လီဖူချန်းရဲ့ အဖြစ်ဟာ  မြစ်တစ်စင်းက ရေတွေကို ခွက်တစ်ခုနဲ့  ခပ်ယူနေတာနဲ့ ဆင်တူပါတယ်။ မြစ်ရေတွေက ဘယ်လောက်ပင် များနေပေမယ့်လည်း  တစ်ခါခတ်ရင်တော့ ခွက်တစ်ခွက် စာသာလျှင် ရနိုင်ပါတယ်။

(note - လီဖူချန်းရဲ့ အသိစိတ်အာရုံကို မြစ်တစ်စင်းနဲ့ ခိုင်းနှိုင်းထားပြီး  သူ့ရဲ့ ခန္ဓာကိုယ်ကိုတော့ ခွက်တစ်ခွက်နဲ့ ခိုင်းနှိုင်းထားတာပါ။)

အသက်ကို တဝကြီး ရှုပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ အရေပြားပေါ်မှာ  အနီရင့်ရင့်  အလွှာတစ်ခု လွှမ်းခြုံ သွားပါတော့တယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ  ဖျက်ဆီးလို့ မရနိုင်တဲ့ အငွေ့အသက် တစ်ခု ပေါ်ထွက်လာခဲ့ပါပြီ။

" ဖျက်ဆီးစမ်း "

လီဖူချန်းရဲ့ ဓားက မူလကထက် ၃၀ရာခိုင်နှုန်း ပိုမြန်လာခဲ့ပါတယ်။

အဲဒီအတွက် သူသုံးလိုက်တဲ့ မီးတောက်မိစ္ဆာရဲ့ ဦးချိုကလည်း   မူလကထက်  ၃၀ရာခိုင်နှုန်း ပိုအားကောင်း လာခဲ့ပါပြီ။

လီဖူချန်းရဲ့  ကြက်သွေးရောင် ဦးချိုကြီးကတော့   လက်ဝါးရိပ်တွေကို ဖောက်ထွက်သွားပြီး  ရှဟိုချောင်ရဲ့ အရှေ့ကို ရောက်ရှိ သွားခဲ့ပါပြီ။

" ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ဆန္ဒ "

ရှဟိုချောင်က မျက်လုံး အပြူးသားဖြင့် လီဖူချန်းကို ငေးကြည့်နေပါတယ်။

ဘန်း ...

သည်တစ်ကြိမ်မှာတော့ ရှဟိုချောင်က လီဖူချန်းရဲ့ တိုက်ခိုက်မှုကို အပြည့်အဝ မခုခံ နိုင်ခဲ့ပါဘူး။ သူက အနောက်ကို လွင့်ထွက် သွားရုံသာမက သွေးအန် လုနီးပါးပါ  ဖြစ်သွားပါတယ်။

" ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်မှု ဆန္ဓ "

ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရှိနေတဲ့ လူတွေ အားလုံးကလည်း  ထိတ်လန့် သွားကြပါတယ်။

လီဖူချန်းက  ဘယ်လိုလုပ်ပြီး လေ့ကျင့်ခဲ့တာလဲ……။

ဘာဖြစ်လို့  လီဖူချန်းက ပညာရပ်တိုင်းမှာ ထူးချွန်နေရတာလဲ ... ။

သူ့ရဲ့ ဓားသိုင်း၊ ကိုယ်ဖော့ပညာ၊  သူ့ရဲ့ အသိစိတ်အာရုံ၊ အတွင်းအား ကျင့်စဉ်၊ လျှို့ဝှက်နည်းစနစ်  ... ။ အခု သူ့ရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ကလည်း ကြောက်ဖို့ကောင်းတဲ့ အဆင့်ကို ရောက်နေပြန်ပါပြီ။  လီဖူချန်း အားနည်းတဲ့ ပညာရပ်ကော ရှိပါသေးရဲ့လား ... ။

ကြယ်ဘုရင်သုံးယောက်တောင်မှ လီဖူချန်းလောက် ပညာစုံမယ် မထင်ပါဘူး။

" လျှို့ဝှက်သွေး ခန္ဓာကိုယ် ဆန္ဒ "

အိုးရန်ဝမ်းထင်နဲ့ ဇောင်ဝူကျင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် စိုက်ကြည့် လိုက်မိပါတယ်။

လျှို့ဝှက်သွေး ခန္ဓာကိုယ်က မိုးပြာရောင်ဂိုဏ်းရဲ့  အကောင်းဆုံး ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ် တစ်ခုပါ။ ဒါပေမဲ့ မိုးပြာရောင် ဂိုဏ်းရဲ့ ကောင်းကင် နယ်ပယ် ပညာရှင် အများစုတောင်မှ  ဒီနည်းစနစ်ရဲ့ ပညာရပ်ဆန္ဒကို အသုံးပြုနိုင်စွမ်း မရှိသေးပါဘူး။

" နတ်မိစ္ဆာကောင် "

ကျားနဂါးစာရင်းရဲ့ ရန်ယွီက ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

ကျောက်တုံးမဏ္ဍိုင် လုတုံးကဆိုရင် သူက လီဖူချန်းကိုတောင် သွားပြီး စိမ်ခေါ် လိုက်ပါသေးတယ်။ အဲဒီတုန်းကတော့ ရန်ယွီက သူ့ကိုယ်သူ ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်မှု ပညာရပ် ဆန္ဒ အားသာချက် ရှိတယ်ဆိုပြီး လီဖူချန်းကို သွားစိမ်ခေါ်ခဲ့တာပါ။ အခုမှ လီဖူချန်းက သူ့ကို ညှာလိုက်တယ် ဆိုတာကို ရန်ယွီတစ်ယောက်  ကောင်းကောင်းကြီး သဘောပေါက် သွားပါတော့တယ်။

"စိတ်ဝင်စားစရာပဲ "

မရွေ့လျားသော ကြယ်ဘုရင် ချီဟန်ရဲ့ မျက်လုံးတွေတောင်မှ အရောင် တောက်လာခဲ့ပါပြီ။

ရန်ယွီက ဆန်းကြယ်အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်မှု ဆန္ဒကို သုံးနိုင်တာဟာ ဘာမှ မထူးဆန်းပါဘူး။ ရန်ယွီက ခန္ဓာကိုယ် အပြင်အား လမ်းစဉ်ကို လိုက်စားသူ တစ်ယောက်ပါ။  ဒါပေမဲ့ လီဖူချန်းက ဆန်းကြယ် အဆင့်မြင့် ခန္ဓာကိုယ် သန့်စင်မှု ဆန္ဒကို သုံးနိုင်တာဟာ  အရမ်းကို ထူးဆန်း နေပါတယ်။ လီဖူချန်းက ဓားတာအို လမ်းစဉ်ကို လျှောက်လမ်းသူ တစ်ယောက်ပင် မဟုတ်ပါလား။

လီဖူချန်းက ဒီလျှို့ဝှက် သွေးခန္ဓာကိုယ် ပညာရပ်ကို လေ့ကျင့်ထားတာ အရမ်းကို  ကြာလှပါပြီ။ အဲဒီတုန်းကတော့ သူက ပညာရပ် ဆန္ဒကို နားလည် အသုံးပြုနိုင်စွမ်း မရှိပါဘူး။ သူက သည်ဆန္ဒ ပညာရပ်ကို နားလည်အသုံးပြု နိုင်ဖို့အတွက် အချိန်အတော် ပေးပြီး လေ့ကျင့်ခဲ့ရတာပါ။

လျှို့ဝှက်သွေး ခန္ဓာကိုယ်ကို ထုတ်သုံးပြီးတဲ့ အခါမှာတော့ ရှဟိုချောင်ဟာ လီဖူချန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ပါဘူး။ လီဖူချန်းရဲ့ ဓားတစ်ချက်ကတင်  ရှဟိုချောင်ကို လွင့်ထွက်သွားစေ ခဲ့ပါတယ်။

လီဖူချန်းက ရှဟိုချောင်ကို လုံးဝကို အလွတ်မပေးပါဘူး။ သူက မြေပြင်ကို ဖနောင့်ဖြင့် တစ်ချက် ပေါက်လိုက်ပြီး   ရှဟိုချောင်နောက်ကို လိုက်ကာ တိုက်ခိုက် လိုက်ပါတယ်။

"ယား "

ရှဟိုချောင်က အသံနက်ကြီးဖြင့် အော်ပြီး ခုခံဖို့ ကြိုးစား လိုက်ပေမယ့်လည်း အတော်လေး  နောက်ကျသွားခဲ့ပြီ။

စွပ် ...

လီဖူချန်းရဲ့ ဓားက ရှဟိုချောင်ရဲ့  ချီအကာအကွယ်ကို ကျော်ဖြတ်ကာ  သူ့ရဲ့ ညာဘက် ရင်အုပ်ကို ထိုးစိုက် သွားခဲ့ပါတယ်။

ဝေါ့ ……

ရှဟိုချောင်က သွေးတစ်လုတ် အန်လိုက်ပါပြီ။  ဒါပေမယ့် လီဖူချန်းရဲ့ တိုက်ခိုက်မှုက ရပ်မသွားသေးပါဘူး။

" အရှုံးပေးစမ်း "

" ဖောင်း "

လီဖူချန်းရဲ့ ညာဘက် ခြေထောက်က အကာအကွယ်မဲ့နေတဲ့ ရှဟိုချောင်ရဲ့ ဝမ်းဗိုက်ကို ကန်လိုက် ပါသေးတယ်။

ဝေါ့ ……

ရှဟိုချောင်က နောက်ထပ် တစ်ကြိမ် အထိနာသွား ပြန်ပါပြီ။ သူက လီဖူချန်းရဲ့ တရစပ် တိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်မခံနိုင်တော့ပါဘူး။ လီဖူချန်းရဲ့ ဒီကန်ချက်က သူ့ရဲ့ အတွင်းအားတွေကို ဖြိုခွဲလိုက်တာပါ။ ရှဟိုချောင်က သည်ကန်ချက်ကို ခံရပြီးနောက်မှာတော့ လက်ချောင်း တစ်ချောင်း လှုပ်ဖို့တောင် အားမရှိတော့ပါဘူး။

ရှဟိုချောင်ရဲ့ ရလဒ်ကတော့ မုယုံဒီးနဲ့ အတူတူပါပဲ။

" အရမ်း ကြောက်စရာ ကောင်းလွန်းတယ်။ "

လီဖူချန်းရဲ့   တရစပ် တိုက်ခိုက်မှုက ကျောက်တုံး မဏ္ဍိုင်တွေပေါ်မှာ ရှိနေတဲ့  လူတွေ အားလုံးကို တိတ်ဆိတ် သွားစေခဲ့ပါပြီ။

***

All Chapters