ကျွန်တော် အရမ်းကြောက်တာပဲ
Vol. 101 Ch. 1410
ရွှီး...
နတ်သိမ်းငှက်မျိုးနွယ်စုရှိ မိစ္ဆာသတ်ဖြတ်စံအိမ်၏ အနောက်ခြံဝန်းထဲတွင် ရွှမ်ယွမ်လင်းယန်၏ ခါးမှ ကျောက်စိမ်းတံဆိပ်ပြားက လင်းလက်လာ၏။ သူမသည် ကျင့်ကြံနေခြင်းဖြစ်သော်လည်း ရုတ်ခြည်း မျက်လုံးများ ဖွင့်လိုက်သည်။ ကျောက်စိမ်းပြားကို ကြည့်ပြီးနောက် သူမ၏ မျက်ဝန်းများက စမ်းရေကဲ့သို့ တလက်လက် လက်သွားသည်။ ထို့နောက် သူမ၏ မျက်နှာပေါ်တွင် ခပ်လှောင်လှောင်အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
“ကျန်းရီ... ကျွန်မက ရှင့်အပေါ် ကောင်းချင်ခဲ့တာ။ ဒါပေမဲ့ ရှင်က ကျွန်မရဲ့ အားထုတ်မှုတွေကို ငြင်းဆန်ခဲ့တယ်။ ရှင်က တမလွန်ဘုံကို ရောက်သွားမှ အခြေအနေကို ပိုသိလာမှာပဲ”
အဆိပ်ဝိညာဉ်ထံမှ သတင်းပို့မှုတစ်ခု ရောက်လာခဲ့ခြင်းပင်။ သတင်းအကြောင်းအရာမှာ ရှင်းသည်။ သူက ပစ္စည်းကို ရထားပေပြီ။
အဆိပ်ဝိညာဉ်မှာ ရွှမ်ယွမ်လင်းယန်၏ လျှို့ဝှက်ကိုယ်ရံတော် ဖြစ်သည်။ ကျန်းရီကို ထောက်လှမ်းခဲ့ပြီး အရာအားလုံးကို စီစဉ်ခဲ့သူမှာလည်း အဆိပ်ဝိညာဉ်ပင်။ ယခုတွင် သူက ပစ္စည်းကို ရလာပေပြီ။ ပစ္စည်းဆိုသည်မှာ မည်သည်ကို ရည်ညွှန်းကြောင်း သိသာ၏။ သူ့လက်ထဲတွင် ရှေးဦးဝိညာဉ်ရတနာ ရှိနေပြီဖြစ်သည်။ ယင်းမှာ ကျန်းရီက သေပြီဆိုသော အဓိပ္ပာယ်ပင်။
“ဟူးဟူး...”
ရွှမ်ယွမ်လင်းယန်သည် စိတ်လှုပ်တရှားဖြင့် ထရပ်လိုက်၏။ သူမ၏ မျက်နှာထားက သူမ၏ရင်ထဲတွင် ခံစားနေရသော အပျော်ကို ဖော်ပြနေသည်။ သူမသည် အခန်းထဲတွင် လူးလားခေါက်တုံ့လျှောက်၍ ယုံကြည်မှုရှိရှိ ရေရွတ်လိုက်၏။
“သိမ်းငှက်ဘုရင်လေး... ကျွန်မ ရှေးဦးဝိညာဉ်ရတနာကို ရလိုက်တာနဲ့ ကျွန်မရဲ့စွမ်းရည်တွေက ဆတိုး တိုးတက်လာမှာပဲ။ အရင်က ရှင် ကျွန်မကို အရေးမစိုက်ခဲ့ပေမဲ့ နောက်ကျ ရှင် ကျွန်မကို ခယလာရအောင် ကျွန်မ လုပ်မှာ။ ဟက်ဟက်...”
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွား၏။ ရွှမ်ယွမ်လင်းယန်က အခန်းထဲတွင် ဆက်၍ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူမသည် ဆက်ကျင့်ကြံနိုင်လောက်အောင် စိတ်တည်ငြိမ်မနေတော့ပေ။ နာရီအနည်းငယ် ကြာပြီးနောက် ရုတ်တရက် လေညင်းတစ်ခုက ဂိတ်တံခါးတစ်ခုကိုဖြတ်၍ တိုက်ခတ်လာ၏။ ရွှမ်ယွမ်လင်းယန်၏ မျက်ဝန်းများ တောက်ပသွားသည်။ ထို့နောက် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“ရှင် ပြန်လာပြီလား”
ဝှစ်...
လေညင်းက ဖြည်းဖြည်းချင်း လွင့်ပြယ်သွားပြီး အခန်းထဲတွင် အဆိပ်ဝိညာဉ် ထွက်ပေါ်လာသည်။ သို့သော် သူ၏ မျက်နှာထားက ခါးသက်နေသည်။ သူ ရွှမ်ယွမ်လင်းယန်ကို လက်ဆုပ်ကာ ပြောလိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ် သခင်မလေးရွှမ်ယွမ်”
“အန်...”
ရွှမ်ယွမ်လင်းယန်၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်သွား၏။ သူမ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ရှင် ပစ္စည်းရပြီလို့ ကျွန်မဆီ သတင်းပို့ခဲ့တယ် မဟုတ်ဘူးလား”
ဝှစ်...
အဆိပ်ဝိညာဉ်၏ ခန္ဓာကိုယ်က လင်းလက်လာ၏။ ထို့နောက် သူ ရွှမ်ယွမ်လင်းယန်ဘေးသို့ လှစ်ခနဲ ပျံသန်းသွားပြီး လက်တစ်ဘက်ဖြင့် သူမ၏ ကျောကို ပုတ်ကာ သူမကိုယ်ထဲ စွမ်းအင်တစ်ခု ထည့်သွင်းလိုက်သည်။ ရွှမ်ယွမ်လင်းယန်၏ နတ်ဘုရားအမြုတေက ရုတ်ခြည်း ချိပ်ပိတ်ခံလိုက်ရ၏။ အဆိပ်ဝိညာဉ်သည် ရွှမ်ယွမ်လင်းယန်၏ သိုလှောင်လက်စွပ်နှင့် ဆက်သွယ်ကျောက်စိမ်းပြားတို့ကို လက်တစ်ဘက်ဖြင့် အလွယ်တကူ ယူလိုက်လေသည်။
ကျွီ...
အခန်းတံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး ချပ်ဝတ်ပြည့် ဝတ်ဆင်ထားသော သိုင်းသမားတစ်ယောက် လျှောက်ဝင်လာ၏။ သူသည် အခန်းထဲသို့ ရောက်သည်နှင့် အခန်းတံခါးကို ပြန်ပိတ်လိုက်၏။ ထို့နောက် ချပ်ဝတ်က လင်းလက်လာကာ ပျောက်ကွယ်သွားပြီး ငယ်ရွယ်သော မျက်နှာတစ်ခုကို လှစ်ဟပြလိုက်ပေသည်။ ထိုသူက ပြုံး၍ ပြောလိုက်သည်။
“စံအိမ်အရှင်မရွှမ်ယွမ်... မတွေ့ရတာ ကြာပြီနော်”
“ကျန်းရီ...”
ရွှမ်ယွမ်လင်းယန်သည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မျက်လုံးပြူးသွား၏။ ထို့နောက် သူမအနောက်ရှိ အဆိပ်ဝိညာဉ်ကို ချက်ချင်း လှည့်ကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။
“အဆိပ်ဝိညာဉ်.. ရှင်က ကျွန်မကို သစ္စာဖောက်တာလား။ ကျွန်မကြောင့်သာ မဟုတ်ရင် အခုလောက်ဆို ရှင် တခြားလူတွေရဲ့ အစိတ်စိတ်အမွှာမွှာ စွဲဖြဲတာကို ခံနေရပြီဆိုတာကို ရှင်သိလား။ ရှင်က ကျေးဇူးကန်းတဲ့သူပဲ.. ရှင် သေသင့်တယ်”
“သခင်မလေးရွှမ်ယွမ်... ကျွန်တော် တောင်းပန်ပါတယ်”
အဆိပ်ဝိညာဉ်က လက်ဆုပ်၍ ဆက်ပြောလိုက်၏။
“ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကျွန်တော် သခင်မလေးအတွက် အများကြီး လုပ်ပေးခဲ့ပါတယ်။ အဲ့ဒါတွေနဲ့တင် ကျွန်တော်တို့ ကျေပြီလို့ ပြောလို့ရပါတယ်။ မစိုးရိမ်ပါနဲ့... အရှင်ငယ်က သခင်မလေးကို မသတ်ဘူးလို့ ကတိပေးထားပါတယ်”
ဝှစ်...
အဆိပ်ဝိညာဉ်သည် စကားပြောပြီးနောက် အပြင်သို့ လွင့်မျောထွက်သွားသည်။ ကျန်းရီသည် တံခါးများကိုပိတ်၊ အကာအရံများကို နှိုးပြီးနောက် ရွှမ်ယွမ်လင်းယန်ကို ပြုံး၍ ကြည့်လိုက်၏။
“စံအိမ်အရှင်မရွှမ်ယွမ်... ကျွန်တော် ခင်ဗျားကို မသတ်ဘူးလို့ အဆိပ်ဝိညာဉ်ကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို အကွက်ဆင်ပြီး သတ်ဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော် ခင်ဗျားနဲ့ ဒီရန်ငြိုးကို စာရင်းမရှင်းရရင် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေမိလိမ့်မယ်။ အဲ့တော့ ကျွန်တော်တို့ ရှက်စရာကောင်းတဲ့ကိစ္စတစ်ခု လုပ်ကြတာပေါ့...”
ရွှမ်ယွမ်လင်းယန်၏ မျက်နှာပေါ်တွင် သွေးဆုတ်သွား၏။ သူမသည် သူမ၏ခန္ဓာကိုယ်ကို ဝံပုလွေက သားကောင်ချောင်းသကဲ့သို့ ကြည့်နေသော ကျန်းရီအား စိုက်ကြည့်လိုက်၏။ သူမ ရုတ်ခြည်း တောင့်တင်းသွားပြီး သူမ၏ရင်ဘတ်ကို လက်နှစ်ဘက်ယှက်၍ ကာလိုက်သည်။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“ကျန်း..ကျန်းရီ... ရှင် ဘာ.. ဘာလုပ်မလို့လဲ။ ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်နော်။ ကျွန်မက ရွှမ်မျိုးနွယ်က သခင်မလေးတစ်ယောက်ပဲ။ ကျွန်မရဲ့ အဘိုးက တိရှဘုံ မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ လက်ထောက်စံအိမ်အရှင်။ ပြီးတော့ ရွှမ်ယွမ်မျိုးနွယ်က တိရှဘုံရဲ့ ထိပ်တန်းမျိုးနွယ်ကြီးဆယ်ခုထဲက တစ်ခုပဲ။ ရှင် ကျွန်မကို အဓမ္မကျင့်ရဲရင် သေချာပေါက် သေရလိမ့်မယ်။ ရှင် လာခဲ့တဲ့ ဘုံကလည်း ဖျက်ဆီးခံရလိမ့်မယ်”
“တကယ်လား... ကျွန်တော် အရမ်းကြောက်တာပဲ”
ကျန်းရီသည် ကြောက်ရွံ့သံဖြင့် ပြောလိုက်သော်လည်း ရွှမ်ယွမ်လင်းယန်ဆီသို့ ဆက်လျှောက်သွားနေ၏။ သူ အရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ရွှမ်ယွမ်လင်းယန်က နောက်သို့ တစ်လှမ်းဆုတ်သွားသည်။ သူမက ကြောက်ရွံ့ကာ ကူကယ်ရာမဲ့နေပုံ ပေါ်ပေသည်။
ရွှမ်ယွမ်လင်းယန်၏ ကောင်းကင်စွမ်းအားက ချိပ်ပိတ်ခံထားရသည်။ သူမ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားနှင့် သိုလှောင်လက်စွပ်တို့ကိုလည်း အဆိပ်ဝိညာဉ်က ယူသွားခဲ့သည်။ သူမက စိတ်ဝိညာဉ်တိုက်ခိုက်မှုအချို့ကို သိသော်လည်း ၎င်းတို့က စွမ်းအားမကြီးပေ။ ကျန်းရီကို ယခုကဲ့သို့ ရင်ဆိုင်ရသောအခါ သူမသည် ဆာလောင်နေသော ဝံပုလွေနှင့် ရင်ဆိုင်နေရေသော သိုးငယ်တစ်ကောင်ကဲ့သို့ ခံစားနေရသည်။ သူမ ကျောစိမ့်အောင် ကြောက်ရွံ့နေသည်။ သူမသည် အော်လိုသော်လည်း အခန်းအကာအရံများကို နှိုးထားသဖြင့် သူမ၏အော်သံကို မည်သူမှ ကြားမည်မဟုတ်ကြောင်း သူမသိပေသည်။
ဒုန်း...
ရွှမ်ယွမ်လင်းယန်၏ နောက်ကျောက အခန်းနံရံနှင့် ဝင်ဆောင့်၏။ ကျန်းရီသည် သူမ၏ မျက်နှာဘေးတစ်ဘက်စီတွင် လက်ထောက်လိုက်၏။ အားကောင်းသန်မာသော ယန်အရှိန်အဝါက သူမထံသို့ လွင့်မျောလာ၍ သူမ စတင်၍ မျက်ရည်ဝဲလာ၏။ သူမသည် ရွှမ်ယွမ်မျိုးနွယ်မှ သခင်မလေးတစ်ယောက်ဖြစ်သဖြင့် အနိမ့်ဘုံမှ တောသားတစ်ယောက်အား သူမ၏အားနည်းချက်ကို အမြင်မခံနိုင်လောက်အောင် မာနစိတ်ရှိပေသည်။
“ရွှမ်ယွမ်လင်းယန်၊ ရွှမ်ယွမ်မျိုးနွယ်ရဲ့ လက်ရှိမျိုးဆက်က ဒုတိယသခင်မလေး၊ သွေးပြာရှိတဲ့ တော်ဝင်သူ”
ကျန်းရီက ရွှမ်ယွမ်လင်းယန်ကို ခနဲ့တဲ့တဲ့ ငုံ့ကြည့်လိုက်သည်။ သူမသည် အလွန်ကြောက်ရွံ့နေသဖြင့် တစ်ချက်ပင် မလှုပ်နိုင်ပေ။ သူ ခနဲ့တဲ့တဲ့လေသံဖြင့် ဆက်ပြောသည်။
“သခင်လေးတွေ အများကြီးက ခင်ဗျားကို သဘောကျကြပေမဲ့ ခင်ဗျားက သိမ်းငှက်စိမ်းဘုရင်ရဲ့ သားတော်ကို တစ်ဖက်သတ်ကြိုက်နေတာလို့ ကျွန်တော် ကြားတယ်။ ဒါပေမဲ့ သိမ်းငှက်ဘုရင်လေးက ခင်ဗျားကို အဖက်တောင်မလုပ်ဘူးမလား။ ကျွန်တော့်ကို ပြော... တကယ်လို့ ကျွန်တော်က ခင်ဗျားရဲ့ အပျိုစင်ဘဝကို ဖျက်ဆီးလိုက်ရင် ခင်ဗျား သိမ်းငှက်ဘုရင်လေးကို ရနိုင်မဲ့ မျှော်လင့်ချက် ရှိပါဦးမလား”
“ဟင့်အင်း...ဟင့်အင်း...”
ရွှမ်ယွမ်လင်းယန်က အော်ဟဟ်၍ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ထွက်ပြေးနိုင်မည့် လမ်းကြောင်းတစ်ခုကို ကြိုးစားရှာဖွေလိုက်သည်။ သို့သော် ကျန်းရီက သူမ၏ခါးကို လက်တစ်ဘက်ဖြင့် တင်းကြပ်စွာ ဖက်လိုက်သည်။ ထိုအခါ ရွှမ်ယွမ်လင်းယန် မလှုပ်နိုင်တော့ပေ။ သူမသည် မုန်းတီးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အော်ပြောလိုက်၏။
“ကျန်းရီ... ကျွန်မကျိန်တယ်.. ဒီတစ်ခေါက် ရှင် ကျွန်မကို မသတ်ရင် ကျွန်မ ရှင့်ရဲ့မျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။ ရှင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်က လာခဲ့တာမလား။ ကျွန်မ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ဖျက်ဆီးပစ်မယ်လို့ ကတိပေးတယ်”
ရွှမ်ယွမ်လင်းယန်၏ စူးရှသော အော်သံက ကျန်းရီ၏ နားကို နာသွားစေ၏။ သူမ၏ အမုန်းတရားများ ပြည့်နှက်နေသော အကြည့်နှင့် ခြိမ်းခြောက်သည့် စကားများကလည်း ကျန်းရီ၏ တည်ငြိမ်နေသော မျက်နှာထားကို ဒေါသမျက်နှာထား ဖြစ်သွားစေသည်။
ကျန်းရီသည် ရွှမ်ယွမ်လင်းယန်ကို မသတ်ပါဟု အဆိပ်ဝိညာဉ်အား ကတိပေးခဲ့သော်လည်း ယခု ကြည့်ရသည်မှာ ထိုမိန်းမ မသေလျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က အန္တရာယ်ကြုံရတော့မည့်ပုံပင်။ သူ၏ အကြည့်များ အေးစက်သွားသည်။ သူသည် အခြားလက်တစ်ဘက်ဖြင့် ရွှမ်ယွမ်လင်းယန်၏ ရင်ဘတ်မှ အဝတ်ကို စွဲဖြဲပစ်လိုက်သည်။ ထို့နောက် ခါးမှ လက်ကိုသုံး၍ သူမ၏ ဝတ်စုံကို ဆွဲချွတ်လိုက်၏။ ရွှမ်ယွမ်လင်းယန်၏ လှပသော အစိမ်းရောင်ဝတ်စုံလေးက ရုတ်ခြည်း ပွင့်ထွက်သွားပေသည်။ သူမ၏ ပြေပြစ်၍ ချောမွေ့သော ခန္ဓာကိုယ်လေးက ပြင်ပလေထုနှင့် မိတ်ဆက်ခွင့်ရသွား၏။ ယခုတွင် သူမကိုယ်ပေါ်၌ ပန်းရောင်အတွင်းဝတ်သာ ရှိတော့ပေသည်။
“ဟင့်အင်း... အဲ့လိုမလုပ်ပါနဲ့”
ရွှမ်ယွမ်လင်းယန်တစ်ယောက် စတင်၍ ကြောက်ရွံ့တကြီး အော်ဟစ်လာ၏။ သူမသည် ကိုယ်ကို တွန့်လိမ်၍လည်း အတင်းရုန်းကန်နေသည်။ ကျန်းရီ၏ ခန္ဓာကိုယ်ကိုလည်း လက်သည်းများဖြင့် ကုတ်ဆွဲနေရာ ကျန်းရီ၏ဝတ်စုံလည်း စုတ်ပြဲလာသည်။ ကျန်းရီသည် လက်တစ်ဘက်ကို သုံး၍ ရွှမ်ယွမ်လင်းယန်၏ကိုယ်ပေါ်မှ အတွင်းဝတ်ကို စွဲဖြဲပစ်လိုက်၏။ ပြီးမှ သူ သူမကို လွှတ်ပေးလိုက်သည်။
ဝှစ်...
ရွှမ်ယွမ်လင်းယန်သည် ရုန်းကန်နေခဲ့ပြီး ကျန်းရီက သူမကို လွှတ်ပေးလိုက်သည်နှင့် တံခါဆီသို့ အားကုန်ပြေးသွားလေသည်။ သို့သော် သူမ ကိစ္စတစ်ခုကို မေ့နေခဲ့သည်။ အခန်း၏ အကာအရံများကို နှိုးထားပေသည်။ သူမ၏ ကောင်းကင်စွမ်းအား မရှိလျှင် သူမ အကာအရံများကို ဖွင့်နိုင်မည် မဟုတ်ချေ။ ထို့ပြင် သူမက ကိုယ်လုံးတီး ဖြစ်နေပေသည်။
“အာ...”
ရွှမ်ယွမ်လင်းယန်သည် တံခါးဝသို့ ရောက်သောအခါ ရုတ်တရက် အသိပြန်ကပ်သွား၏။ သူမသည် ချက်ချင်း သူမ၏ အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကာလိုက်ပြီး ကျန်းရီကို လှည့်ကြည့်လိုက်၏။ ကျန်းရီက သူမ၏ ခန္ဓာကိုယ်ကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြောင်း သူမ တွေ့လိုက်ရသည်။ အစောတွင် သူမ ထွက်ပြေးခဲ့စဉ်က သူသည် သူမ၏ အရာအားလုံးကို မြင်ပြီးခဲ့လောက်ပေပြီ။
“အနားကို ကပ်မလာနဲ့နော် တိရိစ္ဆာန်ကောင်။ ရှင် ကျွန်မအနားကို ကပ်လာရင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မှာ”
ရွှမ်ယွမ်လင်းယန်က ကျန်းရီကို ထပ်မံ အော်ပြောလိုက်၏။ ကျန်းရီသည် သူ့နေရာမှာပင် ရပ်နေပေသည်။ သို့သော် သူသည် ခနဲ့တဲ့တဲ့ဟန်ဖြင့် ထိုင်ခုံတစ်လုံးကိုဆွဲယူ၍ ထိုင်လိုက်၏။ ထို့နောက် သူ စာရွက်တစ်ရွက်နှင့် စုတ်တံတစ်ချောင်း ထုတ်လိုက်သည်။ သူသည် ရွှမ်ယွမ်လင်းယန်ကို စက္ကန့်အနည်းငယ် ငေးကြည့်ပြီးတိုင်း လက်ထဲမှ စုတ်တံကို လှုပ်ရှား၏။ သူ၏စုတ်တံက နဂါးများ၊ မြွေများကဲ့သို့ လှုပ်ရှားနေသည်။ ခေတ္တကြာပြီးနောက် ကောင်းကင်ပန်းချီကားတစ်ချပ် ပြီးသွားလေသည်။ ကျန်းရီသည် ကောင်းကင်ပန်းချီကားကို မြှောက်၍ ပြောလိုက်၏။
“စံအိမ်အရှင်မ... ဒီပန်းချီကားက ခင်ဗျားရဲ့ ဆွဲဆောင်မှုညှို့ဓာတ်လေးတွေကို ဖော်ပြနိုင်မယ်လို့ ထင်လား”
“အာ...”
ရွှမ်ယွမ်လင်းယန်သည် ပန်းချီကားကို ကြည့်လိုက်ပြီးနောက် ထိန်းမနိုင်သိမ်းမရ တုန်ယင်လာ၏။ သူမသည် တံခါးကို မီ၍ ဖင်ထိုင်ချလိုက်၏။ ထို့နောက် ဒူးနှစ်ဘက်ကို ရင်ခွင်ပိုက်ကာ ငိုချလိုက်လေသည်။
ကျန်းရီ၏ ကောင်းကင်ပန်းချီကားက အလွန်လှသည်။ ပုံကလည်း သူမနှင့် တထေရာတည်း တူသည်။ အရေးအကြီးဆုံးမှာ သူမ၏ ရင်နှစ်မွှာကြားတွင် ရှိသော မက်မွန်ပွင့်ပုံ မွေးရာပါအမှတ်က အလွန်အသက်ဝင်နေခြင်းပင်။ ကျန်းရီသည် သူမ၏ မျက်ဝန်းများထဲရှိ အကြောက်တရားကိုပင် ရေးဆွဲနိုင်ခဲ့သည်။ ထို့ကြောင့် ပန်းချီကားက အလွန်အသက်ဝင်နေပေသည်။ ထိုပန်းချီကားသာ ပျံ့နှံ့သွားလျှင် သူမသည် လောကကြီးထဲတွင် ထပ်မံ၍ မျက်နှာပြဝံ့တော့မည် မဟုတ်ပေ။
ကျန်းရီသည် ထရပ်၍ ရွှမ်ယွမ်လင်းယန်ထံ လျှောက်သွားလိုက်၏။ သူက သူမအရှေ့တည့်တည့်တွင် ရပ်ကာ သူမကို ငုံ့ကြည့်၍ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ရွှမ်ယွမ်လင်းယန်... မစိုးရိမ်ပါနဲ့။ ကျွန်တော်က ခင်ဗျားကို အဓမ္မကျင့်မှာ မဟုတ်ပါဘူး။ ကျွန်တော်က ခင်ဗျားလိုမိန်းမမျိုးကိုလည်း စိတ်မဝင်စားဘူး။ အခု ကျွန်တော် လုပ်မှာကို ပြောပြမယ်။ ကျွန်တော်က ဒီပန်းချီကားကို ဆယ်ချပ်လောက်ပွားပြီး ကုန်သည်အဖွဲ့အစည်းတွေဆီမှာ သွားအပ်ထားမယ်။ တကယ်လို့ နောက်ကျ ခင်ဗျားက အဆိပ်ဝိညာဉ်ကို ဒါမှမဟုတ် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားတာကို ကျွန်တော် သိသွားရင်၊ မဟုတ်လည်း ကျွန်တော် သေသွားရင် ဒီပန်းချီကားတွေက တိရှဘုံတစ်ခွင်လုံးမှာ ပျံ့နှံ့သွားလိမ့်မယ်...”
“ကျွန်တော် ကျန်းရီက ဘယ်သူနဲ့မှ ရန်သူမလုပ်ချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ရန်သူလို ဆက်ဆံတဲ့ ဘယ်သူမဆို ကြီးမားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်။ ခင်ဗျား နားလည်လား”
***