← Chapters

ဧရာမ ပိုက်ကွန်ကြီး

Vol. 102 Ch. 1415

ဧရာမ ပိုက်ကွန်ကြီး

Vol. 102 Ch. 1415

အဆိပ်ဝိညာဉ်တစ်ယောက် ပြင်းပြင်းထန်ထန် ခံစားခဲ့ရ၏။ တိထျန်းများက သူ၏ အလစ်တိုက်ခိုက်ခဲ့မှုကို မသိလောက်ဟု သူ ထင်ခဲ့သည်။ သို့သော် ကျန်ခဲ့သော တိထျန်းနှစ်ယောက်သည် တစ်စုံတစ်ခု မူမမှန်ကြောင်းကို သတိပြုမိနေခဲ့ပြီးဖြစ်သည်။ သေဆုံးသွားခဲ့သော တိထျန်းတစ်ယောက်က အလွန် စွမ်းအားကြီး၏။ သို့ဖြစ်ရာ သူက အဘယ်သို့ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ၏ သတ်ဖြတ်မှုကို ခံခဲ့ရပါမည်နည်း။

ထို့ကြောင့် အဆိပ်ဝိညာဉ် ထပ်မံထွက်ပေါ်လာပြီး အလစ်တိုက်ခိုက်သောအခါ တိထျန်းတစ်ယောက်က ချက်ချင်း သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်လေသည်။ ထိုတိထျန်းက အလွန်ပြတ်သားပေသည်။ သူသည် အဆိပ်ဝိညာဉ်၏ အစွမ်းကို ကောင်းစွာသိ၏။ ထို့ပြင် ချင်မျိုးနွယ်၏ အဆိပ်ဝိညာဉ်အပေါ်ထားသော အမုန်းတရားက အလွန်နက်ရှိုင်းပြီး အရိုးပင်စွဲနေသည်။ ထိုတိထျန်းသည် သူက အဆိပ်ဝိညာဉ်နှင့် တိုက်ခိုက်လျှင်လည်း သေချာပေါက် သေရမည်ကို သိသဖြင့် သူ့ကိုယ်သူ ဖောက်ခွဲပစ်ကာ အဆိပ်ဝိညာဉ်ကို သူနှင့်အတူ သေရွာသို့ အပါခေါ်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိပ်ဝိညာဉ်၏ တုံ့ပြန်နှုန်းကလည်း အလွန်လျင်မြန်ခဲ့၏။ သူသည် တစ်စုံတစ်ခု မူမမှန်ကြောင်း ခံစားရသည်နှင့် ချက်ချင်း ထွက်ပြေးရန် လုပ်ခဲ့သည်။ သို့သော် သူ ဒဏ်ရာအပြင်းအထန် ရသွားပေသေးသည်။ သူ၏ အလယ်အလတ်အဆင့် စစ်ချပ်ဝတ်က အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး သူ၏ ကိုယ်တစ်ပိုင်းကလည်း မီးကျွမ်းသွားသည်။ သူသာ ချက်ချင်း ရှောင်မထွက်ခဲ့လျှင် သေသွားလောက်ပြီဖြစ်သည်။

အဆိပ်ဝိညာဉ် အနီးရှိ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများကမူ ပိုပြင်းထန်စွာ ခံခဲ့ရသည်။ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲမှာလည်း အလားတူပင်။ အဆင့်နိမ့် ဟွင့်သွမ့်သားရဲဆယ်ကောင်ကျော်က ထိုပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ပြီး ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ၏ ခန္ဓာကိုယ်တစ်ပိုင်းကလည်း ကြေမွသွားခဲ့သည်။ ထိုမြင်ကွင်းမှာ ဆိုးရွားလွန်းပေသည်။

တစ်ဦးသော ကံကောင်းခဲ့သူမှာ နောက်ဆုံးကျန်သည့် တိထျန်းပင်။ သူက မိမိကိုယ်ကို ဖောက်ခွဲသွားသော တိထျန်းနှင့် သိပ်မဝေးခဲ့သော်လည်း ထိုတိထျန်းသည် သူ့ကိုယ်သူ မဖောက်ခွဲခင်၌ အသံပို့လွှတ်ခဲ့၏။ ထို့ကြောင့် သူ အတန်ငယ် ပိုစော၍ ထွက်ပြေးနိုင်ခဲ့သည်။ သို့ဖြစ်၍ သူလည်း ဒဏ်ရာရခဲ့သော်ငြား သေလုဆဲဆဲဖြစ်နေသော အဆိပ်ဝိညာဉ်လောက်‌တော့ အခြေအနေဆိုးမသွားပေ။

“ဖူး...”

တိထျန်းသည် သွေးအန်လိုက်ပြီး တောင်ပေါ်ရှိ ဧရာမချိုင့်ကြီးထဲမှ ဒယိမ်းဒယိုင်ဖြင့် ထွက်လာကာ အပြင်းအထန်ဒဏ်ရာရထားပြီး မလှုပ်မယှက် ရှိနေသော အဆိပ်ဝိညာဉ်ကို အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၏။ သူသည် ပါးစပ်ထဲမှ သွေးများကိုပင် အကုန်ထွေးမထုတ်နိုင်ဘဲ ဒေါသတကြီးဖြင့် ဗလုံးဗထွေး အော်ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... မင်းက ထွက်ပြေးတဲ့နေရာမှာ တော်တယ် ဟုတ်လား။ ချင်မျိုးနွယ်တစ်ခုလုံးက မင်းကို လိုက်ရှာနေခဲ့တာ ကြာပြီ...”

“ဒီနေ့တော့ ကောင်းကင်က ငါတို့ကို ကောင်းချီးပေးလိုက်ပြီ။ ဒီနေ့ ချင်မျိုးနွယ်က သေဆုံးသွားခဲ့တဲ့ သူတွေအတွက် ငါ လက်စားချေမယ်။ ဒါပေမဲ့ စိတ်အေးအေးနေပါ။ ငါ မင်းကို မသတ်ပါဘူး။ အရင်ဆုံး ငါ မင်းကို ချင်မျိုးနွယ်ဆီ ခေါ်သွားမယ်... အဲ့ဒါမှ ချင်မျိုးနွယ်ဝင်တိုင်းက မင်းကို ဓားနဲ့ တစ်ချက်စီ ထိုးနိုင်မှာ။ ပြီးမှ ငါတို့ မင်းကို စီရင်မယ်”

ဝုန်း...

ထိထျန်းသည် မြေပြင်ကို ခြေထောက်ဖြင့် ဆောင့်လိုက်၏။ ခြေဆောင့်ချက်ကြောင့် မြေပြင် အက်ကွဲသွားသည်။ ထို့နောက် သူသည် အဆိပ်ဝိညာဉ်၏ သွေးအလူးလူး ဖြစ်နေသော ခြေထောက်ကို ပြင်းထန်စွာ နင်းချလိုက်သည်။ ဒဏ်ရာအပြင်းအထန် ရထားပြီးသော အဆိပ်ဝိညာဉ်၏ ခြေထောက်က ယခုတွင် တွန့်လိမ်ကောက်ကွေး သွားလေသည်။

“ဖူး...”

အဆိပ်ဝိညာဉ်၏ ပါးစပ်ထဲမှနေ၍ သွေးများ ပန်းထွက်လာ၏။ သူ့တစ်ကိုယ်လုံးလည်း တဆတ်ဆတ် တုန်ယင်နေပေသည်။ သို့သော် သူ့တွင် ပြန်တိုက်ခိုက်ရန် စွမ်းအင် မကျန်တော့ချေ။ သူက သေမင်းနှုတ်ခမ်းဝသို့ ရောက်နေပေပြီ။ သူ၏သွေးကြောအားလုံးက စုတ်ပြဲနေရာ သူမည်သို့ ပြန်ခုခံနိုင်ပါဦးမည်နည်း။

တိထျန်းသည် သတင်းပို့ ကျောက်စိမ်းပြားတစ်ပြားကို ထုတ်၍ သတင်းလှမ်းပို့လိုက်၏။ ထို့နောက် သူ ခြေထောက်လိုက်ပြီး ထပ်မြှောက်၍ အဆိပ်ဝိညာဉ်၏ လက်ကို နင်းချလိုက်သည်။ သူသည် အဆိပ်ဝိညာဉ်ကို အသက်ငွေ့ငွေ့သာ ကျန်တော့သည်အထိ နှိပ်စက်ပြီးမှ ချင်မျိုးနွယ်သို့ ပြန်ခေါ်သွားရန် တွေးထား၏။ ဤတစ်ကြိမ်တွင် သူ အဆိပ်ဝိညာဉ်ကို ဖမ်းနိုင်ခဲ့၍ ဆုလာဘ်များစွာ ရတော့မည်ဖြစ်ကြောင်း သူ သိပေသည်။

ဝှစ်...

ထိုအခိုက်တွင် အဝေးမှနေ၍ လေခွင်းသံ တစ်သံ ထွက်လာ၏။ ယင်းနောက် လူငယ်တစ်ယောက် လျင်မြန်စွာ ပျံသန်းလာသည်။ ထိုလူငယ်က မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပေသည်။ စစ်ချပ်ဝတ်ပေါ်ရှိ အနီရောင်ဝံပုလွေခေါင်းတံဆိပ် အထက်တွင်လည်း သိမ်းငှက်တစ်ကောင် ရှိနေသည်။ ယင်းမှာ မိစ္ဆာသတ်ဖြတ်စံအိမ်၏ အမဲလိုက်တမန်တော်တံဆိပ်ပင်။

“ဘာဖြစ်ခဲ့တာလဲ။ သခင်မလေးချင်‌ရော ဘယ်မှာလဲ”

ထိုလူငယ်သည် စိုးရိမ်မှုများ ပြည့်နေသော မျက်နှာထားဖြင့် လျင်မြန်စွာ ပျံသန်းလာ၏။ ချင်မျိုးနွယ်မှ တိထျန်းသည် အတန်ငယ် မှက်တက်သွားပြီး ထိုလူငယ်က အတန်ငယ် ရင်းနှီးပုံပေါက်နေသည်ဟု တွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူငယ်သည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အမဲလိုက်တမန်တော် ဖြစ်လာနိုင်ခဲ့သဖြင့် မျိုးနွယ်ကြီးတစ်ခုမှ သခင်လေးတစ်ယောက် ဖြစ်ရပေမည်။ ထို့ကြောင့် သူ သခင်မလေးချင်အတွက် လာခဲ့ခြင်းမှာ ဖြစ်နိုင်လောက်သည်။

ထို့ပြင် ယင်းလူငယ်က အလွန်အားနည်းသဖြင့် တိထျန်းသည် သူ့ကို လုံးဝ အရေးမစိုက်ပါပေ။ တိထျန်းသည် အဆိပ်ဝိညာဉ်၏ရင်ဘတ်ပေါ်တွင် ခြေတစ်ချောင်းတင်၍ သူ့ထံသို့ ပြေးဝင်လာသော ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲနှစ်ကောင်ကို လွင့်ပျံထွက်သွားအောင် လုပ်လိုက်၏။ ထို့နောက်မှ လက်ဆုပ်ကာ ပြောလိုက်လေသည်။

“သခင်လေးက ဘယ်သူလဲဆိုတာ သိလို့ရမလားခင်ဗျာ။ သခင်မလေးချင်က မြောက်ပိုင်းမြစ်မြို့ကို ပြန်ဆုတ်သွားပါပြီ”

“အို့... သခင်မလေးချင်က အဆင်ပြေတယ်လား။ အဲ့ဒါကောင်းတယ်”

လူငယ်သည် လျင်မြန်စွာ ပျံသန်းလာ၍ အဆိပ်ဝိညာဉ်ကို တစ်ချက်ကြည့်လိုက်၏။ ရုတ်ခြည်း သူ၏ မျက်ဝန်းများ အေးစက်သွားသည်။

“သူက မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ သစ္စာဖောက် အဆိပ်ဝိညာဉ်မလား။ ဟွန်း... သစ္စာဖောက်တွေကို လူတိုင်း ဖမ်းပြီးသတ်ပစ်ခွင့်ရှိတယ်။ အဆိပ်ဝိညာဉ် သေပေတော့”

ကျန်းရီ၏ အသံက အလွန်ကျယ်ပြီး အလွန်လေးနက်နေသည်။ ထို့နောက် သူ၏ အင်္ကျီလက်အတွင်းရှိ သားရဲလေးကလည်း အော်လိုက်လေသည်။ ရုတ်ခြည်းပင် မြေကြီးထဲမှနေ၍ သဲဝါပိုးကောင်များ ပျံထွက်လာသည်။ ၎င်းတို့က အဆိပ်ဝိညာဉ်နှင့် တိထျန်းတို့ကို လွှမ်းခြုံလိုက်ကြသည်။

“အာ... သခင်လေး... သခင်လေး ရူးနေတာလား။ မလုပ်နဲ့...”

အကယ်၍ ထိုတိထျန်းသာ ဒဏ်ရာများ ရမထားခဲ့လျှင် မြေအောက်ထဲမှ သဲဝါပိုးကောင်များကို ကြို၍ အာရုံခံနိုင်ခဲ့ပေလိမ့်မည်။ ဤတစ်ကြိမ်တွင်မူ သူက ဒဏ်ရာရထားသည့်အပြင် ကျန်းရီ၏ လှည့်စားမှုကိုလည်း ခံခဲ့ရသဖြင့် သဲဝါပိုးကောင်များ ထွက်ပေါ်လာသောအခါ အချိန်မီ မတုံ့ပြန်နိုင်လိုက်ချေ။

တိထျန်းမှာ အပြင်းအထန် ဒဏ်ရာရထားသဖြင့် အလွန်နှေးနေသည်။ သူသည် ပြန်ဆုတ်ရန် တွေးလိုက်သော်လည်း အလွန်နောက်ကျသွားပေပြီ။ တစ်စက္ကန့်အတွင်းမှာပင် သူ့တစ်ကိုယ်လုံးကို သဲဝါပိုးကောင်များက လွှမ်းခြုံသွားသည်။ သူသည် အဆိပ်ဝိညာဉ်ကို သတ်ရန်ပင် အချိန်မရလိုက်ဘဲ သဲဝါပိုးကောင်များ၏ ကိုက်ဝါးမှုအောက်တွင် အရိုးကျသွားလေတော့သည်.

“အဆိပ်ဝိညာဉ်...”

ကျန်းရီသည် အရှေ့သို့ အလျင်အမြန် ပြေးသွား၍ အဆိပ်ဝိညာဉ်အား အားဖြည့်ဆေးလုံးအနည်းငယ် တိုက်လိုက်၏။ ထို့ပြင် ကောင်းကင်စွမ်းအားကို အသုံးပြု၍လည်း အဆိပ်ဝိညာဉ်၏ ဒဏ်ရာများကို ကုသပေးလိုက်သည်။ သွေးထွက်မှုကိုလည်း ရပ်တန့်ပေးလိုက်သည်။ အဆိပ်ဝိညာဉ်သည် စကားပြောနိုင်နေဆဲဖြစ်သဖြင့် ကျန်းရီကို ကြည့်၍ ခါးသက်သက် ပြုံးကာ ပြော၏။

“အရှင်ငယ်... ကျွန်တော်က အသုံးမကျပါဘူး။ အခု အရှင်ငယ်က ကျွန်တော့်ကို ပြန်ပြီး စောင့်ရှောက်နေရပြီ။ အပြန်လမ်းကျရင် အရှင်ငယ် သတိထားရပါမယ်”

အဆိပ်ဝိညာဉ်သည် စကားပြောပြီးနောက် သတိလစ်သွား၏။ သူ့တွင် ဒဏ်ရာကုသရန်ပင် အားမကျန်တော့ပေ။ ထို့ကြောင့် အားဖြည့်ဆေးလုံးများက သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေး၍ သူ့ခန္ဓာကိုယ်၏ ပြန်လည်ကုသနိုင်စွမ်း ထွက်လာအောင် လုပ်မည်ကိုသာ စောင့်ရပေတော့မည်။ ကျန်းရီသည် အဆိပ်ဝိညာဉ်ကို စစ်ဆေးပြီးနောက် အဆိပ်ဝိညာဉ်က ဤနေရာတွင် သေတော့မည် မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ သူ၏ ကျိုးကြေသွားသော ခြေလက်များကိုမူ နောက်မှ တစ်ခုခု လုပ်ရပေမည်။

ကျန်းရီသည် အဆိပ်ဝိညာဉ်ကို ဟွင့်သွမ့်ချီပုလဲထဲ ထည့်လိုက်ပြီး သဲဝါပိုးကောင်များကို ထိန်းချုပ်၍ သေလုမြောပါးဖြစ်နေသော ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို သတ်လိုက်သည်။

ပုရွက်ဆိတ်များသည်ပင် အရေအတွက်များလျှင် ဆင်တစ်ကောင်ကို ကိုက်သတ်နိုင်ပေသည်။

သဲဝါပိုးကောင်များက ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများသာ ဖြစ်သော်လည်း ၎င်းတို့ဘက်က အရေအတွက် အလွန်များပြီး ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲမှာ တစ်ကောင်တည်း ဖြစ်သည်။ ထို့ပြင် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲက သေလုမြောပါးလည်း ဖြစ်နေပြီဖြစ်ရာ ခေတ္တမျှသာ ရုန်းကန်နိုင်လိုက်ပြီး အရှင်လတ်လတ် အစားခံလိုက်ရလေသည်။ တစ်ဘက်တွင်လည်း ကျန်းရီက တိထျန်း၏ သိုလှောင်လက်စွပ်များကို သိမ်းပြီးပေပြီ။ ထို့နောက် သူသည် လက်ဝါးချက်အချို့ ရိုက်ထုတ်၍ တိထျန်း၏ အရိုးစုကို ဖျက်ဆီးပစ်လိုက်သည်။ ပြီးမှ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ၏ ကျန်နေသေးသော ခန္ဓာကိုယ်အစိတ်အပိုင်းကို သွားယူလိုက်သည်။ သူသည် ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများကို အရေးမစိုက်သဖြင့် သဲဝါပိုးကောင်များကို ပြန်သိမ်းကာ အနောက်ဘက်သို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။

ကျန်းရီသည် မြောက်ပိုင်းမြစ်မြို့သို့ တိုက်ရိုက်ပျံသန်း မသွားလိုက်ပေ။ သူသည် အနောက်ဘက်သို့ တစ်နေ့နီးပါး သွားပြီးမှ နတ်ဘုရားလှေကို ထုတ်၍ မြောက်ပိုင်းမြစ်မြို့ဆီသို့ ဦးတည်လိုက်သည်။ ယင်းမှာ အလွန်အမြော်အမြင်ကြီးသော ‌ရွေးချယ်မှုပင်။ နေ့တက်အတွင်းမှာပင် တိုက်ပွဲပြင်ကို ချင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက ဝိုင်းထားလိုက်ပြီဖြစ်သည်။ အနည်းဆုံး တိထျန်း အယောက်သုံးဆယ် ရောက်လာခဲ့သည်။ ရာချီသော တိရှအဆင့် သိုင်းသမားများကလည်း နယ်မြေတစ်ခုလုံးကို ပိတ်ဆို့ထားပေသည်။

ကျန်းရီ သတ်ခဲ့သော တိထျန်းက ချင်ယွီဝမ်ထံ အခြေအနေနှင့်ပတ်သတ်၍ သတင်းတစ်ခု ပို့နိုင်ခဲ့သည်။ ချင်ယွီဝမ်က ထိုသတင်းကို ချင်မျိုးနွယ်သို့ တဆင့်ပြန်ပို့လိုက်သည်။ ချင်မျိုးနွယ်သည် ထိုအရေးကို အလွန်အလေးအနက်ထားသဖြင့် စွမ်းအားကြီး သိုင်းသမားများစွာ စေလွှတ်ပေးလိုက်၏။ အဆိပ်ဝိညာဉ်တွင် ကြံရာပါများ ရှိနေမည်ကို သူတို့ စိုးရိမ်ပေသည်။

သို့သော် ချင်မျိုးနွယ်မှ သိုင်းသမားများ တိုက်ပွဲပြင်သို့ ရောက်သောအခါ အဆိပ်ဝိညာဉ်က ပျောက်သွားရုံသာမက သတင်းပို့ခဲ့သော တိထျန်းလည်း သေဆုံးသွားခဲ့သည်။ သူ၏အလောင်းပင် အကောင်းအတိုင်း မကျန်ခဲ့ဘဲ အရိုးအချို့က ဟိုနေရာ၊ ဒီနေရာတွင် တစ်ကွဲတစ်ပြား ဖြစ်နေသည်။ ချင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများသည် အလွန်ဒေါသထွက်သွားကြပြီး ပတ်ဝန်းကျင် ကီလိုမီတာငါးရာ အဝန်းအဝိုင်းအတွင်း၌ အဆိပ်ဝိညာဉ်နှင့် သူ၏ကြံရာပါကို ရှာဖွေကြလေသည်။

ကျန်းရီသတ်ခဲ့သော တိထျန်းသည် အဆိပ်ဝိညာဉ်က အခြားတိထျန်းတစ်ယောက်၏ မိမိကိုယ်ကိုဖောက်ခွဲပစ်မှုကြောင့် အပြင်းအထန် ဒဏ်ရာရထားကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ သို့ဖြစ်ရာ အဆိပ်ဝိညာဉ်ကို တစ်စုံတစ်ယောက်က ကယ်သွားခြင်းသာ ဖြစ်နိုင်သည်။ ဤပတ်ဝန်းကျင်၌ အဆိပ်ဝိညာဉ်၏ ကြံရာပါ ရှိနေခဲ့ခြင်း ဖြစ်မည်။

မြောက်ပိုင်းမြစ်မြို့သည် ယနေ့တွင် အလွန်လှုပ်လှုပ်ခတ်ခတ် ဖြစ်နေ၏။ မြို့နေလူများအားလုံး အတော်လေး ထိတ်လန့်နေကြသည်။ သူတို့သည် သူတို့၏ဘဝတစ်လျှောက်တွင် ထိုမျှများသော စွမ်းအားကြီး သိုင်းသမားများကို မမြင်ခဲ့ဖူးပေ။ နတ်ဘုရားဘုရင်များက တစ်ယောက်ပြီးတစ်ယောက် မြို့ထဲသို့ တည်နေရာပြောင်းရွှေ့လာနေကြသည်။

အနိမ့်ဘုံအချိန် တစ်ရက်အတွင်းမှာပင် သောင်းချီသော ချင်မျိုးနွယ်မှ နတ်ဘုရားဘုရင်များ စုဝေးလိုက်ကြသည်။ မြောက်ပိုင်းမြစ်မြို့မှ နေ၍ မရေမတွက်နိုင်သော နတ်ဘုရားလှေများ ပျံထွက်သွားကြပြီး ဧရာမပိုက်ကွန်ကြီးတစ်ခုကို ဖန်တီးနေကြသည်။ သူတို့သည် မီးချောက်နက်နှင့် ကီလိုမီတာငါးသန်းပတ်လည်အတွင်း၌ အဆိပ်ဝိညာဉ်ကို စနစ်တကျ ရှာဖွေရန် ပြင်ဆင်နေကြခြင်းပင်။

ချင်မျိုးနွယ်က ထိုမျှ အကြီးအကျယ်တုံ့ပြန်လိမ့်မည်ဟု ကျန်းရီ မျှော်လင့်မထားခဲ့ပေ။ သို့သော် သူသည် အမြော်အမြင်ရှိရှိဖြင့် လမ်းကြောင်းပြောင်းခဲ့၍ ယခုတွင် အနောက်ဘက်မှနေ၍ မြောက်ပိုင်းမြစ်မြို့သို့ ဦးတည်နေပြီဖြစ်ပေသည်။

***

All Chapters