← Chapters

ကောင်းကင်နဂါး ဓားသိုင်း

Vol. 23 Ch. 309

ကောင်းကင်နဂါး ဓားသိုင်း

Vol. 23 Ch. 309

“သူမက တကယ်ကြီးကို စိတ်လှည့်စားခြင်း သိုင်းပညာကို လေ့ကျင့်နိုင်ခဲ့တာပဲ”

စုလင်းရဲ့  အမူအရာတွေကလည်း ပြောင်းလဲ သွားခဲ့ပါပြီ။

သိုင်းပညာဆိုတာက  လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို တိုက်ခိုက်ပါတယ်။

စိတ်လှည့်စားမှု အတတ်ပညာကတော့ ဝိညာဉ်ခွန်အားကို အသုံးပြုပြီး တစ်ဖက်ရန်သူရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ ရှုပ်ထွေးသွားအောင် ပြုလုပ်တာပါ။

သည်ပညာရပ် နှစ်ခုကို ပေါင်းစပ်လိုက်တဲ့ အခါမှာ ထွက်လာတဲ့ ရလဒ်က  တစ်နဲ့တစ် ပေါင်း နှစ်ဆိုတဲ့ အဖြေထက် ပိုရှုပ်ထွေးပါတယ်။

စိတ်လှည့်စားခြင်း သိုင်းပညာရပ် တစ်ခုရဲ့ အနိမ့်ဆုံး အဆင့်က ဆန်းကြယ် အဆင့်မြင့် အဆင့် ဖြစ်ပါတယ်။ သည်ပညာရပ်တွေက အင်မတန်မှ ဆန်းကြယ် နက်နဲပြီး လေ့ကျင့်ရတာလည်း အရမ်းကို ခက်ခဲလွန်းပါတယ်။

ပရမတ် သုံးပါး ဘုရားကျောင်းရဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေ ထဲမှာတောင်မှ ၁၀ ရာခိုင်နှုန်းလောက်သာ  ဖြစ်ဖြစ်မြောက်မြောက် လေ့ကျင့်နိုင်တာပါ။

ဒါပေမဲ့ သည်ပညာရပ်ကို အောင်မြင်သွားပြီ  ဆိုရင်တော့  အဲသည် လူရဲ့ အစွမ်းဟာ  ကျင့်ကြံခြင်းနယ်ပယ် အဆင့်တူတွေထက် ခေါင်းတစ်လုံး သာသွားပါပြီ။

“ကောင်းကင်ဘုံ ကကြိုးနဲ့ ဆိုရင်တော့  စီးတုလေ့နဲ့ ချီဟန်တို့က လွဲပြီး   ကျန်တဲ့ သူတွေက ရိုလုရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး”

ပရမတ် သုံးပါး ဘုရားကျောင်းတော်ရဲ့  ခေါင်းဆောင် ဖြစ်သူက မသိမသာလေး ကပ်ကြွား လိုက်ပါတယ်။

သူမရဲ့ စိတ်လှည့်စားခြင်း သိုင်းပညာကို ထုတ်ပြပြီးတဲ့ အခါမှာတော့ ကျင်းရိုလုရဲ့ ရေပန်းစားမှုက လီဖူချန်းကို ကျော်တက် သွားခဲ့ပါပြီ။

လူတိုင်းရဲ့ အမြင်မှာတော့ ကျင်းရိုလုဟာ ကြယ်ဘုရင်တွေနဲ့ တန်းတူအဆင့် တစ်ခုကို ရောက်နေတဲ့ လူငယ်ပါရမီရှင်ပါပဲ။ သူမကို ယှဉ်နိုင်မဲ့ လူတွေက ကြယ်ဘုရင်သုံးပါးက လွဲပြီး အခြားလူ မရှိပါဘူး။

“ကျွတ် ... ကျွတ် ... ကျွတ် ... မဟာပညာရှင်တွေ ပျောက်ဆုံးသွားတဲ့ အချိန်ကစပြီး ကျင်းပလာခဲ့သမျှ ကျားနဂါး ပြိုင်ပွဲတွေမှာ  သည်တစ်ကြိမ် ပြိုင်ပွဲဝင်တွေက  အထူးချွန်ဆုံး ပါပဲလား။  နောက်ဆုံး အဆင့်ရလဒ်ကို ခန့်မှန်းရတာ အရမ်းကို ခက်နေပြီ”

"သည် စိတ်လှည့်စားခြင်း သိုင်းပညာနဲ့ ဆိုရင်  မိုးကြိုးကြယ်ဘုရင် စီးတုလေ့တောင်မှ  သူ့ရဲ့ အဆင့်ကို ထိန်းထားနိုင်မလား ဆိုတာကို မသေချာတော့ဘူး”

“လီဖူချန်းကလည်း အရမ်းကို အစွမ်းထက်တဲ့သူ တစ်ယောက်ပဲ။ ကြယ်ဘုရင် သုံးပါးနဲ့ ကျင်းရိုလုက လွဲပြီး  ဘယ်သူမှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

လူတွေအားလုံးကတော့ စိတ်လှုပ်ရှားစွာဖြင့် သူတို့ရဲ့ အမြင်တွေကို ဆွေးနွေးဖလှယ် နေကြပါတယ်။

ပွဲစဉ် ၄၃၂၀ ကို အရောက်မှာလည်း လီဖူချန်း တစ်ယောက် အနိုင်ရနေဆဲပါပဲ။

အခုဆိုရင် လီဖူချန်းက ပွဲ၈၀ ဆက်တိုက်ကို အနိုင်ရခဲ့ပါပြီ။

သူ့ရဲ့ ခြေထောက်အောက်က ကောင်းကင်ငှက် တိုက်ပွဲဝင် ချီစွမ်းအင် တွေကလည်း  စပါးအုံးမြွေကြီး တစ်ကောင်ကနေ  ရေနဂါး တစ်ကောင်အဖြစ် အသွင်ပြောင်း လာခဲ့ပါတယ်။

ဦးချို တစ်ခု ထွက်လာခဲ့သလို အစွယ်တွေ၊ လက်သည်းတွေလည်း ထွက်လာခဲ့ပါပြီ။ ရေနဂါးကြီးရဲ့ ခန္ဓာကိုယ်ကလည်း သတ္တုအကြေးခွံတွေကြောင့် အရောင် တလက်လက် တောက်ပနေပါတယ်။

လီဖူချန်းလို ပွဲ ၈၀ ဆက်တိုက် အနိုင်ရသူတွေကတော့  ကြယ်ဘုရင်သုံးပါး၊ ကျင်းရိုလုနဲ့ ချုးယီတို့ပါပဲ။

သူတို့တွေရဲ့ ခြေထောက်အောက်က  ကောင်းကင်ငှက် တိုက်ပွဲဝင်ချီတွေကလည်း  ရေနဂါးအသွင် ပြောင်းနေကြပါပြီ။

ပွဲစဉ် ၄၅၀၀ ကို အရောက်မှာ ထိပ်တိုက် တွေ့သူတွေ ကတော့ ချူးယီနဲ့ တန်ကျင်းယွန်တို့ပါပဲ။

စင်ပေါ်မှာတော့  ရွှေရောင် သရဖူ တစ်ခုကို ဆောင်းထားတဲ့ ချူးယီဟာ     တည်ကြည် ခန့်ညားစွာဖြင့် ရပ်နေပါတယ်။ သူ့ရဲ့ ဘယ်ဘက်ခါးပေါ်မှာတော့ ဓားတစ်လက် ချိတ်ဆွဲထားသလို ညာဘက်ခါးပေါ်မှာတော့ ပုလွေတစ်ချောင်းကို ချိတ်ဆွဲထားပါတယ်။

ပြုံးယောင်ယောင် မျက်နှာထားဖြင့် ချူးယီက သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေပုံပါပဲ။ သူက တန်ကျင်းယွန်ကို  သေသေချာချာ ကြည့်လိုက်ပြီး …

“လူတွေအားလုံးက ငါဟာ လီဖူချန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ယုံကြည် နေကြတယ်။ သူတို့ထင်တာက ငါ့ရဲ့ စွမ်းရည်ဟာ အလွန်ဆုံးရှိမှ မင်းလောက် နီးပါးပဲတဲ့”

တန်ကျင်းယွန်က ချူးယီ ဘာကို ဆိုလိုချင်မှန်း မသိတဲ့အတွက် မျက်မှောင်ကြုတ်ပြီးသာ နေနေပါတယ်။

“ငါချူးယီက အခြားသူတွေအတွက် ခြေနင်းတုံး မဟုတ်ဘူးကွ။ အဲသည်အရာကို သက်သေပြဖို့အတွက်  မင်းကို အနိုင်ယူတာနဲ့ စမယ်”

ချွမ် ...

ချူးယီက သူ့ရဲ့ ဓားရှည်ကြီးကို ဆွဲထုတ်လိုက်ပါပြီ။ သူ့ရဲ့ ရွှေရောင်ဓားရှည်ကြီးက နေရောင်ခြည်ကို အလင်းပြန်ပြီး တဖိတ်ဖိတ် တောက်ပနေပါတယ်။

“ကောင်းကင်နဂါး ဓားသိုင်း ... ။ ကောင်းကင်နဂါးရဲ့  အလိုဆန္ဒ”

ရွှီး ...

ချူးယီရဲ့ လက်ထဲက ဓားဟာ  အသက်ဝင်လာသည့် အလား  တဆတ်ဆတ် တုန်ခါလာခဲ့ပါပြီ။ ထို့နောက်မှာတော့  မျက်စိကျိန်းလောက်အောင် တောက်ပတဲ့ ရွှေအလင်းတန်းကြီး တစ်ခု။

ထိုရွှေအလင်းတန်းကြီး ရွှေရောင် နဂါးတစ်ကောင် အသွင်ဖြင့် တန်ကျင်းယွန်ဆီကို လူးလွန့်ကာ တိုးဝင် သွားခဲ့ပါတယ်။

ဓားတစ်လက် ...

မိုးအောက်မြေပြင် တစ်ခုလုံးကိုတော့ သည်ဓားတစ်လက်ကသာ ချုပ်ကိုင်ထားသည့်ပုံပင်။

သည်ဓားက  အရာအားလုံးကို နိုင်ထက်စီးနင်း ဖိနှိပ်ထားပါတယ်။

သည်ဓားကို ရင်ဆိုင်မိတဲ့ လူတိုင်းဟာ  အလိုအလျောက် အရှုံးပေးချက် စိတ်တွေတောင် ဖြစ်ပေါ်လာတဲ့ အထိပါပဲ။

“ဘာ ... ဘာကြီးလဲ ... ။ ဒါက ကောင်းကင်နဂါး ဓားသိုင်း ဆိုတာလား ...”

ကျောက်တုံးမဏ္ဍိုင်တွေပေါ်မှာ ရှိတဲ့ လူငယ်တိုင်းဟာ ချူးယီရဲ့ ရွှေရောင်ဓားရှည်က  ထွက်ပေါ်လာတဲ့ ဖိနှိပ်မှုတွေကြောင့် မသက်မသာ ခံစားနေရပါပြီ။

ကောင်းကင်နဂါး ဓားသိုင်း ... ။

သည်ဓားသိုင်းက တန်ကျင်းယွန်ရဲ့ ခရမ်းရောင် နတ်ဘုရားအပ် သိုင်းပညာလို ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်း ဖြစ်ပါတယ်။

အဲသည်ထက် ပိုဆိုးတာက သည်ဓားသိုင်းဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာရပ်တွေထဲက အစွမ်းအထက်ဆုံး ပညာရပ်တစ်ခု ဖြစ်နေတာပါပဲ။

ပြီးတော့ သည်ဓားသိုင်းက ကောင်းကင်နဂါး ဓားဂိုဏ်းရဲ့ လျှို့ဝှက်ထားတဲ့ ဓားသိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ သာမန် ရွှေအဆင့် တိုက်ရိုက်တပည့် တွေတောင်မှ ကောင်းကင်နဂါး ဓားသိုင်းကို လေ့ကျင့်ခွင့် မရှိပါဘူး။ ချူးယီလို မျိုးဆက် တစ်ခုလုံးမှာ အတော်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ပါရမီရှင်သာလျှင်  ချွင်းချက်အနေနဲ့  လေ့ကျင့်ခွင့် ရှိတာပါ။

ချူးယီက  လက်ရှိ ကောင်းကင်နဂါးဓား ဂိုဏ်းချုပ်ရဲ့ သားဖြစ်တဲ့အပြင် နောင်လာမဲ့ ဂိုဏ်းချုပ်အဖြစ် ရွေးချယ် သတ်မှတ်ထားခြင်း ခံထားရတဲ့ လူငယ်တွေထဲက တစ်ယောက် ဖြစ်တဲ့အတွက် ကောင်းကင်နဂါး ဓားသိုင်းကို လေ့ကျင့်ခွင့် ရတယ် ဆိုရင်လည်း မမှားပါဘူး။

ကောင်းကင်နဂါးဓား ဂိုဏ်းချုပ်ကြီးကတော့  ယုံကြည်မှု အပြည့်ရှိတဲ့ မျက်လုံးတွေဖြင့် ချူးယီကို စိုက်ကြည့်နေပါတယ်။

ချူးယီက သာမန် ပါရမီရှင်တစ်ယောက် မဟုတ်ပါဘူး။ သူက မျိုးဆက် တစ်ခုလုံးမှာ တစ်ယောက်သာ ပေါ်လာနိုင်တဲ့ ဓားပါရမီရှင် ဖြစ်ပါတယ်။ သည်လို ဓားပါရမီရှင်တွေ လူတစ်သန်းမှာ တစ်ယောက်သာ ပေါ်လာတတ်တာပါ။ ချူးယီက အခုမှ ပြီးပြည့်စုံခြင်း အဆင့်မှာသာ ရှိနေသေးပေမဲ့  နောက်ထပ် နှစ်အနည်းငယ်လောက် ဆိုရင် ကောင်းကင်နဂါး ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခတ် အဆင့်အထိ  ရောက်သွားနိုင်ပါတယ်။

“ဆန်းကြယ် အထွတ်အထိပ်အဆင့် ဓားသိုင်းလား …”

ချူးယီဟာ လီဖူချန်း တွေ့ဖူးသမျှ ပါရမီရှင်တွေထဲမှာ ပင်ကိုပါရမီ အကောင်းဆုံး လူတစ်ယောက်လို့ ဝန်ခံ ရမှာပါပဲ။

“ကောင်းကင်နဂါးဓားသိုင်း”

တန်ကျင်းယွန်က မျက်နှာ ပျက်နေပါတယ်။

သူ့ရဲ့ ခရမ်းရောင် နတ်ဘုရားအပ် သိုင်းပညာက သာမန် ဆန်းကြယ် အထွတ်အထိပ်အဆင့် ပညာရပ် တစ်ခုပါပဲ။

ဒါပေမဲ့ ကောင်းကင်နဂါး ဓားသိုင်း ... ။

သည်ဓားသိုင်း ဆန်းကြယ် အထွတ်အထိပ် အဆင့် သိုင်းပညာတွေ ထဲမှာတောင် ထိပ်တန်းအဆင့်မှာ ရပ်တည်နေတာ မဟုတ်ပါလား ... ။

ရွှေရောင်နဂါးကြီးက  လေဟာနယ်ကို ဖြတ်သန်းပြီး တန်းကျင်းယွန် ဆီကို ဦးတည် လာနေပါပြီ။ သည်ရွှေရောင် နဂါးကြီးနဲ့အတူ ကြောက်စရာ ကောင်းလောင်အောင် ထက်ရှတဲ့ ဓားချီတွေလည်း ပါလာပါသေးတယ်။

တန်ကျင်းယွန် အနေနဲ့ ခရမ်းရောင် နတ်ဘုရားအပ် သိုင်းပညာကို ထုတ်သုံးမှသာ ရတော့မှာပါ။

“ခရမ်းရောင် ချီစွမ်းအင်တွေ လာစမ်း”

တန်ကျင်းယွန်ရဲ့ ဝါးစိမ်းတုတ်ကိုတော့ ခရမ်းရောင် ချီစွမ်းအင် အလွှာတစ်ခုက လွှမ်းခြုံ သွားခဲ့ပါပြီ။

ထို့နောက်မှာတော့ တန်ကျင်းယွန်က အစွမ်းကုန် ထုတ်သုံးပြီး ရွှေရောင် နဂါးကြီးကို တိုက်ခိုက်လိုက် ပါတော့တယ်။

“ဖျက်ဆီး”

ဝါးစိမ်းတုတ်ကြီးကနေ ခရမ်းရောင် အလင်းတန်းတွေ ထွက်ပေါ်လာပြီး   အပ်တစ်စင်း အသွင် ပြောင်းသွားကာ ရွှေရောင်နဂါးကြီး ထံကို ပြေးထွက်သွားခဲ့ပါပြီ။

ဝုန်း …

ရွှေရောင် အလင်းတန်းတွေနဲ့ ခရမ်းရောင် အလင်းတန်းတွေရဲ့ ထိပ်တိုက် တွေ့ဆုံမှုကြောင့်  သိုင်းစင်မြင့်ကြီး တစ်ခုလုံးဟာ တုန်ခါသွားခဲ့ပါတယ်။

ထို့နောက်မှာတော့  တွန့်လိမ်နေတဲ့ ရွှေရောင်နဂါးကြီးဟာ  ခရမ်းရောက် အပ်ကို ကျော်ဖြတ်ပြီး တန်ကျင်းယွန်ကို  တိုက်ခိုက်လိုက် ပါတော့တယ်။

ဘန်း …

တန်ကျင်းယွန်က ထိုရွှေရောင်နဂါးကြီးကို ဝါးစိမ်းတုတ်ဖြင့် အားကုန်သုံးပြီး ရိုက်ချလိုက် ရပါတယ်။

ရွေရောင်နဂါးကြီး  ပျက်စီးသွားတဲ့ အခါမှာတော့ တန်ကျင်းယွန်ဟာ ချွေးသံ တရဲွှရွှဲ ဖြစ်နေခဲ့ပါပြီ။

“ကောင်ကင်နဂါး ဟိန်းသံ”

ရွှီး ...

ချူးယီက တုံ့ဆိုင်းမနေဘဲ နောက်ထပ် ဓားကွက် တစ်ကွက်ကို ထုတ်ခိုက်ပါသေးတယ်။

ရွှေရောင်နဂါးကြီး တစ်ကောင်ကတော့   လေဟာနယ်ကို ဖြတ်သန်းပြီး  တန်ကျင်းယွန်ဆီကို ပြေးဝင်လာခဲ့ပြန်ပါပြီ။

ပထမ ဓားကွက်ကိုတောင် အားကုန် ခုခံထားရတဲ့ တန်ကျင်းယွန်ဟာ သည်ဓားကွက်ကိုတော့ ဘယ်လိုမှ မခုခံ နိုင်ခဲ့ပါဘူး။ ရွှေရောင် နဂါးကြီးက တန်ကျင်းယွန်ရဲ့ ချီအကာအကွယ်ကို ဖျက်ဆီးလိုက်သလို သူ့ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း  စုတ်ပြတ်သတ်သွား စေခဲ့ပါပြီ။

တန်ကျင်းယွန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို  ဓားဒဏ်ရာတွေ ပြည့်နှက် သွားစေသလို  သွေးစိမ်းရှင်ရှင် ပန်းထွက်စေခဲ့တဲ့  ချူးယီရဲ့ သည်ဓားကွက်ဟာ အလွန်ကြောက်ဖို့ ကောင်းတယ်လို့ သတ်မှတ်ရမှာပါပဲ။

နတ်စမ်းရေ သခင်လေး တန်ကျင်းယွန်ကတော့ ချူးယီကို ဓားကွက် ၂ ကွက်နဲ့တင် ရှုံးနိမ့်သွားခဲ့ပါပြီ။

ချူးယီက သူ့ရဲ့ ဓားသိုင်းစွမ်းရည်နဲ့  လူတိုင်းကို အံ့သြမှင်တက် စေခဲ့ပါတယ်။

“ငါတို့အားလုံးက ချူးယီကို အထင်သေးမိ ပြန်ပြီဟေ့  ... ။ သူ့ရဲ့ အရည်အချင်းကလည်း ကြယ်ဘုရင် အတန်းအစားထဲကပဲ။ ဒါပေမဲ့ သူက ကျင်းရိုလုနဲ့ မတူဘူးကွ။ ချူးယီက တကယ့် အစစ်အမှန် စွမ်းရည်နဲ့ တန်ကျင်းယွန်ကို အနိုင်ယူသွားတာ”

“ပြိုင်ပွဲအခြေအနေ ကတော့ ပိုပိုပြီး ခန့်မှန်းရ ခက်လာပြီ။ နောက်ထပ် ပညာလျိုထားတဲ့သူ ဘယ်နှယောက် ရှိနေဦးမှာလဲ …”

လူငယ်တွေဟာ ပြိုင်ပွဲရဲ့ နောက်ဆုံးရလဒ်ကို မခန့်မှန်း နိုင်တော့ပါဘူး။  ဒါပေမဲ့ သူတို့ဟာ အခုလို အစွမ်းထက်တဲ့ ပြိုင်ပွဲဝင်တွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတာကို သဘောကျပါတယ်။ သူတို့ဟာ သည်လက်ရွေးစင် ပါရမီရှင်တွေကို မယှဉ်နိုင်တော့ပါဘူး။ အဲသည်တော့ လက်ရွေးစင် ပါရမီရှင်တွေကြားက တိုက်ပွဲတွေဟာ သူတို့ အတွက် သင်ယူစရာတွေ အများကြီးကို ရစေခဲ့တာပါပဲ။

တန်ကျင်းယွန်ကို အနိုင်ယူပြီး နောက်မှာတော့ ချူးယီဟာ နောက်ထပ် တိုက်ပွဲ တစ်ပွဲကို အနိုင်ရလိုက် ပါသေးတယ်။ သူ့ရဲ့ ဆက်တိုက် နိုင်ပွဲက ၈၂ ပွဲ ရှိသွားပါပြီ။

ချူးယီရဲ့ ၈၃ ပွဲမြောက် တိုက်ပွဲမှာ ကြုံတွေ့ရတဲ့ ပြိုင်ဘက်ကတော့ တကယ့်ကို အင်အားကြီး ပြိုင်ဘက်တစ်ယောက်လို့ ဆိုရမှာပါ။

ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံ  ... ။

ဟုတ်ပါတယ်။ ချူးယီရဲ့ သည်တစ်ခေါက် ပြိုင်ဘက်ကတော့ ကျင်ရုတုံပါပဲ။

ချူးယီက ကြယ်ဘုရင် တစ်ပါးနဲ့ အခုလို လျင်မြန်စွာ တွေ့လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပါဘူး။

ရွှေကျာပွတ် ကြယ်ဘုရင် ကျင်ရုတုံကတော့ အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေပါတယ်။ သည်တစ်ခေါက် ပြိုင်ပွဲက  မမျှော်လင့်ထားတာတွေ အများကြီး ဖြစ်ပျက်ခဲ့တာပါပဲ။ ပထမဆုံး ဖျက်မြင်းတွေရဲ့ ဘုရင် လီဖူချန်း ပေါ်လာတယ်။ ပြီးတော့ လက်ရွေးစင် ပါရမီရှင်တွေထဲက ကျင်းရိုလုနဲ့ ချူးယီတို့ကလည်း သူတို့ဟာ ခေသူတွေ မဟုတ်ဘူး ဆိုတာကို သက်သေပြပြီး သွားပါပြီ။

ကျင်ရုတုံက လီဖူချန်းကို  အနိုင်ယူဖို့ အပြည့်အဝ ယုံကြည်မှု ရှိပေမဲ့လည်း ကျင်းရိုလုနဲ့ ချူးယီကို အနိုင်ယူနိုင်မလား ဆိုတာကိုတော့ မသေချာပါဘူး။

“ကျင်ရုတုံ ... မင်းအရင် စလိုက်  ...”

ချူးယီကတော့ စင်မြင့်ပေါ်မှာ  ခပ်အေးအေး ရှိနေပါတယ်။ သူ့ရဲ့  ယုံကြည်မှုကတော့  ၂၀၀ ရာခိုင်နှုန်းလောက်ကို ရှိနေတဲ့ ပုံပါပဲ။ သူက ကြယ်ဘုရင် တစ်ပါးနဲ့ ယှဉ်ဆိုင် နေရတာတောင်မှ  သာမန် ပါရမီရှင် တစ်ယောက်နဲ့  ယှဉ်ဆိုင်နေရတဲ့ အလား  တစ်ဖက်လူကို အရင် စခိုင်း လိုက်ပါသေးတယ်။

***

All Chapters