← Chapters

သူတို့နှစ်ယောက်တကယ်ရူးတော့့မည်

Vol. 5 Ch. 73

သူတို့နှစ်ယောက်တကယ်ရူးတော့့မည်

Vol. 5 Ch. 73

ရှင်းပြပြီးနောက် လူတိုင်းက တစ်ဝက်လောက် ယုံကြည်သွားတာကြောင့် ရှောင်ယွမ်ရှစ်က ဆက်မရှင်းပြတော့ပေ။

ရှင်းပြလေလေ လေကြောမပြတ်လေဖြစ်သည်။

ထို့ကြောင့် သူက အိမ်မှာ အဝတ်အစားနှင့် စားစရာတွေ ပြင်ထားပြီဖြစ်ကြောင်းပြောပြီး သူ့မိဘတွေကို အရင် အဝတ်အစား လဲစေချင်ပြီး အစာ စားစေချင်လိုကြောင်း ပြောခဲ့သည်။

အကယ်၍ ဒီလူတွေသာ ဆက်မေးနေရင် သူ မနက်ဖြန်ကျရင် သူ့နာမည်ဂုဏ်သတင်း တကယ်ပျက်စီးသွားမှာ စိုးရိမ်ရသည်။

သူများတွေ သူ့ကိုလှောင်ပြောင်မှာကို သူ ပိုကြောက်သည်။

သူက လယ်သမားမိသားစုက သားဖြစ်နေတာကို မုန်းတီးတာကြောင့် သူ့မိသားစုနောက်ခံကို သူများတွေကို မပေးသိစေချင်ပေ။

အရင်တုန်းက အခြေအနေတွက ထိန်းချုပ်လို့ ရခဲ့ပေမယ့် အခုမှ ရှောင်မိသားစုဟောင်းအိမ်က လူတွေက ဘာလို့ အဲလောက်ရဲတင်းလာတာလဲ။

လူအုပ်ကြီးကြားကနေ ခေါ်ထုတ်လာပြီးမှပဲ ရှောင်ယွမ်ရှစ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူက မျက်လုံးကို ပိုမှေးကျဥ်းလိုက်သည်။ စောနက သူ့အမေရဲ့ ပုံစံက မူမမှန်ပေ။

အရင်ကဆိုရင် သူ့အမေက သူ့အပေါ် တိုက်ရိုက်ပေါက်ကွဲကာ ဒေါသထွက်နေကြ ဖြစ်သည်။ အခုကျမှ ဘာလို့ ပုံစံတွေ ပြောင်းလဲသွားတာလဲ။

ဒီကိစ္စကို သေချာစုံစမ်းရမယ်။

ဗိုလ်ချုပ်စံအိမ်ကိုရောက်တော့ ဘေးပတ်ပတ်လည်ကိုကြည့်ပြီး သူတို့အမူအရာက ပိုအကျည်းတန်သွားခဲ့သည်။

ဗိုလ်ချုပ်စံအိမ်က ကြီးမားရုံသာမက အစေခံတွေ အများကြီးလည်း ရှိသည်။

အစေခံတွေ ဝတ်ဆင်ထားသည့် အဝတ်အစားတွေကလည်း သူတို့ရွာမှာတုန်းက ဝတ်သည့် အဝတ်အစားတွေထက် ပိုကောင်းသည်။

ဒါတွေက ရှစ်ချင်းလျို့ ပြောခဲ့သည့်အတိုင်း ကွက်တိ ဖြစ်သည်။

ဟိုမိန်းမက သူတို့ကို ချည်ထည်တွေပဲ စီစဥ်ပေးခဲ့ပေမယ့် သူတို့ကတော့ ထိုအထည်တွေကို ရတနာလို မှတ်ယူခဲ့သည်။

ဒီကောင်မစုတ်က ငါတို့ကို အရူးလုပ်ခဲ့တာပဲ။

ရှောင်သခင်မကြီးရဲ့ မျက်နှာက မသာမယာဖြစ်နေသည်။

သူမကို ခိုးကြည့်နေသည့် အစေခံတွေရှေ့မှာပဲ သူမက ရှောင်ယွမ်ရှစ်ကို ကြည့်ကာ ပြောခဲ့သည်။ "နင့်မိန်းမက တော်တော် မယဥ်ကျေးတာပဲ၊ ယောက္ခမတွေ ရောက်လာတာကိုတောင် ထွက်မကြိုဘူး၊ ဗိုလ်ချုပ်ကြီးရဲ့ ဇနီးက တော်တော်စီးပိုးတာပဲ။"

သူမက ထေ့ငေါ့ပြောရုံသာမက သူမရင်ထဲမှာလည်း ခံရခက်နေသည်။

ရှစ်ချင်းလျို့ ပြောသည့်အတိုင်း သူမက မိခင် ဖြစ်သည်။ ဆွေမျိုး မဖြတ်တောက်ထားပါက သူမကသာ ဗိုလ်ချုပ်ကြီးအိမ်ရဲ့ တာဝန်ခံ ဖြစ်သင့်သည်။

သူမက မိသားစုခေါင်းဆောင် ဖြစ်သင့်ပေမယ့် အခုတော့ အရှက်မရှိသည့် တိရိစ္ဆာန်မရဲ့ ယူဆောင်ထားခြင်းကို ခံနေရ၏။

သူမက မကျေမနပ်နှင့် မပျော်မရွှင် ဖြစ်နေခဲ့သည်။

ရှောင်ယွမ်ရှစ်က ပြုံးပြီး ပြန်ဖြေခဲ့သည်။ "အဖေနဲ့ အမေ ရောက်လာတာကို ချွန်းရု မသိပါဘူး ဒါကြောင့် သူထွက်မကြိုတာပါ၊ အဖေနဲ့ အမေ သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"

ဘုရင်ကြီးက သားသမီးဝတ္တရား ကျေပွန်မှုဖြင့် အုပ်ချုပ်ဖို့ ရည်ရွယ်ထားသည်။

သူ့မိဘတွေရှေ့မှာ မဖွယ်မရာ မပြောရဲသလို ကလန်ကဆန် မလုပ်ရဲပေ။

ဒီလင်မယားက ဒုတိယသားဖြစ်သည့် သူ့ကို ဘက်လိုက်ပြီး မသိကျိုးကျွံပြုခဲ့သော်လည်း နှိပ်စက်ခြင်းမျိုးတော့ မလုပ်ခဲ့ပေ။

သူတို့သာ လူလွှတ်ပြီး စုံစမ်းခိုင်းလို့ တစ်ခုခု ရှာတွေ့သွားပါက မကောင်းပေ။

ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "ငါ့ကို အရူးမှတ်နေလား၊ ဒီမှာ အစေခံတွေ ဒီလောက်များတာ၊ သူ့ကို စောစောကတည်းက တင်ပြပြီးနေလောက်ပြီမဟုတ်လား၊ သူက ငါတို့ကို သူ့သဘောထားကို ပြသဖို့ လုပ်နေတာ၊ သူက ယောက္ခမ ဖြစ်တဲ့ ငါ့ကို သူ့စိတ်ကြိုက်လုပ်ဖို့ ကြိုးစားနေတာလေ ထွီး။"

ဗိုလ်ချုပ်စံအိမ်ကို ဝင်ပြီးသည်နှင့် ရှောင်ယွမ်ရှစ်ကို သူမ ပိုစိတ်တိုလာခဲ့သည်။

သူမက ကြာပန်းဖြူလေးလို ဟန်မဆောင်တော့ပေ။

ဒါဟာလည်း ရှစ်ချင်းလျို့ သင်ပေးခဲ့သည့် အရာ ဖြစ်သည်။

လူရှေ့သူရှေ့မှာ ဒေါသမထွက်ပြရဘူးဟု မှာထားတာကြောင့် ချစ်ခင်ရသည့် သားငယ်လေးသဖွယ် ဆက်ဆံခဲ့တာ ဖြစ်သည်။

အိမ်မှာတော့ သူ့ရဲ့ မိဘတွေအနေနှင့် ဘယ်သူက ဘာလဲဆိုတာ ပြရမည်။

မဟုတ်ပါက ဒီကျေးဇူးမသိတတ်သည့် သတ္တဝါနှစ်ကောင်ရဲ့ ထိန်းချုပ်မှုကို ခံရနိုင်သည်။

အိမ်နှင့် မြေကို ရောင်းချလိုက်တာက သူတို့က ခြေဗလာဖြစ်နေပြီမလို့ ဖိနပ်မစီးရမှာကို မကြောက်တော့ဘူးဟု ဆိုလိုတာ ဖြစ်သည်။

အခု ဘယ်သူက ပိုရက်စက်လဲဆိုတာ အားပြိုင်နေခြင်း ဖြစ်သည်။

သူ့အမေက တကယ် ဉာဏ်ကောင်းလာတာလား ဒါမှမဟုတ် သူများ သင်ပေးလိုက်တာလားဟု ရှောင်ယွမ်ရှစ်က သူ့ဘာသာသူ တွေးနေခဲ့သည်။

သူက အမျိုးသမီးဝူနှင့် အမျိုးသမီးဝမ်ကို ခဏလောက် ဝေ့ကြည့်ပြီး အမျိုးသမီးဝူကို သေချာကြည့်လိုက်သည်။

သူ့ရဲ့ တတိယခယ်မက ကလိမ်ကကျစ်အကျဆုံးဖြစ်တာကြောင့် သူမ သင်ပေးတာပဲ ဖြစ်ရမည်။

သို့ပေမယ့်လည်း အပြင်လူ သင်ပေးတာလည်း ဖြစ်နိုင်ပြီး ထိုစကားတွေက တောသူတစ်ယောက် တွေးတောနိုင်သည့် စကားတွေ မဟုတ်ပေ။

သူ လုံးဝ စိတ်ရှုပ်ထွေးနေခဲ့သည်။

သူက ပြောလိုက်သည်။ "အမေ အထင်လွဲနေတာပါ၊ ချွန်းရုက အဲလို လူစားမျိုး မဟုတ်ပါဘူး။"

ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "နင်က မိန်းမရသွားပြီးမှ အမေကို မေ့သွားတဲ့ ကျေးဇူးမသိတတ်တဲ့သား ဖြစ်လာတာလား၊ ငါတို့နဲ့ တွေ့တော့လည်း လမ်းတစ်လျှောက်လုံး ငါတို့ ဘယ်လောက် ဒုက္ခခံခဲ့ရလဲလို့ တစ်စက်လေးမှ မမေးမြန်းခဲ့ဘူး၊ အဲအစား နင့်မိန်းမအစား ပြန်ချေပဖို့ ဆင်ခြေရှာဖို့ပဲ တွေးနေတာလား။"

သူမက မကျေမနပ်ကြည့်ကာ ဆက်ပြောခဲ့သည်။ "ဒုတိယသားဖြစ်တဲ့ နင့်ကိုတော့ ငါ အော့နှလုံးနာတယ်။"

မိန်းမယုတ် ရှစ်ချင်းလျို့ ပြောသည့် စကားက ထပ်မှန်ခဲ့သည်။ ကောချွန်းရုက သူတို့ ရောက်ရောက်ချင်းကို အာဏာပြချင်နေတာ ဖြစ်သည်။

ကံကောင်းချင်တော့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မိန်းမယုတ် ရှစ်ချင်းလျို့က သူမကို သင်ထားပေးခဲ့သည်။

သူမက ဒုတိယချွေးမအသစ်ကို ရင်ထဲက အသံတိတ် ထပ်ဆဲလိုက်သည်။

သူမက မြေခွေးမ သူမရဲ့ သားကို ညှို့ယူပြီး ပြုစားထားတာ ဖြစ်နိုင်သည်။

ဒါကိုတော့ လက်မခံနိုင်ပေ။

တခြားလူတွေကလည်း ရှောင်ယွမ်ရှစ်ကို ရှုတ်ချခဲ့သည်။

ရှောင်ယွမ်ရှစ်က ဆွံ့အသွားခဲ့သည်။

တစ်ခုခုတော့ မှားနေပြီ။ သူတို့ပုံစံတွေက ထူးဆန်းနေတယ်။

ထိုအချိန်မှာပဲ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်ဆင်ထားသည့် ကြော့ရှင်းနေသည့် ကောချွန်းရု ရောက်ရှိလာခဲ့သည်။

အစေခံလေးတစ်ယောက်က ရှောင်မိသားစုအိမ်က လူတွေ ရောက်နေကြောင်း သူမကို တင်ပြခဲ့သည်။

သူမက မကျေမနပ် ဖြစ်နေပေမယ့် အပြုံးဖြင့် နှုတ်ဆက်ကာ မေးခဲ့သည်။ "အဖေနဲ့ အမေ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။"

ရှောင်သခင်မကြီးက သူမရဲ့ တန်ဖိုးကြီးအဝတ်အစား၊ ဆံပင်ထက်က ရွှေဆံထိုးနှင့် လက်က လက်ကောက်တွေကို ကြည့်လိုက်သည်။

ဒါတွေ အကုန်လုံးက တန်ဖိုးကြီး ပစ္စည်းတွေမှန်း သိသာနေတာကြောင့် သူမ အလွန် ဒေါသထွက်သွားခဲ့သည်။

သူမအတွက် ဘာမှ မဝယ်ပေးခဲ့သည့် သူမရဲ့ ဒုတိယသားက တကယ့် သားရဲတိရိစ္ဆာန် ဖြစ်သည်။

သူမက ကောချွန်းရုကို ဟန်ဆောင်ပြုံးပြခဲ့သည်။ "ဘာလို့လဲ၊ ငါတို့က ဗိုလ်ချုပ်စံအိမ်ကို လာလို့ မရဘူးလား၊ အခု အပြင်ထွက်ပြီး လူတိုင်းကို သွားမေးကြည့်ရမယ်၊ ငါက ငါ့သားဆီ လာလည်တာကို ဘာလို့ ငါ့ချွေးမက မကြိုဆိုတာလဲလို့လေ။"

ကောချွန်းရုက ထိတ်လန့်သွားခဲ့သည်။ ရှောင်သခင်မကြီး ထိုသို့ပြောလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။

သူမ ရွာကို သွားတိုင်း ထိုလူတွေက သူမကို အမြဲ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သည်။

ဘာဖြစ်လို့ အခုမှ ပြောင်းလဲသွားတာလဲ။

သူမက ချက်ချင်း ပြောလိုက်သည်။ "အဲလိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး၊ အဖေနဲ့ အမေက စာမပို့ထားဘဲ မြို့တော်ကို ရောက်လာလို့ သိချင်လို့ မေးမိတာပါ၊ အမေတို့ စာကြိုပို့ခဲ့ရင် လူလွှတ်ပြီး ကြိုခိုင်းလိုက်မှာပေါ့။"

ရှောင်သခင်မကြီးသာ စောနကစကားတွေ အပြင်မှာသွားပြောခဲ့ပါက သူမ ကြိုးစားတည်ဆောက်ထားသည့် ဂုဏ်သိက္ခာတွေ ပျက်စီးသွားပေလိမ့်မည်။

ထိုသို့တော့ အဖြစ်မခံနိုင်ပေ။

သူတို့ကို မနှစ်မြို့ပေမယ့် သူမ မဖော်ပြခဲ့ပေ။

မဟုတ်ပါက ရှောင်သခင်မကြီးက အပြင်ထွက်ပြီး သူမက သားသမီးဝတ္တရား မကျေပွန်သည့်လူဖြစ်ကြောင်း ပြောလိုက်ပါက ဒုက္ခရောက်ရပေလိမ့်မည်။

ရှောင်သခင်မကြီးက သူမအကြောင်းကို သွားပုပ်လေလွင့် ပြောထားပြီး ဖြစ်ကြောင်း သူမ မသိသေးပေ။

မဟုတ်ပါက သူမ သေချာပေါက် ဒေါသထွက်လိမ့်မည်။

ရှောင်သခင်မကြီးက ခနဲ့ခဲ့သည်။ "နင့်ကို ဒုက္ခမပေးရဲပါဘူး။"

သူမက စိတ်ထဲရှိသည့်အတိုင်း ခနဲ့ခဲ့လေသည်။ "နင်ရှိနေမှတော့ ငါ့သားက လူလွှတ်ပြီး ငါတို့ကို လာကြိုခိုင်းရဲပါ့မလား။"

ရှစ်ချင်းလျို့ပြောတာ မှန်သည်။ သူမက ဗိုလ်ချုပ်စံအိမ်ကို ဒီတိရိစ္ဆာန်မနှင့် အာဏာလုဖို့ လာတိုက်ခိုက်တာဖြစ်ပြီး သူတို့က ရန်သူတွေ ဖြစ်သည်။

ထို့ကြောင့် သူမကို ယဥ်ကျေးနေစရာ မလိုဘဲ ခယနေစရာလည်း မလိုပေ။

သူမက ယောက္ခမဖြစ်တာကြောင့် ရာထူးအဆင့်အတန်းအရ သူမက သာလွန်သည်။

ထို့ကြောင့် ထိုတိရိစ္ဆာန်မကို ဗိုလ်ချုပ်စံအိမ်ရဲ့ အစေခံတွေရှေ့မှာ ဖိနှိပ်ရမည်။

ဒါ့အပြင် သူမက ခရီးတစ်လျှောက်လုံး ဒုက္ခတွေများခဲ့တာကြောင့် ဒေါသဖြေစရာနေရာရှိမနေပေ။

အခုအချိန်က ဒေါသထွက်ဖို့အတွက် အချိန်ကိုက် ဖြစ်နေသည်။

သူမက သူ့မ သားကို နည်းနည်း ကြောက်ပေမယ့် ချွေးမကိုတော့ မကြောက်ပေ။

ကောချွင်းဝူက အရမ်း အံ့သြသွားခဲ့သည်။ ရှောင်သခင်မကြီးက ဘာလို့ အဲလောက် ပြောင်းလဲသွားတာလဲ။

သူမ မျက်လုံးတွေက နီရဲနေခဲ့သည်။ သူမက ရှောင်ယွမ်ရှစ်ကို တစ်ချက် ခိုးကြည့်ပြီးမှ ရှင်းပြခဲ့သည်။ "မဟုတ်ဘူး။ အဲလို မဟုတ်ပါဘူး။"

ထိုအချင်းအရာကိုမြင်တော့ ရှောင်ယွမ်ရှစ်ရဲ့ နှလုံးသားလေး နာကျင်သွားခဲ့သည်။

သူတို့တွေကို ကြိုဆိုဖို့ မလိုဘူးဟု သူကသာ သူမကို ပြောခဲ့တာဖြစ်သည်။

သူမ စကားပြောတော့မည့်အချိန်မှာပဲ ရှောင်သခင်မကြီးက မြေပေါ်ထိုင်ချကာ အော်ငိုခဲ့သည်။

"ငါ့ဘဝကြီးက တကယ်ခက်ခဲလိုက်တာ၊ ငါ့မှာ ခက်ခဲမှုမျိုးစုံကို သည်းခံပြီးမှ ငါ့သားကို ပြုစုပျိုးထောင်ခဲ့ရတာ၊ ငါ့မှာ မစားရက်မသောက်ရက်နဲ့ သူ့ကို အကုန်ပေးခဲ့ရတာ၊ အခုတော့ သူ့မိန်းမရဲ့ ငြိုငြင်တာကို ခံနေရပြီ၊ ငါသေသွားတာပဲ ကောင်းပါတယ်၊ ဒီလို ကျေးဇူးမသိတတ်တဲ့သားနဲ့ ယောက္ခမကို ငြိုငြင်ပြီး မလေးစားတဲ့ ချွေးမ ငါ့မှာ ဘာဖြစ်လို့ ရှိနေရတာလဲ၊ ကျေးဇူးမသိတတ်တဲ့ တိရိစ္ဆာန်နှစ်ကောင်၊ နင်တို့က မြို့တော်မှာ ကောင်းကောင်းနေ၊ ကောင်းကောင်းစား၊ ရွှေငွေ လက်ဝတ်ရတနာတွေ ဝတ်၊ ငွေတွေ သုံးဖြုန်းပြီး အစေခံတွေနဲ့ ဇိမ်ကျကျနေနေတာ၊ ရွာက မိဘနဲ့ ညီအစ်ကိုတွေကိုကျတော့ တစ်ချက်မှ ဂရုမစိုက်ဘူး၊ ဘုရားရေ ဒီနှစ်ယောက်ကို မိုးကြိုးပစ်ချပြီး ဆုံးမပေးစမ်းပါဦး။"

သူတို့ ဗိုလ်ချုပ်စံအိမ်ကို အောင်မြင်စွာ ဝင်ရောက်လာပြီးမှတော့ ဟန်ဆောင်နေစရာ မလိုတော့ပေ။

အပြင်ရောက်ရင်တော့ ထပ်ဟန်ဆောင်ရမှာပေါ့။ အဟမ်းအဟမ်း။

ရှောင်သခင်မကြီးက သူမ ကောင်းကြောင်းတွေချည်း ပြောခဲ့သည်။

သို့ပေမယ့် သူမ စကားတွေက နားဝင်ဆိုးလှတာကြောင့် သူတို့ရဲ့ မျက်နှာတွေ မည်းမှောင်နေခဲ့သည်။

သူတို့ကို တိရိစ္ဆာန်တွေလို့ခေါ်ပြီး သေအောင် မိုးကြိုးပစ်ချခိုင်းနေတာ ဒါတွေက လူစကားကော ဟုတ်ရဲ့လား။

သို့ပေမယ့်လည်း သူမက သက်ကြီးရွယ်အိုဖြစ်ပြီး သူ့ရဲ့ မိခင်ဖြစ်တာကြောင့် မနာခံသည့် စကားတွေ မပြောရဲပေ။

မဟုတ်ပါက သူတို့ဆီက အစေခံ တစ်ယောက်ယောက်က အပြင်ကို သတင်းလျှောက်ဖြန့်လိုက်ပါက သားသမီးဝတ္တရား မကျေပွန်သည့်သားသမီးတွေအဖြစ် သူတို့ ခေါင်းစဥ်တပ်ခံရနိုင်သည်။

သူတို့နှစ်ယောက် တကယ်ရူးတော့မည်။

All Chapters