← Chapters

မရဏမိုးကြိုး

Vol. 23 Ch. 316

မရဏမိုးကြိုး

Vol. 23 Ch. 316

' သည်ကောင်က ချူးယီနဲ့ တိုက်ပွဲတုန်းက  သူ့ရဲ့ အစွမ်းတွေကို လျိုထားတာပဲ '

လီဖူချန်းရဲ့ ဆော့ကစားခြင်းကို ခံနေရတဲ့ ချီဟန်ဟာ အကြောင်းအရာ တစ်ခုကို သဘောပေါက် သွားပါပြီ။ လီဖူချန်းရဲ့ လက်ရှိ ဓားချက်တွေဟာ ချူးယီနဲ့ တိုက်ပွဲတုန်းကထက် ၁၀ ရာခိုင်နှုန်းနီးပါး ပိုအားကောင်း နေပါတယ်။

ပြီးတော့ လီဖူချန်းရဲ့ ဓားချက်တွေဟာ သူ့ရဲ့  အရိုးတွေ အဆစ်တွေကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာပါ။ အဲသည် ဓားဒဏ်ရာတွေက ချီဟန်ရဲ့ လှုပ်ရှားမှုတွေကို နှေးကွေး လာစေပါပြီ။

' ငါသည်ကောင့်ရဲ့ ဆော့ကစားနေတာကို မခံတော့ဘူး '

ချီဟန်က သူ့ရဲ့ ရှိသမျှ အားတွေကို စုစည်းပြီး ရဲတင်းကြီးကို ပစ်ပေါက်လိုက်ပါတယ်။

ဂျလွတ် ... ဂျွတ် ... ။

ရဲတင်းကြီးကို အားကုန်သုံးပြီး ပစ်ပေါက် လိုက်ပြီးတာနဲ့ ချီဟန်ရဲ့ ကိုယ်ထဲက အရိုးတွေဟာ ကျိုးကျေကုန်ပါတယ်။ ဒါက လီဖူချန်းကြောင့် ဖြစ်ရတာ ဆိုရင်လည်း မမှားပါဘူး။ အစောပိုင်းတုန်းက လီဖူးချန်းရဲ့ ဓားချက်တွေဟာ ချီဟန်ရဲ့ အရိုးတွေနဲ့ အဆစ်တွေကို အက်ကွဲစေခဲ့တယ်လေ။

ရွှီး ...

ရဲတင်းကြီးဟာ အလင်းတန်းတစ်ခု အသွင် ပြောင်းသွားပြီး လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။

ဖောက် …

ရဲတင်းကြီးဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို စိုက်ဝင် သွားခဲ့ပါတယ်။

ဒါပေမဲ့ ချီဟန်ဟာ မပျော်လိုက်ရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူပစ်လိုက်တဲ့ ရဲတင်းဟာ လီဖူချန်းရဲ့ ကိုယ်ပွား ဖြစ်နေလို့ပါပဲ။

“ခိခိ  ... မင်းက သည်တိုက်ကွက်နဲ့ ငါ့ကို အနိုင်ယူချင်တာလား”

လီဖူချန်းရဲ့ ခန္ဓာကိုယ် အစစ်ကတော့ ချီဟန်ရဲ့ အရှေ့မှာ ရောက်နေပါပြီ။

ရွှမ်း ...

လီဖူချန်းရဲ့ ဓားချက်က ချီဟန်ရဲ့ ညာဘက် လက်မောင်းပေါ်မှာ ရှိတဲ့ သွေးကြောမကြီး တစ်ခုကို ဖြတ်ပစ်လိုက်ပါတယ်။

ရွှမ်း  ...

လီဖူချန်းရဲ့ နောက်ထပ် ဓားချက်တစ်ချက်က ချီဟန်ရဲ့ ဘယ်ဘက် လက်မောင်းပေါ်မှာ ရှိတဲ့ သွေးကြောမကြီး တစ်ခုကို ဖြတ်ပစ်လိုက် ပြန်ပါတယ်။

ရွှမ်း ... ရွှမ်း ... ရွှမ်း ...

မျက်စိတစ်မှိတ် အတွင်းမှာပဲ လီဖူချန်းက ချီဟန်ရဲ့ သွေးကြောမကြီး တော်တော်များများကို  ဖြတ်ပစ်လိုက်ပါတယ်။ ချီဟန်က  ဒုက္ခိတ တစ်ယောက်သာသာ  ဖြစ်သွားခဲ့ပါပြီ။

ချီဟန်ကတော့ ဘာမှမတတ်နိုင်ဘဲ လီဖူချန်း ပြုသမျှကိုသာ ငြိမ်ခံ နေရပါတယ်။ သူက လီဖူချန်းကို ဘယ်လိုမှ တုံ့ပြန်နိုင်ဖို့ အကြောင်း မရှိတော့ပါဘူး။ သူ့ရဲ့ အရိုးတွေက ကျိုးကျေကုန်သလို သွေးကြောမကြီး တွေကလည်း ပြတ်တောက်ကုန်ပါပြီ။

' သစ်ပင်တစ်ပင်ကို သတ်ချင်ရင် အရင်ဆုံး ရေသောက်မြစ်ကို ဖြတ်ရတယ်' ဆိုတဲ့ စကားပုံထဲက အတိုင်း လီဖူချန်းဟာ လုပ်ဆောင် သွားခဲ့တာပါ။

သည်တိုက်ပွဲမှာ အနိုင်ရသူ ကတော့ လီဖူချန်းပါပဲ။

“ဟူး ... ချီဟန်တောင်မှ လီဖူချန်း ပြုသမျှ နုနေရတဲ့ အဖြစ်ကို ရောက်သွားခဲ့ပြီ။ သည်လီဖူချန်းက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်”

လူငယ်တစ်ယောက်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။

"လုံးဝကို မယုံနိုင်စရာဘဲကွာ ... ။ လီဖူချန်းရဲ့ အသိစိတ်အာရုံနဲ့ ဓားသိုင်းက  တကယ်ကို အစွမ်းထက်လွန်းတယ်။ ချီဟန်ရဲ့ ရဲတင်းပျံ သိုင်းကွက်တောင်မှ လီဖူချန်းကို ဒုက္ခမပေးနိုင်ခဲ့ဘူး”

ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် နောက်ထပ် တစ်ပွဲမှာတော့ ချီဟန်နဲ့ စီးတုလေ့တို့ ထိပ်တိုက် တွေ့ကြပါတယ်။

ချူးယီနဲ့ လီဖူချန်းတို့ နှစ်ယောက်ရဲ့ အနိုင်ယူခြင်းကို ခံရအပြီးမှာတော့ ချီဟန်က အတော်လေးကို စိတ်ဓာတ်ပျက်ပြား နေပါပြီ။ သူ့ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်က သိပ်ပြီးတော့ အားမကောင်းတော့ပါဘူး။

ဒါပေမဲ့လည်း ချီဟန်ဟာ ကြယ်ဘုရင်တစ်ယောက် ဖြစ်တဲ့အတွက် တော်ရုံတန်ရုံလောက်တော့ တိုက်ခိုက်နေနိုင်ဆဲပါပဲ။

ဘုန်း … ဘုန်း … ဘုန်း ...

စီးတုလေ့နဲ့ ချီဟန်ဟာ အနီးကပ် တိုက်လိုက်ကြပါတယ်။

“မိုးကြိုးလက်သီး”

စီးတုလေ့က သူ့ရဲ့ မိုးကြိုးလက်သီးဖြင့် ချီဟန်ကို ထိုးလိုက်ပါတယ်။

ဂျိမ် ... ဒလိန်းလိန်း ...

ချီဟန်ရဲ့ ခန္ခာကိုယ်ပေါ်ကို ပြင်းထန်လွန်းလှတဲ့ မိုးကြိုးတွေ ကျရောက် လာခဲ့ပါပြီ။

အံ့သြစရာပါပဲ။ ချီဟန်ရဲ့ ခံနိုင်ရည်က အတော်လေး ကောင်းနေပါတယ်။ စီးတုလေ့ရဲ့ မိုးကြိုးလက်သီးက သူ့ရဲ့ ခန္ဓာကိုယ်ကို ညော်နံ့ ထွက်စေတာက လွဲပြီး ဘာမှ သက်ရောက်မှု မရှိစေခဲ့ပါဘူး။

“စီးတုလေ့ ... မင်းရဲ့ လက်သီးက ငါ့ရဲ့ ခံနိုင်ရည်ကို မကျော်လွန်နိုင်ပါလား”

ချီဟန်က ယုံကြည်မှု အနည်းငယ် ပြန်ရလာခဲ့ပါတယ်။

ဓားသမားတွေရဲ့ ဖျက်ဆီးနိုင်စွမ်းက နဂိုမူလတည်းက အားကောင်း ပြီးသားပါ။  ဖျက်ဆီးနိုင်စွမ်းတွေ  ညီမျှနေတဲ့ အခါမှာဆိုရင် လက်သီးက  ဓားကို  ဘယ်လိုမှ  မယှဉ်နိုင်ပါဘူး။

“သေချာပြီလား”

စီးတုလေ့က နားလည်ရခက်တဲ့ အပြုံးမျိုး ပြုံးလိုက်ပါတယ်။

“ငါ့ရဲ့ သည်လက်သီးကို မြည်းစမ်းကြည့်ပါလား”

စီးတုလေ့က ကောင်းကင်ပေါ်ကို ခုန်တက်သွားပြီး ချီဟန်ကို အပေါ်စီးကနေ ထိုးချလိုက်ပါတယ်။

စီးတုလေ့ရဲ့  အနောက်မှာတော့  မိုးကြိုးပုံရိပ်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး ထိုမိုးကြိုးပုံရိပ်ကလည်း ချီဟန်ကို ထိုးချလိုက်ပါတယ်။

“ဒါ ... ဒါကြီးက  ...”

ပါရမီရှင် လူငယ်အားလုံးဟာ မျက်လုံးပြူး သွားခဲ့ပါပြီ။

ဂျိန်း ... ဂျလိန်း ...

ကောင်းကင်ကနေ မိုးကြိုးကြီး တစ်စင်း ပစ်ချလာခဲ့ပါတယ်။  ထိုမိုးကြိုးနဲ့ စီးတုလေ့ရဲ့ လက်သီးက ထွက်ပေါ်လာတဲ့ ခရမ်းရောင် မိုးကြိုးတွေဟာ ပေါင်းစည်းသွားပြီး  မိုးကြိုးလက်သီးကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ပါတယ်။

အား ...

ချီဟန်က ငယ်သံပါအောင် အော်ဟစ်ပြီး လွင့်ထွက်သွား ပါတော့တယ်။ ချီဟန်ရဲ့ တစ်ကိုယ်လုံးဟာ မိုးကြိုးပစ်တာကို ခံလိုက်ရသလို လောင်ကျွမ်း သွားခဲ့ပါပြီ။ ချီဟန်ရဲ့ အခြေအနေကတော့ တော်တော်ကို ဆိုးတယ်လို့ ပြောရမှာပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများဟာ မည်းတူးချိတ် သွားခဲ့တာပါ။

"ဒါက မရဏမိုးကြိုး လက်သီးသိုင်းပဲ”

လူတစ်ယောက်က စီးတုလေ့ရဲ့ လက်သီးသိုင်းကို မှတ်မိ သွားခဲ့ပါတယ်။

မရဏမိုးကြိုး လက်သီးသိုင်းဟာ  မိုးကြိုးဂိုဏ်းရဲ့ အကောင်းဆုံး သိုင်းပညာ ဖြစ်ပါတယ်။ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်တန်း သိုင်းပညာ ၁၀ မျိုးထဲမှာ ဆိုရင်  အဆင့် ၂ မှာ ရပ်တည်နေတာပါ။ မရဏမိုးကြိုး လက်သီးသိုင်းရဲ့ အဆင့်က ကောင်းကင်နဂါး ဓားသိုင်းထက်တောင် မြင့်ပါသေးတယ်။

စီးတုလေ့ဟာ သည်လက်သီးသိုင်းကို တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင့်ထားပြီးပြီ ဆိုတာ သိသာလွန်း နေပါပြီ။

“စီးတုလေ့က တကယ်ပဲ မရဏ လက်သီးသိုင်းကို လေ့ကျင့်ထားနိုင် ခဲ့တာပဲ။ သူက နံပါတ် ၁ ကြယ်ဘုရင်ဆိုတဲ့ ဘွဲ့ထူးနဲ့ ထိုက်တန်ပါပေတယ်”

လူတွေအားလုံးကတော့ လုံးဝကို အံ့သြနေကြပါပြီ။

မြေကမ္ဘာ ပညာရှင်တွေဟာ ဆန်းကြယ် အထွတ်အထိပ်အဆင့် သိုင်းပညာရဲ့ ပြီးပြည့်စုံခြင်း အဆင့်အထိရောက်အောင် လေ့ကျင့်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။

ဒါပေမဲ့ ချူးယီနဲ့ စီးတုလေ့ကတော့ လေ့ကျင့်နိုင်ခဲ့ပါတယ်။

မိုးကြိုးဂိုဏ်းချုပ် ကတော့ အားရပါးရ ပြုံးနေပါတယ်။ သူကလွဲပြီး ဘယ်သူမှ စီးတုလေ့ရဲ့ စွမ်းရည် အစစ်အမှန်ကို မသိပါဘူး။

မိုးကြိုးဂိုဏ်းမှာတုန်းက ဆိုရင် စီးတုလေ့ဟာ ကောင်းကင်နယ်ပယ် အဆင့်၂ ရှိတဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်ကို အနိုင်ယူခဲ့ပြီးပါပြီ။ သည်သတင်းကို သူက ဖုံးကွယ်ထားခဲ့တာပါ။

' စီးတုလေ့က တကယ်ကို အစွမ်းထက်တာပဲ။ သူ့ရဲ့ လက်သီးချက်က  ချူးယီနောက်ဆုံး သုံးသွားတဲ့ ဓားကွက်နဲ့ သိပ်မကွာဘူး။ '

လီဖူချန်းက စီးတုလေ့ကို ကြည့်ရင်းနဲ့ တွေးနေမိပါတယ်။

ချူးယီရဲ့ နောက်ဆုံးဓားကွက်က တကယ်ပဲ ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်လွန်းပါတယ်။ အဲသည်ဓားကွက်ရဲ့ ပြင်းထန်မှုဟာ  ချူးယီရဲ့ မူလဓားကွက်ထက် ၂ ဆနီးပါး ရှိပါတယ်။ စီးတုလေ့ကတော့ ဓားသွေးကြောတွေ မရှိဘဲနဲ့ သူ့ရဲ့ သိုင်းအား သက်သက်နဲ့သာ လက်သီးချက်ကို ထုတ်ဖော် သွားခဲ့တာပါ။ အဲသည် အခြင်းအရာကို ကြည့်ချင်းအားဖြင့် စီးတုလေ့ဟာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလည်း ဆိုတာကို သိနိုင်ပါတယ်။

အခုဆိုရင်တော့ ပြိုင်ပွဲက ၂ပွဲသာ ကျန်ပါတော့တယ်။ တစ်ပွဲကတော့ ချူးယီနဲ့ စီးတုလေ့တို့ရဲ့ တိုက်ပွဲ ဖြစ်ပြီး နောက်တစ်ပွဲက စီးတုလေ့နဲ့ လီဖူချန်းရဲ့ တိုက်ပွဲပါ။

အရင်ဆုံး တိုက်ရမဲ့ နှစ်ယောက်ကတော့ ချူးယီနဲ့ စီးတုလေ့ပါပဲ။

ချူးယီက  တိုက်ပွဲစပြီ ဆိုတာနဲ့ သူ့ရဲ့ ဓားသွေးကြော မူလစွမ်းအင်တွေကို ထုတ်ယူသုံးစွဲပြီး တိုက်ပါတော့တယ်။

အစောပိုင်းမှာတော့ ချူးယီနဲ့ စီးတုလေ့ဟာ  လက်ရည်တူတွေပါပဲ။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ စီးတုလေ့ဟာ ပိုပိုပြီး ကြောက်စရာ ကောင်းလာပါတယ်။ စီးတုလေ့ဟာ ချူးယီထက် ကျင့်ကြံခြင်း၊ အတွင်းအားကျင့်စဉ်နဲ့ သိုင်းပညာပိုင်းတွေမှာ သာလွန်နေပါတယ်။ ရှင်းရှင်း ပြောရမယ် ဆိုရင်တော့ စီးတုလေ့ဟာ ချူးယီထက် အဘက်ဘက်မှာ သာလွန်နေတာပါ။

ချူးယီက သူ့ရဲ့ ဓားသွေးကြောတွေကြောင့်သာ ခံသာနေတာ ဖြစ်ပါတယ်။

"သည်အတိုင်း ဆက်သွားနေမယ် ဆိုရင် ငါရှုံးတော့မယ်”

ချူးယီကလည်း သူ့ရဲ့ အခြေအနေကို ရိပ်မိပါတယ်။

“ဓားနဲ့လူ ပေါင်းစပ်ခြင်း”

ချူးယီက ဓားသွေးကြောထဲက မူလစွမ်းအင်တွေ အကုန်လုံးကို ထုတ်ယူ သုံးစွဲပြီး သူ့ရဲ့ ဓားကွက်ကို ထုတ်လိုက်ပါပြီ။

ချူးယီကော သူ့ရဲ့ ဓားပါ အလင်းတန်းလေး တစ်ခု အသွင်ပြောင်းပြီး စီးတုလေ့ဆီကို တိုးဝင် သွားခဲ့ပါတယ်။

စီးတုလေ့ရဲ့ မျက်နှာကတော့ လေးနက် တည်ကြည် သွားခဲ့ပါပြီ။ သူ့အနေနဲ့ သည်ဓားကွက်ကို ခုခံနိုင်မလား ဆိုတာ မသေချာလှပါဘူး။

ဒါပေမဲ့ သူတွက်ထားတာ တစ်ခုတော့ ရှိပါတယ်။ ချူးယီက သည်လို တိုက်ခိုက်ပုံမျိုးကို  စိတ်တိုင်းကျ မသုံးနိုင်သေးပါဘူး။ အကယ်၍  ချူးယီသာ သည်လို တိုက်ခိုက်ပုံမျိုးကို  စိတ်တိုင်းကျ သုံးနိုင်ခဲ့မယ် ဆိုရင်  လီဖူချန်းနဲ့ တိုက်ပွဲမှာ တွေဝေ မနေဘဲနဲ့ သုံးလိုက်ပါပြီ။

ဂျိန်း ... ဂျလိန်း ...

စီးတုလေ့က  မရဏမိုးကြိုး လက်သီးသိုင်းကို အသုံးပြုပြီး မိုးကြိုးတွေကို ဆင့်ခေါ်ကာ မိုးကြိုးလက်သီးကြီး တစ်ခုအဖြစ် အသွင်ပြောင်း စေပါတယ်။

ဒါပေမဲ့ ဓားအလင်းတန်းက လျင်မြန်လွန်း လှပါတယ်။ စီးတုလေ့ တစ်ယောက်  မိုးကြိုးလက်သီးကို သုံးဖို့ ပြင်နေစဉ်မှာပဲ ဓားအလင်းတန်းက  သူ့အရှေ့ကို ရောက်လာခဲ့ပါပြီ။

ရလဒ်ကတော့ မိုးကြိုးလက်သီးဟာ  ဓားအလင်းတန်းကို ထိထိမိမိ မထိုးလိုက် ရတာပါပဲ။

ဘန်း ... ဘန်း ...

ဓားအလင်းတန်း တစ်ခုဟာ မိုးကြိုးတွေကို ကျော်ဖြတ်ကာ စီးတုလေ့ဆီ တိုးဝင် လာခဲ့ပါတယ်။

ဖောက် ...

စီးတုလေ့ရဲ့ ဘယ်ဘက် ပခုံးကတော့  ထုတ်ချင်းဖောက် ပေါက်ထွက်သွားခဲ့ပါပြီ။ ပုခုံးရိုး ဖြူဖြူတွေကိုတောင် မြင်နေရပါသေးတယ်။

ဝေါ့ ...

စီးတုလေ့က သွေးတစ်လုတ် အန်လိုက်ပါသေးတယ်။

“စီးတုလေ့ ရှုံးသွားတာလား ...”

လူတွေအားလုံးဟာ ပါးစပ်အဟောင်းသား ဖြစ်နေပါပြီ။ သူတို့က ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။

ဘန်း …

ရုတ်တရုတ် ချူးယီဟာ ပုံရက်သား လဲကျသွားခဲ့ပါတယ်။  အနီးကပ် ကြည့်လိုက်မယ် ဆိုရင်တော့ သူ့ရဲ့ ရင်ဘတ်မှာ အပေါက်ကြီး တစ်ခု ရှိနေတာကို တွေ့မြင်ရမှာပါ။

စီးတုလေ့ဟာ ဓားအလင်းတန်းကို ထိထိမိမိ မထိုးနိုင်ဘူး ဆိုတာကို သိလိုက်တဲ့အတွက် နောက်ထပ် လက်သီးချက် တစ်ချက်ကို သူသေကိုယ်သေ သဘောနဲ့ ထိုးချလိုက် ဖြစ်ပါတယ်။ သည်လက်သီးချက်က မရဏမိုးကြိုးလက်သီး မဟုတ်ပေမဲ့လည်း ချုးယီရဲ့ အကာအကွယ် မဲ့နေတဲ့ ရင်ဘတ်ကိုတော့ ထိထိမိမိ ထိုးနိုင်ခဲ့ပုံပါပဲ။

၁၀၈ ကွက် မဟာဝင်္ကပါက ဘယ်လောက်ကြီးတဲ့ ဒဏ်ရာကိုမဆို အကောင်းပကတိ  ဖြစ်စေနိုင်စွမ်း  ရှိလို့သာ ချူးယီအနေနဲ့ မသေသေးဘဲ ရှိနေတာပါ။

“ထွီ”

ချူးယီက လူးလိမ့်ပြီး ထလာကာ ပါးစပ်ထဲက သွေးအကျိအချွဲတွေကို ထွေးထုတ် လိုက်ပါတယ်။

“ငါရှုံးပြီ”

ပြောပြီးတာနဲ့ တစ်ပြိုင်နက် ချူးယီဟာ ကျောက်တုံးမဏ္ဍိုင်ဆီကို ပြန်ခုန်တက် သွားပါတော့တယ်။

အစောပိုင်းတုန်းက သူ့ရဲ့ ဓားချက်ဟာ သူတတ်နိုင်တဲ့ အတိုင်းအတာထက် လွန်သွားခဲ့ပါပြီ။ သူ့ရဲ့ ဓားသွေးကြောထဲမှာ ရှိတဲ့ စွမ်းအင်တွေကလည်း မကျန်သလောက်ပါဘဲ။

အဲသည်အတွက် ချူးယီဟာ အရှုံးပေးတာက လွဲပြီး အခြားရွေးစရာ မရှိတော့ပါဘူး။

စီးတုလေ့ကတော့ သူ့ရဲ့ ကျောက်တုံးမဏ္ဍိုင်ပေါ်ကို ပြန်မသွားတော့ပါဘူး။ သူက လီဖူချန်းရှိရာ ဆီကိုသာ လှမ်းကြည့် လိုက်ပါတယ်။

လီဖူချန်းကလည်း  ပါးနပ်သူ တစ်ယောက် ဖြစ်တဲ့အတွက်  စီးတုလေ့က သူ့ကို စိမ်ခေါ်နေပြီ ဆိုတာကို သိပါတယ်။

ကျားနဂါးပြိုင်ပွဲက တစ်ပွဲသာ ကျန်နေတော့တာပါ။ အဲဒါကတော့ စီးတုလေ့နဲ့ လီဖူချန်းရဲ့ တိုက်ပွဲပါပဲ။

သည်တိုက်ပွဲက နံပါတ်တစ် ကြယ်ဘုရင်ကို အဆုံးအဖြတ် ပေးမဲ့ တိုက်ပွဲ ဆိုရင်လည်း မမှားပါဘူး။

***

All Chapters