← Chapters

ဝိညာဥ်ကျောက်စိမ်း

Vol. 18 Ch. 256

ဝိညာဥ်ကျောက်စိမ်း

Vol. 18 Ch. 256

ယဲ့ရှောင်ချန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါသည်။ နောက်ဆုံးတော့ လူသားသဏ္ဌာန် မီးခိုးလုံးကြီးအား ဖျက်ဆီးနိုင်ခဲ့ပြီ။

ဘိုးဘေးဝိညာဥ်ကြီးက အသွင်ဆောင်ပြီး ၎င်း၏ ဝိညာဥ်အသိစိတ်ဖြင့် ပြဿနာထဲ ဝင်ပါချင်သဖြင့် ဒီလို အထူးအမွှေးတိုင်ကို အသုံးပြုရခြင်းဖြစ်သည်။

ပြောရမည်ဆိုလျှင် မီးခိုးများ ပျက်စီးသွားပြီးနောက် ဘိုးဘေးဝိညာဥ်ကြီး ဘာမှ လုပ်နိုင်မည် မဟုတ်တော့ပါ။

မှော်စွမ်းအင်ဖြင့် စွမ်းအားမြှင့်ထားသော အပင်များလည်း နောက်ဆုံးတော့ ၎င်းတို့၏ နောက်ဆုံးစွမ်းအားများကို ကုန်ဆုံးကာ အားလုံး ခြောက်သွေ့ညှိုးနွမ်းပြီး အသက်စွမ်းအင် ဆုံးရှုံးသွားကြပါသည်။

ထိုအချိန်တွင် နောက်ထပ် အော်သံတစ်ခုအား ကြားလိုက်ရ၏။

လုတုန်ချမ်းက နောက်ထပ် လက်နက်ကိုင် တစ်ယောက်ကို အလစ်ဝင် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရုပ်ဖျက်ထားသည့် ကျန်းလဲ့အပါအဝင် လက်နက်ကိုင် ငါးဦးသာ ရှိတော့၏။

ကျန်းလဲ့၏ မျက်နှာက အကျည်းတန်နေပါသည်။ တခြားသူများကတော့ ချောက်ချား နေကြ၏။

အမှောင်ထဲတွင် ပုန်းခိုနေသည့် မကောင်းဆိုးဝါးက ကြောက်ဖို့ ကောင်းလွန်းသည်။

သူ တိုက်ခိုက်လိုက်တိုင်း အသက်တစ်ချောင်းကို နှုတ်ယူသွား၏။

သူ့ကို ထိတောင် ထိလို့ မရပေ။ ၎င်းတို့၏ ကျည်ဆံများကလည်း သူထံ မရောက်နိုင်ကြပါ။ သူက လျင်မြန်လွန်းလှသည်။

ယဲ့ရှောင်ချန်းက လုတုန်ချမ်းနှင့် တခြား လက်နက်ကိုင်များကို ဂရုမစိုက်ဘဲ ထောင်ဟုန်ဝူကို ဦးဆောင်ကာ လှိုဏ်ဂူဆီသို့ ဦးတည်လိုက်၏။

အဆောင်စွမ်းအင်က သူ့အပေါ်တွင် သက်ရောက်နေဆဲ ဖြစ်သည်။ ရွှေရောင် အလင်းတစ်ခုက သူ့ကို ဝန်းရံကာ ကာကွယ်ပေးထား၏။

ဒါက လှိုဏ်ဂူထဲဝင်ဖို့ သူ့အတွက် အာမခံ ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ဘိုးဘေးဝိညာဥ်ကြီးက ခုခံဖို့ စွမ်းအားကို တကယ်ပဲ ဆုံးရှုံးသွားပြီလား ဆိုတာ မသေချာသေးပေ။

နောက်ဆုံးတော့ သူနဲ့ ပဲစေ့စစ်သည်တော်တို့ လှိုဏ်ဂူထဲသို့ ဝင်သွားခဲ့ကြပါသည်။

အထဲက အရာအားလုံးကို ယဲ့ရှောင်ချန်း မြင်လိုက်ရ၏။

ပလ္လင်တစ်ခု၏ အပေါ်တွင် တစ်ပေလောက် ရှည်သည့် ကျောက်စိမ်းနက် ရုပ်တုတစ်ခုကို တင်ထား၏။

ထိုရုပ်တုမှ မိစ္ဆာရောင်ဝါများ ထုတ်လွှတ်နေသည်။

မမြင်ရသည့် လှိုင်းများကိုလည်း ထုတ်လွှင့်နေ၏။

"ကောင်လေး မင်း ဘယ်သူလဲ။"

ထိုလှိုင်းက ယဲ့ရှောင်ချန်း၏ အာရုံထဲ ဝင်လာကာ အသံတစ်ခုအဖြစ် အသွင်ပြောင်းသွား၏။

ဒါက ဘိုးဘေးဝိညာဥ်ကြီး၏ ဝိညာဥ်အသိစိတ်ဆိုတာ သေချာပါသည်။

"ကျုပ်ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ ခင်ဗျားမှာ ဘာကျန်သေးလဲ။"

ယဲ့ရှောင်ချန်းကလည်း ထိုအသိစိတ်အား သူ့ စိတ်ဝိညာဥ်ပါရမီနှင့် ပြန်လည်ဆက်သွယ်လိုက်ပါသည်။

"နှစ် ၆၀ တိုင်း တစ်ခါကြုံရတတ်တဲ့ လူသားမျိုးနွယ်ကို ကူညီမှုက မင်းအပေါ် ကျရောက်လိမ့်မယ်လို့ မထင်ထားဘူး။ ကောင်လေး ငါ့ကိုလွှတ်ပေးဖို့ မင်းဘာလိုချင်လဲ။"

ဘိုးဘေးဝိညာဥ်ကြီးက သက်ပြင်းချလိုက်ပါသည်။

"ဟားဟား ကျုပ် ဒီအထိတောင် ရောက်လာပြီးမှတော့ လက်ချည်းဗလာ ပြန်သွားလို့ ဖြစ်ပါ့မလား။"

ယဲ့ရှောင်ချန်းက ခေါင်းခါပြီး ပြုံးလိုက်သည်။ ထို့နောက် ရုတ်တရက် သူ့ဘေးတွင် ရှိနေသော ထောင်ဟုန်ဝူက လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့၏။ ကျောက်စိမ်းနက်ရုပ်တုရှေ့သို့ ခုန်ပျံသွားကာ ယူလိုက်သည်။

"ရိုင်းစိုင်းလိုက်တာ"

အဘိုးကြီး၏ အသံက ဒေါသထွက်စွာ မြည်ဟည်းလာပြီး ကျောက်စိမ်းနက် ရုပ်တုကြီး တစ်ခုလုံးလည်း တုန်ခါလာသည်။

မမြင်နိုင်သည့် ဝိညာဥ်မုန်တိုင်းတစ်ခု ထွက်လာကာ ပေါက်ကွဲသွားသည်။

ကံမကောင်းစွာဖြင့် ယဲ့ရှောင်ချန်းကို တိုက်ခိုက်လိုက်တိုင်း ရွှေရောင်အလင်း အကာအရံက ကာကွယ်ပေးနေပါသည်။

ထောင်ဟုန်ဝူက ကျောက်စိမ်းနက် ရုပ်တု တစ်ခုလုံးကို ဆုပ်ကိုင်လိုက်သည်။

ယဲ့ရှောင်ချန်း ပြုံးလိုက်၏။

သေချာပါသည်။ ဘိုးဘေးဝိညာဥ်ကြီးက မိစ္ဆာစိတ်စွမ်းအင်သာ ရှိပြီး လက်တွေ့ဘဝကို နှောင့်ယှက်နိုင်ခြင်း မရှိပါ။ သူ အများဆုံး လုပ်နိုင်တာဆိုလို့ လူတစ်ယောက်၏ အသိစိတ်ကို တိုက်ခိုက်စေခြင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ်ကို ကာကွယ်ရေးအဆောင် တစ်ခုဖြင့် ကာကွယ်ထား၏။

သို့သော်လည်း ထောင်ဟုန်ဝူက ပဲစေ့စစ်သည်တော်တစ်ယောက်ဖြစ်ပြီး သူ့ခန္ဓာကိုယ်က အင်မော်တယ်ပဲစေ့ တစ်စေ့ ဖြစ်၏။ ထို့ကြောင့် ဘိုးဘေးဝိညာဥ်ကြီးက သူ့ကို တုန်လှုပ်အောင် မလုပ်နိုင်ပါ။

ထောင်ဟုန်ဝူက ကျောက်စိမ်းနက် ရုပ်တုကြီးကို ဆုပ်ကိုင်ထားသည်။ ယဲ့ရှောင်ချန်းက သေသေချာချာ ကြည့်လိုက်၏။ ကျောက်စိမ်းရုပ်တုက လက်ရာမြောက် သေသပ်ပြီး အရောင်လက်နေ၏။ တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် သာမန်ထက် ထူးကဲမှန်း ပြောနိုင်ပါသည်။

ဒီကျောက်စိမ်းနက် ရုပ်တုတစ်ခုတည်းနဲ့ပင် မြို့ပေါင်းများစွာလောက် တန်ဖိုးရှိသည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်နေပါသည်။

ရုတ်တရက် လူရိပ်တစ်ခု ခုန်ပျံလာပြီး သူ့ဘေးတွင် ရပ်လိုက်သည်။ လုတုန်ချမ်းဖြစ်၏။

သူ့ရဲ့ လူသတ်အရှိန်အဝါကြီးက အလွန်များပြားနေပြီး သူ့မျက်နှာကလည်း စိတ်လှုပ်ရှားနေပုံရ၏။ လက်နက်ကိုင်အားလုံးကို သူ သတ်ဖြတ်ခဲ့ပြီးတာ သေချာပါသည်။

"ဒါ ဝိညာဥ်ကျောက်စိမ်းပဲ။ ဝိညာဥ်ကျောက်စိမ်းကြီးပဲ။"

လုတုန်ချမ်းက ကျောက်စိမ်းနက်ရုပ်တုကြီးကို ကြည့်ကာ စဥ်းစားလိုက်၏။

"ဒီဝိညာဥ်ကျောက်စိမ်းကို ဘာအတွက် အသုံးပြုတာလဲဆိုတာ မင်းသိလား။"

ယဲ့ရှောင်ချန်းက စိတ်ဝင်စားစွာ မေးလိုက်ပါသည်။

"ဒါက အင်မော်တယ် ကျင့်ကြံခြင်းလောကထဲမှာ အရမ်းတန်ဖိုးကြီးတဲ့ ကောင်းကင်ဘုံပစ္စည်းနဲ့ ကမ္ဘာမြေရတနာတစ်ပါးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့် မှော်ရတနာတွေကို ဖန်တီးဖို့အတွက် ဝိညာဥ်ကျောက်စိမ်းကို လိုအပ်လို့ပဲ။ ပြီးတော့ ဝိညာဥ်ကျောက်စိမ်းကို အရမ်းတန်ဖိုးရှိတဲ့ ကျင့်ကြံခြင်း နည်းလမ်းနဲ့ အသိပညာတွေကို လက်ဆင့်ကမ်းဖို့ အတွက်လည်း အသုံးပြုကြတယ်။ ဒီလိုဆို ထာဝရ သိမ်းဆည်းထားနိုင်တယ်။ ပြီးတော့လည်း ဝိညာဥ်ကျောက်စိမ်းကို ကြားခံအနေနဲ့ အသုံးချဖို့ လိုအပ်တဲ့ အထူးကိုယ်ပွားနည်းလမ်းတွေလည်း ရှိသေးတယ်။"

လုတုန်ချမ်းက ဝိညာဥ်ကျောက်စိမ်း၏ အဓိက အသုံးပြုပုံ ၃ ခုကို ပြောပြလိုက်ပါသည်။

အံ့သြစရာ မရှိပါ။ ဝိညာဥ်ကျောက်စိမ်း၏ အထူးဂုဏ်သတ္တိက စိတ်ဝိညာဉ်ကို ထည့်သွင်းထားနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဘိုးဘေးဝိညာဥ်ကြီးက ဒီလောက် အကြာကြီး တည်ရှိနေနိုင်ခဲ့ခြင်း ဖြစ်၏။ ဝိညာဥ်ကျောက်စိမ်း၏ အာနိသင်များကို အားကိုးခဲ့ခြင်း ဖြစ်ပါသည်။

ဝိညာဥ်ကျောက်စိမ်းထဲတွင် ပုန်းခိုနေသည့် ဘိုးဘေးဝိညာဥ်များက အန္တရာယ်ရှိသည်။ ၎င်းတို့နှင့် အရင်ရှင်းရပါမည်။

ယဲ့ရှောင်ချန်း အင်မော်တယ်ပဲစေ့တစ်စေ့ကို ထုတ်ကာ ဝိညာဥ်ကျောက်စိမ်းအပေါ်တွင် ဖိကပ်လိုက်သည်။

ဝိညာဥ်ဆင့်ခေါ်နည်းလမ်းကို သူ အသုံးပြုလိုက်သောအခါ အသွင်မဲ့ စိတ်စွမ်းအင်တစ်ခုက အင်မော်တယ်ပဲစေ့အတွင်းမှ ဝိညာဥ်ကျောက်စိမ်းထံသို့ ထုတ်လွှင့်သွားသည်။

ဝိညာဥ်ကျောက်စိမ်းအထဲတွင် အထူးဝိညာဥ်နေရာတစ်ခု ရှိနေပြီး ဝိညာဥ်တစ်ကောင် ပုန်းခိုနေပါသည်။

ဘိုးဘေးဝိညာဥ်ပဲ ဖြစ်သည်။

"ဘိုးဘေးဝိညာဥ်ကြီး ထွက်လာခဲ့စမ်း။"

ယဲ့ရှောင်ချန်း၏ စိတ်စွမ်းအင်က ထိုဝိညာဥ် နေရာကို ဖောက်ထွင်းကာ ဝိညာဥ်ကြီးအား ချုပ်နှောင်ပြီး အတင်းအကြပ် ဆင့်ခေါ်လိုက်သည်။

ဘိုးဘေးဝိညာဥ်ကြီးက ကိုယ်ပွားထက် ပို၍ပင် ရုန်းကန်သည်။ အချိန်အတော် ကြာပြီးမှ ဘိုးဘေးဝိညာဥ်ကြီး ခုခံနိုင်စွမ်း ဆုံးရှုံးသွားသည်။ သူဟာ တဖြည်းဖြည်းဖြင့် ယဲ့ရှောင်ချန်း၏ စိတ်စွမ်းအင်ကြောင့် ဆင့်ခေါ်ခံလိုက်ရပြီး နောက်ဆုံးတော့ အင်မော်တယ်ပဲစေ့နှင့် ပေါင်းစပ်သွားလေသည်။

ယဲ့ရှောင်ချန်း ချက်ချင်း အင်မော်တယ်ပဲစေ့ စစ်သည်တော် ဖန်တီးခြင်းကို စတင်လိုက်ပါသည်။

ညည်းညူသလို အော်သံကြီး တစ်ခု ထွက်လာပြီးနောက် အနက်ရောင် ရောင်ဝါတစ်ခု ပျံ့နှံ့လာပါသည်။

ပဥ္စမမြောက် ပဲစေ့စစ်သည်တော်အား ဖန်တီးပြီးပါပြီ။

ပဲစေ့ စစ်သည်တော်က ဖော်မပြနိုင်သည့် စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေ၏။ စိမ့်ထွက်နေသည့် မိစ္ဆာရောင်ဝါများကလည်း လေထဲတွင် ပြန့်နှံ့နေပြီး ထူးဆန်းသည့် ယန်စွမ်းအင်တစ်မျိုးလည်း ထွက်ပေါ်နေ၏။ အုံ့အုံ့ဆိုင်းဆိုင်း လှိုဏ်ဂူကြီးက နွေဦးလို ရုတ်တရက် နွေးထွေးလာခဲ့ပါသည်။

ယဲ့ရှောင်ချန်း လက်ချောင်းကို ညွှန်လိုက်ပြီး မှော်စွမ်းအင်ကို အသုံးပြုလိုက်ပါသည်။ ရုတ်တရက် ဆိုသလို အင်မော်တယ်ပဲစေ့က ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

ထိုလူက ထောင်ဟုန်ဝူနှင့် ဆင်တူသည်။ သို့သော် အများကြီး ပိုငယ်ပြီး အရှိန်အဝါကလည်း အများကြီး ပိုအားကောင်းသည်။ ပိုအရေးကြီးတာက ရွှေရောင် သံချပ်ကာကြီး ဝတ်ဆင်ထားခြင်းပင်။

ထိုရွှေသံချပ်ကာကြီးက အသေးအဖွဲကိစ္စ မဟုတ်ပါ။ ယန်စွမ်းအင်ကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အလွန်အမင်း ကာကွယ်မှု မြင့်မားပါသည်။

သာမန် ပဲစေ့စစ်သည်တော်တစ်ဦးကိုသာ အထူးမှော်လက်နက်တစ်မျိုးဖြင့် တိုက်ခိုက်ပါက ပျက်စီးဖို့ လွယ်ကူပါသည်။

သို့သော်လည်း ရွှေသံချပ်ကာ ဝတ်ထားသည့် ပဲစေ့စစ်သည်တော် တစ်ယောက်ကတော့ ကာကွယ်မှု ပိုမြင့်မားပြီး မှော်လက်နက်မျာဖြင့် အလွယ်တကူ မသတ်ဖြတ်နိုင်ပါ။

ထို့အပြင် ဒီပဲစေ့စစ်သည်တော်ကို ဆင့်ခေါ်ပြီးနောက် မှော်စွမ်းအင် အများကြီး အသုံးပြုစရာ မလိုအပ်တာကိုလည်း ယဲ့ရှောင်ချန်း သတိထားမိသွားသည်။

အကြောင်းမှာ ပဲစေ့စစ်သည်တော်က လေထဲမှ စွမ်းအင်ကို အလိုအလျောက် စုပ်ယူပြီး သူ၏ ကိုယ်ပိုင် မှော်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သောကြောင့် ဖြစ်ပါသည်။

ဒါက ချီသန့်စင်ခြင်းအဆင့် ပဲစေ့ စစ်သည်တော်တစ်ယောက်၏ စွမ်းအား ဖြစ်ပါသည်။

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကလည်း ဝိညာဥ်ချီကို အားကိုးစရာ မလိုတော့ပါ။ အပြင်လောကမှ စွမ်းအင်ကို စုပ်ယူကာ မှော်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ပါသည်။

အခု ဒီပဲစေ့စစ်သည်တော်တွင်လည်း ထိုနည်းလည်းကောင်း စွမ်းရည်ရှိသည်။

ယဲ့ရှောင်ချန်း တိုးတိတ်စွာ ပျော်ရွှင်သွားရသည်။ ဒီလိုဆို ချီသန့်စင်ခြင်းအဆင့် ပဲစေ့ စစ်သည်တော်တစ်ယောက်ကို သူရရှိခဲ့တာ ဖြစ်သည်။

မှော်စွမ်းအင်ဖြင့် မထိန်းချုပ်နိုင်မှာကိုလည်း စိုးရိမ်စရာမလိုပေ။

"အခုချိန်ကစပြီး မင်းကို ထောင်ဟုန်လျို့လို့ ခေါ်မယ်။"

ယဲ့ရှောင်ချန်းက စွမ်းအားအကြီးဆုံး ပဲ့စေ့ စစ်သည်တော်ကို ပြောလိုက်ပါသည်။

"ဟုတ်ကဲ့ပါ သခင်လေး"

ချီသန့်စင်ခြင်းအဆင့် ပဲ့စေ့ စစ်သည်တော်က အမြန် ပြန်ပြောလိုက်ပါသည်။

အရင်တုန်းက ရှိခဲ့သမျှ မှတ်ဉာဏ်တွေအားလုံး သူ့မှာ ရှိနေဆဲဖြစ်သည်။ သို့သော် ပဲစေ့စစ်သည်တော်တစ်ယောက် ဖြစ်လာပြီးနောက် ယဲ့ရှောင်ချန်းကို ခုခံဖို့ အတွေးများ တွေးမရတော့ပါ။

ယဲ့ရှောင်ချန်း ပဲစေ့စစ်သည်တော်အား အမည်ပေးလိုက်သည်ကို မြင်သောအခါ လုတုန်ချမ်းတစ်ယောက် စွံ့အသွားရ၏။

တခြား ကိုယ်ပွားများအကြောင်း ထောင်ဟုန်လျို့အား ယဲ့ရှောင်ချန်း မေးလိုက်ပါသည်။

သေချာပေါက် ထောင်ဟုန်လျို့က တခြား ကိုယ်ပွားများနှင့် ဆက်နွယ်နေသည်။

ယဲ့ရှောင်ချန်း ဒါကို ကြားသောအခါ အံ့အားသင့်ပျော်ရွှင်သွားသည်။ ထို့နောက် တခြားကိုယ်ပွား လေးယောက်အား စခန်းသို့ အမြန်ပြန်လာစေဖို့ ထောင်ဟုန်လျို့အား အမိန့်ပေးလိုက်ပါသည်။

ဒီလိုဆို ပုန်းကွယ်နေသည့် အန္တရာယ်အားလုံးကို သူဖြေရှင်းနိုင်ပါသည်။

နောက်တစ်ဆင့်ကတော့ ရိုးရှင်း၏။

ယဲ့ရှောင်ချန်း ဒီမျိုးနွယ်စုကို လုံးဝ ထိန်းချုပ်လိုက်ပါသည်။

အင်မော်တယ် ပုံရိပ်ဂိုဏ်းသားများ ပြန်နိုးလာပြီး သူတို့၏ ဝိညာဥ်ဘိုးဘေးအား ယဲ့ရှောင်ချန်းက ထိန်းချုပ်ထားတာကို မြင်သောအခါ သူတို့ ယဲ့ရှောင်ချန်းထံ အညံ့သာ ခံနိုင်ပါတော့သည်။

ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းက အင်မော်တယ် ပုံရိပ်ဂိုဏ်းကို ထိန်းချုပ်နိုင်သွားခဲ့ပါသည်။ သူ့ နောက်ကွယ်က အင်မော်တယ် ပုံရိပ် မဟာမိတ်ပင် သူ့ထိန်းချုပ်မှုအောက် ကျရောက်လာခဲ့ပါသည်။

All Chapters