ပြန်လာခြင်း
Vol. 18 Ch. 257
တစ်ရက်ကြာပြီးသောအခါ ဘိုးဘေးဝိညာဥ်ကြီး၏ ပထမ ကိုယ်ပွားတစ်ယောက် ပြန်လာခဲ့သည်။ သူ့ကိုယ်ပွားက ကွမ်ပြည်နယ် ရှန်းယန်မြို့က အရာရှိတစ်ဦးဖြစ်သည့် ကျောင်းကျီဖြစ်သည်။
သူ့ခန္ဓာကိုယ်မှ ဘိုးဘေးဝိညာဥ် ကိုယ်ခွဲအား ယဲ့ရှောင်ချန်း ထုတ်ယူလိုက်သောအခါ ကျောင်းကျီ အသိစိတ် အပြည့်အဝ ပြန်ဝင်လာပါသည်။
ချောင်ရှင်းဟုန်တုန်းကလိုပဲ အရင်ကဖြစ်ပျက်ခဲ့သမျှ အားလုံးကို မှတ်မိကာ ယဲ့ရှောင်ချန်းကို ချက်ချင်း ကျေးဇူးတင်ပြီး နောက်ပိုင်း သူ့အသက်ကို ကယ်တင်ပေးသည့်အတွက် ကျေးဇူးပြန်ဆပ်ပါ့မည်ဟု သစ္စာဆိုသွားပါသည်။
နောက်တစ်နေ့ ဒုတိယကိုယ်ပွားတစ်ယောက် ပြန်လာခဲ့၏။ သူက အရှေ့တောင်အာရှ မြန်မာနိုင်ငံမှ အာဏာကြီး စစ်ဗိုလ်တစ်ဦး ဖြစ်သည်။ သူပြန်လာသောအခါ အထူးတပ်ဖွဲ့တစ်ဖွဲ့ကိုပါ ခေါ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် ယဲ့ရှောင်ချန်း၊ လုတုန်ချမ်းနှင့် ပဲစေ့စစ်သည်တော် သုံးယောက်တို့နှင် ရင်ဆိုင်လိုက်ရသောအခါ သူ ချက်ချင်း လက်နက်မဲ့သွားရပြီး ဘိုးဘေးဝိညာဥ်ကြီး၏ ကိုယ်ခွဲကိုလည်း အတင်းအကြပ် နှုတ်ယူခံလိုက်ရပါသည်။
စစ်ဗိုလ်ကြီး နိုးလာသောအခါ ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းကို ကျေးဇူးတင်လိုက်၏။
ယဲ့ရှောင်ချန်း သူ့နာမည်ကိုက သိပါသည်။ သူက စစ်သူကြီးစန္ဒာဖြစ်ပြီး သူ့လက်အောက်တွင် စစ်သည်ဗိုလ်ပါ ထောင်နှင့်ချီပြီး ရှိ၏။ သူက အလွန်အာဏာရှိပါသည်။
စန္ဒာက ကျေးဇူးတင်စွာဖြင့် ယဲ့ရှောင်ချန်း မြန်မာနိုင်ငံသို့ လာခဲ့လျှင် သူ့ထံလာရောက် လည်ပတ်ရမည်ဟု ယဲ့ရှောင်ချန်း ကျေးဇူးတင်စွာ ပြောလိုက်ပါသည်။ သူ့ကို ဂုဏ်သရေအရှိဆုံး ဧည့်ဝတ်ကျေပွန်မှုနှင့် ဧည့်ခံမည်ဟု ပြောခဲ့ပါသည်။
စန္ဒာ စစ်သားများနှင့် ပြန်သွားပြီး နေ့တစ်ဝက်လောက် အကြာတွင် ဘိုးဘေးဝိညာဥ်ကြီး၏ တတိယ ကိုယ်ပွား ပြန်လာခဲ့၏။
ထိုကိုယ်ပွာားက ထန်းပိုင်ချွမ်းဟု ခေါ်သည့် ရှန်းကျန်တွင် အလွန်ချမ်းသာသော လူတစ်ယောက် ဖြစ်ပါသည်။ ရှန်းကျန်တွင် အချမ်းသာဆုံး ထိပ်တန်း လူ ၁၀ ယောက်ထဲက တစ်ယောက် ဖြစ်ပါသည်။
စတုတ္ထ ကိုယ်ပွားက ချမ်းရွှေ့နန်ဟု ခေါ်သည့် အရှေ့မြောက်ပြည်နယ်သုံးခုက မာဖီးယားခေါင်းဆောင်တစ်ယောက် ဖြစ်ပါသည်။
ဒီတစ်ခါက်လည်း တောင်ပိုင်းသို့ သူနဲ့ အတူ လက်ရွေးစင် အုပ်စုတစ်စုကို ခေါ်လာခဲ့ပါသည်။
လူအုပ်စုနှစ်စုက တစ်ချိန်တည်း ရောက်လာကြသဖြင့် ကိုယ်ပွားများနှင့် ယဲ့ရှောင်ချန်း စာရင်းရှင်းပြီးချိန်တွင် ဒီနေရာသို့ ရောက်နေခဲ့တာ ၃ ရက်ရှိခဲ့ပြီဖြစ်သည်။
ကံကောင်းစွာဖြင့် စိုက်ပျိုးရေးခြံမြေပုံကို အသုံးပြုပြီး စိုက်ပျိုးရေးခြံအား ထိန်းသိမ်းနိုင်၏။ ထို့ကြောင့် ဘာမှ မစိုးရိမ်ပါ။
ပြဿနာအားလုံးကို ဖြေရှင်းပြီးသွားသောအခါ သူတို့အုပ်စု ရှေးဟောင်းရွာလေးထဲမှ ထွက်လာခဲ့သည်။
ချန်းရွှေ့နန်နှင့် ထန်းပိုင်ချွမ်းတို့က ပို့ဆောင်ယာဥ်များ ယူဆောင်လာကြသဖြင့် ထွက်ခွာဖို့ မခက်ခဲခဲ့ပါ။
နောက်ဆုံးတော့ သူတို့အုပ်စု ထုကောင်တီမြို့သို့ ရောက်လာကြသည်။ ဗိုက်အပြည့် စားသောက်ပြီးသွားကြသောအခါ လေဆိပ်ရှိသည့် အနီးဆုံး ကောင်တီမြို့ဖြစ်သော ရှန်းကောင်တီမြို့သို့ တန်းသွားခဲ့ပါသည်။
...
ခွန်မင်မြို့တော် လေဆိပ်။
လေယာဥ်မထွက်ခွာမီ။
"မစ္စတာယဲ့ ဒီတစ်ခေါက် ကူညီပေးတဲ့အတွက် ကျေးဇူးတင်လို့ကို မဆုံးပါဘူး။ နောက်ပိုင်း လိုအပ်လာတာရှိရင် ကျုပ်ကူညီနိုင်တာဆိုရင် အကောင်းဆုံး ကူညီပေးပါ့မယ်။"
ချန်းရွှေ့နန်က တဲ့တိုးသမား ဖြစ်သည်။ သူ့ကြွက်သားများက တောင့်တင်းခိုင်မာပြီး ချီစွမ်းအင်နှင့် သွေးကလည်း ကောင်းမွန်၏။ သူက စွမ်းအားကြီးသည့် သိုင်းပညာများ လေ့ကျင့်ထားတာ သိသာပါသည်။
သူက သိုင်းပညာကို ရှိုးထုတ်ဖို့သက်သက်မဟုတ်ဘဲ တကယ့် တိုက်ရေးခိုက်ရေး အစစ်အမှန်အတွက် ဖြစ်ပါသည်။
ချန်းရွှေ့နန်လို သိုင်းပညာရှင်တစ်ယောက်က အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တူသည်ဟု ဆိုနိုင်ပါသည်။ တစ်ခုတည်းသော ခြားနားချက်က သူတို့မှာ မှော်စွမ်းအင် မရှိခြင်းပင်။
၎င်းတို့၏ ခန္ဓာကိုယ်ထဲ အချိန်မရွေး ပေါ်နိုင် ပျောက်နိုင်သော လျှို့ဝှက်အားတစ်ခု ရှိသည်။ ၎င်း၏ အဖျက်စွမ်းအားက ထိတ်လန့်ဖို့ ကောင်းသည်။
ထို့ကြောင့် အတွင်းအားများ ပိုင်ဆိုင်သည့် သိုင်းပညာရှင်များက သာမန်လူများအကြားတွင် သေချာပေါက် အသန်မာဆုံး ဖြစ်ပါသည်။
ချန်းရွှေ့နန် ပြောစကားအရဆို သူတို့ထဲတွင် သိုင်းပညာရှင် အတော်လေး များသော်လည်း အတွင်းအား ကျင့်ကြံနိုင်သူ အလွန်နည်းပါးသည်။
အရှေ့မြောက် ပြည်နယ်သုံးခု၏ ခေါင်းဆောင်တစ်ယောက် သူ ဖြစ်လာရသည့် အကြောင်းအရင်းမှာာ ဒီအတွင်းအား ကျင့်ကြံမှုကြောင့် ဖြစ်ပါသည်။
အမှန်ပင် ချန်းရွှေ့နန်က ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့ကို ပိုမို လေးစားပါသည်။
အဘယ့်ကြောင့်ဆိုသော် ယဲ့ရှောင်ချန်းက ကြောက်စရာ အလွန်ကောင်းသည့် ထိုမိစ္ဆာဝိညာဥ်ကြီးကိုပင် နှိမ်နင်းနိုင်သောကြောင့် ဖြစ်ပါသည်။
လုတုန်ချမ်းနဲ့လည်း သူ တိုက်ခိုက်ဖူးသည်။ လုတုန်ချမ်း မှော်စွမ်းအင် အသုံးမပြုရင်တောင် ချန်းရွှေ့နန်ကို အလွယ်လေး နှိမ်နင်းနိုင်ပါသည်။
"မစ္စတာယဲ့ နောက်ပိုင်း ရှန်းကျန်ကို လာလည်ရင် ကျုပ်ကို လာရှာရမယ်နော်။"
ထန်းပိုင်ချွမ်းက အမြန်ပြောလိုက်ပါသည်။
"ဒါပေါ့ ဒါပေါ့။"
ယဲ့ရှောင်ချန်းက ပြုံးကာ ခေါင်းငြိမ့်လိုက်ပါသည်။
မကြာမီ ထန်းပိုင်ချွမ်းနှင့် ချန်းရွှေ့နန်တို့ အခြွေအရံများ ကာရံလျက် ထွက်သွားကြတော့သည်။
ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့လည်း နားနေခန်းထဲသို့ ဝင်လာခဲ့ကြသည်။
၃ နာရီကျော်ကြာသောအခါ။
လေယာဥ်တစ်စင်း ရှမြို့တော် ဟွမ်းဟွာလေဆိပ်တွင် ဆင်းလာသည်။
ရှမြို့တော်သို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ချန်း ရုတ်တရက် အလွန် ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရပါသည်။
ရက်အနည်းငယ်အတွင်း ယဲ့ရှောင်ချန်း အများကြီး ကြုံတွေ့ခဲ့ရသည်။
လေယာဥ်ပေါ်မှ ဆင်းပြီး သိပ်မကြာပါ။ ကားနှစ်စီး ရောက်လာ၏။
"မစ္စတာယဲ့ ပြန်လာပြီပဲ။"
ဆံပင်ကို သေသေသပ်သပ် ညှပ်ထားသည့် လူတစ်ယောက်က လျှောက်လာပြီး ယဲ့ရှောင်ချန်းကို အလေးပြုလိုက်ပါသည်။
သူ့အရှိန်အဝါက ခမ်းနားသည်။ သူ့မျက်လုံးများက စူးရှ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် အားနည်းသူ မဟုတ်မှန်း ပြောနိုင်ပါသည်။
တကယ်တော့ ဒီလူ့နာမည်က ကျန်းဟိုင်ဖြစ်ပြီး အထူးဌာနမှ ဖြစ်သည်။ ယဲ့ရှောင်ချန်းတို့ မိသားစုကို တိတ်တဆိတ် ကာကွယ်ပေးနေသူ ဖြစ်၏။
ယဲ့ရှောင်ချန်းအတွက် ကောင်တီမြို့က ခန့်အပ်ပေးထားသည့် ကိုယ်ရံတော် ဖြစ်ပါသည်။
အမှန်ပင်။ ယဲ့ရှောင်ချန်းက သူ့နောက် အလိုက်ခံရတာကို မကြိုက်ပါ။ ထို့ကြောင့် သူတို့ ခပ်လှမ်းလှမ်းမှသာ လိုက်လေ့ ရှိသည်။
ဒီတစ်ခေါက် ယဲ့ရှောင်ချန်းက ခရီးသွား ခေါင်းစဥ်ဖြင့် ယွမ်ပြည်နယ်သို့ သွားရောက်ခဲ့သည်။ သိ့သော် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းကို အသုံးပြုကာ ကျန်းဟိုင်နှင့် တခြားသူများကို မျက်ခြေဖြတ်ခဲ့ပါသည်။
ယဲ့ရှောင်ချန်း၏ လက်ရှိ ထိခိုက်လွယ်သော သရုပ်မှန်ကြောင့် နိုင်ငံခြားသွားဖို့က ခက်ခဲပါသည်။ လုပ်ငန်းစဥ်များက အလွန်ရှုပ်ထွေး၏။
"ဟားဟာား ကျန်းဟိုင် ကျွန်တော် ဒုက္ခပေးမိပြီထင်တယ်နော်။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။
ကျန်းဟိုင်က မဲ့ပြုံးပြုံးလိုက်၏။
သို့သော်လည်း ယဲ့ရှောင်ချန်း ဘေးကင်းကင်း ပြန်ရောက်လာတာကို မြင်သောအခါ သူ စိတ်အေးသွားပါသည်။
ယဲ့ရှောင်ချန်းသာ တစ်ခုခု ဖြစ်သွားပါက သူ့တာဝန် ဖြစ်သွားပါလိမ့်မည်။
"အင်း ဒါက မတော်တဆတစ်ခုပါလေ။ ထပ်မဖြစ်စေရပါဘူး။ ဒီတစ်ခေါက် ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ အသေးစိတ်ကိုတော့ အထက်လူကြီးတွေကိုပဲ ပြောလိုက်တော့မယ်နော်။"
ယဲ့ရှောင်ချန်းက ကျန်းဟိုင်၏ ပခုံးကို ပုတ်ကာ ပြုံးလိုက်ပါသည်။
လုတုန်ချမ်း၏ မျက်နှာက ခံစားချက် ကင်းမဲ့နေပြီး ဘာမှ မပြောပါ။
မကြာမီ သူတို့နှစ်ယောက် ကားထဲဝင်လာခဲ့ကြ၏။
ထို့နောက် ကားစက်နှိုးလိုက်ပြီး လေဆိပ်ထဲမှ ထွက်လာကြသည်။
သူတို့ ယန်မြို့တော်ကို ရောက်တာနဲ့ ယဲ့ရှောင်ချန်းထံသို့ ကျန်းဟုန်ယဲ့၏ ဖုန်းဝင်လာသည်။
"ရှောင်ချန်း နင် တော်တော်လွန်တာပဲ။ ဘာမှ မပြောမဆိုဘဲ ဘယ်ကိုပျောက်သွားတာလဲ။"
ကျန်းဟုန်ယဲ့က အပြစ်တင်လိုက်၏။
ယဲ့ရှောင်ချန််းက ယခု ယန်မြို့တော်၏ ရတနာတစ်ခု ဖြစ်နေပါပြီ။ သူသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ယန်မြို့တော် ဘာဖြစ်သွားမည်နည်း။
"အဟမ်း... အစ်မကျန်း။ ကျွန်တော် အနားသွားယူတာပါ။"
ယဲ့ရှောင်ချန်းက ချောင်းဟန့်ကာ ပြောလိုက်သည်။
"ဟုတ်ပါပြီ။ နောက်တစ်ခါကျရင်တော့ ဂရုစိုက်ပါ။ နင်အပြင်သွားရင် လူနည်းနည်း ခေါ်သွားချေ။"
ကျန်းဟုန်ယဲ့က ပြောလိုက်၏။
"ကျွန်တော် နားလည်ပါတယ်။ နောက်ကျရင် ဂရုစိုက်ပါ့မယ်။"
ယဲ့ရှောင်ချန်းက အမြန်ပြောလိုက်သည်။
သူ သုတေသနအဖွဲ့အစည်းသို့ မသွားခဲ့ပါ။။ ထို့အစား ဝမ်ရွှေရှန့်၏ ဗီလာသို့ သွားခဲ့ပါသည်။
အိမ်ကိုလည်း ဖုန်းဆက်ပြီး သူ ဘေးကင်းကြောင်း ပြောခဲ့သေး၏။
ယဲ့ရှောင်ချန်း ခရီးထွက်သွားသည်ဟု သူ့မိဘများ ထင်ထားသဖြင့် သိပ်ပြီး စိတ်မပူခဲ့ကြပါ။
ဝမ်ရှင်းယီ နေထိုင်သော ခြံဝန်းထဲတွင်။
ယဲ့ရှောင်ချန်း ခြံဝန်း၏ ဝင်ပေါက်သို့ ရောက်ရောက်ချင်း စန္ဒရားအသံနှင့် ဝမ်ရှင်းယီ၏ သီချင်းဆိုသံတို့ကို ကြားလိုက်ရပါသည်။
သူမ၏ အသံက အလွန်နူးညံ့ပြီး စိတ်လှုပ်ရှားဖို့ ကောင်းသည်။ အလွန်ချိုမြိန်ကာ နားထောင်လို့လည်း ကောင်းပါသည်။
အရင်တုန်းကလို ထစ်ငေါ့မှု၊ တောင့်တင်းမှုများလည်း မရှိတော့ပါ။
သူမ ကြားနိုင်၊ ပြောနိုင်လာကတည်းက သူမ၏ အသံကို လေ့ကျင့်ခဲ့၏။
အကောင်းဆုံး နည်းလမ်းကတော့ သီချင်းဆိုနေဖို့ ဖြစ်သည်။
ထို့အပြင် သူမကလည်း သီချင်းနားထောင်ရတာ၊ ဆိုရတာကို သဘောကျသည်။ စန္ဒရား ဘယ်လို တီးရမလဲဆိုတာကို လူကိုယ်တိုင်ပင် သင်ယူခဲ့သည်။
ဝမ်ရှင်းယီ ဒီလောက် ပါရမီရှိပြီး အလွန် လျင်မြန်စွာ သင်ယူနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။
အခု စန္ဒရားသံကို ကြားလိုက်ရမှ သူမ အလွန် ချောမွေ့စွာ တီးခတ်နိုင်မှန်း သိလိုက်ရပါသည်။
ယဲ့ရှောင်ချန်း အချိန်အကြာကြီး ရပ်နားထောင်ခဲ့သည်။ စန္ဒရားအသံတိတ်သွားသောအခါ တံခါးကို တွန်းဖွင့်ရင်း ဝင်လာခဲ့သည်။
"ရှင်းယီ ခင်ဗျားရဲ့ သီချင်းဆိုသုံနဲ့ စန္ဒရားတီးသံတွေက ပိုပိုပြီး ကောင်းလာပြီပဲ။"
ယဲ့ရှောင်ချန်းက ဝင်လာပြီး ဝမ်ရှင်းယီအား ပြုံးကာ ပြောလိုက်ပါသည်။
"ရှောင်ချန်း ပြန်လာပြီပဲ။"
ယဲ့ရှောင်ချန်းကို မြင်သောအခါ ဝမ်ရှင်းယီ၏ လှပသော မျက်နှာပေါ်တွင် ပျော်ရွှင်နေသည့် အပြုံးတစ်ခု ပေါ်လာသည်။
"ကျွန်တော့်ကို လွမ်းနေတာလား။"
ယဲ့ရှောင်ချန်း ပြုံးကာ ပြောလိုက်ပါသည်။
"ရှင်ကော..."
ဝမ်ရှင်းယီကလည်း ပြန်မေးလိုက်သည်။
"ဒါပေါ့။ ပြန်ရောက်တာနဲ့ ဒီကိုပဲ ချက်ချင်းလာခဲ့တာလေ။"
ယဲ့ရှောင်ချန်း ပြောလိုက်ပါသည်။
ဝမ်ရှင်းယီ နှလုံးသားထဲ ချိုမြိန်သွားပါသည်။
ယဲ့ရှောင်ချန်း ဝမ်ရှင်းယီ၏ နားရောဂါကို ကုသပေးပြီးကတည်းက သူတို့နှစ်ဦး၏ ဆက်ဆံရေး အလွန်လျင်မြန်စွာပဲ နွေးထွေးလာခဲ့ပါသည်။
စကား ခဏလောက် ပြောပြီးသွားသောအခါ ယဲ့ရှောင်ချန်း စန္ဒရားရှေ့တွင် ထိုင်ကာ ခလုတ်များကို ထိကြည့်လိုက်သည်။
လျန်ဝမ်ကျင်းထံမှ တေးသွားဖတ်နည်းများ သင်ကြားပြီးကတည်းက တခြား နယ်ပယ်များတွင်လည်း တီးမိခေါက်မိရှိလာပြီ ဖြစ်ပါသည်။
ပလွေ၊ ဂစ်တာနှင့် စန္ဒရားများ တီးမှုတ်နည်းတို့ကို သင်ယူခဲ့ပါသည်။
အမှန်ပင်။ အကျွမ်းကျင်ကြီး မဟုတ်သော်လည်း လက်ရှိသင်ယူနိုင်စွမ်းဖြင့် အတော်လေး လွယ်ကူလှပါသည်။
ယခု ဝမ်ရှင်းယီ၏ စန္ဒရားတီးနိုင်စွမ်းနှင့် သီချင်းဆိုနိုင်စွမ်းတို့မှာ ယဲ့ရှောင်ချန်း၏ ကျေးဇူးကြောင့် ဖြစ်ပါသည်။
ခလုတ်များကို နူးညံ့စွာ ဖိနှိပ်လိုက်သောအခါ စန္ဒရားသံလေးက စီးဆင်းနေသော ရေများလို ထွက်လာခဲ့ပါသည်။