← Chapters

အပင်ဝိညာ်

Vol. 18 Ch. 259

အပင်ဝိညာ်

Vol. 18 Ch. 259

စိုက်ပျိုးရေးခြံ၏ တစ်နေရာရာတွင် လုတုန်ချမ်းတစ်ယောက် သူ့ကိုယ်ထဲက ဝိညာဥ်စွမ်းအင်ကို သန့်စင်ဖို့ အကောင်းဆုံး ကြိုးစားရင်း ခြေပုလ္လင်ခွေကာ ထိုင်နေပါသည်။

ပြီးခဲ့သည့် ၂ ရက်စလုံး သူဘယ်မှ မသွားခဲ့ဘဲ ဝိညာဥ်စွမ်းအင် သန့်စင်ဖို့ကိုသာ အာရုံစိုက်ခဲ့ပါသည်။

ထိုဝိညာဥ်စွမ်းအင်၏ အရည်အသွေးက တကယ်မြင့်မားပြီး ထူးဆန်းသည့် ဂုဏ်သတ္တိ တစ်ခုလည်း ရှိပါသည်။

ကျင့်ကြံမှုကို သူ မရပ်တန့်နိုင်တော့ပါ။

အခြေအုတ်မြစ် တည်ဆောက်မှု ပြီးပြည့်စုံခြင်း အတိုင်းအတာကို ပိုပိုပြီး နီးကပ်လာပြီဟု သူ ခံစားနေရသည်။

ရုတ်တရက် စိုက်ပျိုးရေးခြံကြီး တစ်ခုလုံးထဲက အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်။ ကြောက်စရာကောင်းသည့် အတွင်းအားကြီးတစ်ခုကို ထုတ်လွှတ်လိုက်သလိုပဲ။

ဒီအတွင်းအားက တကယ်တော့ သူ့အဆင့် ဖောက်ထွက်မှုအတွက် စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်သော တွန်းအားတစ်ခုကို ဖြစ်တည်ခဲ့စေသည်။

ဂျွတ်...

သူ့ခန္ဓာကိုယ်ထဲက အကာအရံတစ်ခု ကျိုးပဲ့သွားသလိုပင်။

ဗွမ်း…

ပိုများသော ပေါက်ထွက်နေသည့် မှော်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲက ထွက်လာပြီး ဒန်တန်ထဲတွင် စုစည်းကုန်ကြ၏။ သူ့ ဒန်တန်ထဲက မှော်စွမ်းအင်ကို ရေကန်ငယ်လေးတစ်ခု ဖြစ်လာစေသည်။

သူ့မှော်စွမ်းအင်က ၃ ဆ ၅ ဆလောက် တိုးမြင့်သွားပုံရသည်။

ဒါက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးပြည့်စုံခြင်းအဆင့်၏ ခံစားချက် ဖြစ်ပါသည်။

လုတုန်ချမ်းတစ်ယောက် သူ့မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်ပြီး ထိုနေရာက ခံစားချက်ကို အံ့အားသင့်စွာ ခံစားလိုရသည်။ အရင်ကထက်ပင် ထင်ရှားလာသည်ကို တွေ့လိုက်ရပါသည်။

သူ့မှော်စွမ်းအင် လည်ပတ်မှုကတောင် ပိုမို ပြင်းထန်လာသလိုပင်။

ရုတ်တရက်ဆိုသလို သူ့ထံသို့ ချဥ်းကပ်လာသည့် လူတစ်ယောက်ကို အာရုံခံလိုက်မိ၏။ သူ လှမ်းကြည့်လိုက်သောအခါ ယဲ့ရှောင်ချန်း ဖြစ်နေသည်။

"မစ္စတာယဲ့"

လုတုန်ချမ်းက သူ့ကို အမြန် နှုတ်ဆက်လိုက်ပါသည်။

စိုက်ပျိုးရေးခြံထဲက ပြောင်းလဲမှုကြီးက ယဲ့ရှောင်ချန်း၏ လက်ချက်ဖြစ်မှန်း သူသိပါသည်။

ဒီလိုဖြစ်လာလေလေ ယဲ့ရှောင်ချန်းကို ရင်ထဲတွင် သူ ပိုပြီး လေးစားလာလေလေ ဖြစ်သည်။

သူက ဆန်းကြယ်မှုများစွာနှင့် နားလည်ရခက်သော လူတစ်ယောက်ပင်။

"ဟားဟား တုန်လေး။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးပြည့်စုံအဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ။"

ယဲ့ရှောင်ချန်း ပြုံးလိုက်သည်။

ဒါက သူ့စိုက်ပျိုးရေးခြံဖြစ်သည်။ လုတုန်ချမ်း၏ အဆင့်တက်မှုကြောင့် ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကို သူ ချက်ချင်း အာရုံခံမိခဲ့ပါသည်။

ခြံစည်းရိုးအား အဆင့်မြှင့်တင်လိုက်ပြီးနောက် စိုက်ပျိုးရေးခြံထဲက အင်မော်တယ် ဝိညာဥ်စွမ်းအင်က ပို၍ပင် သန်မာလာသည်ဟု ခန့်မှန်းမိ၏။ ထို့ကြောင့် လုတုန်ချမ်း အဆင့်တက်ဖို့အတွက် အားကောင်းသည့် ထောက်ပံ့အားတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

"မစ္စတာယဲ့။ အားလုံး မင်းကျေးဇူးကြောင့်ပါပဲ။ မင်းကြောင့်သာမဟုတ်ရင် ငါအဆင့်တက်နိုင်ပါ့မလားတောင် မသိပါဘူး"

လုတုန်ချမ်းက နှစ်နှစ်ကာကာ ပြောလိုက်ပါသည်။

ကျင့်ကြံခြင်း လောကတွင် သူ ဆက်နေထိုင်ပါက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးပြည့်စုံ အဆင့်ကို သူရောက်နိုင်သည်။ သို့သော် ၁၀ နှစ်ကျော် သို့မဟုတ် ဆယ်စုနှစ်ပေါင်း များစွာတောင် ကြာမြင့်နိုင်ပါသည်။

ထိုအချိန်ရောက်လျှင် သူ့စိတ်နှင့် ခန္ဓာတို့က အဆုံးစွန်တွင် ရှိမနေတော့ဘဲ အသက်ကြီးသွားနိုင်ပါသည်။

ထို့ကြောင့် သူချီစွမ်းအင်သန့်စင် အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက်မရှိပါ။

အခုသူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်၏ အထွတ်အထိပ်တွင် ရောက်နေပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ကလည်း သန်မာကာ စိတ်ကလည်း အမြင့်ဆုံးတွင် ရောက်နေပြီ ဖြစ်သည်။ ချီသန့်စင်ခြင်းအဆင့်ကို ရောက်နိုင်ခြေက အများကြီး ပိုမြင့်လာခဲ့ပါပြီ။

"ကောင်းပါပြီ။ ဆက်ကြိုးစားပါ။"

ယဲ့ရှောင်ချန်းက အားရစွာ ခေါင်းငြိမ့်လိုက်ပါသည်။

"စကားမစပ် နောက်ပိုင်း မင်းအပြင်ထွက်ပြီး သာမန် လောကထဲ ရောက်လာတဲ့ မင်းရဲ့တခြား အပေါင်းအပါတွေကို ဆက်သွယ်နိုင်မလား ရှာကြည့်ပါဦး။"

ယဲ့ရှောင်ချန်းက ရုတ်တရက် ပြောလိုက်ပါသည်။

လုတုန်ချမ်း အနည်းငယ် တွန့်ဆုတ်သွား၏။ ရိုးရိုးသားသား ပြောရလျှင် သူ မလုပ်ချင်ပါ။

ဒီလောက်ကောင်းသည့်အရာကို သူများတွေနဲ့ ဘယ်လိုလုပ် မျှဝေချင်မှာလဲ။

လူတွေများလွန်းပါက ဒီက အရည်အသွေးမြင့် ဝိညာဥ်စွမ်းအင်များ ပိုင်းခြားသွားပြီး သူ အရှုံးကြီး ရှုံးမသွားနိုင်ဘူးလား။

"စိတ်မပူပါနဲ့။ မင်းအတွက် ဝိညာဥ်စွမ်းအင် ထောက်ပံ့မှုကို ငါဦးစားပေးမှာပါ။ ပြီးတော့လည်း မင်း သူတို့ထဲက တစ်ယောက်နဲ့ ဆက်သွယ်နိုင်တိုင်း မင်းကို ဆုချမယ်။"

ယဲ့ရှောင်ချန်းက သကြားလုံးဖြင့် ကလေးတစ်ယောက်ကို လှည့်ဖြားဖို့ ကြိုးစားနေသော ဦးလေးကြီးတစ်ယောက်နှင့် တူနေသည်။

လုတုန်ချမ်းက ကလေး မဟုတ်သော်လည်း ယဲ့ရှောင်ချန်း၏ ဆုတွေကိုတော့ လိုချင်မိပါသည်။

ဒီလိုဝိညာဥ်သစ်သီးမျိုးကိုသာ နည်းနည်းလောက် ထပ်စားလိုက်ရလျှင် သေချာပေါက် သူ့ကျင့်ကြံမှုကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။

ချက်ချင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "တကယ်တော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ နည်းလမ်း ရှိပါတယ်။"

ယဲ့ရှောင်ချန်းက လုတုန်ချမ်းကို စိုက်ကြည့်နေသဖြင့် အနည်းငယ် ရှက်သွားသည်။ "ဒီကို ရောက်လာကတည်းက ငါသူတို့နဲ့ မဆက်သွယ်ရသေးဘူး။"

သူ့ဆိုလိုရင်းက သိသာပါသည်။ တခြားသူများနှင့် မဆက်သွယ်ရခြင်းမှာ ဒီကအခွင့်ထူးများကို သိသွားမှာ စိုးရိမ်သောကြောင့်ဖြစ်ပါသည်။

"ရပါတယ်။ ရှက်မနေပါနဲ့။"

ယဲ့ရှောင်ချန်း သူ့ပခုံးအား ပုတ်လိုက်သည်။

ဒီအခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူများအား သူရှာချင်ရသည့် အကြောင်းအရင်းက စိုက်ပျိုးရေးပညာရှင်များ ရှိမလား သိချင်၍ဖြစ်ရုံသာမကဘဲ သူ့ကိုယ်ပိုင် အားအင်တစ်ခုကို တည်ဆောက်ဖို့ ဖြစ်ပါသည်။

ပြောရမည်ဆိုလျှင် မော်တယ် လောကသို့ ရောက်လာသော ထိုအခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူများက ကျင့်ကြံခြင်းလောကသို့ ပြန်ရနိုင်ခြေ နည်းပါးသည်။

လောကနှစ်ခုအကြား လမ်းကြောင်းက ပိတ်ဆို့ထားသောကြောင့်ဖြစ်သည်။ နယ်နိမိတ်ချိုးဖျက်အဆောင်ရှိမှဖြစ်ပေမည်။

ပြဿနာက သူတို့တွင် တစ်လမ်းသွား လက်မှတ်များသာ ရှိပြီး အိမ်ပြန်ဖို့ လက်မှတ် မရှိတော့ပါ။

ထို့အပြင် နယ်နိမိတ်ချိုးဖျက်အဆောင်က သူတို့ ကျင့်ကြံခြင်းအဆင့်နှင့် အသုံးပြုနိုင်သည့် အရာ မဟုတ်ပါ။

ဒါက သူ အကြိမ်ကြိမ် တွေးနေမိသော နောက်ထပ် အရာတစ်ခုလည်း ဖြစ်သည်။ အင်မော်တယ် ကျင့်ကြံခြင်းလောကက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူတွေကို မော်တယ်လောကဆီပို့ပြီး နယ်နိမိတ်ချိုးဖျက်အဆောင်တွေကိုတောင် သုံးခဲ့ရတာလဲ။

ထို့အပြင် ဘာကြောင့် ဒီလို အဆင့်နိမ့် ကျင့်ကြံသူတွေကို သုံးခဲ့ရတာလဲ။

အဖြေက ရှင်းမနေဘူးလား။

ယဲ့ရှောင်ချန်းက ငတုံး မဟုတ်ပါ။ အင်မော်တယ် လောကက သူ့အတွက် နောက်လိုက်များ ရွေးချယ်ပေးနေခြင်း ဖြစ်သည်။

ဒီလိုဆိုမှတော့ အားလုံးကို သူ့လက်အောက်ထဲ မသွပ်သွင်းစရာ အကြောင်း ရှိပါဦးမလား။

လုတုန်ချမ်းမှာ ဘာကြောင့် စိုက်ပျိုးရေး ပါရမီရှိနေသလဲဟု ယဲ့ရှောင်ချန်း တွေးနေမိခဲ့သည်။

မဟုတ်မှလွဲရော ကျန်အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူ ၃၀ကျော်အားလုံးမှာလည်း စိုက်ပျိုးရေးပါရမီများ ရှိနေကြသလား။

လုတုန်ချမ်း၏ ပြောစကားအရ လူရွေးချယ်ပွဲတွင် သူတို့အား တကယ်ပဲ အင်မော်တယ် လောကက စမ်းသပ်ခဲ့ပါသည်။

အင်မော်တယ် လောက၏ ဧကရာဇ်၏ ခွင့်ပြုချက်ရမှသာ မော်တယ် လောကထဲသို့ ပို့ဆောင်နိုင်မည် ဖြစ်သည်။

ဒီလိုသာဆို တခြားသူတွေမှာလည်း စိုက်ပျိုးရေး ပါရမီရှိနိုင်တာ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် လုတုန်ချမ်းအား တခြား ကျင့်ကြံသူများကို ရှာဖွေခေါ်ယူဖို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ယခု သူ့တွင် ချီသန့်စင်ခြင်းအဆင့် ပဲစေ့စစ်သည်တော် နှစ်ယောက်ရှိနေပြီ ဖြစ်သဖြင့် ကျင့်ကြံသူတွေက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ အင်အားသုံးပြီး ဖိနှိပ်နိုင်ပါသည်။

ထို့အပြင် ဒီကျင့်ကြံသူများက ဒီလိုမက်လုံးများကို တောင့်ခံနိုင်မည် မဟုတ်ပါဟုလည်း သူ ယုံကြည်ပါသည်။

ဒီလိုစဥ်းစားပြီး ယဲ့ရှောင်ချန်း ပျော်ရွှင်သွားခဲ့၏။

အင်မော်တယ် မြေကွက်သို့ ပြန်ရောက်သောအခါ။

ယဲ့ရှောင်ချန်းသည် သူ ပလွေမမှုတ်ရတာ ကြာပြီ ဖြစ်ကြောင်း သတိရသွားသည်။

ဝါးပလွေလေးကို ထုတ်ကာ စမှုတ်လိုက်ပါသည်။

သာယာသော ပလွေသံလေးက စိုက်ပျိုးရေးခြံတွင် ပျံ့နှံ့သွား၏။ အင်မော်တယ် အပင်များစွာက ကခုန်နေသလိုမျိုး ယိမ်းယိုင်နေကြပါသည်။

သို့သော်လည်း ပလွေသံက စိုက်ပျိုးရေးခြံ ပြင်ပသို့ ထွက်မသွားပါ။ ကြည့်ရတာ စိုက်ပျိုးရေးခြံ ခြံစည်းရိုးများတွင် အသံလုံသည့် အာနိသင်ရှိသည့်ပုံပင်။

သို့မဟုတ် စိုက်ပျိုးရေးခြံတစ်ခြံလုံး၏ အရှိန်အဝါက မမြင်နိုင်သည့် အကာအရံတစ်ခုကို ဖြစ်တည်စေပြီး အတွင်းဘက်နှင့် အပြင်ဘက်ကို ပိုင်းခြားထားသည်ဟု ဆိုနိုင်၏။

လုတုန်ချမ်းက တိတ်ဆိတ်စွာ နားထောင်နေသည်။

သူက ဒီပလွေသံကို နားထောင်ရတာ သဘောကျပါသည်။

ဒီလို သာယာသည့် ပလွေသံမျိုးဖြင့်ဆို သူ့မှော်စွမ်းအင်များ အလွန် တက်ကြွနေသည်ဟု ခံစားရ၏။

အချိန်ဘယ်လောက်တောင် ကြာသွားသလဲ မသိပါ။

ယဲ့ရှောင်ချန်း၏ ပလွေသံက ဆက်တိုက် ပျံ့လွင့်နေပြီး အခုထိ မရပ်သေးပေ။

ထိုအချိန်တွင် သူ့ဒန်တန်ထဲ့က မှော်စွမ်းအင် ပုံဆောင်ခဲမှာ အတိုင်းအတာ တစ်ခုထိ ရောက်သွားပြီဟု ယဲ့ရှောင်ချန်း ခံစားလိုက်ရပါသည်။

အပင်များကို ဝိညာဥ်အဖြစ် ပြောင်းလဲတော့မလို့ ဖြစ်သည်။

ပလွေမှုတ်ဖို့ အကြံပေါ်လာခြင်းကြောင့် သူ အဆင့်တက်သွားလိမ့်မည်ဟု ယဲ့ရှောင်ချန်း မထင်ခဲ့ပါ။

ထပ်ခါထပ်ခါ မှုတ်လိုက်သောအခါ စိုက်ပျိုးရေးခြံ တစ်ခြံလုံးက အင်မော်တယ် ချီစွမ်းအင်များက သူ့ဘေးပတ်လည်တွင် ဝန်းရံ စုဆောင်းလာကြသည်ဟု ခံစားရသည်။

အထူးသဖြင့် အင်မော်တယ် အပင်တစ်ချို့မှ အပင်စွမ်းအင် များစွာက အလင်းစက်များအဖြစ် ပြောင်းလဲသွားကာ သူ့ထံသို့ ပျံလာကြပြီး ထူးဆန်းသည့် အလင်းဝိုင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ဂျွတ်....

မှော်စွမ်းအင် ပုံဆောင်ခဲ ရုတ်တရက် အက်ကွဲသွားသည်။

ဒါက ကွဲထွက်ခြင်း မဟုတ်ပါ။

သဘာဝအတိုင်း ပေါက်ထွက်ခြင်း တမျိုး ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် မျိုးစေ့ အပင်ပေါက်လာပြီ ဖြစ်သောကြောင့်ပင်။

မြက်ပင်နှင့် တူသည့် အပင်ပေါက် တစ်ခုက အက်ကွဲနေသည့် မှော်စွမ်းအင် ပုံဆောင်ခဲထဲမှ ထွက်လာခဲ့သည်။

နောက်ဆုံးတွင် မှော်စွမ်းအင် ပုံဆောင်ခဲ ပျောက်ကွယ်သွားပြီး ထူးဆန်းသည့် အပင်တစ်ခုသာ ကျန်ခဲ့တော့သည်။

ထိုအပင်က သူဒန်တန်ထဲ အမြစ်တွယ်ပြီး ဝိညာဥ်ချီများစွာကို စုပ်ယူကာ ဖြည်းညှင်းစွာ ဖွံ့ဖြိုးလာ၏။

အပင်မှ ဝိညာဥ်ပြောင်းလဲခြင်း။

နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီ။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အလယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ယဲ့ရှောင်ချန်း သိလိုက်ရပါတော့သည်။

All Chapters