← Chapters

အလုပ်အကိုင်

Vol. 18 Ch. 263

အလုပ်အကိုင်

Vol. 18 Ch. 263

ယဲ့ရှောင်ချန်းက သူ့လက်ရှိ အစွမ်းအစဖြင့် အင်မော်တယ် မြေကွက် သံလိုက်စက်ကွင်း၏ အာနိသင်များကို မစစ်ဆေးနိုင်သေးပါ။ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်လာပြီး နတ်အာရုံတစ်ခုကို ရရှိမှ အသေးစိတ် အကျဆုံး လေ့လာဆန်းစစ်မှုများကို ဆောင်ရွက်နိုင်က်ာ အဏုမြူလောကထဲ သုတေသနလုပ်နိုင်မည်ဖြစ်၏။

သူကလက်ရှိတွင် အပင်အသိစိတ်ကို သူ့စိတ်ပညာ ပါရမီဖြင့် ဆက်သွယ်နေခြင်း ဖြစ်၏။ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို အနံ့၊ အထိအတွေ့၊ အကြည့်၊ အကြားအာရုံတို့ဖြင့် ကုသပေးနေခြင်းနှင့် ဆင်တူသည်။

ဆရာဝန်၏ ဆေးပညာစွမ်းရည်ကို စမ်းသပ်ခြင်းလည်း ဖြစ်၏။

ဆေးဝါးကိရိယာမျိုးစံရှိလျှင်တော့ ဆရာဝန်မှာ လူနာ၏ အခြေအနေကို တိတိကျကျ နားလည်နိုင်ပါသည်။

နောက်ထပ် ရက်အနည်းငယ်အထိ ဒီကဏ္ဍကို စမ်းသပ်ဖို့သာ ယဲ့ရှောင်ချန်း အချိန်ဖြုန်းခဲ့ပါသည်။

သုတေသန အဖွဲ့အစည်းမှ သန္ဓေပြောင်းလဲနေသည့် အထူးစပါးပင်ကိုလည်း သေသေချာချာ စောင့်ကြည့်နေသည်။

လောလောဆယ်တော့ အခြေအနေကို မကြည့်နိုင်သေးပါ။

တစ်ရက်တော့ လုတုန်ချမ်းက ထိုလူ ယန်မြို့တော်တွင် ရောက်လာပြီဟု ယဲ့ရှောင်ချန်းကို ပြောခဲ့ပါသည်။

ယဲ့ရှောင်ချန််း သိထားပုံအရတော့ မော်တယ် လောကထဲ ရောက်လာသည့် ကျင့်ကြံသူ ၃၆ ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နိုင်သော်လည်း တစ်ယောက်ကို တစ်ယောက် သတိထားကြ၏။ တချို့ဂိုဏ်းများက အချင်းချင်း ရန်ငြှိုးပင် ရှိကြသည်။

သူတို့နှင့် ဆက်သွယ်ဖို့က အလွန်ခက်ခဲ၏။ တချို့လူများက အခြားသူများကို ဆက်ပင် မဆက်သွယ်ချင်ကြပါ။

ဥပမာအားဖြင့် လုတုံချန််းက တခြားသူများကို ဆက်သွယ်ဖို့ တစ်ခါမှ မစဥ်းစားဖူးပေ။

အားလုံးက နတ်မျိုးစေ့ စီမံကိန်းကြောင့် မော်တယ် လောကသို့ ရောက်လာပြီးသောအခါ အင်မော်တယ် ကျင့်ကြံခြင်းလောကသို့ ပြန်ဖို့ဆိုတာ ခက်ခဲသွားပြီ ဖြစ်ကြောင်း သိကြသည်။

၎င်းတို့၏ သက်တမ်းအတွင်း မအောင်မြင်နိုင်တာတောင် ရှိသည်။ ထို့အပြင် မော်တယ် လောကထဲတွင် အသက်အရွယ် ကြီးရင့်မှုကြောင့် သေဆုံးသွားနိုင်ကြ၏။

ထို့ကြောင့် လူများစွာက တခြား အစီအစဥ်များရှိကြပါသည်။

လက်ဖက်ရည် အိမ်တစ်လုံးတွင်…

ယဲ့ရှောင်ချန်းက လုတုန်ချမ်း ဆက်သွယ်ထားသည့် မောင်ရှန်းဂိုဏ်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် တပည့်ကို တွေ့ခဲ့ပါသည်။

အဆိုပါသူက မိန်းကလေးတစ်ဦးဖြစ်၏။

သူမသည် အလွန်အမင်း မလှပသော်လည်း အလွန် ဆွဲဆောင်မှု ရှိပါသည်။ သူမ၏ အရှိန်အဝါတစ်ခုတည်းနှင့် ယောက်ျားများစွာကို ဆွဲဆောင်နိုင်သည်။

ယဲ့ရှောင်ချန်းက စစတွေ့ချင်းမှာပင် ပါရမီမျက်လုံးကို အသုံးပြုခဲ့ပြီး သူမတွင် ကျွမ်းကျင်အဆင့် ပါရမီ ရှိနေမှန်း တွေ့လိုက်ရပါသည်။

သူ ရင်ခုန်သွားသည်။ မဟုတ်မှလွဲရော အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ရောက်လာသူတိုင်းက ကျွမ်းကျင်အဆင့် စိုက်ပျိုးရေး ပါရမီ ရှိသူတွေပဲလား။

ဒီလိုဆိုရင် အလွန် ကောင်းမွန်နိုင်ပါသည်။

"ဟယ်လို ကျွန်တော်က ယဲ့ရှောင်ချန်းပါ။"

ယဲ့ရှောင်ချန်းက လက်ကမ်းပေးလိုက်၏။

ကောင်မလေးကတော့ လက်ဆွဲနှုတ်ဆက်ဖို့ စိတ်ကူး မရှိပေ။ ထိုအခါမှ သူမက မော်တယ် လောကမှ မဟုတ်ဘဲ လက်ဆွဲနှုတ်ဆက်ဖို့ ဂရုမစိုက်မှန်း ယဲ့ရှောင်ချန်း နားလည်သွားပါသည်။

"ကျွန်မက လျန်ယူကျူးပါ။"

ကောင်မလေးက ခေတ်သစ် ဖက်ရှင်မျိုးကို ဝတ်ဆင်ထားသည်။ သူမ၏ အရှိန်အဝါက လွဲပြီး သူမနှင့် မော်တယ် လောကမှ မိန်းကလေးတစ်ဦးကြား ခြားနားမှု သိပ်မရှိပေ။

သူမ၏ လက်ထဲမှာ ဖုန်းတစ်လုံး ကိုင်ထားပြီး နားထဲတွင် နားကြပ်လည်း တပ်ထား၏။ သီချင်း နားထောင်နေသည့်ပုံပင်။

တစ်ဖက်တွင်တော့ လုတုန်ချမ်း၏ ဝတ်စား ဆင်ယင်မှုက ဒိတ်အောက်လွန်းပါသည်။

"ဟားဟား မစ္စလျန် မော်တယ်လောကကို ဘယ်လိုသဘောရလဲ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။

"ကောင်းပါတယ်။ ဒီနေရာ ဒီလောက် ကောင်းမှန်းသာ သိခဲ့ရင် ဒီကို လာဖို့ ဟိုးအရင်ကတည်းက သဘောတူခဲ့တယ်။"

လျန်ယူကျူးက တည်တံ့စွာ ပြောလိုက်သည်။

"အင်မော်တယ် ကျင့်ကြံခြင်းလောကမှာဆိုရင် စည်းကမ်းတွေ များလွန်းတယ်။ ဒီမှာလောက် မလွတ်လပ်ဘူး။ ဘာအင်မော်တယ် ကျင့်ကြံခြင်းနဲ့ ချီသန့်စင်ခြင်းအဆင့်လဲ။ အရမ်းခက်ပြီး ပင်ပန်းဖို့ကောင်းတာကို။ နှစ်တစ်ရာလောက် ကောင်းကောင်းမွန်မွန် နေရရင် တော်ပြီလေ။"

သူမ ဆက်ပြော၏။

ရုတ်တရက် ယဲ့ရှောင်ချန်းကို စိတ်ဝင်တစား ကြည့်လိုက်ကာ မေးလိုက်ပါသည်။ "ကျွန်မကို ဘာလို့ ရှာနေတာလဲ။"

ယဲ့ရှောင်ချန်း ဘာပြောရမှန်း မသိတော့ပေ။

သူမက ခပ်ဆိုးဆိုး မိန်းကလေး တစ်ယောက် ဖြစ်သည်ဟု ဘာလို့ ခံစားနေမိပါလိမ့်။

အချိန်ဘယ်လောက်မှ မကြာသေးတာတောင် မော်တယ် လောကနဲ့ အသားကျနေပြီတဲ့လား။

ယဲ့ရှောင်ချန်းတစ်ယောက် သူ့အခြေအနေများက ဒီလျန်ယူကျူးကို ဆွဲဆောင်နိုင်ပါဦးမလားဟုပင် စိုးရိမ်လာမိပါသည်။

"ဟားဟား မော်တယ်လောကက ကောင်းပေမယ့် မင်းထင်သလောက်တော့ မဟုတ်ပါဘူး။ ဒီရောင်စုံကမ္ဘာကြီးမှာ ကောက်ကျစ်မှုတွေ၊ အကြံဆိုးတွေ၊ လှည့်ဖျားမှုတွေနဲ့ ပြည့်နှက်နေတာ။ အားနည်းသူက အားကြီးသူတွေရဲ့ သားကောင်ပဲ။ မစ္စလျန်က အင်မော်တယ် ကျင့်ကြံသူ ဆိုပေမယ့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာပဲ ရှိသေးတယ် မဟုတ်လား။ မင်းက သာမန်လူတွေအတွက် သန်မာချင်သန်မာလိမ့်မယ်။ ကံမကောင်းစွာနဲ့ပဲ ဒီလောကကြီးထဲမှ မရေမတွက်နိုင်အောင် များတဲ့ စွမ်းအားကြီး လက်နက်တွေ ရှိနေပြီး မင်းကို ခြိမ်းခြောက်နိုင်တယ်။ တစ်နေ့ တစ်ချိန် မင်း လူတစ်ယောက်ကို တိုက်ခိုက်မိရင် မင်းကိုကာကွယ်ပေးဖို့ မိသားစုကော ဂိုဏ်းကော ရှိမှာ မဟုတ်တော့ဘူး။ မင်းဘယ်လို အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရမလဲ။"

ယဲ့ရှောင်ချန်းက လက်ဖက်ရည် တစ်ငုံသောက်ကာ နူးညံ့စွာဖြင့် ပြောလိုက်ပါသည်။

"ကျွန်မကို လာခြိမ်းခြောက်နေတာလား။"

လျန်ယူကျူးက ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပါသည်။

"မင်းကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ မင်းကို စေတနာနဲ့ သတိပေးနေတာပါ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။

"ဒါဆို ရှင်က ဘာဖြစ်စေချင်တာလဲ။ ဒီသစ်သားတုံးကြီးလို ရှင့်ရဲ့ နောက်လိုက် ဖြစ်စေချင်တာလား။ ဖွီးး ကျွန်မက အဲ့လောက် မတုံးအဘူးနော်။"

လျန်ယူကျူးက လှောင်လိုက်ပါသည်။

"သူ့ကျင့်ကြံအဆင့်က အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတာ မင်းသတိမထားမိဘူးလား။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

လျန်ယူကျူးက ကြောင်အသွား၏။ ထို့နောက် လုတုန်ချမ်းကို ကြည့်လိုက်ပါသည်။

အင်မော်တယ် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် တခြားသူများ၏ ကျင့်ကြံသူအဆင့်ကို မသိနိုင်သော်လည်း သန်မာသူနှင့် အားနည်းသူတို့ကိုတော့ အာရုံခံနိုင်ပါသေးသည်။

အခု လုတုန်ချမ်း ပေးစွမ်းနေသည့် ခံစားချက်က သူမထက် အနည်းငယ် သန်မာနေသည် ဟူသော ခံစားချက်ပင်။

မဖြစ်နိုင်ပါ။

သူမတို့ မြင့်မြတ်သော ခွန်းလွန်မြေတွင် စုစည်းခဲ့ကြတုန်းက ဒီလူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို မရောက်သေးပါ။ အများဆုံး သူမထက် တစ်ဆင့်ပင် နိမ့်နိုင်သေး၏။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မဟုတ်မှလွဲရော...

ရုတ်တရက် သူမ ဖြစ်နိုင်ချေတစ်ခုကို စဥ်းစားလိုက်မိပါသည်။ သူမ ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။ "ကျွန်မတို့ရဲ့ ကျင့်ကြံခြင်းကို အဆင့်မြှင့်တင်တဲ့ နည်းလမ်း ရှိလို့လား။"

လုတုန်ချမ်းကို ကြည့်ခြင်းအားဖြင့် ယဲ့ရှောင်ချန်း၏ အခြေအနေကို အနည်းငယ် နားလည်သွားသည်။

သို့သော် လုတုန်ချမ်းက ကျင့်ကြံခြင်း အဆင့်မြှင့်တင်သည့် ကိစ္စ ဘာမှ မပြောခဲ့ပါ။

"ဒါပေါ့ မင်းတို့ရဲ့ ကျင့်ကြံအဆင့်ကို မြှင့်တင် ပေးရုံတင်မကဘဲ မင်းတို့ကို ချီသန့်စင်ခြင်းအဆင့်အထိ ဖောက်ထွက်နိုင်အောင်တောင် ကူညီပေးနိုင်တယ်။၊ ဒါဆို မင်းငြင်းဖို့ ခက်ခဲမယ်လို့ ထင်တယ်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်က မော်တယ်ပဲရှိသေးတယ်။ ဒါပေမယ့် ချီသန့်စင်ခြင်းအဆင့်က မော်တယ်တွေရဲ့ လုပ်နိုင်စွမ်းထက် အများကြီး ကျော်လွန်သွားပြီ။ မင်းတို့ရဲ့ သက်တမ်းက နှစ် ၂၀၀ လောက်အထိ ရောက်သွားနိုင်တယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

ဒီလို မက်လုံးမျိုးကို လျန်ယူကျူး ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ထား၏။

မော်တယ်လောကကို သူမ ဘာကြောင့် စွဲလမ်းနေတာလဲ။ သူမ မျှော်လင့်ချက်တွေ အားလုံး ဆုံးရှုံးသွားသောကြောင့် ဖြစ်ပါသည်။

နှိပ်စက်ခံရမည့်အစား သာမန် လူတစ်ယောက်၏ ဘဝမျိုးဖြင့် အေးအေးချမ်းချမ်း နေထိုင်ရတာ ပိုကောင်းပါသည်။

ထာဝရ ရှင်သန်နိုင်မည့် အခွင့်အရေးမျိုး ရှိလာလျှင်တော့ ဘယ်သူက ငြင်းဆန်နိုင်မည်နည်း။

ထို့အပြင် လျန်ယူကျူးက အင်မော်တယ် ကျင့်ကြံခြင်းလောကမှ လာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမ ငြင်းဆန်ဖို့ ပို၍ပင် ခက်ခဲနေပါသည်။

"ကျွန်မက မျက်လုံးနဲ့ မတွေ့ရမချင်း မယုံတတ်ဘူး။ ရှင့်မှာ ဘယ်လိုသက်သေရှိလဲ။"

လျန်ယူကျူးက အပြည့်အဝ မယုံကြည်သေးပါ။

"ဒါက မင်းအတွက်ပါ။ မင်းကို ငှားရမ်းတဲ့အတွက် ဆုပေါ့။"

ယဲ့ရှောင်ချန်းက အလွန်သန့်စင်သည့် အင်မော်တယ် စပျစ်သီးတစ်လုံးကို လျန်ယူကျူး၏ ရှေ့တွင် ချပေးလိုက်သည်။

လုတုန်ချမ်း၏ မျက်လုံးများ တောက်လောင်လာ၏။

လျန်ယူကျူးလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

နှစ်ယောက်စလုံး စပျစ်သီးထဲတွင် ပါဝင်နေသည့် ကြွယ်ဝလှသည့် အင်မော်တယ် ချီစွမ်းအင်ကို အာရုံခံမိသောကြောင့် ဖြစ်ပါသည်။ ပိုအရေးကြီးသည်က အင်မော်တယ် ချီစွမ်းအင်၏ အရည်အသွေးမှာ အလွန် မြင့်မားနေခြင်းဖြစ်သည်။

အင်မော်တယ် ချီ၏ အရည်အသွေးက ပိုမြင့်လေလေ အင်မော်တယ် ကျင့်ကြံသူများကို ပိုဆွဲဆောင်နိုင်လေလေ ဖြစ်ပါသည်။

လျန်ယူကျူးက တံတွေးမျိုချလိုက်ပြီး မျက်လုံးများ ကျယ်လာ၏၊၊ ထို့နောက် ယဲ့ရှောင်ချန်းကို ကြည့်ကာ ပြောလိုက်သည်။ "ရှင်... ရှင်ကျွန်မကို တကယ်ပဲ ဒီဝိညာဥ်သစ်သီး ပေးမလို့လား။"

အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ဒီလောက် တန်ဖိုးရှိသည့် ဝိညာဥ်သစ်သီးကို သူမ ဘယ်တော့မှ စားနိုင်မည် မဟုတ်ပါ။ အကြီးအကဲများကသာ စားသုံးဖို့ အရည်အချင်း ပြည့်မှီကြပါသည်။

"ဒါပေါ့။ ဒါက မင်းရဲ့ လစာပဲ။ လတိုင်း ရမယ်။ ပြီးတော့ ငါ့စိုက်ပျိုးရေးခြံမှာလည်း ကျင့်ကြံလို့ရမယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ဟင်... လတိုင်း ဟုတ်လား။"

လျန်ယူကျူး၏ လှပသော မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာပါသည်။

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ကောင်းပါပြီ။ ကျွန်မ သဘောတူတယ် သဘောတူတယ်။"

သူမ ချက်ချင်း သဘောတူလိုက်ပါသည်။

စိုက်ပျိုးရေးခြံတွင် ကျင့်ကြံခြင်းကို သူမ ဂရုမစိုက်ပါ။ အင်မော်တယ် သစ်သီးအပေါ်တွင်သာ အာရုံရှိလေသည်။

ဒီအဆင့်ရှိသည့် အင်မော်တယ် သစ်သီးတစ်လုံးကို လတိုင်း စားရပါက သူမ တကယ်ပဲ ချီသန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ပါသည်။

ချီသန့်စင်ခြင်းအဆင့်ဆိုသည်မှာ အလှမ်းဝေးသည့် အိပ်မက်တစ်ခုလိုပင်။

အခုတော့ အရောက်လှမ်းနိုင်ဖို့ အခွင့်အရေး ရလာခဲ့ပါပြီ။

ခဏတာလောက်အထိ လျန်ယူကျူးက သူမ၏ ပါးစပ်ကို ကျောက်စိမ်းလို သူမ၏ လက်များဖြင့် ကာရံထားပြီး သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ပြုံးသွား၏။ သူမ၏ မျက်နှာက ယစ်မူးနေပြီး စိတ်ကူးယဥ်နေမိပါသည်။

All Chapters