← Chapters

ရှင်က ကျွန်မကို အသက်ရှုကြပ်စေချင်တာလား

Vol. 18 Ch. 265

ရှင်က ကျွန်မကို အသက်ရှုကြပ်စေချင်တာလား

Vol. 18 Ch. 265

"မင်းတို့ကောင်တွေ တော်တော်လွန်တာပဲ။ ဘာလို့ ဒီလောက် ဒေါသထွက်နေကြတာလဲ။ မင်းတို့ ငါ့စိုက်ပျိုးရေးခြံကို ဖျက်ဆီးခဲ့တာတွေအတွက် ပြန်လျော်ပေးနိုင်လို့လား။"

စိတ်ဓာတ်ကျနေသည့် သူတို့နှစ်ယောက်ကို ကြည့်လျက် ယဲ့ရှောင်ချန်း ငေါက်လိုက်ပါသည်။

လျန်ယူကျူးက ကျွတ်သပ်ကာ ယဲ့ရှောင်ချန်း ဘေးး ဧရာမ ဝိညာဥ်ပေါင်းပင်ကြီးကို ကြည့်ကာ အံ့အားသင့်သွားသည်။ ကြီးမားလွန်းလှပါသည်။

သူမ၏ ဝိညာဥ်နှင့် အစွမ်းကတော့ ကလေးကစားစရာလိုပင်။

ပြီးတော့ လုတုန်ချမ်းလည်း မြင်ပြီးသားဖြစ်သည်။

ထို့နောက် သူတို့နှစ်ယောက် စကားပိုနားထောင်လာကြပါသည်။

တကယ်တော့ လျန်ယူကျူးက အနည်းငယ် သတိမဲ့ခြင်းဖြစ်ပါသည်။ ခုနတုန်းကသာ လျို့တုံချန််းအပေါ် မှော်အစွမ်း တမင်တကာ မသုံးခဲ့လျှင် ဒီလိုဖြစ်လာမည်မဟုတ်ပေ။

လုတုန်ချမ်း၏ သည်းခံနိုင်စွမ်းက အတော်လေး ကောင်းမွန်၏။

ရုတ်တရက် သူခေါင်းကိုက်သွားသည်။ သူတို့နှစ်ယောက်တည်းရှိသော်လည်း သူ့ခေါင်းကွဲတော့မလို ဖြစ်ခဲ့ရ၏။ ကျင့်ကြံသူများ နည်းနည်းလောက် ထပ်များလာလျှင် ဒီ့ထက်ပိုပြီး ဗြောင်းဆန်မသွားနိုင်ဘူးလား။

ရုတ်တရက်ကြီး အင်မော်တယ် ကျင့်ကြံသူများအားလုံးကို စုဆောင်းဖို့ဟူသည့် သူ့အကြံကို သံသယဝင်လာမိသည်။

သို့သော်လည်း ဒီလူများက အနက်ရောင်အဆင့် စိုက်ပျိုးရေး ပါရမီရှင်များလည်း ဖြစ်နေနိုင်သေးသည်။ ထားလိုက်ပါတော့။ သူတခြား နည်းလမ်းများကို စဥ်းစားပါဦးမည်။

"ရှောင်းယူ ခုနက မင်းရဲ့ ဝိညာဥ်နှင်အစွမ်းက အရမ်းကောင်းတယ်။ အရမ်းချောမွေ့ပြီး နေရာချတာလည်း တော်တယ်။ ဒါပေမယ့် နင့်ရဲ့ကျင့်ကြံအဆင့်နဲ့ဆို အပင်တွေ အများကြီးတော့ မထိန်းချုပ်နိုင်ဘူးမလား။"

ယဲ့ရှောင်ချန်းက စိတ်ဝင်စားစွာ မေးလိုက်ပါသည်။

ခုနလေးတင် လျန်ယူကျူးက ပေါင်းပင်များစွာကို ထိန်းချုပ်ပြီး အပင် ပင်လယ်ကြီးတစ်ခု ဖန်တီးခဲ့သည်။ လုတုန်ချမ်းသာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထက်အဆင့်ကို ရောက်မထားပါက၊ သို့မဟုတ် သူ့လက်ထဲတွင် စွမ်းအားကြီး မှော်ဓားတစ်လက် ရှိမနေပါက ထိုပေါင်းပင်များအကြား နစ်မြုပ်သွားနိုင်ပါသည်။

"ဟုတ်တာပေါ့။ ကျွန်မက ထူးဆန်းတဲ့ အပင်တွေနဲ့ ရင်းနှီးနိုးကြားနိုင်စွမ်း တစ်ခုနဲ့ မွေးဖွားလာခဲ့တာ။ ကျွန်မကျင့်ကြံတဲ့ ဝိညာဥ်နှင်အစွမ်းက သာမန်အစွမ်းတွေထက် ၁၀ ဆပိုပြီး စွမ်းအားကြီးတယ်။ အဲ့တာကြောင့် မူလက အားပျော့တဲ့ ဝိညာဥ်နှင် အစွမ်းက ကျွန်မလက်ထဲရောက်ရင် အရမ်းအားကြီးသွားနိုင်တယ်။ ဟုတ်တာပေါ့ ရှင့်ရဲ့ အပင်ဝိညာဥ်အစွမ်းနဲ့ယှဥ်ရင်တော့ မပြောပလောက်ဘူး။ ရှင့်ရဲ့ အစွမ်းက ဝိညာဥ်နှင် အစွမ်းနဲ့ ဆက်နွယ်နေတာလား။"

လျန်ယူကျူး စကားစပြောလျှင် ရပ်တန့်မည် မဟုတ်တော့ပါ။

"မဟုတ်ဘူး။ ဒီအစွမ်းမှာ ဝိညာဥ်နှင် အစွမ်းရဲ့ ဂုဏ်သတ္တိမျိုးမရှိဘူး။ ဝိညာဥ်နှင် အစွမ်းက ပစ်မှတ်တစ်ခုတည်းထားတဲ့ အစွမ်းမဟုတ်ဘူး။ နယ်မြေတစ်ခုတည်းက အပင်တွေအားလုံးကို ထိန်းချုပ်တဲ့ အစွမ်းလေ။"

"သက်ရောက်မှုရှိတဲ့ နယ်မြေတစ်ခုဆိုရင်တောင် ဝိညာဥ်နှင်အစွမ်းမှာ အကန့်အသတ်ရှိလို့ အပင်တစ်ပင်တည်းကို ထိန်းချုပ်တာနဲ့ စွမ်းအင် တက်မလာဘူး။ အပင်တစ်ပင်တည်းဆိုလည်း ဒီလိုပဲ ၁၀ ပင်ဆိုလည်း ဒီလိုပဲ။"

"ယဲ့ရှောင်ချန်း အဲ့တာ ဘာအစွမ်းလဲ။ ကျွန်မကို သင်ပေးလို့ ရမလား။"

လျန်ယူကျူး မရပ်မနား စကားအကြာကြီး စပြောပါသည်။

ယဲ့ရှောင်ချန်း ဖြတ်ပြောဖို့ပင် အချိန်မရခဲ့ပေ။

နောက်ဆုံးတော့ လျန်ယူကျူး ရပ်တန့်သွား၏။

"ကဲ အခုမင်းကဘာလို့ အပင်တွေနဲ့ ပတ်သတ်ရင် အရမ်းနိုးကြားတာလဲ သိပြီလား။"

ယဲ့ရှောင်ချန်းက ရုတ်တရက် ပြုံးလိုက်ပါသည်။

"အမ် ကျွန်မ ဘယ်လိုလုပ် သိမှာလဲ။ ရှင်သိတယ်လို့တော့ လာမပြောနဲ့နော်။ မဟုတ်လောက်ပါဘူး။ ရှင်က ဘယ်လိုလုပ်သိမှာလဲ။ ကျွန်မဂိုဏ်းထဲမှာ ရှိတုန်းက ကျွန်မရဲ့ ပါရမီက သာမန်အဆင့်သာသာပဲ။ မဟုတ်ရင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာပဲ ရှိနေဦးမှာ မဟုတ်ဘူး။ ကျွန်မထက် ငယ်တဲ့ လူငယ်တွေ အများကြီးတောင် ချီသန့်စင်ခြင်းအဆင့်ကို ရောက်နေကြပြီ။ ကျွန်မ စိတ်ဓာတ် အရမ်းကျတာပဲ။"

လျန်ယူကျူးက မှိုင်တွေစွာ ပြောလိုက်ပါသည်။

"အရမ်းရိုးရှင်းပါတယ်။ မင်းမှာ စိုက်ပျိုးရေးပါရမီ အရမ်းမြင့်နေလို့ပေါ့။"

ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။

"စိုက်ပျိုးရေး ပါရမီ ဟုတ်လား။ သြော် ဝိညာဥ်လယ်သမားလို့တော့ မပြောနဲ့နော်။ အောင်မယ်လေး ကျွန်မလို မိန်းမလှလေးက ဘာလို့ ဝိညာဥ်လယ်သမား လုပ်ရမှာလဲ။"

လျန်ယူကျူးက မျက်စောင်းရွယ်လိုက်ပါသည်။

ယဲ့ရှောင်ချန်း မသိမသာ သက်ပြင်းချလိုက်မိသည်။

ဝိညာဥ်လယ်သမားကို အထင်သေးတဲ့ နောက်တစ်ယောက် လာပြန်ပြီ။

ထို့ကြောင့်လည်း အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် စိုက်ပျိုးရေးပါရမီဆိုတာ ဘာမှန်းတောင် မသိကြခြင်း ဖြစ်သည်။ ဒါကို ကြည့်ခြင်းအားဖြင့် မြင်နိုင်ပါ၏။

အင်မော်တယ် ကျင့်ကြံခြင်းလောကက တကယ်မကျန်းမာကြပေ။ သူတို့ စိုက်ပျိုးရေးကိုသာ အာရုံမစိုက်ကြပါက ဘယ်လိုလုပ် ဖွံ့ဖြိုးနိုင်မည်နည်း။

ဒီလောက် များပြားသည့် ကျွမ်းကျင်အဆင့် စိုက်ပျိုးရေးပါရမီရှင်များပင် အလကား ဖြစ်နေခဲ့ကြရသည်။

"ဟားဟား တုန်လေး သူ့ကို စိုက်ပျိုးရေးပါရမီက ဘာလဲဆိုတာ သူ့ကို ရှင်းပြလိုက်ပါဦး။"

ယဲ့ရှောင်ချန်းက လုတုန်ချမ်းကို ကြည့်လိုက်ပါသည်။

လုတုန်ချမ်းက ခေတ္တ တွန့်ဆုတ်သွားသော်လည်း ပြောလိုက်ပါသေးသည်။

ထို့အပြင် ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို သင်ယူလိုက်ပါက သူ့ကျင့်ကြံမှုကို အလွန် အကျိုးကျေးဇူး ရှိလာစေမည်ဟူသည့် အကြောင်း သေချာပြောပြလိုက်ပါသည်။

လျန်ယူကျူး၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။

တကယ်တော့ ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးနယ်ပယ်တွင် ရှိနေလိမ့်မည်ဟု သူမ အပြည့်အဝ မယုံကြည်ပါ။ မဟုတ်ပါက ဘာကြောင့် ဒီလောက်ထိ စွမ်းအားကြီးနေမည်နည်း။

လုတုန်ချမ်းတောင် အရင်တုန်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နောက်ပိုင်းအဆင့်သာ ရှိသေးသည်။ သို့သော် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ပြီးပြည့်စုံအဆင့်သို့ အလွန်လျင်မြန်စွာ တက်လှမ်းနိုင်သွားသည်။ ခုနက တိုက်ပွဲမှာလည်း သူ့ကို သူမ ဘာမှမလုပ်နိုင်ခဲ့ပေ။ ဒါသူ စိုက်ပျိုးရေး ကျင့်စဥ်များ သင်ယူခဲ့သောကြောင့် ဖြစ်ကြောင်း မြင်နိုင်ပါသည်။ ငါကကော တကယ်ပဲ စိုက်ပျိုးရေးမှာ ပါရမီ ပါတာလား။

မဟုတ်ရင် ဘာလို့ ငါက အပင်တွေကို ဒီလောက်ထိ နိုးကြားနေတာလဲ။

အင်းလေ။ အရင်ဆုံး သင်ကြည့်တာပေါ့။

လျန်ယူကျူးက အလွန်လျင်မြန်စွာ လက်ခံလိုက်သည်ကို မြင်သောအခါ ယဲ့ရှောင်ချန်း မနေနိုင်ဘဲ ပြုံးလိုက်မိပါသည်။ လုတုန်ချမ်းနှင့် ယှဥ်လျှင် လျန်ယူကျူး၏ ကိစ္စများကို လက်ခံနိုင်စွမ်းက အလွန်ပိုမြင့်မားသည် ထင်သည်။

မကြာမီ လျန်ယူကျူးက ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို တတ်မြောက်သွားလေသည်။

ပိုအံ့သြဖို့ကောင်းသည်က လျန်ယူကျူး ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို အလွန် လျင်မြန်စွာ ကျွမ်းကျင်သွားခြင်းပင်။

လျန်ယူကျူး၏ ပြောစကားအရတော့ ကျွမ်းကျင်ဖို့ အလွန်လွယ်ကူသည်ဟု ဆို၏။

ဖြစ်ချင်တော့ သူမ ဝိညာဥ်နှင် အစွမ်းကို သုံးသောအခါတိုင်း အပင်အသိစိတ်များနှင့်လည်း ဆက်သွယ်မိခဲ့သည်။ သူမ အကြောင်းအရာကို နားမလည်ခဲ့သော်ကြောင့်သာဖြစ်သည်။ သို့သော် ဝိညာဥ်နှင်အစွမ်းကို ကျင့်ကြံဖို့အတွက် အလွန်အကျိုးရှိသည်ဟု သူမ ထင်မိပါသည်။

ယခု သူမ ဝိညာဥ်နားစွင့် လက်ချောင်းနည်းလမ်းကို သင်ယူပြီးပြီ ဖြစ်သဖြင့် ချက်ချင်း နားလည်သွားပါသည်။ ဒါက အခြေခိုင်သည်ဟု ဆိုနိုင်၏။

တဖက်တွင် လုတုန်ချမ်းကတော့ ဘာမှမသိသည့် အစကနေ စခဲ့ရသည်။

ထို့အပြင် သူ့လက်ခံနိုင်စွမ်းကလည်း သိပ်ပြီး အားမကောင်းလှပါ။

လုတုန်ချမ်းက လျန်ယူကျူး အလွန်လျင်မြန်စွာ တတ်မြောက်သွားသည်ကို မြင်ပြီး အနည်းငယ် မယုံကြည်နိုင်ဖြစ်နေခဲ့ပါသည်။

"ပျင်းဖို့ကောင်းလိုက်တဲ့ကောာင်။ ဒီဝိညာဥ် နားစွင့် လက်ချောင်းနည်းလမ်းကို တတ်ဖို့ ဘယ်လောက် အချိန်ယူလိုက်ရလဲ။ ငါ့ထက် မြန်လား။"

လျန်ယူကျူးက ပြုံးကာ လုတုန်ချမ်းကို မေးလိုက်ပါသည်။

"အဆင်ပြေပါတယ်။"

သူမ တမင်တကာ လုပ်နေသည်ဟု လုတုန်ချမ်း ခံစားလိုက်ရပါသည်။

"ဟားဟား..."

လျန်ယူကျူးက ပြုံးလိုက်၏။

ယဲ့ရှောင်ချန်း လျန်ယူကျူးကို စိုက်ပျိုးရေး အခြေခံအသိပညာတစ်ချို့ သင်ပေးသောအခါ ညည့်နက်နေပြီ ဖြစ်သည်။

လျန်ယူကျူးက စိုက်ပျိုးရေး နည်းပညာကို ပိုပိုပြီး စိတ်ဝင်စားလာပြီ ဖြစ်သည်။ သူမက အလွန်တက်ကြွ၏။ နှိုင်းယှဥ်ကြည့်လိုက်လျှင် လုတုန်ချမ်းက အနည်းငယ် ပိုညံ့နေပါသည်။

သူတို့တွင် တူညီသော ပါရမီ ရှိသော်လည်း စိတ်ဝင်စားမှုက အဆင့်ကို ကွာခြားသွားစေတာ ထင်ပါသည်။

ယဲ့ရှောင်ချန်းတစ်ယောက် လျန်ယူကျူးကို ပိုပိုပြီး သဘောကျလာသည်။ သူမကိုသာ သေချာ သင်ကြားပေးလိုက်ပါက နောက်ပိုင်းတွင် အရေးပါသည့် အကူအညီတစ်ခု ဖြစ်လာနိုင်သည်။

ရှန်းနုန်တစ်ယောက်မှာ လက်ထောက် မရှိလို့ ဖြစ်ပါ့မလား။

အားလုံးကို သူတစ်ယောက်တည်းလုပ်နေလို့ မဖြစ်ဘူးမလား။

ဥပမာပေးရလျှင် ထိုသိပ္ပံပညာရှင်ကြီးများ ဘေးတွင် လက်ထောက်များစွာ ရှိ၏။

ဒါကို အဖွဲ့လို့လည်း ခေါ်နိုင်သည်။

ယဲ့ရှောင်ချန်းလည်း ကိုယ်ပိုင်အဖွဲ့ကို တည်ဆောက်ရပါမည်။

သုတေသန အဖွဲ့အစည်းထဲက လူတွေကတော့ စိုက်ပျိုးရေးမှာ ပါရမီပါသော်လည်း အဝါရောင် အဆင့်သာ ရှိပြီး အရင်ကလည်း တစ်ခါမှ မကျင့်ကြံဖူးပေ။ သူတို့ ယဲ့ရှောင်ချန်း၏ အဖွဲ့ထဲ ဝင်ချင်ပါက ဆန်းစစ်မှုနှင့် စမ်းသပ်မှုအတွက် အချိန်အကြာကြီး လိုအပ်ပါလိမ့်မည်။

နှိုင်းယှဥ်ကြည့်လျှင် လုတုန်ချမ်းနှင့် လျန်ယူကျူးတို့က ကျင့်ကြံခြင်းလောကမှ လူများ ဖြစ်ကြပြီး ဆက်ဆံဖို့ ပိုလွယ်ကူသည်။

နောက်တစ်နေ့ ယဲ့ရှောင်ချန်း သုတေသန အဖွဲ့အစည်းကို မသွားပါ။ ထို့အစား စိုက်ပျိုးရေးခြံမှာပဲနေပြီး မြက်ပင်များကို စမ်းသပ်ချက် ပြုလုပ်နေပါသည်။

လျန်ယူကျူးကို စိုက်ပျိုးရေးအခြေခံပညာများ သင်ပေးဖို့ကိုတော့ လုတုန်ချမ်းအား တာဝန်ပေးထား၏။။

လုတုန်ချမ်းက အနည်းငယ် စိတ်မပါသော်လည်း ယဲ့ရှောင်ချန်း၏ ဆန္ဒကို မဆန့်ကျင်ချင်ပါ။

အချိန်အနည်းငယ် ကြာသောအခါ သုတေသနလုပ်နေသည့် ယဲ့ရှောင်ချန်း ရုတ်တရက်ကြီး လျန်ယူကျူးနှင့် လုတုန်ချမ်းတို့ အငြင်းပွားနေကြသည်ကို ကြားလိုက်ရသည်။

သူ မျက်မှောင်ကြုတ်လိုက်ပြီး ထသွားလိုက်၏။

"ယဲ့ရှောင်ချန်း သူ့အဆင့်နဲ့ ကျွန်မကို သင်ပေးဖို့ အရည်အချင်းမမှီဘူး။ ရှင်သင်ပေးတာ ပိုကောင်းလိမ့်မယ်။"

လျန်ယူကျူးက ပြောလိုက်သည်။

လုတုန်ချမ်း၏ မျက်နှာ နီရဲသွားပြီး ဘာပြောရမှန်း မသိတော့ပေ။

"မရဘူး။ လုတုန်ချမ်းရဲ့ အခြေခံက ခိုင်မာပါတယ်။ ဘာလို့ သူ နင့်ကို မသင်နိုင်ရမှာလဲ။"

ယဲ့ရှောင်ချန်းက အံ့အားသင့်စွာ မေးလိုက်ပါသည်။

"သူ့မေးခွန်းတွေက များလွန်းတယ်။ အဲ့မေးခွန်းတွေ အများစုကလည်း အခြေခံပညာဆိုတာထက်တောင် ကျော်နေပြီ။ သူက ဟိုးအောက်ခြေအထိ သိချင်တာ။ ငါဘယ်လိုလုပ် တစ်ခုချင်း ဖြေပေးနိုင်မှာလဲ။"

လုတုန်ချမ်းလည်း နောက်ဆုံးတော့ မတတ်နိုင်တော့ဘဲ ပြောလိုက်ရသည်။ "မစ္စတာယဲ့ ငါသူ့ကို သင်မပေးနိုင်ဘူး။ မင်းဖာသာမင်း သင်လိုက်တာ ပိုကောင်းပါတယ်။"

ရိုးသားသည့် လူများတွင်လည်း သည်းခံစိတ်ရှိ၏။

ယဲ့ရှောင်ချန်း လျန်ယူကျူးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ဟုတ်ပါပြီ ဒါပေမယ့် စည်းကမ်းတွေတော့ ပြောထားရမယ်။ ငါသင်နေရင် နင်စကားမပြောရဘူး။"

လျန်ယူကျူး ကြောင်သွား၏။

"ကျွန်မ စကားမပြောရရင် အသက်ရှူကြပ်သွားမှာပေါ့။"

All Chapters