← Chapters

အဆင့်နိမ့်အင်မော်တယ်အပင်

Vol. 18 Ch. 266

အဆင့်နိမ့်အင်မော်တယ်အပင်

Vol. 18 Ch. 266

မျက်စိတစ်မှိတ်အချိန်အတွင်း လတစ်ဝက်ပင် ကျိုးသွားခဲ့သည်။

ဒီလဝက်အတွင်း ယဲ့ရှောင်ချန်း နေ့တိုင်းပဲ သာမန် မြက်ပင်များ၏ ဝိညာဥ်ဖန်တီးခြင်း ပြဿနာကို လေ့လာနေရသည်။

အကျိုးအမြတ်တချို့ ရလိုက်သော်လည်း ပြဿနာက များနေဆဲဖြစ်သည်။

မြက်ပင်များကို ကျင့်ကြံဖို့အတွက် မြေသြဇာများ သုံးခဲ့လျှင်တောင် ဆန္ဒရှိသည့် ရလဒ်ကို မရနိုင်သေးပေ။

ယဲ့ရှောင်ချန်း အလျင်မလိုပါ။ သုတေသန ဆိုတာ နှေးကွေးသည့် လုပ်ငန်းစဥ်တစ်ခုဖြစ်၏။ ထို့ကြောင့် စိတ်မရှည်လို့မရပေ။

ထိုအချိန်တွင် လျန်ယူကျူးလည်း အလွန် တိုးတက်လာပြီး စိုက်ပျိုးရေးကို အလွန်စိတ်ဝင်စားလာခဲ့ပါသည်။

လဝက်သာ သင်ယူခဲ့ရသော်လည်း ယဲ့ရှောင်ချန်း သင်ပေးခဲ့သော သုတေသန အဖွဲ့အစည်းမှ လူများအပါအဝင် ကျောင်းသားများထဲတွင် လျန်ယူကျူးက အတော်ဆုံး ဖြစ်ပါသည်။

ယခု စိုက်ပျိုးဖို့ အခြေခံ အစွမ်းအစရှိနေပြီဖြစ်၏။

နှိုင်းယှဥ်ကြည့်ရလျှင် လုတုန်ချမ်းက အများကြီး ပိုညံ့ဖျင်းပါသည်။

ပိုအရေးကြီးတာက လျန်ယူကျူး၏ ဝိညာဉ်နှင် အစွမ်းကလည်း စိုက်ပျိုးရေး လမ်းကြောင်းနှင့် တစ်လမ်းတည်း ဖြစ်နေပါသည်။

တဖက်တွင် လုတုန်ချမ်းကတော့ စိုက်ပျိုးရေးနှင့် ဘာမှမသက်ဆိုင်သည့် ဓားသိုင်း ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်ခဲ့သည်။

လုတုန်ချမ်းက သူ့ကျင့်ကြံခြင်းနည်းလမ်းကို မပြောင်းလဲပါက သူနဲ့ လျန်ယူကျူးတို့အကြား ကွာခြားချက်မှာ ပို၍ ကြီးလာဖွယ်ပဲ ရှိပါတော့သည်။

လုတုန်ချမ်းက လျန်ယူကျူးကြောင့် သေတော့မလိုပင် ဖြစ်ခဲ့၏။

သူတို့နှစ်ယောက်က သဘာဝ ရန်သူတော်ကြီးများ ဖြစ်ကြသဖြင့် တွေ့တိုင်းသေချာပေါက် ရန်ဖြစ်ကြပါသည်။

သုတေသန အဖွဲ့အစည်းတွင်။

ယဲ့ရှောင်ချန်းက သုတေသနပညာရှင်များစွာ၏ ရလဒ်များကို ကြည့်နေသည်။

လျန်ယူကျူးနှင့် လုတုန်ချမ်းတို့လည်း ထိုနေရာတွင် ရှိနေကြ၏။

အထူးစပါးမျိုး ကွင်းပြင်ကျယ်ကြီးထဲတွင် ထူးထူးခြားခြား မျက်စိကျစရာ အထူးစပါးမျိုး တစ်ခု ရှိနေ၏။ သာမန် အထူးစပါးပင်များထက် အနည်းဆုံးတစ်ပေလောက် ပိုရှည်ရုံသာမကဘဲ အလွန်ထူထပ်ပြီး စိမ်းစိုသော သစ်ရွက်များလည်း ရှိသည်။ ပိုအရေးကြီးသည်က သစ်ရွက်ပေါ်မှ အကြောများမှာ အနည်းငယ် ခရမ်းရောင်သမ်းနေခြင်းပင်။ ဒါက ပို၍တောင် ထူးခြားပါသေးသည်။

ဒီအထူးစပါးပင် သာမန်အတိုင်း ဖွံ့ဖြိုးနေခြင်း မဟုတ်ပါက နာမကျန်းဖြစ်နေသလားဟုပင် သံသယဖြစ်မိပါလိမ့်မည်။

အမှန်ပင်။ နာမကျန်းခြင်း မဟုတ်ဘဲ သန္ဓေပြောင်းလဲခြင်းသာ ဖြစ်ကြောင်း ယဲ့ရှောင်ချန်း သိထားသည်။ လက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် သန္ဓေပြောင်းလဲခြင်းက ကောင်းမွန်ပါသည်။

သို့သော်လည်း အထူးစပါးပင်၏ အသိစိတ်က အပြည့်အဝ မတည်မြဲသေးပါ။

သို့သော်လည်း ဒီသန္ဓေပြောင်းလဲနေသည့် အထူးစပါးပင်ထံမှ ယဲ့ရှောင်ချန်း တန်ဖိုးကြီး အချက်အလက်များစွာ ရလိုက်ပါသည်။

တချို့ ဗဟုသုတများကို ကျောင်းသားများအား သေသေချာချာ ယဲ့ရှောင်ချန်း ရှင်းပြပေးလိုက်သည်။ သူနှင့် ဘယ်လိုဆက်သွယ်ရမလဲ ဆိုတာမျိုး ဖြစ်ပါ၏။

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ။

ယဲ့ရှောင်ချန်း အင်မော်တယ် မြေကွက်သို့ အမြန်သွားလိုက်သည်။

ဒီနေ့ အင်မော်တယ်အပင် နောက်တစ်ပင် အရွယ်ရောက်လိမ့်မည်။

ထို့အပြင် ဒီလို အင်မော်တယ် အပင်မျိုးက အဆင့်အကာအရံကို ချိုးဖောက်ပြီး အဆင့်နိမ့် အရည်အသွေးအထိ ရောက်လာနိုင်ပြီဖြစ်သည်။

သို့သော်လည်း အင်မော်တယ် အပင်က ဖွံ့ဖြိုးကြီးထွားနေဆဲ ဖြစ်ခဲ့သဖြင့် နောက်ဆုံး အချိန်မတိုင်ခင်အထိ ၎င်း၏ အဆုံးသတ် အရည်အသွေးကို အပြည့်အဝ စစ်ဆေးဖို့ မဖြစ်နိုင်ပါ။

အဘယ့်ကြောင့်ဆိုသော် အင်မော်တယ် အပင်များအတွင်းမှ အင်မော်တယ် ပုံစံကွက်များက ဖြစ်ပေါ်နေဆဲကာလဖြစ်ပြီး အရွယ်ရောက်သွားသည့် အချိန်ကျမှ အပြည့်အဝ ပြီးဆုံးသွားသောကြောင့် ဖြစ်ပါသည်။

မကြာမီ ယဲ့ရှောင်ချန်းတစ်ယောက် အင်မော်တယ် မုန်လာဥ လယ်တစ်ကွက်သို့ ရောက်လာခဲ့ၑ။

မြစိမ်းရောင် မုန်လာဥ ရွက်များက အလွန်စိမ်းစိုနေပြီး တန်ဖိုးကြီး ကျောက်စိမ်းနှင့်ပင် တူလှသည်။

ဒီအရွက်များကို ယဲ့ရှောင်ချန်း တစ်ခါမှ မဖြုန်းတီးဖူးပါ။ ၎င်းတို့ကို ဆားရည်စိမ်လုပ်ရင်လုပ် မလုပ်ပါက ချက်စားတတ်ပါသည်။

အမှန်ပင် သူ့မိဘများကို ကျွေးလျှင် ဝိညာဥ်စွမ်းအင် တိုးပွားလာကြပါသည်။

ယဲ့ရှောင်ချန်း ချက်ချင်းပဲ အပင်တန်ဖိုးဖြတ် စကေးကို သုံးလိုက်သည်. ချက်ချင်းဆိုသလို အင်မော်တယ် မုန်လာဥ၏ အချက်အလက်များ ပေါ်လာခဲ့သည်။

ရုတ်တရက် ယဲ့ရှောင်ချန်း မျက်နှာပေါ်တွင် ပီတိဖြာသော ပုံစံတစ်ခု ပေါ်လာခဲ့၏။

ဟားဟား...

သူမထိန်းနိုင်တော့ဘဲ အကျယ်ကြီး အော်ရယ်လိုက်ပါသည်။

လျန်ယူကျူးနှင့် လုတုန်ချမ်းတို့ အချင်းချင်း ကြည့်လိုက်ကြ၏။ ဘော့စ် ဘာလို့ဒီလောက်တောင် ပျော်နေတာလြ။

သို့သော်လည်း သူတို့နှစ်ယောက်စလုံး ထိုအင်မော်တယ် အပင်များကို အလွန်လောဘ တက်မိကြသည်။ အကုန်လုံးသာ စားလိုက်ရပါက ချီသန့်စင်ခြင်းအဆင့်ကို ရောက်မသွားနိုင်ဘူးလား။

အမှန်ပင်။ အသေရိုက်လုပ်ခိုင်းရင်တော့ သူတို့ မလုပ်ရဲကြပါ။

ပထမဆုံးအနေဖြင့် သူတို့ကို သူခိုးများလို စောင့်ကြည့်နေသည့် ပဲစေ့ စစ်သည်တော်နှစ်ပါးရှိ၏။

ထို့အပြင် သူတို့စားနိုင်ရင်တောင် သူတို့ အစာမခြေနိုင်ခင် ယဲ့ရှောင်ချန်းသိသွားမည်ကို စိုးရိမ်မိ၏။ သူတို့ အသေရိုက်ခံရပါမည်။

"လခွမ်း ကောင်းလိုက်တာကွာ။ အဆင့်နိမ့် အင်မော်တယ် အပင်တစ်ပင် စိုက်ပျိုးနိုင်လို့ စနစ်က ငါ့ကို ဆုချမယ်လို့ မထင်ထားဘူး။"

ယဲ့ရှောင်ချန်း အလွန်ပျော်ရွှင်နေပါသည်။

ခုလေးတွင် အဆင့်နိမ့် အရည်အသွေးရှိသော အင်မော်တယ် မုန်လာဥအား တန်ဖိုးဖြတ်ပြီးနောက် စနစ်အသံတစ်ခု သူ့အာရုံထဲတွင် ထွက်လာခဲ့ပါသည်။

"ဒင် အဆင့်နိမ့် အရည်အသွေးရှိ အင်မော်တယ် အပင်တစ်ပင်ကို စိုက်ပျိုးနိုင်ခဲ့တဲ့ အတွက် ဂုဏ်ပြုပါတယ်။ ရှန်းနုန် ကျင့်ကြံခြင်းမှာ အရေးကြီးဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့တာပါပဲ။ သင့်ကို အင်မော်တယ် ယွမ် ၁၀,၀၀၀ ဖြင့် အထူး ဆုချလိုက်ပါပြီ။ နောက်ပိုင်း စတိုးဆိုင်မှာ ပစ္စည်းများ ဝယ်ယူပါကလည်း ၁၀ ရာခိုင်နှုန်း လျှော့စျေး ရရှိသွားမှာ ဖြစ်ပါတယ်။"

အင်မော်တယ် ယွမ် ၁၀,၀၀၀ ဆုကြေးက ဘာမှမဟုတ်ပါ။ ယဲ့ရှောင်ချန်းအတွက်တော့ ၁၀ ရာခိုင်နှုန်း လျှော့စျေးက အရေးအကြီးဆုံး ဖြစ်ပါသည်။

အတိုချုံးပြောရလျှင် ၁၀ ရာခိုင်နှုန်းက အများကြီး မသက်သာသော်လည်း ရေရှည်ဆို ပမာဏနည်းမည် မဟုတ်ပါ။

ရှန်းနုန်စနစ်ကို ရပြီးကတည်းက ဆိုင်ထဲတွင် အင်မော်တယ် ယွမ် ၁၀၀,၀၀၀ ကျော်ကို သုံးစွဲခဲ့ပါသည်။

၁၀ ရာခိုင်နှုန်း လျှော့စျေးသာ ရခဲ့ပါက ၁၀,၀၀၀ အင်မော်တယ်ယွမ်လောက် စုဆောင်းနိုင်မည်ဖြစ်သည်။

နောက်ပိုင်းတွင်လည်း သေချာပေါက် ပိုသုံးစွဲသွားပါဦးမည်။

"ဟားဟား မဆိုးဘူး မဆိုးဘူး။ ၁၀ ရာခိုင်နှုန်း လျှော့စျေးက တော်တော်လေး ကောင်းတာပဲ။ အင်မော်တယ်ယွမ် ရတာထက် အများကြီး အသုံးတည့်တယ်။"

ယဲ့ရှောင်ချန်း အလွန်ကျေနပ်သွားပါသည်။

အင်မော်တယ် ယွမ် ၁၀,၀၀၀ လောက်ကတော့ ဘာမှ မဟုတ်ပါ။

အမှန်ပင်။ အင်မော်တယ် ယွမ် ၁၀,၀၀၀ လောက် အလကား ရလိုက်ခြင်းကလည်း ကောင်းပါသည်။ အနည်းဆုံးတော့ အခု သူ အများကြီး ချမ်းသာလာပါပြီ။

ထို့အပြင် အဆင့်နိမ့်အရည်အသွေး အင်မော်တယ် အပင်ကို စိုက်ပျိုးနိုင်၍ စနစ်က ဆုပေးသည်ဆိုသာကြောင့် အလယ်အဆင့်၊ အထက်အဆင့်နှင့် အဆုံးစွန်အဆင့်သို့ပင် နောက်ပိုင်း ရောက်လာနိုင်ခဲ့လျှင် ဆုတွေက သေချာပေါက် အများကြီး ပိုတန်ဖိုးရှိနိုင်ပါသည်။

သူ မျှော်လင့်စောင့်စားနေမိ၏။

မကြာမီ ပဲစေ့စစ်သည်တော်တချို့၊ လုတုန်ချမ်းနှင့် လျန်ယူကျူးတို့ကို မုန်လာဥများ ခူးခိုင်းလိုက်ပါသည်။

"မုန်လာဥတွေ နှုတ်ပြီးသွားရင် အဲ့မုန်လာဥရွက်တွေနဲ့ ဒီနေ့ဟင်းချက်စားကြမယ်"

ယဲ့ရှောင်ချန်း ပြောလိုက်ပါသည်။

ဒီနေ့ သူစိတ်ကောင်းဝင်နေသဖြင့် ပိုရက်ရောနေခဲ့ပါသည်။

လျန်ယူကျူးနှင့် လုတုန်ချမ်းတို့လည်း စိတ်လှုပ်ရှားကာ စိတ်အားထက်သန်လာကြပါသည်။

သူတို့ မုန်လာဥများကို မစားနိုင်သော်လည်း အရွက်ဆိုလည်း မဆိုးလှပါ။

ချက်ချင်း သူတို့ ကြိုးစားပြီး အလုပ်လုပ်ကြပါသည်။

တကယ်တော့ ဘာမှ လုပ်စရာသိပ်မရှိပါ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူ နှစ်ယောက်နှင့် ပဲစေ့စစ်သည်တော်တချို့က အလွန်လျင်မြန်စွာဖြင့် အင်မော်တယ် မုန်လာဥများကို နှုတ်ယူနိုင်ခဲ့ပါသည်။

ယဲ့ရှောင်ငချန်းက အရွက်များကို ဂရုတစိုက် ဖြတ်လိုက်သည်။ နီနီတောက်တောက် အရည်ရွှမ်းရွှမ်း မုန်လာဥနီသာ ကျန်ခဲ့၏။ လုတုန်ချမ်းနှင့် လျန်ယူကျူးတို့ သွားရည်ကျနေကြပါပြီ။

မုန်လာဥ၏ လတ်ဆတ်သော မွှေးရနံ့ကို သူတို့ခံစားမိသည်။

"ဟင်းဟင်း အဆင့်နိမ့် အရည်အသွေး အင်မော်တယ် မုန်လာဥပဲ။ ဟားဟား နောက်ဆုံးတော့ အဆင့်တက်ပြီဟေ့။"

နောက်ဆုံးတော့ ပုလင်းဝလေး ကွဲအက်သွားပြီမှန်း ယဲ့ရှောင်ချန်း သိလိုက်ရပါသည်။

နောက်ပိုင်းတွင် အဝါရောင်အတန်းအစား အဆင့် ၁ အင်မော်တယ် ဘယ်အပင်ကိုမဆို စိုက်ပျိုးပါက အဆင့်နိမ့် အရည်အသွေး ရနိုင်ပါသည်။

ဒါ ရှန်းနုန်ပါရမီပဲဖြစ်သည်။

အဝါရောင် အဆင့် ၂နှင့် အထက်ကတော့ အဆင့်နိမ့် ရောက်နိုင်ပါ့မလား ပြောဖို့ ခက်သည်။ သို့သော် မကြာခင် ရောက်လာနိုင်ပါလိမ့်မည်။

ညစာ စားချိန်။

ယဲ့ရှောင်ချန်းက စိုက်ပျိုးရေးခြံတွင် စားသောက်နေပါသည်။

လုတုန်ချမ်းနှင့် လျန်ယူကျူးတို့ အလုပ် စလုပ်ကတည်းက ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံမှာသာ စားတာများသည်။ မီးဖိုချောင် ကိရိယာ မျိုးစုံကို ပြင်ဆင်ထား၏။

ချက်ပြုတ်ခြင်းကိုတော့ သေချာပေါက် ယဲ့ရှောင်ချန်း မလုပ်ပါ။

လက်အောက်ငယ်သားများ ရှိသဖြင့် ဘော့စ်က ချက်ပြုတ်ဖို့ လိုပါဦးမလား။

လျန်ယူကျူးက ချက်ပြတ်ခြင်းဖြစ်ပါသည်။ ဒီကောင်မလေးက တကယ်တော့ တော်တော်လေး ဝီရိယရှိ၏။ စကားအနည်းငယ် များတာကလွဲပြီး ကျန်သော ကိစ္စများတွင် တော်ပါသည်။

ညစာ စားပွဲဝိုင်းတွင်။

ထမင်းဖြူတစ်ပန်းကန်၊ ဂျုံစပါးဟင်းခတ် အမှုန့်ကြောင့် အလွန် မွှေးပျံ့နေပါသည်။

အင်မော်တယ် မုန်လာဥနီအရွက် တစ်ပန်းကန်၊ အင်မော်တယ် ဆားရည်စိမ် အသီးအရွက် တစ်ပန်းကန်၊ အင်မော်တယ် ဆန်ဝိုင် တစ်ခွက်စီ ချပေးထားသည်။

အမှန်ပင် ဒီအင်မော်တယ် ဆန်ဝိုင်ကို ရေရောထားခြင်း ဖြစ်သည်။ မဟုတ်ပါက လောက်မည် မဟုတ်ပါ။

ဒီလိုဆိုရင်တောင် လျန်ယူကျူးနှင့် လုတုန်ချမ်းတို့ အင်မော်တယ်လောကသို့ ရောက်နေသလို ခံစားခဲ့ကြရပါသည်။

အခုတော့ ရိုက်နှက်ပြီး နှင်ထုတ်လျှင်တောင် သူတို့ ထွက်သွားချင်ကြတော့မည် မဟုတ်ပေ။

All Chapters