အင်မော်တယ် ဒြပ်စင်ငါးမျိုး
Vol. 18 Ch. 267
"ဘော့စ် ကျွန်မတို့ ကြက်တွေ၊ ဘဲတွေ၊ ငန်းတွေလည်း စိုက်ပျိုးရေးခြံမှာ မွေးသင့်တယ်ထင်တယ်။ အဲ့တာဆို ကျွန်မတို့ စားစရာအသားရမယ်။ ပြီးတော့ ဝိညာဥ်ချီနဲ့ အာဟာရ ပြုပြီးသွားရင်တော့ အရသာက သေချာပေါက် ကောင်းမှာပဲ။"
ဝိုင်တစ်ငုံလောက် သောက်ပြီးသွားသောအခါ လျန်ယူကျူး၏ မျက်နှာ အနည်းငယ် နီလာပြီး စကားများ ထပ်ပြောလေသည်။
"ရိုးရိုးသားသား ပြောရရင် အင်မော်တယ် ကျင့်ကြံခြင်းလောကက ဝိညာဥ်သားရဲတွေကို လွမ်းတုန်းပဲ။ သူတို့တွေက အရသာတော်တော်ရှိတာ။ မော်တယ်လောကက အသားတွေက ကောင်းလည်း မကောင်းဘူး။ အသားညှီနံ့လည်း အရမ်းပြင်းပြီး ခန္ဓာကိုယ်ကို အာဟာရဖြစ်စေတဲ့ ဝိညာဥ်ချီလည်း မပါဘူး။ အများကြီး စားလိုက်ရင် ခန္ဓာကိုယ်ကို ညစ်ညမ်းစေလိမ့်မယ်။"
"ကြက်တွေ၊ ဘဲတွေ၊ ငန်းတွေကို စိုက်ပျိုးရေးခြံမှာ မွေးရင် ဝိညာဥ်သားရဲအစစ်တော့ ဖြစ်မသွားပေမယ့် သေချာပေါက် သူတို့ရဲ့ ကိုယ်ထဲက ညစ်ပတ်တဲ့ ချီစွမ်းအင်တွေကို ပထုတ်နိုင်လိမ့်မယ်။"
"ဘော့စ် ရှင့်ရဲ့ခွေးနှစ်ကောင်က အရမ်း ကောင်းတယ်လို့ ကျွန်မတော့ ထင်တယ်။ ဝဝတုတ်တုတ် သန်သန်မာမာကြီးတွေ။ ပြီးတော့ သူတို့ရဲ့ဝိညာဥ်ချီကလည်း အရမ်းသန်မာကြတယ်။ ဝိညာဥ်သားရဲတော့ မဟုတ်ကြပေမယ့် ဝိညာဥ်ချီစွမ်းအင် စဦးအဆင့်မှာ ရောက်နေပြီ။ သူတို့ကို ခွေးသားဟော့ပေါ့ ချက်စားလိုက်ရင် အရသာ ရှယ်ကောင်းမှာပဲ..."
လျန်ယူကျူး၏ စကားများက ပြောရင်းပြောရင်း ကြောက်ဖို့ကောင်းလာပါသည်။
ဝု ဝု ဝု...
လှဲပြီး အစာစားနေကြသည့် ခွေးနှစ်ကောင်က ရုတ်တရက် ထလိုက်ကြသည်။ အမွေးများ ထောင်သွားကြပြီး လျန်ယူကျူးကို မာန်ဖီနေကြ၏။ သူတို့၏ မျက်လုံးများကလည်း သိပ်ပြီး သဘောကောင်းပုံ မရတော့ပေ။
သူတို့က သာမန်ခွေးများ မဟုတ်ကြပါ။ ဝိညာဥ်ချီ စွမ်းအင်ကို စတင်ရရှိနေကြသူများ ဖြစ်သည်။
စိုက်ပျိုးရေးခြံ စတင် တည်ထောင်ကတည်းက သူတို့ ဒီမှာ နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် စိုက်ပျိုးရေးခြံ၏ အင်မော်တယ်ချီ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေပင် ဖြစ်နေကြပါပြီ။
လူသားစကားကိုလည်း နားလည်နေကြပြီ။ အခု လျန်ယူကျူးက ခွေးသားစားချင်နေသည် ပြောသဖြင့် ခွေးတွေကို အနိုင်ကျင့်လွန်းရာ မကျဘူးလား။
ဒါက သည်းမခံနိုင်စရာဖြစ်သည်။
"နင်ငါ့ခွေးတွေကို ပစ်မှတ်ထားနေတာ ဘယ်လောက်ကြာပြီလဲ။"
ယဲ့ရှောင်ချန်းက လျန်ယူကျူးကို စိုက်ကြည့်လိုက်ပါသည်။
လျန်ယူကျူးက ရယ်မောလိုက်၏။။ "ကျွန်မက နောက်တာပါ။ ဘာလို့ တကယ်စားရမှာလဲ။ ခွေးတွေက လူသားတွေရဲ့ မိတ်ဆွေတွေပဲကို။"
"မစ္စတာယဲ့ သူ့မှာ အမြဲတမ်း အဲ့လိုကြံစည်နေတာ။ အရင်တစ်ခေါက်ကဆို ခိုးပြီးတော့တောင် လုပ်မလို့လေ။"
လုတုန်ချမ်းက ပြောလိုက်သည်။
"လုတုန်ချမ်း နင်ဘာပြောတာလဲ။"
လျန်ယူကျူးက စိတ်ရှုပ်သွားသည်။
"မင်းတို့ဘာတွေ ထပ်ငြင်းခုံနေကြပြန်ပြီလဲ။ ထပ်ငြင်းခုံရင် မင်းတို့လစာ တစ်လဖြတ်ပြစ်မယ်။"
ယဲ့ရှောင်ချန်းက ခေါင်းထောင်ကာ ပြောလိုက်ပါသည်။
လျန်ယူကျူးက ချက်ချင်း စကားပြောတာကို ရပ်ကာ ခေါင်းငုံ့လျက် စားသောက်နေတော့သည်။
နောက်တစ်နေ့ အင်မော်တယ် မုန်လာဥဖြူများလည်း ရင့်မှည့်သွားကြပါပြီ။
၎င်းတို့ကလည်း အဆင့်နိမ့် အရည်အသွေးများ ဖြစ်ကြ၏။
ယဲ့ရှောင်ချန်း ပြုံးလိုက်ပါသည်။ အဆင့်နိမ့် အင်မော်တယ် အပင်နှစ်မျိုးနဲ့ဆို နောက်ထပ် လေလံပွဲတွင် သေချာပေါက် ဝင်ငွေ အပုံကြီး ရနိုင်ပါသည်။
ဒီမုန်လာဥနှစ်မျိုးက အဝါရောင် အဆင့် ၁ သာဖြစ်သော်လည်း အဆင့်နိမ့် အရည်အသွေးနှင့် သန့်စင်မှုပါရမီ ပါရှိသော အပင်များ ဖြစ်နေရုံနှင့် အင်မော်တယ်များ ရူးသွပ်သွားစေဖို့ လုံလောက်ပါသည်။
အဘယ့်ကြောင့်ဆိုသော် အဆင့်နိမ့် အင်မော်တယ် အပင်တစ်ပင်၏ သန့်စင်မှုက ချွတ်ယွင်းအဆင့် အင်မော်တယ် အပင်တစ်ပင်၏ သန့်စင်မှုထက် အများကြီး ပိုမြင့်သောကြောင့်ဖြစ်ပါသည်။
"ဒါပေမယ့် လနတ်သမီးနဲ့ ငါချုပ်ထားတဲ့ စာချုပ်ကို ဖယ်ရှားလို့ရပြီ။ ဘာပဲဖြစ်ဖြစ် ငါအဆင့်နိမ့်အရည်အသွေးတွေ စိုက်ပျိုးနိုင်ခဲ့ပြီပဲ။"
ယဲ့ရှောင်ချန်း မျက်လုံးကို မှိတ်လိုက်ပါသည်။ သူ့အာရုံထဲက အင်မော်တယ် စာချုပ်မှာ အလွန်အမင်း မှေးမှိန်လာပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သလိုပင်။
အဆင့်နိမ့် အင်မော်တယ် မုန်လာဥကို စိုက်ပျိုးနိုင်ခဲ့ပြီ ဖြစ်သဖြင့် အင်မော်တယ် စာချုပ်မှာ အကျိုးအာနိသင် ပျက်ယွင်းလာတာဖြစ်ကြောင်း သူ သိပါသည်။
ယဲ့ရှောင်ချန်းသာ လနတ်သမီးနှင့် စာချုပ်ကို ပြန်လည် သက်တမ်း တိုးလိုက်ပါက အင်မော်တယ်စာချုပ် တဖန်ပြန်လည် သက်ဝင်လာမည်ဖြစ်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက ဒီလိုလုပ်ဖို့ စိတ်ကူးမရှိပါ။
သူ့အာရုံဖြင့် အမိန့်တစ်ခုကို ချက်ချင်း ပေးလိုက်သည်။ ထိုအခါ အင်မော်တယ် စာချုပ်ကို ကွဲအက်ပျက်ဆီးသွားပြီး ဘာမှ မရှိတော့သည်အထိ ပျောက်ကွယ်သွားလေသည်။
တချိန်တည်းမှာပင် ယဲ့ရှောင်ချန်းက ရှန်းနုန် စနစ်ထဲမှ မိတ်ဆွေမက်ဆေ့ချ်ပို့သံကို ကြားလိုက်ရပါသည်။
ယဲ့ရှောင်ချန်းလည်း ပြုံးလိုက်မိပါသည်။ အင်မော်တယ်စာချုပ် ဖယ်ရှားခံလိုက်ရပြီဖြစ်ကြောင်း လနတ်သမီး သိသွားပြီ ထင်သည်။
ရှန်းနုန်စနစ်ကို သူဖွင့်ကြည့်လိုက်သောအခါ လနတ်သမီးထံမှ မက်ဆေ့ချ်တစ်ခု တကယ် ဝင်နေမှန်း တွေ့လိုက်ရ၏။
"ယဲ့ရှောင်ချန်း ရှင် အဆင့်နိမ့် အင်မော်တယ် မုန်လာဥတွေကို စိုက်ပျိုးနိုင်ခဲ့ပြီလား။"
"ဟုတ်ပါတယ် လနတ်သမီး။"
ယဲ့ရှောင်ချန်း စာပြန်လိုက်သည်။
"ယဲ့ရှောင်ချန်း ရှင့်ရဲ့ မုန်လာဥတွေကို စျေးမြင့်မြင့်နဲ့ ကျွန်မ ဆက်ပြီး ဝယ်ယူချင်ပါတယ်။ အဆင့်နိမ့် အင်မော်တယ် မုန်လာဥတစ်လုံးကို အင်မော်တယ် ယွမ်၂၅ ယွမ် ပေးပါ့မယ်။ ရှင် ဘယ်လို သဘောရပါသလဲ။"
လနတ်သမီးက မက်ဆေ့ချ်ချ် အမြန်ပို့လာခဲ့ပါသည်။
လနတ်သမီး၏ ကမ်းလှမ်းချက်က အလွန်မြင့်မားသင့်ပါသည်။
စတိုးဆိုင်ထဲတွင် အဆင့်နိမ့် အင်မော်တယ် မုန်လာဥများက အင်မော်တယ်ယွမ် ၁၀ ယွမ်ဝန်းကျင်သာ ရှိတတ်သည်။
ယဲ့ရှောင်ချန်းတွင် သန့်စင်မှု ပါရမီ ရှိသဖြင့် စျေးနှုန်းက နှစ်ဆသို့မဟုတ် နှစ်ဆများအောင် တိုးသွားပါသည်။
"ရပါတယ်။ ဒါပေမယ့် ကျွန်တော်က အများကြီး မစိုက်ဘူးဗျ။ ကျွန်တော် မုန်လာဥနီ ၃၀ နဲ့ မုန်လာဥဖြူ ၃၀ ပဲ ရောင်းချနိုင်ပါလိမ့်မယ်။"
ယဲ့ရှောင်ချန်းက ဒါကို စဥ်းစားကြည့်ကာ သဘောတူလိုက်ပါသည်။
လနတ်သမီးက သူ့အင်မော်တယ် အပင်များကို ပထမဆုံး ဝယ်ယူပေးခဲ့သူ ဖြစ်သည်။
ထို့ကြောင့် သူမကို မျက်နှာသာတော့ ပေးရပါဦးမည်။
မုန်လာဥတစ်မျိုးကို ၃၀ သာ ရောင်းချရသည့် အကြောင်းအရင်းက လေလံပွဲအတွက် တစ်ပုံ၊ သူကိုယ်တိုင် အသုံးချဖို့အတွက်က တစ်ပုံ သိမ်းထားချင်သောကြောင့် ဖြစ်ပါသည်။
အင်မော်တယ် မုန်လာဥနှစ်မျိုးအတွက် သူမျိုးစေ့များ ထပ်မံ ပြင်ဆင်ရဦးမည်ကိုလည်း သိထားရမည်။
ပမာဏက နည်းပါးသော်လည်း လနတ်သမီးက သဘောတူလိုက်ပါသည်။ ဘာမှ မရတာထက်စာရင်တော့ ပိုကောင်းပါသည်။
ချက်ျင်းဆိုသလို အင်မော်တယ် မုန်လာဥ နှစ်မျိုးက တစ်လုံးကို ၂၅ ယွမ်နှင့် ရောင်းထွက်သွားပါသည်။ စုစုပေါင်း အင်မော်တယ် မုန်လာဥ ၆၀ ဖြစ်သဖြင့် အင်မော်တယ် ယွမ် ၁,၅၀၀ ရခဲ့ပါသည်။
သိပ်မဆိုးလှပေ။ ဘာပဲဖြစ်ဖြစ် မုန်လာဥ ၆၀ သာ ဖြစ်သည်။ ချွတ်ယွင်းအဆင့်များနှင့် ယှဥ်လျှင်တော့ တန်ဖိုး အများကြီး ပိုကြီးမားပါသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက အများကြီး ပြင်ဆင်မထားခဲ့ပါ။ ဘယ်လောက်ပဲ တန်ဖိုး ရှိနေပါစေ အဆင့်မြင့် အင်မော်တယ် အပင်များနဲ့တော့ နှိုင်းယှဥ်လို့မရပါ။
အဆင့်မြင့် အင်မော်တယ် အပင်များမှ အဆင့်နိမ့် အရည်အသွေးကို ရောက်သွားလျှင် တကယ်ပဲ တန်ဖိုးကြီးလာနိုင်ပါသည်။
ရက်အနည်းငယ် ကြာသွားခဲ့သည်။
ယဲ့ရှောင်ချန်း လေလံပွဲတစ်ခုကို ကျင်းပခဲ့ပါသည်။ ယဲ့ရှောင်ချန်း သူတို့ကို အသိပေးစဥ်က အဆင့်နိမ့် အင်မော်တယ် အပင်များ ရှိလိမ့်မည်ဟု ပြောခဲ့သည်။
ဒီတစ်ခေါက်တော့ အရင်အခေါက်များထက် တက်ရောက်သော အင်မော်တယ်များစွာ ပိုများလာပါသည်။
အဝါရောင်အတန်းအစား အဆင့် ၁ မုန်လာဥများသာ ဖြစ်သော်လည်း ပြိုင်ဆိုင်မှုက အလွန်ပြင်းထန်ခဲ့ပါသည်။
ယဲ့ရှောင်ချန်း အလွန်ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သန့်စင်မှုပါရမီရှိသည့် အဆင့်နိမ့်အရည်အသွေးရှိသည့် အင်မော်တယ်အပင် ဖြစ်နေရင်တောင် အဝါရောင်အတန်းအစား အဆင့် ၁ အပင်သာ ဖြစ်သည်။ ဒီအင်မော်တွေက ဘာကြောင့် ဒီလောက်ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြသနည်း။
နောက်ဆုံးတွင်တော့ ယဲ့ရှောင်ချန်း ပြင်ဆင်ထားသည့် အင်မော်တယ် မုန်လာဥနီ ၅၀ နှင့် မုန်လာဥဖြူ ၅၀ တို့မှာ ပါးစပ်အဟောင်းသာ ဖြစ်လောက်စရာ စျေးဖြင့် ရောင်းထွက်သွားခဲ့ပါသည်။
ပျမ်းပျစျေးက မုန်လာဥတစ်လုံးကို အင်မော်တယ် ယွမ် ၃၀ ဖြစ်သည်။
ရုတ်တရက်ဆိုသလို လနတ်သမီးအား ရောင်းချလိုက်မိသည့် အင်မော်တယ် မုန်လာဥ ၆၀ အတွက် နောင်တရသွားမိခဲ့ပါသည်။
အင်မော်တယ် ယွမ်ရာကျော် ဆုံးရှုံးသွားခြင်းနှင့် ညီမျှ၏။
ယဲ့ရှောင်ချန်း နှလုံးသား သွေးထွက်နေပါပြီ။
နောက်တစ်ခါဆိုရင်တော့ ဒီလိုမလုပ်မှ ဖြစ်မည်။
သို့သော်လည်း ယဲ့ရှောင်ချန်း အံ့အားသင့်သွားရသည်မှာ လနတ်သမီး သူ့ကို ဦးစွာ လာဆက်သွယ်ပြီး ငွေကြေးကွာဟမှုအတွက် လျော်ကြေး ပြန်ပေးချင်သည်ဟု ဆိုပါသည်။
ယဲ့ရှောင်ချန်းက ပျော်ရွှင်သွားပါ၏။ အခွင့်ရေးရတုန်း အင်မော်တယ် ယွမ်ကို မယူပါက နှမြောစရာကောင်းလွန်းပါလိမ့်မည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက အလွန် စိတ်ဝင်စားနေ၏။ လနတ်သမီးကို သူ မေးလိုက်သည်။ "ခင်ဗျားက မုန်လာဥတွေကို အရမ်းလိုချင်နေတယ်ဆိုတော့ ဘာလို့ စျေးမြင့်မြင့်နဲ့ လေလံမပစ်တာလဲ။"
ဘာပဲဖြစ်ဖြစ် အင်မော်တယ်များ၏ ကြွယ်ဝမှုနဲ့ဆို အင်မော်တယ် ရာကျော် အနည်းငယ်က ဘာမှ မဟုတ်ပါ။
သို့သော်လည်း လနတ်သမီးက ရှင်းရှင်းလေးသာ ပြန်ဖြေလိုက်သည်။ "အကြောင်းအရင်းတစ်ခု ရှိလို့ပါ။"
ဘယ်လိုအကြောင်းအရင်းလဲ ဆိုတာကိုတော့ လနတ်သမီး မပြောခဲ့ပေ။
အင်မော်တယ် မေးခွန်းများမေးဖို့အတွက် အခကြေးငွေ လိုအပ်သည်ဆိုတာကို ယဲ့ရှောင်ချန်း ရုတ်တရက် မှတ်မိသွားသည်။ သူစိတ်လှုပ်ရှားသွား၏။ မဟုတ်မှလွဲရော အင်မော်တယ်တွေလည်း စည်းကမ်းတချို့ကို လိုက်နာဖို့ လိုအပ်တာများလား။
မဟုတ်ပါက အင်မော်တယ်များ ဒီလောက်ထိ ကပ်စေးနှဲစရာ အကြောင်း မရှိပါ။
ထိုသို့စဥ်းစားပြီး ပြဿနာ တစ်ခုခု ရှိလိမ့်မည်ဟု သူခံစားလိုက်ရပါသည်။
လနတ်သမီးက ဘာမှ မပြောသဖြင့် သူလည်း ထပ်မမေးတော့ပါ။
လေလံပွဲက ယဲ့ရှောင်ချန်း အင်မော်တယ်ယွမ် အများဆုံး ရသော နေရာ ဖြစ်သည်။ အင်မော်တယ်ယွမ် စုစုပေါင်း ၄,၀၀၀ ကျော် ရခဲ့ပါသည်။
စနစ်၏ အရင်ဆုငွေများအပြင် အခုတော့ အင်မော်တယ် ယွမ် ၆,၀၀၀ ရရှိခဲ့ပါသည်။
နောက်တစ်ခေါက် သူ ပေါပေါလျှံလျှံ သုံးနိုင်လာခဲ့ပြန်သည်။
ယဲ့ရှောင်ချန်းက သူ ဝယ်ချင်သည့်အရာကို ကြိုတင်စဥ်းစားပြီးသား ဖြစ်သည်။
ထိုအရာက သူအချိန်အတော်ကြာအောင် မျှော်လင့်နေခဲ့ရသည့် အရာဖြစ်ပါသည်။
"ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲ။ အလယ်အဆင့် အဝါရောင် ဝိညာဥ် ရတနာ။ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေစွမ်းအင်တွေကို စုပ်ယူပြီး ဒြပ်စင်ငါးမျိုးရဲ့ အင်မော်တယ် ဝိညာဥ်ချီအဖြစ် ပြောင်းလဲနိုင်တယ်။ ဂုဏ်သတ္တိ မျိုးစုံရှိတဲ့ အင်မော်တယ် အပင်တွေပေါ် အာနိသင်ကောင်းမွန်တယ်။"
သူ ဝယ်ထားသည့် ပစ္စည်းများကို မြင်သောအခါ ယဲ့ရှောင်ချန်း၏ မျက်လုံးများ ဝိုင်းစက်သွားခဲ့ပါသည်။
ဒီဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲနှင့်ဆိုလျှင် အင်မော်တယ် အပင်များကို ပိုမို စိုက်ပျိုးနိုင်ပါလိမ့်မည်။
ဝိညာဥ်ဂုဏ်သတ္တိရှိသည့် သို့မဟုတ် ဂုဏ်သတ္တိမဲ့ အင်မော်တယ်များကိုသာ အဓိက စိုက်ပျိုးရသော အခုလို အခြေအနေမျိုး မဖြစ်နိုင်တော့ပါ။
သို့သော်လည်း ဝိညာဥ်ဂုဏ်သတ္တိ အင်မော်တယ်အပင်များတွင် အားနည်းချက်တစ်ခု ရှိ၏။ ဖွံ့ဖြိုးကြီးထွားချိန် နှေးကွေးခြင်း ဖြစ်ပါသည်။
ဒီအင်မော်တယ် ဒြပ်စင်ငါးမျိုး ပုလဲသာ သူ့တွင် ရှိနေပါက ဝိညာဥ်ဂုဏ်သတ္တိရှိ အင်မော်တယ် အပင်များ အများကြီး ပိုမို လျင်မြန်စွာ ကြီးထွားလာနိုင်ပါသည်။
ထို့ကြောင့် ဒီဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲက အလွန်အမင်း တန်ဖိုးကြီးပြီး ၅၅,၅၅၅ ယွမ် ကုန်ကျသော်လည်း ယဲ့ရှောင်ချန်းက သေချာလေ့လာကာ ဝယ်ယူခဲ့ပါသည်။
ထို့အပြင် သူ လျှော့စျေး ၁၀ ရာခိုင်နှုန်းလည်း ရရှိနိုင်သေးသည် မဟုတ်ပါလား။
ထို့ကြောင့် သူ အင်မော်တယ်ယွမ် ထောင်ကျော် အနည်းငယ်လောက် သက်သာနိုင်ပါသည်။