← Chapters

ကျင့်ကြံခြင်းနည်းလမ်း ပြောင်းလဲခြင်း

Vol. 18 Ch. 269

ကျင့်ကြံခြင်းနည်းလမ်း ပြောင်းလဲခြင်း

Vol. 18 Ch. 269

ရက်အနည်းငယ် ကြာပြီးနောက်။

နောက်ဆုံးတော့ လျန်ယူကျူး ယဲ့ရှောင်ချန်းကို လာတွေ့ရတော့သည်။

"ဘော့စ် ကျွန်မ ကျင့်ကြံဖို့အတွက် အင်မော်တယ် စွမ်းအင်ကို စုပ်ယူချင်တယ်။"

လျန်ယူကျူးက ဆုံးဖြတ်ချက်ချပြီးသည့် ပုံပင်။

"သြော် နင့်ရဲ့ ကျင့်ကြံခြင်းနည်းလမ်းကို ပြောင်းချင်တာ သေချာလား။ နင် သေသေချာချာ စဥ်းစားရမယ်နော်။ နင် ပြောင်းလိုက်တာနဲ့ အရင် ကျင့်ကြံမှုတွေ အကုန် ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။ အစကနေ ပြန်ကျင့်ကြံရတာနဲ့ အတူတူပဲ။"

ယဲ့ရှောင်ချန်းက အတည်ပေါက် ပြောလိုက်ပါသည်။

"ကျွန်မ သိပါတယ်။ စဥ်းလည်း စဥ်းစားပြီးပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့လက်ရှိ ကျင့်ကြံခြင်း နည်းလမ်းကလည်း သာမန်အဆင့်ပဲလေ။ ချီသန့်စင်ခြင်းအဆင့်ကို တက်နိုင်ရင်တောင် အဲ့တာက ကျွန်မရဲ့ အတိုင်းအတာ ဖြစ်နိုင်တယ်။ ကျွန်မကြိုးစားကြည့်မယ်။ ရှင်ကျွန်မကို ညစ်ပတ်မယ်လို့တော့ မထင်ဘူးနော်။"

လျန်ယူကျူးက အံကြိတ်ကာ ပြောလိုက်ပါသည်။

"မဟုတ်ရပါဘူးဗျာ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ကျွန်မ အစွမ်းကုန် ကြိုးစားတော့မယ်။"

လျန်ယူကျူးက ပြောလိုက်၏။

"ကောင်းပါပြီ။ ဒါပေမယ့် ငါကြိုပြောထားမယ်။ ငါပေးထားတဲ့ ကျင့်ကြံနည်းလမ်းနဲ့ ကျင့်ကြံမယ်ဆိုရင် ငါ့အတွက် အခမဲ့တော့ အလုပ်လုပ်ပေးရမယ်။ နှစ် ၁၀၀ လောက် ငါ့အတွက် အလုပ်လုပ်ပေးရမယ်။ ဒါပေါ့ ငါက နင့်ကို ကျင့်ကြံမှု အရင်းအမြစ်တွေလည်း ထုတ်ပေးမယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"နှစ် ၁၀၀ ဟုတ်လား။ ကျွန်မက အသက် ၁၂၀ ကျော်တောင် နေနိုင်မလား အရင်ကြည့်လိုက်ပါဦး။"

လျန်ယူကျူးက နှုတ်ခမ်းစု=ူကာ ပြောလိုက်ပါသည်။

သူမက ချီသန့်စင်ခြင်းအဆင့်ကို မရောက်နိုင်လျှင် အများဆုံး အသက် ၁၀၀ သာ နေထိုင်နိုင်လိမ့်မည်။ သူမ အသက် ၂၀ ဝန်းကျင်ပင် ရှိနေပြီဖြစ်၏။

"စိတ်မပူပါနဲ့ ငါ့ကိုယ်ငါ ရှုံးအောင် မလုပ်ပါဘူး။"

ယဲံရှောင်ချန်း ပြုံးကာ ပြောလိုက်သည်။

"ဒီချစ်တီးကတော့..."

လျန်ယူကျူးက စောင်းမြောင်းကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ရုတ်တရက် ကျောက်စိမ်း အဆောင်တစ်ခုကို ထုတ်လိုက်သည်။

အင်မော်တယ် စာချုပ်ဖြစ်၏။

လျန်ယူကျူး ဘာမှန်း သိလိုက်ရသောအခါ ဆွံ့အသွားခဲ့ရသည်။ သူက စာချုပ်တောင် ပြင်ဆင်ထားပြီးပြီ။

ဘာပဲဖြစ်ဖြစ် သူမလည်း အစွမ်းကုန် ကြိုးစားတော့မည်မဟုတ်လား။

ချက်ချင်းဆိုသလိုပဲ သူမ ယဲ့ရှောင်ချန်းနှင့်အတူ စာချုပ်ချုပ်လိုက်ပါသည်။

အရေးအကြီးဆုံးအရာက ယဲ့ရှောင်ချန်းအတွက် နှစ် ၁၀၀ အလုပ်လုပ်ပေးဖို့ပဲ ဖြစ်သည်။

ယဲ့ရှောင်ချန်း၏ တာဝန်ကတော့ သူမကို ကျင့်ကြံခြင်း အရင်းအမြစ်ပေါင်းစုံဖြင့် ထောက်ပံ့ပေးဖို့ ဖြစ်၏။

"ဘော့စ် ကျွန်မအတွက် ဘယ်လို ကျင့်ကြံခြင်း နည်းလမ်းတွေ ပြင်ဆင်ပေးထားတာလဲ။"

လျန်ယူကျူးက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

အင်မော်တယ် ကျင့်ကြံနည်းလမ်းဆိုသဖြင့် အလွန် ကောင်းမွန်နိုင်လောက်သည်။

"ကြည့်လိုက်လေ။"

ယဲ့ရှောင်ချန်းက သူမကို ကျောက်စိမ်းပြားတစ်ခု ပေးလလိုက်၏။

"အဲ့ပေါ်ကို သွေးတစ်စက်ချပြီး နင့်မျက်ခုံးကြားထဲ ဖိလိုက်။ ပြီးရင်အဲ့တာနဲ့ ဆက်သွယ်နိုင်ဖို့ ကြိုးစားကြည့်လိုက်ချေ။"

ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။

ကျောက်စိမ်းပြားများအကြောင်း လျန်ယူကျူး သေချာပေါက် သိပြီးသားဖြစ်သည်။ အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ ဒါတွေ မရှားပါ။

ဘာပဲဖြစ်ဖြစ် သာမန် ပစ္စည်းများဖြင့် အချက်အလက်များကို ရေးသားထားပြီး အချိန်အကြာကြီး ခံနိုင်ဖို့က ခက်ခဲလှပါသည်။ ထိုပစ္စည်းများ ဟောင်းနွမ်းစုတ်ပြဲသွားနိုင်သည်။ ထို့နောက် စာလုံးများလည်း ပျောက်ကွယ်သွားနိုင်သည်။

လျန်ယူကျူးက သူမကို ပြောသည့်အတိုင်း လိုက်လုပ်လိုက်သည်။ သူမ၏ သွေးစက်ကို ချပြီးနောက် ကျောက်စိမ်းပြားကို သူမ၏ မျက်ခုံးနှစ်ခုအကြား ကပ်လိုက်လေသည်။

ခဏလောက်ကြာသောအခါ လျန်ယူကျူး မျက်လုံးများပြန်ဖွင့်လာပြီး ယဲ့ရှောင်ချန်းကို မင်သက်စွာဖြင့် ကြည့်လိုက်သည်။

"ရှောင်းယူ ဘာလို့ ငါ့ကို အဲ့လိုကြည့်နေတာလဲ။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

"ဘော့စ် ဘာလို့ ဒီလို ကျင့်ကြံခြင်းနည်းလမ်းမျိုးနဲ့လဲ။"

လျန်ယူကျူးက ပြောလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ကျောက်စိမ်းပြားထဲတွင် ပါဝင်သည့် ကျင့်ကြံခြင်းနည်းလမ်းက ပန်းပွင့်ကျင့်စဥ်ဟု ခေါ်သောကြောင့် ဖြစ်ပါသည်။

အင်မော်တယ် လောကမှ ကျင့်စဥ်ဖြစ်သော်လည်း အင်မော်တယ် စိုက်ပျိုးရေးသမားများ အဓိက အသုံးပြုကြသည့် ကျင့်ကြံနည်းလမ်း ဖြစ်သည်။ စွမ်းအားလည်း သိပ်မကြီးဘဲ စိုက်ပျိုးရေးအတွက်သာ အသုံးချလို့ ရပါသည်။

ပထမတော့ အင်မော်တယ်လောကမှ ကျင့်စဥ်ဖြစ်သဖြင့် အလွန် စွမ်းအားကြီးလိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။ ဘာလို့ ထောက်ပံ့အဆင့်ပဲ ရှိတဲ့ ကျင့်ကြံနည်းလမ်း ဖြစ်နေရတာလဲ။

"ရှောင်းယူ အင်မော်တယ် စိုက်ပျိုးရေးသမားတွေက ဒီလို ကျင့်စဥ်မျိုးကိုပဲ ကျင့်ကြံကြရမှာပဲလေ။ သူတို့ရဲ့ တိုက်ခိုက်စွမ်းအားက အရမ်းအားနည်းတယ် ဆိုပေမယ့် သူတို့က အင်မော်တယ် အပင်မျိုးစုံကို စိုက်ပျိုးနိုင်တယ်။ အင်မော်တယ်လောကမှာလဲ ဂုဏ်ရာထူး အရမ်းမြင့်ကြတယ်။ သူတို့ရဲ့ ကျင့်ကြံနှုန်းကလည်း အရမ်းမြန်ဆန်တယ်။ နင်က အနက်ရောင်အဆင့်ရှိတဲ့ စိုက်ပျိုးရေး ပါရမီရှင်ပါ။ အနက်ရောင်အဆင့်ရှိတဲ့ ကျင့်ကြံ ပါရမီရှင်နဲ့ ယှဥ်လို့ရတယ်။ ချီသန့်စင်ခြင်းအဆင့်ကိုလည်း အလွယ်လေး ဝင်ရောက်နိုင်တယ်။ ပြီးတော့ အင်မော်တယ် စိုက်ပျိုးရေးသမားတွေက စိုက်ပျိုးရေးမှာ အထူးပြုတာလေ။ ဘာကြောင့် တိုက်ခိုက်ရမှာလဲ" ယဲ့ရှောင်ချန်း ပြောလိုက်သည်။

"ဒါပေမယ့် ဘော့စ် ရှင်ကကော အင်မော်တယ် စိုက်ပျိုးရေးသမားပဲမဟုတ်ဘူးလား။ ရှင့်ရဲ့ တိုက်ခိုက်စွမ်းအားတွေကျတော့ ဘာလို့အရမ်း သန်မာနေရတာလဲ။"

လျန်ယူကျူး လုံးဝ နားမလည်ပေ။

အဘယ့်ကြောင့်ဆိုသော် အင်မော်တယ် လောကတွင် အားကြီးသူများက အားနည်းသူများကို ပစ်မှတ်ထားတတ်သည်။ အင်မော်တယ် စိုက်ပျိုးရေးသမားတွေဆိုတာ ဝိညာဥ် လယ်သမားတွေပဲမဟုတ်ဘူးလား။ ဒါက အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် အနိမ့်ဆုံး အဆင့်ဖြစ်သည်။ မော်တယ် လောကမှာတောင် လယ်သမားများသာဖြစ်၏။

သူမ လယ်သမားတစ်ယောက် လုပ်နိုင်ပါ့မလား။

"ငါက သာမန်လူမဟုတ်လို့ပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။

လျန်ယူကျူး လှည့်စားခံလိုက်ရပြီဟု ခံစားလိုက်ရပါသည်။

သို့သော်လည်း သူမ စာချုပ်ချုပ်ဆိုပြီးသား ဖြစ်သဖြင့် သူမ မကျင့်ကြံလို့ မရတော့ပါ။

အဘယ့်ကြောင့်ဆိုသော် ဒီအင်မော်တယ် အပင်ကျင့်စဥ်ကို မကျင့်ကြံပါက သူမ ပြဿနာ အကြီးကြီးတက်နိုင်သည်ဟု ခံစားနေရသောကြောင့်ဖြစ်ပါသည်။

လျန်ယူကျူး ရွေးချယ်စရာမရှိတော့ဘဲ ကျောက်စိမ်းစာလိပ်ပြားကို ယူကာ ဆောင့်ကြီးအောင့်ကြီးဖြင့် ထွက်သွားတော့သည်။

ယဲ့ရှောင်ချန်းက ပြုံးလိုက်ကာ သုတေသနကို ဆက်လုပ်လိုက်ပါသည်။

တစ်နာရီကြာသောအခါ လျန်ယူကျူး ပြန်ပြေးလာပြန်၏။

သူမ အလွန်ပျော်ရွှင်နေသည့်ပုံပင်။

"နင် ဘာလို့ အဲ့လောက် ပျော်နေတာလဲ။"

ဒီကောင်မလေးက ကလေးဆန်လွန်းသည်ဟု ယဲ့ရှောင်ချန်း ခံစားမိပါသည်။ မိန်းကလေးတစ်ယောက် ဖြစ်သဖြင့် ဒီ့ထက်ပိုပြီး ဣန္ဒြေရှိသင့်သည်။

"ဘော့စ် ကျွန်မ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်သွားပြီ။"

လျန်ယူကျူးက ပြောလိုက်၏။

"သြော် နင်က အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီပေါ့။ အဲ့တာ ဘာဖြစ်လို့လဲ။"

ယဲ့ရှောင်ချန်းက ပုံမှန်သာ ပြောလိုက်ပါသည်။

ရုတ်တရက် သူကြောင်သွားသည္။ လျန်ယူကျူးကို စိုက်ကြည့်လိုက်ပြီး ပြောင်းလဲမှုတချို့ကို ချက်ချင်း ခံစားလိုက်ရပါသည်။ အဘယ့်ကြောင့်ဆိုသော် လျန်ယူကျူး၏ အရှိန်အဝါက ပြောင်းလဲသွားပြီ ဖြစ်သောကြောင့်ပင်။ အပင်နှင့် ဟင်းသီးဟင်းရွက်များ၏ အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

သူမ အင်မော်တယ်အပင်ကျင့်စဥ်ကို ကျင့်ကြံနေတာ သေချာပါသည်။

လခွမ်း။ သူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်ကိုတောင် ရောက်သွားပြီလား။ အဲ့လောက်တောင် မြန်တာလား။

"နင် အင်မော်တယ် အပင်ကျင့်စဥ်ကို ကျင့်ကြံနေတာ သေချာရဲ့လား။"

ယဲ့ရှောင်ချန်းက စိတ်ဝင်တစား မေးလိုက်သည်။

"ဟုတ်တယ်။ ကျွန်မ ဒီလောက်မြန်မြန် ကျင့်ကြံနိုင်မယ်လို့ မထင်ထားဘူး။ ဒီကျင့်ကြံနည်းလမ်းက တကယ်ပဲ အင်မော်တယ်ချီစွမ်းအင်ကို သန့်စင်နိုင်ပြီး ကျွန်မရဲ့ ကျင့်ကြံနှုန်းကို အံ့သြဖို့ကောင်းတဲ့ အဆင့်အထိ ရောက်သွားစေတယ်။"

လျန်ယူကျူးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျွန်မ သုံးရက်ကနေ ငါးရက်အတွင်း ချီသန့်စင်ခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ ခံစားနေရတယ်။"

သူမ၏ ယခင် တိုက်ခိုက်စွမ်းအားများကို ဆုံးရှုံးသွားသော်လည်း တခါမှ မကြုံဖူးသည့် စိတ်အေးသွားသော ခံစားချက်ကို ခံစားလိုက်ရပါသည်။ သူမ၏ ခန္ဓာကိုယ်ထဲက စိတ်ဓာတ်ကျမှုအားလုံး ပျောက်ကွယ်ကာ အေးချမ်းလာသလိုပင်။

အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်နှင့် ချီသန့်စင်ခြင်းအဆင့်တို့ကြားထဲက အကာအရံကိုပင် သူမ အာရုံခံမိိနေပါပြီ။

ထိုအကာအရံကို သူမ ချိုးဖောက်ကျော်လွန်နိုင်ပါက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ အစစ်အမှန်တစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မည်။

သူမက ထောက်ကူအဆင့် အင်မော်တယ် စိုက်ပျိုးရေးသမားသာ ဖြစ်လာမည်ဆိုသော်လည်း ချီသန့်စင်ခြင်းအဆင့်ကိုတော့ ရောက်ရှိနိုင်ပါသည်။

သူမ နှစ် ၂၀၀ လောက်အထိ နေထိုင်နိုင်၏။

"အင်း သိပ်ကောင်းတာပေါ့။ ဆက်ပြီး ကြိုးစားပါ။ ငါ့ကိုယုံ။ နင့်ရဲ့ လက်ရှိကျင့်ကြံနှုန်းနဲ့ဆိုရင် ရွှေဗဟိုချက်အဆင့်ထိ ရောက်နိုင်ဖို့တောင် မျှော်လင့်ချက် ရှိတယ်။"

ယဲ့ရှောင်ချန်းက သူမကို အားပေးလိုက်သည်။

လျန်ယူကျူး၏ မျက်နှာက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့၏။

ရွှေဗဟိုချက်တဲ့။

အင်မော်တယ်ကျင့်ကြံခြင်းလောကမှာဆို အကြီးအကဲတစ်ဦး၏ အဆင့်ဖြစ်သည်။

နှစ်ပေါင်း ၅၀၀ လောက်အထိ ရှင်သန်နိုင်ကြ၏။

အလွန်အသက်ရှည်သည်ဟု ဆိုနိုင်ပါသည်။

ရက်အနည်းငယ် ကြာသောအခါ လုတုန်ချမ်းလည်း သူ့ကို လာတွေ့ပြီး အပင်ကျင့်စဥ်ဖြင့် ကျင့်ကြံချင်သည်ဟု ဆိုလာပါသည်။

"မင်းသေချာရဲ့လား။"

ယဲ့ရှောင်ချန်းက ပြုံးကာ မေးလိုက်၏။

"သေချာပါတယ်။ ဒိလမ်းပေါ်မှာ မျှော်လင့်ချက်မရှိဘဲ လျှောက်နေရမယ့်အစား အင်မော်တယ် စိုက်ပျိုးရေးသမားတစ်ယောက်ရဲ့ လမ်းကိုပဲ လျှောက်လှမ်းလိုက်မယ်။ ကျွန်တော်လည်း တိုက်ရခိုက်ရတာမှ သဘောမကျတာ။"

လုတုန်ချမ်းက အလွန်ပြတ်သားစွာ ပြောလိုက်ပါသည်။

"မင်း လေးလေးနက်နက် စဥ်းစားပြီးတာ ဝမ်းသာပါတယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပြီး ချက်ချင်း သူနဲ့ အင်မော်တယ် စာချုပ်ချုပ်ဆိုလိုက်ပါသည်။ ထို့နောက် အင်မော်တယ် ကျောက်စိမ်းစာလိပ်ပြားကို ပစ်ပေးလိုက်သည်။ လုတုန်ချမ်းက သူ့သွေးစက်ကို ချပြီး ကျောက်စိမ်းပြားပေါ်က အချက်အလက်များကို စုပ်ယူလိုက်သည်။ ထို့နောက် ကျင့်ကြံဖို့ အမြန်ထွက်သွား၏။

သေချာပါသည်။ တစ်နာရီကျော်ကြာသောအခါ လုတုန်ချမ်းလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အထွတ်အထိပ်အဆင့်သို့ ကျင့်ကြံရောက်ရှိသွားသည့်ပုံပင်။

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်၏။

"ဘာလို့ ရှန်းနုန်ကျင့်စဥ်ကို ကျင့်ကြံဖို့က အရမ်းခက်တာလဲကွာ။"

ငါကတော့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အလယ်အဆင့်ပဲ ရှိသေးတယ်။ ဘယ်တော့မှ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နောက်ပိုင်းအဆင့်ကို ရောက်မှာလဲ။

အမှန်ပင်။ ရှန်းနုန်ကျင့်စဥ်တွင် အခက်ခဲဆုံးအပိုင်းက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ဆိုတာကို သူသိထားပါသည်။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို အောင်မြင်သွားပါက သူ့ရှန်းနုန်ပါရမီကို အပြည့်အဝ ထုတ်သုံးနိုင်လိမ့်မည်။ သူ့ကျင်ကြံနှုန်းက သေချာပေါက် ကြောက်ဖို့ကောင်းလောက်သည့် အဆင့်အထိ ရောက်လာပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ် သူက နတ်ဘုရားအဆင့် ရှန်းနုန် ပါရမီရှင်တစ်ယောက်ပဲ မဟုတ်လား။

All Chapters