တစ်မူလျှင် ကတ်တီ ၄၀၀၀
Vol. 18 Ch. 270
လုတုန်ချမ်းနှင့် လျန်ယူကျူးတို့ အင်မော်တယ် အပင်ကျင့်စဥ်ကို စတင်ကျင့်ကြံပြီးကတည်းက ၎င်းတို့၏ စိုက်ပျိုးရေးပါရမီများလည်း အလွန်တိုးတက်လာကြသည်။
နောက်ဆုံးတော့ သူတို့အကူအညီပေးနိုင်လာပါပြီ။
ယဲ့ရှောင်ချန်းက သူတို့ကို နေ့တိုင်း နွားလို မြင်းလို အမိန့်ပေးကာ ခိုင်းစေ၏။
ဒီအချိန်တောအတွင်း အင်မော်တယ်မြေကွက် တချို့ကို ထပ်ဝယ်ယူပြီး အင်မော်တယ် အပင်များကို ထပ်စိုက်ပျိုးခဲ့သည်။
သူတို့လည်း ကဏ္ဍတစ်ခုမှ ပါဝင်နိုင်ခဲ့ပါသည်။
သို့သော်လည်း သူတို့နှစ်ယောက်က ဘာမှ အထွန့်မတက်ကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကျင့်ကြံနှုန်းက သူတို့ စိုက်ပျိုးတုန်းကထက် ပိုမိုလျင်မြန်နေသည်ကို သိနေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူတို့စိုက်ပျိုးရင်း အချိန်ကုန်ဆုံးဖို့ မစောင့်နိုင်ကြတော့ပါ။
အင်မော်တယ်မြေကွက်များ ပိုများလာသဖြင့် စိုက်ပျိုးဖို့ အင်မော်တယ် အပင်များလည်း ပိုများလာသည်။ ယခု ယဲ့ရှောင်ချန်းက နေ့တိုင်းနီးပါး သို့မဟုတ် နှစ်ရက် တစ်ခါလောက် အင်မော်တယ် အပင်များကို ရိတ်သိမ်းနေရပြီ ဖြစ်သည်။ နေ့တိုင်း ငွေတွေ အများကြီး ဝင်နေသည်ဟု ပြောနိုင်၏။
သူအလွန် ဝမ်းသာမိပါသည်။ ထင်ထားသင့်အတိုင်း အဆင့်ပိုမြင့်လေလေ ငွေရှာရတာ ပိုပြီး အဆင်ပြေချောမွေ့လေလေပင်။
ဒီလိုနှင့် နောက်ထပ် လဝက် ကုန်ဆုံးသွားခဲ့ပါသည်။
လျန်ယူကျူး နောက်ဆုံးတော့ ယဲ့ရှောင်ချန်းအတွက် နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကို ခေါ်ပေးနိုင်ခဲ့ပါသည်။
ထိုသူက ထုယွဲ့ကျွီဟု အမည်ရပြီး သူမကလည်း မောင်ရှန်းဂိုဏ်းကပဲ ဖြစ်၏။ လျန်ယူကျူးနှင့် ရင်းနှီးသည်။
သို့သော်လည်း လျန်ယူကျူး၏ သွက်လက်သော အကျင့်စရိုက်လို မဟုတ်ဘဲ ထုယွဲ့ချွီက အနေအေးပြီး ခံစားချက်မဲ့သော မျက်နှာမျိုး ရှိသည်။
မသိလျှင် သူမထံမှ ပိုက်ဆံချေးသည့် ရုပ်မျိုးရှိလေ၏။
သူမကလည်း ချောမောလှပသူလေး ဖြစ်ပါသည်။ သို့သော် သူမ၏ မျက်နှာထားက သူမကို အရုပ်ဆိုးစေ၏။
ပထမတော့ ယဲ့ရှောင်ချန်းက လူလိမ်ဟု ထုယွဲ့ချွီထင်ကာ လျန်ယူကျူးကို သူမနှင့်အတူ လိုက်ခဲ့ဖို့ ခေါ်၏။ သို့သော် လျန်ယူကျူးက သူမ၏ အရှိန်အဝါကို ထုတ်ပြလိုက်သောအခါ သူမ ထိတ်လန့်သွားရသည်။
အဘယ့်ကြောင့်ဆိုသော် လျန်ယူကျူးက လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှာ ချီသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့်ပင်။
လုတုန်ချမ်းလည်း ရောက်ရှိခဲ့ပါပြီ။
ဒီလိုနှင့် ထုယွဲ့ချွီလည်း ချက်ချင်း သူတို့နဲ့ ပူးပေါင်းကာ အင်မော်တယ် စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်။
သို့သော်လည်း ထုယွဲ့ချွီ ဝင်ရောက်လာပြီးနောက် သူမ၏ ကျင့်ကြံနှုန်း သိပ်ပြီး မြန်မလာကြောင်း သိလိုက်ရသည်။ ထိုအခါမှ သူမ လှည့်စားခံလိုက်ရသည်ကို သိလိုက်ရခြင်း ဖြစ်ပါသည်။
သူမ၏ ကျင့်ကြ့ခြင်းကို မပြောင်းလဲပါက သူမ ချီသန့်စင်ခြင်းအဆင့်ကို ဒီလောက် မြန်မြန် ပြောင်းလဲနိုင်ဖို့ မဖြစ်နိုင်ပါ။
ထုယွဲ့ချွီက ယခင်တုန်းက ရုပ်အလောင်း ထိန်းချုပ်ကျင့်စဥ်ကို ကျင့်ကြံခဲ့သည်။ သူမ၏ စရိုက်က ကျောက်တုံးတစ်တုံးထက် ပိုမို ခေါင်းမာပြီး အမြဲတမ်း ယဲ့ရှောင်ချန်းကို ကလန်ကဆန်လုပ်သည်။
ယဲ့ရှောင်ချန်း သူမကို သင်ခန်းစာ နည်းနည်း ပေးလိုက်ခါမှ သူမ အမိန့်နာခံတတ်လာ၏။
နောက်ဆုံးတော့ လျန်ယူကျူးနှင့် လုတုန်ချမ်း၏ ကျင့်ကြံနှုန်း ပိုပိုပြီး မြန်လာသည်ကို သူမ သတိထားမိပါပြီ။ သူတို့ ချီသန့်စင်ခြင်း အလယ်အဆင့်ကိုပင် ရောက်ရှိကြတော့မည်။ သူမ နောက်ကျလို့ မဖြစ်တော့ပါ။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ် စိုက်ပျိုးရေးသမားများ၏ ကျင့်ကြံခြင်း အဆင့်က အလွန်မြင့်မားသောကြောင့်ဖြစ်သည်။
သူတို့က တိုက်ခိုက်ရေးတွင် မတော်ကြသော်လည်း သာမန် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း ကျင့်ကြံသူများထက်တော့ ပိုမို သန်မာပါသေးသည်။ အနည်းဆုံး သူတို့နှစ်ယောက်ပေါင်းလျှင် ထုယွဲ့ချွီကို အနိုင်ယူနိုင်သည်။
ဒီလိုနှင့် ထုယွဲ့ချွီလည်း နောက်ဆုံးတော့ သူမ၏ ခေါင်းမာမှုကို စွန့်လွှတ်ကာ ကျိုးနွံစွာဖြင့် အထူး ကျင့်ကြံနည်းလမ်းကို တောင်းဆိုခဲ့ပါသည်။
ယဲ့ရှောင်ချန်းကလည်း ပြောစရာမလိုအောင် သဘောတူခဲ့သည်။
ရုတ်တရက် သူ သက်ပြင်းချလိုက်မိသည်။
ဒီကျင့်ကြံသူ သုံးယောက်စလုံးက အကျင့်စရိုက် မတူညီကြပါ။ သူတို့ကို အုပ်ချုပ်ဖို့ လုံးဝ လုံးဝ မလွယ်ကူခဲ့ပေ။
ထုယွဲ့ချွီတစ်ယောက်တည်းနဲ့တင် အချိန်အကြာကြီး ယူခဲ့ရ၏။
ကံကောင်းစွာဖြင့် ဒီအင်မော်တယ် ကျင့်ကြံသူများ အကုန်လုံးက အနက်ရောင်အဆင့် ပါရမီရှင်များဖြစ်ကြသည်။ ထို့ကြောင့် အားစိုက်ရကျိုးနပ်၏။
ထုယွဲ့ချွီ၏ စိုက်ပျိုးရေးပါရမီက လုတုန်ချမ်းနှင့် လျန်ယူကျူးတို့ထက် ပိုမြင့်ကာ ဆန်းကြယ်အဆင့် အဆင့် ၅ အထိ ရှိနေပါသည်။
ဒီလိုနှင့် ထုယွဲ့ချွီ အင်မော်တယ် အပင်ကျင့်စဥ်ကို ကျင့်ကြံပြီး အင်မော်တယ် စိုက်ပျိုးရေး သမားတစ်ယောက် ဖြစ်လာသောအခါ သူမ၏ ကျင့်ကြံနှုန်းက ခုန်တက်သွားခဲ့သည်။ သူတို့နှစ်ယောက်ကို အချိန်တိုအတွင်း အမှီလိုက်နိုင်ခဲ့၏။
ယဲ့ရှောင်ချန်း တိိုးတိုးတိတ်တိတ် ကျွတ်သပ်လိုက်မိပါသည်။
ချီသန့်စင်ခြင်းအဆင့် အင်မော်တယ် အပင် ကျင့်ကြံသူများအား ထောက်ပံ့ဖို့ ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ရှိပါသည်။ ကံကောင်းစွာဖြင့် ယဲ့ရှောင်ချန်းက ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲကို ဝယ်ခဲ့သည်။ မဟုတ်ပါက သေချာပေါက် လုံလောက်မည် မဟုတ်ပေ။
ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲ၏ ဒြပ်စင်ငါးမျိုး အင်မော်တယ်ချီ ထောက်ပံ့နိုင်စွမ်းက အလွန်မြင့်မား၏။
၃ မှ ၅ ယောက်အထိ မပြောပလောက်ဘဲ ၃၀ - ၄၀ လောက်အထိပင် ပြဿနာ မရှိနိုင်ပါ။
သုတေသန အဖွဲ့အစည်းတွင်။
ယဲဲ့ရှောင်ချန်းက အထူးစပါးမျိုးများ ရိတ်သိမ်းဖို့အတွက် အားလုံးကို ဦးဆောင်လိုက်၏။
မဆိုးလှပါ။ အထူးစပါးမျိုးများက အရွယ််ရောက်နေကြပြီဖြစ်သည်။
အထူးသဖြင့် သန္ဓေပြောင်းလဲနေသည့် အထူးစပါးပင် ဖြစ်သည်။ သာမန် အထူးစပါးပင်များထက် ပိုကြီးပြီး စပါးနှံများက ပိုရှည်ကာ စပါးနှံပေါ်က စပါးစေ့များကလည်း ကြီးမားကြ၏။ အထူးခြားဆုံးအရာက စပါးစေ့၏ အရောင်မှာ ခရမ်းရောင် ဖျော့ဖျော့ သမ်းနေခြင်းပင်။
အလွန်ထူးဆန်းလှပါသည်။
ယဲ့ရှောင်ချန်း သုတေသန လုပ်ပြီးနောက် ဒီ သန္ဓေပြောင်း အထူးစပါးပင်တွင် ဗီဇပြောင်းလဲမှု တစ်ခု ရှိခဲ့ပြီး အရောင်ပြောင်းလဲသွားခြင်း ဖြစ်သည်။ အလွန် အာနိသင် ရှိပါသည်။
အာဟာရပိုင်းတွင်လည်း သာမန် အထူး စပါးမျိုးပင်များထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမြင့်မား၏။ အထွက်နှုန်းကလည်း ၃၀ ရာခိုင်နှုန်းလောက် ပိုမြင့်ပါသည်။
ဒါက အမှန်တကယ်ပဲ အထူးစပါးပင်ဆိုတာ လက်ခံရပါတော့မည်။
ဒီအပင်နှင့်ယှဥ်လျှင် အခြား အထူးစပါးမျိုးပင်များက ဆိုးရွားနေ၏။
တကယ်တော့ ဒါက သန္ဓေပြောင်းလဲခြင်း၏ ရလဒ်ကြောင့် ဖြစ်မှန်း ယဲ့ရှောင်ချန်း သိပါသည်။ သာမန် ပျိုးထောင်နည်းလမ်းဖြင့်သာ ဆိုလျှင် ရှန်းနုန်ပါရမီနဲ့တောင် ဒီအဆင့် ရောက်ဖို့ အလွန်ခက်ခဲနိုင်၏။
စပါးပင်များကို ရိတ်သိမ်းရာတွင်လည်း တင်းကြပ်သည့် စံနှုန်း စည်းကမ်းများ ရှိ၏။
ဥပမာအားဖြင့် စပါးနှံများကို ဖြတ်ဖို့ တံစဥ်ကို အသုံးပြုရာတွင် အမြင့်တစ်ခုလောက် ချန်ထားရမည် ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် အထူးစပါးမျိုးမှာ အကြိမ်ကြိမ် ပြန်ကြီးထွားနိုင်သောကြောင့် ဖြစ်သည်။
အထူးစပါးပင်၏ စမ်းသပ်ပျိုးထောင်မှုက မပြီးသေးပါ။ ပြီးဖို့အတွက် နှစ်ခေါက်လောက် ပြန်လည် ကြီးထွားဖို့ လိုသည်။
ရိတ်သိမ်းပြီးသော စပါးစေ့များကို အခြောက်ခံပြီး အလေးချိန် ချိန်လိုက်သောအခါ ရလဒ်ကြောင့် သုတေသန ပညာရှင်များ ပျော်ရွှင်သွားရ၏။
အထွက်နှုန်းက တစ်မူကို ၄,၈၃၂ ကတ်တီ ရှိခဲ့ပါသည်။
မျိုးကွဲစပါးထက် ၂ ဆနီးပါး ပိုမြင့်၏။
အတည်ငြိမ်ဆုံး စမ်းသပ်အခြေအနေများ အောက်တွင်တောင် အထူးမျိုးကွဲ စပါးပင်များက အများဆုံး ၁,၈၀၀ ကတ်တီသာ ရောက်နိုင်ပါသည်။
သာမန်ပျိုးထောင်ခြင်း နည်းလမ်းအရ အထူးစပါးပင်တွင် သာမန်အထွက်နှုန်းရှိပါက တစ်မူကို ၄,၀၀၀ ကတ်တီ ပုံသေရှိနိုင်ပါသည်။
တကယ့် အထူးစပါးမျိုးပဲ ဖြစ်သည်။
ထိုနေ့မှာပင် အထူးစပါးမျိုး၏ ကောက်ရိတ်သိမ်းမှု အဖြေများက ချက်ချင်းဆိုသလိုပဲ ယန်မြို့တော်၊ တောင်ပိုင်းဒေသနှင့် တခြားခေါင်းဆောင်များ၏ စားပွဲပေါ်သို့ ရောက်လာခဲ့သည်။
တင်ပြချက်ကို ဖတ်ပြီးသူတိုင်း ထိတ်လန့်သွားကြပါသည်။
ဒါက ချဲ့ကားတင်ပြထားခြင်း မဟုတ်ဘဲ အခြေအနေမှန်သာ ဖြစ်သည်။
"ဟားဟား ကောင်းတယ် ကောင်းလိုက်တာကွာ။ အထူးစပါးမျိုးဆိုတဲ့ အတိုင်းပဲ။"
ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန်းရှန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဒီအဖြေကို သူအလွန် ကျေနပ်အားရပါသည်။
ဒီရလဒ်များကိုသာ လူထုကို တင်ပြလိုက်ပါက ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားလိမ့်မည် ဆိုတာကို မြင်နိုင်ပါသည်။
တကယ်တော့ သုတေသန အဖွဲ့အစည်းမှအထူးစပါးမျိုး၏ တင်ပြချက် ထုတ်ပြန်ပြီးကတည်းက စိတ်ဝင်စားသူများကို ဖုံးကွယ်ထားဖို့ အလွန်ခက်ခဲခဲ့ပါသည်။
မကြာခင်မှာပဲ အထူးစပါးမျိုး၏ သတင်းက နယ်ပယ်ငယ်လေး တစ်ခုအတွင်း ပျံ့နှံ့သွားခဲ့တော့၏။
...
တောင်ပိုင်းဒေသ၏ လုံဖျင် အဆင့်မြင့် နည်းပညာက တောင်ပိုင်းဒေသ၏ စိုက်ပျိုးရေး နယ်ပယ်တွင် အလွန်နာမည်ကြီးသော ကုမ္ပဏီဖြစ်သည်။ နိုင်ငံတော်တွင်လည်း အလွန်နာမည်ကြီး၏။
အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော်ထဲက မျိုးကွဲစပါး တစ်ဝက်ကျော်လောက်ကို လုံဖျင်အဆင့်မြင့်နည်းပညာမှ ထောက်ပံ့ပေးထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
တောာင်ပိုင်းဒေသက လုံဖျင်အဆင့်မြင့်နည်းပညာ၏ ပင်မထောက်ပံ့ရေးနယ်မြေဖြစ်သည်။
အခုတော့ လျှို့ဝှက်လမ်းကြောင်းများမှတ ဆင့် လုံဖျင်အဆင့်မြည့်နည်းပညာ၏ လုပ်ပိုင်ခွင့်ရှိသူများစွာက ယန်မြို့တော်၏ အပင် အသိစိတ် သုတေသန အဖွဲ့အစည်းမှ ပျိုးထောင်သည့် အထူးစပါးမျိုး သတင်းအကြောင်းကို ကြားသိခဲ့ကြရသည်။
ခေတ္တလောက် သူတို့ အလွန်ထိတ်လန့်ခဲ့ကြရ၏။
လုံဖျင်အဆင့်မြင့်နည်းပညာက တစ်မူကို ၂,၀၀၀ ကတ်တီလောက် မျိုးကွဲစပါးကို ထုတ်လုပ်ပေးနေသော်လည်း စမ်းသပ်နေဆဲ အခြေအနေသာ ဖြစ်သည်။ ထို့အပြင် မနှစ်က ပြည်နယ်တစ်ခုတွင် မျိုးကွဲစပါး မအောင်မြင်မှုက လုံဖျင်အဆင့်မြင့်နည်းပညာ၏ ပြည်နယ်တစ်ခုအတွင်း မျိုးစေ့ဖြန့်ဝေမှုကို အဟန့်အတား ဖြစ်စေခဲ့သည်။
စူပါစပါးမျိုးသာ မွေးဖွားလာလျှင် လုံဖျင် အဆင့်မြင့် နည်းပညာအပေါ် သက်ရောက်မှုက ကြီးမားပါလိမ့်မည်။
"မဖြစ်နိုင်တာကွာ။ တစ်မူက ၄,၀၀၀ ကတ်တီ ဟုတ်လား။ သေချာပေါက် မဖြစ်နိုင်တာကွာ။"
"အေးလေ တစ်မူကို ၄,၀၀၀ ကတ်တီတဲ့။ အခု ဘယ်နှခုနှစ် ရောက်နေပြီထင်လို့ ဂျင်းထည့်နေတာလဲ။"
"အလိမ်အညာဆိုတာ သိသာပါတယ်ကွာ။"
"ငါတို့ သတိထားမှဖြစ်မယ်။ အဲ့တာ ယန်မြို့တော်က အပင်အသိစိတ် သုတေသနအဖွဲ့အစည်းဆိုတာပဲ။ ပရော်ဖက်ဆာ ယဲ့ရှောင်ချန်း ကိုယ်တိုင် ပျိုးထောင်ထားတာကွ။"
"ပရော်ဖက်ဆာ ယဲ့ရှောင်ချန်းက တော်ရင်တောင် အဲ့လောက်ကြီးတော့ မတော်နိုင်ပါဘူး။ ငါတို့မှာ အင်ဂျင်နီယာကျောင်းတော်က ပညာရှင်တစ်ယောက် ရှိတယ်။ သေချာပေါက် ယဲ့ရှောင်ချန်းအောက်တော့ အဆင့်မနိမ့်နိုင်ဘူး။"
"အေး ငါလည်း မယုံကြည်ဘူး။"
"အဲ့ဒီတင်ပြချက်က ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ရုံးခန်းထဲတောင် ရောက်နေပြီ။ ဘယ်လိုလုပ်ပြီး အတု ဖြစ်နိုင်မှာလဲ။"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ တကယ်ပဲ တစ်မူကို ၄,၀၀၀ ကတ်တီဆိုရင် ငါတို့ရဲ့ မျိုးကွဲစပါးတွေကို နင်းချမသွားနိုင်ဘူးလား။"
အစည်းအဝေးပွဲတွင် စကားသံများစွာ ထွက်ပေါ်နေခဲ့သည်။ တချို့က ယုံ၏။ တချို့က မယုံပေ။ လုံးဝ ဗြောင်းဆန်နေခဲ့ပါသည်။
"အားလုံးပဲ စိတ်အေးအေးထားကြပါ။ အထူး စပါးမျိုးက တကယ်ပဲဆိုရင်တောင် စမ်းသပ် ကာလအတွင်းမှာပဲ ရှိပါသေးတယ်။ စီးပွားရေး ပရိုမိုးရှင်းအဆင့်အထိ မရောက်သေးပါဘူး။ အဲတ့ာကြောင့် လောလောဆယ် ကျုပ်တို့ စိတ်ဖိစီးစရာ မလိုအပ်သေးဘူး။"
လုံဖျင်အဆင့်မြင့်နည်းပညာ၏ ဒုဥက္ကဌက ပြောလိုက်သည်။
"မစ္စတာလီ ပြဿနာက ပြည်နယ်ဝန်ကြီးက အထူးစပါးမျိုးကို အရမ်းထောက်ပံ့နေတယ်။ စီးပွားရေးအရ သုံးစွဲဖို့ဆိုတာ သိပ်တောင် မကြာနိုင်ဘူး။"
နောက်ထက် ပြောပိုင်ခွင့်ရှိသူက ပြောလိုက်သည်။
"ဟင်း ဒါဆိုလည်း ကျုပ်တို့ ဒီအထူးစပါးမျိုးကို စမ်းသပ်ခန်းထဲက ထွက်မလာအောင် လုပ်ပေးရုံပေါ့။"
မစ္စတာလီက သရော်လိုက်၏။
အားလုံးရဲ့ မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားကြသည်။
မှန်သည်။ အကြံကောင်းပင်။ လူတိုင်း၏ ဘဝနေထိုင်မှုနှင့် သက်ဆိုင်နေသော အထူးစပါးမျိုးများတွင် စမ်းသပ်ခံအဆင့်မှ စီးပွားရေး ပရိုးမိုးရှင်းအဆင့်သို့ ကူးပြောင်းဖို့ အလွန်တင်းကြပ်သည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရသည်။ သက်ဆိုင်ရာ ပညာရှင်များက စစ်ဆေးပေးကြ၏။
ထို့အပြင် စစ်ဆေးရေး ယူနစ်ကိုလည်း ပုံမှန်အားဖြင့် စိုက်ပျိုးရေးဝန်ကြီးက ဦးဆောင်သည်။
လုံဖျင်အဆင့်မြင့် နည်းပညာ၏ အာဏာဖြင့်ဆိုလျှင် ဒီကိစ္စတွင် အဟန့်အတားတစ်ခုခု လုပ်ဖို့ ဖြစ်နိုင်ပါသည်။
အထူးစပါးမျိုးအား စမ်းသပ်ခန်းထဲမှ ထွက်လာခွင့်မပြုပါက တစ်မူကို ဘယ်လောက်ပဲ ထွက်နေပါစေ ဘာမှ မဟုတ်တော့ပါ။
အားလုံးလည်း ဒီလို လုပ်နိုင်သည်ဟု ခံစားလိုက်ကြရ၏။
ကံမကောင်းစွာဖြင့် ကိစ္စများ ဒီလောက် မလွယ်ကူမှန်း သူတို့ မသိခဲ့ကြချေ။