လျို့ဝှက်ဆန်းကြယ်သော သစ်သားစိတ်ဝိညာဥ်ဆေး
Vol. 19 Ch. 271
စိုက်ပျိုးရေးခြံတွင်။
အင်မော်တယ် မြေကွက်တစ်ကွက်၌ အနီရောင် အင်မော်တယ် ပဲပင်များတွင် အနီရောင် ပဲပွင့်များဖြင့် ပြည့်နှက်နေ၏။
အနီရောင် အင်မော်တယ် ပဲပင်များ၏ အလယ်တွင်တော့ ဖူဆန် သစ်ပင်တစ်ပင် ကြီးထွားနေပါသည်။
ဒီနယ်မြေထဲ ဝင်လိုက်သည်နှင့် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ သေချာပေါက် အပြင်ဘက်က အပူချိန်ထက် အများကြီး ပိုမြင့်၏။
ယဲ့ရှောင်ချန်း ခြေပုလ္လင်ခွေကာ ထိုင်လိုက်သည်။ သူ အသက်ရှူလိုက်သောအခါ အပင်ဝိညာဥ် စွမ်းအင်အပိုင်းအစများက သူ့ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားပြီး ဒန်တန်ထဲတွင် မီးမှော်စွမ်းအား အပိုင်းအစများ ဖြစ်ပေါ်လာကာ ဆန်စေ့တစ်စေ့အရွယ်ရှိသည့် မှော်စွမ်းအင် သလင်းကျောက်တစ်ခုအဖြစ် စုစည်းပြောင်းလဲသွား၏။
အချိန်အတော်ကြာ ကျင့်ကြံပြီးသွားသောအခါ သူ့ဒုတိယအပင်ဝိညာဥ်အမျိုးအစားက စဦးအဆင့်ပင် ရောက်နေပြီ ဖြစ်သည်။
အနီရောင် အင်မော်တယ်ပဲပင်များဖြင့် အပင်ဝိညာဥ်ကို ကျင့်ကြံဖို့အတွက် အနီရောင် အင်မော်တယ်ပဲပင် နှစ်ပင်ကို ထပ်စိုက်ခဲ့သည်။ သူ့တွင် ဖူဆန်သစ်ပင်က ထောက်ပံ့ပေးထားသော မီးအမျိုးအစား အင်မော်တယ် ဝိညာဥ်စွမ်းအင် မရှိသော်လည်း ဒြပ်စင်ငါးမျိုး အင်မော်တယ် ပုလဲ ရှိ၏။ ထို့ကြောင့် ထောက်ပံ့မှု မလုံလောက်မည်ကို စိုးရိမ်စရာ မလိုပေ။
အမှန်ပင်။ ယဲ့ရှောင်ချန်းကတော့ ခြားနားချက်တချို့ကို တွေ့ခဲ့ပါသေးသည်။ ဖူဆန်သစ်ပင်မှ ထောက်ပံ့ပေးထားသည့် အနီရောင် အင်မော်တယ်ပဲပင်များ၏ ဝိညာဥ်စွမ်းအင်မှာ တခြားအပင်များထက် ပိုကောင်းသည်။ ထို့အပြင် ၎င်းတို့၏ မီးအမျိုးအစား ဂုဏ်သတ္တိများကလည်း ပိုမို သန့်စင်၏။
ထို့ကြောင့် ယဲ့ရှောင်ချန်းက ဒီအင်မော်တယ် မြေကွက်တွင် ကျင့်ကြံရခြင်းကို သဘောအကျဆုံဖြစ်ပါသည်။
သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းပေါများလာသည့် မီးအမျိုးအစား မှော်စွမ်းအင်များကိုခံစားမိသောအခါ ယဲ့ရှောင်ချန်း အသက်ကို အရှည်ကြီး ရှူထုတ်ပစ်လိုက်၏။ ထွက်လာသော လေများမှာ မီးတောက်တစ်ခုလိုပင်။ ပျံ့နှံ့သွားပြီး အပူလှိုင်းများကို ဖန်တီးနေ၏။
"ဟင်းဟင်း ဒါက အနီရောင် အင်မော်တယ် ပဲပင်ကနေ ကျင့်ကြံထားတဲ့ မှော်စွမ်းအင်ပဲ။ မီးအမျိုးအစားဆိုပေမယ့် သာမန်မီးအမျိုးအစားတော့ မဟုတ်ဘူး။ ပိုနူးညံ့ပေမယ့် အသက်စွမ်းအင်ပိုမြင့်တဲ့ အပင်မီးအမျိုးအစားထဲမှာ ပါတယ်။ အသက်စွမ်းအင်ကို စုပ်ယူပြီး စွမ်းအင်တိုးမြှင့်နိုင်တယ်"
ယဲ့ရှောင်ချန်း ပြုံးလိုက်မိ၏။
တစ်ခါက သူ့မီးအမျိုးအစား မှော်စွမ်းအင်ကို သုံးပြီး အပင်စစ်သည်တော် ဖန်တီးခြင်းနည်းလမ်းကို သုံးကြည့်လိုက်၏။ သူ့ထိန်းချုပ်မှု အောက်က အပင်များတွင် တကယ်ပဲ ထူးဆန်းသည့် မီးစွမ်းအားများ ရှိနေကြပါသည်။
တကယ်တော့ အနီရောင်အင်မော်တယ်ပဲစေ့ဖြင့် ဖန်တီးထားသည့် ပဲစေ့စစ်သည်တော်ကို ကြည့်ခြင်းအားဖြင့် တွေ့နိုင်ပါသည်။
အနီရောင်ပဲစေ့စစ်သည်တော်၏ စွမ်းအားများက မီးအမျိုးအစားဘက်ကို ယိမ်းယိုင်၏။
ထို့အပြင် အဝါရောင် အင်မော်တယ်ပဲစေ့ စစ်သည်တော်များက မြေအမျိုးအစားဘက်ကို ယိမ်းယိုင်သည်။
အခုယဲ့ရှောင်ချန်းက တခြား အင်မော်တယ်ပဲစေ့များကိုလည်း စိုက်ပျိုးထားပြီဖြစ်သည်။ ဥပမာအားဖြင့် ရေအမျိုးအစားတွင် ပါဝင်သောာ အနက်ရောင် အင်မော်တယ် ပဲပင်ဖြစ်သည်။
လေအမျိုးအစားတွင် ပါဝင်သည့် အစိမ်းရောင် အင်မော်တယ် ပဲပင် စသည်တို့ ဖြစ်ကြ၏။
"ဟူး ဒီရှန်းနုန်ကျင့်စဥ်ရဲ့ အခြေခံက တကယ် ခက်ခဲတာပဲ"
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်မိပါသည်။
အထူးသဖြင့် မှော်စွမ်းအင် သလင်းကျောက်များကို စုစည်းနေစဥ်အချိန်တွင် အပင်များထံမှ တချို့ ဝိညာဥ်စွမ်းအင်များကိုသာ စုပ်ယူနိုင်သည်။
တဖက်တွင်တော့ အပင်ဝိညာဥ်အနှစ်သာရကို ပုံဖော်နိုင်ပက သူ့ကျင့်ကြံနှုန်း ခုန်တက်သွားနိုင်ပါသည်။
ယခုသူ့ အင်မော်တယ် အပင်ဝိညာဥ်မှာ အလွန် စွမ်းအားကြီးနေပါပြီ။ အတွေးတစ်ခုတည်းနှင့် သာမန်ချီစွမ်းအင် ကျင့်ကြံသူများပင် ကြောက်လန့်နိုင်သည့် စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်သည်။
ယဲ့ရှောင်ချန်း မတ်တပ်ရပ်လိုက်ကာ အင်မော်တယ် မြေကွက်တစ်ကွက်ထံသို့ လျှောက်သွားလိုက်၏။ အဝါရောင် အဆင့် ၇ ဝိညာဥ်ပုံသေပန်း ဖြစ်၏။
ထိုက်ရှန်းလောင်ကျစ် စိုက်ပျိုးခိုင်းထားသည့် အင်မော်တယ်အပင် ဖြစ်၏။
ယခု ဒီဝိညာဥ်ပုံသေပန်းများက အရွယ်ရောက်လုနီးပါး ဖြစ်နေပါပြီ။ တောက်ပသည့် ပန်းပွင့်များကလည်း မျက်စိကျစရာ ကောင်းလှ၏။
ကံမကောင်းစွာဖြင့် အဆင့်နိမ့် အရည်အသွေးကိုတော့ မရောက်နိုင်သေးပေ။
အဆင့်နိမ့် အရည်အသွေး မရနိုင်ပါက ထိုက်ရှန်းလောင်ကျစ်နှင့် ကုန်စည်ဖလှယ်၍ ရနိုင်မည် မဟုတ်ပေ။
"အခုငါက အဝါရောင် အဆင့် ၃ အရည်အသွေးနိမ့် အင်မော်တယ် အပင်တွေကို စိုက်ပျိုးနိုင်နေပြီဆိုတော့ နောက်တစ်ဆင့်က အဝါရောင် အဆင့် ၄ နဲ့ အဝါရောင် အဆင့် ၅ တို့အထိ ရောက်ဖို့ပဲ။ ငါလုပ်နိုင်ဖို့ သိပ်မကြာလောက်တော့ပါဘူး။"
ယဲ့ရှောင်ချန်းက စဥ်းစားကြည့်လိုက်ပါသည်။
မကြာသေးခင်ကမှ သူ စိုက်ပျိုးထားသည့် အင်မော်တယ် ပဲပင်အားလုံး အဆင့်နိမ့် အရည်အသွေးကို ရောက်သွားကြပြီဖြစ်သည်။ အဝါရောင်အတန်းအစား ၃ အင်မော်တယ် စပျစ်သီးများကတောင် အဆင့်နိမ့် အရည်အသွေးထိ ရောက်သွားကြပြီ ဖြစ်သည်။
အင်မော်တယ် အပင်တချို့က အဆင့်နိမ့် အရည်အသွေးကို ရောက်သွားကြပြီဖြစ်သဖြင့် တခြား အင်မော်တယ် အပင်များလည်း ထိုအဆင့် ရောက်နိုင်ဖို့ လွယ်ကူလာနိုင်ပါသည်။
ဒီလိုနှင့် နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတော့ ဝိညာဥ်ပုံသေပန်း အရွယ်ရောက်လာခဲ့၏။
ယဲ့ရှောင်ချန်း သူ့အပင်တန်ဖိုးဖြတ်နည်းလမ်းကို သုံးပြီး ကြည့်လိုက်သောအခါ ကြက်သေ သေသွားရ၏။
အဘယ့်ကြောင့်ဆိုသော် ဝိညာဥ်ပုံသေပန်းမှာ အဆင့်နိမ့် အရည်အသွေးကို ရောက်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။
"ဘာလဲဟ။ ဘာလို့ ရုတ်တရက်ကြီး အဆင့်နိမ့်အရည်အသွေးကို ရောက်သွားတာလဲ။"
ယဲ့ရှောင်ချန်း နားမလည်နိုင်ပါ။
အကြောင်းအရင်းကို ထပ်ခါထပ်ခါ ရှာပြီးနောက် နောက်ဆုံးတော့ ယဲ့ရှောင်ချန်း ပြဿနာကို ရှာတွေ့ခဲ့ပါသည်။
သူ့ရှန်းနုန်ပါရမီထဲတွင် အရည်အသွေး ဂုဏ်သတ္တိက + 2 ဖြစ်သွားသောကြောင့် ဖြစ်ပါသည်။
'မဟုတ်မှလွဲရော +2 အရည်အသွေး ဂုဏ်သတ္တိကြောင့် အင်မော်တယ် အပင်တွေ အဆင့်နိမ့်အရည်အသွေးကို ရောက်သွားတာလား"
ယဲ့ရှောင်ချန်း၏ အသက်ရှူသံများ ပြင်းထန်လာသည်။
ဒီလိုသာဆို အရေးပါမှုက သာမန်ထက် ထူးကဲသည်။ အရည်အသွေး ဂုဏ်သတ္တိက အင်မော်တယ် အပင်များ၏ အရည်အသွေးအပေါ် သက်ရောက်မှုကြီးမားသည့် သဘောပင်။
ထိုသို့ စဥ်းစားပြီးယဲ့ရှောင်ချန်း အရွယ်ရောက်ခါနီး တခြား အင်မော်တယ် အပင်များကိုလည်း အမြန်စစ်ဆေးကြည့်လိုက်ပါသည်။
သေချာပါသည်။ ထိုအင်မော်တယ် အပင်များအားလုံး အဆင့်နိမ့် အရည်အသွေးကို ရောက်ရှိသွားကြလေပြီ"
"ကောင်းတယ် ကောင်းတယ်။ ကောင်းလိုက်တာကွာ"
ယဲ့ရှောင်ချန်း ပီတိဖြာသွားပါသည်။
အံ့အားသင့်ပျော်ရွှင်စရာပင်။
ချက်ချင်းဆိုသလိုပဲ ယဲ့ရှောင်ချန်းက ပဲစေ့စစ်သည်တော်များအား ဝိညာဥ်ပုံသေပန်း အားလုံးကို ခူးယူခိုင်လိုက်ပြီး ထိုက်ရှန်းလောင်ကျစ်ကို ချက်ချင်း ဆက်သွယ်ခဲ့ပါသည်။
ယဲ့ရှောင်ချန်း အဆင့်နိမ့်အရည်အသွေးရှိသည့် ဝိညာဥ်ပုံသေပန်းများကို စိုက်ပျိုးနိုင်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ထိုက်ရှန်းလောင်ကျစ်က အလွန်အမင်း အံ့အားသင့်သွားရပါသည်။
ထိုအချိန်တွင် စျေးနှုန်းက ပန်းတစ်ပင်ကို ၆၀၀ အင်မော်တယ် ယွမ်ဖြစ်ပြီး စုစုပေါင်း ၉၀ ပင်ရှိသည်။
စုစုပေါင်း ၅၄,၀၀၀ အင်မော်တယ်ယွမ် ရရှိခဲ့ပါသည်။
ဝိညာဥ်ပုံသေပန်း ၁၀ ပွင့်ကိုတော့ သူသိမ်းထားလိုက်၏။
အဘယ့်ကြောင့်ဆိုသော် ဝိညာဥ်ပုံသေပန်း၏ ဂုဏ်သတ္တိကို သူသိထားသောကြောငာ့်ပင်။ ဒီတိုင်း တန်းစားလျှင်တောင် အာနိသင်ကောင်း ရနိုင်သည်။ အထူးသဖြင့် အဆင့်တက်ရာတွင် အခြေခံကျင့်ကြံခြင်းကို တည်ငြိမ်အောင် ဆောင်ရွက်ပ်ေး၏။
ချီလမ်းကြောင်း သွေးဖယ်မှုနှင့် မှော်စွမ်းအင် သောင်းကျန်းမှုများ ရှိလာပါက ဝိညာဥ်ပုံသေပန်းက အာနိသင်တချို့ ရှိနိုင်သည်။
ထို့ကြောင့် ယဲ့ရှောင်ချန်း လိုအပ်လာသည် ရှိသော သုံးဖို့အတွက် ဝိညာဥ်ပုံသေပန်း ၁၀ ပွင့်ကို သိမ်းထားခြင်းဖြစ်ပါသည်။
နောက်ပိုင်း နေ့ရက်များတွင်လည်း အင်မော်တယ် အပင်အားလုံးက အဆင့်နိမ့်အရည်အသွေးများဖြစ်သွားသဖြင့် ယဲ့ရှောင်ချန်း ဖော်မပြတတ်အောင် ပျော်ရွှင်ခဲ့ရပါသည်။
သူ့ဝင်ငွေက ချက်ချင်းဆိုသလိုပဲ မိုးထိုး မြင့်တက်သွားပါသည်။
အင်မော်တယ်အပင် လေလံပွဲတစ်ခုတွင် ယဲ့ရှောင်ချန်းက အင်မော်တယ် ယွမ် ၃၀၀,၀၀၀ ကျော်ကို ရရှိခဲ့သည်။
ညတွင်းချင်း သူဌေးဖြစ်သွားသည်ဟုပင် ပြောနိုင်သည်။
စနစ်က သူ့ကို အင်မော်တယ်ယွမ် ၁၀၀,၀၀၀ ဆုချခြင်းနှင့် ညီမျှပြီး အလွန်ပျော်ရွှင်ခဲ့ရ၏။
ယခု သူ့အကောင့်ထဲတွင် အင်မော်တယ်ယွမ် ၄၀၀,၀၀၀ နီးပါးလောက် ရှိနေပြီဖြစ်သည်။
"ဒီအတိုင်း တစ်ဆင့်ချင်း ကျင့်ကြံလို့တော့ မဖြစ်တော့ဘူး။"
အင်မော်တယ်ယွမ်များစွာ ရှိလာသဖြင့် ယဲ့ရှောင်ချန်း၏ ပထမဆုံးအတွေးက သူ့ကျင့်ကြံမှု အခြေခံအုတ်မြစ်ကို တိုးမြှင့်ဖို့အတွက် အင်မော်တယ် ဆေးတောင့်များ ဝယ်ယူဖို့ ဖြစ်သည်။
"တံလျှပ်အပင်ဝိညာဥ်ဆေးတောင့်။ ဒီဆေးတောင့်ကို ဘယ်လိုအပင်ဝိညာဥ်မျိုးအတွက် မဆို အစားထိုး သုံးလို့ရတယ်။"
ဘေးအကင်းဆုံး ဆေးတောင့်ကို ယဲ့ရှောင်ချန်း ချက်ချင်း ရှာတွေ့သွားခဲ့ပါသည်။
ဂုဏ်သတ္တိချင်း တူညီသည့် အခြားဆေးတောင့် တချို့လည်း ရှိသေးသည်။ သို့သော်လည်း အားလုံးက ဘေးထွက်ဆိုးကျိုးတချို့ ရှိ၏။
သို့သော်လည်း ဒီတံလျှပ်အပင်ဝိညာဥ်ဆေးတောင့်က ခြားနားသည်။ ဘေးထွက်ဆိုးကျိုးမရှိပါ။ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများက အလွန်သေးငယ်သည်ဟု ဆိုနိုင်၏။
ထို့အပြင် ဖော်ပြချက်အရ ဒီဆေးတောင့်ကို ရှန်းနုန်ဒုတိယမျိုးဆက်က ဖန်တီးခဲ့ခြင်းဖြစ်သည်။ ရှန်းနုန်တတိယမျိုးဆက်၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို အမြန်တိုးမြင့်စေဖို့အတွက် ဖန်တီးခဲ့သည်ဟု ဆိုကြ၏။
"စျေးက နည်းနည်းကြီးပေမယ့် ဘေးထွက်ဆိုးကျိုးမရှိတာ အကောင်းဆုံးပါပဲ။"
ယဲ့ရှောင်ချန်း အံကြိတ်ကာ တစ်ဗူးဝယ်လိုက်ပါသည်။
၁၂ တောင့်ပါသော ဗူး ဖြစ်၏။
တစ်တောင့်ကို အင်မော်တယ် ယွမ် ၁၀,၀၀၀ ပေးရသည်။
တစ်ဗူးကို ၁၂၀,၀၀၀ အင်မော်တယ်ယွမ် ပေးရ၏။
သို့သော်လည်း ယဲ့ရှောင်ချန်းက ၁၀ ရာခိုင်နှုန်း လျှော့စျေး ရရှိထားသဖြင့် အင်မော်တယ်ယွမ် ၁၀၈,၀၀၀ သာ ပေးခဲ့ရပါသည်။
ယဲ့ရှောင်ချန်းသည် အဆိုပါဆေးတောင့်ကို ချက်ချင်း သောက်ကြည့်လိုက်သည်။
အစိမ်းရောင် အလင်းဖြင့် ဖုံးလွှမ်းနေသည့်တောက်ပပြီး အလင်းပေါက် ဆေးတောင့်တစ်တောင့်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ့ပါးစပ်ထဲ ထည့်ကာ မျိုချလိုက်သည်။
ဆေးတောင့်က ချက်ချင်း အရည်ပျော်သွားပြီး အပင်ဝိညာဥ်စွမ်းအင် လှိုင်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ထဲတွင် ဖူးပွင့်သွား၏။
ရုတ်တရက်ဆိုသလိုပင် ယဲ့ရှောင်ချန်း ရှန်းနုန်ကျင့်စဥ်ကို စတင်ကျင့်ကြံလိုက်သည်။ ချက်ချင်းပင် အပင်ဝိညာဥ် စွမ်းအင်ကို အမြန်သန့်စင်လိုက်ပြီး မှော်စွမ်းအင်အဖြစ် ပြောင်းလဲကာ မှော်စွမ်းအင်ပုံဆောင်ခဲအဖြစ် ပြောင်းလဲသွားလေတော့သည်။
မျက်စိတစ်မှိတ်အချိန်အတွင်း မှော်စွမ်းအင် ပုံဆောင်ခဲက လေထိုးခံရသကဲ့သို့ မှင်သက်စရာ အရှိန်ဖြင့် ကြီးမားလာသည်။
တံလျှပ်အပင်ဝိညာဥ်ဆေးတောင့်၏ စွမ်းအင်ကို အပြည့်အဝ စုပ်ယူပြီးသွားသောအခါ သူ့မှော်စွမ်းအင် ပုံဆောင်ခဲ အကန့်အသတ်အထိ ရောက်ရှိသွားမှန်း ယဲ့ရှောင်ချန်း ခံစားလိုက်ရ၏။ ထို့နောက် ပုံဆောင်ခဲ အက်ကွဲသွားပြီး အပင်ဝိညာဥ်အဖြစ် ပြောင်းလဲသွားတော့သည်၊။
ယဲ့ရှောင်ချန်း မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ အသက်ရှူသံကလည်း ပြင်းထန်လာ၏။ မြန်လွန်းသည် မဟုတ်ပါလား။
ဆေးတစ်တောင့်တည်းနှင့် အပင်ဝိညာဉ် ဖြစ်တဲ့အထိ ကျင့်ကြံနိုင်ခဲ့သည်။
ဆေးတစ်တောင့်တည်းသာ လိုအပ်ခဲ့ပါသည်။
အရင်တုန်းက အပင်ဝိညာဉ်ဖြစ်အောင် ကျင့်ကြံဖို့အတွက် အချိန်အများကြီး ပေးခဲ့ရသည်။
ယဲ့ရှောင်ချန်း၏ မျက်နှာက နောင်တများဖြင့် ပြည့်နှက်နေခဲ့ပါသည်။
ဒီလောက်မြန်မှန်းသာ သိခဲ့လျှင် အင်မော်တယ် ယွမ်သုံးကာ ဝယ်ခဲ့မည်ဖြစ်သည်။ ဘာကြောင့် ကြိုးစားပမ်းစား ကျင့်ကြံခဲ့မည်နည်း။