အချိန်မြန်ခြင်း
Vol. 19 Ch. 273
လျန်ယူကျူးနှင့် တခြားနှစ်ယောက်တို့ ကြောင်သွားကြပါသည်။
ဘာတွေဖြစ်နေတာလဲ။
စိုက်ပျိုးရေးခြံ ဘယ်ပျောက်သွားလဲ။
သူတို့အားလုံးက အင်မော်တယ် ကျင့်ကြံသူများဖြစ်ပြီး ချီသန့်စင်ခြင်းအဆင့်သို့ပင် ရောက်ရှိနေကြပြီဖြစ်သည်။ သူတို့က ဝိညာဥ်စွမ်းအင်အား အလွန်နိုးကြားမှု ရှိသည်။ စိုက်ပျိုးရေးခြံထဲတွင် မူလက ရှိခဲ့သော ဝိညာဥ်စွမ်းအင် ပျောက်ကွယ်သွားခဲ့သည်။
"ဒီနေ့ကစပြီး စိုက်ပျိုးရေးခြံကို ကောင်းကင်ဘုံလှိုဏ်ဂူထဲ ပြောင်းရွှေ့လိုက်ပြီ။ မင်းတို့တွေ ကောင်းကင်ဘုံလှိုဏ်ဂူထဲ ဝင်ချင်တယ်ဆိုရင် ငါ့ရဲ့ ကောင်းကင်ဘုံလှိုဏ်ဂူ လက်မှတ်တော့ ရှိထားမှ ဖြစ်မယ်။"
ယဲ့ရှောင်ချန်းက သူ့လက်ကောက်ဝတ်ကို လှန်လိုက်သောအခါ အလင်းဖြင့် တောက်ပနေသည့် လက်မှတ်သုံးစောင် ပေါ်လာပါသည်။
ဝှစ်။
လက်မှတ် ၃ စောင်က ပျံထွက်သွားပြီး သူတို့ ၃ ယောက်၏ လက်ထဲ ကျလာခဲ့သည်။
"ဒါကို မင်းတို့ရဲ့ မှော်စွမ်းအင်ကို အသုံးပြုပြီး သန့်စင်နိုင်တယ်။ ဒီလက်မှတ်ကို မင်းတို့တွေပဲ သုံးလို့ရလိမ့်မယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
သူတို့သုံးယောက် နောက်ဆုံးတော့ အလွန်အမင်း ထိတ်လန့် အံ့အားသင့်စွာဖြင့် တုန်လှုပ်မှုကို ပြသခဲ့ကြပါပြီ။
တကယ်ကြီး ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခု ဖြစ်နေသည်။
သူတို့အားလုံးက အင်မော်တယ် ကျင့်ကြံသူများဖြစ်ကြပြီး ကောင်းကင်ဘုံလှိုဏ်ဂူဆိုတာ ဘာကို ဆိုလိုမှန်း သိကြပါသည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကမှာလည်း ကောင်းကင်ဘုံလှိုဏ်ဂူများ ရှိခဲ့ကြ၏။
ထိုကောင်းကင်ဘုံလှိုဏ်ဂူများကို ထိပ်တန်း ဂိုဏ်းများက ထိန်းချုပ်ထား၏။ ဆက်ခံသူတပည့်များနှင့် အကြီးအကဲများသာ ဝင်ဖို့ အရည်အချင်း ပြည့်မှီကြသည်။ ထိုလှိုဏ်ဂူက ဂိုဏ်းတစ်ခု၏ ဗဟိုလျှို့ဝှက်ချက်ဟု ဆိုကြသည်။ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရရင်တောင် ကောင်းကင်ဘုံလှိုဏ်ဂူ ရှိနေသေးပါက ပြန်လည် တည်ထောင်နိုင်ပါသည်။
အခုတော့ သူတို့ တကယ်ကြီး သမိုင်းဝင် ကောင်းကင်ဘုံလှိုဏ်ဂူကို မြင်ခဲ့ရပါပြီ။
အားလုံး အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခုထဲ ဝင်နိုင်ခွင့်ဆိုတာ အသက်တစ်ချောင်း အပိုရလိုက်သလိုမျိုးပင်။
သူတို့ အသည်းအသန်ဖြစ်နေသည့် အခြေအနေတစ်ခုထဲ ရောက်နေလျှင်တောင် ကောင်းကင်ဘုံလှိုဏ်ဂူ လက်မှတ်ကို ဖွင့်လိုက်ပါက သူတို့ တန်းပြီး ဝင်ရောက်သွားကြလိမ့်မည်ဖြစ်သည်။
မကြာမီ သူတို့သုံးယောက်စလုံး ကောင်းကင်ဘုံလှိုဏ်ဂူ လက်မှတ်ကို သန့်စင်လိုက်ကြသည်။
ဝှစ်။
လေးယောက်သား ကောင်းကင်ဘုံလှိုဏ်ဂူသို့ ပြန်ရောက်လာကြသည်။
ယဲ့ရှောင်ချန်းက ကောင်းကင်ဘုံလှိုဏ်ဂူ၏ လုပ်ဆောင်ချက်များကို လေ့လာပြီးသွားပြီ ဖြစ်ပါသည်။ အချိန်စီးဆင်းမှုနှုန်းကို ထိန်းညှိနိုင်၏။
သို့သော် အင်မော်တယ်ယွမ်တော့ ကုန်ကျပါလိမ့်မည်။
ဥပမာအားဖြင့် အချိန်ကို နှစ်ဆတိုးပါက တစ်မိနစ်ကို အင်မော်တယ် ၁ ယွမ် ကုန်ကျပါသည်။
အချိန်ကို ၁၀ ဆတိုးခြင်းက တစ်မိနစ်ကို အင်မော်တယ် ၁၀ ယွမ် ကုန်ကျပါလိမ့်မည်။
"ဒီအချိန်အရှိန်မြှင့်တာက အင်မော်တယ်ယွမ် သိပ်မကုန်ဘူးပဲ။"
ယဲ့ရှောင်ချန်း အလွန်အံ့သြသွားပါသည်။
အချိန်အရှိန်တိုးမြှင့်မှုအောက်တွင် တစ်နာရီကို အင်မော်တယ်ယွမ် ၆၀ ကုန်ကျ၏။ တစ်ရက်တွင် ၂၄ နာရီရှိသဖြင့် အင်မော်တယ်ယွမ် ၁,၄၀၀ ကျမည်။
၁၀ ရက်ဆို အင်မော်တယ်ယွမ် ၁၄,၀၀၀ ကျော် ကုန်ကျမည်။
ရက်တစ်ရာဆိုလျှင် အင်မော်တယ်ယွမ် ၁၄၀,၀၀၀ ဖြစ်လာနိုင်၏။
ရက်တစ်ရာအတွင်း ဘာလုပ်နိုင်သလဲ။
အဆင့်နိမ့်အရည်အသွေးရှိသော အဝါရောင် အဆင့် အင်မော်တယ်အပင်နှစ်သုတ်လောက် စိုက်ပျိုးနိုင်သည်။
အချိန်တိုးမြှင့်လိုက်သောအခါ အင်မော်တယ်အပင် ၄သုတ် ၅သုတ်အထိ တိုးမြှင့်လိုက်ခြင်းနှင့် တူညီပါသည်။
ပြောရမည်ဆိုလျှင် အင်မော်တယ်မြေကွက် လုံလုံလောက်လောက်ရှိပြီး အင်မော်တယ်အပင်များ လုံလုံလောက်လောက် စိုက်ပျိုးထားပါက အင်မော်တယ်ယွမ် ပိုရနိုင်ပါသည်။
လောလောဆယ်တော့ အရှိန်မြှင့်လိုက်လို့ အကျိုးအမြတ်ရနိုင်ပါ့မလား ယဲ့ရှောင်ချန်း မဆုံးဖြတ်နိုင်သေးပေ။
မလုံလောက်ပါက သူ တစ်ခုခု လုပ်နိုင်ပါသည်။
ထိုသို့စဥ်းစားပြီး ယဲ့ရှောင်ချန်း အမြန်နှုန်းကို ၂ ဆတိုးမြှင့်ဖို့ ရွေးချယ်လိုက်ပါသည်။
ရုတ်တရက် ထူးဆန်းသည့် ခံစားချက်တစ်ခုက ဆက်တိုက်ဆိုသလို ထွက်လာသည်။ ကားမူးသလို ခံစားချက်မျိုး ဖြစ်သည်။ အလွန် နေရထိုင်ရခက်ပြီး လုံးဝ အာရုံစိုက်လို့ မရပေ။
ဘေးပတ်လည်ကို ကြည့်လိုက်ပြီး တစ်ခုခုတော့ အနည်းငယ် ခြားနားနေသည်ကို သတိထားလိုက်မိပါသည်။
ဘာပြောင်းလဲသွားလဲ ဆိုတာကိုတော့ သူ မပြောနိုင်သေးပေ။
တကယ်တော့ ကောင်းကင်ဘုံလှိုဏ်ဂူထဲက အချိန်က သာမန် ဖြစ်သည်။ သို့သော် လောကအစစ်နှင့် ယှဥ်လျှင် ၂ ဆ ပိုမြန်သည်။
အပြင်လောကက ၁ ရက်က အထဲတွင် ၂ ရက်နှင့် ညီသည်။
အရှိန်မြှင့်သည်ဟု ဆိုသော်လည်း အချိန်ကို ဆွဲဆန့်ခြင်းသာ ဖြစ်သည်။
ထိုအချိန်တွင် လုတုန်ချမ်းနှင့် တခြားနှစ်ယောက်တို့ ရောက်လာကြပြီး သူတို့၏ ခံစားချက်များကို ထုတ်ပြလေသည်။
"ဒါ ပုံမှန်ပါပဲ။ အခု ငါက ကောင်းကင်ဘုံလှိုဏ်ဂူထဲက အချိန်ကိုမြှင့်တင်လိုက်ပြီဆိုတော့ ဒီမှာ ၂ ရက်က အပြင်လောကရဲ့ ၁ ရက်နဲ့ ညီမျှတယ်။"
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။ လုတုန်ချမ်းတို့အားလုံး ထပ်ပြီး ကြောင်အသွားရပြန်သည်။
အဲ့လိုလုပ်လို့ ဖြစ်နိုင်ပါ့မလား။
ရုတ်တရက် ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ ဝင်သွားသည့် လူတိုင်းက ဘာကြောင့် အလွန်လျင်မြန်စွာ ကျင့်ကြံနိုင်သလဲ သူတို့မှတ်မိသွားကြပါသည်။ သူတို့က အဆင့်များကို ခုန်ပျံကျော်လွှားကာ တက်သွားကြသလို ရှိကြသည်။
မဟုတ်မှလွဲရော ကောင်းကင်ဘုံလှိုဏ်ဂူက အချိန်တိုအတွင်း အရှိန်မြှင့်ပေးနိုင်တယ်ဆိုတဲ့ အချက်နဲ့များ သက်ဆိုင်နေမလား။
"ဟုတ်တယ်။ အချိန်ကို တိုးမြှင့်ခြင်းက မင်းတို့ရဲ့ ကျင့်ကြံခြင်းကို သက်ရောက်မှုရှိတယ်။ မင်းတို့တွေ အသားကျလာမယ်ဆိုရင် မင်းတို့ရဲ့ ကျင့်ကြံချိန်ကို နှစ်ဆ တိုးလိုက်သလိုပဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
လက်ရှိ သူ့ငွေရေးကြေးရေးအရ အချိန်တိုးမြှင့်ခြင်းကို နှစ်ဆသာ လုပ်နိုင်သေးသည်။ ထို့အပြင် အချိန်အမြန်နှုန်း တိုးမြှင့်ခြင်းက အလွန်မြန်ဆန်လွန်းလျှင် သက်ရောက်မှုက ကြီးမားလွန်းပြီး အပင်များကိုတောင် ထိခိုက်စေနိုင်ပါသည်။ သူ ဖြည်းဖြည်းချင်း လေ့လာရမည်။
လုတုန်ချမ်းနှင့် တခြားနှစ်ယောက်တို့၏ မျက်လုံးများ ဝန်းစက်သွားကြသည်။ အချိန်ကို နှစ်ဆတိုးမြှင့်ပါက သူတို့၏ ကျင့်ကြံနှုန်းကို ထပ်တိုးနိုင်သည်ဆိုသည့် သဘောပင်။
ချက်ချင်းဆိုသလိုပဲ သူတို့သုံးယောက် ကျင့်ကြံဖို့ ထွက်သွားကြလေသည်။
ယဲ့ရှောင်ချန်းလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ သို့သော်လည်း အရင်ဆုံး အင်မော်တယ်အပင်များကို သေသေချာချာ သွားရောက် စစ်ဆေးကြည့်ခဲ့ပါ၏။
အချိန်တိုးမြှင့်ခြင်းက အင်မော်တယ်အပင်တွေအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ သူ သိချင်သည်။
ချက်ချင်းဆိုသလိုပဲ အင်မော်တယ်အပင်များကို တစ်ခုချင်း သူလိုက်ကြည့်လိုက်သည်။
သေသေချာချာ နှိုင်းယှဥ်ကြည့်ပြီးသွားသောအခါ အာနိသင်က သိပ်မကြီးမားကြောင်း ယဲ့ရှောင်ချန်း သိလိုက်ရပါသည်။ အမှန်ပင်။ ဒါက အချိန်တိုအတွင်းသာ ဖြစ်နိုင်သည်။ ကာလရှည် အခြေအနေကို သူစောင့်ကြည့်ရဦးမည်။
အင်မော်တယ်အပင်များကို စစ်ဆေးပြီးနောက် ယဲ့ရှောင်ချန်း စတင်ကျင့်ကြံတော့သည်။
သေချာပါသည်။ အချိန်တိုးမြှင့်ခြင်းက သက်ရောက်မှု ကြီးမားပြီး အာရုံစိုက်ဖို့က အနည်းငယ် ခက်ခဲ၏။
မကြာခဏ ကြိုးစားကြည့်ပြီးမှ ဖြည်းဖြည်းခြင်း စိတ်ဝိညာဥ်အခြေအနေထဲသို့ ဝင်ရောက်သွားခဲ့ပါသည်။
အချိန်အတော်ကြာသောအခါ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
"သက်ရောက်မှုက အရမ်းကြီးတော့ မကြီးသေးဘူး။ ငါစိတ်ဝိညာဥ်အခြေအနေထဲကို ဝင်နိုင်ရင် ငါကျင့်ကြံမှုကို အများကြီး မထိခိုက်စေပါဘူး။"
ယဲ့ရှောင်ချန်းက သက်တောင့်သက်သာ သက်ပြင်းချလိုက်မိပါတော့သည်။
နောက်ထပ်လဝက်အတွင်း ယဲ့ရှောင်ချန်းက ကောင်းကင်ဘုံလှိုဏ်ဂူထဲက အချိန်တိုးမြှင့်ခြင်းကို အသုံးပြုခဲ့ပါသည်။
အပြင်လောကက လဝက်မှာ ကောင်ကင်ဘုံ လှိုင်ဂူထဲတွင် တစ်လကျော်နှင့် တူညီ၏။
လုတုန်ချမ်းနှင်တခြားသူများ၏ ကျင့်ကြံမှုကလည်း အများကြီး တိုးတက်လာကြပြီဖြစ်ပါသည်။ စိုက်ပျိုးရေးတွင်လည်း အများကြီး တိုးတက်လာကြပါပြီ။
အမှန်ပင်။ ယဲ့ရှောင်ချန်းနဲ့ ယှဥ်ရင်တော့ သူတို့က အောက်ကျလွန်းနေပါသေးသည်သ်။
လွန်ခဲ့သော လဝက်လောက် အစောပိုင်းက ယဲ့ရှောင်ချန်း အပင်ဝိညာဥ် ၉ခုကို အတိုင်းအတာအထိ ရောက်လာအောင် အောင်မြင်စွာ ကျင့်ကြံပြီးပြီဖြစ်သည်။
နောက်တစ်ဆင့်က အပင်ဝိညာဥ် ၉ ခုကို ပေါင်းစည်းပြီး အပင်ဝိညာဥ်တစ်ခု ဖြစ်လာစေဖို့ ဖြစ်ပါသည်။
သူတို့ကို မပေါင်းစည်းရသေးသော်လည်း ယဲ့ရှောင်ချန်းက သူ ဘယ်လောက် ခွန်အားကြီးမှန်း ခံစားမိပါသည်။
အတွေးတစ်ခုတည်းဖြင့် အပင်ဝိညာဥ် ၉ခုကို ပူးကပ်နိုင်သည်။
အရင်တုန်းက ထိုအပင်ဝိညာဥ် ၉မျိုး၏ စွမ်းအားများကို စမ်းသပ်ကြည့်ပြီးပါပြီ။ တစ်ခုချင်းစီတိုင်းက လုတုန်ချမ်းနှင့် တခြားသူများကို အလွယ်လေး ယှဥ်နိုင်၏။
အပင်ဝိညာဥ်အနှစ်သာရကို ဖန်တီးလိုက်လျှင် သူ ဘယ်လောက်တောင် သန်မာလာမလဲဆိုတာကို မပြောနိုင်ပါ။
ယဲ့ရှောင်ချန်း ကားထဲတွင် ဝင်ထိုင်လိုက်သည်။
ဒရိုင်ဘာက လုတုန်ချမ်းဖြစ်၏။
"သူတို့တွေ မလာချင်တာ သေချာလား။"
ယဲ့ရှောင်ချန်းက လျန်ယူကျူးနှင့် တခြားသူများကို ကြည့်ကာ မေးလိုက်သည်။
လဝက်ကျော်ကျော်လောက်အထိ သူတို့ တခြား အင်မော်တယ် ကျင့်ကြံသူများကို ဆက်သွယ်နေခဲ့ကြသည်။
ကံဆိုးစွာဖြင့် သူတို့က မလာချင်ကြပါ။
အများစုကိုတော့ ဆက်ပင် မဆက်သွယ်နိုင်သေးပါ။
ထို့ကြောင့် ယဲ့ရှောင်ချန်း စိတ်ပျက်အားလျော့သွားသည်။ သူတို့ကို ဒီတိုင်း ပြန်ပေးဆွဲပြီး ခေါ်လာလို့မှ မရတာပဲ။
"သူတို့က အတူတူ စုစည်းနေကြပြီး ကျွန်မကို လာခိုင်းနေတယ်။ သူတို့ဘာတွေကြံနေကြလဲ ကျွန်မ မသိဘူး။"
လျန်ယူကျူးက ခေါင်းကို ခါရမ်းလိုက်ပါသည်။
သူမ ဆက်သွယ်ခဲ့သည့် လူသုံးယောက်စလုံးက သူမနှင့် ဂိုဏ်းချင်း တူသည်။
"ဘော့စ် ကျွန်တော် တစ်ယောက်ကို ဆက်သွယ်လို့တော့ ရခဲ့တယ်။ ဒါပေမယ့်..."
ကားမောင်းနေသည့် လုတုန်ချမ်းက ရုတ်တရက် ပြောလိုက်ပါသည်။
"ဒါပေမယ့် ဘာဖြစ်တုန်း။"
ယဲ့ရှောင်ချန်းက မေးလိုက်သည်။
"သူက ပြည်တွင်းအစိုးရကို တိုက်ခိုက်ထားပြီး ဝရမ်းပြေးဖြစ်နေတယ်။"
လုတုန်ချမ်းက ပြောလိုက်၏။
"ဝရမ်းပြေးဟုတ်လား။ ပြဿနာပဲ။"
ယဲ့ရှောင်ချန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ဝရမ်းပြေးဖြစ်ရလောက်တဲ့အထိ တစ်ခုခု တရားမဝင်တာ လုပ်ခဲ့တာဖြစ်မည်။
"အကြောင်းအရင်းကော အစုံ သိရဲ့လား။"
ယဲ့ရှောင်ချန်းက မေးလိုက်သည်။
"သူ မပြောပြဘူး။"
လုတုန်ချမ်းက ပြောလိုက်၏။
"တုန်လေး သူ့ကို အချိန်မရွေး ဆက်သွယ်လို့ ရတယ်မလား။ သူ့ကို အကြောင်းအရင်း သေချာ မေးလိုက်တာ အကောင်းဆုံးပဲ။ တရားလွန်ကြီး မဟုတ်ရင် ငါသူ့ကို ကာကွယ်ပေးနိုင်ပါတယ်။"
ယဲ့ရှောင်ချန်းက ခေတ္တစဥ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။
လူသတ်ခြင်းနှင့် ဓားပြတိုက်ခြင်း စသော မကောင်းမှုများ လုပ်လျှင်တော့ သေချာပေါက် ခွင့်ပြုမည် မဟုတ်ပါ။ စရိုက်ဆိုးသွမ်းသူတစ်ယောက်ကို သူဘယ်တော့မှ ခေါ်ထားမည်မဟုတ်ပေ။ သူ့မှာ စိုက်ပျိုးရေး ပါရမီအမြင့်ဆုံး ရှိနေတောင် မရပါ။
လုတုန်ချမ်း၊ လျန်ယူကျူးနှင့်၊ ထုယွဲ့ချွီတို့အားလုံးတွင် ကိုယ်ပိုင်အားနည်းချက်လေးများ ရှိကြသော်လည်း လူဆိုးများ မဟုတ်ကြပါ။ ထို့ကြောင့်လည်း သူတို့ကို ခေါ်ထားခြင်း ဖြစ်၏။