နှုက်ထွက်ခြင်း
Vol. 19 Ch. 274
သုတေသန အဖွဲ့အစည်းတွင်။
အထူစပါးမျိုး ဒုတိယအကြိမ် ပြန်လည်ကြီးထွားခြင်း ပြီးလုနီးပါပြီ။
စပါးခိုင်များက ပထမအကြိမ်လောက် မကြီးသော်လည်း သာမန်ထက်တော့ ပိုရှည်ပါသေးသည်။ စပါးနှံများလည်း ထိုနည်းလည်းကောင်း ဖြစ်၏။
စပါးနှံများကို အနီးကပ်ကြည့်လိုက်လျှင် အထွက်နှုန်းကောင်းသည်ဟု ဆိုနိုင်၏။
ရိတ်သိမ်းပြီး အခြောက်ခံလိုက်သောအခါ ဒုတိယအကြိမ်၏ အထွက်နှုန်းများ ထွက်လာခဲ့၏။
၂,၂၃၀ ကတ်တီကျော်ပါသည်။
ပထမအကြိမ်ထက် တစ်ဝက်လောက် နည်းသော်လည်း လက်ရှိ အထူးစပါးမျိုးကွဲများထက် ပိုမို ကောင်းမွန်နေပါသေးသည်။
ဒါက ဒုတိယအကြိမ် ကြီးထွားလာသော စပါးပင်များ ဖြစ်သည်။ ပထမ တစ်ခေါက် ရိတ်သိမ်းပြီးနောက် တစ်လသာ ရှိသေး၏။ သာမန် စပါးကြီးထွားချိန်ထက် တစ်ဝက်နီးပါး ပိုမြန်နေပါသည်။
ပြောစရာမလိုအောင် တတိယအကြိမ် ကြီးထွားနိုင်ခြင်းလည်းရှိသည်။
စပါးအား တောင်ပိုင်းဒေသတွင် တစ်နှစ်ကို နှစ်ကြိမ်သာ စိုက်ပျိုး၏။ ဟိုင်းဒေသလို မဟုတ်ပေ။ ဟိုင်းဒေသတွင်တော့ အပူချိန်ကြောင့် သုံးခါ ရိတ်သိမ်းနိုင်၏။
အခုတော့ အထူးစပါးမျိုးက တစ်ခါတည်း သုံးခါ ရိတ်သိမ်းနိုင်ပြီး တစ်ကြိမ်တည်း စိုက်ပျိုးဖို့သာ လိုအပ်သည်။
ဒီကဏ္ဍတွင် အချိန်ကုန် သက်သာပြီး အထွက်နှုန်း မြင့်မား၏။
ထို့အပြင် အထူစပါးမျိုးမှ ထုတ်လုပ်သော ဆန်များမှာ အလွန်အရသာရှိသည်။ ယခု သုတေသန အဖွဲ့အစည်းတွင် စားသောက်နေသည့် ဆန်မှာ အထူးစပါးမျိုးမှ ထုတ်လုပ်ထားသော ဆန်များ ဖြစ်ကြသည်။
"ဒါရိုက်တာ ဒုတိယအကြိမ်ရဲ့ အထွက်နှုန်းအရဆိုရင် အထူးစပါးမျိုးက စမ်းသပ်စစ်ဆေးချက်ကို အောင်မြင်နိုင်လောက်ပါပြီ။"
"အင်း ဒီအထူးစပါးမျိုးက အရမ်းစွမ်းတာပဲ။ တခြား အထူးမျိုးကွဲစပါးတွေ အကုန်လုံးကို ဖိနှိပ်ပစ်လိုက်နိုင်တယ်။"
"ပရိုမိုးရှင်း ဆင်းလိုက်တာနဲ့ အောင်မြင်သွားမှာပဲ။"
"ဒါရိုက်တာ အထူးစပါးပင်ကို စျေးကွက်ထဲ တင်သွင်းဖို့ လုံလောက်ပြီထင်တယ်။"
"အေး အထူးစပါးမျိုးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ပတ်ဝန်းကျင်ကလည်း လုံးဝ သာမန်ပဲ။ သေချာပေါက် စမ်းသပ်ချက်ကို အောင်မြင်နိုင်မှာပါ။"
...
သုတေသန ပညာရှင်များစွာက အလွန်အမင်း စိတ်လှုပ်ရှားနေကြပါသည်။
အကြာကြီး ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရပြီးနောက် ပထမ သုတေသန ထွက်ကုန်က နောက်ဆုံးတော့ အောင်မြင်ခဲ့ပါပြီ။ ထို့ကြောင့် သူတို့ အလွန်ပျော်ရွှင်နေကြပါသည်။
"အင်း ကျွန်တော်သိပါတယ်။ စမ်းသပ်ချက်ကို အောင်မြင်နိုင်မလား မအောင်မြင်မလားဆိုတာတော့ ကျွန်တော်နဲ့ မဆိုင်တော့ဘူးပေါ့။"
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
အမှန်ပင်။ သူ ဒီလိုပြောသော်လည်း ယုံကြည်ချက်တော့ အလွန်ပြည့်ဝနေပါသေးသည်။
ဒီလိုနှင့် ယဲ့ရှောင်ချန်းက လူတိုင်းကို အချက်အလက်များ စုစည်းပြီး အထက်လူကြီးများကို တင်ပြဖို့ စေခိုင်းလိုက်ပါသည်။
မကြာမီ မြို့တော်နှင့် ပြည်နယ်က အမြန်ဆုံး အကြောင်းပြန်လာ၏။ ရက်အနည်းငယ်အတွင်း စိုက်ပျိုးရေး ဝန်ကြီးဌာနက စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များကို စုစည်းပြီး အထူးစပါးမျိုးကို စစ်ဆေးဖို့ အမိန့်ပေးခဲ့၏။
ရလဒ်က... မအောင်မြင်ခဲ့ပါ။
တောင်ပိုင်းဒေသ မြို့တော်ဝန်ရုံးတွင်။
ကျန်းရှန်က သူ့လက်သီးဖြင့် စားပွဲခုံအား ထိုးလိုက်ပါသည်။
"လီရှုချန်း ဘာကို ဆိုလိုတာလဲ။ 'မအောင်မြင်ဘူး' ဆိုပြီးတော့ ပယ်ချလိုက်တာပဲလား။"
ထိုနေရာတွင် ရှိနေသူတိုင်း ကြောက်ရွံ့မှုကြောင့် တိုးတိတ်နေကြပါသည်။
မြို့တော်ဝန် လုံးဝ ဒေါသထွက်နေမှန်း အားလုံး သိကြ၏။
"မြို့တော်ဝန်ကြီး ဒီနောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိနေမယ်လို့ ကျွန်တော်ထင်တယ်။"
ရှမြို့တော် မြူနီစီပယ် ကော်မတီ ဝန်ကြီး ရှန်းယိဖျင်က ပြောလိုက်ပါသည်။
"ငါသိတယ်။ ဟင်း အထူးစပါးမျိုးကို စျေးကွက်ထဲမဝင်အောင် သူတို့ တားနိုင်မယ်များထင်နေလား။"
ကျန်းရှန်၏ မျက်လုံးများ သွေးအေးစွာ အရောင်လက်သွားသည်။
ထိုအချိန်တွင် ဖုန်းဝင်လာ၏။ သူ ဖုန်းကိုင်လိုက်သည်။ "ဘာကွ။ ပရော်ဖက်ဆာယဲ့က သုတေသန အဖွဲ့အစည်းရဲ့ ဒါရိုက်တာအဖြစ်ကနေ နှုတ်ထွက်တော့မယ် ဟုတ်လား။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဒီကိစ္စကို ငါတာဝန်ယူလိုက်ပါ့မယ်။ သူ့ကို စိတ်မပူနဲ့လို့သာ ပြောလိုက်စမ်းပါ။"
ထို့နောက် မဲ့ပြုံးပြုံးလိုက်ပြီး သူ ပြောလိုက်ပါသည်။ "ယဲ့ရှောင်ချန်းကတော့ ယန်ရှစ်မြို့တော် အပင်အသိစိတ်သုတေသနအဖွဲ့အစည်းရဲ့ ဒါရိုက်တာအဖြစ်ကနေ နှုတ်ထွက်ချင်နေပြီ။"
"သူ နောက်နေတာမလား။ ဆွေးနွေးညှိနှိုင်းလို့ မရတာလည်း မဟုတ်ဘူးလေ။"
ရှန်းယိဖျင်က ရယ်ရခက် ငိုရခက်ဖြစ်သွားပါသည်။
ဒါက တာဝန်ကိုပစ်ပယ်ပြီး ဒီတိုင်းထွက်သွားတာပဲမဟုတ်လား။
တောင်ပိုင်းဒေသ အရှုံးကြီး ရှုံးသွားပါလိမ့်မည်။
"သူက ငယ်ပါသေးတယ်။ သူ စိတ်မရှည်တတ်တာ ပုံမှန်ပါပဲ။ ငါသာ သူ့အသက်အရွယ်မှာဆို သူ့ထက်တောင်ပိုပြီး စိတ်လိုက်မာန်ပါ လုပ်မိမှာ သေချာတယ်။"
ကျန်းရှန်က ပြုံးလိုက်၏။
"ဟုတ်ပါတယ်။"
ရှန်းယိဖျင်ကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ယဲ့ရှောင်ချန်းက ၂၀ ဝန်းကျင်သာ ရှိသေး၏။ သူက တကယ်ပဲ ငယ်ရွယ်သေးပြီး အောင်မြင်မှုကလည်း ကြီးကြီးမားမား ရထားသည်။ သူ့စရိုက်က သေချာပေါက် မတည်ငြိမ်နိုင်ပါ။
"ရှန်းယိဖျင် မင်းကိုယ်တိုင် သူ့ကို သွားနှစ်သိမ့်လိုက်ပါလား။"
ကျန်းရှန်က ပြောလိုက်သည်။
"ကောင်းပါပြီ"
ရှန်းယိဖျင်က ခေါင်းငြိမ့်လိုက်သည်။
...
ထိုအချိန်၊ သုတေသန အဖွဲ့အစည်းတွင်။
အထူးစပါးမျိုး၏ ရလဒ်အဖြေကို သိလိုက်ရသောအခါ ယဲ့ရှောင်ချန်း ပေါက်ကွဲသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် အကြောင်းပြချက်က သောက်အဓိပ္ပာယ်မရှိလွန်းသောကြောင့်ပင်။
အထွက်နှုန်းက အရမ်းမြင့်ပြီး ပြန်လည် ကြီးထွားနိုင်တဲ့ အကြိမ်ရေကလည်း များလွန်းနေတာကြောင့်တဲ့။ သိပ္ပံနည်းကျတဲ့ အခြေခံတွေ မရှိဘဲ သူတို့တွေ စမ်းသပ်ချက်တွေ နည်းနည်း ထပ်လုပ်ရလိမ့်မည်တဲ့။
"လခွမ်းကို သိပ္ပံနည်းကျ အခြေခံလား။"
ယဲ့ရှောင်ချန်းက ဘယ်လောက်ပဲ သဘောကောင်းကောင်း သူဆဲလိုက်မိပါသည်။
သုတေသနအဖွဲ့အစည်းထဲက တခြားသူများလည်း ဒေါသထွက်နေကြ၏။
"ကျွန်တော် အလုပ်ထွက်တော့မယ်။"
ထိုသို့ပြောပြီး ယဲ့ရှောင်ချန်း ထွက်သွားခဲ့ပါသည်။
နောက်ထပ် နှစ်ရက်လောက်အထိ သူ ယန်ရှစ်မြို့တော်သို့ မသွားခဲ့ပေ။ ထို့အစား ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာသာ ကျင့်ကြံနေခဲ့သည်။
ရှန်းယိဖျင် သူ့ကိုလာရှာသောအခါ ရှာမတွေ့ခဲ့ပါ။ သူ ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြပေ။
ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင်။
"ဘော့စ် တကယ်အပြင်မထွက်တော့ဘူးလား။"
လုတုန်ချမ်းက သိချင်စွာ မေးလိုက်ပါသည်။
"ငါကဘာလို့ အပြင်ထွက်ရမှာလဲ။ သူတို့ရဲ့ သုတေသနအတွက် ငါဒီလောက်ကြိုးစားပေးခဲ့တာကို ငါ့ကို အကွက်ဆင်ရဲကြတယ်။ ငါထွက်တော့မှာကွ။"
ယဲ့ရှောင်ချန်းက ပြန်ပြောရင်းနဲ့ပင် ဒေါသထွက်လာပြန်ပါသည်။
"ဘော့စ် ရှင် မှန်တယ်။ အဲ့လိုပဲ လုပ်သင့်တယ်။ သူတို့ရဲ့ သုတေသနကို ဘာလို့ကူညီပေးရမှာလဲ။ ကျွန်မတို့ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာ ဒီတိုင်းကျင့်ကြံနေလို့ရတာပဲ။ အရမ်းသက်တောင့်သက်သာ ရှိတယ်လေ။"
လျန်ယူကျူးက ပြောလိုက်ပါသည်။
"ဟုတ်တယ်။ ကျွန်မအမြင်မှာတော့ နောက်ပိုင်းကျရင် ကမ္ဘာမြေနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေထဲ ဝင်မပါသင့်တော့ဘူး။"
ထုယွဲ့ချွီကလည်း ဝင်ပြောလိုက်ပါသည်။
သူတို့ ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် အကြာကြီးနေခဲ့ပြီး ခဏလေးတောင် မထွက်ချင်ကြပေ။
စိုက်ပျိုးရေးဖြစ်ဖြစ် ကျင့်ကြံခြင်းဖြစ်ဖြစ် သူတို့အတွက် ဆွဲဆောင်မှု ရှိနေလွန်းပါသည်။
...
တရုတ်သိပ္ပံကျောင်းတော် ဌာနချုပ်တွင်။
"ယဲ့ရှောင်ချန်း ထွက်သွားပြီလို့ ပြောချင်တာလား။"
ကျောင်းအုပ်ကြီး ချင်းက သတင်းကြားသောအခါ ကြက်သေ သေသွားရပါသည်။
"ဟုတ်တယ်။ အထူးစပါးမျိုးရဲ့ စမ်းသပ်ချက်အဖြေကြောင့်လို့ ကြားတာပဲ။"
နောက်ထပ် ဒုကျောင်းအုပ်ကြီးက ပြောလိုက်ပါသည်။
"အထူစပါးပင်က တကယ်ကောင်းပါတယ်ဗျာ။ ပထမအထွက်နှုန်းက တစ်မူကို ၄,၀၀၀ ကတ်တီကျော်တယ်။ ဒုတိယအထွက်နှုန်းက ၂,၀၀၀ ကတ်တီကျော်တယ်။ တတိယအထွက်နှုန်းတောင် ရှိလာဦးမှာဗျ။ ဟားဟား စစ်ဆေးတဲ့ အဖွဲ့က အဲတ့ာကို သိပ္ပံနည်း မကျဘူးတဲ့လေ။"
နောက်ထပ် လက်ထောက် ကျောင်းအုပ်ကြီးက ပြောလိုက်ပါသည်။
"သိပ္ပံနည်းမကျလို့ ဟုတ်လား။ စစ်ဆေးရေး အဖွဲ့ရဲ့ အကြောင်းပြချက်က ရယ်စရာကြီးပါလား။"
ကျောင်းအုပ်ကြီး ချင်းက လှောင်လိုက်သည်။ "ဒီလူတွေရဲ့ လက်တွေက တော်တော် ဝေးဝေး ရောက်နိုင်ကြတယ်ထင်တယ်။"
"ပုံမှန်ပါပဲ။ အထူးစပါးမျိုးသာ တကယ်ပဲ စျေးကွက်ထဲဝင်လာရင် သူတို့အတွက် အကြီးအကျယ် ထိခိုက်ကြမှာကိုး။"
လက်ထောက် ကျောင်းအုပ်တစ်ယောက်က ပြောလိုက်သည်။
"ဟင်း အထူးစပါးမျိုး အောင်မြင်တာနဲ့ နိုင်ငံ့ရတနာတစ်ခု ဖြစ်သွားလိမ့်မယ်။ ပြီးတော့လည်း ဒုတိယ ပရောဂျက်က စတော့မှာမဟုတ်လား။ အခု ဒီလိုဖြစ်လာပြီဆိုတော့ သက်ရောက်မှုက အရမ်းများလိမ့်မယ်။ ကြည့်ရတာ သူတို့ကို သတိပေးရလိမ့်မယ်ထင်တယ်။"
ကျောင်းအုပ်ကြီးချင်းက သွေးအေးစွာ ပြောလိုက်ပါသည်။
လူတိုင်း ကျောင်းအုပ်ကြီးချင်း ဒေါသထွက်နေမှန်း သိကြပါသည်။
တချို့လူတွေကတော့ ကံဆိုးတော့မည်။
...
လုံဖျင် အဆင့်မြင့် နည်းပညာ။
"ဘာကွ ငါတို့ဌာနမှာ အကျင့်ပျက်ခြစားမှု အကြီးအကျယ်ဖြစ်နေတယ်လို့ တစ်ယောက်ယောက်က တိုင်လိုက်တယ်ဟုတ်လား။ ပြီးတော့ စုံစမ်းစစ်ဆေးရေး အဖွဲ့က လာစုံစမ်းတော့မှာလား။"
ထိုသတင်းလေးတစ်ခုက ဌာနထဲတွင် တောမီးလို ပျံ့နှံ့သွားခဲ့သည်။
ရုတ်တရက် အားလုံး ချောက်ချားကုန်ကြ၏။
အထူးသဖြင့် စီနီယာ စီမံရေးက လူများစွာ၏ မျက်နှာများ အကြီးအကျယ် ပျက်ကုန်ကြသည်။
သိပ်မကြာလိုက်ပါ။
အထူးစပါးမျိုးအား ပြန်လည်စစ်ဆေးမှု စတင်ခဲ့ပြန်ပါသည်။
ရလဒ်က အောင်မြင်၏။
ထိုသတင်းပြန့်သွားသောအခါ လူများစွာက တိုးတိတ်စွာ သက်ပြင်းချလိုက်မိပါသည်။
အမှန်ပင်။ တချို့လူတွေကတော့ မပျော်ရွှင်ကြပေ။
...
ယဲ့ရှောင်ချန်း သတင်းကို ကြားလိုက်ရတော့ သူ ကြက်သေ သေသွားရ၏။ ဒီလောက် မြန်မြန် ပြေလည်သွားတာလား။
ဒီကိစ္စ အချိန်အတော်လေး ကြာဦးမည်ဟု ထင်ခဲ့မိ၏။
ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးက ပြဿနာအကြီးမားဆုံး ဖြစ်ပါသည်။
ဒီအချိန်တောအတွင်း သူ သီးသန့် ကျင့်ကြံနေခဲ့သည်။ ရလဒ်မရှိဘဲ မနေပါ။ အပင်ဝိညာဥ် ၉ ခုကို အပင်ဝိညာဥ်အနှစ်သာရ ဖြစ်လာအောင် ပေါင်းစပ်နိုင်ခဲ့ပါပြီ။
ထိုအချိန်တွင် သူ့ကျင့်ကြံမှုအခြေခံကလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း နောက်ပိုင်းအဆင့်ထိ ရောက်သွားပြီ ဖြစ်သည်။
အချိန်တိုးမြှင့်ခြင်း သုံးစွဲခြင်း၏ အကျိုးကျေးဇူးများက ကောင်းမွန်လွန်းသည်။ အင်မော်တယ်ယွမ် ကုန်ကျနှုန်းက များပြားသော်လည်း အင်မော်တယ်အပင်များ၏ ဖွံ့ဖြိုးကြီးထွားချိန်က နှစ်ဆလောက် ပိုမြန်လာသဖြင့် အရှုံး မရှိပါ။
ထို့အပြင် သူ့ရှန်းနုန် ပါရမီထဲတွင် ထုတ်လှုပ်ခြင်း၊ စိတ်စွမ်းအင်ပါရမီ၊ အရှိန်မြှင့်တင်ခြင်းနှင့် တခြား ဂုဏ်သတ္တိအားလုံးလည်း + 2 အဆင့် ရောက်ရှိသွားကြပါပြီ။
အဆင့်မြှင့်တင်မှု၏ အာနိသင်များက ကောင်းလွန်းသည်။
အချိန်တိုးမြှင့်ခြင်းကို သူ ဆက်လက် သုံးစွဲပါက ပိုက်ဆံသာ ကုန်မှာမဟုတ်ဘဲ သူ့ဝင်ငွေလည်း တိုးမြင့်လာနိုင်ပါသည်။