← Chapters

အကြီးဆုံးကစားသမား

Vol. 19 Ch. 275

အကြီးဆုံးကစားသမား

Vol. 19 Ch. 275

ယဲ့ရှောင်ချန်းက အထူးစပါးမျိုး စမ်းသပ် စစ်ဆေးချက်ကို အောင်မြင်သွားသောအခါ ကျေနပ်နိုင်ပါဦးမလား။

မကျေနပ်နိုင်ပါ။

လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေကြလား။

မရပါ။

ယဲ့ရှောင်ချန်းဆိုတဲ့ ငါက ဒီလောက်နဲ့ မမှုနိုင်ဘူး။

ယဲ့ရှောင်ချန်း သူတို့ကို ဆက်ပြီး လျစ်လျူရှုလိုက်ပါသည်။

ယန်ရှစ်မြို့တော်က လူများ ကြက်သေ သေသွားရ၏။

တောင်ပိုင်းဒေသမှ လူများ ကြောင်သွားကြသည်။

တရုတ်သိပ္ပံကျောင်းတော်မှ လူများက ဆွံ့အသွားကြရသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနက လူတွေကတော့ ဘာပြောရမှန်း မသိကြတော့ပေ။

ဒီလောက်ထိ မာနကြီးသည့် လူမျိုးကို တစ်ခါမှ မတွေ့ဖူးပါ။

တရုတ်သိပ္ပံကျောင်းတော်က ထိပ်တန်းလူများကတောင် ဆက်ဆံရေး ကောင်းကြရသည်။။

ဝမ်ရှင်းယီကို သွားတွေ့တာကလွဲပြီး ယဲ့ရှောင်ချန်း ဘယ်ကိုမှ မသွားခဲ့ပါ။ သူ ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာသာ ပုန်းခိုနေခဲ့၏။

အခု သူ အတော်လေး အဆင်ပြေနေချိန် ဖြစ်သည်။

သူ့ကျင့်ကြံခြင်းက တကယ်ပဲ လျင်မြန်စွာ တိုးတက်သွားခဲ့ပါသည်၊။

အင်မော်တယ်ယွမ်ကို ရရှိနှုန်းလည်း တိုးမြင့်လာ၏။

ဒီနေ့ ယဲ့ရှောင်ချန်း ဝမ်ရှင်းယီတို့ အိမ်မှ ထွက်လာသောအခါ ရပ်တန့်ခံလိုက်ရသည်။

မြူနီစီပယ်ပါတီကော်မတီမှ ဝန်ကြီးကျန်းဟုန်ယဲ့ဖြစ်နေပါသည်။

"ရှောင်ချန်း နင်ဘာဖြစ်ချင်နေတာလဲ။ အခု ပြဿနာက ရှင်းသွားပြီမဟုတ်လား။ နင်စောစော ပြန်သွားသင့်တယ်နော်။"

ကျန်းဟုန်ယဲ့က ပြောလိုက်၏

"အစ်မကြီးကျန်း ကျွန်တော် အနားယူနေတာပါ။ ဒီလောက်ကြီးမားတဲ့ ပရောဂျက်ကြီး လုပ်ဆောင်ပြီးတာတောင် ကျွန်တော့်ကို အနည်းဆုံးတော့ အနားယူချိန်လေး မပေးသင့်ဘူးလား။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

ကျန်းဟုန်ယဲ့က သူ့ကို မယုံကြည်ပါ။ နင်က အမြဲတမ်းလိုလို အားနေတာ မဟုတ်ဘူးလား။ နင် သုတေသနအဖွဲ့အစည်းကို မသွားတာ ငါတို့ မသိဘူးထင်နေလား။

တကယ်တော့ လောလောဆယ် သူမတွင် ရွေးချယ်စရာ မရှိပါ။ အထူးစပါးမျိုးက စမ်းသပ် စစ်ဆေးချက်ကို အောင်မြင်ခဲ့သော်လည်း မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းစဥ်အား ကူညီအရှိန်မြှင့်တင်ပေးနိုင်ရန် ယဲ့ရှောင်ချန်းကို လိုအပ်နေပါသေးသည်။

တချို့ သုတေသနပညာရှင်များ ကြိုးစားကြည့်ခဲ့ဖူးပါသည်။ သို့သော် ရလဒ်များက အလွန်ဆိုးရွား၏။

ဘာပဲဖြစ်ဖြစ် ထို သုတေသနပညာရှင်များက မတောက်တခေါက် ပညာရှင်များသာဖြစ်ပြီး ယဲ့ရှောင်ချန်းနှင့် ယှဥ်နိုင်ပါ့မလား။

ထို့ကြောင့် အထက်လူကြီးများက ထပ်ပြီး မစောင့်နိုင်ကြတော့ပါ။

ယဲ့ရှောင်ချန်း ပြန်သွားသည့် နေ့တိုင်းက သူတို့ အကျိုးကျေးဇူး ရနိုင်မည့် နေ့ပင်။

အထူးစပါးမျိုး၏ အကူအညီဖြင့် အကျိုးကျေးဇူး မရချင်သည့်လူရှိပါ့မလား။

စီးပွားရေးလောကတွင်၊ အစိုးရတွင်၊ သုတေသနနယ်ပယ်တွင်၊ ပြီးတော့ လယ်သမားကြီးများတောင် ရှိသည်။

လူများစွာက အထူးစပါးမျိုး၏ အံ့အားသင့်စရာ ကောင်းမှုကို မျှော်လင့် စောင့်စားနေကြပါသည်။

"ရှောင်ချန်း ငါ့ကို ခန့်မှန်းခြေ ပြောကြည့်စမ်းပါ။"

ကျန်းဟုန်ယဲ့က စိတ်ပျက်စွာ ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ။ ကျွန်တော် မနက်ဖြန် ပြန်သွားလိုက်ပါ့မယ်။ ဒါပေမယ့် ကျွန်တော် သတိတော့ ပေးထားမယ်။ နောက်တစ်ခေါက် ဒီလိုအရာမျိုးသာ ထပ်ဖြစ်လာရင် ကျွန်တော် တကယ် အနားယူတော့မှာပါ။"

အစ်မကျန်း တကယ်စိတ်ဖိစီးနေမှန်း မြင်သဖြင့် ယဲ့ရှောင်ချန်း ချက်ချင်း ပြောလိုက်ပါသည်။

"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။ အဲ့တာကို စိတ်မပူပါနဲ့။ ထပ်မဖြစ်စေရပါဘူး။"

ကျန်းဟုန်ယဲ့က ချက်ချင်းဆိုသလိုပဲ ပျော်ရွှင်မှုဖြင့် တောက်ပသွားရပါသည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်း သုတေသနအဖွဲ့အစည်းသို့ ပြန်ရောက်လာခဲ့၏။ လူဘယ်လောက်တောင် စိတ်သက်သာရာ ရသွားမလဲ မသိပါ။

သုတေသနအဖွဲ့အစည်းထဲက လူများက အားကိုးရာ ရသွားသလို ခံစားလိုက်ရပြီး ချက်ချင်း စိတ်အားထက်သန်သွားကြသည်။

ယဲ့ရှောင်ချန်းက တတ်စွမ်းသမျှဖြင့် အမိန့်ပေးခဲ့ပါသည်။

နောက်ထပ် အချိန်တော်တော်ကြာအထိ အားလုံး အဆင်ပြေချောမွေ့နေခဲ့သည်။

အရင်တစ်ခေါက်က ရိတ်သိမ်းထားသည့် စပါးနှစ်သုတ်ကိုလည်း မျိုးစေ့များဖြင့် အသုံးပြုကာ ပါတနာများစွာထံသို့ ပို့ပြီးခဲ့ပြီဖြစ်ပါသည်။ ၎င်းတို့အနက် ကောင်းကင်ဘုံကမ္ဘာမြေစိုက်ပျိုးရေးကုမ္ပဏီကလည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။

ဧရာမ စိုက်ပျိုးရေးနယ်မြေကြီးတစ်ခုကို ပြင်ဆင်ထာားပြီးပြီဖြစ်သည်။ ပြီးတော့ နတ်သမီး နံပါတ် ၁ ဟု အမည်ရသည့် အထူးစပါးမျိုးစေ့များကို စိုက်ပျိုးသွားမည်ဖြစ်ပါသည်။

အထူးစပါးမျိုးအား မျိုးဖောက်ခြင်း ပြဿနာက ပြေလည်သွားပြီ ဖြစ်သည်။ နောက်တစ်ဆင့်က အထူးစပါးမျိုး အဖွဲ့က သုတေသန ပညာရှင်အုပ်စုတစ်စုကို ဦးဆောင်ဖို့ဖြစ်သည်။

ယဲ့ရှောင်ချန်းက ဒုတိယ သုတေသနပရောဂျက်ကို ပြင်ဆင်နေပါပြီ။

သစ်ပင်စိမ်းများ။

ယခု သဲကန္တာရာ ဖြစ်ပေါ်ခြင်းက အလွန်ပြင်းထန်လာပြီး ကန္တာရကျယ်ပြန့်လာမှုကို ဘယ်လိုတားမြစ်ရမလဲ ဆိုတာက နိုင်ငံတော်အတွက် အလွန်အရေးကြီးသော အကြောင်းအရာ ဖြစ်လာခဲ့သည်။

ကံမကောင်းစွာဖြင့် တိုးတက်မှုက အဲ့လောက် မမြန်ဆန်ပါ။ တချို့ မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသော အပင်များကို ပျိုးထောင်ခဲ့သော်လည်း ပြဿနာက မပြေလည်သေးပါ။

အားကောင်းသည့် မိုးခေါင်ဒဏ်ခံနိုင်သော အပင်တစ်မျိုးကို သူတို့ တီထွင်နိုင်ပါက ကန္တာရကျယ်ပြန့်လာမှုကို တားဆီးဖို့အတွက် အလွန် အရေးပါလာနိုင်ပါသည်။

ယဲ့ရှောင်ချန်းက ခက်ခဲလိမ့်မည်ဟု မထင်ထားပါ။

အထူးစပါးမျိုးထက်ပင် ပိုမိုလွယ်ကူသေးသည်။ အကြောင်းအရင်းမှာ မိုးခေါင်ဒဏ် ခံနိုင်သော အထူးအပင်စိမ်းများမှာ မိုးခေါင်ဒဏ်ကို ခံနိုင်ရည်ရှိသည်။ ဒါကို ဖြေရှင်းနိုင်ပါက ပြဿနာရှိမည် မဟုတ်ပေ။

အမှန်ပင်။ ယဲ့ရှောင်ချန်းသာ ဒါကို လေ့လာချင်ပါက ရေရှားပါးမှုကိုကို ခံနိုင်ရည်ရှိပြီး အာဟာရများကို မြန်ဆန်သောနှုန်းဖြင့် စုပ်ယူကာ လျင်မြန်သည့် ဖွံ့ဖြိုးမှုကို ရရှိနိုင်သည့် အပင်တစ်မျိုးကို ဖန်တီးဖို့က မဖြစ်နိုင်သလောက် ရှိသည်။

ရေထဲက ရေမှော်ပင်များလိုပင် ရေဧရိယာ ကျယ်ကြီးတစ်ခုကို ၎င်း၏ စူပါမြန်ဆန်သော မျိုးပွားနှုန်းနှင့် ဖွံ့ဖြိုးနှုန်းတို့ကြောင့် ညတွင်းချင်း ဖုံးလွှမ်းသွားနိုင်၏။

ကန္တာရကို အနိုင်ရချင်ပါက ဗိုင်းရပ်စ်တစ်ခုလို မျိုးပွားပြီး ဖွံ့ဖြိုးနိုင်သည့် အစွမ်းအစ ရှိရမည်။

ရုံးခန်းထဲတွင်။

ယဲ့ရှောင်ချန်းက သူ့ညီမ ယဲ့ယင်နှင့် ဗီဒီယိုကော ပြောနေသည်။

ကောမော့ယွင်၏ ပြဿနာက ညှိနှိုင်းပြီး ပြေလည်သွားပြီ ဖြစ်ပါသည်။

ဂိမ်းကုမ္ပဏီက ဂိမ်း၏ မူပိုင်ခွင့်ကို ပြန်ပေးခဲ့ရသည်။

သူ့လက်ထဲတွင် ငွေပိုငွေစ ရှိနေပြီး ဝမ်ရွှေရှန့်၏ ရင်းနှီးမြှုပ်နှံမှုနဲ့ဆို သူတို့ မီလီယံ ဆယ်ချီရင်းနှီးပြီး ကောမော့ယွင်နှင့် ပူးပေါင်းကာ ဂိမ်းကုမ္ပဏီတစ်ခု ဖွင့်ခဲ့၏။

ဘဏ်ကတ်ထဲက ပိုက်ဆံကို ထည့်မတွက်ဘဲ အင်မော်တယ်စမ်းရေကုမ္ပဏီနှင့် ကောင်းကင်ဘုံကမ္ဘာမြေစိုက်ပျိုးရေးကုမ္ပဏီတို့၏ ရှယ်ယာများနဲ့တင် ယဲ့ရှောင်ချန်း၏ အသားတင်ပိုင်ဆိုင်မှုက ယခု ၁၀၀ မီလီယံ ကျော်နေပါပြီ။

သူ့လစဥ် အစုပေါ်ငွေက ၁၀ မီလီယံကျော်၏။

ယဲ့ရှောင်ချန်းက သိပ်မမှုပေ။ ပိုက်ဆံတွေကို ဘဏ်ကတ်ထဲမှာ ထည့်ထားလည်း ဘာမှ အသုံးမဝင်သဖြင့် သူ ထုတ်ကာ ရင်းနှီးမြှုပ်နှံလိုက်ပါသည်။

အမှန်ပင်။ အားလုံးကို ကောမော့ယွင်၏ အဖွဲ့က စီမံသွား၏။

ဘာပဲဖြစ်ဖြစ် သူလည်း ဂိမ်းလုပ်ငန်းလောကအကြောင်း ဘာမှ မသိပါ။ ဝမ်ရွှေရှန့်က သူတို့ကို အကြံပေးဖို့ လူနှစ်ယောက်သာ ပို့ပေးခဲ့ပါသည်။

နောက်ဆုံးတော့လည်း သူတို့နှစ်ယောက်စလုံးက ဂိမ်းကုမ္ပဏီ၏ အနာဂတ်အတွက် သိပ်ပြီး စိတ်မပူပေ။

"အစ်ကို မိုယွမ်ရဲ့ ဂိမ်းက Closed Beta ဗားရှင်းတောင် ဖြစ်နေပြီ။"

သူ့ညီမက ပျော်ရွှင်စွာ ပြောလိုက်ပါသည်။ "တော်တော်လေး ကစားလို့ ကောင်းမယ်ထင်တယ်။ သေချာပေါက် နာမည်ကြီးလာမှာပါ။"

"ဘယ်ဆိုးလို့လဲ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။

"ဒီချိန်တောအတွင်း တော်တော် ခက်ခဲခဲ့ရဲ့လား။"

ယဲ့ရှောင်ချန်းက ဗီဒီယိုထဲက သူ့ညီမကိုကြည့်ကာ ဝိတ်တွေ အလွန်ကျသွားမှန်း မြင်လိုက်ရပါသည်။

တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် အလုပ်ကြောင့် အလွန်ပင်ပန်းနေမှန်း သိနိုင်သည်။ သူ့ရင်ထဲ အနည်းငယ် နာကျင်သွား၏။

"ခက်တော့ ခက်ခဲပါတယ်။ ဒါပေမယ့် အရမ်း ကျေနပ်တယ်။ စီးပွားရေး တစ်ခု စလုပ်ဖို့ဆိုတာ တကယ် ခက်ခဲတယ်။ ဒါပေမယ့် လုပ်ငန်းကနေ ရလိုက်တဲ့ အကျိုးအမြတ်တွေကလည်း ကောင်းပါတယ်။"

ယဲ့ယင်က ပြောလိုက်သည်။

"ဟဲဟဲ ငါ့ညီမမှာ ဒီလိုခံစားချက်တွေ ရှိမယ်မှန်း မထင်ထားဘူး။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။

"အရင်တုန်းက တစ်ခါမှ မခံစားဖူးဘူး။ ဘယ်လိုလုပ်ပြီး ဒီလောက် အဆင့်ထိ ရောက်လာမယ်မှန်း တကယ်မသိတော့ပါဘူး" ယဲ့ယင်က ပြောလိုက်ပါသည်။

ဒီအချိန်တွင် ယဲ့ရှောင်ချန်း၏ အကူအညီကြောင့်သာ မဟုတ်ပါက ဂိမ်း၏ မူပိုင်ခွင့်အား ပြန်ရမည်မဟုတ်ဘဲ စတူဒီယိုလည်း ပြန်လည် ကောင်းမွန်နိုင်မည်မဟုတ်တော့ပေ။

နှိုင်းယှဥ်ကြည့်ရလျှင် သူ့အစ်ကိုကို သူမ အနည်းငယ် အထင်ကြီးမိပါသည်။ ဘယ်လိုလုပ်ပြီး ဒီအဆင့်ထိ ရောက်လာနိုင်မှန်း မသိခဲ့ပါ။

"ဟားဟား နင့်အစ်ကိုကြီးကို အများကြီး လေးစားသွားပြီပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။

"ဟုတ်တယ်။ မော့ယွင်ကလည်း နင့်ကို အများကြီး လေးစားတယ်တဲ့။ နင့်အတွေ့အကြုံတွေက ဝါရင့်ကြီးတစ်ယောက်လိုပဲတဲ့။"

ယဲ့ယင်က အတည်ပေါက် ပြောလိုက်ပါသည်။

"ဟားဟား ငါနောက်ပိုင်း အချိန်ရရင် ကိုယ်ရေးအတ္ထုပ္ပတ္တိတစ်အုပ်လောက် ရေးဦးမှပါ။ ယဲ့ရှောင်ချန်း : စိုက်ပျိုးရေးသမားတစ်ယောက်ဆိုပြီးတော့လေ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။

သူ့မိသားစုနှင့် စကားပြောရသည့်အချိန်မှ သူ့စိတ်အေးလက်အေးနှင့် စိုးရိမ်ကြောင့်ကြမှု ကင်းဝေးရသည်။

မောင်နှမနှစ်ယောက်သား အချိန်အကြာကြီး စကားပြောပြီးမှ ဖုန်းချလိုက်ကြ၏။ ယဲ့ရှောင်ချန်းက ဘောပင်တစ်ချောင်းကိုင်ကာ စာရွက်တစ်ရွက်ပေါ်တွင် စတင်ရေးသားတော့သည်။

သူက အပင်အသိစိတ်အကြောင်း ရေးနေခြင်းဖြစ်ပြီး တရုတ်သိပ္ပံကျောင်းတော်က တောင်းဆိုထားခြင်း ဖြစ်၏။

တရုတ်သိပ္ပံကျောင်းတော်က သုတေသန ပညာရှင်များကို တောင်းဆိုထားသည့် အရာများရှိ၏ နှစ်တိုင်း စာရွက်စာတမ်းတချို့ကို ထုတ်လုပ်ပေးရသည်။

၎င်းတို့၏ အနာဂတ်အဆင့်သတ်မှတ်ချက်နှင့် သက်ဆိုင်နေပါသည်။

ထို့ကြောင့် ယဲ့ရှောင်ချန်းက လွန်ခဲ့သည့် ရက်အနည်းငယ်က စပြီး ဒါတွေ ရေးသားဖို့ အလုပ်ရှုပ်ခဲ့ရပါသည်။

သူ အကြိမ်ကြိမ် ရေးထားသည့် စာရွက်များကို ကြည့်ပြီး သူတွေးလိုက်၏။ "ဟင်းဟင်း ဒီလောက်ဆို အချိန်အကြာကြီး ဖတ်ဖို့ လုံလောက်နိုင်ပါပြီ။"

"ပြီးသွားပြီ။"

ယဲ့ရှောင်ချန်းက ကျီယုထျင်ကို ခေါ်လိုက်ပြီး ဒီစာရွက်စာတမ်းကို ကွန်ပျူတာထဲ ထည့်ဖို့ ခိုင်းစေလိုက်၏။

ဒါက ပထမဆုံးအကြိမ် မဟုတ်သဖြင့် ကျီယုထျင်က အလွန်ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။

ထို့အပြင် နောက်ဆုံးပေါ် သုတေသန စာရွက်စာတမ်းများကို မြင်ရဖို့ ကျီယုထျင် မစောင့်နိုင်တော့ပါ။

အကြိမ်တိုင်း စာရွက်စာတမ်းများကို ဂရုတစိုက် လေ့လာရ၏။

All Chapters