← Chapters

သေခြင်းတရားကို ကြောက်ရွံ့ခြင်း

Vol. 19 Ch. 277

သေခြင်းတရားကို ကြောက်ရွံ့ခြင်း

Vol. 19 Ch. 277

"ချန်းအို မင်း သေမျိုးအစိုးရနဲ့ ပူးပေါင်းလိုက်ရုံနဲ့ လုပ်ချင်တာ လုပ်လို့ရမယ်လို့ ထင်နေတာလား။ သေမျိုးအစိုးရက ငါတို့ကို ဘာမဆိုလုပ်နိုင်တယ်ဆိုရင် မင်းကိုလည်း လုပ်နိုင်မှာပဲ။”

ထုပိုင်ယွမ်က ပြောလိုက်သည်။

"မင်းအဲ့တာကို စိတ်ပူစရာမလိုပါဘူး။ မင်းတို့ ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုရင် ဘာအန္တရာယ်မှ ဖြစ်မှာမဟုတ်ဘူး။ စကားမစပ် မင်းကို စောင့်နေတဲ့ တခြားသူတွေလည်း ရှိတယ်နော်။"

ချန်းအိုက လက်ခါပြကာ ဂရုမစိုက်ပေ။

ထုပိုင်ယွမ်၏ မျက်နှာ ခက်ထန်သွား၏။ ချန်းအို၏ စိတ်က ပြောင်းလဲဖို့ မလွယ်ကူဘဲ သူလုပ်ချင်တာ လုပ်ဖို့ ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း သိလိုက်ရပါသည်။

ထို့အပြင် သူ့လေသံကို ကြည့်ခြင်းအားဖြင့် တခြား ကျင့်ကြံသူများလည်း သေမျိုးအစိုးရ လက်ထဲသို့ ကျရောက်သွားခဲ့ပုံပင်။

"လုတုန်ချမ်း မင်းကိုပါ ဒီအထဲ ဆွဲထည့်မိလို့ တောင်းပန်ပါတယ်ကွာ။"

ထုပိုင်ယွမ်က လိပ်ပြာမလုံစွာ ပြောလိုက်သည်။

"ဒီလိုဖြစ်လာမှတော့ ဘာလုပ်နိုင်မှာလဲ"

လုတုန်ချမ်းက ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။

ယဲ့ရှောင်ချန်းက ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်ကာ ချက်ချင်းပဲ အနက်ရောင် အခန်းထဲ ဝင်သွားပြီး သံတံခါးကို ပိတ်လိုက်၏။

"ဟင်း... အဲ့ဒီအထဲမှာ ထောင်ချောက်ရှိတယ်ကွ။ မင်းတို့ ထွက်ပြေးလို့ရမှာ မဟုတ်ဘူး။"

ချန်းအို၏ အသံက အပြင်ဘက်မှ ထွက်လာသည်။

"ငါတို့ တကယ် မလွတ်နိုင်ဘူး။ သေမျိုးအစိုးရမှာ လှည့်ကွက်မျိုးစုံ ရှိတယ်။"

ထုပိုင်ယွမ်၏ မျက်နှာက စိတ်ဓာတ်ကျမှုများနှင့် ပြည့်နှက်နေ၏။

ရုတ်တရက် ယဲ့ရှောင်ချန်းက လက်ကို ရမ်းလိုက်ကာ ထူးဆန်းသော စွမ်းအင်တစ်ခုက ချက်ချင်း သူ့ကို ဖုံးလွှမ်းသွားသောကြောင့် ထိတ်လန့်သွားခဲ့ရသည်။ ခဏကြာသောအခါ သူ့ရှေ့က မြင်ကွင်း ပြောင်းလဲသွားပြီး ထူးဆန်းသည့် စိုက်ပျိုးရေးခြံ တစ်ခုထံသို့ ရောက်သွား၏။

ယဲ့ရှောင်ချန်းနှင့် လုတုန်ချမ်းတို့လည်း သူ့ဘေးတွင် ရှိနေသည်။

လျန်ယူကျူးနှင့် ထုယွဲ့ချွီတို့ကိုလည်း မြင်ခဲ့ရသည်။

"ဒါ... ဒါက ဘယ်နေရာကြီးလဲ။"

ထုပိုင်ယွမ်က ထိတ်လန့်စွာ ပြောခဲ့ပါသည်။

ဖောင်း…

လုတုံချန််း၏ လက်သီးကြောင့် ထုပိုင်ယွမ် လွင့်ထွက်သွား၏။

နာကျင်လွန်းလှသဖြင့် နဖူးတွင် ချွေးစေးများ ထွက်ကာ ပုစွန်တစ်ကောင်လို ကွေးသွားသည်။

"ဟင်း ထုပိုင်ယွမ် မင်းကတကယ် သောက်ကျင့် မကောင်းတဲ့ကောင်ပဲ။ ငါတို့ကိုတောင် ထိခိုက်အောင် လုပ်ချင်တယ်။"

လုတုန်ချမ်း၏ မျက်လုံးများ အေးစက်သွားသည်။

ဒီတစ်ခေါက် ယဲ့ရှောင်ချန်းသာ မပါလျှင် သူ ပြဿနာတက်သွားနိုင်သည်။

"ငါ စိတ်မကောင်းပါဘူး။ ငါလည်း မလုပ်ချင်ခဲ့ပါဘူး။"

ထုပိုင်ယွမ် နောက်ဆုံးတော့ သက်သာသွားပြီး မျက်နှာတွင်လည်း လိပ်ပြာမလုံမှုများနှင့် ပြည့်နှက်နေ၏။

"ဘာဖြစ်တာလဲ ငတုံးကောင်"

လျန်ယူကျူးက စပ်စုစွာ မေးလိုက်သည်။

"ဟင်း ဒီကောင့်ကို သေမျိုးအစိုးရက ဖမ်းသွားတာ။ သူက အစိုးရကို ကူညီပြီး ငါတို့ကျင့်ကြံသူတွေအားလုံးကို ဖမ်းဖို့အတွက် ထောင်ချောက် ဆင်တယ်။ ပြီးတော့ အဲ့ဒီ ခွေးမသား ချန်းအိုကလည်း အစိုးရနဲ့ ပူပေါင်းထားတယ်။"

လုတုန်ချမ်းက အေးစက်စွာ ပြောလိုက်ပါသည်။

"ဖြောင်း"

လျန်ယူကျူးက ထုပိုင်ယွမ်အား ပါးရိုက်လိုက်သည်။

ထုပိုင်ယွမ်က ကြက်သေ သေသွားရ၏။

"ဒီပါးချတာက နင် ငတုံးကောင်ကို ထိခိုက်အောင် လုပ်ရင်တောင် ဘာမှ မပြောလိုဘူး။ ဒါပေမယ့် ငါ့ဘော့စ်ကိုတော့ နင် လုံးဝ ထိလို့ မရဘူးဆိုတာ နင်နားလည်အောင် ချတာ။ နင် နားလည်ပြီလား။"

လျန်ယူကျူးက ခါးထောက်ကာ ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်ပါသည်။

"ဟုတ်တယ်။ ငါတို့ဘော့စ်ကို ထိခိုက်အောင် လုပ်တဲ့လူ မှန်သမျှက ငါ့ရန်သူပဲ။"

ထုယွဲ့ချွီလည်း ထုပိုင်ယွမ်၏ မျက်နှာအား ကန်ပြစ်လိုက်သည်။

ထုပိုင်ယွမ် မြေပေါ်တွင် အကြိမ်ကြိမ် လိမ့်သွားပြီး ပြန်ထလာသည်။ သူအံ့သြ မှင်သက်နေမိ၏။ ကောင်မလေးနှစ်ယောက် ဘာကိုဆိုလိုသလဲ သူ နားမလည်ပါ။

လုတုန်ချမ်းက မိန်းကလေး နှစ်ယောက်ကို မကျေနပ်စွာ ကြည့်လိုက်သည်၊။ "ငါ့ကို ထိခိုက်အောင် လုပ်ရင်ရတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။"

ယဲ့ရှောင်ချန်း ရယ်ရခက် ငိုရခက်ဖြစ်သွား၏။

...

ဝူမြို့တော်။ မြို့တော် ရဲဌာန။

အမှောင်ခန်းထဲသို့ မျက်ရည်ယိုဗုံးများ ပစ်ပြီး လက်နက်ကိုင် ရဲသားများ ဖောက်ဝင်လာသောအခါ အခန်းက အလွတ်ကြီး ဖြစ်နေကြောင်း ထိတ်လန့်စွာ သိလိုက်ရ၏။

မရှိကြတော့ပါ။

"သူ ဘယ်မှာလဲ။”

ချန်းအိုလည်း ဓာတ်ငွေ့ မျက်နှာဖုံး ဝတ်ကာ အခန်းထဲ ဝင်လာသည်။ သူ့မျက်နှာက အလွန် အုံ့မှိုင်းနေ၏။

"ငါတို့လူတွေ ဘေးပတ်လည်မှာ အကုန်ရှိပါတယ်။ လွတ်နိုင်စရာ အကြောင်း မရှိဘူး။"

ခက်ထန်သည့် ပုံစံဖြင့် သက်လတ်ပိုင်း အမျိုးသားကြီး တစ်ယောက်က ပြောလိုက်သည်။

သူက ပြည်နယ် အထူးဌာနမှဖြစ်သည်။

ဒီအော်ပရေးရှင်းက သူ့အမိန့်အောက်တွင် ဆောင်ရွက်ရခြင်းဖြစ်သည်။

ထိုအချိန်တုန်းက ချန်းအိုမှာ သူ့ကိုရှာဖို့ အဆက်အသွယ်များ အသုံးချပြီး အင်မော်တယ် ကျင့်ကြံသူများကို ဖမ်းဆီးဖို့ အစီအစဥ်ကို အကောင်အထည်ဖော်ခဲ့သည်။

အထက်လူကြီးများကလည်း ဒါကို အရေးထားကြ၏။

ဒီကမ္ဘာပေါ်တွင် အတွင်းဘက် ကမ္ဘာတစ်ခု ရှိနေသေးပြီး ထိုကမ္ဘာတွင် အပြင်ဘက် ကမ္ဘာလောကထက် အရင်းအမြစ်နှင့် နယ်မြေများ ပိုများပြီး အင်မော်တယ် ကျင့်ကြံ နည်းလမ်းများလည်း ရှိကာ အင်မော်တယ်ဖြစ်ရန် ကျင့်ကြံခြင်းနည်းလမ်းများက မြစ်များ ချောင်းများ ပင်လယ်များကို ပြောင်းပြန်လှန်နိုင်ပြီး စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်သော မှော်ရတနာများလည်း ရှိနေသည်ဟူ၍ ချန်းအို ပြောဆိုခြင်းသာ အမှန်ဆို အထက်လူကြီးများ၏ စိတ်ဝင်စားမှုများကို ချက်ချင်းဆိုသလိုပဲ ဆွဲဆောင်နိုင်ခဲ့သည်။

ကျင့်ကြံခြင်း နည်းလမ်းများနှင့် ကျန်တာကို မဆိုဦးနှင့်။ ဧရာမ အတွင်းကမ္ဘာကြီး တစ်ခုတည်းနဲ့တင် သိမ်းပိုက်နိုင်ပါက အရင်းအမြစ်တွေ ဘယ်လောက်တောင် ရလိုက်မလဲ။

နိုင်ငံတော်ရဲ့ အနှစ်ချုပ် စွမ်းပကားကို ဘယ်လောက်တောင် အဆင့်မြှင့်တင်ပေးနိုင်လိမ့်မလဲ။

ဘာကြောင့် အာကာသ ပရိုဂရမ်တွေ ဖန်တီးပြီး လပေါ် အခြေချကာ စူးစမ်းလေ့လာရေး အာကာသယာဥ်တွေ ပစ်လွှတ်နေကြတာလဲ။ အဆုံးမဲ့တဲ့ ကြယ်ကောင်းကင်ပေါ်မှာ သက်ရှိ ဂြိုဟ်တွေကို ရှာဖွေနိုင်ဖို့ပဲ မဟုတ်ပါလား။

အခွင့်အရေး နည်းပါးပြီး သက်ရှိများ နေထိုင်နိုင်မည့် ဂြိုဟ်များကို ရှာဖွေနိုင်ဖို့ အခက်အခဲများနှင့် ယှဥ်ကြည့်လျှင် ကမ္ဘာပေါ်က အတွင်းဘက်ကမ္ဘာမှာ အများကြီး ပိုစိတ်ချရသည့်ပုံပင်။

ရှေးခေတ်အခါတုန်းက ရာဇဝင်နှင့် ဒဏ္ဍာရီများစွာ ရှိခဲ့သည်။ နိုင်ငံခြား အရပ်ဒေသများမှာတောင် ရှိသည်။ ဒါက ဖြစ်နိုင်ခြေ တချို့ကို ပြသနေ၏။

တကယ်တော့ နည်းပညာဖြင့် ရှင်းပြဖို့ ခက်ခဲသည့် သဘာဝလွန်ဖြစ်ရပ်များ ကမ္ဘာပေါ်တွင် ဖြစ်ပျက်ခဲ့ဖူးပြီး အရာရာကို သက်သေပြဖို့ လုံလောက်နေ၏။

အတိုချုံးပြောရလျှင် နိုင်ငံတော်၏ အထက်လူကြီးများက ဒါကို သေသေချာချာ အရေးစိုက်ပြီး ဒီကိစ္စအတွက် သီးသန့် ဌာနတစ်ခုနှင့် ဓာတ်ခွဲခန်းတစ်ခုကိုပင် တည်ဆောက်ဖို့ ပြင်ဆင်ထားကြသည်။

"ကိုယ်ပျောက် နည်းလမ်းလား ဒါမှမဟုတ် နံရံဖောက်နည်းလမ်းလား။ ဒါ... ဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ အဲ့တာတွေကို ငါကြိုပြီး သတိထားပြီးသားပါ။ ပြီးတော့ ခုနက မှော်စွမ်းအင်လှိုင်းပြောင်းလဲမှုလည်း မခံစားမိပါဘူး။"

ချန်းအို၏ မျက်နှာက မှောင်မိုက်သွား၏။

"ချန်းအို အင်မော်တယ် ကျင့်ကြံသူတွေမှာ လှည့်ကွက်တွေ အများကြီးရှိပြီး သူတို့ကို ရာနှုန်းပြည့် ခန့်မှန်းလို့မရနိုင်ဘူးလို့ မင်းပြောခဲ့တယ်။ သူတို့ နိုင်ငံတော်ထဲမှာ ရှိနေသေးသ၍ ဒီကောင်တွေ အဖမ်းခံရမယ့်နေ့ဆိုတာ ရောက်လာမှာပါကွာ။"

သက်လတ်ပိုင်း အမျိုးသားကြီးက ပေါ့ပါးစွာ ပြောလိုက်ပါသည်။

အင်မော်တယ် ကျင့်ကြံသူများ၏ ခန့်မှန်းလို့ မရနိုင်သော လှည့်ကွက်များကို မြင်လေလေ သူ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ အင်မော်တယ် ကျင့်ကြံခြင်းလောကကို မသွားဘဲ ဘယ်တော့မှ ကျင့်ကြံနိုင်မှာ မဟုတ်တာကို သူသိထားသော်လည်း အင်မော်တယ် ကျင့်ကြံသူအားလုံးကို ဖမ်းဆီးပြီး နည်းပညာစွမ်းအားကို အသုံးချကာ သုတေသန ဆောင်ရွက်ပြီး ချန်းအို၏ အကူအညီနှင့်ဆို အင်မော်တယ် ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်နိုင်ဖို့ အခွင့်အရေး အမြဲတမ်း ရှိလာနိုင်ပါသည်။

ချန်းအိုက ခေါင်းငြိမ့်လိုက်၏။ သို့သော် အခန်းထဲက ထွက်မသွားသေးဘဲ ဆက်လက် လေ့လာနေသည်။

ဒီသေမျိုးလောကမှာ ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခုရှိနေတာာကိုတော့ သူမထင်ထားမိခဲ့ပါ။

...

"ကျွန်တော့်အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာယဲ့။ ကျွန်တော် ထုပိုင်ယွမ်က ခင်ဗျားရဲ့ ကျေးဇူးကို ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်တော့ဘူး။"

ထုပိုင်ယွမ်က ယဲ့ရှောင်ချန်းအား ဦးညွှတ်လိုက်ပါသည်။

သူ့အတွက်တော့ ယဲ့ရှောင်ချန်းကြောင့်သာ မဟုတ်လျှင် အနာဂတ်တွင် သူ့လွတ်လပ်မှုကိုတောင် ဆုံးရှုံးသွားနိုင်၏။ ထို့အပြင် သေတာထက် ဆိုးရွားသော ဘဝမျိုးနှင့်ပါ နေသွားရနိုင်သည်။

ထို့အပြင် သူ့ရှေ့က လူငယ်က လုတုန်ချမ်းနှင့် တခြားနှစ်ယောက်တို့၏ ဘော့စ်ဖြစ်ကြောင်း သိပြီးပြီ ဖြစ်သည်။

ထို့အပြင် သူက အလွန် စွမ်းအားကြီးက ဆန်းကြယ်သော ဖြစ်တည်မှု တစ်ခု ဖြစ်၏။

ထို ကောင်းကင်ဘုံလှိုဏ်ဂူကြီးကို အနီးကပ် ကြည့်လျှင် သိသာပါသည်။

ဒီသေမျိုးလောကမှာ ကောင်းကင်ဘုံလှိုဏ်ဂူ တစ်ခု ရှိနေလိမ့်မည်ဟု သူ မထင်ထားပါ။ ထို့ကြောင့်လည်း သူ အထိအခိုက်မရှိ လွတ်မြောက်လာခဲ့ခြင်း ဖြစ်၏။

သူ့အသက်ကို ကယ်တင်ခဲ့သည့် ကျေးဇူးအတွက် နောက်တစ်ဆင့်က လွယ်ကူပါသည်။

ထုပိုင်ယွမ်က ဘာမှ တွန့်ဆုတ်မနေဘဲ အင်မော်တယ်စာချုပ်ကို ချက်ချင်း လက်မှတ်ထိုးလိုက်ပါသည်။

ယခုသူ့တွင် သေမျိုးလောကကို ကြောက်ရွံ့စိတ် ရှိလာပြီဖြစ်ပြီး ထောင်လွှားသော စိတ် မရှိတော့ပါ။

အခု ဘေးကင်းလုံခြုံစွာ နေနိုင်သည့် နေရာတစ်ခုကိုသာ သူရှာချင်မိသည်။

ယခု သူ့တွင် ကောင်းကင်ဘုံ လှိိုဏ်ဂူတစ်ခု ရှိနေသဖြင့် အလွန် ဘေးကင်းပါသည်။

ထို့အပြင် သူ့ကျင့်ကြံခြင်းကို ပြောင်းလဲဖို့ ကိစ္စကိုလည်း ဘာမှတွန့်ဆုတ်မှုမရှိဘဲ သဘောတူ လက်ခံခဲ့ပါသည်။

ယဲ့ရှောင်ချန်းက သူ့အကျင့်စရိုက်ကို ကောင်းကောင်း နားလည်သွား၏။ သူက သေရမှာကြောက်သည်။ မဟုတ်ပါက လုတုန်ချမ်းကို မျှားခေါ်ခဲ့မည်မဟုတ်ပေ။ အင်မော်တယ်ဖြစ်ဖို့ နည်းလမ်းဆိုတာနဲ့ သူကြိုးစားကြည့်နိုင်သည်။

စိုက်ပျိုးရေးကျင့်စဥ်များကို ကျင့်ကြံခြင်းက သူ့တိုက်ခိုက်စွမ်းအားကို ပိုအားနည်းအောင် လုပ်နိုင်သော်လည်း ပိုမို လျင်မြန်စွာ ကျင့်ကြံနိုင်ပါသည်။

ဒီလောက်ဆို လုံလောက်ပါပြီ။

"လုတုန်ချမ်း မင်းက ရုပ်ဖျက်ခဲ့တယ်ဆိုပေမယ့် ထုပိုင်ယွမ်ကို ဆက်သွယ်လိုက်တော့ မင်းဘယ်သူလဲဆိုတာ ပေါ်သွားပြီ။ အဲ့တာကြောင့် လောလောဆယ် ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာပဲ နေဦး။"

ယဲ့ရှောင်ချန်းက လုတုန်ချမ်းကို ပြောလိုက်၏။

လုတုန်ချမ်းက ခေါင်းငြိမ့်လိုက်သည်။ သူ ကန့်ကွက်စရာ မရှိပါ။

တကယ်တော့ အင်မော်တယ် ကျင့်ကြံသူများအတွက် သီးသန့် ကျင့်ကြံမှုက သာမန်သာ ဖြစ်သည်။ သူတို့ အသားကျနေပြီးသား ဖြစ်ပါသည်။

ယဲ့ရှောင်ချန်းက လျန်ယူကျူးနှင့် ထုယွဲ့ချွီတိုကိုလည်း နောက်ပိုင်း သူတို့၏ မျက်နှာများကို ထုတ်မပြဖို့ ညွှန်ကြားထား၏။

မိန်းကလေးနှစ်ယောက်က သဘောတူလိုက်ပါသည်။

မော်တယ်နိုင်ငံများက အင်မော်တယ် ကျင့်ကြံသူများကို ဖမ်းဆီးနေကြောင်း သိလိုက်ရသဖြင့် သူတို့ သတိမဲ့ မနေရဲကြတော့ပါ။

"ဒါဆိုလည်း ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာပဲ နေကြတာပေါ့။"

ထုယွဲ့ချွီက ပြောလိုက်သည်။

"ဟူး အဲ့တာပဲ လုပ်ဖို့ ရှိတာလေ။ အားလုံးက ထုပိုင်ယွမ်ရဲ့ အပြစ်တွေပဲ။ နောက်ပိုင်း သတိထားတာ ပိုကောင်းမယ်။"

လျန်ယူကျူးက ယဲ့ရှောင်ချန်းကို ကြည့်လိုက်ပါသည်။

စီစဥ်မှုများ ပြုလုပ်ပြီးနောက် ယဲ့ရှောင်ချန်း ကောင်းကင်ဘုံလှိုဏ်ဂူထဲမှ ထွက်လာခဲ့ပါသည်။

သူ့ဘေးကင်းမှုကို သူ စိတ်မပူပါ။ သူ့သရုပ်မှန် မပေါ်ခဲ့သည့်အပြင် လုတုန်ချမ်းတစ်ယောက် ထုပိုင်ယွမ်ကို ဆက်သွယ်တုန်းက သူ့အကြောင်း များများစားစား သိပ်မဖော်ခဲ့လောက်ပါ။

All Chapters