ကျားနဂါးအင်မော်တယ်ပုံစံကွက် ရတနာ
Vol. 19 Ch. 279
ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင်။
ယဲ့ရှောင်ချန်းက ခြေပုလ္လင်ခွေထိုင်နေပြီး သူ့စွမ်းအင် ဗဟိုထဲက အပင်ဝိညာဥ် ၉ ခုမှာ အမြင့်ဆုံ အခြေအနေအထိ ကြီးထွားလာကြပြီ ဖြစ်ကြောင်း အာရုံခံမိသည်။
နောက်တစ်လှမ်းလောက် လှမ်းလိုက်တာနဲ့ ချီသန့်စင်ခြင်းအဆင့်သို့ ရောက်နိုင်ပါသည်။
"ချီသန့်စင်ခြင်းအဆင့်ကို ရောက်ချင်ရင် အရေးအကြီးဆုံး ခြေလှမ်းက ကိုယ့်ရဲ့ ဝိညာဥ် အာရုံနဲ့ အင်မော်တယ်အာရုံကို ဖွံ့ဖြိုးအောင် လုပ်ဖို့ပဲ။ အဲ့ဒါဆိုရင် ဟင်းလင်းနယ်ထဲက စွမ်းအင်ကို အာရုံခံနိုင်မယ်။ အသက်ရှူလိုက်တိုင်း စွမ်းအင်ကို စုပ်ယူပြီး မှော်စွမ်းအင်အဖြစ် သန့်စင်ပြောင်းလဲနိုင်လိမ့်မယ်။ စွမ်းအင်ရှိနေသရွေ့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေက ရှင်သန်နိုင်တယ်။"
ယဲ့ရှောင်ချန်းက ချီသန့်စင်ခြင်းအဆင့်နှင့် ပတ်သတ်သည့် အဓိက အချက်များစွာကို ပြန်စဥ်းစားလိုက်သည်။
ဝိညာဥ်အာရုံနှင့် အင်မော်တယ်အာရုံများကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကတော့ အခြေအနေနှင့် အချိန်အခါပေါ် မူတည်သည်။
အမှန်ပင်။ မယုံကြည်နိုင်လောက်သော ပစ္စည်းတစ်ခု ရှိပါက ဝိညာဥ်အမြစ်ကိုပင် ပြန်လည် ပြုပြင်နိုင်ပါသည်။
ယဲ့ရှောင်ချန်းတွင် ရှန်းနုန် ပါရမီ ရှိ၏။ ထိုပါရမီက စွမ်းအားအကြီးဆုံး ပါရမီ ဖြစ်သည်။
တကယ်တော့ သူ့စိတ်စွမ်းအင် ဆက်သွယ်ခြင်း ပါရမီကလည်း + 2 ရောက်ရှိသွားပြီ ဖြစ်သည်။ အချိန်အရွေး သူ့ခန္ဓာကိုယ်ထဲမှ ထိုစိတ်က ထွက်လာနိုင်တော့မည်ဟု ခံစားနေရ၏။
အပင်ဝိညာဥ် ၉ ခုက အမြင့်ဆုံးအဆင့်ကို မရောက်သေးသောကြောင့်သာ သူ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် စိတ်စွမ်းအင်က ရုပ်ခန္ဓာကိုယ်ထဲမှ ဖောက်ထွက်လာသောအခါ လူသားခန္ဓာနှင့် အပြင်လောကထဲ စွမ်းအင် လမ်းကြောင်းတစ်ခု သွယ်လိုက်ခြင်းနှင့် ညီမျှသည်။ စွမ်းအင်ကို စုပ်ယူနိုင်ရုံသာ မကဘဲ ခန္ဓာကိုယ်အပြင်ဘက်က စွမ်းအင်ကလည်း ပျောက်ကွယ်သွားနိုင်၏။ထိုအချိန်တွင် သူ့အခြေခံ မတည်ငြိမ်ပါက စွမ်းအင်ပျောက်ကွယ်သွားနိုင်ခြေ ရှိပါသည်။
ထို့အပြင် စွမ်းအင်က ပျောက်ကွယ်မသွားရင်တောင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်နှင့် ထပ်ပြီး တိုးတက်နိုင်မည် မဟုတ်ပါ။ ချီသန့်စင်ခြင်းအဆင့်တွင် ရှိသည့် ပြင်ပ ချီကျင့်ကြံနည်းလမ်းဖြစ်မှသာ ရမည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်က လူတစ်ယောက်၏ မှော်စွမ်းအားထဲတွင် ပါဝင်သည်။
လူတစ်ယောက်၏ မှော်စွမ်းအားက ပိုပြီး အားကောင်းလေလေ အခြေခံအုတ်မြစ် ပိုခိုင်လေလေ ဖြစ်သည်။
ပြောစရာမလိုအောင် ယဲ့ရှောင်ချန်း၏ အခြေခံအုတ်မြစ်ကတော့ အလွန်ခိုင်မာ၏။ အစကတော့ အပင်ဝိညာဥ် ၁ ခုတည်းနဲ့ပင် သူ့ကို ချီသန့်စင်ခြင်းအဆင့်သို့ ရောက်သွားစေနိုင်သည်။
စုစုပေါင်း အပင်ဝိညာဥ် ၉ ခုကို ကျင့်ကြံခဲ့သဖြင့် သူ့အခြေ ဘယ်လောက် ခိုင်မာနေမလဲ စဥ်းစားကြည့်နိုင်ပါသည်ဓ။
"အဆင့်တက်ဖို့ အချိန်ကျပြီ။"
ယဲ့ရှောင်ချန်းက အသက်ဝဝရှူလိုက်ပြီး သူ့စိတ်ကို ရုတ်တရက် ရွေ့လျားလိုက်၏။ သူ့စိတ်ထဲက ဗြောင်းဆန်နေသော စိတ်စွမ်းအင်ကို ထပ်ပြီး ဖိနှိပ်မထားတော့ပေ။ ရုတ်ခြည်းဆိုသလို သူ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွား၏။ ပင်အပ်များဖြင့် အထိုးခံလိုက်ရသလိုမျိုး သူ့ခန္ဓာကိုယ်တွင် အပေါက်များစွာ ဖြစ်ပေါ်လာခဲ့သည်။
ရုတ်ခြည်းဆိုသလို သူ့ခန္ဓာကိုယ်ထဲက အပေါက်များစွာ ပွင့်လာပြီး ချီစွမ်းအင်ငွေ့များထွက်လာ၏။ တစ်ချိန်တည်းမှာပင် ဝိညာဥ်မျိုးစေ့၏ အားပေးမှုကြောင့် သူ့စိတ်က အင်မော်တယ် အာရုံအဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ယဲ့ရှောင်ချန်း ခံစားလိုက်ရပါသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာခြင်း ဖြစ်၏။
ရုတ်ခြည်းဆိုသလို သူ့ဘေးပတ်လည်က လေများ အနည်းငယ် တုန်ခါသွားပြီး ပစ္စည်းများစွာက လေပေါ် ပျံဝဲလာသည်။
လှိုင်းတွန့်နေသလို ရေစီးကြောင်းမှာလည်း သူ့အင်မော်တယ် အာရုံစွမ်းအင်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ထိုအချိန်တွင် သူ့အင်မော်တယ် အာရုံ၏ ထိုးထိုးဉာဏ်အတွင်း ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။ သုံးဖက်မြင် မြင်ကွင်းတစ်ခုဖြစ်ပြီး အပေါ်၊ အောက်၊ ဘယ်၊ ညာ မြင်ရကာ အသေးငယ်ဆုံး အသေးစိတ်များအထိ မြင်ရပြီး သာမန်မျက်လုံးဖြင့် မြင်ရသည့် မြင်ကွင်းထက် ပိုစစ်မှန်ကာ အံ့အားသင့်ဖို့ ပိုကောင်းပါသည်။
"ကောင်းတယ်။ ငါ့အင်မော်တယ် အာရုံက မီတာ ၃၀၀ အထိ ရောက်နိုင်တယ်။"
ယဲ့ရှောင်ချန်း ဘာမှ တွန့်ဆုတ်မနေဘဲ သူ့အင်မော်တယ်အာရုံကို လွှတ်လိုက်သည်။ စိုက်ပျိုးရေးခြံတစ်ခြံလုံးကိုပင် လွှမ်းမိုးလုနီးပါး ဖြစ်သွား၏။
လုတုန်ချမ်း၊ လျန်ယူကျူး၊ ထုယွဲ့ချွီနှင့် ထုပိုင်ယွမ်တို့အားလုံး အာရုံခံမိကြပါသည်။
သူ့အင်မော်တယ် အာရုံအောက်တွင် ၎င်းတို့၏ ကျင့်ကြံခြင်းအား ဖိနှိပ်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
"ဒါ ဘော့စ်ရဲ့ ဝိညာဥ်အာရုံလား။ ကြမ်းလိုက်တာ။"
သူတို့ လေးယောက်စလုံး မှင်သက်နေကြပါသည်။ ရွှေဗဟိုအဆင့် အကြီးအကဲတစ်ယောက်ကို ရင်ဆိုင်နေရသလို ခံစားနေကြရသည်။
အမှန်ပင်။ ရွှေဗဟိုအဆင့် အကြီးအကဲတစ်ယောက်၏ ဝိညာဥ်အာရုံကသာ ဒီလောက်ထိ ကြမ်းတမ်းသော အဆင့်အထိ ရောက်နိုင်သည်။
အင်မော်တယ် အာရုံ ပျံ့နှံ့သွားသောအခါ ယဲ့ရှောင်ချန်းက ဟင်းလင်းနယ်ထဲတွင် တည်ရှိနေသည့် စွမ်းအင်မျိုးစုံကို အာရုံခံမိပါသည်။ အပြင်လောကမှ နေရောင်ခြည်၊ အာကာသရောင်ခြည်မျိုးစုံ၊ အင်မော်တယ်ချီစွမ်းအင်၊ အပင်စွမ်းအင် စသဖြင့် ဖြစ်ကြသည်။
သူ့အင်မော်တယ် အာရုံ လှုပ်ရှားသွားသောအခါ ထိုအရာများက သံလိုက်တစ်ခုနှင့် တွေ့လိုက်ရသလိုမျိုး ချက်ချင်း စုပ်ယူခံလိုက်ရသည်။ ထို့နောက် ၎င်းတို့က ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ်ထဲ ဆက်တိုက် ဝင်လာကာ မှော်စွမ်းအင်အဖြစ် သန့်စင်ခံလိုက်ရသည်။
"ထင်တဲ့အတိုင်းပဲ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်နဲ့ ချီသန့်စင်ခြင်းအဆင့်တို့ကြားက ခြားနားချက်ကတော့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေလိုပဲ။"
ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်ပါသည်။
အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ မှော်စွမ်းအင်က ကုန်ဆုံးသွားနိုင်ခြေ ရှိလျှင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကတော့ ကုန်ဆုံးမည် မဟုတ်ပါ။ အသက်ရှူခြင်းများအကြားတွင် စွမ်းအင်ပမာဏ များစွာကို စုပ်ယူကာ အားပြင်းသည့် မှော်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်၏။ အဆုံးမဲ့သည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ မှော်စွမ်းအင်ကို အလွန်အကျွံ မသုံးစွဲပါက ကုန်ခမ်းနိုင်ခြေ လုံးဝ မရှိပါ။
"ပြီးတော့ ချီစွမ်းအင် သန့်စင်အဆင့် ကျင့်ကြံသူတွေက ဓားပျံနဲ့ မှော်ကိရိယာတွေကို ထိန်းချုပ်နိုင်တယ်။ မှော်ကိရိယာတွေကို သူတို့ခန္ဓာကိုယ်ထဲ သန့်စင်ပြီး အင်မော်တယ် အာရုံလှုပ်ရှားလိုက်ရုံနဲ့ အသုံးချနိုင်တယ်။"
ယဲ့ရှောင်ချန်း ရင်ခုန်သွား၏။ အခု သူက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်လာပြီ ဆိုသောကြောင့် မှော်ကိရိယာ အစစ်များကို သုံးနိုင်ပြီဟု ဆိုလိုခြင်းဖြစ်ပါသည်။
သူ့အကောင့်ကို ကြည့်လိုက်ပြီး အင်မော်တယ်ယွမ် သိန်းချီပြီး ကျန်နေသေးသည်ကို မြင်လိုက်ရ၏။ သူချက်ချင်းပဲ စတိုးဆိုင်ထဲတွင် ဝယ်စရာ မှော်ကိရိယာကောင်းများ ရှိမလားဟု သွားရှာကြည့်လိုက်သည်။
အချိန်ကို တိုးမြှင့်ဖို့အတွက် သုံးရသည့် အင်မော်တယ်ယွမ်အပြင် အင်မော်တယ်ယွမ် ၁၀၀,၀၀၀ လောက် သူ သုံးစွဲနိုင်ပါသည်။
ချက်ချင်းပဲ ရှန်းနုန်စနစ်ထဲက စတိုးဆိုင်ကို သူဖွင့်လိုက်သည်။
"ကာကွယ်ရေး မှော်ကိရိယာတစ်ခုတော့ ဝယ်ကို ဝယ်ရမယ်။"
ယဲ့ရှောင်ချန်းတွင် ပထမဆုံး ရွေးချယ်စရာ ရှိခဲ့သည်။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ပိုင်ဆိုင်သည့် စွမ်းအင်က အားမနည်းပါ။ သို့သော် ၎င်းတို့၏ အားနည်းချက်က ၎င်းတို့၏ ကာကွယ်ရေး စွမ်းအင်မှာ လုံလုံလောက်လောက် မသန်မာခြင်းပင်။ ၎င်းတို့တွင် ကာကွယ်ရေး မှော်ပညာများ ရှိကြသော်လည်း စွမ်းအင်မြင့်ကျည်ဆံများကို ကာကွယ်ဖို့တော့ မလုံလောက်နိုင်ပေ။
ထို့ကြောင့် ကာကွယ်ရေး မှော်ကိရိယာ တစ်ခုကို သူ ပြင်ဆင်ထားရမည်။
နောက်ဆုံးတွင်တော့ ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းဆိုတာ အခြေခံသာဖြစ်ပြီး မှော်ကိရိယာများကသာ ခွန်အားကို အာမခံပေးနိုင်သည်။
စွမ်းအားကြီးသည့် မှော်ကိရိယာ တစ်ခု ရှိထားရုံနဲ့ အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်က အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ကိုပင် သတ်နိုင်သည်။
ကျားနဂါးအင်မော်တယ်ပုံစံကွက် ရတနာ။
ယဲ့ရှောင်ချန်းက မြင်မြင်ချင်းမှာပင် ထိုမှော်ကိရိယာအား သဘောကျသွာား၏။
ထိုမှော်ကိရိယာမှာ ပုံစံကွက်ပါသည့် မှော်ကိရိယာမျိုးဖြစ်၏။ ထို့နောက် အထူးမှော် မန္တာန်တစ်ခုဖြင့် သန့်စင်နိုင်သည်။
မှော်ကိရိယာများအကြားတွင် ပုံစံကွက် ကိရိယာ တစ်ခုဖြစ်၏။
ကျားနဂါး အင်မော်တယ်ပုံစံကွက် ရတနာမှာ နဂါးဟိန်းသံ သံမဏိ အရေပြား နည်းလမ်းနှင့် ကျားဟိန်းသံဗာဂျရာဒိုင်းကာဖြင့် အသုံးပြုရပြီး နဂါးပုံစံကွက်နှင့် ကျားပုံစံကွက်တို့ကို ဖြစ်ပေါ်စေသည်၊။ အသုံးပြုလိုက်တာနဲ့ ကာကွယ်ရေးနှစ်ဆ တိုးသွားစေပြီး ဒါက အလွန်အမင်း ထူးဆန်းပါသည်။
အလယ်အလတ်အဆင့် အဝါရောင်အတန်းအစား ကာကွယ်ရေး မှော်ကိရိယာသာ ဖြစ်သော်လည်း အင်မော်တယ်ယွမ် ၇၀,၀၀၀ ကုန်ကျပါသည်။
သူ ဝယ်လိုက်ပါပြီ။
ယဲ့ရှောင်ချန်းက ထိုမှော်ကိရိယာကို အလွန် သဘောကျသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို ဝယ်ယူလိုက်ခြင်း ဖြစ်ပါသည်။
ရုတ်တရက် ဆိုသလို သူ့လက်ထဲတွင် ကျားနဂါး အင်မော်တယ်ပုံစံကွက် ရတနာ ပေါ်လာသည်။ နဂါးနှင့် ကျားပုံဆွဲထားသည့် ထူးဆန်းသည့် ကပ်ခွာလေးတစ်ခုဖြစ်သည်။
ယဲ့ရှောင်ချန်းက ချက်ချင်းပဲ မှော်စွမ်းအင်ဖြင့် ၎င်းကို သန့်စင်လိုက်သည်။ ရုတ်ခြည်းဆိုသလို ကျားတစ်ကောင်နှင့် နဂါးတစ်ကောင်၏ အရိပ်က ရုတ်တရက် ကပ်ခွဲထဲမှ ပျံထွက်လာပြီး ယဲ့ရှောင်ချန်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေသည်။
တစ်ချက်လောက် တွေးကြည့်လိုက်ရုံနှင့် သူ့ခန္ဓာကိုယ်ထဲတွင် နဂါးနှင့် ကျားပုံစံကွက်များ ပေါ်လာပြီး အလွန်အမင်း စွမ်းအားကြီးလာသည်ဟု ခံစားလိုက်ရပါသည်။
သူ့မှော်စွမ်းအင် တုန်ခါသွားသောအခါ နဂါးနှင့် ကျားတစ်ကောင်၏ အရိပ်ပေါ်လာသည်။ နှစ်ခု ပေါင်းစပ်ကာ ချီစွမ်းအင် ဒိုင်းတစ်ခု ပေါ်လာ၏။
"ဟာားဟား မဆိုးပါဘူး။ ကာကွယ်ရေး မှော်စွမ်းအင်ထက် အများကြီး ပိုသန်မာတာပဲ။"
ယဲ့ရှောင်ချန်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပါသည်။
ထို့အပြင် မှော်ကိရိယာ၏ စွမ်းအားက သူ့ကျင့်ကြံခြင်း အခြေခံ တိုးမြင့်လာတိုင်း လိုက်လံ တိုးမြင့်လာမည်ဖြစ်သည်။
ဒီကျားနဂါး အင်မော်တယ် ပုံစံကွက် ရတနာက သူ ရွှေဗဟိုချက်အဆင့်မရောက်ခင်အထိ ကြာရှည်ခံနိုင်ပါသည်။
နောက်တစ်ခုက တိုက်ခိုက်ရေး လက််နက်တစ်မျိုး ဝယ်ယူဖို့ပဲ ဖြစ်သည်။
ဘာသုံးရမလဲ။
သေချာပေါက် ဓားပျံပဲပေါ့။
ဓားပျံဆိုတာ ရှန်းရှပရိတ်သတ်များစွာရဲ့ အကြိုက်ဆုံး လက်နက် မဟုတ်ပါလား။
ယဲ့ရှောင်ချန်းလည်း ခြွင်းချက် မရှိပါ။
ချက်ချင်းဆိုသလို ယဲ့ရှောင်ချန်း အဆင့်နိမ့် အဝါရောင်အတန်းအစား ဓားပျံတစ်ချောင်းကို ဝယ်ယူခဲ့သည်။ အင်မော်တယ်ယွမ် ၈,၀၀၀ ကျော် ကုန်ကျခဲ့၏။
ဒါက သစ်သားအမျိုးအစား ဓားပျံတစ်ချောင်း ဖြစ်သည်။ တစ်ချောင်းလုံး စိမ်းနေပြီး ဝါးဖြင့် ပြုလုပ်ထားသလိုပင်။
ဒီလိုဓားပျံမျိုးက သူနဲ့ လိုက်ဖက်ပါသည်။
အမှန်ပင်။ သူ ဘယ်လို ဓားသိုင်းမျိုးမှ မကျင့်ကြံဖူးပါ။ ဓားသိုင်းများကလွဲပြီး တဲ့တိုး ဆန်သည့် ပုံစံမျိုးဖြင့်သာ အသုံးချသည်။
သန့်စင်လိုက်သောအခါ ဓားပျံက ရုတ်တရက်ကြီး ကျုံ့သွား၏။ အစိမ်းရောင် အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ပါးစပ်ထဲဝင်သွားပြီး ထန်တျန်းထဲသို့ ဝင်သွားပါသည်။
သူအသုံးပြုသောအခါ ပါးစပ်ကို ဖွင့်လိုက်ပြီး အစိမ်းရောင် အလင်းတစ်ခုကို ထွေးထုတ်လိုကပ်၏။ ဘေးပတ်လည်တွင် ပျံသန်းသွားပြီး အနောက်တွင် အစိမ်းရောင် အလင်းကြောင်းများ ကျန်ရစ်ခဲ့သည်။ ၎င်း၏ အမြန်နှုန်းက အလွန်အမင်း အံ့သြဖို့ ကောင်းပါသည်။