← Chapters

အနမ်း

Vol. 19 Ch. 280

အနမ်း

Vol. 19 Ch. 280

"ဟားဟား ဓားပျံက တကယ်မိုက်တာပဲ။"

ယဲ့ရှောင်ချန်း သူ့အာရုံကို အသုံးပြုလျက် ဓားပျံကို ထိန်းချုပ်ခဲ့ပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် ပျံဝဲနေအောင် ဖန်တီးခဲ့၏။

သူ့အင်မော်တယ် အာရုံက ထိုနယ်မြေတွင် လွှမ်းမိုးနိုင်သရွေ့ ဓားပျံက သူ့ထိန်းချုပ်မှုအောက်တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါသည်။

အမှန်ပင်။ ဓားပျံ အင်မော်တယ်အာရုံ တာ အပြင်ဘက်သို့ ပျံသန်းသွားပါက အထိန်းအကွပ် မဲ့သွားနိုင်၏။

"ငါဓားပျံပေါ်တက်စီးချင်ရင် ရွှေဗဟိုအဆင့်ထိ ရောက်မှ ဖြစ်လိမ့်မယ်။ နှမြောစရာပဲ။"

ယဲ့ရှောင်ချန်း သက်ပြင်းချလိုက်မိပါသည်။

ရွှေဗဟိုအဆင့်ရောက်လျှင် ဓားပျံတစ်ခုပေါ် ပျံသန်းနိုင်ပြီး ဓားပျံနှင့် တခြား ကိရိယာများကို အသုံးမပြုဘဲ လေပေါ်တွင်တောင် ပျံသန်းနိုင်သည့် အကြောင်းအရင်းမှာ ရွှေဗဟိုအဆင့်က ကမ္ဘာမြေဆွဲအားနှင့် တခြား သက်ရောက်မှုများကို ဆန့်ကျင်နိုင်သောကြောင့် ဖြစ်သည်။

ချီသန့်စင်ခြင်းအဆင့်တွင် နည်းလမ်းတစ်ခုတည်း ရှိပါက မှော်မန္တန်မျိုးစုံအပေါ်တွင် သူတို့ အားကိုးရနိုင်သည်။

သို့သော်လည်း ရွှေဗဟိုအဆင့်က ခြားနားသည်။ ၎င်းတို့ မှော်မန္တန်များကို အသုံးမပြုရင်တောင် ၎င်းတို့၏ ရွှေဗဟို တစ်ခုတည်းနှင့် အံ့ဖွယ်မှော်အစွမ်းမျိုးစုံကို ဖန်တီးနိုင်သည်။

မှော်မန္တန်မျိုးစုံဆိုသည်မှာ ရွှေဗဟိုအဆင့်ဖြင့် အခြေခံအဖြစ် ဖန်တီးထားခြင်းဖြစ်ပါသည်။

ရွှေဗဟိုအဆင့်ကို မရောက်နိုင်ပါက မှော်မန္တန်များ ဖန်တီးဖို့ကို စိတ်ကူးထဲ ထည့်လို့မရပါ။

အတိုချုံးပြောရလျှင် ရွှေဗဟိုအဆင့်က စံတစ်ခုဖြစ်ပါသည်။

ကျင့်ကြံခြင်း လောကတွင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်က အနိမ့်ဆုံးအဆင့် ဖြစ်သည်။ ချီသန့်စင်ခြင်းအဆင့်က အဓိက အဆင့်ဖြစ်ပြီး ရွှေဗဟိုအဆင့်က လက်ရွေးစင်အဆင့်ဖြစ်၏။

"ဟားဟား နောက်ဆုံးတော့ ငါ ကျွမ်းကျင်သူ ဖြစ်လာပြီ။ပဲ"

ယဲ့ရှောင်ချန်း အလွန်ကျေနပ်အားရသွားပါသည်။

...

သုတေသနအဖွဲ့အစည်းတွင်။

ယဲ့ရှောင်ချန်းက အသစ်ပျိုးထောင်ထားသော အပင်တစ်ခုကို စစ်ဆေးနေ၏။

ယခုသူ့တွင် အင်မော်တယ်အာရုံရှိလာပြီ ဖြစ်သဖြင့် လက်ဖြင့် ထိတွေ့ရန် မလိုအပ်တော့ပါ။

အတွေးတစ်ချက်နှင့် အပင်အသိစိတ်ကို ဆက်သွယ်နိုင်သည်။ ထို့အပြင် အပင်အသိစိတ်များစွာကို တစ်ပြိုင်တည်း ဆက်သွယ်နိုင်ပြီဖြစ်သည်။

ဒါက တိုးတက်မှု ကြီးကြီးမားမား ဖြစ်ပါသည်။

သူ ယခု ပျိုးထောင်နေသည့် အပင်ကို စူပါ ဖုန်စုပ်ပင်ဟု ခေါ်၏။ အလွန်ပြင်းထန်လျက်ရှိသည့် စက်ရုံမှ ထွက်သော မီးခိုးပြဿနာကို တိုးတက်ပြေလည်စေဖို့ အထူး အသုံးပြုခြင်း ဖြစ်ပါသည်။

ဒီစူပါ ဖုန်စုပ်ပင်၏ သဘောတရားက ပိုမို ရှုပ်ထွေး၏။ တခြားအပင်များနှင့် နှိုင်းယှဥ်လို့ ရသည့် အရာမျိုး မဟုတ်ပေ။

တစ်ဖက်ကကြည့်လျှင် သန့်စင်မြက်ပင်များနှင့် အနည်းငယ် ဆင်တူသလို ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သန့်စင်မြက်ပင်များက နျူးကလီးယား ဓာတ်ရောင်ခြည်များကို စုပ်ယူသည်။ စူပါ ဖုန်စုပ်ပင်များကတော့ လေထဲမှ တခြား ညစ်ညမ်းဖုန်မှုန့်များကို စုပ်ယူသည်။

သို့သော်လည်း သဘောတရားက အလွန်ထူးဆန်းနေ၏။

နျူးကလီးယား ဓာတ်ရောင်ခြည်က မမြင်နိုင်သော ရောင်ခြည်တစ်မျိုး ဖြစ်၏။ သို့သော် ဖုန်မှုန့်နှင့် တခြား ညစ်ညမ်းအမှုန့်များမှာ ဒြပ်ရှိသော အရာများ ဖြစ်သည်။

ဒီအပိုင်းတွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများစွာ ရှိခဲ့ပါသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းအတွက်တော့ ပြဿနာ မရှိပါ။

ကျင့်ကြံခြင်းလောကတွင် ဆင်တူသော အင်မော်တယ်အပင်များ ရှိ၏။

အရှေ့မှာ သာဓက တစ်ခု ရှိပြီးသား ဖြစ်သဖြင့် ပျိုးထောင်နိုင်ပါသည်။

အမှန်ပင်။ သဘောတရားကတော့ အများကြီး ပိုရှုပ်ထွေး၏။ ခေတ်မှီနည်းပညာများဖြင့် ဖန်တီးလို့ရနိုင်သော အရာမျိုး မဟုတ်ပါ။

သို့သော်လည်း ယဲ့ရှောင်ချန်း ပျိုးထောင်ဖို့အတွက် အချိန်အကြာကြီး လိုအပ်လိမ့်မည်။

သန့်စင်မြက်ပင်က အင်မော်တယ်မြက်ပင်မှ ဖန်တီးထားခြင်း ဖြစ်သည်။ အင်မော်တယ် မြက်ပင်က စျေးပေါပြီး မျိုးစေ့များအဖြစ် ပြန်စိုက်ပျိုးနိုင်သည်။ မျိုးစေ့များကိုလည်း စိုက်ပျိုးနိုင်ပြီး နျူးကလီးယား ဓာတ်ရောင်ခြည်ကို စုပ်ယူနိုင်စွမ်း ဆက်ခံနိုင်ပါသည်။

သို့သော် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ အင်မော်တယ် ဖုန်စုပ်ပင်မှာ အဆင့်အလွန်မြင့်သည်။ ယဲ့ရှောင်ချန်း တတ်နိုင်သော အရာ မဟုတ်ပေ။

ထို့ကြောင့် သူ့ဖာသာသူ ပျိုးထောင်ဖို့သာ ရှိပါသည်။

"ပရော်ဖက်ဆာ။ ကန္တာရ ထိန်းချုပ်စင်တာက ခုနလေးတင် ဖုန်းဆက်လာပြီး စူပါမိုးခေါင်ပင်တွေက အရမ်းအာနိသင်ရှိတယ်လို့ ပြောသွားပါတယ်။ သူတို့က မျိုးစေ့ နောက်တစ်သုတ် လိုချင်နေကြတယ်။"

ကျီယုထျင်က ဝင်လာပြီး ပြောလိုက်ပါသည်။

ကျီယုထျင်၏ လက်ရှိ သုတေသနအဖွဲ့အစည်းထဲက အဆင့်က လက်ထောက်ဒါရိုက်တာနှင့် ညီမျှသည်။

ဘာပဲဖြစ်ဖြစ် သူက မိန်းမလှလေး ဖြစ်သဖြင့် တခြားယောက်ျားများထက် မျက်စိကျစရာ ပိုကောင်းပါသည်။

"သူတို့ကို ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကို ဆက်သွယ်ခိုင်းလိုက်ပါ။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

သုတေသနအဖွဲ့အစည်းက စူပါမိုးခေါင်ပင် ပျိုးထောင်ခြင်းကို ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးအား ယုံကြည်စွာ အပ်နှံထားပြီးပြီဖြစ်သည်။

"ဟုတ်ကဲ့"

ကျီယုထျင်က ခေါင်းငြိမ့်ကာ ထွက်သွားဖို့ ပြင်လိုက်စဥ် ယဲ့ရှောင်ချန်းက သူမကို တားလိုက်၏။ "ထျင်ထျင် နင်ဘွဲ့လွန်စာမေးပွဲ ဖြေတော့မယ်လို့ ကြားတယ်နော်"

"ဟုတ်တယ် ပရော်ဖက်ဆာ။ ရှင် ဘွဲ့လွန်ကြီးကြပ်ရေးမှူး လုပ်ပါလား။ ရှင့်လက်အောက်မှာ ကျွန်မ ပညာသင်လို့ရတာပေါ့။"

ကျီယုထျင်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။

နိုင်ငံတော်က အပင်အသိစိတ်ကို ဘွဲ့လွန်မေဂျာတစ်ခုအဖြစ် မသတ်မှတ်ရသေးပေ။

ပြီးတော့ ယဲ့ရှောင်ချန်းကလည်း လောလောဆယ်တော့ ဘွဲ့လွန်ကြီးကြပ်သူဖြစ်ဖို့အတွက် အရည်အချင်းမပြည့်မှီသေးပါ။

ယခု ကျီယုထျင်က သုတေသနအဖွဲ့အစည်းတွင် ပညာသင်သာသာပဲ ရှိသေးသည်။

သူမ ဘွဲ့လွန်ဒီပလိုမာ တစ်ခု ရလိုပါက တခြား သက်ဆိုင်ရာမေဂျာများကို ဆက်လက် လေ့လာသင်ယူရပါမည်။

"အင်း အဲ့တာလည်း မကြာခင် အတည်ပြုတော့မှာပါ။ အချိန်ကျရင် သုတေသအဖွဲ့အစည်းထဲမှာပဲ မင်း နေပြီး လေ့လာလို့ရပါတယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။

သူ တရုတ်သိပ္ပံကျောင်းတော်သို့ လျှောက်ထားပြီးပြီ ဖြစ်ပါသည်။ ဒါက သိပ်မခက်ခဲခဲ့ပါ။

ထို့အပြင် နိုင်ငံတော်ကလည်း အပင်အသိစိတ် ပညာရပ်ကို ရုက္ခဗေဒနယ်ပယ်တွင် စိတ်ကြိုက်ဘာသာရပ် တစ်ခုအဖြစ် ထည့်သွင်းချင်နေခဲ့ပါသည်။

အမှန်ပင်။ ဒီဘာသာအတွက် အရည်အချင်း ပြည့်မှီသည့် ဆရာတွေတော့ မရှိသေးသဖြင့် လောလောဆယ်တော့ မဖြစ်နိုင်သေးပါ။ လောလောဆယ် တောင်ပိုင်းဒေသ စိုက်ပျိုးရေးတက္ကသိုလ်တွင်သာ စမ်းသပ်နိုင်လိမ့်မည်ဟု ခန့်မှန်းရ၏။ အချိန်ကျလျှင် သုတေသနအဖွဲ့အစည်းမှ ဆရာအဖြစ် ထမ်းဆောင်နိုင်သော သုတေသန ပညာရှင်များ ပေါ်ပေါက်လာပါလိမ့်မည်။

တခြားနည်းလမ်း မရှိပေ။ အပင်အသိစိတ် ပညာရပ်က ကျောင်းသားများ အရည်အချင်း ပြည့်မှီဖို့ အထူးလိုအပ်သည်။ ဒီပညာရပ်ကို တွင်ကျယ်အောင် လုပ်ဖို့ ခက်ခဲ၏။ အလွန်အဆင့်မြင့်သည့် ဘာသာရပ်တစ်ခုဖြစ်ပါသည်။

"ကောင်းလိုက်တာ"

ကျီီယုထျင်က ပျော်ရွှင်သွားပါသည်။ သူမ ယဲ့ရှောင်ချန်းကို ဖက်ပြီး နမ်းလိုက်သည်။

ယဲ့ရှောင်ချန်း ခေတ္တ ကြောင်သွား၏။

ကျီယုထျင်၏ ပါးများ နီရဲသွား၏။ သူမ ရိုင်းသွားမှန်း သိကာ အမြန်ပြောလိုက်သည်။

"အဲ... ခုနက ကျွန်မ စိတ်လှုပ်ရှားလွန်းသွားလို့ပါ။ စိတ်ထဲမထားနဲ့နော်။ ကျွန်မရဲ့ ပထမဆုံး အနမ်းမို့လို့ ရှင် အရှုံး မရှိပါဘူး။"

ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားလေသည်။

ယဲ့ရှောင်ချန်းကတော့ ခေါင်းခါရင်း ပြုံးသာ ပြုံးမိတောာ့သည်။ စိတ်ထဲ သိပ်မထားခဲ့ပါ။

အပြင်ဘက်တွင်။

ကျီယုထျင်က တဒုတ်ဒုတ်ခုန်နေသော သူမ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။ သူမ မျက်နှာပေါ်က ရှက်သွေးဖြာမှုလည်း ပျောက်ကွယ်သွားလေပြီ။ သူမ အသက်အကြာကြီး ရှူထုတ်လိုက်ပြီး ပြောလိုက်သည်။ "ငါဘယ်လို လုပ်လိုက်တာလဲ... အရုပ်ဆိုးလိုက်တာ"

"ပရော်ဖက်ဆာက အရမ်းကြီးတော့ မတွေးလောက်ပါဘူးနော် ဟုတ်တယ်မလား။"

ကျီယုထျင်က တံခါးကို ကြည့်ကာ စိတ်လျှော့လိုက်သည်။ "ပရော်ဖက်ဆာ အများကြီး တွေးသွားရင် ဘယ်လိုလုပ်မလဲ။ ငါဘာလုပ်ရမလဲ။ သူ့ကို ငြင်းရမှာလာဂ။ ဒါနဲ့ ပရော်ဖက်ဆာမှာ ကောင်မလေးရှိပြီးသားလေ။ သူက ပွေရှုပ်တတ်တဲ့လူမျိုး မဟုတ်ပါဘူး။ အင်း ဟုတ်တယ်။ အဲ့လိုပဲ ဖြစ်မှာပါ။"

ထိုသို့စဥ်းစားပြီး သူမ စိတ်အေးစွာ သက်ပြင်းချလိုက်မိပါသည်။ သို့သော်လည်း ခုနက ဖြစ်ပျက်ခဲ့သည့်အရာကို ပြန်စဥ်းစားနေမိကာ အနည်းငယ် စိတ်လွတ်နေခဲ့၏။

...

ယဲ့ရှောင်ချန်းထံသို့ ဖုန်းဝင်လာသည်။ ဝမ်ရှင်းယီထံမှ ဖြစ်၏။

"ရှောင်ချန်း လီမန်ရောင်ရဲ့ ဖျော်ဖြေပွဲက မနက်ဖြန် ညနော်။ ရှင် ကျွန်မနဲ့ လိုက်ခဲ့နော်။"

ဝမ်ရှင်းယီက ပြောလိုက်၏။

"ဟုတ်ပါပြီ။"

ယဲ့ရှောင်ချန်းက ချက်ချင်း သဘောတူလိုက်ပါသည်။

ဝမ်ရှင်းယီ တေးဂီတကို အလွန်သဘောကျတာ သူသိပါသည်။ သူမ၏ နားများ ပြန်ကောင်းသွားပြီးနောက် တေးဂီတကို ဘိန်းစွဲသလို စွဲလမ်းသွားခဲ့ပါသည်။

ယဲ့ရှောင်ချန်း၏ ပလွေသံကို နားထောင်သည့်အပြင် လီမန်ရောင်ဟူသည့် အမျိုးသမီးအဆိုတော်တစ်ယောက်ကို သဘောအကျဆုံး ဖြစ်၏။

ထိုအမျိုးသမီး၏ သီချင်းများက တကယ် လှပသည်။ သဘာဝတရားကြီး၏ တေးသွားများဟု ခေါ်လျှင် ပုံကြီးချဲ့ရာ မကျနိုင်ပါ။ သူမ၏ အသံက လှပရုံသာမကဘဲ စိတ်ဝိညာဥ်ကို ထိုးဖောက်နိုင်သည့် ခံစားချက်တစ်ခုလည်း ရှိ၏။

အနည်းဆုံးတော့ ယဲ့ရှောင်ချန်း ကြားဖူးသည့် သီချင်းများအကြားတွင် လူ ၃ ယောက် ၅ ယောက်လောက်ကပဲ ဒီအဆင့်ကို ရောက်နိုင်၏။

ထို့အပြင် ဒါတောင် ကမ္ဘာတစ်ဝှမ်းလုံး အတိုင်းအတာကို ယှဉ်၍ ပြောခြင်း ဖြစ်သည်။ နိုင်ငံတော် တစ်ခုမှာဆို ၁ ယောက်လောက်သာ ရှိနိုင်၏။

ယခု ယဲ့ရှောင်ချန်း တေးဂီတကို အလွန် အသိအမှတ်ပြုပါသည်။

ထို့ကြောင့် သူလည်း လီမန်ရောင်၏ သီချင်းများကို နားထောင်ချင်သည်။ ဝမ်ရှင်းယီကိုလည်း လိုက်ပို့ပေးရမည်ဆိုတော့ ဘာမှ ပြောဖို့ မလိုတော့ပါ။

မကြာမီ ဒုတိယနေ့၏ ညနေခင်းသို့ ရောက်လာခဲ့သည်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ဗီလာမှ ကားဖြင့် ခေါ်သွား၏။

ထို့အပြင် ဝမ်ရွှေရှန့်ကလည်း သူ့မိန်းမနှင့် ကလေးတို့နှင့် ကားမောင်းလာခဲ့သည်။

ကျူးချင်းချင်းကလည်း လီမန်ရောင်၏ ပရိတ်သတ်ဖြစ်၏။

ဝမ်ရွှေရှန့်က သီချင်းနားထောင်ရတာ သိပ်မကြိုက်ပါ။ သို့သော် ကျူးချင်းချင်းကို နားချလို့ မရသဖြင့် လိုက်သာ လိုက်လာနိုင်ခဲ့သည်။

သူတို့ ဖျော်ဖြေပွဲ ကျင်းပရာ နေရာသို့ ရောက်သောအခါ မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့၏။

လူပင်လယ်ကြီး တစ်ခုဖြစ်နေပါသည်။

နိုင်ငံတော်ထဲက လီမန်ရောင်၏ နာမည်ကြီးမှုက အလွန်မြင့်မားသည်ဟု ပြောနိုင်သည်။ သူမကို ဘုရင်မတစ်ပါးဟု ခေါ်နိုင်၏။ ထို့အပြင် သူမက အလွန် လှပပြီး အပြစ်ကင်းသည်။ သူမက အမျိုးသားကော အမျိုးသမီးများကော၊ လူကြီးလူငယ်မရွေး အားပေးခံရသူတစ်ဦးဖြစ်သူဟု ပြောနိုင်သည်။ နိုင်ငံတော်နှင့် အာရှတိုက်မှာတောင် မရေမတွက်နိုင်သော ပရိတ်သတ်များစွာ ရှိ၏။

All Chapters