← Chapters

ပုလွေသံ ‌

Vol. 19 Ch. 281

ပုလွေသံ ‌

Vol. 19 Ch. 281

ဖျော်ဖြေရေး ကျင်းပရာနေရာတွင်။

လူအုပ်ကြီးက ရွေ့လျားနေ၏။ လူပင်လယ်ကြီးလို ဖြစ်နေခဲ့ပါသည်။

ပရိတ်သတ်များစွာက ၎င်းတို့၏ Light Sticks များကို လှုပ်ရမ်းနေကြသည်။ မကြာခဏဆိုသလို လီမန်ရောင်၏ ကာရန်အတိုင်း လိုက်ကာ အသံကုန် လိုက်ဆိုတတ်ကြသည်။

ပွဲတော်တစ်ခုလုံးက စည်ကားလှပါသည်။

ဒီလိုအခြေအနေမျိုးတွင်သာ သီချင်း၏ ဆွဲဆောင်မှုကို တကယ် ခံစားရတတ်ပါသည်။

အားလုံး၏ စိတ်ခံစားချက်များက ပေါင်းစည်းနေပြီး အလွန်လှပသည့် အသံစုတစ်ခု ဖြစ်ပေါ်လာစေသည်။

ယဲ့ရှောင်ချန်း တိုးတိတ်စွာ အံ့အားသင့်မိပါသည်။ ထို့ကြောင့်လည်း နာမည်ကျော် အဆိုတော်များက မကြာခဏ ဖျော်ဖြေပွဲများ ကျင်းပကြတာဖြစ်သည်။ ငွေရှာခြင်းက ဒုတိယ ဦးစားပေးဖြစ်ပြီး အရေးအကြီးဆုံးက ပရိတ်သတ်များ၏ အားပေးမှုကို လက်ခံရရှိဖို့သာ ဖြစ်သည်။

ဒီလိုအခြေအနေမျိုးတွင် ပရိတ်သတ်အားလုံး၏ အသိအမှတ်ပြုခြင်းနှင့် အဆိုတော်ကို အားပေးမှုတို့က အထွတ်အထိပ်သို့ ရောက်နိုင်ပါသည်။

ဝမ်ရှင်းယီနှင့် ကျူးချင်းချင်းတို့ နှစ်ယောက်လည်း လီမန်ရောင်၏ သီဆိုမှုတွင် နစ်မျောသွားကြသည်။ တခြားပရိတ်သတ်များလိုပဲ သူတို့လည်း အကျယ်ကြီး လိုက်ဆိုခဲ့ကြသည်။

ဝမ်ရွှေရှန့်တစ်ယောက်တည်းသာ ဂီတကို မခံစားတတ်ပုံပေါ်သည်။ ဒီလိုပွဲတော်မျိုးနှင့် သူ အသားကျမနေပါ။

ထို့အပြင် သူက ဆေးလိပ်စွဲနေသူဖြစ်သဖြင့် အပြင်ကို ခိုးထွက်သွားသည်။

ယဲ့ရှောင်ချန်း ဂရုမစိုက်ပါ။

ဖျော်ဖြေပွဲက နာရီပေါင်းများစွာ ကြာမြင့်ခဲ့၏။

ယဲ့ရှောင်ချန်းက စိတ်ဝင်စားမှုကြီးစွာဖြင့် နားထောင်ခဲ့သည်။

အမှန်ပင်။ ဒီလိုအခြေအနေမျိုးနှင့် ဆွဲဆောင်မှုတို့က သူ့ကို လုံးဝနစ်မျောသွားအောင်လုပ်ဖို့ အထိတော့ မလုံလောက်နိုင်ပါ။

ဖျော်ဖြေပွဲ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့သည်။

"ဟယ် ဝမ် ဘယ်ရောက်သွားတာလဲ။"

ကျူးချင်းချင်းက သူမ ယောက်ျား ပျောက်သွားတာကို ခုမှ သတိထားမိသွားပါသည်။

"အစ်ကိုကြီးဝမ် ထွက်သွားတာ ကြာပြီဗျ။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

ဖျော်ဖြေရေးနေရာထဲမှ လူအုပ်ကြီးနှင့်အတူ သူတို့ ထွက်လာခဲ့ကြပါသည်။

ကားများ ပါကင်ထိုးထားသည့် နေရာတွင် ဝမ်ရွှေရှန့် ဖုန်းပြောနေသည်ကို မြင်လိုက်ကြရ၏။

"ပြီးသွားကြပြီလား။"

ဝမ်ရွှေရှန့်က ဖုန်းချပြီး ရယ်မောလိုက်သည်။

"ဒီတိုင်း ဖျော်ဖြေပွဲတစ်ခုကို ရှင်က ဒီလောက် စိတ်ဖိစီးနေတာလား။ ကြည့်ပါဦး ရှောင်ချန်းလည်း ရှင်နဲ့ တစ်ချိန်လုံး ရှိနေတာပဲ။"

ကျူးချင်းချင်းက ဝမ်ရွှေရှန့်ကို စိုက်ကြည့်လိုက်ပါသည်။

နောက်ကျနေပြီ ဖြစ်သောကြောင့် ဝမ်ရွှေရှန့်နှင့် တခြားသူများက ယဲ့ရှောင်ချန်း ညဘက်ကြီး ကားမောင်းရမည်ကို စိုးရိမ်သဖြင့် အိမ်မှာပဲ ညအိပ်ဖို့ ပြောခဲ့ကြသည်။

ယဲ့ရှောင်ချန်းကလည်း သဘောတူခဲ့၏။

မနက်စောစောရောက်သောအခါ သူနဲ့ ဝမ်ရွှေရှန့်တို့ ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံသို့ သွားပြီး စိုက်ပျိုးရေးပြဿနာတစ်ချို့ကို ဖြေရှင်းသည်။

ယု ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံက ကျယ်ပြန့်သည့် စိုက်ပျိုးရေး နယ်မြေကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ၂,၀၀၀ ဟက်တာအထိ ကျယ်ပြန့်သည်။

ထို့အပြင် စိုက်ပျိုးနယ်မြေ ၂ နှစ်အတွင်း ၁၀,၀၀၀ ဟက်တာအထိ ရောက်နိုင်လိမ့်မည်ဟု စီစဥ်ထား၏။

အအခု ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံကြီးက အလွန်အမြတ်ရနေပြီ ဖြစ်သည်။ ၁ နှစ်အတွင်း အမြတ်ငွေများက အင်မော်တယ်စမ်းရေ ကုမ္ပဏီကို မှီလာနိုင်သည်ဟု ယဲ့ရှောင်ချန်း ခန့်မှနးမိပါသည်။

ကောင်းကင်ဘုံ ကမ္ဘာမြေ စိုက်ပျိုးရေးခြံတွင် စိုက်ပျိုးသည့် ထုတ်ကုန်အားလုံးကို အဆင့်မြင့် စျေးကွက်ထဲသို့ ရောင်းချ၏။ ၎င်းတို့အား အကောင်းတကာ့ အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။

တချို့ဆို နိုင်ငံခြားသို့ပင် တင်ပို့ရသည်။

ဝမ်ရွှေရှန့်က နှစ်ဝက်ကျော်ကျော်လောက်နှင့် ဒီလောက်အံ့သြဖို့ကောင်းသည့် ရလဒ်များ ရလာအောာင် အမျာကြီး အားစိုက်ထုတ်ခဲ့ပုံရပါသည်။

အမှန်ပင်။ ပိုကောင်းသည့် အပင်များအပေါ် ယဲ့ရှောင်ချန်း၏ သုတေသနကလည်း ပို၍ပင် အရေးပါ ပါသေးသည်။

...

ရှမြို့တော် အဆင့်မြင့် ဟိုတယ်တစ်ခုတွင်။

ဇိမ်ခံအခန်းတစ်ခုထဲ၌ လီမန်ရောင်က ကုတင်ပေါ်တွင် လှဲလျောင်းနေသည်။ မနက် ၁၀ နာရီထိုးနေပြီဖြစ်သော်လည်း သူမ မထသေးပါ။

မနေ့က ဖျော်ဖြေပွဲကြောင့် သူမ ခြေကုန်လက်ပန်းကျနေ၏။

ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုက ကြီးမားလွန်းသဖြင့် တစ်ညလောက် နားလိုက်ရုံနဲ့တောင် ပြန်မသက်သာနိုင်ပါ။

သူမဖုန်းထဲတွင် ဝက်ဘ်ဆိုက်တစ်ခုမှ သီချင်းများကို ဖွင့်ကာ နားထောင်နေသည်။

ပလွေသံက သိပ်ပြီး မရှင်းလင်းသော်လည်း အလွန် သာယာပါသည်။

လီမန်ရောင် ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရသောအခါ သူမ ထိတ်လန့်သွားရ၏။ ပလွေသံတစ်ခုက ဒီလောက်ကောင်းနိုင်မှန်း သူမ မသိခဲ့ပါ။

အရေးအကြီးဆုံးအရာက ပလွေသံတွင် ဝိညာဥ်ကို ထိုးဖောက်နိုင်သည့် အလွန်အားကောင်းသော အာနိသင်တစ်ခု ပါရှိနေခြင်းပင်။

ထို့အပြင် ပလွေသံကို နားထောင်ပြီးနောက် သူမ၏ စိတ်ကို အလွန်ငြိမ်းချမ်းသွားစေကာ သာယာသော ခံစားမှုတစ်ခုကို ပေးစွမ်းနိုင်၏။

ထို့ကြောင့် ဖျော်ဖြေပွဲတစ်ခုပြီးတိုင်း ပလွေသံကို သူမ နားထောင်လေ့ ရှိပါသည်။

တေးသွား အဆုံးသတ်သွားခဲ့၏။

လီမန်ရောင်က အားမရသည့် ခံစားချက်တစ်ခု ဖြစ်သွားသည်။

"ငါ ပလွေသံကို တိုက်ရိုက်နားထောင်ချင်တာ။ အဲ့လိုဆို ဘယ်လောက် ကောင်းလိုက်မလဲ။"

လီမန်ရောင်က တစ်ယောက်တည်း ရေရွတ်လိုက်ပါသည်။

ဒါက မဖြစ်နိုင်သော မျှော်လင့်ချက်ဖြစ်မှန်း သူမသိသည်။ အင်တာနက်တစ်ခုလုံးက ပလွေသံ ပိုင်ရှင်အား ရှာဖွေနေကြသော်လည်း ဘာသတင်းမှမကြားရသေးပါ။

ထိုအချိန်တွင် တံခါးပွင့်လာပြီး သူမ၏ အေးဂျင့်ဖြစ်သော အစ်မချင်း ဝင်လာခဲ့၏။

"မန်ရောင် ငါတို့ ဆရာမလင်းနဲ့ ချိန်ထားတာ ရှိတယ်။ ဒီနေ့ သူ့အိမ်ကို သွားပြီး တေးသွား သွားကြည့်ရမယ်။"

အစ်မချင်းက ပြောလိုက်သည်။

"ကျွန်မ သိပါတယ်။"

လီမန်ရောင်က ခေါင်းငြိမ့်လိုက်ပါသည်။

ယန်မြို့တော်ကို လာရောက်ခြင်းက လမ်းကြုံလို့သာ ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ နာမည်ကျော် ရွှေတံဆိပ်ဆု တေးရေးဆရာမ ဝမ်လင်းကို ရှာဖွေဖို့ဖြစ်ပါသည်။သူမက လတ်တလော အယ်လ်ဘမ်တစ်ခု ထုတ်ဖို့ ပြင်ဆင်နေသည်။ သို့သော်လည်း ခေါင်းစဥ် သီချင်းက အသင့်မဖြစ်သေးသဖြင့် ဆရာမလင်းကို အကူအညီတောင်းချင်နေပါသည်။

တေးရေးလောကတွင် ဝမ်လင်း၏ အဆင့်အတန်းမျိုးဖြင့် တခြားသူများအတွက် သီချင်း ရေးမပေးသလောက် ရှားသည်။

လီမန်ရောင်လို ထိပ်တန်း အဆိုတော် တစ်ယောက်သာ ဝမ်လင်းကို ဖိတ်ကြားနိုင်ခဲ့၏။

ကိုယ်လက် သန့်စင်ပြီး တစ်ခုခု စားပြီးသွားသောအခါ လီမန်ရောင်က သူမ၏ အေးဂျင့်များ ကိုယ်ရံတော်များ ခြံရံလျက် ဝမ်လင်း၏ အိမ်သို့ သွားခဲ့သည်။

ဝမ်လင်းက အဆင့်မြင့် ဗီလာတစ်လုံးတွင် နေထိုင်၏။

မကြာသေးခင်ကမှ ဝယ်ထားခြင်းဖြစ်သည်။

"ဆရာမလင်း ဒါက ကျွန်မရဲ့ တောင်းဆိုမှုနဲ့ အိုင်ဒီယာပါ။ ဘယ်လို သဘောရလဲဟင်။"

လီမန်ရောင်က ပြုံးကာ ပြောလိုက်ပါသည်။

"အိုင်ဒီယာက ကောင်းပါတယ်။ ပြီးတော့ မင်းဆိုဖို့လည်း လိုက်ဖက်တယ်။"

ဝမ်လင်းက အသက် ၃၀ - ၄၀ ဝန်းကျင်ရှိ လှပသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက နူးညံ့ပြီး ကျက်သရေရှိ၏။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ရေလို သိမ်မွေ့သည့် အရှိန်အဝါ ရှိပါသည်။

သူမ၏ ယောက်ျားက ရွှေရောင် မျက်မှန်တပ်ထားသည့် ရှုလန်ဟု အမည်ရသော သက်လတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ယောက် ဖြစ်ပါသည်။

သူက နိုင်ငံတော်ထဲတွင် အလွန်နာမည်ကြီးသော စန္ဒရားပညာရှင်တစ်ယောက် ဖြစ်၏။

ဝမ်လင်း၏ ယောက်ျား ရှုလန်က လီမန်ရောင်နှင့် တခြားသူများအတွက် လက်ဖက်ရည် ဖျော်ပေးလိုက်၏။ သူတို့ကို နှုတ်ဆက်ပြီးနောက် သူထွက်သွားပါသည်။ သူ့မိန်းမနဲ့ လီမန်ရောင်တို့ သီချင်းရေးသည့် ကိစ္စ ဆွေးနွေးကြမှာကို သူသိနေပါသည်။

ဝမ်လင်းနှင့် လီမန်ရောင်တို့ အများကြီး ဆွေးနွေးခဲ့ကြပြီး တဖြည်းဖြည်းနှင့် တစ်ခုခုကို ခံစားမိလာကြသည်။

ဝမ်လင်းက သီချင်းစရေးတော့မည် အပြုတွင် ခပ်လှမ်းလှမ်းမှ သာယာသည့် ပလွေသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အသံက အလွန်ပါးသော်လည်း အလွန် ဆွဲဆောင်မှု ရှိ၏။ လူတိုင်း မနေနိုင်ဘဲ နားထောင်မိကြသည်။

ဝမ်လင်းက ချက်ချင်း လက်ထဲက ဘောပင်ကို ချကာ အပေါ်ထပ်သို့ အမြန်ပြေးတက်သွား၏။

ရှုလန်လည်း စန္ဒရားအခန်းထဲမှ ထွက်လာကာ လိုက်သွားသည်။

လီမန်ရောင်လည်း ထိုပလွေသံကို ကြားသောအခါ အနည်းငယ်ကြောင်သွားပြီး ဖော်မပြနိုင်လောက်အောင် အံ့သြသွားကာ သူမလည်း အမြန်လိုက်သွားခဲ့၏။

သူမ၏ အေးဂျင့်ဖြစ်သူ အစ်မချင်းလည်း ဒါကိုမြင်ကာ အမြန်လိုက်လာခဲ့ပါသည်။

ဒီလိုနှင့် လူလေးယောက်သား ဗီလာ၏ ထိပ်ဆုံးအထပ်သို့ တက်လာခဲ့ကြ၏။

ရုတ်တရက် မကြာသေးခင်က ခပ်ပါးပါးသာ ကြားနိုင်သော ပလွေသံမှာ ပိုမို ထင်ရှားလာခဲ့သည်။

လူ လေးယောက်စလုံး ထိုပလွေသံကြောင့် ယစ်မူးသွားကြ၏။

အချိန် ဘယ်လောက် ကြာသွားမှန်း မသိလိုက်ပါ။ ပလွေသံ ရပ်တန့်သွားပြီးနောက် လူတိုင်း လမ်းပျောက်သွားရ၏။

"အရမ်း လှတာပဲ။ နောက်တစ်ခေါက် ထပ်နားထောင်ဖို့ ဘယ်လောက်ကြာကြာ စောင့်ရမလဲ မသိဘူး။"

ဝမ်လင်းက အားမရသော မျက်နှာဖြင့် ပြောလိုက်ပါသည်။

“ဟုတ်တယ်။ ငါတို့ပြောင်းလာပြီးကတည်းက ကြားရတာ ၃ ကြိမ်မြောက် ရှိပြီ။"

ရှုလန်၏ နူးညံ့သော မျက်လုံးထဲတွင် ဝေဝါးသည့် အလင်းရောင်တစ်ခု ရှိနေပါသည်။

လင်မယားနှစ်ယောက်သား ယန်မြို့တော်သို့ တစ်ယောက်ယောက်ဆီ လည်ပတ်ဖို့ လာခဲ့သော်လည်း ပလွေသံကို မတော်တဆ ကြားခဲ့မိသည်။ ထို့နောက် ပလွေသံကို လုံးဝ စွဲလမ်းသွားကာ ပိုက်ဆံတွေ အများကြီးသုံးပြီး ဒီနေရာတွင် ဗီလာတစ်လုံး ဝယ်ခဲ့ကြ၏။

ပလွေသံ နောက်တစ်ခေါက် ဘယ်တော့ ပြန်ပေါ်လာမလဲဆိုတာတော့ သူတို့ မသိကြပေ။

ထို့ကြောင့် ပလွေသံကို ထပ်ကြားနိုင်ဖို့အတွက်နှင့် ဗီလာထဲတွင် တစ်လနီးပါးလောက် နေ့တိုင်း နေခဲ့ကြသည်။

"ဆရာမလင်း။ ဒီပလွေမှုတ်တဲ့လူ ဘယ်မှာ နေလဲဆိုတာကို သိလား။"

လီမန်ရောင်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

သူမ အချိန်အကြာကြီး ရှာခဲ့ပြီးမှ ပလွေမှုတ်သူကို ဒီနေရာတွင် အလွယ်လေး ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပါ။

ပလွေသံကို ကြည့်ခြင်းအားဖြင့် ဒီဗီလာပတ်ဝန်းကျင်မှာပဲ ရှိရမည်။

"မသိပါဘူး။ ဦးတည်ချက်ကိုတော့ မပြောနိုင်ဘူး။ ပြီးတော့လည်း ပလွေသံထွက်လာပြီးရင် ပလွေသံလားရာကိုတောင် ဂရုမစိုက်အားခဲ့ဘူး။ ပလွေသံကြောင့် ယစ်မူးသွားပြီး မရုန်းထွက်နိုင်ခဲ့ကြဘူး။"

ဝမ်လင်းက ခေါင်းခါပြီး မဲ့ပြုံးပြုံးကာ ပြောလိုက်ပါသည်။

ပလွေသံ၏ ပိုင်ရှင်ကိုသာ သူတို့သိရင် ဒီနေရာမှာ နေ့တိုင်း နေနေပါဦးမလား။

"ပလွေမှုတ်တဲ့လူက မကြာမကြာ မှုတ်ပေးနိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။ အဲ့တာဆို ကျေနပ်ပါပြီ။"

ရှုလန်က ပြောလိုက်ပါသည်။

လီမန်ရောင်လည်း အနည်းငယ် စိတ်လွတ်နေခဲ့သည်။ သူမ၏ နှလုံးသား ကြောင်လက်သည်းဖြင့် အကုတ်ခံလိုက်ရသလိုပင်။ သူမ ပလွေမှုတ်သူကို အမြဲတမ်း လူကိုယ်တိုင် တွေ့ချင်မိခဲ့၏။ ဘယ်သူများလဲ။

အခန်း(၂၈၂) - အသနားခံစာ

ဝမ်ရွှေရှန့်၏ ဗီလာထဲတွင်။

ယဲ့ရှောင်ခန်းက ဝမ်ရှင်းယီ၏ ခြံဝန်းထဲ၌ ပလွေကို မှုတ်နေပါသည်။

ပလွေမှုတ်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း ပလွေကို ချလိုက်၏။

"အရမ်း နားထောင်ကောင်းတာပဲ။ ရှင့်ပလွေသံကို နားထောင်လို့ကို မဝဘူး။"

ဝမ်ရှင်းယီက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။

"မင်း သဘောကျရင် ကိုယ် နေ့တိုင်း တီးမှုတ်ပေးမှာပေါ့။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"လမ်းလျှောက်ကြရအောင်"

ဝမ်ရှင်းယီက ရယ်မောလိုက်၏။

ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်ပါသည်။ သူတို့နှစ်ယောက် ဗီလာထဲမှ လက်တွဲကာ ထွက်လာပြီး ဗီလာပတ်ဝန်းကျင်တွင် လမ်းလျှောက်နေကြသည်။

ဗီလာ၏ ပတ်ဝန်းကျင်အခြေအနေက အရမ်း ကောင်းမွန်ပါသည်။ တောင်ကုန်းများက သာယာပြီး ရေများက ကြည်လင်နေ၏။ ငှက်ကလေးများက တေးဆိုနေပြီး ပန်းများကလည်း မွှေးရနံ့သင်းပျံ့နေ၏။

"ရှောင်ချန်း ကျွန်မ စဥ်းစားပြီးသွားပြီ။ ကျွန်မ အဆိုတော်လုပ်ချင်တယ်။ လီမန်ရောင်လို အဆိုတော်မျိုးလေ။"

ဝမ်ရှင်းယီက ရုတ်တရက် ပြောလိုက်ပါသည်။

"ကောင်းပြီ။ကိုယ် မင်းကို ထောက်ပံ့ပေးပါ့မယ်။"

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်သည်။

ဝမ်ရှင်းယီ၏ အိပ်မက်ကို သူသိပါသည်။ ဟိုးအရင်တုန်းက ဂီတမဆိုဦးနှင့်။ အသံလေးတွေကို ကြားဖို့ကတောင် သူမအတွက် မဖြစ်နိုင်သော မျှော််လင့်ချက်တစ်ခုဖြစ်ခဲ့ပါသည်။

သူမ၏ အကြားအာရုံ ပြန်ကောင်းလာကတည်းက သူမ ဂီတကို စွဲလမ်းခဲ့သည်။

နေ့တိုင်း ဂီတအကြောင်း လေ့လာဖို့ အချိန်တွေ အများကြီး ပေးခဲ့သည်။

ဒီ့အတွက် ဝမ်ရွှေရှန့်ကလည်း သူမအတွက် ပရော်ဖက်ရှင်နယ် တေးဂီတ ဆရာမတစ်ယောက်ကို ငှားရမ်းပေးခဲ့ပါသည်။

သို့သော်လည်း ထိုဂီတဆရာမက ဝမ်ရှင်းယီ၏ အကြားအာရုံက အပြည့်အဝ ပြန်မကောင်းသေးဘူးဟု ယဲ့ရှောင်ချန်းကို ပြောခဲ့ပါသည်။ သူမတွင် နားအကြား အကူကိရိယာ ရှိပြီး သာမန်လူတစ်ယောက်လို ကြားနိုင်သော်လည်း သူမ ကြားရသည့် အသံက မသန့်စင်ဘဲ ဖြစ်လာနိုင်သည်။

ထို့ကြောင့် ဝမ်ရှင်းယီ၏ ဂီတအပေါ်နားလည်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသည်။

ထို့အပြင် ဝမ်ရှင်းယီ၏ အသံက သာမန်ဖြစ်သော်လည်း အချိန်အကြာကြီး စကားမပြောခဲ့ရပါ။ ဂီတပညာရှင်တစ်ယောက်၏ နူးညံ့မှုမျိုး လိုအပ်နေ၏။ သူမ ပြောင်းလဲဖို့က အချိန်အကြာကြီး ယူရပါလိမ့်မည်။

တနည်းအားဖြင့် ဝမ်ရှင်းယီ တကယ်သာ အဆိုတော် ဖြစ်ချင်ပါက သူမ အောင်မြင်ဖို့ အလွန်ခက်ခဲပါလိမ့်မည်။

သို့သော်လည်း ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ ဆုံးဖြတ်ချက်အားလုံးကို ထောက်ခံပါသည်။

ဒီကောင်မလေးက အများကြီး ဆုံးရှုံးခဲ့ရမှန်း သူသိသည်။ ယခု သူမတွင် အကုန်လုံးကို အစက ပြန်စတင်ဖို့ အခွင့်အရေး ရလာပြီ ဖြစ်၏။ အခက်အခဲများဖြင့် ပြည့်နှက်နေသော်လည်း ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် လျှောက်လမ်းနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် သူ ကြိုးစားကြည့်ရမည်။

ထို့အပြင် ယဲ့ရှောင်ချန်းမှာလည်း အကြံရှိပြီးသား ဖြစ်သည်။ သူမ၏ အိပ်မက်ကို ထောက်ပံ့ပေးပြီး သူမအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီးပေးရပါမည်။

သူတို့နှစ်ယောက် စကားပြောလာရင်း ဆန့်ကျင်ဘက်မှ လူတချို့ ရုတ်တရက်လမ်းလျှောက်လာကြသည်။

"လီမန်ရောင်လား။"

ရုတ်တရက် ဝမ်ရှင်းယီက နေကာမျက်မှန် ဝတ်ထားသည့် အမျိုးသမီးကို လက်ညှိုးထိုးပြကာ အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

သူမ နေကာမျက်မှန်နှင့် ဦးထုတ်ကို ဝတ်ထားသော်လည်း သူမကို မှတ်မိလိမ့်မည်ဟု လီမန်ရောင် မထင်ထားခဲ့ပါ။ သူမ ရင်ထဲတွင် မဲ့ပြုံးပြုံးလိုက်မိ၏။

သူတို့က ပလွေတီးမှုတ်သူကို ထွက်ရှာနေကြခြင်း ဖြစ်သည်။

သို့သော်လည်း ဒီနယ်မြေက ကျယ်လွန်း၏။ ဗီလာအရေအတွက်က သိပ်ပြီးမများသော်လည်း ဦးတည်ချက်ကို ပြောဖို့က ခက်ခဲပါသည်။

သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က ပလွေကိုင်ထားသူတစ်ယောက်နှင့် တွေ့ရဖို့ပဲ ဖြစ်သည်။

"လီမန်ရောင် ကျွန်မ ရှင့်သီချင်းတွေကို အရမ်း သဘောကျတာ။ ကျွန်မကို လက်မှတ်လေး ထိုးပေးလို့ ရမလား။"

ဝမ်ရှင်းယီက သူမထံသို့ ပြေးသွားပါပြီ။

ယဲ့ရှောင်ချန်းက ပြုံးလိုက်၏။ နာမည်ကျော်တွေကတော့ တကယ့်ကို သြဇာညောင်းတာပဲ။ ဝမ်ရှင်းယီတောင် သူတို့ကို အရမ်းသဘောကျတယ်။

"ရပါတယ်။"

လီမန်ရောင်က အလွန်သဘောကောင်းသည့်ပုံပင်။ သူမရပ်လိုက်ပြီး သူမ၏ အေးဂျင့်ထံမှ ဘောပင်တစ်ချောင်းကို ယူလိုက်၏။ ထို့နောက် သူမ၏ အမည်ကို ဝမ်ရှင်းယီ၏ အဖြူရောင် ရှပ်အင်္ကျီပေါ်တွင် ရေးလိုက်ပါသည်။

"ရှောင်ချန်း မြန်မြန်လာလေ။ ရှင်လည်း လီမန်ရောင်ရဲ့ လက်မှတ်ကို ယူရမယ်။"

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်းကို အမြန်လက်ရမ်းပြလိုက်၏။

ယဲ့ရှောင်ချန်းလည်း ရွေးစရာမရှိတော့ဘဲ သွားလိုက်ရတော့သည်။

လီမန်ရောင်က ယဲ့ရှောင်ချန်း လက်မှတ်အတွက် သိပ်ပြီး စိတ်ဝင်စားမှု မရှိတာကို သတိထားမိပါသည်။ သူမ ချက်ချင်း နားလည်လိုက်၏။ သို့သော် သူမ ဂရုမစိုက်ပါ။ ဒီလိုအခြေအနေမျိုးက အဖြစ်များသည်။ သို့သော် အားလုံးက သူမ၏ ပရိတ်သတ်များ ဖြစ်လာတတ်ပါသည်။

သူမ၏ အမည်ကို ယဲ့ရှောင်ချန်း၏ အဝတ်အစားပေါ်တွင် အတည်တကျ လက်မှတ်ထိုးပေးခဲ့ပါသေးသည်။

"ကျေးဇူးတင်ပါတယ်ရှင်။"

ဝမ်ရှင်းယီက သူကို အမြန်ကျေးဇူးတင်လိုက်သည်။

"ရပါတယ်။ ကျွန်မလုပ်သင့်တဲ့ အရာပဲကို။"

လီမန်ရောင်က ခေါင်းငြိမ့်ကာ ပြုံးပြလိုက်ပါသည်။

သူမ ဝမ်လင်းနှင့် တခြားသူများနဲ့အတူ သွားဖို့ ပြင်လိုက်စဥ် ရုတ်တရက် တစ်ခုခုကို စဥ်းစားမိသွားပုံရပြီး အမြန်မေးလိုက်ပါသည်။ "တဆိတ်လောက်ရှင့်... အရင်တုန်းက ရှင်တို့ ပလွေသံကို ကြားဖူးကြလား။"

တကယ်တော့ သူမ မေးကြည့်ခြင်းသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဝမ်လင်းနှင့် ရှုလန်တို့လည်း အရင်တုန်းက လိုက်မေးပြီးပြီဖြစ်သည်။ သို့သော် မည်သည့် ရလဒ်မှ မရခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ပလွေသံကို ရပ်တန့်လိုက်သူကလည်း သူတို့လိုပင်။ သူတို့ နစ်မျောနေလွန်းသဖြင့် ပလွေသံဘယ်က လာမှန်း မေ့သွားတတ်ကြသည်။

"ပလွေသံ ဟုတ်လား။"

ဝမ်ရှင်းယီက အနည်းငယ် ကြက်သေ သေသွားပြီး ချက်ချင်း ပြောလိုက်ပါသည်။ "တခြားသူ မရှိဘူးဆိုရင် ရှောင်ချန်း မှုတ်တာပဲ ဖြစ်လိမ့်မယ်။"

"ရှောင်ချန်း ဟုတ်လား။"

လီမန်ရောင်က အလွန်အံ့အားသင့်သွားသည်။ တကယ်ပဲ ကြက်ကန်းဆန်အိုးတိုးခြင်း ဖြစ်ပါသည်။

ဒီတိုင်း ကျပန်းလူတစ်ယောက်ကို မေးကြည့်ခဲ့သော်လည်း တကယ်ပဲ လူမှန်နှင့် သွားဆုံ၏။

ဝမ်လင်းနှင့် ရှုလန်တို့ အလွန်အံ့သြသွားကြပြီး အမြန်မေးလိုက်ကြသည်။ "ရှောင်ချန်းဆိုတာ ဘယ်သူလဲ။"

"ကျွန်မ ကောင်လေးပါ။"

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း၏ လက်မောင်းကို ဖက်ရင်း ဂုဏ်ယူစွာ ပြောလိုက်ပါသည်။

စူးရှတောက်လောင်နေသော အကြည့်တချို့က ယဲ့ရှောင်ချန်းထံ ကျရောက်လာ၏။

သူတို့၏ အကြည့်ကြောင့် ယဲ့ရှောင်ချန်း အမွေးများ ထောင်ကာ ကြက်သီးထသွားသည်။ သူတို့ အကြည့်တွေက ကြောက်ဖို့ကောင်းလွန်းသည်။

သို့သော်လည်း ဒီလူတွေက သူ့ပလွေသံကြားခဲ့တာကြောင့် သူ့ကို လိုက်ရှာနေမှန်း ချက်ချင်း နားလည်ခဲ့ပါသည်။

သေချာပါသည်။ စကားဆက်ပြောကြည့်သောအခါ လီမန်ရောင်အပြင် တခြား နှစ်ယောက်ကလည်း ဂီတလောကတွင် နာမည်ကျော်နှစ်ယောက် ဖြစ်နေသည်ကို ယဲ့ရှောင်ချန်း သိလိုက်ရပါသည်။

သူကြောင်သွားရသည့်အရာက ဝမ်လင်းနှင့် ရှုလန်တို့နှစ်ယောက် သူ့ပလွေသံကို နားထောင်ဖို့အတွက်နဲ့ ဒီဗီလာနယ်မြေမှာ ဗီလာတစ်လုံး ဝယ်ခဲ့တာကိုပင်။ နေ့တိုင်းလိုလို သူ့ပလွေသံကို ကြားရဖို့ စောင့်စားနေခဲ့ကြ၏။

သူ့တွင် အမာခံ ပရိတ်သတ်တချို့ ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ပါ။ ထို့အပြင် သူတို့အကုန်လုံးက စိတ်ဓာတ်ပြင်းထန်လွန်းလှသည်။

အမှန်ပင်။ သူ့ထက် ပိုပြီး ထိတ်လန့်သွားသူများက လီမန်ရောင်၊ ဝမ်လင်း၊ ရှုလန်နှင့် အစ်မချင်းတို့ ဖြစ်ကြသည်။ သူတို့ရှေ့က သဘောကောင်းကောင်း လူငယ်လေးမှာ နာမည်ကျော် ရုက္ခဗေဒပညာရှင် ယဲ့ရှောင်ချန်း ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဂီတလောကနှင့် စိုက်ပျိုးရေးလောကက ဆက်နွယ်မှု မရှိသော်လည်း ယဲ့ရှောင်ချန်း၏ ဂုဏ်နာမည်က နှိုင်းယှဥ်လို့ မရပါ။

ထို့အပြင် အဆင့်အတန်းအရဆိုရင်လည်း ယဲ့ရှောင်ချန်းက တရုတ်သိပ္ပံကျောင်းတော်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး ယန်မြို့တော် အပင်အသိစိတ် သုတေသနအဖွဲ့အစည်းမှ ဒါရိုက်တာ တစ်ယောက်လည်း ဖြစ်သည်။

ထို့ကြောင့် လီမန်ရောင်နှင့် တခြားသုံးယောက်တို့ ယဲ့ရှောင်ချန်းကို ချက်ချင်း လေးစားသွားကြပါသည်။

"ပရော်ဖက်ဆာယဲ့။ နောက်တစ်ခေါက်လောက် ထပ်ပြီး တီးမှုတ်ပေးလို့ရမလား။ ဒီတောင်းဆိုချက်က နည်းနည်းတော့ ရုတ်တရက်ဖြစ်သွားတာ သိပါတယ်။ ဒါပေမယ့် တကယ်ပါ..."

ရှုလန်က မနေနိုင်ဘဲ ပြောလိုက်ပါသည်။

သူ့လေသံတွင် တောင်းဆိုသည့် လေသံလည်း ပါနေသည်။

ကိုယ့်ဂီတလုပ်ငန်းကို အလွန်တန်ဖိုးထားသည့် ဂီတပညာရှင်တစ်ယောက်အနေနှင့် သူမမေ့နိုင်သည့် ဂီတစ်ပုဒ်ကို ကြားရခြင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာ ဖြစ်သည်။

ဝမ်လင်းနှင့် လီမန်ရောင်တို့လည်း မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်လိုက်ကြသည်။

ယဲ့ရှောင်ချန်း ဘာပြောရမှန်း မသိတော့ပါ။

"ရှောင်ချန်း နောက်တစ်ခေါက်လောက်ပဲ ထပ်တီးမှုတ်ပေးလိုက်ပါ။"

ဝမ်ရှင်းယီက ယဲ့ရှောင်ချန်း၏ လက်ကို ဆွဲကာ ပြောလိုက်ပါသည်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို ကြည့်ကာ ရုတ်တရက် အကြံပေါ်သွား၏။ ထို့နောက် ချက်ချင်း ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

"ကောင်းပါပြီ။"

ရှုလန့်နှင့် တခြားသုံးယောက်တို့ အံ့အားသင့် ပျော်ရွှင်သွားကြသည်။

နောက်ဆုံးတွင်တော့ သူတို့အားလုံး ဝမ်ရှင်းယီ၏ အိမ်သို့ သွားခဲ့ကြသည်။ ဝါးပလွေက ထိုနေရာတွင် ထားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

ကျူးချင်းချင်းက သူမ သဘောအကျဆုံး လီမန်ရောင်ကို မြင်လိုက်ရသဖြင့် အပျော်လွန်သွားပြီး အလျင်အမြန် ကြိုဆိုလိုက်ပါသည်။

လီမန်ရောင်နှင့် တခြားသူများက ယဲ့ရှောင်ချန်း၏ ပလွေသံကို နားထောင်ဖို့ လာခဲ့ကြောင်း သိလိုက်ရသောအခါ သူမ ချက်ချင်း ပြုံးကာ ပြောလိုက်ပါသည်။ "ရှောင်ချန်းရဲ့ ပလွေသံက တကယ်ကောင်းတာ။ ကျွန်မဆို နားထောင်လို့ကို ဘယ်တော့မှ မဝဘူး။"

မကြာမီ သူတို့အုပ်စု ခြံဝန်းထဲသို့ ရောက်လာခဲ့၏။

ယဲ့ရှောင်ချန်းက ဝါးပလွေကို ကောက်ယူကာ စိတ်ခံစားချက်များကို စုစည်းလိုက်သည်။ ထို့နောက် အားလုံး၏ အကြည့်အောက်တွင် နူးညံ့စွာဖြင့် စတင်တီးမှုတ်လိုက်၏။

သိမ်မွေ့ပြီး နူးညံ့သည့် ပလွေသံမှာ ပျံ့နှံ့လာခဲ့ပါသည်။

ရုတ်ခြည်းဆိုသလိုပဲ အားလုံး နစ်မျောသွားခဲ့ကြ၏။

အခန်း(၂၈၃) - ပင်ကိုယ်စွမ်းရည်ပြ ရှိုးပွဲ

ပလွေသံ ရပ်တန့်သွားသောအခါ အားလုံး အသိပြန်လည်လာဖို့ အချိန်အတော်ယူခဲ့ရ၏။

ဟူးး…

အားလုံး စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။

"ဒီလိုတေးသံမျိုးက ကောင်းကင်ဘုံမှာပဲ ရှိရမှာ။ လူသားကမ္ဘာမှာ ကြားရဖို့ အရမ်းရှားပါးလွန်းတယ်။ ရှေးလူကြီးတွေက ငါ့ကို မလိမ်ခဲ့ဘူးပဲ။"

ရှုလန်က စိတ်ခံစားချက် ပြင်းစွာဖြင့် သက်ပြင်းချလိုက်ပါသည်။

"မစ္စတာယဲ့။ တေးသွားနာမည်က ဘာလဲဟင်။"

လီမန်ရောင်က အမြန်မေးလိုက်ပါသည်။

နောက်ဆုံးတော့ တေးသံကို အတော်ကြာ နားဆင်ပြီးနောက် သူမ ကျေနပ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော် သူမနှလုံးသားကို ခြစ်ကုတ်ပြီး ရုန်းမထွက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။

"အပင်နဲ့ သစ်တော တေးသွားပါ။"

ယဲ့ရှောင်ချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်ပါသည်။

"အပင်နဲ့ သစ်တော တေးသွား။ ကောင်းလိုက်တဲ့ တေးသွားလေးပဲ။"

ဝမ်လင်းက ရေရွတ်လိုက်ပါသည်။

ထို့အပြင် ဒီတေးသွားကို ဘယ်လိုစကားလုံးမျိုး အသုံးပြုပြီး ဖော်ပြရမှန်း မသိတော့ပါ။

သူမ ပြောစရာစကား မဲ့နေခဲ့ပါသည်။

ဂီတအကြောင်း ခေတ္တ ပြောခဲ့ကြပြီးနောက် နောက်ဆုံးတော့ ဝမ်ရှင်းယီ၏ အခြေအနေကို ယဲ့ရှောင်ချန်း ပြောပြခဲ့ပါသည်။ သူမက ဂီတကို သဘောကျပြီး ဂီတ နယ်ပယ်ထဲသို့ ဝင်လိုကြောင်း ပြောခဲ့သည်။

ရှုလန်နှင့် တခြားနှစ်ယောက်တို့ကလည်း ဉာဏ်ထက်သူများဖြစ်၏။ ယဲ့ရှောင်ချန်း၏ ဆိုလိုရင်းကို ချက်ချင်းဆိုသလို နားလည်လိုက်ကြပါသည်။

လီမန်ရောင်က တွန့်ဆုတ်သွား၏။ ဘာပဲဖြစ်ဖြစ် ဝမ်ရှင်းယီတွင် မွေးရာပါ နားမကြားရောဂါ ရှိသည်။ ပျောက်ကင်းသွားပြီ ဆိုသော်လည်း သက်ရောက်မှု ကြီးကြီးမားမားတော့ ရှိနေပါသေးသည်။

ရလဒ်ကောင်းများ ရဖို့ ခက်ခဲနိုင်သည်။

ရုတ်တရက် သူမ၏ အေးဂျင့်ဖြစ်သော အစ်မချင်းက သူမကို မျက်စိမှိတ်ပြနေသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်က စိတ်ချင်း ဆက်နွယ်နေသည့် အဆင့်လောက်အထိ အတူတူ အလုပ်လုပ်ခဲ့ကြပါသည်။ အမှန်ပင်။ အစ်မချင်း ဘာကို ပြောချင်သလဲ သူမ သိပါသည်။

"မိန်းကလေး ဝမ် ဂီတလမ်းမဆိုတာ အရမ်းခက်ခဲတယ်။ ရှင် ခံနိုင်ရည်ရှိပါ့မလား။"

လီမန်ရောင်က ဝမ်ရှင်းယီကို ကြည့်လိုက်သောအခါ သူမကိုယ် သူမ ပြန်မြင်နေရသလိုပင်။

ယခင်တုန်းက သူမလည်း စကားထစ်ခဲ့ဖူးသည်။ သို့သော် သူမဘဝတွင် ဆရာကောင်းတစ်ယောက်နှင့် ဆုံကာ ထိုအခက်အခဲကို ကျော်လွန်နိုင်ဖို့ အကူအညီ ပေးခဲ့၏။

ဒီနေ့ဒီအချိန် ရလဒ်မျိုး ရလာဖို့ သူမ ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရသလဲ မသိတော့ပါ။

"ဟုတ်ကဲ့၊ ကျွန်မ သေချာပေါက် လုပ်နိုင်ပါတယ်။"

ဝမ်ရှင်းယီက အမြန် ခေါင်းငြိမ့်လိုက်ပါသည်။

ဒါသူမအတွက် အခွင့်အရေးမှန်း သူမသိလိုက်ပါသည်။ သူမတစ်ယောက်တည်း လျှောက်လှမ်းတာထက် ဂီတနယ်ပယ်က စီနီယာ တစ်ယောက်နှင့် လက်တွဲခြင်းက အများကြီး ပိုလွယ်ကူပါသည်။ သူမ အများကြီး သက်သာနိုင်၏။

ဒီလိုနှင့် ဝမ်ရှင်းယီတစ်ယောက် လီမန်ရောင်၏ တရားဝင် တပည့် ဖြစ်လာခဲ့ပါသည်။

ဒီလို ဝါရင့်အဆိုတော်တစ်ယောက်ကို ဆရာမ တစ်ယောက်အဖြစ် ရရှိလိုက်ခြင်းက ဝမ်ရှင်းယီအတွက် အလွန်ရှားပါးသော အခွင့်အရေး ဖြစ်ပါသည်။

ဗီလာ နယ်မြေထဲမှ ထွက်လာသောအခါ။

ကားထဲတွင်။

"အစ်မချင်း ဘာလို့ ဝမ်ရှင်းယီကို လက်ခံခိုင်းခဲ့တာလဲ။"

လီမန်ရောင်က သူမ နားမလည်နိုင်သော မေးခွန်းတစ်ခုကို မေးလိုက်ပါသည်။

ပြဿနာကို သဘောမကျတတ်သည့် အစ်မချင်းက ဘာကြောင့် ဝမ်ရှင်းယီကို လက်ခံဖို့ သူမကို ပြောခဲ့တာလဲ။

"အကြောင်းပြချက် သုံးခုရှိတယ်။ ပထမတစ်ခုက ဝမ်ရှင်းယီမှာ အကြားအာရုံ ပြဿနာ ရှိတယ် ဆိုပေမယ့် သူ့ရဲ့ အသံက အရမ်းကောင်းတယ်။ ဒါက အရမ်းအဆင်ပြေတဲ့ အခြေအနေပဲ။ အခက်အခဲကို တောင့်ခံပြီး ကြိုးစားပမ်းစား အလုပ်လုပ်နိုင်ရင် သူ့ရဲ့ အနာဂတ်အောင်မြင်မှုတွေက သေချာပေါက် ဆိုးမှာ မဟုတ်ဘူး။ ဒုတိယ အကြောင်းပြချက်က ယဲ့ရှောင်ချန်းကြောင့်ပဲ။ သူ့ရဲ့ ရင်းနှီးမှုနဲ့ ခင်မင်မှုကို ရနိုင်ရင် ငါတို့ရဲ့ အနာဂတ် တိုးတက်မှုအတွက် အရမ်း အထောက်အကူ ဖြစ်လိမ့်မယ်။ တတိယ အကြောင်းပြချက်ကတော့ ခုနက သူ့ရဲ့ အပင်တေးသွားဆိုတာက မယ်လိုဒီတစ်ခုပဲ ရှိသေးတယ်။ အဲ့ဒီတေးသွားရဲ့ မူပိုင်ခွင့်ကို ရပြီး သီချင်းအဖြစ် ပြန်ပြောင်းနိုင်ရင် နင့်ရဲ့ ဂီတ အလုပ်အကိုင်အတွက် အရမ်းကြီးမားတဲ့ အလှည့်အပြောင်း ဖြစ်သွားနိုင်တယ်။"

အစ်မချင်းက ပြောလိုက်ပါသည်။

အစ်မချင်း ဒီလောက်ကိစ္စအများကြီးကို တစ်ခါတည်း စဥ်းစားနိုင်လိမ့်မည်ဟု လီမန်ရောင် မထင်ထားခဲ့ပါ။

"အဲ့ဒီတေးသွားက အရမ်းထူးဆန်းတယ်နော်။ သင်္ကေတတွေကို ကြည့်တော့လည်း သာမန်လိုပဲ။ ဒါပေယ့် မှုတ်လိုက်တော့ ဘာလို့ အရမ်း ထူးဆန်းတဲ့ အာနိသင်မျိုး ပေါ်လာတာလဲ။"

လီမန်ရောင်က ရုတ်တရက် ပြောလိုက်ပါသည်။

သူမ၏ ဂီတအဆင့်နှင့်ဆို တေးသွားများကို နားထောင်ပြီးနောက် မှတ်မိနိုင်သည်။

"ငါလည်း အဲ့တာကိုပဲ မေးချင်တာ။ ဧကန္တ ယဲ့ရှောင်ချန်းက အထူးနည်းလမ်းတစ်မျိုးမျိုးကို ကျွမ်းကျင်ထားတာများလား။"

အစ်မချင်းက ပြောလိုက်ပါသည်။

လီမန်ရောင် နက်နက်ရှိုင်းရှိုင်း စဥ်းစားလိုက်မိပါသည်။

...

ခြံဝန်းထဲတွင်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ၏ ပျော်ရွှင်နေသော မျက်နှာလေးကို ကြည့်ကာ ပြုံးလိုက်သည်။

ဝမ်ရွှေရှန့် ပြန်လာပြီး သူ့ညီမက ဂီတလမ်းမတွင် လီမန်ရောင်၏ ဦးဆောင်မှုနောက်သို့ လိုက်တော့မည်ဆိုသည့်အကြောင်း ကြားလိုက်ရသောအခါ ခေတ္တ တိတ်ဆိတ်သွားပြီး သဘောတူညီစွာ ခေါင်းငြိမ့်လိုက်ပါသည်။

တကယ်တော့ သူ့ညီမကို အဆိုတော်တစ်ယောက်၏ လမ်းကို မလျှောက်လှမ်းစေချင်ပါ။ အလွန်ခက်ခဲလွန်းပြီး သူမ အများကြီး နာကျင်ထိခိုက်သွားမှာကို စိုးရိမ်နေသည်။

ပိုအရေးကြီးတာက ဖျော်ဖြေရေးနယ်ပယ်ကို သူသိပ်ပြီး သဘောမကျပါ။

သို့သော်လည်း သူ့ညီမ၏ အကျင့်စရိုက်ကို သူသိသည်။ သူမက အားနည်းသည့်ပုံပေါ်သော်လည်း စိတ်မာ၏။ သူ့စိတ်ကို ပြောင်းလဲဖို့ ခက်ခဲသည်။

ထို့အပြင် သူ့ညီမ လုပ်စရာတစ်ခုခု ရှာဖို့လည်း လိုနေပါသည်။

၃ ရက်ကြာသောအခါ။

လီမန်ရောင်က ယန်မြို့တော်မှ ပြန်ဖို့ ပြင်နေသည်။

ဝမ်ရှင်းယီကလည်း အထုပ်အပိုးများ ပြင်ကာ သူမ နောက် လိုက်သွားခဲ့၏။

ထိုနေ့က ယဲ့ရှောင်ချန်း သူမကို လိုက်ပို့ခဲ့ပါသည်။

လာမည့်နေ့ရက်များတွင် သူတို့နှစ်ယောက် တွေ့ဆုံဖို့ ခက်ခဲသွားပါတော့မည်။ သို့သော်လည်း ယခုဗီဒီယိုကောများခေါ်ပြီး စကားပြောနိုင်ပြီ ဖြစ်သဖြင့် ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါ။

အမှန်ပင်။ သူမ မသွားခင် ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီကို လည်ဆွဲတစ်ခု လက်ဆောင် ပေးခဲ့သည်။

ထိုလည်ဆွဲကို စနစ် စတိုးဆိုင်မှ ဝယ်ခဲ့ခြင်းဖြစ်၏။ အလိုအလျောက် ပွင့်နိုင်သည့် ကာကွယ်ရေး လုပ်ဆောင်ချက်များ အပါအဝင် မှော်လုပ်ဆောင်ချက်များလည်း ရှိသည်။

ထို့အပြင် ယဲ့ရှောင်ချန်းက ထိုလည်ဆွဲပေါ်တွင် ကောင်းကင်ဘုံလှိုဏ်ဂူ အမှတ်အသားတစ်ခု မှတ်သားပေးလိုက်၏။ ထိုကောင်းကင်ဘုံလှိုဏ်ဂူအမှတ်အသားကို အသုံးပြုပြီး အချိန်မရွေး တဖက်နေရာသို့ ပြောင်းရွှေ့နိုင်၏။ အလွန် အဆင်ပြေပါသည်။

ဝမ်ရှင်းယီ ထွက်သွားပါပြီ။

ယဲ့ရှောင်ချန်းက သုတေသန၊ အင်မော်တယ်အပင်များ စိုက်ပျိုးခြင်းနှင့် ရှန်းနုန်ကျင့်စဥ်များ ကျင့်ကြံဖို့အတွက် အာရုံစိုက်ခဲ့ပါသည်။

နောက်ထပ် နှစ်လအတွင်း ယဲ့ရှောင်ချန်းက စူပါဖုန်စုပ်ပင်၊ စူပါရေမှော်ပင်၊ စူပါပဲပင် တို့ကို ပျိုးထောင်ခဲ့သည်။

၎င်းတို့အနက် စူပါရေမှော်ပင်အား ရေသန့်စင်ဖို့အတွက် အထူးအသုံးပြုသည်။ အလွန် မျိုးပွားမြန်ပြီး သန့်စင်နိုင်စွမ်းလည်း မြင့်မား၏။ သဘာဝပတ်ဝန်းကျင်နှင့် အလွန် လိုက်လျောညီထွေ ဖြစ်နိုင်ပါသည်။

စူပါပဲပင်များကတော့ ဗီဇပြောင်းလဲထားသည့် ပဲပင်များကို အစားထိုးဖို့ အသုံးပြုခြင်း ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ပရောဂျက်များ တစ်ခုပြီး တစ်ခုကို အချိန်တိုအတွင်း အောင်မြင်ခဲ့မှုကြောင့် အထက်လူကြီးများ၏ အာရုံစိုက်မှုကို ပိုခံလာခဲ့ရသည်။

သိပ်မကြာသေးခင်က ယဲ့ရှောင်ချန်း၏ ပရော်ဖက်ဆာ လျှောက်ထားချက်ကို သဘောတူခဲ့သည်။

ထို့အပြင် စူပါမိုးခေါင်ပင်၊ စူပါဖုန်စုပ်ပင်နှင့် စူပါရေမှော်ပင်တို့၏ မှော််ဆန်သည့် အာနိသင်များကို နိုင်ငံခြား နိုင်ငံများပါ တဖြည်းဖြည်း သိလာခဲ့ပြီ ဖြစ်သည်။

ရလဒ်အနေဖြင့် ယဲ့ရှောင်ချန်း နိုင်ငံခြားမှာပါ နာမည်ကျော်လာခဲ့၏။

တချို့နိုင်ငံများက ထိုစူပါအပင်များကို မိတ်ဆက်ပေးဖို့ပင် မျှော်လင့်နေကြသည်။

အထူးသဖြင့် ကန္တာရဒဏ် အလွန်ခံစားနေရသော အာဖရိကမှ နိုင်ငံပေါင်းများစွာတွင် ဖြစ်သည်။ ယခု ကန္တာရပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်သည့် စူပါမိုးခေါင်ပင်အား ဖန်တီးနိုင်ခဲ့ပြီဖြစ်သဖြင့် သူတို့ ချက်ချင်း စိတ်အားထက်သန်ခဲ့ကြပါသည်။

သူတို့သာ စူပါမိုးခေါင်ပင်ကို အသုံးပြုပြီး အာဖရိကမှ ကန္တာရများစွာကို သာမန်မြေများအဖြစ် ပြောင်းလဲနိုင်ပါက အကျိုးကျေးဇူးက အလွန်ကောင်းမွန်ပါလိမ့်မည်။

အစိုးရက ထိုစူပါအပင်များကို သံတမန်ရေးရာ ဗျူဟာများနှင့် ရလဒ်ကောင်းများစွာ ရရှိဖို့ အသုံးပြုခဲ့သည်။

စူပါအပင်များ၏ သုတေသနပညာရှင် တစ်ယောက်အဖြစ် ယဲ့ရှောင်ချန်းက ချီးကျူးအခံထိုက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

တရုတ်သိပ္ပံကျောင်းတော်မှ တစ်စုံတစ်ယောက်က နောက်နှစ်ဆို ယဲ့ရှောင်ချန်းအား ပညာရှင်တစ်ယောက်အဖြစ် မဲပေးနိုင်လိမ့်မည်ဟုပင် ပြောပြခဲ့သည်။

အစကတော့ တွဲဖက်ပရော်ဖက်ဆာအဆင့်မှ ပရော်ဖက်ဆာ၊ ပရော်ဖက်ဆာအဆင့်မှ ပညာရှင် အဆင့်အထိ နှစ်ဆယ်ပေါင်းများစွာ မကြာဘဲ ရောက်နိုင်ဖို့ ခက်ခဲနိုင်ပါသည်။

ကံကောင်းစွာဖြင့် ယဲ့ရှောင်ချန်း၏ အောင်မြင်မှုများက ကြီးမားလွန်းနေသည်။ အောင်မြင်မှုတစ်ခုချင်းစီတိုင်းက သူ့ကို ဂုဏ်ပြုထိုက်သည်။

အများကြီးဆိုတော့ ပြောဖို့ပင်မလိုတော့ပါ။

ဒီအချိန်တောအတွင်း ယဲ့ရှောင်ချန်းလည်း အလုပ်များခဲ့ပါသည်။ ပညာရှင်အစည်းအဝေးများစွာကို အဓိကတက်ရောက်၏။ နိုင်ငံခြားပညာရှင်များနှင့် တွေ့ဆုံခြင်း၊ ပညာဖလှယ်ခြင်းနှင့် အပင်အသိပညာကို မျှဝေခြင်း စသဖြင့် ဖြစ်သည်။

ခြုံပြောရလျှင် ဒီအချိန်တောအတွင်း သူ အလွန် အလုပ်များခဲ့ပါသည်။

ဝမ်ရှင်းယီလည်း အလွန် အလုပ်များနေခဲ့ပါသည်။ သူမသည်လည်း ဂီတ အသိပညာ မျိုးစုံကို သင်ယူရင်း အလုပ်များနေခဲ့၏။

သူတို့နှစ်ယောက် နေ့တိုင်းလိုလို စကားပြောခဲ့ပါသည်။

သူမက စကား အများကြီး ပြော၏။ ဥပမာ လီမန်ရောင်က မကြာခဏ သူမကို အထူး လေ့ကျင့်ရေး တချို့ ပေးကြောင်း၊ အလွန် ခက်ခဲပြီး ပင်ပန်းရကြောင်း ပြောသည်။ တစ်ခါတစ်ရံ သူမ ခံနိုင်ရည် မရှိတော့ကြောင်း ပြောသည်။

ယဲ့ရှောင်ချန်းက သူမကို နှစ်သိမ့်ပြီး အားပေးလေ့ ရှိပါသည်။

ဝမ်ရှင်းယီ၏ တိုးတက်မှုက တကယ်ပဲ ကောင်းမွန်ပြီး သူမ၏ အားထုတ်ကြိုးပမ်းမှုများ နောက်ဆုံးတော့ ထိုက်ထိုက်တန်တန် ဆု ရရှိခဲ့ပါပြီ။

ယဲ့ရှောင်ချန်းလည်း သူမအတွက် အလွန်ဝမ်းသာ၏။

တစ်နေ့ ဝမ်ရှင်းယီက သူ့ကို ရုတ်တရက်ကြီး ဖုန်းဆက်ကာ အဆို ပါရမီ ရှိုးပွဲတစ်ခုတွင် သူမ ပါဝင်ရတော့မည်ဖြစ်ကြောင်း ပြောခဲ့၏။

လီမန်ရောင်က သူမအတွက် စီစဥ်ပေးထားခြင်း ဖြစ်သည်။

ယဲ့ရှောင်ချန်းက သူမ စိတ်လှုပ်ရှားလွန်းနေသည်ဟု ပြောနိုင်ပါသည်။

ဒါက ရှိုးပွဲတစ်ခုတွင် သူမ ပထမဆုံး ပါဝင်ဖူးခြင်း ဖြစ်ပြီး ကမ္ဘာကြီးကို သူမ၏ အဆိုပညာ ပထမဆုံး ထုတ်ပြရခြင်း ဖြစ်ပါသည်။

အခန်း(၂၈၄) - အနမ်းဦး

သီချင်းဆို ပြိုင်ပွဲနေ့တွင် ယဲ့ရှောင်ချန်း လေယာဥ်ဖြင့် သွားခဲ့၏။

ဒါက ကျဲကျန်ပြည်နယ် ရုပ်သံဌာနမှ ကျင်းပသော ကြီးကြီးမားမား သီချင်းဆို ပြိုင်ပွဲကြီး တစ်ခု ဖြစ်သည်။ ပထမဆုံးအကြိမ်လည်း မဟုတ်ပါ။

နိုင်ငံတော်ထဲက ထိပ်တန်း ရုပ်သံဌာန ငါးခုထဲမှ တစ်ခုဖြစ်သဖြင့် ကျဲကျန်ပြည်နယ် ရုပ်သံ ဌာနမှာ အလွန်အမင်း အင်အားကြီးမားပါသည်။

ထို့ကြောင့် ဒီရှိုးပွဲကလည်း အလွန်ရေပန်းစား၏။

ကြည့်ရှုသူကျယ်ပြန့် များပြားပြီး အဆိုတော် များစွာကလည်း ဒီနေရာက ရေပန်းစားလာခဲ့ကြသည်။

"ရှင်းယီ စိတ်မလှုပ်ရှားနဲ့နော်။ ကိုယ် မင်းအစွမ်းအစကို ယုံကြည်တယ်။"

လူရွေးပွဲတွင် ပါဝင်ဖို့ အချိန်ကျလာာသောအခါ ဝမ်ရှင်းယီ အလွန်စိတ်လှုပ်ရှားနေသည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရပါသည်။ ချက်ချင်း သူမ၏ လက်ကို ကိုင်ကာ နူးညံ့စွာ ပြောလိုက်ပါသည်။

ဝမ်ရှင်းယီက ခေါင်းငြိမ့်ပြလိုက်၏။ အသက်ဝဝရှူလိုက်ပြီး အထဲဝင်သွားတော့သည်။

ယဲ့ရှောင်ချန်းက အထဲမဝင်ရသော်လည်း သူ့အင်မော်တယ်အာရုံဖြင့် အထဲက အခြေအနေကို အာရုံခံနို်င၏။

လီမန်ရောင်ကို တွေ့သဖြင့် ယဲ့ရှောင်ချန်း ပြုံးလိုက်မိပါသည်။

လီမန်ရောင်က ဒီရှိုးပွဲ၏ အကဲဖြတ်ဒိုင် ၄ ယောက်ထဲက တစ်ယောက် ဖြစ်သည်။

တခြား အကဲဖြတ်ဒိုင် သုံးဦးကလည်း နိုင်ငံတော်ထဲတွင် အလွန် နာမည်ကြီးသော အဆိုတော်များ ဖြစ်ကြ၏။

ယဲ့ရှောင်ချန်း ချက်ချင်း စိတ်အေးသွားသည်။ လီမန်ရောင်က ဝမ်ရှင်းယီကို ဒီရှိုးပွဲတွင် ပါဝင်ဖို့ ခွင့်ပြုတယ်ဆိုတော့ သူမ၏ အစွမ်းအစကို နားလည်ပြီး ယုံကြည်ထားသည့် သဘော ဖြစ်သည်။

သိပ်မကြာလိုက်ပေ၊ ဝမ်ရှင်းယီ၏ အသံကို တိုးတိုးလေး ယဲ့ရှောင်ချန်း ကြားလာရသည်။

ယဲ့ရှောင်ချန်း မျက်လုံးများ ဝိုင်းစက်သွားရ၏။ သူမ တကယ်ပဲ အများကြီး တိုးတက်လာခဲ့ပါသည်။

အရင်တုန်းက ဗီဒီယိုကောမှ သူ့မ၏ သီချင်းသံကို ကြားရသောအခါ မခံစားမိခဲ့ပေ။ သို့သော် အခု သူမ သီချင်းဆိုသံကို လူကိုယ်တိုင် ကြားလိုက်ရသဖြင့် ပြောင်းလဲမှုကို ချက်ချင်း ခံစားမိသွားပါသည်။

ယဲ့ရှောင်ချန်းက အလွန် ကျေနပ်သွားသည်။ ဝမ်ရှင်းယီ၏ ကြိုးစားအားထုတ်မှုများက သဲထဲရေသွန် မဖြစ်ခဲ့ပါ။

မကြာမီ ပထမဆုံး အကဲဖြတ်ဒိုင်က ခုံကို လှည့်ကြည့်လာ၏။ လီမန်ရောင်မဟုတ်ဘဲ ကျန်းကျွန်းဟုခေါ်သည့် နောက်ထပ် အကဲဖြတ်ဒိုင်တစ်ဦး ဖြစ်ပါသည်။ သူက အလွန်နာမည်ကြီးပြီး ပြည်တွင်း ဂီတလောကတွင် ခေါင်းဆောင်ဖြစ်သူဟု ပြောလို့ရ၏။

သိပ်မကြာလိုက်ပေ။ ဒုတိယ အကဲဖြတ်ဒိုင် လှည့်ကြည့်လာသည်။

ထို့နောက် တတိယ အကဲဖြတ်ဒိုင် လှည့်ကြည့်လာခဲ့သည်။

လီမန်ရောင်က နောက်ဆုံးမှ လှည့်ကြည့်ပါသည်။ ဝမ်ရှင်းယီ၏ ဒီနေ့ တင်ဆက်မှုက အလွန်ထူးချွန်သောကြောင့် သူမ ပြုံးလိုက်မိသည်။ တချို့ အသေးအဖွဲ အမှားအယွင်းများကလွဲပြီး သူမ၏ အလားအလာကောင်းမှုကို မြင်နိုင်ပါသည်။

အကဲဖြတ်ဒိုင် လေးဦးတစ်လုံး လှည့်ကြည့်လိုက်ပါသည်။ ဒါမျိုးက Blind လူရွေးပွဲများတွင် အလွန်ရှားပါးသည်။

ထို့နောက် ပြိုင်ပွဲဝင်များက ၎င်းတို့၏ နည်းပြကို ရွေးချယ်ဖို့ အချိန် ဖြစ်ပါသည်။

ဝမ်ရှင်းယီက လီမန်ရောင်ကို ရွေးချယ်ပါသည်။

တခြားနည်းပြ သုံးယောက်က အနည်းငယ် စိတ်ဓာတ်ကျသွား၏။ ဘာပဲဖြစ်ဖြစ် သူတို့လည်း ဝမ်ရှင်းယီ၏ အလားအလာကို မြင်နိုင်သည်။ သူမကိုသာ သေသေချာချာ လေ့ကျင့်ပေးပါက တိုးတက်နိုင်ခြေ အများကြီး ရှိပါသည်။

ယဲ့ရှောင်ချန်း ပြုံးလိုက်၏။ သူ စိုးရိမ်ဖို့ မလိုတော့ပြီကို သိလိုက်ရသည်။ ဝမ်ရှင်းယီက အောင်အောင်မြင်မြင်ဖြင့် ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့ပါပြီ။

ဝမ်ရှင်းယီက ပျော်ရွှင်လွန်းသဖြင့် Blind လူရွေးပွဲမှ ထွက်လာသောအခါ ယဲ့ရှောင်ချန်းကို ဦးစွာ နမ်းလိုက်သည်။

သို့သော်လည်း နမ်းပြီးနောက် သူမ ရှက်သွေးဖြာသွား၏။

ယဲ့ရှောင်ချန်းက ဒီအခွင့်အရေးကို လက်လွှတ်ခံနိုင်ပါ့မလား။ ချက်ချင်းပဲ အခွင့်ကောင်းယူလိုက်ပါသည်။

ဟားဟား ငါ့ရဲ့ ပထမဆုံး အနမ်းကို ရခဲ့ပြီကွ။

ရှမြို့တော်သို့ ပြန်ပြီး စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သည့်တိုင်အောင် ယဲ့ရှောင်ချန်းက ထိုမြင်ကွင်းအား မြင်ယောင်နေဆဲဖြစ်ပါသည်။

"ဘော့စ် ဒီနေ့ ဘာလို့ အရူးလို ပြုံးနေတာလဲ။"

ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင်။

လျန်ယူကျူးက လျှောက်လာပြီး စပ်စုစွာဖြင့် မေးလိုက်ပါသည်။

"ဟမ်"

ယဲ့ရှောင်ချန်း နောက်ဆုံးတော့ ပြန်တုန့်ပြန်လာပြီး မျက်နှာကို ပွတ်လိုက်၏။ "ငါ ရယ်လိုက်တာလား။"

"အခုထိ ငြင်းနေတုန်းပဲလား။ ဘော့စ်။ ရှင် ဘော့စ်မလေးရဲ့ ပထမဆုံးအနမ်းကို ခိုးနိုင်ခဲ့ပြီလား။"

လျန်ယူကျူးက ထိုင်ကာ ရယ်မောလိုက်ပါသည်။

"ဟမ် နင်ဘယ်လိုသိတာလဲ။"

ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။

သို့သော်လည်း သူ့မျက်နှာ ကြက်သေ သေသွားပြီး ထပ်မေးလိုက်သည်။ "နင် ဘာလို့ မေးတာလဲ။"

"ဟီးဟီး တစ်ချက်ကြည့်လိုက်ရုံနဲ့ သိပါတယ်။ ကျွန်မက မိန်းကလေးတွေရဲ့ အကြောင်းကို အသိဆုံးပဲ။ ရှင် အခုထက် ပိုပြီး ကြိုးစားနိုင်မယ်ဆိုရင် သူ့ကို အိပ်ယာထဲ ချော့မြူနိုင်ဖို့ သိပ်မလိုတော့ဘူးနော်။"

လျန်ယူကျူးက တခစ်ခစ် ရယ်မောလိုက်၏။

ယဲ့ရှောင်းချန်းက သူမကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သို့သော် ရင်တော့ အနည်းငယ် ခုန်သွားပါသည်။ ထို့နောက် သူ့ရင်ထဲ သက်ပြင်းကျိတ်ချလိုက်သည်။ ထားလိုက်ပါတော့။ လောလောဆယ်တော့ အဲ့ဒီအတွက် အခွင့်အရေး မရှိသေးပါဘူး။

"ရှောင်းယူ နင်ဘာလုပ်ချင်လို့လဲ။"

ယဲ့ရှောင်ချန်းက အတည်ပေါက်ပြောလိုက်သည်။

"ဘော့စ် ကျွန်မ တစ်ခုခု တိုင်ပင်စရာရှိလို့။ ကျွန်မ ကိုယ်ဝန်ရှိနေပြီထင်တယ်။"

လျန်ယူကျူးက ရှက်ရွံ့စွာ ပြောလိုက်ပါသည်။

"ငါ့ကို ဘာလို့ လာပြောနေတာလဲဟ။ ငါလုပ်တာမှ မဟုတ်တာ"

ယဲ့ရှောင်ချန်းက အမြန်ပြောလိုက်သည်။

ရုတ်တရက် သူ ကြက်သေ သေသွားပြီး မျက်လုံးများ ပြူးသွားသည်။ "နေပါဦး။ ဘာဖြစ်တယ်။ နင်က ကိုယ်ဝန်ရှိနေတယ်။ လခွမ်း ဘယ်သူ့ကလေးလဲဟ။”

လျန်ယူကျူးက ရှက်ရွံ့စွာ ပြောလိုက်သည်။ "လုတုန်ချမ်း ထင်တယ်။"

"ထင်တယ်ဆိုတာ ဘာပြောတာလဲဟ၊ လခွမ်း နင်နဲ့ ထုပိုင်ယွမ်တို့လည်း..."

ယဲ့ရှောင်ချန်း သတိလစ်ချင်သွားပါသည်။

"ဟာ မဟုတ်ဘူး မဟုတ်ဘူး။ လျှာလိပ်သွားတာပါ။ ကျွန်မက သန့်ရှင်းတဲ့ မိန်းကလေးပါ။ ပြီးတော့ ထုယွဲ့ချွီနဲ့ ထုပိုင်ယွမ်တို့က တွဲနေကြတာပါ။”

လျန်ယူကျူးက အမြန်ပြောလိုက်ပါသည်။

"အောင်မယ်လေး မြန်လိုက်ကြတာ"

ယဲ့ရှောင်ချန်းက သက်ပြင်းသာ ချနိင်ပါသည်။

တော်တော်မြန်ပါသည်။

အချိန် ဘယ်လောက် ရှိသေးလို့လဲ။ လပိုင်းလေးပဲ ရှိသေးတာ။

သို့သော်လည်း စဥ်းစားကြည့်လိုက်သောအခါ သူတို့လေးယောက် ကောင်းကင်ဘုံလှိုဏ်ဂူမှာ နေနေတာ လတော်တော်ကြာနေပါပြီ။

ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်။ ထင်းခြောက်တွေနဲ့ မီးတောက်တွေနဲ့။ ဘာမှ မဖြစ်မှသာ ထူးဆန်းနေပါလိမ့်မည်။

အမြဲတမ်း ပဋိပက္ခဖြစ်နေတတ်သည့် နှစ်ယောက် အတူတူ ပေါင်းစည်းသွားလိမ့်မည်ဟု သူ မထင်ထားခြင်းသာ ဖြစ်သည်။ တကယ် ကြည်နူးဖို့ ကောင်းပါသည်။

သို့သော်လည်း လုတုန်ချမ်း၏ ခပ်တုံးတုံး စရိုက်မျိုးဖြင့်သာဆို ဦးစွာ ခြေလှမ်းခဲ့သူက လျန်ယူကျူးဖြစ်လိမ့်မည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းမိ၏။

ထုပိုင်ယွမ်ကတော့ သေရမှာ ကြောက်ရွံ့သော်လည်း လူတွေကို ချော့မြူပြီး စကားပြောကောင်းသည်။ ထုယွဲ့ချွီကို တကယ်ကြီး ရခဲ့ပါသည်။

"အင်း နင်ကိုယ်ဝန်ရှိနေပြီဆိုတော့ ကောင်းတာပေါ့။ ငါ့ကို ဘာလို့ ပြောပြတာလဲ။”

ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။

“ဘော့စ် ကျင့်ကြံခြင်းလောကရဲ့ စည်းမျဥ်းစည်းကမ်းတွေအရဆို။ လက်မထပ်ရသေးဘဲ ကလေးရရင် နိမိတ်မကောင်းတာတဲ့. အဲ့တာကြောင့် ကျွန်မတို့..."

လျန်ယူကျူးက ပြောလိုက်သည်။

"သြော် ရပါတယ်။ နင်တို့ တရားဝင် လက်ထပ်နိုင်ဖို့ ငါ ကူညီပေးပါ့မယ်။"

ယဲ့ရှောင်ချန်းက ချက်ချင်း သဘောတူလိုက်ပါသည်။

"ကျေးဇူးတင်ပါတယ် ဘော့စ်"

လျန်ယူကျူးက သူ့ကို အမြန်ကျေးဇူးတင်လိုက်ပါသည်။

"ဘာမှ အပန်းမကြီးပါဘူး။ စကားမစပ် ထုယွဲ့ချွီနဲ့ ထုပိုင်ယွမ်တို့ကိုလည်း တစ်ခါတည်း လက်ထပ်မလားလို့ မေးကြည့်လိုက်ပါဦး။ အလုပ်ရှုပ် သက်သာတာပေါ့။"

ယဲ့ရှောင်ချန်းက ခေတ္တ စဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။

"ဟုတ်ကဲ့"

လျန်ယူကျူးက ခေါင်းငြိမ့်လိုက်ပြီး ပြန်သွားလိုက်ပါသည်။

သိပ်မကြာလိုက်ဘဲ ထုပိုင်ယွမ်က ပျော်ရွှင်စွာဖြင့် ခပ်သုတ်သုတ် ပြေးလာခဲ့ပါသည်။

"ဘော့စ် ကျွန်တော်တို့ မင်္ဂလာပွဲကို တကယ် တရားဝင်ကူညီပေးမှာလား။"

ထုပိုင်ယွမ်က လက်ကိုပွတ်ကာ ပြောလိုက်ပါသည်။

"ဘာပဲဖြစ်ဖြစ်ပါ တစ်တွဲဖြစ်ဖြစ် နှစ်တွဲဖြစ်ဖြစ် အတူတူပဲ။ မင်းတို့ လက်ထပ်ချင်တာ သေချာလား။"

ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်ပါသည်။

"ဒါပေါ့ဗျ။ လက်ထပ်မှရမှာပေါ့။ ဘော့စ် ပထမဆုံး ကျွန်တော့်ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒုတိယက ကျွန်တော်သဘောကျတဲ့ လူနဲ့ ဆုံစည်းစေခဲ့တဲ့အတွက် ကျေးဇူးပါ။ အခုလည်း ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို တရားဝင် လုပ်ပေးတော့မယ်။ ခင်ဗျားက ကျွန်တော့်ရဲ့ ဒုတိယမိဘလိုပါပဲဗျာ။"

ထုပိုင်ယွမ်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

"ငါ အဲ့လောက်တော့ မအိုသေးပါဘူး..."

ယဲ့ရှောင်ချန်းတစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်နေပါသည်။

သူတို့ လေးယောက်သား လက်ထပ်ဖို့ သဘောတူလိုက်ကြပြီ ဆိုသဖြင့် ယဲ့ရှောင်ချန်းက သူတို့၏ မင်္လာပွဲအတွက် စတင်ပြင်ဆင်ခဲ့ပါသည်။

အမှန်ပင်။ သူတို့မိသားစုနှင့် ဆွေမျိုးများက ကျင့်ကြံခြင်းလောကတွင် ရှိနေကြသဖြင့် မင်္ဂလာပွဲကိုလောရောက် မတက်ရောက်နိုင်သောကြောင့် ရိုးရိုးရှင်းရှင်း အခမ်းအနားလေး တစ်ခုသာ ဖြစ်ပါသည်။

ထို့ကြောင့် မင်္ဂလာပွဲအား ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ကျင်းပပြီး လိုအပ်သည့် အရာများကို ပြင်ဆင်ခဲ့သည်။ ဒီလိုနှင့် ကျင့်ကြံခြင်း လောကမှ လုပ်ငန်းစဥ်များအတိုင်း မင်္ဂလာပွဲကို ကျင်းပခဲ့ပါသည်။

မင်္ဂလာပွဲပြီးနောက် သူတို့လေးယောက်သား ကျင်းကောင်တီမြို့၏ တရားရုံးတော်သို့သွားကာ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ကြပါသည်။

ယဲ့ရှောင်ချန်းက သူ့အဆက်အသွယ်များကို အသုံးပြုပြီး သူတို့လေးယောက်ကို လက်ထပ်စာချုပ် ချုပ်ဆိုနိုင်ဖို့ ကူညီခဲ့ပြီးပြီ ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ်စ သူတို့အားလုံးက အနာဂတ်တွင် သေမျိုးလောကမှာသာ နေထိုင်ကြရတော့သူများဖြစ်သည်။

လျန်ယူကျူးနှင့် တခြားသုံးယောက်တော့ ဘယ်လောက် ပျော်ရွှင်နေသလဲဆိုတာ မြင်ပြီး ယဲ့ရှောင်ချန်းလည်း မျှော်လင့်ချက် ထားမိပါသည်။ သူနဲ့ ဝမ်ရှင်းယီတို့ ဘယ်တော့ လက်ထပ်နိုင်မလဲ တွေးမိပါသည်။

ဝမ်ရှင်းယီအား သူမ၏ ဂီတနယ်ပယ်တွင် လမ်းမှန်သွားပြီ ဆိုတာနှင့် လက်ထပ်ခွင့် တောင်းသင့်သလားဟု တွေးနေမိပါသည်။

အခန်း(၂၈၅) - အင်မော်တယ်များသည်လည်း သေမျိုးတွေရဲ့ အစားအသောက်ကို ကြိုက်နှစ်သက်သည်

ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတွင်။

ယဲ့ရှောင်ချန်းက စမ်းသပ်ချက်တစ်ခု ပြုလုပ်နေ၏။ သာမန် မြက်ပင်များကို စိုက်ပျိုးနေဆဲ ဖြစ်သည်။

သုတေသနနှင့် စမ်းသပ်ချက်များ လအနည်းငယ်လောက် လုပ်ဆောင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း အခက်အခဲတချို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး တချို့ ပုံစံကွက်များကို နားလည်လာနိုင်ခဲ့ပါသည်။

သို့သော်လည်း သာမန် မြက်ပင်များကို အင်မော်တယ် မြက်ပင်များအဖြစ် ပြောင်းလဲနိုင်ဖို့က ကြီးမားသော အခက်အခဲတစ်ခုတော့ ရှိနေပါသေးသည်။

ရုတ်တရက် ယဲ့ရှောင်ချန်းက မျိုးစေ့တစ်ခုကို မြေကျင်းထဲ ထည့်လိုက်သည်။ သူ့လက်ချောင်းဖြင့် ညွှန်လိုက်သောအခါ အလင်းတန်းတစ်ခုက ထွက်လာ၏။ တဖြည်းဖြည်း မျိုးစေ့မှာ အမြစ်တွယ်ပြီး စတင် အပင်ပေါက်လာခဲ့၏။ တဖြည်းဖြည်း ၎င်းကို အုပ်ထားသည့် မြေကြီးထဲမှ ထွက်လာခဲ့ပါသည်။

အသက်ဝဝရှူလိုက်ပြီး မျက်လုံးကို မှေးလိုက်သည်။ သူ့လက်ချောင်းများထဲမှ မှော်စွမ်းအင် စီးကြောင်းများ ပျံထွက်လာပြီး လက်ချောင်းထိပ်မျာကို ဝန်းရံလိုက်ကြသည်။

ယဲ့ရှောင်ချန်း၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့တောင် အနည်းငယ် အားစိုက်ရပါသေးသည်။

အယ့်ကြောင့်ဆိုသော်် သစ်ပင်အဆောင် အခင်းအကျင်းနည်းလမ်းကို အချိန်ကိုက် ဆောင်ရွက်နေရသော ကြောင့်ဖြစ်ပါသည်။

သစ်ပင်အဆောင် အခင်းအကျင်းနည်းလမ်းအား တည်ဆောက်ပြီးနောက် ယဲ့ရှောင်ချန်းက ရုတ်တရက် လေဟာနယ်ကို ဖိချလိုက်သည်။ ရုတ်တရက် သူ့လက်ဖဝါးအကြားထဲ အလင်းလုံး တစ်ခု ပေါ်လာပြီး မြက်ပင်ကို ဖုံးအုပ်သွားခဲ့၏။

ထူးဆန်းသည့် အလင်းဒိုင်းကာလေး တစ်ခုလိုပင်။

"ဟူး... ဝိညာဥ်ခွဲထွက် အခင်းအကျင်း နည်းလမ်းက အပင်တွေရဲ့ စိတ်အာနိသင်နဲ့ သူတို့ရဲ့ အသိစိတ်ကို မြှင့်တင်ပေးနိုင်တယ်။ တဖြည်းဖြည်းနဲ့ အပင်တွေက သာမန်ထက် ထူးကဲတဲ့ စွမ်းအားတွေ ပိုင်ဆိုင်လာရလိမ့်မယ်။ ဒါပေမယ့် ဒီနည်းလမ်းကို အချိန်အကြာကြီး ထိန်းထားလို့တော့မရဘူး။ ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေက ကြီးလွန်းတယ်။ အလားအလာကို လှုံ့ဆော်ပေးပြီး အပင်တွေကို အလွယ်တကူ ထိခိုက်စေနိုင်တယ်။"

ယဲ့ရှောင်ချန်းက တစ်ယောက်တည်း စဥ်းစားလိုက်ပါသည်။

သစ်ပင်အဆောင် အခင်းအကျင်းနည်းလမ်းကို ဝိညာဥ်ခွဲထွက် အခင်းအကျင်းနည်းလမ်းဟုလည်း ခေါ်သေးသည်။ ယဲ့ရှောင်ချန်းက စတိုးဆိုင်မှ အင်မော်တယ်ယွမ် အသုံးပြုပြီး ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ရှန်းနုန်မျိုးဆက် လက်စွဲစာအုပ်ထဲက စာမျက်နှာတစ်ခုပဲဖြစ်၏။

သူဝယ်ချင်နေတာကြာပြီဖြစ်သော တခြား စာမျက်နှာတချို့လည်း ရှိနေပါသေးသည်။ သို့သော်လည်း လောလောဆယ် အင်မော်တယ်ယွမ်လုံလုံလောက်လောက် မရှိသေးပါ။

ထိုအဆင့်မြင့် အပင်အသိပညာများနှင့် အင်မော်တယ်ယွမ်များက ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေး ပါရမီအား ကြီးကြီးမားမား အကျိုးကျေးဇူး သက်ရောက်စေပါလိမ့်မည်။

ယခု ယဲ့ရှောင်ချန်းက အဝါရောင် အဆင့် အင်မော်တယ်အပင်များကို အဆင့်နိမ့်အရည်အသွေးများအဖြစ် စိုက်ပျိုးနိုင်ပြီ ဖြစ်၏။

အနက်ရောင်အဆင့် အင်မော်တယ်အပင်နှစ်မျိုးကို သူစိုက်ပျိုးထားသည်။ ၎င်းတို့က အဝါရောင် အဆင့် အင်မော်တယ်အပင်တွေထက် အများကြီး ပိုရှား၏။ ပထမဆုံး အင်မော်တယ် မြေကွက်က အဆင့် ၃ အင်မော်တယ် မြေကွက်ဖြစ်ရပါမည်။

အဆင့် ၃ အင်မော်တယ် မြေကွက်တစ်ကွက်ကို အင်မော်တယ်ယွမ် ၁၀,၀၀၀ ကုန်ကျ၏။

အဆင့် ၂ အင်မော်တယ် မြေကွက်ကို အဆင့် ၃ အဖြစ် မြှင့်တင်ဖို့ ယဲ့ရှောင်ချန်း သူ့အင်မော်တယ်ယွမ် အားလုံးနီးပါးကို အပြောင် သုံးစွဲခဲ့ရပါသည်။

ထို့ကြောင့် ရှန်းနုန်မျိုးဆက် လက်စွဲစာအုပ်မှ တခြားစာမျက်နှာများကို ဝယ်ဖို့ အင်မော်တယ်ယွမ် မလောက်ငှတော့ပါ။

သို့သော်လည်း ရက်ပိုင်းအတွင်း နောက်ထပ် လေလံပွဲ ရှိလာမည်ဖြစ်သဖြင့် အင်မော်တယ်ယွမ် သိန်းချီပြီး ပြန်ရနိုင်ပါသည်။

ခဏလောက် ကြာသောအခါ အလင်းတန်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက် မြက်ပင်၏ ဖွံ့ဖြိုးမှုက ပြောင်းလဲမှုတချို့ ဖြစ်ပေါ်လာ၏။ မြက်ပင်တစ်ပင်လုံးက ဖျော့တော့တော့ အလင်းတစ်ခုကို ထုတ်လွှတ်နေသလိုပင်။

ဒီအင်မော်တယ် မြက်ပင်က အင်မော်တယ်ချီကို စုပ်ယူနေတာ သိသာပါသည်။

တစ်ချက်လောက် တွေးလိုက်ရုံနှင့် သူ့အင်မော်တယ် အာရုံမှာ မြက်ပင်၏ အပင်ဝိညာဥ်နှင့် ချက်ချင်းဆိုသလို ချိတ်ဆက်သွား၏။ အားလုံး သူ့အတွက် ရှင်းလင်းလာခဲ့ပါသည်။

ထိုအချိန်တွင် မြက်ပင်၌ အင်မော်တယ်အပင်တစ်မျိုး၏ လုပ်ဆောင်ချက်မျိုး ရှိလာပြီဖြစ်သည်။ အင်မော်တယ် ဝိညာဥ်စွမ်းအင်နှင့် အင်မော်တယ် မြေကြီးထဲက အာဟာရများကို ဆက်တိုက် စုပ်ယူနေသည်။

ထိုမျှသာမကသေးဘဲ။ မြက်ပင်အတွင်းတွင် တလက်လက် လင်းလက်နေသော ထူးဆန်းသည့် မှော်သင်္ကေတများလည်း ရှိပါသည်။ မြက်ပင်ကြီး တစ်ခုလုံးက ထင်ရှားလာခဲ့ပြီး မြက်ပင်၏ တည်မြဲမှုကို ထောက်ပံပေးနေသလိုပင်။

မဟုတ်ပါက အင်မော်တယ်ချီစွမ်းအင်၏ ကြမ်းတမ်းပြီး ရက်စက်သော သဘောသဘာဝနဲ့သာဆို မြက်ပင် ဗြောင်းဆန်ပြီး ပျက်စီးသွားဖို့ အလွန် လွယ်ကူပါသည်။

ဒီလို အချိန်အကြာကြီး ဖြစ်ပြီးသွားသောအခါ မြက်ပင်တစ်ပင်လုံးက ပို၍ ပို၍ သက်ဝင်လာခဲ့ပါသည်။

ဖွံ့ဖြိုးခြင်း သို့မဟုတ် သန္ဓေပြောင်းလဲခြင်း အရိပ်အယောင် မတွေ့ရပါ။

ရုတ်တရက် မြက်ပင် အနည်းငယ် တုန်ခါသွား၏။ ထို့နောက် ထူးဆန်းသည့် ပုံစံကွက်များက မြက်ပင်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း မြက်ပင်တစ်ပင်လုံး ခြောက်သွေ့ သေဆုံးသွားပါတော့သည်။

ဒါကိုမြင်သောအခါ ယဲ့ရှောင်ချန်း မအံ့သြခဲ့ပါ။ မြက်ပင် ဒီလောက်ထိ အချိန်အကြာကြီး တောင့်ခံနိုင်ဖို့တောင် မလွယ်ကူခဲ့ပါ။

နောက်ဆုံးတွင်တော့ မြက်ပင် အချိန်အကြာကြီး တောင့်ခံနိုင်ခဲ့ရသည့် အကြောင်းအရင်းက သစ်ပင်အဆောင် အခင်းအကျင်း၏ ဝိညာဥ်စွမ်းအင်ကြောင့်သာ ဖြစ်ပါသည်။ ကံမကောင်းစွာဖြင့် အပင်ထဲက ထိုစွမ်းအင်ကို လောလောဆယ်တော့ သူ တည်ငြိမ်အောင် မလုပ်ဆောင်နိုင်သေးပါ။

အပင်၏ ပုံမှန် လုပ်ဆောင်ချက်တစ်ခုဖြစ်လာအောင် လုပ်နိုင်ပါက သူ့သုတေသန မှာ ရှေ့သို့ ခြေလှမ်း ကြီးကြီးမားမား တစ်လှမ်း လှမ်းနိုင်လိမ့်မည်ဖြစ်ပါသည်။

၃ ရက်ကြာသောအခါ။

လေလံပွဲ စတင်ခဲ့၏။

မနက်စောစော အချိန်တွင် ယဲ့ရှောင်ချန်းနှင့် တခြားသူများ ပြင်ဆင်ခဲ့ကြ၏။

လေလံပွဲအား ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ကျင်းပမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

အင်မော်တယ်များက ၎င်းတို့၏ ပုံရိပ်ယောင်များကို အသုံးပြုပြီး ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ သက်ဆင်းလာနိုင်၏။

ဒါက ပထမဆုံးအကြိမ် မဟုတ်ပါ။

လျန်ယူကျူးနှင့် တခြားသူများလည်း အသားကျနေပြီးသား ဖြစ်သည်။

အမှန်ပင်။ ပထမဆုံးအကြိမ်အဖြစ် လေလံပွဲကို ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ကျင်းပခဲ့တုန်းကတော့ လျန်ယူကျုူးနှင့် တခြားသူများ ကြောင်သွားခဲ့ရပါသည်။

အင်မော်တယ် ရာပေါင်းများစွာက ကောင်ကင်ဘုံ လှိုဏ်ဂူထဲသို့ သက်ဆင်းလာကြ၏။ ထို့အပြင် သူတို့ တစ်ဦးချင်းဆီ၏ အရှိန်အဝါကလည်း မဖော်ပြနိုင်လောက်အောင် ကြီးမားလွန်းလှသည်။

သူတို့က ပုံရိပ်ယောင်များသာ ဆိုသော်လည်း မော်တယ် လောကက ကျင့်ကြံသူများ လက်ဖျားဖြင့် ထိလို့တောင် မရနိုင်ပါ။

အမှန်ပင်။ ဒါက ယဲ့ရှောင်ချန်း၏ ကောင်းကင်ဘုံလှိုဏ်ဂူဖြစ်၏။ ယဲ့ရှောင်ချန်းက အဆုံးစွန်စွမ်းအားကို ကျွမ်းကျင်တတ်မြောက်ထားသဖြင့် အင်မော်တယ်များ၏ ပုံရိပ်ယောင်များဆိုရင်တောင် ဒီနေရာက စည်းမျဥ်းများကို လိုက်နာကြရပါမည်။

ထို့ကြောင့် အင်မော်တယ်များက အလွန် ယဥ်ကျေးကြ၏။

လျန်ယူကျူးနှင့် တခြားသူများက ထိုပုဂ္ဂိုလ်အားလုံးမှာ အင်မော်တယ်လောကမှ အင်မော်တယ်များဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့ဘော့စ် ယဲ့ရှောင်ချန်း၏ နောက်ခံအကြောင်းတရားကို ပို၍ပင် စိတ်ဝင်စားလာကြပါသည်။

ထို့အပြင် ထိုအင်မော်တယ်များ၏ လေသံကလည်း သူတို့ဘော့စ်ကို အလွန်ယဥ်ကျေးနေကြပါသည်။

ရုတ်တရက် သူတို့ဘော့စ်နှင့် အလုပ် အတူတူ တွဲလုပ်ရခြင်းက ကောင်းကင်ဘုံမှ ပို့လိုက်သော အခွင့်အရေးတစ်ခုဖြစ်သည်ဟု ခံစားလိုက်ကြရပါသည်။

သူတို့ ဘော့စ် ပြောသည့်အတိုင်း သူတို့အားလုံး အနာဂတ်တွင် အင်မော်တယ်လောကသို့ တက်လှမ်းနိုင်ခြေ ရှိနိုင်ပါသည်။

ထို့ကြောင့် လျန်ယူကျူးနှင့် တခြားသူများက သူတို့အလုပ်နှင့် ကျင့်ကြံခြင်းများကို ပိုမိုအားစိုက်ကာ ပြုလုပ်လာကြသည်။ သူတို့အားလုံးက တိုက်ခိုက်လိုစိတ်၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်ဝနေကြပါသည်။

ထိုအချိန်တွင် ကောင်းကင်ဘုံလှိုဏ်ဂူ၏ ထောင့်တစ်နေရာ၌ ဧရာမစင်ကြီးတစ်ခု တည်ရှိနေသည်။ ထိုင်ခုံများစွာကို ထိုနေရာတွင် ပြင်ဆင်ထား၏။

ထို ထိုင်ခုံများကိုတော့ အပြင်ဘက်ကမ္ဘာက ယူလာခဲ့ခြင်း ဖြစ်ပါသည်။

အင်မော်တယ်များ၏ ပုံရိပ်များ ဆင်းသက်လာသောအခါ ထိုင်ခုံများ အလျင်အမြန်ပင် ပြည့်သွားကြပါသည်။

လျန်ယူကျူးနှင့် တခြားသူများက အင်မော်တယ်များကို အစားအသောက်များ စတင် တည်ခင်းပေးကြသည်။

ထိုအင်မော်တယ်များက အင်မော်တယ် သစ်သီးနှင့် ဖျော်ရည်များကို စားသောက်ကြသော်လည်း မော်တယ်အစားအစာများကိုလည်း သဘောကျကြပါသည်။

ဥပမာအားဖြင့် ချောင်းကျွေ့၊ ကော်ဖီ၊ သကြားလုံးမျိုးစုံနှင့် ရေခဲမုန့်ပါ ကြိုက်တတ်ကြသေးသည်။

"ယဲ့ရှောင်ချန်း ဒီတစ်ခေါက် ငါ ရေခဲမုန့် ပုံးကြီးတစ်ပုံး ပြန်သယ်သွားချင်တယ်။ စျေးကတော့ ညှိနှိုင်းကြတာပေါ့။"

မဟာပညာရှိကြီး စွန်းဝူခုံးက ရေခဲမုန့်ကို လျက်ရင်း ပြောလိုက်ပါသည်။

"စိတ်မပူပါနဲ့ မဟာပညာရှိကြီး။ ကျွန်တော် ပြင်ထားပြီးပါပြီ။"

"ယဲ့ရှောင်ချန်း ငါ့ကော်ဖီကော ဘယ်မှာလဲ။ နက်စ်ကဖေးနော်။ အဲ့တာက အရသာရှိတယ်။"

"ငါလည်း အဲ့ဒီချော့ကလက် စားချင်တယ်။ ဟားဟား ကျူးပါကျဲ။ မဟုတ်မှလွဲရော အဲ့ဒီ ချော့ကလက်ကို မင်းရဲ့တပည့်တွေနဲ့ မြေးတပည့်တွေ လုပ်ထားတာလား။"

အာ့လန်ရှန်းက ကျူးပါကျဲကို လှောင်လိုက်ပါသည်။

"အာ့လန်ရှန်း မင်းမှာ ဗဟုသုတမရှိဘူးလား။ ချော့ကလက် ဘယ်လိုလုပ်လဲဆိုတာ မသိဘူးလား။ ငါ ကျူးပါကျဲက မင်းကို ရှင်းပြပေးမယ်။"

ကျူးပါကျဲက ပြန်ချေပလိုက်သည်။

မြင်ကွင်းက ဗြောင်းဆန်လွန်းနေပါသည်။ အမှန်ပင်။ အင်မော်တယ် အများစုကတော့ လူကြီးလူကောင်း ဆန်ကြ၏။

မကြာမီ လျန်ယူကျူးနှင့် တခြားသူများ အင်မော်တယ်များ လိုအပ်သည့် အရာများကို ယူဆောင်လာပေးခဲ့ပါသည်။

သူတို့ အင်မော်တယ်ယွမ်တော့ ပေးချေရမည်။

ရေခဲမုန့်တစ်ခုကို အင်မော်တယ်ယွမ် ၁၈ ယွမ်။

ချော့ကလက် တစ်ခုကို အင်မော်တယ်ယွမ် ၁၂ ယွမ်။

နက်စ်ကဖေး ကော်ဖီ တစ်ထုပ်ကို အင်မော်တယ်ယွမ် ၉ ယွမ်။

ကြက်ဥနှစ် ပိုင်မုန့်တစ်ခုကို အင်မော်တယ်ယွမ် ၅၈ ယွမ်။

အားလူးချောင်းအစပ်ကြော် တစ်ထုပ်ကို အင်မော်တယ်ယွမ် ၁၅ ယွမ်။

အသင့်စား ခေါက်ဆွဲတစ်ဗူးကို အင်မော်တယ်ယွမ် ၂၀ ယွမ်။

ဘာပဲဖြစ်ဖြစ် စျေးက မနိမ့်ပါ။

အလကား ပေးရမှာလား။ လခွမ်း ငါတောင် သူတို့ကို မေးခွန်းတစ်ခု မေးဖို့ အင်မော်တယ်ယွမ် ပေးရတာ။ သူတို့ကို ဘာလို့ အလကားပေးရမှာလဲ။

ဒီအင်မော်တယ်များက အင်မော်တယ်ယွမ် မရှိဘဲ မနေပါ။

ထို့ကြောင့် ယဲ့ရှောင်ချန်းက တစ်ကြိမ်ကို အင်မော်တယ် ထောင်ချီပြီး ရနိုင်၏။

ဗြောင်းဆန်နေသည့် ကိစ္စများကို ရှင်းပြီးနောက် နောက်ဆုံးတော့ လေလံပွဲ စတင်ခဲ့ပါသည်။

သူ့မှာ အလုပ်သမားများ ရှိနေပြီဖြစ်သောကြောင့် ယဲ့ရှောင်ချန်းကိုယ်တိုင် စင်ပေါ်တက်ပြီး လေလံပစ်စရာ မလိုတော့ပါ။

ဒီနေ့ စင်ပေါ်တက်ရမည့်လူက ထုပိုင်ယွမ် ဖြစ်၏။ သူက စကားပြောကောင်းပြီး ချောမွေ့သည်။ လေလံပွဲ၏ အခြေအနေကို ဘယ်လို အားကောင်းလာအောင် လုပ်ပေးရမလဲ သိသည်။

အနည်းဆုံးတော့ သူ့ကို ဒီအပိုင်းတွင် မယှဥ်နိုင်ပါဟု ယဲ့ရှောင်ချန်း ခံစားမိပါသည်။

All Chapters