အနမ်းဦး
Vol. 19 Ch. 284
သီချင်းဆို ပြိုင်ပွဲနေ့တွင် ယဲ့ရှောင်ချန်း လေယာဥ်ဖြင့် သွားခဲ့၏။
ဒါက ကျဲကျန်ပြည်နယ် ရုပ်သံဌာနမှ ကျင်းပသော ကြီးကြီးမားမား သီချင်းဆို ပြိုင်ပွဲကြီး တစ်ခု ဖြစ်သည်။ ပထမဆုံးအကြိမ်လည်း မဟုတ်ပါ။
နိုင်ငံတော်ထဲက ထိပ်တန်း ရုပ်သံဌာန ငါးခုထဲမှ တစ်ခုဖြစ်သဖြင့် ကျဲကျန်ပြည်နယ် ရုပ်သံ ဌာနမှာ အလွန်အမင်း အင်အားကြီးမားပါသည်။
ထို့ကြောင့် ဒီရှိုးပွဲကလည်း အလွန်ရေပန်းစား၏။
ကြည့်ရှုသူကျယ်ပြန့် များပြားပြီး အဆိုတော် များစွာကလည်း ဒီနေရာက ရေပန်းစားလာခဲ့ကြသည်။
"ရှင်းယီ စိတ်မလှုပ်ရှားနဲ့နော်။ ကိုယ် မင်းအစွမ်းအစကို ယုံကြည်တယ်။"
လူရွေးပွဲတွင် ပါဝင်ဖို့ အချိန်ကျလာာသောအခါ ဝမ်ရှင်းယီ အလွန်စိတ်လှုပ်ရှားနေသည်ကို ယဲ့ရှောင်ချန်း မြင်လိုက်ရပါသည်။ ချက်ချင်း သူမ၏ လက်ကို ကိုင်ကာ နူးညံ့စွာ ပြောလိုက်ပါသည်။
ဝမ်ရှင်းယီက ခေါင်းငြိမ့်ပြလိုက်၏။ အသက်ဝဝရှူလိုက်ပြီး အထဲဝင်သွားတော့သည်။
ယဲ့ရှောင်ချန်းက အထဲမဝင်ရသော်လည်း သူ့အင်မော်တယ်အာရုံဖြင့် အထဲက အခြေအနေကို အာရုံခံနို်င၏။
လီမန်ရောင်ကို တွေ့သဖြင့် ယဲ့ရှောင်ချန်း ပြုံးလိုက်မိပါသည်။
လီမန်ရောင်က ဒီရှိုးပွဲ၏ အကဲဖြတ်ဒိုင် ၄ ယောက်ထဲက တစ်ယောက် ဖြစ်သည်။
တခြား အကဲဖြတ်ဒိုင် သုံးဦးကလည်း နိုင်ငံတော်ထဲတွင် အလွန် နာမည်ကြီးသော အဆိုတော်များ ဖြစ်ကြ၏။
ယဲ့ရှောင်ချန်း ချက်ချင်း စိတ်အေးသွားသည်။ လီမန်ရောင်က ဝမ်ရှင်းယီကို ဒီရှိုးပွဲတွင် ပါဝင်ဖို့ ခွင့်ပြုတယ်ဆိုတော့ သူမ၏ အစွမ်းအစကို နားလည်ပြီး ယုံကြည်ထားသည့် သဘော ဖြစ်သည်။
သိပ်မကြာလိုက်ပေ၊ ဝမ်ရှင်းယီ၏ အသံကို တိုးတိုးလေး ယဲ့ရှောင်ချန်း ကြားလာရသည်။
ယဲ့ရှောင်ချန်း မျက်လုံးများ ဝိုင်းစက်သွားရ၏။ သူမ တကယ်ပဲ အများကြီး တိုးတက်လာခဲ့ပါသည်။
အရင်တုန်းက ဗီဒီယိုကောမှ သူ့မ၏ သီချင်းသံကို ကြားရသောအခါ မခံစားမိခဲ့ပေ။ သို့သော် အခု သူမ သီချင်းဆိုသံကို လူကိုယ်တိုင် ကြားလိုက်ရသဖြင့် ပြောင်းလဲမှုကို ချက်ချင်း ခံစားမိသွားပါသည်။
ယဲ့ရှောင်ချန်းက အလွန် ကျေနပ်သွားသည်။ ဝမ်ရှင်းယီ၏ ကြိုးစားအားထုတ်မှုများက သဲထဲရေသွန် မဖြစ်ခဲ့ပါ။
မကြာမီ ပထမဆုံး အကဲဖြတ်ဒိုင်က ခုံကို လှည့်ကြည့်လာ၏။ လီမန်ရောင်မဟုတ်ဘဲ ကျန်းကျွန်းဟုခေါ်သည့် နောက်ထပ် အကဲဖြတ်ဒိုင်တစ်ဦး ဖြစ်ပါသည်။ သူက အလွန်နာမည်ကြီးပြီး ပြည်တွင်း ဂီတလောကတွင် ခေါင်းဆောင်ဖြစ်သူဟု ပြောလို့ရ၏။
သိပ်မကြာလိုက်ပေ။ ဒုတိယ အကဲဖြတ်ဒိုင် လှည့်ကြည့်လာသည်။
ထို့နောက် တတိယ အကဲဖြတ်ဒိုင် လှည့်ကြည့်လာခဲ့သည်။
လီမန်ရောင်က နောက်ဆုံးမှ လှည့်ကြည့်ပါသည်။ ဝမ်ရှင်းယီ၏ ဒီနေ့ တင်ဆက်မှုက အလွန်ထူးချွန်သောကြောင့် သူမ ပြုံးလိုက်မိသည်။ တချို့ အသေးအဖွဲ အမှားအယွင်းများကလွဲပြီး သူမ၏ အလားအလာကောင်းမှုကို မြင်နိုင်ပါသည်။
အကဲဖြတ်ဒိုင် လေးဦးတစ်လုံး လှည့်ကြည့်လိုက်ပါသည်။ ဒါမျိုးက Blind လူရွေးပွဲများတွင် အလွန်ရှားပါးသည်။
ထို့နောက် ပြိုင်ပွဲဝင်များက ၎င်းတို့၏ နည်းပြကို ရွေးချယ်ဖို့ အချိန် ဖြစ်ပါသည်။
ဝမ်ရှင်းယီက လီမန်ရောင်ကို ရွေးချယ်ပါသည်။
တခြားနည်းပြ သုံးယောက်က အနည်းငယ် စိတ်ဓာတ်ကျသွား၏။ ဘာပဲဖြစ်ဖြစ် သူတို့လည်း ဝမ်ရှင်းယီ၏ အလားအလာကို မြင်နိုင်သည်။ သူမကိုသာ သေသေချာချာ လေ့ကျင့်ပေးပါက တိုးတက်နိုင်ခြေ အများကြီး ရှိပါသည်။
ယဲ့ရှောင်ချန်း ပြုံးလိုက်၏။ သူ စိုးရိမ်ဖို့ မလိုတော့ပြီကို သိလိုက်ရသည်။ ဝမ်ရှင်းယီက အောင်အောင်မြင်မြင်ဖြင့် ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့ပါပြီ။
ဝမ်ရှင်းယီက ပျော်ရွှင်လွန်းသဖြင့် Blind လူရွေးပွဲမှ ထွက်လာသောအခါ ယဲ့ရှောင်ချန်းကို ဦးစွာ နမ်းလိုက်သည်။
သို့သော်လည်း နမ်းပြီးနောက် သူမ ရှက်သွေးဖြာသွား၏။
ယဲ့ရှောင်ချန်းက ဒီအခွင့်အရေးကို လက်လွှတ်ခံနိုင်ပါ့မလား။ ချက်ချင်းပဲ အခွင့်ကောင်းယူလိုက်ပါသည်။
ဟားဟား ငါ့ရဲ့ ပထမဆုံး အနမ်းကို ရခဲ့ပြီကွ။
ရှမြို့တော်သို့ ပြန်ပြီး စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သည့်တိုင်အောင် ယဲ့ရှောင်ချန်းက ထိုမြင်ကွင်းအား မြင်ယောင်နေဆဲဖြစ်ပါသည်။
"ဘော့စ် ဒီနေ့ ဘာလို့ အရူးလို ပြုံးနေတာလဲ။"
ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင်။
လျန်ယူကျူးက လျှောက်လာပြီး စပ်စုစွာဖြင့် မေးလိုက်ပါသည်။
"ဟမ်"
ယဲ့ရှောင်ချန်း နောက်ဆုံးတော့ ပြန်တုန့်ပြန်လာပြီး မျက်နှာကို ပွတ်လိုက်၏။ "ငါ ရယ်လိုက်တာလား။"
"အခုထိ ငြင်းနေတုန်းပဲလား။ ဘော့စ်။ ရှင် ဘော့စ်မလေးရဲ့ ပထမဆုံးအနမ်းကို ခိုးနိုင်ခဲ့ပြီလား။"
လျန်ယူကျူးက ထိုင်ကာ ရယ်မောလိုက်ပါသည်။
"ဟမ် နင်ဘယ်လိုသိတာလဲ။"
ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
သို့သော်လည်း သူ့မျက်နှာ ကြက်သေ သေသွားပြီး ထပ်မေးလိုက်သည်။ "နင် ဘာလို့ မေးတာလဲ။"
"ဟီးဟီး တစ်ချက်ကြည့်လိုက်ရုံနဲ့ သိပါတယ်။ ကျွန်မက မိန်းကလေးတွေရဲ့ အကြောင်းကို အသိဆုံးပဲ။ ရှင် အခုထက် ပိုပြီး ကြိုးစားနိုင်မယ်ဆိုရင် သူ့ကို အိပ်ယာထဲ ချော့မြူနိုင်ဖို့ သိပ်မလိုတော့ဘူးနော်။"
လျန်ယူကျူးက တခစ်ခစ် ရယ်မောလိုက်၏။
ယဲ့ရှောင်းချန်းက သူမကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ သို့သော် ရင်တော့ အနည်းငယ် ခုန်သွားပါသည်။ ထို့နောက် သူ့ရင်ထဲ သက်ပြင်းကျိတ်ချလိုက်သည်။ ထားလိုက်ပါတော့။ လောလောဆယ်တော့ အဲ့ဒီအတွက် အခွင့်အရေး မရှိသေးပါဘူး။
"ရှောင်းယူ နင်ဘာလုပ်ချင်လို့လဲ။"
ယဲ့ရှောင်ချန်းက အတည်ပေါက်ပြောလိုက်သည်။
"ဘော့စ် ကျွန်မ တစ်ခုခု တိုင်ပင်စရာရှိလို့။ ကျွန်မ ကိုယ်ဝန်ရှိနေပြီထင်တယ်။"
လျန်ယူကျူးက ရှက်ရွံ့စွာ ပြောလိုက်ပါသည်။
"ငါ့ကို ဘာလို့ လာပြောနေတာလဲဟ။ ငါလုပ်တာမှ မဟုတ်တာ"
ယဲ့ရှောင်ချန်းက အမြန်ပြောလိုက်သည်။
ရုတ်တရက် သူ ကြက်သေ သေသွားပြီး မျက်လုံးများ ပြူးသွားသည်။ "နေပါဦး။ ဘာဖြစ်တယ်။ နင်က ကိုယ်ဝန်ရှိနေတယ်။ လခွမ်း ဘယ်သူ့ကလေးလဲဟ။”
လျန်ယူကျူးက ရှက်ရွံ့စွာ ပြောလိုက်သည်။ "လုတုန်ချမ်း ထင်တယ်။"
"ထင်တယ်ဆိုတာ ဘာပြောတာလဲဟ၊ လခွမ်း နင်နဲ့ ထုပိုင်ယွမ်တို့လည်း..."
ယဲ့ရှောင်ချန်း သတိလစ်ချင်သွားပါသည်။
"ဟာ မဟုတ်ဘူး မဟုတ်ဘူး။ လျှာလိပ်သွားတာပါ။ ကျွန်မက သန့်ရှင်းတဲ့ မိန်းကလေးပါ။ ပြီးတော့ ထုယွဲ့ချွီနဲ့ ထုပိုင်ယွမ်တို့က တွဲနေကြတာပါ။”
လျန်ယူကျူးက အမြန်ပြောလိုက်ပါသည်။
"အောင်မယ်လေး မြန်လိုက်ကြတာ"
ယဲ့ရှောင်ချန်းက သက်ပြင်းသာ ချနိင်ပါသည်။
တော်တော်မြန်ပါသည်။
အချိန် ဘယ်လောက် ရှိသေးလို့လဲ။ လပိုင်းလေးပဲ ရှိသေးတာ။
သို့သော်လည်း စဥ်းစားကြည့်လိုက်သောအခါ သူတို့လေးယောက် ကောင်းကင်ဘုံလှိုဏ်ဂူမှာ နေနေတာ လတော်တော်ကြာနေပါပြီ။
ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်။ ထင်းခြောက်တွေနဲ့ မီးတောက်တွေနဲ့။ ဘာမှ မဖြစ်မှသာ ထူးဆန်းနေပါလိမ့်မည်။
အမြဲတမ်း ပဋိပက္ခဖြစ်နေတတ်သည့် နှစ်ယောက် အတူတူ ပေါင်းစည်းသွားလိမ့်မည်ဟု သူ မထင်ထားခြင်းသာ ဖြစ်သည်။ တကယ် ကြည်နူးဖို့ ကောင်းပါသည်။
သို့သော်လည်း လုတုန်ချမ်း၏ ခပ်တုံးတုံး စရိုက်မျိုးဖြင့်သာဆို ဦးစွာ ခြေလှမ်းခဲ့သူက လျန်ယူကျူးဖြစ်လိမ့်မည်ဟု ယဲ့ရှောင်ချန်း ခန့်မှန်းမိ၏။
ထုပိုင်ယွမ်ကတော့ သေရမှာ ကြောက်ရွံ့သော်လည်း လူတွေကို ချော့မြူပြီး စကားပြောကောင်းသည်။ ထုယွဲ့ချွီကို တကယ်ကြီး ရခဲ့ပါသည်။
"အင်း နင်ကိုယ်ဝန်ရှိနေပြီဆိုတော့ ကောင်းတာပေါ့။ ငါ့ကို ဘာလို့ ပြောပြတာလဲ။”
ယဲ့ရှောင်ချန်းက ပြုံးကာ ပြောလိုက်ပါသည်။
“ဘော့စ် ကျင့်ကြံခြင်းလောကရဲ့ စည်းမျဥ်းစည်းကမ်းတွေအရဆို။ လက်မထပ်ရသေးဘဲ ကလေးရရင် နိမိတ်မကောင်းတာတဲ့. အဲ့တာကြောင့် ကျွန်မတို့..."
လျန်ယူကျူးက ပြောလိုက်သည်။
"သြော် ရပါတယ်။ နင်တို့ တရားဝင် လက်ထပ်နိုင်ဖို့ ငါ ကူညီပေးပါ့မယ်။"
ယဲ့ရှောင်ချန်းက ချက်ချင်း သဘောတူလိုက်ပါသည်။
"ကျေးဇူးတင်ပါတယ် ဘော့စ်"
လျန်ယူကျူးက သူ့ကို အမြန်ကျေးဇူးတင်လိုက်ပါသည်။
"ဘာမှ အပန်းမကြီးပါဘူး။ စကားမစပ် ထုယွဲ့ချွီနဲ့ ထုပိုင်ယွမ်တို့ကိုလည်း တစ်ခါတည်း လက်ထပ်မလားလို့ မေးကြည့်လိုက်ပါဦး။ အလုပ်ရှုပ် သက်သာတာပေါ့။"
ယဲ့ရှောင်ချန်းက ခေတ္တ စဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။
"ဟုတ်ကဲ့"
လျန်ယူကျူးက ခေါင်းငြိမ့်လိုက်ပြီး ပြန်သွားလိုက်ပါသည်။
သိပ်မကြာလိုက်ဘဲ ထုပိုင်ယွမ်က ပျော်ရွှင်စွာဖြင့် ခပ်သုတ်သုတ် ပြေးလာခဲ့ပါသည်။
"ဘော့စ် ကျွန်တော်တို့ မင်္ဂလာပွဲကို တကယ် တရားဝင်ကူညီပေးမှာလား။"
ထုပိုင်ယွမ်က လက်ကိုပွတ်ကာ ပြောလိုက်ပါသည်။
"ဘာပဲဖြစ်ဖြစ်ပါ တစ်တွဲဖြစ်ဖြစ် နှစ်တွဲဖြစ်ဖြစ် အတူတူပဲ။ မင်းတို့ လက်ထပ်ချင်တာ သေချာလား။"
ယဲ့ရှောင်ချန်းက ပြုံးကာပြောလိုက်ပါသည်။
"ဒါပေါ့ဗျ။ လက်ထပ်မှရမှာပေါ့။ ဘော့စ် ပထမဆုံး ကျွန်တော့်ရဲ့ အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒုတိယက ကျွန်တော်သဘောကျတဲ့ လူနဲ့ ဆုံစည်းစေခဲ့တဲ့အတွက် ကျေးဇူးပါ။ အခုလည်း ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကို တရားဝင် လုပ်ပေးတော့မယ်။ ခင်ဗျားက ကျွန်တော့်ရဲ့ ဒုတိယမိဘလိုပါပဲဗျာ။"
ထုပိုင်ယွမ်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
"ငါ အဲ့လောက်တော့ မအိုသေးပါဘူး..."
ယဲ့ရှောင်ချန်းတစ်ယောက် ရယ်ရခက် ငိုရခက် ဖြစ်နေပါသည်။
သူတို့ လေးယောက်သား လက်ထပ်ဖို့ သဘောတူလိုက်ကြပြီ ဆိုသဖြင့် ယဲ့ရှောင်ချန်းက သူတို့၏ မင်္လာပွဲအတွက် စတင်ပြင်ဆင်ခဲ့ပါသည်။
အမှန်ပင်။ သူတို့မိသားစုနှင့် ဆွေမျိုးများက ကျင့်ကြံခြင်းလောကတွင် ရှိနေကြသဖြင့် မင်္ဂလာပွဲကိုလောရောက် မတက်ရောက်နိုင်သောကြောင့် ရိုးရိုးရှင်းရှင်း အခမ်းအနားလေး တစ်ခုသာ ဖြစ်ပါသည်။
ထို့ကြောင့် မင်္ဂလာပွဲအား ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ကျင်းပပြီး လိုအပ်သည့် အရာများကို ပြင်ဆင်ခဲ့သည်။ ဒီလိုနှင့် ကျင့်ကြံခြင်း လောကမှ လုပ်ငန်းစဥ်များအတိုင်း မင်္ဂလာပွဲကို ကျင်းပခဲ့ပါသည်။
မင်္ဂလာပွဲပြီးနောက် သူတို့လေးယောက်သား ကျင်းကောင်တီမြို့၏ တရားရုံးတော်သို့သွားကာ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ကြပါသည်။
ယဲ့ရှောင်ချန်းက သူ့အဆက်အသွယ်များကို အသုံးပြုပြီး သူတို့လေးယောက်ကို လက်ထပ်စာချုပ် ချုပ်ဆိုနိုင်ဖို့ ကူညီခဲ့ပြီးပြီ ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ်စ သူတို့အားလုံးက အနာဂတ်တွင် သေမျိုးလောကမှာသာ နေထိုင်ကြရတော့သူများဖြစ်သည်။
လျန်ယူကျူးနှင့် တခြားသုံးယောက်တော့ ဘယ်လောက် ပျော်ရွှင်နေသလဲဆိုတာ မြင်ပြီး ယဲ့ရှောင်ချန်းလည်း မျှော်လင့်ချက် ထားမိပါသည်။ သူနဲ့ ဝမ်ရှင်းယီတို့ ဘယ်တော့ လက်ထပ်နိုင်မလဲ တွေးမိပါသည်။
ဝမ်ရှင်းယီအား သူမ၏ ဂီတနယ်ပယ်တွင် လမ်းမှန်သွားပြီ ဆိုတာနှင့် လက်ထပ်ခွင့် တောင်းသင့်သလားဟု တွေးနေမိပါသည်။