← Chapters

အင်မော်တယ်များသည်လည်း သေမျိုးတွေရဲ့ အစားအသောက်ကို ကြိုက်နှစ်သက်သည်

Vol. 19 Ch. 285

အင်မော်တယ်များသည်လည်း သေမျိုးတွေရဲ့ အစားအသောက်ကို ကြိုက်နှစ်သက်သည်

Vol. 19 Ch. 285

ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတွင်။

ယဲ့ရှောင်ချန်းက စမ်းသပ်ချက်တစ်ခု ပြုလုပ်နေ၏။ သာမန် မြက်ပင်များကို စိုက်ပျိုးနေဆဲ ဖြစ်သည်။

သုတေသနနှင့် စမ်းသပ်ချက်များ လအနည်းငယ်လောက် လုပ်ဆောင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်း အခက်အခဲတချို့ကို ကျော်ဖြတ်နိုင်ခဲ့ပြီး တချို့ ပုံစံကွက်များကို နားလည်လာနိုင်ခဲ့ပါသည်။

သို့သော်လည်း သာမန် မြက်ပင်များကို အင်မော်တယ် မြက်ပင်များအဖြစ် ပြောင်းလဲနိုင်ဖို့က ကြီးမားသော အခက်အခဲတစ်ခုတော့ ရှိနေပါသေးသည်။

ရုတ်တရက် ယဲ့ရှောင်ချန်းက မျိုးစေ့တစ်ခုကို မြေကျင်းထဲ ထည့်လိုက်သည်။ သူ့လက်ချောင်းဖြင့် ညွှန်လိုက်သောအခါ အလင်းတန်းတစ်ခုက ထွက်လာ၏။ တဖြည်းဖြည်း မျိုးစေ့မှာ အမြစ်တွယ်ပြီး စတင် အပင်ပေါက်လာခဲ့၏။ တဖြည်းဖြည်း ၎င်းကို အုပ်ထားသည့် မြေကြီးထဲမှ ထွက်လာခဲ့ပါသည်။

အသက်ဝဝရှူလိုက်ပြီး မျက်လုံးကို မှေးလိုက်သည်။ သူ့လက်ချောင်းများထဲမှ မှော်စွမ်းအင် စီးကြောင်းများ ပျံထွက်လာပြီး လက်ချောင်းထိပ်မျာကို ဝန်းရံလိုက်ကြသည်။

ယဲ့ရှောင်ချန်း၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့တောင် အနည်းငယ် အားစိုက်ရပါသေးသည်။

အယ့်ကြောင့်ဆိုသော်် သစ်ပင်အဆောင် အခင်းအကျင်းနည်းလမ်းကို အချိန်ကိုက် ဆောင်ရွက်နေရသော ကြောင့်ဖြစ်ပါသည်။

သစ်ပင်အဆောင် အခင်းအကျင်းနည်းလမ်းအား တည်ဆောက်ပြီးနောက် ယဲ့ရှောင်ချန်းက ရုတ်တရက် လေဟာနယ်ကို ဖိချလိုက်သည်။ ရုတ်တရက် သူ့လက်ဖဝါးအကြားထဲ အလင်းလုံး တစ်ခု ပေါ်လာပြီး မြက်ပင်ကို ဖုံးအုပ်သွားခဲ့၏။

ထူးဆန်းသည့် အလင်းဒိုင်းကာလေး တစ်ခုလိုပင်။

"ဟူး... ဝိညာဥ်ခွဲထွက် အခင်းအကျင်း နည်းလမ်းက အပင်တွေရဲ့ စိတ်အာနိသင်နဲ့ သူတို့ရဲ့ အသိစိတ်ကို မြှင့်တင်ပေးနိုင်တယ်။ တဖြည်းဖြည်းနဲ့ အပင်တွေက သာမန်ထက် ထူးကဲတဲ့ စွမ်းအားတွေ ပိုင်ဆိုင်လာရလိမ့်မယ်။ ဒါပေမယ့် ဒီနည်းလမ်းကို အချိန်အကြာကြီး ထိန်းထားလို့တော့မရဘူး။ ပြီးတော့ ဘေးထွက်ဆိုးကျိုးတွေက ကြီးလွန်းတယ်။ အလားအလာကို လှုံ့ဆော်ပေးပြီး အပင်တွေကို အလွယ်တကူ ထိခိုက်စေနိုင်တယ်။"

ယဲ့ရှောင်ချန်းက တစ်ယောက်တည်း စဥ်းစားလိုက်ပါသည်။

သစ်ပင်အဆောင် အခင်းအကျင်းနည်းလမ်းကို ဝိညာဥ်ခွဲထွက် အခင်းအကျင်းနည်းလမ်းဟုလည်း ခေါ်သေးသည်။ ယဲ့ရှောင်ချန်းက စတိုးဆိုင်မှ အင်မော်တယ်ယွမ် အသုံးပြုပြီး ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ရှန်းနုန်မျိုးဆက် လက်စွဲစာအုပ်ထဲက စာမျက်နှာတစ်ခုပဲဖြစ်၏။

သူဝယ်ချင်နေတာကြာပြီဖြစ်သော တခြား စာမျက်နှာတချို့လည်း ရှိနေပါသေးသည်။ သို့သော်လည်း လောလောဆယ် အင်မော်တယ်ယွမ်လုံလုံလောက်လောက် မရှိသေးပါ။

ထိုအဆင့်မြင့် အပင်အသိပညာများနှင့် အင်မော်တယ်ယွမ်များက ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေး ပါရမီအား ကြီးကြီးမားမား အကျိုးကျေးဇူး သက်ရောက်စေပါလိမ့်မည်။

ယခု ယဲ့ရှောင်ချန်းက အဝါရောင် အဆင့် အင်မော်တယ်အပင်များကို အဆင့်နိမ့်အရည်အသွေးများအဖြစ် စိုက်ပျိုးနိုင်ပြီ ဖြစ်၏။

အနက်ရောင်အဆင့် အင်မော်တယ်အပင်နှစ်မျိုးကို သူစိုက်ပျိုးထားသည်။ ၎င်းတို့က အဝါရောင် အဆင့် အင်မော်တယ်အပင်တွေထက် အများကြီး ပိုရှား၏။ ပထမဆုံး အင်မော်တယ် မြေကွက်က အဆင့် ၃ အင်မော်တယ် မြေကွက်ဖြစ်ရပါမည်။

အဆင့် ၃ အင်မော်တယ် မြေကွက်တစ်ကွက်ကို အင်မော်တယ်ယွမ် ၁၀,၀၀၀ ကုန်ကျ၏။

အဆင့် ၂ အင်မော်တယ် မြေကွက်ကို အဆင့် ၃ အဖြစ် မြှင့်တင်ဖို့ ယဲ့ရှောင်ချန်း သူ့အင်မော်တယ်ယွမ် အားလုံးနီးပါးကို အပြောင် သုံးစွဲခဲ့ရပါသည်။

ထို့ကြောင့် ရှန်းနုန်မျိုးဆက် လက်စွဲစာအုပ်မှ တခြားစာမျက်နှာများကို ဝယ်ဖို့ အင်မော်တယ်ယွမ် မလောက်ငှတော့ပါ။

သို့သော်လည်း ရက်ပိုင်းအတွင်း နောက်ထပ် လေလံပွဲ ရှိလာမည်ဖြစ်သဖြင့် အင်မော်တယ်ယွမ် သိန်းချီပြီး ပြန်ရနိုင်ပါသည်။

ခဏလောက် ကြာသောအခါ အလင်းတန်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ထို့နောက် မြက်ပင်၏ ဖွံ့ဖြိုးမှုက ပြောင်းလဲမှုတချို့ ဖြစ်ပေါ်လာ၏။ မြက်ပင်တစ်ပင်လုံးက ဖျော့တော့တော့ အလင်းတစ်ခုကို ထုတ်လွှတ်နေသလိုပင်။

ဒီအင်မော်တယ် မြက်ပင်က အင်မော်တယ်ချီကို စုပ်ယူနေတာ သိသာပါသည်။

တစ်ချက်လောက် တွေးလိုက်ရုံနှင့် သူ့အင်မော်တယ် အာရုံမှာ မြက်ပင်၏ အပင်ဝိညာဥ်နှင့် ချက်ချင်းဆိုသလို ချိတ်ဆက်သွား၏။ အားလုံး သူ့အတွက် ရှင်းလင်းလာခဲ့ပါသည်။

ထိုအချိန်တွင် မြက်ပင်၌ အင်မော်တယ်အပင်တစ်မျိုး၏ လုပ်ဆောင်ချက်မျိုး ရှိလာပြီဖြစ်သည်။ အင်မော်တယ် ဝိညာဥ်စွမ်းအင်နှင့် အင်မော်တယ် မြေကြီးထဲက အာဟာရများကို ဆက်တိုက် စုပ်ယူနေသည်။

ထိုမျှသာမကသေးဘဲ။ မြက်ပင်အတွင်းတွင် တလက်လက် လင်းလက်နေသော ထူးဆန်းသည့် မှော်သင်္ကေတများလည်း ရှိပါသည်။ မြက်ပင်ကြီး တစ်ခုလုံးက ထင်ရှားလာခဲ့ပြီး မြက်ပင်၏ တည်မြဲမှုကို ထောက်ပံပေးနေသလိုပင်။

မဟုတ်ပါက အင်မော်တယ်ချီစွမ်းအင်၏ ကြမ်းတမ်းပြီး ရက်စက်သော သဘောသဘာဝနဲ့သာဆို မြက်ပင် ဗြောင်းဆန်ပြီး ပျက်စီးသွားဖို့ အလွန် လွယ်ကူပါသည်။

ဒီလို အချိန်အကြာကြီး ဖြစ်ပြီးသွားသောအခါ မြက်ပင်တစ်ပင်လုံးက ပို၍ ပို၍ သက်ဝင်လာခဲ့ပါသည်။

ဖွံ့ဖြိုးခြင်း သို့မဟုတ် သန္ဓေပြောင်းလဲခြင်း အရိပ်အယောင် မတွေ့ရပါ။

ရုတ်တရက် မြက်ပင် အနည်းငယ် တုန်ခါသွား၏။ ထို့နောက် ထူးဆန်းသည့် ပုံစံကွက်များက မြက်ပင်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း မြက်ပင်တစ်ပင်လုံး ခြောက်သွေ့ သေဆုံးသွားပါတော့သည်။

ဒါကိုမြင်သောအခါ ယဲ့ရှောင်ချန်း မအံ့သြခဲ့ပါ။ မြက်ပင် ဒီလောက်ထိ အချိန်အကြာကြီး တောင့်ခံနိုင်ဖို့တောင် မလွယ်ကူခဲ့ပါ။

နောက်ဆုံးတွင်တော့ မြက်ပင် အချိန်အကြာကြီး တောင့်ခံနိုင်ခဲ့ရသည့် အကြောင်းအရင်းက သစ်ပင်အဆောင် အခင်းအကျင်း၏ ဝိညာဥ်စွမ်းအင်ကြောင့်သာ ဖြစ်ပါသည်။ ကံမကောင်းစွာဖြင့် အပင်ထဲက ထိုစွမ်းအင်ကို လောလောဆယ်တော့ သူ တည်ငြိမ်အောင် မလုပ်ဆောင်နိုင်သေးပါ။

အပင်၏ ပုံမှန် လုပ်ဆောင်ချက်တစ်ခုဖြစ်လာအောင် လုပ်နိုင်ပါက သူ့သုတေသန မှာ ရှေ့သို့ ခြေလှမ်း ကြီးကြီးမားမား တစ်လှမ်း လှမ်းနိုင်လိမ့်မည်ဖြစ်ပါသည်။

၃ ရက်ကြာသောအခါ။

လေလံပွဲ စတင်ခဲ့၏။

မနက်စောစော အချိန်တွင် ယဲ့ရှောင်ချန်းနှင့် တခြားသူများ ပြင်ဆင်ခဲ့ကြ၏။

လေလံပွဲအား ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ကျင်းပမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

အင်မော်တယ်များက ၎င်းတို့၏ ပုံရိပ်ယောင်များကို အသုံးပြုပြီး ကောင်းကင်ဘုံလှိုဏ်ဂူထဲသို့ သက်ဆင်းလာနိုင်၏။

ဒါက ပထမဆုံးအကြိမ် မဟုတ်ပါ။

လျန်ယူကျူးနှင့် တခြားသူများလည်း အသားကျနေပြီးသား ဖြစ်သည်။

အမှန်ပင်။ ပထမဆုံးအကြိမ်အဖြစ် လေလံပွဲကို ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် ကျင်းပခဲ့တုန်းကတော့ လျန်ယူကျုူးနှင့် တခြားသူများ ကြောင်သွားခဲ့ရပါသည်။

အင်မော်တယ် ရာပေါင်းများစွာက ကောင်ကင်ဘုံ လှိုဏ်ဂူထဲသို့ သက်ဆင်းလာကြ၏။ ထို့အပြင် သူတို့ တစ်ဦးချင်းဆီ၏ အရှိန်အဝါကလည်း မဖော်ပြနိုင်လောက်အောင် ကြီးမားလွန်းလှသည်။

သူတို့က ပုံရိပ်ယောင်များသာ ဆိုသော်လည်း မော်တယ် လောကက ကျင့်ကြံသူများ လက်ဖျားဖြင့် ထိလို့တောင် မရနိုင်ပါ။

အမှန်ပင်။ ဒါက ယဲ့ရှောင်ချန်း၏ ကောင်းကင်ဘုံလှိုဏ်ဂူဖြစ်၏။ ယဲ့ရှောင်ချန်းက အဆုံးစွန်စွမ်းအားကို ကျွမ်းကျင်တတ်မြောက်ထားသဖြင့် အင်မော်တယ်များ၏ ပုံရိပ်ယောင်များဆိုရင်တောင် ဒီနေရာက စည်းမျဥ်းများကို လိုက်နာကြရပါမည်။

ထို့ကြောင့် အင်မော်တယ်များက အလွန် ယဥ်ကျေးကြ၏။

လျန်ယူကျူးနှင့် တခြားသူများက ထိုပုဂ္ဂိုလ်အားလုံးမှာ အင်မော်တယ်လောကမှ အင်မော်တယ်များဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့ဘော့စ် ယဲ့ရှောင်ချန်း၏ နောက်ခံအကြောင်းတရားကို ပို၍ပင် စိတ်ဝင်စားလာကြပါသည်။

ထို့အပြင် ထိုအင်မော်တယ်များ၏ လေသံကလည်း သူတို့ဘော့စ်ကို အလွန်ယဥ်ကျေးနေကြပါသည်။

ရုတ်တရက် သူတို့ဘော့စ်နှင့် အလုပ် အတူတူ တွဲလုပ်ရခြင်းက ကောင်းကင်ဘုံမှ ပို့လိုက်သော အခွင့်အရေးတစ်ခုဖြစ်သည်ဟု ခံစားလိုက်ကြရပါသည်။

သူတို့ ဘော့စ် ပြောသည့်အတိုင်း သူတို့အားလုံး အနာဂတ်တွင် အင်မော်တယ်လောကသို့ တက်လှမ်းနိုင်ခြေ ရှိနိုင်ပါသည်။

ထို့ကြောင့် လျန်ယူကျူးနှင့် တခြားသူများက သူတို့အလုပ်နှင့် ကျင့်ကြံခြင်းများကို ပိုမိုအားစိုက်ကာ ပြုလုပ်လာကြသည်။ သူတို့အားလုံးက တိုက်ခိုက်လိုစိတ်၊ စိတ်အားထက်သန်မှုများဖြင့် ပြည့်ဝနေကြပါသည်။

ထိုအချိန်တွင် ကောင်းကင်ဘုံလှိုဏ်ဂူ၏ ထောင့်တစ်နေရာ၌ ဧရာမစင်ကြီးတစ်ခု တည်ရှိနေသည်။ ထိုင်ခုံများစွာကို ထိုနေရာတွင် ပြင်ဆင်ထား၏။

ထို ထိုင်ခုံများကိုတော့ အပြင်ဘက်ကမ္ဘာက ယူလာခဲ့ခြင်း ဖြစ်ပါသည်။

အင်မော်တယ်များ၏ ပုံရိပ်များ ဆင်းသက်လာသောအခါ ထိုင်ခုံများ အလျင်အမြန်ပင် ပြည့်သွားကြပါသည်။

လျန်ယူကျူးနှင့် တခြားသူများက အင်မော်တယ်များကို အစားအသောက်များ စတင် တည်ခင်းပေးကြသည်။

ထိုအင်မော်တယ်များက အင်မော်တယ် သစ်သီးနှင့် ဖျော်ရည်များကို စားသောက်ကြသော်လည်း မော်တယ်အစားအစာများကိုလည်း သဘောကျကြပါသည်။

ဥပမာအားဖြင့် ချောင်းကျွေ့၊ ကော်ဖီ၊ သကြားလုံးမျိုးစုံနှင့် ရေခဲမုန့်ပါ ကြိုက်တတ်ကြသေးသည်။

"ယဲ့ရှောင်ချန်း ဒီတစ်ခေါက် ငါ ရေခဲမုန့် ပုံးကြီးတစ်ပုံး ပြန်သယ်သွားချင်တယ်။ စျေးကတော့ ညှိနှိုင်းကြတာပေါ့။"

မဟာပညာရှိကြီး စွန်းဝူခုံးက ရေခဲမုန့်ကို လျက်ရင်း ပြောလိုက်ပါသည်။

"စိတ်မပူပါနဲ့ မဟာပညာရှိကြီး။ ကျွန်တော် ပြင်ထားပြီးပါပြီ။"

"ယဲ့ရှောင်ချန်း ငါ့ကော်ဖီကော ဘယ်မှာလဲ။ နက်စ်ကဖေးနော်။ အဲ့တာက အရသာရှိတယ်။"

"ငါလည်း အဲ့ဒီချော့ကလက် စားချင်တယ်။ ဟားဟား ကျူးပါကျဲ။ မဟုတ်မှလွဲရော အဲ့ဒီ ချော့ကလက်ကို မင်းရဲ့တပည့်တွေနဲ့ မြေးတပည့်တွေ လုပ်ထားတာလား။"

အာ့လန်ရှန်းက ကျူးပါကျဲကို လှောင်လိုက်ပါသည်။

"အာ့လန်ရှန်း မင်းမှာ ဗဟုသုတမရှိဘူးလား။ ချော့ကလက် ဘယ်လိုလုပ်လဲဆိုတာ မသိဘူးလား။ ငါ ကျူးပါကျဲက မင်းကို ရှင်းပြပေးမယ်။"

ကျူးပါကျဲက ပြန်ချေပလိုက်သည်။

မြင်ကွင်းက ဗြောင်းဆန်လွန်းနေပါသည်။ အမှန်ပင်။ အင်မော်တယ် အများစုကတော့ လူကြီးလူကောင်း ဆန်ကြ၏။

မကြာမီ လျန်ယူကျူးနှင့် တခြားသူများ အင်မော်တယ်များ လိုအပ်သည့် အရာများကို ယူဆောင်လာပေးခဲ့ပါသည်။

သူတို့ အင်မော်တယ်ယွမ်တော့ ပေးချေရမည်။

ရေခဲမုန့်တစ်ခုကို အင်မော်တယ်ယွမ် ၁၈ ယွမ်။

ချော့ကလက် တစ်ခုကို အင်မော်တယ်ယွမ် ၁၂ ယွမ်။

နက်စ်ကဖေး ကော်ဖီ တစ်ထုပ်ကို အင်မော်တယ်ယွမ် ၉ ယွမ်။

ကြက်ဥနှစ် ပိုင်မုန့်တစ်ခုကို အင်မော်တယ်ယွမ် ၅၈ ယွမ်။

အားလူးချောင်းအစပ်ကြော် တစ်ထုပ်ကို အင်မော်တယ်ယွမ် ၁၅ ယွမ်။

အသင့်စား ခေါက်ဆွဲတစ်ဗူးကို အင်မော်တယ်ယွမ် ၂၀ ယွမ်။

ဘာပဲဖြစ်ဖြစ် စျေးက မနိမ့်ပါ။

အလကား ပေးရမှာလား။ လခွမ်း ငါတောင် သူတို့ကို မေးခွန်းတစ်ခု မေးဖို့ အင်မော်တယ်ယွမ် ပေးရတာ။ သူတို့ကို ဘာလို့ အလကားပေးရမှာလဲ။

ဒီအင်မော်တယ်များက အင်မော်တယ်ယွမ် မရှိဘဲ မနေပါ။

ထို့ကြောင့် ယဲ့ရှောင်ချန်းက တစ်ကြိမ်ကို အင်မော်တယ် ထောင်ချီပြီး ရနိုင်၏။

ဗြောင်းဆန်နေသည့် ကိစ္စများကို ရှင်းပြီးနောက် နောက်ဆုံးတော့ လေလံပွဲ စတင်ခဲ့ပါသည်။

သူ့မှာ အလုပ်သမားများ ရှိနေပြီဖြစ်သောကြောင့် ယဲ့ရှောင်ချန်းကိုယ်တိုင် စင်ပေါ်တက်ပြီး လေလံပစ်စရာ မလိုတော့ပါ။

ဒီနေ့ စင်ပေါ်တက်ရမည့်လူက ထုပိုင်ယွမ် ဖြစ်၏။ သူက စကားပြောကောင်းပြီး ချောမွေ့သည်။ လေလံပွဲ၏ အခြေအနေကို ဘယ်လို အားကောင်းလာအောင် လုပ်ပေးရမလဲ သိသည်။

အနည်းဆုံးတော့ သူ့ကို ဒီအပိုင်းတွင် မယှဥ်နိုင်ပါဟု ယဲ့ရှောင်ချန်း ခံစားမိပါသည်။

All Chapters