← Chapters

ပင်လယ်နက် မဟာဗုံး

Vol. 80 Ch. 1111

ပင်လယ်နက် မဟာဗုံး

Vol. 80 Ch. 1111

လစန္ဒာအကြီးအကဲ လေးဦးမှာ အန်လင်း လိပ်ခွံအားကြည့်ကာ မျက်မှောင်ကျုံ့လိုက်ကြသည်။

သူမ၏ ပုံရိပ်များ ဝေဝါးသွားပြီးနောက် အစစ်အမှန် ခန္ဓာပေါ်ထွက်လာသည်။

“စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်နဲ့ မိုးကြိုးကပ်ဘေး အရှင်သခင်ကြီးက လိပ်တစ်ကောင်လို ပုန်းနေပါလား။”

လစန္ဒာအကြီးအကဲ မထီမဲ့မြင် ပြောလိုက်သည်။

အန်လင်း၏ လိပ်ခွံမှာ လစန္ဒာအကြီးအကဲထံ အရှိန်အဟုန်ဖြင့် ဝင်ဆောင့်လာသည်။

လစန္ဒာအကြီးအကဲ : “.....”

သူမသည် လိပ်ခွံအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

“မဟူရာစန္ဒာနတ်လက်ဝါး....”

သူမ၏လက်ဝါးမှ စစ်မှန်ယင်းစွမ်းအင်များ ပါဝင်နေသော လရောင်များ ဖြာထွက်ကာ နတ်လက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဝုန်း....

ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ဆယ်ကီလိုမီတာ ဝန်းကျင်ရှိ အရာများအားလုံး ပျက်စီးသွားရသည်။

“တကယ်မာတာပဲ။”

လစန္ဒာအကြီးအကဲမှာ အက်ရာကလေးသာ ထင်သွားသော လိပ်ခွံအားကြည့်ကာ စိတ်တိုသွားမိသည်။

သူမ ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်စဥ်မှာပင် လေဟာနယ်ချိပ်စည်း ကျိုးပျက်သွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။

လစန္ဒာအကြီးအကဲ အမူအရာ ပြောင်းလဲသွားသည်။

အံ့ဖွယ်တာအို ရရှိထားသော ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူကသာ လေဟာနယ်ချိပ်စည်းအား ချိုးဖျက်နိုင်ပေလိမ့်မည်။

အန်လင်းရဲ့ လူတွေထဲမှာ အဲ့လောက်အဆင့် ရှိတာလား....

လစန္ဒာအကြီးအကဲသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာမှ တီနာ ရရှိထားသော ကျင့်စဥ်များအား အထင်သေးခဲ့ခြင်းပင်။

လေဟာနယ်ချိပ်စည်း ကျိုးပျက်သွားသည်နှင့် အားလုံးမှာ ကောင်းကင်ဘုံခုံရုံးအား စစ်ကူခေါ်ကြတော့သည်။

လစန္ဒာအကြီးအကဲအနေဖြင့် မိစ္ဆာရှင်းဓားအား အမြန်ဆုံး ရယူနိုင်ရန်သာ အာရုံစိုက်ရတော့မည်။

သူမ စုရှောင်လန်တို့အားကြည့်ကာ ပြုံးလိုက်သည်။

“နင်လာမတိုက်မှတော့ နင့်သူငယ်ချင်းတွေကို အရင်ရှင်းရမှာပေါ့။”

အန်လင်း၏ လိပ်ခွံသည် သူငယ်ချင်းများအား ကာကွယ်နိုင်မည် မဟုတ်ပေ။

လစန္ဒာအကြီးအကဲသည် အန်လင်းအား တမင်တကာ ဖိအားပေးလိုက်ခြင်း ဖြစ်သည်။

ထင်မှတ်ထားသည့်အတိုင်း လိပ်ခွံမှာ တုန်ခါလာသည်။

သို့သော် စွမ်းအင်တစ်ခုသာ လစန္ဒာအကြီးအကဲထံ ရောက်ရှိလာပြီး လိပ်ခွံမှာ လျင်မြန်စွာ ထွက်ပြေးသွားလေသည်။

လစန္ဒာအကြီးအကဲမှာ မရဏ အငွေ့အသက်အား ရရှိလိုက်သည်။

“စစ်မှန်သောစန္ဒာအကာအရံ....”

လစန္ဒာအကြီးအကဲမှာ တွေဝေခြင်းပင် မရှိပဲ အကောင်းဆုံး ခုခံကာကွယ်ရေးအား အသက်သွင်းလိုက်သည်။

ကောင်းကင်ထက်ရှိ လမှာပျောက်ကွယ်သွားပြီးနောက် သူမ ခန္ဓာကိုယ် တဝိုက်တွင် အကာအရံတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ကြောက်မက်ဖွယ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဝုန်း....

အပြာရောင် စွမ်းအင်များသည် အကန့်အသတ်မဲ့သော သမုဒ္ဒရာ တစ်ခုအလား ကောင်းကင်နှင့်မြေပြင်ကို လွှမ်းခြုံသွားသည်။

လစန္ဒာအကြီးအကဲ၏ အံ့ဖွယ်တာအို နယ်ပယ်မှာလည်း ချက်ချင်းဆိုသလို ပေါက်ကွဲသွားရသည်။

အန်လင်းသည် ပင်လယ်နက်မဟာဗုံးဖြင့် လစန္ဒာအကြီးအကဲအား တိုက်ခိုက်လိုက်သည်ပင်။

ပင်လယ်နက်မဟာဗုံးတွင် လန်ရှင်းယန်၏ အံ့ဖွယ်တာအို အစွမ်းများ ပါဝင်နေပြီး တာအိုပေါင်းစည်းခြင်း အဆင့်အောက်တွင်ဆိုပါက ထိုဗုံးနှင့် ကီလိုမီတာ ငါးဆယ်အကွာတွင်သာ ရှိနေသင့်သည်။

အန်လင်းသည် ထိုမျှအကွာအဝေးတွင် ရှိမနေပါသော်လည်း စုရှောင်လန်နှင့် အခြားသူများမှာ လုံလောက်သော အကွာအဝေး တစ်ခုသို့ ရောက်နေခဲ့လေပြီ။

ထို့ကြောင့်ပင် လိပ်ခွံထဲတွင် ရှိနေသော အန်လင်းသည် စွန့်စားကာ ဆုံးဖြတ်ရဲခဲ့ခြင်း ဖြစ်သည်။

ထိတ်လန့်ဖွယ်ကောင်းသော အပြာရောင် စွမ်းအင်လှိုင်းများမှာ အန်လင်းနှင့် လစန္ဒာအကြီးအကဲအား ဝါးမြိုသွားသည်။

ထိုစွမ်းအင်များသည် လှိုင်းလုံးများအဖြစ် ပြောင်းလဲကာ ကီလိုမီတာ နှစ်ရာ့ငါးဆယ်ကျော်အား သမုဒ္ဒရာတစ်ခု ဖြစ်သွားစေသည်။

“အန်လင်း.....”

အတန်းဖော်များမှာ အန်လင်းနာမည်အား အော်ဟစ်ရင်း လွင့်ထွက်ကုန်သည်။

ပေါက်ကွဲမှုမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့် စိတ်မပူပဲ မနေနိုင်ကြပေ။

စုရှောင်လန်မှာ ရွှေလည်တိုင်ပေါ်မှ အနက်ရောင်လိပ်ခွံအားကိုင်ကာ မျက်ရည်ဝဲနေသည်။

“နင်အဲ့လိုဗုံး သုံးမယ်မှန်းသိရင် ဒါကိုနင့်ပဲ ပေးခဲ့မှာပေါ့။”

ပင်လယ်နက်မဟာဗုံးနှင့် ကောင်းကင်မဟူရာကြယ်စင်အခွံသည် ပြီးပြည့်စုံသော တွဲဖက်မှု ဖြစ်နိုင်ကြောင်း အန်လင်းကိုယ်တိုင် မတွေးမိခဲ့ပေ။

တပိုင် မျက်လုံးအပြူးသား ဖြစ်နေသည်။

“အစ်ကိုကြီးအန်က အဲ့လောက်ကြောက်စရာကြီးကို လုပ်နိုင်တယ်လား..... ဝုတ်။”

“ဝိဥာဥ်ငါးကလန်ခေါင်းဆောင် လန်ရှင်းယန်ဆီက ရထားတာလေ။”

တီနာ ရှင်းပြလိုက်သည်။

“အဲ့လိုလား။”

တပိုင်မှာ အသက်ရှူရန်ပင် မေ့လျော့နေမိသည်။

“သမုဒ္ဒရာကို ဖန်ဆင်းနိုင်တဲ့ဗုံးမျိုး မတွေ့ဖူးသေးဘူး.... ဝုတ်။”

ရွှမ်းယွမ်ချန် စိတ်လှုပ်ရှားနေသည်။

“ယင်းယန်စွမ်းအင်တွေ ပေါင်းစည်းသွားတာ ပြီးပြည့်စုံနေရောပဲ။”

အံ့ဖွယ်တာအို အစွမ်းများ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

ပင်လယ်ပြာထက်တွင် အစိမ်းရောင် အလင်းတစ်ခု ရှိနေသည်။

ထိုလိပ်ခွံပေါ်တွင် အမျိုးသားတစ်ဦး အသက်ပြင်းပြင်းရှူကာ လှဲလျောင်းနေလျက် ရှိသည်။

သူသည် အဝတ်အစားများ ဆုတ်ပြဲကာ ဒဏ်ရာအချို့ ရရှိထားသည်။

“တော်တော်ကြောက်စရာ ကောင်းတာပဲ။ စစ်နတ်ဘုရားခန္ဓာနဲ့ လိပ်ခွံရှိတာတောင် ထိသွားသေးတယ်။”

အန်လင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။

လစန္ဒာအကြီးအကဲတော့ ရှောလောက်ပါပြီနော်.....

အန်လင်းမှာ ထိုအတွေးနှင့်အတူ တစ်နေရာသို့ လှမ်းကြည့်လိုက်မိသည်။

All Chapters