← Chapters

ကြမ်းတမ်းသော တိုက်ပွဲ

Vol. 80 Ch. 1112

ကြမ်းတမ်းသော တိုက်ပွဲ

Vol. 80 Ch. 1112

ထိုနေရာတွင် ပင်လယ်ရေများမှလွဲ၍ ဘာမှရှိမနေပေ။

“ပြီးသွားပြီပဲ။”

အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

လစန္ဒာအကြီးအကဲသည် မဟူရာည အကြီးအကဲ၊ လေဒင်နှင့် ချန်းဟောက်တို့ထက်ပင် ကြောက်မက်ဖွယ်ရာ ကောင်းသေးသည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ အရည်အချင်း အားလုံးအား ပြသခွင့်ပင် မရခဲ့ပေ။

“ရှဲ့လေး ငါ့ရဲ့ကာကွယ်မှုကို ရင်ထဲထိသွားပြီလား။”

အန်လင်း မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်။

မိစ္ဆာရှင်းဓားသည် မည်သည့်စကားမှ ပြန်မပြောပဲ 'အင်း'ဟူသော အာမေဋိတ်သံ တစ်ခုသာ တုံ့ပြန်လာသည်။

မိစ္ဆာရှင်းဓားနှင့် ဆက်ဆံရေး တိုးတက်လာကြောင်း သိသာနေသောကြောင့် အန်လင်းမှာ မျက်ရည်များပင် စီးကျလာရသည်။

သူမိစ္ဆာရှင်းဓားအား ချီးကျူးလိုက်သည်။

“ရှဲ့လေးရဲ့ အရောင်အဝါက အသန့်စင်ဆုံး အနက်ရောင်ပဲ။ ဓားတွေထဲမှာလည်း မင်းလောက်လှတဲ့ဓား မရှိဘူး။ အကြည့်ကို မခွာနိုင်တော့ဘူးကွာ။”

မိစ္ဆာရှင်းဓား ဒေါသထွက်သွားရသည်။

“ငါ့ကိုရွံပြီးသေအောင် လုပ်နေတာလား။”

အန်လင်းသည် ကောင်းမွန်နေသော စိတ်အခြေအနေအား အမြဲဖျက်စီးပစ်သည်ပင်။

အန်လင်းမှာ အန္တရာယ် အငွေ့အသက် ရရှိလာသောကြောင့် ဓားအားပြန်သိမ်းလိုက်ရသည်။

“သတိထား....”

မိစ္ဆာရှင်းဓားလည်း သတိပေးလာသည်။

ဝှစ်.....

မျက်စိကျိန်းရလောက်အောင် တောက်ပနေသော လခြမ်းတစ်ခုမှာ သမုဒ္ဒရာအား ခွဲပစ်လိုက်သည်။

အန်လင်း လှဲနေသော လိပ်ခွံသည်ပင် နှစ်ခြမ်းကွဲသွားရသည်။

မိစ္ဆာရှင်းဓား လက်ကိုင်အား ကိုင်ဆောင်ထားသော အန်လင်း၏ လက်မှာလည်း အရိုးများ ကျိုးကြေကာ သွေးများနှင့်အတူ ပြတ်ထွက်သွားသည်။

“အား......”

အန်လင်း စူးစူးဝါးဝါး အော်ဟစ်လာသည်။

အနက်ရောင်ပုံရိပ်တစ်ခုမှာ မိစ္ဆာရှင်းဓားထံ ရောက်ရှိလာလေသည်။

လစန္ဒာအကြီးအကဲ မသေသေးပေ။

သူမသည် ပင်လယ်နက်မဟာဗုံးအား ခံနိုင်ရည် ရှိခဲ့သည့်အပြင် ထွက်မပြေးပဲ အခွင့်အရေးတစ်ခုကို စောင့်နေခဲ့သည်။

လစန္ဒာအကြီးအကဲမှာ ကြောက်မက်ဖွယ် ရန်သူတစ်ဦးပင်။

သူမသည် ခြေတစ်ဖက်၊ လက်တစ်ဖက် ပြတ်နေပြီး တောင်ပံနက်မှာလည်း ရစရာ မရှိအောင် စုတ်ပြတ်ကာ ခန္ဓာကိုယ်မှာ မြင်မကောင်းတော့ပေ။

“ငါနိုင်ပြီ။”

လစန္ဒာအကြီးအကဲမှာ ညင်သာတည်ငြိမ်သော မျက်ဝန်းများဖြင့် အန်လင်းအား ကြည့်ရှုလာသည်။

“တကယ်လား။”

အန်လင်းထံမှ မဟူရာ မြူခိုးများ ထွက်ပေါ်လာလေသည်။

မြေအောက်ကမ္ဘာရဲ့ မူလစွမ်းအင်......

လစန္ဒာအကြီးအကဲ မျက်နှာပျက်သွားရသည်။

ယခုကဲ့သို့ အခြေအနေတွင်ပင် ထူးခြားသော တိုက်ခိုက်မှုများ ပြုလုပ်နိုင်ဦးမည်ဟု ထင်မထားခဲ့ပေ။

အန်လင်း၏ လက်ဝါးထက်တွင် ကောင်းကင်နှင့်မြေပြင်၏ ဝိဥာဥ်စွမ်းအင်များ စုဝေးကာ ရွှေရောင်အလင်းများ ဖြာထွက်လာသည်။

ထိုသည်မှာ စစ်နတ်ဘုရား ကောင်းကင်ဖောက်ခွဲအမြှောက်ပင်။

လစန္ဒာအကြီးအကဲသည် ဆုံးဖြတ်ချက် တစ်ခုအားချကာ မိစ္ဆာရှင်းဓားအား မြှောက်လိုက်သည်။

“မိစ္ဆာဓားကျင့်စဥ် : ဧကရာဇ်ကို ဖျက်စီးမယ့် အမှောင်ထု....”

ဝှစ်.....

ကြောက်မက်ဖွယ် ပုံရိပ်တစ်ခု သူမနောက်တွင် ဖြစ်တည်လာသည်။

လစန္ဒာအကြီးအကဲသည် မိစ္ဆာရှင်းဓားဖြင့် အန်လင်းအား တိုက်ခိုက်လိုက်သည်။

ကောင်းကင်တခွင်လုံးပင် မည်းမှောင်သွားသည်ကိုကြည့်ကာ အန်လင်း လန့်သွားမိသည်။

သောက်ကျိုးနည်း..... ရှောင်လို့မရလောက်ဘူးဟ....

ထိုအချိန်မှာပင် သေးငယ်သော ပုံရိပ်တစ်ခု ရုတ်တရတ် ပေါ်ထွက်လာသည်။

“နတ်ဘုရားကျင့်စဥ် : စွမ်းအင်ရင်းမြစ်ယင်းယန်....”

အဖြူရောင် ရောင်စဥ်ကွင်းတစ်ခုမှာ သူမနှင့် အန်လင်းအား လွှမ်းခြုံသွားလေသည်။

ဝုန်း......

အနက်ရောင် စွမ်းအင်များမှာ အဖြူရောင် ရောင်စဥ်ကွင်းနှင့် ထိတွေ့သွားသည်နှင့် အန္တရာယ်ကင်းသော စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ယင်းစွမ်းအင်များအား အန်လင်း ထိန်းချုပ်နိုင်သွားသည်ကို သိလိုက်ရသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

လစန္ဒာအကြီးအကဲမှာလည်း အမူအရာ ပြောင်းလဲကာ ထွက်ပြေးရန် ပြင်နေလေပြီ။

သို့သော် ဗာမီလီယမ်ငှက်အော်သံနှင့်အတူ တောက်လောင်နေသော အရှိန်အဝါတစ်ခု သူမထံ ရောက်ရှိလာသည်။

အံ့ဖွယ်မီးတောက် ဓားပုံရိပ်နှင့်အတူ စုရှောင်လန် လှုပ်ရှားလာခြင်း ဖြစ်သည်။

လစန္ဒာအကြီးအကဲသည် လျစ်လျူရှုထားရန် မဖြစ်နိုင်သောကြောင့် ဓားနှင့်ပြန်ကာလိုက်သည်။

ဝုန်း......

အန်လင်းသည် လိပ်ခွံပေါ်ရပ်ကာ ကောင်းကင်ဖောက်ခွဲခြင်းအမြှောက်အား အသက်သွင်းလိုက်ခြင်းပင်။

“လိပ်ချီကျင့်စဥ်....”

လစန္ဒာအကြီးအကဲသည် နှလုံးသားထဲ ခံစားချက်များ မျက်ရည်အဝဲသား ဖြစ်သွားစဥ်မှာပင် ဗိုက်မှာလည်း ရုတ်တရတ် ထိုးအောင့်လာပြီးနောက် အနောက်တံခါး ပွင့်ထွက်သွားရသည်။

မထင်မှတ်ထားသော အဖြစ်အပျက်များကြောင့် သူမ၏ တုံ့ပြန်မှုများ နှောင့်နှေးကုန်သည်။

ထို့ကြောင့်ပင် သူမကိုယ်သူမ မခုခံလိုက်နိုင်ပေ။

All Chapters