အန်လင်း၏ အံ့ဖွယ်လက်နက်
Vol. 80 Ch. 1115
“အရည်အသွေးက တော်တော်ကောင်းသားပဲ။”
“မာတယ်၊ ကြီးတယ် ပြီးတော့ ရှည်တယ်။”
“ဒီရေစက်က သမုဒ္ဒရာရဲ့ အစစ်အမှန် စိတ်ဆန္ဒတွေ ပါနေတာလား။ မျက်ရည်စက်ပဲ။ ဝမ်းနည်းမှုတွေကို ခံစားလို့ ရနေတယ်။”
......
ဧကရာဇ်ဇီဝေးမှာ အလွန်စိတ်လှုပ်ရှားနေသည်။
နတ်အဆင့် ရတနာများမှာ တာအိုပေါင်းစည်းခြင်း အဆင့်များကိုပင် မတည်မငြိမ် ဖြစ်စေနိုင်သည်။
ဧကရာဇ်ဇီဝေးမှာ ရွှေယန်စကြာကျောက်တုံးအား ကိုင်ကြည့်လိုက်သည်။
“သတ္ထုနဲ့ ယန်ဒြပ်စင်တွေ ပါနေတာပဲ။ အံ့ဖွယ်လက်နက် ကိုယ်ထည်အတွက် ပုံဖော်နိုင်တယ်။”
ထို့နောက် နတ်ရွာစံဧကရာဇ်အရိုးတော်အား ကြည့်ရှုလိုက်သည်။
“တာအိုပေါင်းစည်းခြင်းအဆင့်ရှိတဲ့ အနောက်ပင်လယ် ဧကရာဇ်ရဲ့ တာအိုအရိုးတော်မလား။ မရဏစွမ်းအင်တွေ ပါနေတာပဲ။ သန့်စင်တဲ့ ယင်းစွမ်းအင်က လက်နက်ရဲ့ တာအိုနယ်ပယ်ကို ဖြစ်စေနိုင်လိမ့်မယ်။”
“မျက်ရည်စက်ကတော့ ရေအမျိုးအစား နတ်ရတနာပဲ။ အံ့ဖွယ်လက်နက်ရဲ့ ဗဟိုချက်အဖြစ် သုံးရမယ်။”
“ပင်လယ်အဆီအနှစ် သက်ရှိစွမ်းအင်သစ်သားက သစ်သား၊ မီးနဲ့ လျှပ်စီးဒြပ်စင်တွေ ပါနေတယ်။ စွမ်းအင်တိုးမြှင့်ဖို့အတွက် သုံးသင့်တယ်။”
ဧကရာဇ်ဇီဝေး တစ်ဖက်သို့ လှည့်လာသည်။
“ဒါက နာမည်ကြီး နတ်ရတနာ ပင်လယ်နှလုံးသားကျောက်ပဲ။ လက်နက်တွေကို ပျိုးထောင်ဖို့ အရမ်းသင့်တော်တယ်။”
ဧကရာဇ်ဇီဝေးသည် လက်နက်များ၏ အရှင်သခင် ဆိုသည့်အတိုင်း အထင်ကြီးစရာ ကောင်းလောက်အောင် သုံးသပ်နိုင်လွန်းသည်။
“သတ္ထု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ယင်း၊ ယန်၊ လျှပ်စီး ...”
ဧကရာဇ်ဇီဝေး အန်လင်းအား ကြည့်ရှုလာသည်။
“ဒါတွေက မင်းအတွက် အရမ်းကိုက်ညီနေတာ တိုက်ဆိုင်မှုသက်သက်ပဲလား။”
အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
သူသည်လည်း ထိုအချက်အား မတွေးတောဖူးခဲ့ပေ။
အန်လင်း စကားဆိုလိုက်သည်။
“ကောင်းကင်ဘုံရဲ့ အလိုတော်ကျ ဖြစ်မှာပေါ့။”
ဧကရာဇ်ဇီဝေး၏ လက်ထဲတွင် အဖြူနှင့်အမည်း ကျောက်စိမ်းပြားတစ်ခု ရှိနေသည်။
“ဒါက ဘာပစ္စည်းလဲ ငါမပြောနိုင်ဘူး ဖြစ်နေတယ်။”
ထိုသည်မှာ ရှေးဟောင်းကောင်းကင်နတ်ဘီလူးအား သတ်ခဲ့ပြီးနောက် ရရှိခဲ့သော ကောင်းကင်နှင့်မြေပြင်၏ ကျောက်စိမ်းဆွဲသီး ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံး၏ လက်နက်အရှင်သခင်သည်ပင် မခွဲခြားနိုင်သည်လော။
အန်လင်းသည် နတ်ဘုရားစစ်ဆေးမှုနည်းစနစ်မှ ရရှိထားသော သတင်းအချက်အလက်များအား ပြောပြလိုက်သည်။
“အဖြူရောင်က ကောင်းကင်၊ အနက်ရောင်က မြေပြင်လေ။ အသင်္ချေ ပြောင်းလဲမှုတွေကို အသက်သွင်းနိုင်ပြီးတော့ တာအိုစွမ်းအင်တွေကိုလည်း ဆွဲသီးမှာ ထိန်းသိမ်းထားနိုင်တယ်။”
ဧကရာဇ်ဇီဝေး တုန်ယင်သွားရသည်။
“ဒါ..... ဒါက တာအိုသေတ္တာ နတ်ရတနာလား။”
“အဲ့ဒါကဘာလဲ။”
အန်လင်း နားမလည်နိုင်ပေ။
သူသည် ကျင့်ကြံရေးလောကတွင် ငစနူလေးသာ မဟုတ်ပါလော။
ဧကရာဇ်ဇီဝေး ရှင်းပြလာသည်။
“တာအိုသေတ္တာ နတ်ရတနာက အရမ်းရှားပါးတယ်။ အသုံးပြုသူရဲ့ အံ့ဖွယ်တာအိုနဲ့ အစစ်အမှန်တာအိုကို ပေါင်းစည်းပေးနိုင်တယ်လေ။ ဒီလိုပစ္စည်းပါတဲ့ အံ့ဖွယ်လက်နက်သာဆိုရင် မတွေးရဲစရာပဲ။”
အန်လင်းတို့အားလုံး အံ့အားသင့်သွားကြသည်။
သောက်ရမ်းမိုက်တယ်ဟေ့.....
အန်လင်းသည် ခေါင်းတလား ခရီးစဥ်မှာ အကျိုးရှိလွန်းသည်ဟု ခံစားလိုက်ရသည်။
ဧကရာဇ်ဇီဝေး စိတ်လှုပ်ရှားနေသည်။
“အန်လင်း မင်းဆုံးဖြတ်တာ မှန်တယ်။ ကောင်းကင်ဘုံခုံရုံး တစ်ခုလုံးမှာ ငါတစ်ယောက်တည်းကပဲ ဒါတွေကို အလဟဿ မဖြစ်အောင် လုပ်ပေးနိုင်လိမ့်မယ်။”
“အံ့ဖွယ်လက်နက်က အနိမ့်ဆုံး အလယ်အလတ်အဆင့် ရှိလိမ့်မယ်။”
ဧကရာဇ်ဇီဝေးမှာ အလွန်ပင် စိတ်ပါဝင်စားနေသည်။
“ဒါဆို လုပ်ပေးဖို့ သဘောတူတယ်ပေါ့။”
အန်လင်း မေးမြန်းလိုက်သည်။
“ဒါပေါ့။”
ဧကရာဇ်ဇီဝေး ခေါင်းညိတ်ပြလာသည်။
“ဒါဆို စျေးနှုန်းက....”
“အလကား...”
အန်လင်း ဝမ်းသာသွားရသည်။
သူသည် အံ့ဖွယ်လက်နက် ရရှိတော့မည်ပင်။
အန်လင်း၏ ရင်းမြစ်ပစ္စည်းများမှာ အလွန်ရှားပါးလှသောကြောင့် ဧကရာဇ်ဇီဝေးမှာ ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့ခြင်း ဖြစ်သည်။
“စီနီယာ နတ်ရတနာတွေကိုတော့ မတော်တဆ မဖျက်စီးမိလောက်ဘူးမလား။”
အန်လင်း အနည်းငယ် ပူပန်နေမိသည်။
ဧကရာဇ်ဇီဝေး မျက်နှာပျက်သွားသည်။
“မင်းက ငါ့အရည်အချင်းကို သံသယ ဝင်နေတာလား။”
“အဲ့လိုမဟုတ်ပါဘူး။”
အန်လင်း အသည်းအသန် ငြင်းဆိုလိုက်သည်။
ကောင်းကင်ဘုံခုံရုံးရှိ အံ့ဖွယ်လက်နက်များအားလုံးကို ဧကရာဇ်ဇီဝေးကသာ ထွင်းထုထားခြင်း ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးသည် ကြွယ်ဝလွန်းသောကြောင့် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ချင်းစီတွင် အံ့ဖွယ်လက်နက်များ ရှိကြသည်။
“မင်းမှာ ရွေးချယ်စရာ သုံးခုရှိတယ်။ ပထမတစ်ခုက ဒြပ်စင်ငါးသွယ်နဲ့ ယင်းယန်စွမ်းအင်ပါတဲ့ အံ့ဖွယ်ဒယ်စောက်။ ဒုတိယတစ်ခုက အံ့ဖွယ်ကွပ်မျက်ခြင်းဓား၊ တတိယ တစ်ခုကတော့ ပီဘိနတ်ဓားမြှောင်ပဲ။ မင်းဘာကြိုက်လဲ။”
ဧကရာဇ်ဇီဝေး မေးမြန်းလာသည်။
အန်လင်း အချိန်တစ်ခုမျှ စဥ်းစားလိုက်သည်။
“ဓားအင်မော်တယ်ဆိုပေမယ့် ရှဲ့လေးကို သစ္စာဖောက်လို့ မဖြစ်ဘူး။”
မိစ္ဆာရှင်းဓားမှာ မသိမသာ တုန်ခါသွားသည်။
“အံ့ဖွယ်ဒယ်စောက်ကလည်း သိပ်မမိုက်လောက်ဘူး။ ပီဘိနတ်ဓားမြှောင်ပဲ ရွေးကြတာပေါ့။”
အန်လင်း ဆုံးဖြတ်လိုက်သည်။
ဧကရာဇ်ဇီဝေးနှင့် အန်လင်းမှာ အေးအေးဆေးဆေးပင် စာချုပ်ချုပ်နိုင်ခဲ့ကြသည်။
ထိုသည်မှာ လက်နက်သန့်စင်မည့်သူ၏ ရိုးသားမှု အတွက်ပင်။
ဧကရာဇ်ဇီဝေးသည် ထိုစာချုပ်များအား စိတ်မဝင်စားပါသော်လည်း တာအိုပေါင်းစည်းခြင်း အဆင့်များပင် မက်မောရလောက်သော ပစ္စည်းများ ဖြစ်နေသောကြောင့် သေသေချာချာ စာချုပ်ချုပ်ဖြစ်လိုက်သည်။
ထို့နောက် ဧကရာဇ်ဇီဝေးသည် အားလုံးကို နှုတ်ဆက်ကာ ဝမ်းပန်းတသာ ပြန်သွားခဲ့သည်။
စုရှောင်လန်တို့မှာလည်း အန်လင်း အခေါင်းအားသယ်ကာ ရှောင်ချိုး၏ မင်္ဂလာပွဲထံ ချီတက်ခဲ့သည်။
“ငါတို့က အင်မော်တယ်လက်နက်ကို စိတ်ပူနေတုန်း အတန်းဖော်အန်လင်းက အံ့ဖွယ်လက်နက်တောင် ရတော့မှာပဲ။”
ရွှမ်းယွမ်ချန် စကားဆိုလာသည်။
“တော်ပါတော့။ ငါဆို စိတ်ဝိဥာဥ်လက်နက်ကိုတောင် ပူနေရတုန်းပဲ။”
မော့ထျန်း မကျေမနပ် ဖြစ်သွားသည်။
“အစ်ကိုကြီးအန်လင်းက ပြိုင်ဘက်ကင်းပဲ။”
လော့ကျိပင် သက်ပြင်းချလိုက်သည်။
အန်လင်းမှာ ထိုစကားများ နားထောင်ကာ ငြိမ်သက်နေမိသည်။
အံ့ဖွယ်လက်နက် ရှိရုံနဲ့ ပြိုင်ဘက်ကင်းမှာလား.....
ဟင်းလင်းပြင်သို့အပြန် အဆင့်ပဲ ရောက်မယ့်ဟာ....