← Chapters

မင်္ဂလာဦးအကြို

Vol. 80 Ch. 1116

မင်္ဂလာဦးအကြို

Vol. 80 Ch. 1116

စုကျိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲ ရှောင်ချိုး မင်္ဂလာပွဲမှာ ရောက်ရှိလာတော့မည်ပင်။

ထိုသည်မှာ ကျင့်ကြံရေးလောကအတွက် အခမ်းအနားကြီးတစ်ခု ဖြစ်သည်။

စုကျိုးအင်မော်တယ်ဂိုဏ်းသို့ ဂိုဏ်းကိုယ်စားလှယ်များ အသီးသီး ရောက်ရှိလာကြသည်။

အန်လင်းသည် အပြည့်အဝ မသက်သာသေးပါသော်လည်း လမ်းလျှောက်နိုင်လေပြီ။

..........

ကြောက်မက်ဖွယ် သန္ဓေပြောင်းသားရဲများမှာ မြေပြင်တွင် သိုးလေးများအလား လှဲလျောင်းနေကြသည်။

ကောင်းကင်ဘုံခုံရုံး၊ ဂိုဏ်းကြီးလေးဂိုဏ်း အနက်မှ သုံးဂိုဏ်း၊ အင်ပါယာမိသားစုကိုးခုနှင့် ပထမတန်းစား ဂိုဏ်းများသည်ပင် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ကိုးပြည်ထောင် အပြင်ဘက်မှ ဖန်ဆင်းခြင်းနယ်မြေ၊ အနောက်ဘက်သုခဘုံနှင့် ဧဒင်ဥယျာဥ်တော်တို့သည်လည်း ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြသည်။

ဂိုဏ်းဖွင့်ပွဲ အခမ်းအနားကဲ့သို့ ဂိုဏ်းချုပ်များကိုယ်တိုင် တက်ရောက်လာခြင်း နည်းပါသော်လည်း ကိုယ်စားလှယ်များကပင် လုံလောက်နေလေပြီ။

အန်လင်းသည် လက်ဖွဲ့များ လက်ခံကာ ဝမ်းသာနေသည်။

ပိုင်ယောင်၏ မိခင် ပိုင်မုယွီသည်လည်း မြေခွေးဖြူများနှင့်အတူ ရောက်ရှိလာသည်။

ပိုင်မုယွီအနေဖြင့် သမီးဖြစ်သူ၏ မင်္ဂလာပွဲအား တက်ရောက်ရသည်မှာ သုံးကြိမ်ရှိနေပြီပင်။

“ဂိုဏ်းချုပ် ဧည့်သည်တချို့ ရောက်နေကြတယ်။ ဖိတ်စာမပါပေမယ့် ဂိုဏ်းချုပ်က သူတို့ကို သိလိမ့်မယ်တဲ့။”

ချူးမင် အရိုအသေပေးကာ ပြောလာသည်။

“ဖိတ်စာလည်း မပါဘူးဆိုတော့ လာနောက်နေတာတော့ မဟုတ်ဘူးမလား။”

အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။

ချူးမင် ခေါင်းညိတ်ပြလာသည်။

“ကျွန်တော့်ကိုတောင် မုန့်ဖိုးဆိုပြီး စိတ်ဝိဥာဥ်ကျောက်တုံး တစ်သောင်းပေးသေးတယ်။”

အန်လင်း စကားဆိုလိုက်သည်။

“ငါကြည့်ကြည့်လိုက်မယ်။”

စုကျိုးအင်မော်တယ်ဂိုဏ်း အပြင်ဘက်တွင် ဝတ်ရုံနှင့် ပုံရိပ်အချို့ ရှိနေကြသည်။

ထျန်းရှီမန်သည် သေသေချာချာ ကြည့်နေပါသော်လည်း ၎င်းတို့နားတွင် ဝေ့ဝဲနေသော မြူခိုးများကြောင့် မည်သူမည်ဝါ ဖြစ်သည်ကို မပြောနိုင်ပေ။

နာမည်မဖော်ချင်တဲ့ ဆရာ့ဆရာကြီး ဖြစ်ရမယ်.....

ထျန်းရှီမန် မျက်လွှာချကာ အခြားဧည့်သည်များကိုသာ ဧည့်ခံနေတော့သည်။

“ငါ့ကို တွေ့ချင်တယ်ဆို...”

အန်လင်းမှာ ဝတ်ရုံနှင့် ပုံရိပ်ထံ သွားလိုက်သည်။

သူ၏အံ့ဖွယ်အာရုံနှင့်ပင် ထိုသူအား မမြင်နိုင်ပေ။

ထိုပုံရိပ် ခေါင်းညိတ်ပြလာသည်။

“ဂိုဏ်းချုပ်အန်လင်း ငါဘယ်သူလဲသိလား။”

အန်လင်း မျက်ဆံလှန်လိုက်သည်။

“ငါ့မှာ အချိန်တွေ ပေါမနေဘူး။ ပြောစရာရှိရင်ပြောလိုက်။”

ထိုပုံရိပ်မှာ မကျေမနပ် ဖြစ်သွားရသည်။

“နည်းနည်းလောက်ပိုပြီး ကြင်နာပေးလို့ မရဘူးလား။”

အန်လင်း ကြက်သီးထသွားသည်။

ဒီလူက လာအီနေတာလား.....

သေချာပေါက် နှာဘူးပဲ.....

အန်လင်း ရွံရှာသွားမိသည်။

ထိုပုံရိပ်မှာ သည်းမခံနိုင်တော့ပဲ မြူခိုးများ ဖယ်ခွာသွားစေသည်။

တောက်ပသော မျက်ဝန်းအစုံ ပေါ်ထွက်လာလေသည်။

“ဆရာကြီးအန်လင်းက အဲ့လိုကြည့်ရက်တယ်လား။”

အစောပိုင်းကလို အက်ကွဲမနေပဲ ကြည်မြသော စကားသံအား ကြားလိုက်ရသည်။

အန်လင်း အံ့သြသွားရသည်။

မိန်းကလေးဆိုတော့ နှာဘူးကျတာ မဟုတ်ပါဘူးလေ....

နေပါဦး.....

“လက်အောက်ငယ်သား လန်ရှောင်နီ....”

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဟီးဟီး....”

လန်ရှောင်နီ ပြုံးပြလာသည်။

အန်လင်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။

“ဝိဥာဥ်ငါးကလန်နဲ့ ပက်သတ်မှုကို လျှော့ထားမယ် မပြောခဲ့ဘူးလား။”

လန်ရှောင်နီ နှုတ်ခမ်းစူသွားသည်။

“အဲ့ဒါကြောင့် ငါ့ကိုယ်ငါ ဖုံးလာတာပေါ့။ ပင်လယ်နက်မဟာဗုံးကို သုံးလိုက်တယ်မလား။ ခမည်းတော်က လက်ဆောင်လာပေးခိုင်းလို့...”

“ပြီးတော့ ရှောင်ချိုးနဲ့ ပိုင်ယောင်ကိုလည်း ငါကိုယ်တိုင် တောင်းပန်ချင်တယ်။”

လန်ရှောင်နီမှာ ဆုံးဖြတ်ချက် ချထားကြောင်း သိသာလှသည်။

မာနကြီးသော အနှီမင်းသမီးလေး၏ စိတ်ဓာတ်ပြတ်သားပုံကြောင့် အန်လင်းသည်ပင် ရင်ထဲထိသွားရသည်။

ကြည့်ရတာ ငါ့လက်အောက်ငယ်သားလေး ရင့်ကျက်လာပြီပဲ.....

“ကောင်းပြီလေ.... မနက်ဖြန်ကြရင် ဂိုဏ်းကလူတွေနဲ့ မိတ်ဆက်ပေးမယ်။ မင်းက ငါ့လက်အောက်ငယ်သားဆိုတော့ စုကျိုးအင်မော်တယ်ဂိုဏ်းသားပါပဲ။”

လန်ရှောင်နီ ပျော်ရွှင်သွားလေသည်။

“အင်း...”

စုကျိုးအင်မော်တယ်ဂိုဏ်းသားတဲ့လား.....

လန်ရှောင်နီ၏ စိတ်ထဲတွင် ကောင်းမွန်သော ခံစားချက်အချို့ ဖြတ်ပြေးသွားသည်။

“ဟုတ်သားပဲ။ ခမည်းတော်က ပင်လယ်နက်မဟာဗုံး ထပ်ပေးလိုက်တယ်။ လုပ်ရတာက ကန့်သတ်ချက်တွေရှိလို့ နောက်အချိန်တိုအတွင်းတော့ ထပ်ရနိုင်ဦးမှာ မဟုတ်ဘူး။”

“ကျေးဇူးတင်ပါတယ်။”

အန်လင်း ပြုံးကာလက်ခံလိုက်သည်။

ပင်လယ်နက်မဟာဗုံးသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်အား သတ်နိုင်သည်ဟု သူမယုံကြည်ပေ။ လစန္ဒာအကြီးအကဲသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ဖြစ်ပါလျက် သူမသတ်နိုင်ခဲ့ပေ။

၎င်းတို့နှစ်ဦးမှာ စကားစမြည် ပြောဆိုရင်း ဂိုဏ်းထဲဝင်လာခဲ့ကြသည်။

သူမသည် သိလိုစိတ်များစွာဖြင့် ဟိုဟိုသည်သည် လိုက်ကြည့်နေမိသည်။

စုကျိုးအင်မော်တယ်ဂိုဏ်းသားအဖြစ် သတ်မှတ်ပေးထားသောကြောင့် သူမ၏ စိတ်ထဲတွင် မြင်မြင်သမျှ လှပနေပြီး ထျန်းရှီမန်သည်ပင် အနည်းငယ် ချောမောနေခဲ့သည်။

ကန်ရေပြင်၏ဘေးတွင် တေးသံသီနေသော ပန်းပွင့်နီလေးကိုလည်း တွေ့လိုက်ရသည်။

ဘာသာစကားအား သူမ မြင်ခဲ့ပါသော်လည်း သာယာနာပျော်ဖွယ် ဖြစ်နေခဲ့သည်။

ခွေးတစ်ကောင်နှင့် ဝံပုလွေတစ်ကောင်သည်လည်း အမွှေးပွလေး တစ်ခုအား ပစ်ပေးကာ ကစားနေလေသည်။

သူမ တွေ့ခဲ့ဖူးသော နတ်သမီးငယ်လေးနှင့် လိပ်ပြာလေးကိုပါ တွေ့လိုက်သည်။

လန်ရှောင်နီမှာ ရယ်ရင်းပြုံးရင်း ဆက်လျှောက်လာလိုက်သည်။

ထို့နောက် တာအိုကွင်းပြင်တွင် ကျောက်စိမ်းရောင်ဝတ်စုံနှင့် ဓားရေးလေ့ကျင့်နေသော အမျိုးသမီးတစ်ဦးအား တွေ့လိုက်ရသည်။

လန်ရှောင်နီမှာ အချိန်အတန်ကြာ မှင်သက်ငေးမောနေမိလေသည်။

ဒီအမျိုးသမီးက ဘယ်သူလဲ.....

All Chapters