အရိုင်းဆန်ကာ ပျော်ရွှင်ဖွယ်ကောင်းသော မင်္ဂလာပွဲ
Vol. 80 Ch. 1119
မင်္ဂလာ တေးသံသာမှာ ငြိမ့်ညောင်းလို့နေသည်။
ရှောင်ချိုးနှင့် ပိုင်ယောင်သည် မင်္ဂလာ စင်မြင့်ထက် ကတိသစ္စာပြုကာ ဧည့်သည်တော်များထံမှ ကောင်းချီးခံယူလိုက်ကြသည်။
အရာအားလုံးမှာ ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။
ကောင်းကင်ထက်မှ ပန်းပွင့်လွှာများ ကျဆင်းလာသည်။
လန်ရှောင်နီသည် မင်္ဂလာမောင်နှံအား ငေးမောကြည့်နေမိသည်။
“တကယ်လှတဲ့ လက်ထပ်ပွဲပဲ။ အချစ်ဆိုတာ ဒါမျိုးကိုး....”
သူမသည် မင်္ဂလာပွဲ ဖျက်စီးသူ ဖြစ်ခဲ့ပါသော်လည်း ယခုတွင်မူ ကောင်းချီးများ ပေးနေလေ၏။
ကံကြမ္မာသည် တစ်ခါတရံတွင် ဆန်းကြယ်လွန်းလှသည်။
လန်ရှောင်နီမှာ ရှောင်ချိုးနှင့် ပိုင်ယောင်ကဲ့သို့ ချစ်ခြင်းမေတ္တာအား အလိုရှိမိသည်။
အန်လင်းသည်လည်း မင်္ဂလာပွဲအားကြည့်ကာ သိပင်မသိလိုက်ပဲ စုရှောင်လန်၏လက်ကို ကိုင်ထားမိသည်။
စုရှောင်လန် ရှက်သွေးဖြာသွားပါသော်လည်း မငြင်းဆန်ပေ။
ရွှေရောင်လက်တစ်စုံသည်လည်း ရှောင်ဇယ်ထံ ရောက်ရှိလာသည်။
ဖန်းနီသည်လည်း မင်္ဂလာပွဲသို့ တက်ရောက်လာသည်ပင်။
မင်္ဂလာပွဲတွင် ခံစားချက်များ ကဆုန်ပေါက်ကုန်သည်မှာ သာမန်သာ ဖြစ်သည်။
.......
အခမ်းအနား ပြီးဆုံးသွားပြီးနောက်...
ဧည့်သည်တော်များမှာ စိတ်ရှိသလို သောက်စားကြသည်။
အန်လင်းနှင့် စုကျိုးအင်မော်တယ်ဂိုဏ်းသားများမှာ အားလုံးကို ဧည့်ခံပေးနေလေသည်။
လျှိုချင်းဟွမ်သည်လည်း မျက်နှာများ နီရဲကုန်သည်အထိ သောက်နေခဲ့သည်။
“အန်လင်း.... ငါ..... ကောင်းကင်ဓားဂိုဏ်းက ဂုဏ်ပြုလက်ဆောင် မပေးတာ အဲ့ကောင်မကြောင့် ဖြစ်မယ်။ စိတ်ထဲမထားနဲ့။ ပြစ်ဒဏ်အနေနဲ့ သေရည်ပေါင်း နှစ်ထောင့်သုံးရာ သုံးဆယ့်သုံးခွက်ကို ငါသောက်မယ်။”
သူမသည် စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သာ ရှိသောကြောင့် သေရည်သောက်နိုင်စွမ်း သိပ်မမြင့်ပေ။
“ခြောက်ရာခြောက်ဆယ့်ခြောက်ခွက်ဆို ရပါပြီ။”
အန်လင်း နှစ်သိမ့်ပေးလိုက်သည်။
လျှိုချင်းဟွမ် ရယ်မောလာသည်။
“ကောင်းပြီလေ။ ခြောက်ရာခြောက်ဆယ့်ခြောက်ခွက်ပေါ့။”
“ကျွန်တော်လည်း လိုက်သောက်ပေးမယ်။”
အန်လင်းသည် မိသားစု အရေးကိစ္စများနှင့် ပက်သတ်၍ ဘာမှမလုပ်ပေးနိုင်သောကြောင့် သူမနှင့်သာ လိုက်သောက်ပေးလိုက်သည်။
သေရည်အား ပိုင်လင်ကိုယ်တိုင် ဇာမဏီကမ္ဘာငယ်တွင် ဖန်ဆင်းထားခြင်းဖြစ်ကာ အရသာ ကောင်းလွန်းလှသည့်အပြင် သောက်လိုက်ပါက သက်တောင့်သက်သာ ဖြစ်စေပြီး ပြဿနာများကိုပါ မေ့လျော့သွားစေနိုင်သည်။
အင်မော်တယ် တစ်ပါးကိုပင် ယစ်မူးစေနိုင်သော သေရည်လည်း ဖြစ်သည်။
ခြောက်ရာခြောက်ဆယ့်ခြောက်ခွက်အား သောက်ပြီးသည့်နောက် အန်လင်းအား ရှောင်ဇယ်မှ ချောဆွဲသွားလေသည်။
“ဆရာ.... ဖန်းနီက စုကျိုးအင်မော်တယ်ဂိုဏ်းမှာ နေချင်လို့တဲ့။”
ရှောင်ဇယ် စကားဆိုလာသည်။
“ကောင်းတာပေါ့။ သူမအဖေရော သဘောတူရဲ့လား။”
အန်လင်းမှာ မူးနေပါသော်လည်း အသိစိတ် မပျောက်သေးပေ။
“သဘောတူပါတယ်။ ဒါပေမယ့် တစ်နှစ်ပဲလို့ ပြောတယ်။”
ရှောင်ဇယ် အနည်းငယ် စိတ်ပျက်နေသည်။
“ပြီးတော့ ဖန်းနီကိုလည်း ဘာမှမလုပ်ရဘူးတဲ့။ မဟုတ်ရင် ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်လို့ပြောတယ်။”
ဖန်းနီမှာ ရှက်သွေးဖြာနေသည်။
“ကျိုးကြောင်းဆီလျော်မှု ရှိသားပဲ။ ကိုယ့်ကိုယ်ကို ထိန်းပေါ့။”
အန်လင်း လေးနက်စွာ ပြောလိုက်သည်။
သူသည်လည်း ရှောင်လန်အား ဘာမှမဘာရသေးသောကြောင့် နောက်ကားကျော်တက်သွားမည်ကို လက်မခံနိုင်ပေ။
ရှောင်ဇယ် ခေါင်းညိတ်ပြလာသည်။
“ဟုတ်ကဲ့ပါဆရာ။”
“ဖန်းနီက ဆေးလုံးသန့်စင်တာကျွမ်းတော့ စုချန်းရန်ရဲ့ လစန္ဒာနန်းဆောင်မှာ အကြီးအကဲ လုပ်ခိုင်းလိုက်လေ။”
အန်လင်း တာဝန်ပေးလိုက်သည်။
“နန်းဆောင်သခင်မက ကျောင်းတက်နေရတော့ တပည့်လည်း မရှိဘူး။ လစန္ဒာနန်းဆောင် တစ်ခုလုံးကို မင်းကိုပဲ အပ်ရတော့မယ်။”
ဖန်းနီ : “....”
ရှောင်ဇယ် : “......”
ဖန်းနီ မျက်နှာပျက်သွားသည်။
“အဲ့ဒါဆို ခေါင်းဆောင်သက်သက် ဖြစ်နေမှာပေါ့။”
“မဟုတ်ဘူး။”
အန်လင်း ခေါင်းခါပြလိုက်သည်။
“မင်းက ခေါင်းဆောင်မဟုတ်ဘူးလေ။ အကြီးအကဲ သက်သက်ပဲ။”
ဖန်းနီ ခက်ခက်ခဲခဲ ခေါင်းညိတ်ပြလိုက်ရသည်။
“ကျေးဇူးပါဆရာ...”
ရှောင်ဇယ် ပျော်ရွှင်နေသောကြောင့် အန်လင်းမှာ ၎င်းတို့နှင့်အတူ ကိုးဆယ့်ကိုးခွက် ထပ်သောက်ခဲ့သည်။
ထို့နောက် ယီရှီသည် သူ့အားဆွဲကာ အံ့ဖွယ်ဆေးလုံး သောက်သုံးပါက မဖြစ်မနေ ဖိတ်ကြားရန် ပြောလာသည်။
အန်လင်းသည် မူးနေသောကြောင့် ခေါင်းသာညိတ်ပြလိုက်ပြီး သူနှင့်အတူ ကိုးဆယ့်ကိုးခွက် သောက်လိုက်ပြန်သည်။
မကြာမီပင် သစ်တောစိမ်းအင်ပါယာ မိသားစုမှ စုရှင်း ရောက်ရှိလာသည်။
တုန်းကော် အန်လင်းအား စကားဆိုလိုက်သည်။
“ကျွန်တော့်ကို မေ့သွားပြီလား။ ရှောင်ချိုး မင်္ဂလာပွဲကို ဖိတ်တောင်မဖိတ်ဘူး။”
အန်လင်း ရီဝေဝေဖြင့် သူ့အားကြည့်မိသည်။
“စိတ်မရှိပါနဲ့.... မင်းက....”
“ဖူး.....”
တုန်းကော် သေရည်များ ထွေးထုတ်လိုက်မိသည်။
“ကျွန်တော်က ခင်ဗျား အစေခံလေ။ သခင်ဖြစ်ပြီး မေ့နေစရာလား။”
“အော်.... မင်းပဲ။ လာလေ သောက်ရအောင်။”
အန်လင်းမှာ တုန်းကော်အား ပုခုံးဖက်လိုက်သည်။
တုန်းကော်မှာ အမူအရာ ကင်းမဲ့နေသည်။
“ကျွန်တော့်နာမည်ကဘာလဲ။”
“ဟားဟားဟား....”
အန်လင်း ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
“နာမည်က အရေးကြီးလို့လား။ သောက်ရအောင်။”
အန်လင်း ခွက်ချင်းတိုက်လာသည်။
တုန်းကော် : “......”
သူတကယ်မေ့နေတာပဲ.....
ငါ့လို ဟင်းလင်းပြင်သို့အပြန် အဆင့်ကိုတောင် မေ့ရဲတယ်.....
အစေခံ ဖြစ်ရုံတင် မကဘူး.... သခင်ကတောင် မမှတ်မိဘူးတဲ့လား......
တုန်းကော် ရင်နာကာ သေရည်များကြား နစ်မွန်းပစ်လိုက်သည်။
မင်္ဂလာပွဲအား သုံးရက်သုံးညတိုင်တိုင် ကျင်းပခဲ့သည်။
ထို့နောက် ဧည့်သည်တော်များလည်း အသီးသီး ပြန်သွားကြတော့သည်။
အန်လင်းမှာ အရက်သောက် များသွားသောကြောင့် အချိန်အတော်ကြာ အိပ်ပျော်သွားသည်။
ကျင့်ကြံရေးလောကသို့ စတင်ရောက်ရှိချိန်မှစ၍ ထိုမျှအထိ မသောက်ခဲ့ဖူးပေ။
သူသည် အရက်နာ မကျသည့်အပြင် ခန္ဓာကိုယ် တစ်ခုလုံး သန့်စင်သွားသလိုပင် ခံစားရသည်။
“ဒီသေရည်က တကယ်ကောင်းတာပဲ။”
အန်လင်း ချီးကျူးလိုက်သည်။
“အဲ့သေရည်က ငါကိုယ်တိုင် စပ်ထားတာ။ သေမျိုးလူသားတောင်မှ တစ်ခွက်သောက်ရုံနဲ့ အသက်ဆယ်နှစ်လောက် ရှည်စေနိုင်တယ်။”
“သောက်ကျိုးနည်း ဖြုန်းတီးတဲ့ကောင်.... နင်သောက်လိုက်တာ ခွက်ရေသိန်းချီနီးပါပဲ။”
ပိုင်လင် မကျေမနပ် ဖြစ်နေသည်။
သူမ သေသေချာချာ ဖျော်စပ်ထားရသော သေရည်များအား အန်လင်းမှ အကန့်အသတ်မရှိ သောက်ပစ်ခဲ့သည်။
အန်လင်း အားနာသွားရသည်။
“အစ်မကြီးပိုင်ရဲ့ သေရည်က အကောင်းဆုံးပဲ။ ပြီးတော့ အစ်မကြီးရဲ့ အလှတရားက သေရည်ထက်တောင် ယစ်မူးချင်စရာ ကောင်းသေးတယ်။”
“အဲ့လိုလား။”
အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာသည်။
အန်လင်း ထိတ်လန့်သွားရလေသည်။
“ရှောင်လန် ကိုယ် ရှင်းပြပါရစေ။”
“ဟမ့်....”
ဒုန်း... ဒုန်း.... ဒုန်း....
ဘန်း.... ဘန်း..... ဘန်း.....
ဖြောင်း.... ဖြောင်း.... ဖြောင်း.....
ခွက်.... ခွက်..... ခွက်......
သင်ခန်းစာများ ခံယူပြီးသည့်နောက် စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်မှာ အစည်းအဝေး ခေါ်လိုက်သည်။
ယခုအချိန်သည် လက်ဖွဲ့များအား တွက်ချက်ရမည့် အချိန်ပင် ဖြစ်တော့သည်။