← Chapters

အရှေ့ပင်လယ်သို့ တကြော့့ပြန်

Vol. 80 Ch. 1122

အရှေ့ပင်လယ်သို့ တကြော့့ပြန်

Vol. 80 Ch. 1122

“ဆရာ....ဆရာ ဘာလို့ ကောင်းကင်ပေါ်မှာ လနှစ်စင်း ရှိနေရတာလဲ။”

ရဲ့လင် သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။

အန်လင်း ခပ်တည်တည်ပင် ရှင်းပြလာသည်။

“အိုဇုန်းလွှာကို အလင်းပြန်ရင် အဲ့လိုပဲ။ ရေငွေ့ပျံတာ ဒါမှမဟုတ် အိုဇုန်းလွှာထဲက အမှုန်တွေက အနေအထား တစ်ခုမှာ ရှိနေတဲ့အခါ လရဲ့အလင်းပြန်ပြီး ဒုတိယ လတစ်စင်းကို ဖြစ်လာစေလိမ့်မယ်။”

“ဝါး..... အရမ်းမိုက်တာပဲ။ ဆရာက အရမ်းတော်တယ်နော်။”

ရဲ့လင်မှာ နားမလည်ပါသော်လည်း စကားအချို့ ချီးကျူးလိုက်သည်။

သူမသည် ဆရာသည် ချီးကျူးခံရခြင်းအား အလွန်နှစ်သက်၏။

“အဲ့ဒါဆို အရောင်ဘာလို့ မတူတာလဲဟင်။”

ရဲ့လင်၏ စပ်စုချင်စိတ်လေးမှာ ရှိနေသေးသည်။

“အဲ့ဒါကတော့ အလင်းဖြာထွက်ခြင်းနဲ့ဆိုင်တယ်။ မင်းနားလည်အောင် ဖြည်းဖြည်းစီ ရှင်းပြမယ်လေ။”

အန်လင်းသည် ရဲ့လင်၏ မေးခွန်းများအား သိပ္ပံသဘောတရားအရ ရှင်းပြခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ထိုလနှစ်စင်းလုံးမှာ အစစ်အမှန်များဖြစ်ကြောင်း သူမသိခဲ့ပေ။

နောက်တစ်နေ့၌....

အန်လင်းတို့မှာ အရှေ့ပင်လယ်သို့ ထွက်လာခဲ့ကြသည်။

“ကောင်းကင်ဘုံနဂါးကျွန်းက အရှေ့ပင်လယ်ရဲ့ ကျွန်းကြီးတစ်ကျွန်းပဲ။ ဆယ်စုနှစ်မှတစ်ခါ ပင်လယ်မျက်နှာပြင်ပေါ် ပေါ်လာတတ်တယ်။”

“ကောင်းကင်ဘုံနဂါးကျွန်း ပေါ်လာတိုင်း အရှေ့ပင်လယ် နဂါးမင်းပိုင်နက်က ဘိုးဘေးတွေအတွက် ရိုးရာပွဲ လုပ်လေ့ရှိတယ်။”

“ကောင်းကင်ဘုံနဂါးကျွန်းကိုတော့ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေပဲ သိကြတယ်။”

စုရှောင်လန်မှာ ပိုင်လင်ထံမှ ရရှိလာသော သတင်းအချက်အလက်များကို ဖတ်ပြလိုက်သည်။

အန်လင်း ပေလွှာတစ်ခုအား ထုတ်လိုက်သည်။

“ပေလျန်မင်းသမီးက နက္ခတ်ပြမြေပုံ ပေးလိုက်တယ်။”

အရှေ့ပင်လယ် နဂါးမင်းပိုင်နက်တွင် သစ္စာဖောက်တစ်ဦး ရှိနေလေပြီ။

စုကျိုးအင်မော်တယ်ဂိုဏ်း၏ ငွေကြေးအခက်အခဲများကို ကြားသိရပြီးနောက် မင်းသမီး ပေလျန်မှာ ငွေချေးမည့် အစီအစဥ်အား တွေဝေခြင်းမရှိ ကူညီပေးခဲ့သည်။

“ဘိုးဘေးတွေအတွက် ရိုးရာပွဲမှာ ငွေသွားချေးတာ ကောင်းပါ့မလား။”

နှလုံးသားနုသော တီနာလေးမှာ အပြစ်ရှိသလို ခံစားနေမိသည်။

အန်လင်း လေးနက်စွာ ပြောလာသည်။

“ဓားပြတိုက်တာမှ မဟုတ်ပဲ။ မကောင်းစရာ ရှိလို့လား။”

မည်သူကမှ ထိုစကားအား မယုံကြပေ။

အန်လင်း စကားဆိုလိုက်သည်။

“ငါ့ကိုယုံစမ်းပါ။”

“မျောက်မင်းကလည်း အရှေ့ပင်လယ်ကနေ လက်နက်သွားယူတုန်းက အဲ့လိုပြောတာပဲလေ။”

စုရှောင်လန် တုံ့ပြန်လိုက်သည်။

အန်လင်း : “.....”

“ဟားဟား.... ကံကြမ္မာဘီး တစ်ပတ်လည်တာပဲ။ နဂါးဘုရင်အတွက် စိတ်တောင်မကောင်းဘူး။”

ရှောင်ဇယ် ရယ်မောလိုက်သည်။

ထို့နောက် နတ်သမီးငယ်လေးအား ကြည့်ရှုလာသည်။

“သိပ်မတွေးပါနဲ့။ ငါကလည်း နှစ်ပေါင်းသိန်းချီ အသက်ရှင်လာတဲ့ နဂါးပါ။ ပြောရရင် အော့မန်အဖိုးနဲ့ မျိုးဆက်တူတူလောက်ပဲ။ ငါလည်း နဂါးဘိုးဘေးပဲလေ။”

“အဲ့ဒါတောင်မှ နဂါးမင်းပိုင်နက်က ငါ့ကိုကျွန်ပြုချင်သေးတာ။”

“ဘိုးဘေးကြီးကို စော်ကားထားပြီးမှတော့ ငွေလေးပြန်ချေးတာ ဘာဖြစ်လို့လဲ။”

ရှောင်ဇယ်၏ ဖြေရှင်းချက်မှာ တီနာအတွက် အလုပ်ဖြစ်သွားသည်။

အန်လင်း မျက်ဝန်းများ တောက်ပသွားရသည်။

“ရှောင်လေးက နဂါးဘိုးဘေးဆိုတော့ ငါက နဂါးဘိုးဘေးရဲ့ ဆရာပေါ့။”

“ဒါပေါ့။”

ရှောင်ဇယ် ခေါင်းညိတ်ပြလာသည်။

“အပိုတွေ လုပ်မနေနဲ့။ နဂါးမျိုးနွယ်စုက လက်မခံရင် ဘာမှမထူးဘူး။”

စုရှောင်လန် မျက်စောင်းထိုးလိုက်သည်။

သူမသည် နဂါးမျိုးနွယ်စုနှင့် ပက်သတ်ဆက်နွယ်မှု ဖြတ်တောက်ထားကြောင်း အန်လင်း သတိရသွားမိသည်။

“ရှောင်လန် မင်းအဖိုးနဲ့ရော ဦးလေးတွေ၊ အဒေါ်တွေနဲ့ပါ တွေ့ရတော့မယ်နော်။ စိတ်ထဲဘယ်လိုနေလဲ။”

အန်လင်း မေးမြန်းလိုက်သည်။

“ဘယ်လိုမှ မနေဘူး။ သူတို့ငါ့အပေါ် အကြွေးတင်နေတဲ့ နှစ်သစ်ကူးမုန့်ဖိုးတွေအကုန် ပြန်ယူပစ်မယ်။”

စုရှောင်လန် စကားဆိုလာသည်။

အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

ငွေချေးတာထက်တောင် အကြောင်းပြချက် ကောင်းနေသေးတယ်......

၎င်းတို့မှာ ပြောပြောဆိုဆိုနှင့်ပင် အရှေ့ပင်လယ်ထံ ခရီးဆက်ခဲ့ကြသည်။

ခရီးစဥ်မှာ နှစ်ရက်ခန့် ကြာမြင့်ခဲ့၏။

ပုလဲတိုင်းပြည်၌.....

အားလုံးမှာ အကန့်အသတ်မဲ့သော သမုဒ္ဒရာအားကြည့်ကာ သက်တောင့်သက်သာ ဖြစ်နေကြသည်။

“ကောင်းကင်ဘုံနဂါးကျွန်းမှာ သွားစောင့်နေကြမှာလား။”

ရှောင်ဇယ် မေးမြန်းလာသည်။

“ကောင်းကင်ဘုံနဂါးကျွန်းက သုံးရက်ပဲပေါ်မှာ။ နဂါးမျိုးနွယ်စု ရိုးရာပွဲလည်း ကျင်းပမှာဆိုတော့ ငါတို့မှာ အချိန်တွေ ရှိပါသေးတယ်။”

အန်လင်း ပြုံးကာပြောလိုက်သည်။

“ဘာအတွက်လဲ။”

ရှောင်ဇယ် ကြောင်တောင်တောင် ဖြစ်သွားရသည်။

အန်လင်းမှာ စုရှောင်လန်၏လက်အား ဖမ်းဆွဲလိုက်လေသည်။

“စျေးဝယ်ထွက်တာမျိုးပေါ့။”

ရှောင်ဇယ် : “......”

ထိုသို့ဖြင့် အန်လင်းတို့ စုံတွဲမှာ စျေးဝယ်ထွက်ခဲ့ကြသည်။

အန်လင်းသည် ပုလဲတိုင်းပြည်အား ကယ်တင်ကာ နိုင်ငံသူရဲကောင်းကြီး ဖြစ်ခဲ့ဖူးသည်။

ထိုသည်မှာ အချိန်နှစ်နှစ်ခန့် ရှိနေပါသော်လည်း အများစုမှာ အမှတ်ရနေကြဆဲပင်။

၎င်းတို့သည် အန်လင်း၏ ကျေးဇူးတရားအား ဖော်ပြရန် မြေပြင်တွင် လူးလှိမ့်ကြိုဆိုကြသည်။

“နင်က ဒီမှာနာမည်ကြီးပုံပဲ။”

စုရှောင်လန် ပြုံးကာပြောလာသည်။

“ဒါပေါ့။ စိတ်ဝိဥာဥ်ပျိုးထောင်ခြင်း အဆင့်တုန်းက စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်းအဆင့် ပင်လယ်မိစ္ဆာတွေ သုတ်သင်ပေးခဲ့တာလေ။”

အန်လင်း ကြွားလုံးထုတ်လိုက်သည်။

စုရှောင်လန်မှာ အန်လင်း စကားနားထောင်ရင်း ပြုံးပြုံးကြီး ဖြစ်နေသည်။

အန်လင်းအား ထိုသို့ချစ်ခင်လေးစားကြသည်ကို သူမ ဝမ်းသာမိသည်။

၎င်းတို့နှစ်ဦးမှာ သွားရင်းလာရင်း သဘောကျသော အရာမှန်သမျှ ဝယ်ယူကြသည်။

ထိုထဲတွင် ကြွပ်ရွပြင်းစပ်သော ပင်လယ်စာဟင်းပွဲလည်း အပါအဝင်ပင်။

အပြင်လွှာအား ကြွပ်ရွသည်အထိ ကင်ထားကာ အစပ်အရသာ ရောယှက်ထားပြီး အတွင်းပိုင်းသည် နူးညံ့ကာ အရည်ရွှမ်းသောကြောင့် ဝါးလိုက်တိုင်း သူမတူသော စိတ်ကျေနပ်မှုကို ပေးစွမ်းသည်။

အန်လင်းသည် ထိုမုန့်သန္တာအား တန်နှင့်ချီ ဝယ်ယူကာ သိမ်းဆည်းထားလိုက်သည်။ သိုလှောင်လက်စွပ်ထဲတွင် မည်သည့်ပိုးမွှားမှ မရှိသောကြောင့် ပုပ်သိုးသွားမည်ကို ပူစရာ မလိုပေ။

စုရှောင်လန်မှာမူ အသင့်စား အစားအသောက်များ မဝယ်ယူပဲ သူမ၏ ဟင်းချက်စွမ်းရည်အတွက် ဟင်းခတ်အမွှေးအကြိုင်များ ဝယ်ယူခဲ့သည်။

သူမသည် ဟင်းချက်ခြင်းအား အန်လင်းထက်ပို၍ ခုံမင်ကာ စမ်းသပ်သင်ယူရသည်ကို အတော်ပင် ပျော်ရွှင်သည်။

ယခုဆိုလျှင် အကြော်ဒယ်အိုးသည် သူမအပိုင်ဖြစ်ကာ ဟင်းချက်စွမ်းရည်မှာလည်း အန်လင်းထက် သာနေလေပြီ။

အန်လင်း၏ ကောင်းကင်ဘုံခုံရုံးမှ နံပါတ်တစ် အချက်အပြုတ် နတ်ဘုရားဟူသော ဂုဏ်ပုဒ်မှာလည်း ပြုတ်ဆော်နံနေပြီ ဖြစ်သည်။

အန်လင်းမှာ ရုတ်ချည်းဆိုသလို ဖိအားဖြစ်သွားရသည်။

စုရှောင်လန်သာ ဟင်းလင်းပြင်သို့အပြန်အဆင့် ရောက်ရှိသွားပါက သူ့ထက် အစစအရာရာ သာသွားပေတော့မည်။

မဖြစ်ဘူး..... ဟင်းလင်းပြင်သို့အပြန် အဆင့်ကို အမြန်ဆုံး တက်မှရမယ်.....

အံ့ဖွယ်ဆေးလုံးနဲ့ အံ့ဖွယ်လက်နက် လုပ်နေပြီဆိုတော့ လက်နက်ဝိဥာဥ်ပဲလိုတယ်.....

ထိုအတွေးကြောင့် မိစ္ဆာရှင်းဓားအား ထုတ်လိုက်သည်။

“ရှဲ့လေး... ငါမင်းကို ဘာလို့အသက်နဲ့ရင်းပြီး ကာကွယ်တာလဲသိလား။”

“မင်းကိုငါ့အနားမှာပဲ ထားချင်လို့လေ။”

“ငါကမင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ။”

မိစ္ဆာရှင်းဓား : “.......”

“မင်းနဲ့ငါက နတ်ဖတ်တဲ့စုံတွဲပဲ။ ငါ့ကို ဂရုစိုက်တယ်ဆိုရင် ငါပျော်ရွှင်ရအောင် ကိုယ့်ဝိဥာဥ်ကို ပျိုးထောင်ပါလားဟင်။”

All Chapters