← Chapters

ဒဏ္ဍာရီလာသားရဲပါ့ရှာ

Vol. 80 Ch. 1124

ဒဏ္ဍာရီလာသားရဲပါ့ရှာ

Vol. 80 Ch. 1124

“ဒဏ္ဍာရီလာသားရဲလား။”

အန်လင်း ထိတ်ခန့်သွားရသည်။

ထိုအချိန်မှသာ သူသည် ဧရာမ အကောင်ကြီး၏ ကျင့်ကြံရေးအဆင့်အား စစ်ဆေးနိုင်ခြင်း မရှိကြောင်း သိလိုက်ရသည်။

စုရှောင်လန်သည်လည်း အမူအရာ လေးနက်သွားသည်။

“ဒဏ္ဍာရီလာသားရဲ ပါ့ရှာက အရမ်းသန်မာတယ်တဲ့။ တောင်တွေကိုတောင် သယ်ဆောင်ပြီး ပင်လယ်ရေကို ပြောင်းပြန်စီးစေနိုင်တယ်လို့ ကြားဖူးတယ်။”

“ဒဏ္ဍာရီလာသားရဲဆိုတော့ တာအိုပေါင်းစည်းခြင်း အဆင့်ပဲ။ သူက ဒီမှာဘာလုပ်နေတာလဲ။”

ဘရိုင့်စ် အူကြောင်ကြောင် ဖြစ်နေမိသည်။

အန်လင်းမှာ နက္ခတ်ပြမြေပုံအား တစ်ချက်မျှ ကြည့်လိုက်သည်။

“မြေပုံက မှားမနေရင်တော့ ပါ့ရှာက ကောင်းကင်ဘုံနဂါးကျွန်းပဲ။”

အားလုံး တိတ်ဆိတ်သွားကြသည်။

ထိုသည်မှာ မယုံကြည်နိုင်စရာပေ။

“အော့မန်.. ငါ.. မင်းရဲ့သားကို ဘာလို့တိုက်တာလဲသိလား။”

ပါ့ရှာ၏ စကားသံမှာ ထည်ဝါလွန်းလှသည်။

အော့မန်မှာ ပါ့ရှာရှေ့တွင် နဂါးငယ်လေးလို ဖြစ်နေလေသည်။

“ကျွန်တော် မသိပါဘူး။”

ပါ့ရှာ၏ ပါးစပ်ထဲတွင် အဖြူရောင် နဂါးတစ်ကောင် ရှိနေပြီး သွေးများလည်း စီးကျလို့နေသည်။

“အဲ့နဂါးကို ရင်းနှီးနေသလိုပဲ။”

ရှောင်ဇယ် ရေရွတ်လိုက်သည်။

အန်လင်းမှာ တစ်ချက်ကြည့်ရုံမျှဖြင့် သိလိုက်ပြီပင်။

“အော့မန်ရဲ့ တတိယမြောက်သားတော် အော့မင်ယွီလေ။”

ရှောင်ဇယ်မှာ ရုတ်ချည်းဆိုသလို အမှတ်ရသွားမိသည်။

အော့မင်ယွီသည် အော့ရှုယွီထက် သန်မာသူဖြစ်ကာ အနည်းဆုံး သူ၏တိုက်ကွက်တစ်ကွက်အား ခံနိုင်ရည် ရှိခဲ့သည်။

အန်လင်းသည် စုရှောင်လန်အား လှမ်းကြည့်လိုက်သောအခါ သူမသည် ဝမ်းနည်းတွေဝေနေခြင်း မရှိပဲ အဖိုးဖြစ်သူအား သိလိုစိတ်ဖြင့် လိုက်ကြည့်နေသည်ကိုသာ တွေ့လိုက်ရသည်။

ပါ့ရှာ စကားဆိုလာသည်။

“ဒီကောင်စုတ်လေးက နတ်ရတနာကို ခိုးဖို့လုပ်တယ်လေ။ တော်တော်ကို သတ္တိကောင်းနေတာ။”

အော့မန် လန့်ဖြန့်သွားရသည်။

အော့မင်ယွီ ချက်ချင်းပင် တောင်းပန်လာသည်။

“အဲ့နတ်ရတနာက စီနီယာ့ ပစ္စည်းမှန်း မသိလို့ပါ။ ပိုင်ရှင်မရှိဘူးထင်လို့ အမှားလုပ်မိခဲ့တာပါ။”

ပါ့ရှာ နှာမှုတ်လိုက်သည်။

“တောင်းပန်တိုင်း အလုပ်ဖြစ်မှာလား။ ငါ့ကိုနှိုးခဲ့တဲ့အတွက် ပြန်ပေးဆပ်ရမယ်။”

အော့မင်ယွီမှာ အလွန်ပင် ကြောက်ရွံ့နေသည်။

ပါ့ရှာသာ စားပစ်လိုက်ပါက ခမည်းတော်သည်ပင် ဘာမှတက်နိုင်မည် မဟုတ်ပေ။

“စီနီယာ ကျွန်တော်တို့က သွေးချင်းဆက်နွယ်နေတာလေ။ ဘာမှလည်း ဆုံးရှုံးသွားတာ မဟုတ်တော့ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး။”

အော့မန်မှာ သားတော်အတွက် တောင်းပန်နေရသည်။

ရှောင်ဇယ် သက်ပြင်းချလိုက်သည်။

“နဂါးတွေက ရတနာတွေနဲ့ ပက်သတ်ရင် အရမ်းတုံ့ပြန်မှု ပြင်းကြတယ်။ အော့မင်ယွီက တကယ်အမှားလုပ်မိတာပဲ။ ပြီးတော့ ပါ့ရှာက တော်တော်စိတ်ကြီးတယ်လို့ ကြားဖူးတယ်။”

ထင်မှတ်ထားသည့်အတိုင်း ပါ့ရှာ၏ သွေးနီရောင် မျက်ဝန်းများမှာ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ဖြာထွက်လာသည်။

ထိုအချိန်တွင်ပင် ပါ့ရှာ၏ရှေ့တွင် နဂါးတစ်ကောင် ပေါ်ထွက်လာသည်။

သွေးနီရောင် ထိုနဂါးသည် နေသူရိန်ကဲ့သို့သော ရွှေရောင်မျက်ဝန်းများ ပိုင်ဆိုင်ထားကာ ဦးချိုများမှာ ကျောက်စိမ်းအလား တောက်ပနေသည်။

အနုပညာ လက်ရာမြောက်လောက်အောင်ပင် ထိုနဂါးမှာ လှပလွန်းလှသည်။

ကျက်သရေရှိလှသော နဂါးမှာ ပါ့ရှာအား စူးစိုက်ကြည့်ရှုလာသည်။

“စီနီယာ ပါ့ရှာ ကျွန်မမောင်လေးက မိုက်မဲမိပါတယ်။ ဒါပေမယ့် မောင်လေးကို ကိုယ်တိုင်ဆုံးမပါရစေ။”

ထိုနဂါးသည် ရုပ်ရည်နှင့် မလိုက်ဖက်စွာ အသံမှာ ပျင်းရိဖျင်းတွဲနေသည်။

ပါ့ရှာ မျက်မှောင်ကျုံ့ကာ ထွေးထုတ်လိုက်သည်။

“ထွီ....”

“အာ....”

အော့မင်ယွီမှာ သမုဒ္ဒရာထဲ ပြုတ်ကျသွားရသည်။

၎င်းသည် သွေးပွက်ပွက်အန်ကာ သေတော့မည့် ငါးတစ်ကောင်လို ဖြစ်နေသည်။

ဟင်းလင်းပြင်သို့အပြန်အဆင့် ဖြစ်ပါသော်လည်း ကြည့်မကောင်း ရှုမကောင်း ဖြစ်နေလေသည်။

“ရှောင်ဝူကိုယ်တိုင် တောင်းဆိုလို့ သက်ညှာပေးလိုက်တာ။ နောက်တစ်ခါ ထပ်မဖြစ်စေနဲ့။”

ပါ့ရှာ သတိပေးလိုက်သည်။

အနီရောင် နဂါးမှာ အရိုအသေ ပေးလာသည်။

“ကျေးဇူးတင်ပါတယ် စီနီယာ.....”

“ဒီလိပ်နဂါးနတ်တောင် တစ်ခုလုံးက ငါ့ခန္ဓာကိုယ်ပဲ။ မြက်တစ်ပင်အစ ငါပိုင်တယ်။ မင်းတို့ဘာသာ ဘိုးဘေးကန်တော့တာ ပြဿနာ မဟုတ်ဘူး။ ငါ့အပိုင်ကို တစ်ချက်လောက် ထိကြည့်လိုက်စမ်းပါ။”

ပါ့ရှား၏ စကားသံမှာ မိုးခြိမ်းသံအလား ကြောက်မက်ဖွယ် ကောင်းလှသည်။

အရှေ့ပင်လယ် နဂါးဘုရင်မှာလည်း ပြာပြာသလဲ သဘောတူလိုက်ရသည်။

အန်လင်းတို့မှာ ကြောင်တောင်တောင် ဖြစ်နေမိကြလေသည်။

“အဲ့နဂါးက ဘယ်သူလဲ။ ပါ့ရှာတောင် လွှတ်ပေးလိုက်တယ်ပေါ့။”

ရှောင်ဇယ် ငေးကြောင်နေမိသည်။

အန်လင်း အနည်းငယ် စဥ်းစားလိုက်သည်။

“ရှောင်ဝူ.... အော့ရှောင်ဝူများလား။”

စုရှောင်လန်သည်လည်း နဂါးမင်းပိုင်နက်နှင့် ပက်သတ်၍ ဗဟုသုတ ကြွယ်ဝသည်။

“နဂါးဘုရင်ရဲ့ ပထမ သမီးတော် အော့ရှောင်ဝူလား။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်လောက်တယ်။ ပေလျန်ကလည်း အော့ရှောင်ဝူကို သတိထားဖို့ ပြောဖူးတယ်။”

“အော့ရှောင်ဝူက နှိမ့်နှိမ့်ချချပဲ နေတတ်လို့ အော့ချင်းယွီကို နဂါးမင်းပိုင်နက်ရဲ့ အတော်ဆုံး ကျင့်ကြံသူလို့ ထင်ကြတာ။ တကယ်တော့ အော့ရှောင်ဝူက တာအိုပေါင်းစည်းခြင်း အဆင့်ကိုတောင် ခြေလှမ်းတဝက် ရောက်နေပြီ။”

ရှောင်ဇယ် ဉာဏ်အလင်းပွင့်သွားရသည်။

“အော်.... အဲ့ဒါကြောင့်ကိုး.....”

ကမ္ဘာပေါ်တွင် စွမ်းအင်ကသာ အရေးအကြီးဆုံး မဟုတ်ပါလော။ ပါ့ရှာသည် နဂါးမင်းပိုင်နက်အား အရေးမထားပါသော်လည်း တာအိုပေါင်းစည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက် ရောက်ရှိထားသူအား အလေးအနက် တွေးရပေလိမ့်မည်။

“ဘာမှလုပ်စရာ မရှိရင် နောက်ဆယ်ရက်နေမှ လာခဲ့ကြ။”

ထိုစကားနှင့်အတူ ပါ့ရှာမှာ အန်လင်းတို့အား လှည့်ကြည့်လာသည်။

အားလုံးမှာ အသက်ရှူပင် ကြပ်သွားကြရသည်။

တီနာ ဖြူဖျော့သွားလေသည်။

“သူ... သူမြင်နေတယ်။ ငါသူ့အကြည့်ကို မဖုံးကွယ်နိုင်ဘူး။”

အန်လင်းတို့အားလုံး ထိတ်လန့်ကုန်ကြသည်။

၎င်းတို့သည် ဒဏ္ဍာရီလာသားရဲအား ရင်ဆိုင်နေရခြင်းဖြစ်ပြီး ရုတ်တရတ် ဖြစ်လာနိုင်သော အခြေအနေများအတွက် အစီအစဥ် ဆွဲထားခြင်းလည်း မရှိပေ။

All Chapters