အံ့သြစရာသတင်း ၊ ပွဲကြီးပွဲကောင်း
Vol. 11 Ch. 151
"ကြယ်ဥယျာဥ်"နဲ့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"တို့ တစ်ချိန်တည်း ကြေညာခဲ့ပြီးနောက် ဝေ့ပေါ် ပေါ်က ရေပန်းစား အကြောင်းအရာစာရင်းများ ထပ်ပြီး ဗြောင်းဆန်သွားပြန်ပါသည်။
"လခွမ်း အစ်ကိုဖန်က ကြမ်းလိုက်တာ။ ကြယ်ဥယျာဥ်ကို ထိပ်တိုက် ရင်ဆိုင်ချင်နေတာပဲ။"
"သူတို့ တစ်ချိန်တည်း ထုတ်လွှင့်ပြသကြမှာပဲ။ အစ်ကိုဖန်ရဲ့ သတ္တိကိုတော့ လေးစားတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို သေချာပေါက် Follow လုပ်ထားဦးမှပါ။"
"ဟုတ်တာပေါ့။ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရမ်မာကို ငါကြည့်ရမှာပေါ့။ ဟီးဟီး အစ်ကိုဖန်နဲ့ ရှားဝမ်ချွေ့တို့ ခေါင်းဆောင်မင်းသားမင်းသမီးတွေ ထပ်ဖြစ်ကြပြန်ပြီ။ ဒီဒရမ်မာထဲမှာ အချစ်ရေးဇာတ်ဝင်ခန်းတွေ အများကြီး ပါဝင်လောက်တယ်။"
"ပြောနေစရာတောင် မလိုဘူး။ ဒီရုပ်သံဒရမ်မာက အရမ်းချိုမြိန်မယ်ထင်တယ်။ ငါ Follow လုပ်ထားလိုက်တော့မယ်။ အဓိကအချက်ကတော့ အစ်ကိုဖန်က အနုပညာလောကထဲမှာ အချောဆုံးလို့ ထင်လို့ပဲ။"
"အစ်ကိုဖန်က ရဲတင်းလိုက်တာ။ ဟွာစဲရုပ်ရှင်နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ရေပန်းစားတဲ့ ဒရမ်မာမျိုး မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ဒီ'ဓားနှင့်နတ်သမီးဒဏ္ဍာရီ'က တော်တော်ကောင်းမယ့်ပုံပဲ။ ကြည့်ကြည့်ရအောင်။"
"အရင်တုန်းက ရှားဝမ်ချွေ့ကို ဝေဖန်ပြီး နာမည်ဖျက်တဲ့လူတွေ ရှိတယ်နော်။ သူ့ရဲ့ ကုမ္ပဏီထောက်ခံချက်တွေလည်း ဖျက်သိမ်းသွားကြတယ်။ အစ်ကိုဖန် အရမ်းဒေါသထွက်သွားတာ ဖြစ်မယ်။ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ'ကို အားပေးကြပါ။"
အင်တာနက်ပေါ်တွင် 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ'ကို အားပေးသူများ သာမကဘဲ 'ကြယ်ဥယျာဥ်'ကို အားပေးသူများလည်း ရှိပါသည်။
အရင်တစ်ခေါက် ရှားဝမ်ချွေ့ အနိုင်ကျင့်ခံရပြီးကတည်းက ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းဖန်နှင့် ရှုယန်တို့၏ ပရိတ်သတ်အားလုံး လှုပ်ရှားခဲ့ကြသည်။
အားလုံးက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ကို အားပေးနေကြသည်။
ရှားဝမ်ချွေ့နှင့် လင်းဖန်တို့ သတင်းထွက်လည်း ဘာဖြစ်လဲ။
လင်းဖန်က ရှားဝမ်ချွေ့ကို အိမ်ခေါ်သွားလည်း ဘာဖြစ်လဲ။
သူတို့နှစ်ယောက်က စုံတွဲတွေ ဖြစ်နေရင်တောင် အဲ့တာကြောင့်နဲ့ ရှားဝမ်ချွေ့ကို ဘန်းသင့်လို့လား။
ထိုပရိတ်သတ်များက ရှားဝမ်ချွေ့ကို အမြဲတမ်း သဘောကျခဲ့ပြီး အမာခံပရိတ်သတ်များ ဖြစ်ကြပါသည်။
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က ငယ်ကျွမ်းဆွေများ ဖြစ်ကြသည်။ သူတို့အလယ်တန်းကျောင်းမှာကတည်းက ဆက်ဆံရေး ကောင်းမွန်ခဲ့ကြ၏။ အထက်တန်းကျောင်းဆိုရင် ပြောဖို့တောင် မလိုတော့ပေ။
သူတို့ငယ်ငယ်လေးကတည်းက ခင်မင်ရင်းနှီးခဲ့ကြပြီး ပရိတ်သတ်အများစုကလည်း သိပြီးသား ဖြစ်ပါသည်။
တစ်ဖက်တွင် လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်များက ထူးချွန်လွန်း၏။ သူ ရှားဝမ်ချွေ့နှင့် သရုပ်ဆောင်သည့်အခါ နေရာခက်သလိုမျိုး ဘာမှ မရှိပါ။
သူတို့နှစ်ယောက်က အလွန်ချိုမြိန်စွာ သရုပ်ဆောင်နိုင်ကြသည်။
ပရိတ်သတ်များက ဘာမှပြောမှာ မဟုတ်ပါ။ သူတို့နှစ်ယောက် အကြင်နာပေးရင်တောင် ဘာမှ မမှားပေ။
ရုပ်သံဒရမ်မာတွေထဲမှာ အကြင်နာပေးခန်း မရိုက်ဖူးတဲ့ မင်းသမီးနဲ့ မင်းသား ဘယ်နှယောက် ရှိလို့လဲ။
ထို့ကြောင့် အငြင်းပွားဖွယ်ရာ သတင်းများ ထွက်လာရင်တောင် ရှားဝမ်ချွေ့နှင့် လင်းဖန်တို့ကို အားပေးကြသည့် ပရိတ်သတ်များစွာ ရှိနေဆဲ ဖြစ်ပါသည်။
အရင်တုန်းက ရှားဝမ်ချွေ့ စာချုပ်များ ဖျက်သိမ်းခံရသည့်သတင်းလည်း အွန်လိုင်းပေါ်ပြန့်နှံ့သွားခဲ့ပြီး ပရိတ်သတ်များစွာ ရင်နာခဲ့ကြသည်။
ထို့ကြောင့် ဒီတစ်ခေါက် သူတို့အားလုံး ရပ်တည်ပေးခဲ့ကြ၏။
အွန်လိုင်းပေါ်မှာလည်း လူထုအထင်အမြင်များစွာ ရှိနေပါသည်။
"လခွီးပဲ ငါတို့ချွေ့ချွေ့လေးကို အနိုင်ကျင့်ရဲတဲ့ကောင်ရှိရင် ငါတို့နဲ့ တွေ့မယ်။"
"ချွေ့ချွေ့နဲ့ လင်းဖန်တို့ ဆက်ဆံရေးကောင်းတာ ဘာဖြစ်လဲ။ သူတို့က အစကတည်းက ငယ်ကျွမ်းဆွေတွေပဲလေ။ အဲ့ဒီ အတုအယောင် ပရိတ်သတ်တွေနဲ့ မားကတ်တင်းအကောင့်တွေက ချွေ့ချွေ့ရဲ့ လက်ရာတွေကို ပိုပြီးအာရုံစိုက်သင့်တယ်။"
"ကြယ်ဥယျာဥ်က အထင်ကြီးစရာကောင်းလည်း ဘာဖြစ်လဲ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို မယှဥ်ခင် ဘဝရဲ့ပျော်ရွှင်မှုကိုပဲ အရင်ကျော်တက်လိုက်ဦး။"
လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဝေ့ပေါ် နှင့် ရေပန်းစား အကြောင်းအရာမျိုးစုံတို့တွင် ပရိတ်သတ်ပေါင်းစုံ ပေါ်လာသည်။
တချိန်တည်းမှာပင် ကြယ်ဥယျာဥ်၏ ပရိတ်သတ်များစွာလည်း ရှိနေပါသည်။
"ငါ လင်းခယ့်ရှင်းကို အားပေးမယ်။"
"လင်းခယ့်ရှင်းက အလှဆုံးပဲကွာ ငါကြယ်ဥယျာဥ်ကို မျှော်နေပြီ။"
"လင်းခယ့်ရှင်းရဲ့ ရုပ်သံဒရမ်မာက အရမ်းကောင်းလောက်တယ်။ ဓားနှင့်နတ်သမီဒဏ္ဍာရီထက်တောင် ပိုကောင်းလောက်တယ်။"
"အချိန်တန်ရင် ငါတို့ ကြယ်ဥယျာဥ်ကို အတူတူ အားပေးကြမယ်။ ဒါရိုက်တာအသစ် လင်းဖန်ကများ ငါတို့ ရုပ်သံစီးရီးကို တိုက်ခိုက်ရဲသေးတယ်။ သူက ငါတို့ရှင်းရှင်းလေးနဲ့ ဘယ်လိုလုပ် တိုက်ခိုက်နိုင်မှာလဲ။"
"လင်းဖန်က လူသစ်တစ်ယောက်ပါကွာ။ စုတ်စုတ်ပြတ်ပြတ်ရုပ်ရှင်ကို ရိုက်ထားတာလားတောင် မသိဘူး။ ဟာသကားတောင် ဖြစ်သွားနိုင်တယ်။"
"ဘယ်သူက ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ကြည့်ချင်မှာလဲ ရှားဝမ်ချွေ့ကို ကြည့်ရတာ ရွံတယ်။ သူက ဖျော်ဖြေရေးလောကထဲမှာ ဟန်ဆောင်မျက်နှာဖုံးနဲ့ နေခဲ့တာ။ သူက အကြင်နာပေးခန်း မရိုက်ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ ဘာလို့ အခုအကြင်နာပေးခန်းတွေချည်းပဲ ရိုက်နေတာလဲ။"
"ရွံစရာ ရှားဝမ်ချွေ့၊ ရွံစရာ စုရှောင်းယွီ၊ လင်းဖန်ကလည်း ရွံစရာကောင်းတယ်။ ဘာတွေ လာကြွားနေတာလဲ။ ကြယ်ဥယျာဥ်ကို လာယှဥ်ချင်တာလား။"
"အပေါ်ကောမန့်ကကောင် မင်းတို့ တစ်မိသားစုလုံးကမှ ရွံဖို့ကောင်းတာ။ လင်းဖန်က အရမ်းချောတယ်။ မင်းရဲ့ ကြယ်ဥယျာဥ်က သူ့ကို ယှဥ်နိုင်မလားကွ။ ငါတို့ချွေ့ချွေ့လေး အကြင်နာပေးခန်း ရိုက်တာ ဘာဖြစ်လဲ။ မင်းတို့လင်းခယ့်ရှင်းကကော အကြင်နာပေးခန်း မရိုက်ဖူးဘူးလား။ သူက ပေကျင်းရုပ်ရှင်တက္ကသိုလ်တက်နေတုန်းကတောင် အကြင်နာပေးခန်း ရိုက်ခဲ့သေးတာကို ဘာတွေ လာပြောနေတာလဲ။"
"မင်းသတ္တိရှိရင် ဖုန်းနံပါတ်ပေးလိုက်။"
"မင်းသောက်ဖုန်းနံပါတ်ကို အရင်ပေးပါလား။ မင်းငါတို့ချွေ့ချွေ့လေးကို နာမည်ထပ်ဖျက်ရင် အသေပဲ။"
"မအေဘေး"
ဒီလိုနဲ့ တိုက်ပွဲ နောက်တစ်ခု စတင်လာခဲ့ပါသည်။
ဒါက ဝေ့ပေါ် ပေါ်က အခြေအနေဖြစ်သည်။ အထူးသဖြင့် ပရိတ်သတ်များအကြားတွင် ဖြစ်၏။ သူတို့ သဘောကျသည့် အနုပညာရှင်ကို ကာကွယ်ဖို့ ပရိတ်သတ်များစွာက ဒီလိုလုပ်လေ့ ရှိကြပါသည်။
တစ်ချိန်တည်းတွင် ဟွာစဲရုပ်ရှင်၌...
အားလုံး အတူတူ စုစည်းနေကြသည်။
သူတို့အာရုံစိုက်မှုက ယွဲ့ဟွာ ဖျော်ဖြေရေး၏ တရားဝင် ဝေ့ပေါ် ပို့စ်မှာ ဖြစ်သည်။
စီအီးအိုလျို့က ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "ယွဲ့ဟွာဖျော်ဖြေရေးက ငါတို့ကြယ်ဥယျာဥ်ကို ရင်ဆိုင်တိုက်ခိုက်မယ်ဆိုတော့ တော်တော်ရဲတင်းတာပဲ။ အဆုံးသတ်မှာ ဘယ်သူနိုင်သွားမလဲ ကြည့်ကြသေးတာပေါ့။"
ဟွာစဲရုပ်ရှင်တွင် ဝန်ထမ်းများစွာက အထင်သေးနေကြပါသည်။
"စီအီးအိုလျို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီဆိုတာ ကြမ္မာဆိုးတစ်ခုပါပဲ။ နည်းနည်း ဆန်းသစ်ထားပြီး သူတို့ သရုပ်ဆောင်တွေက အရမ်းတော်ကြတယ်ဆိုပေမယ့် လင်းဖန်က စျေးကွက်ကို အကဲခတ်တာ မှားယွင်းသွားပြီ။"
"ရိုးရိုးသားသားပြောရရင် အဲ့ဒရမ်မာက တကယ့် သာမန်အဆင့်ပဲလို့ထင်တယ်။ အထူးပြုလုပ်ချက်တွေ ဘယ်လောက်ပဲ ကောင်းကောင်း ပရိတ်သတ်ကို မဆွဲဆောင်နိုင်ဘူး။"
"လူငယ်တွေ ဘယ်လိုရုပ်သံဒရမ်မာမျိုးကို ကြိုက်သလဲဆိုတာ နားလည်မှုလွဲနေကြတာပဲ။ ဘယ်သူမှ ကြမ္မာဆိုးရုပ်ရှင်တွေကို မကြိုက်ကြဘူး။ ကြမ္မာဆိုးရုပ်ရှင်တွေကို ပရိတ်သတ်က ပိုမုန်းတီးရုံပဲရှိမယ်။"
"အခုခေတ် လူငယ်တွေက သူတို့ဘဝတွေမှာ ဖိအားတွေ အရမ်းများနေကြတာ။ စိတ်အပန်းပြေစရာ ကောင်းတဲ့ ရုပ်သံဒရမ်မာတွေ ကြည့်ရတာ ပိုမကောင်းဘူးလား။ ဒီလောက်နဲ့တင် လင်းဖန်ရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ကျရှုံးတော့မှာ သိသာနေပြီ။"
ဝန်ထမ်းများစွာ ပြောလိုက်ပါသည်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို သူတို့အထင်မကြီးကြတာ သိသာပါသည်။
ဟွာစဲရုပ်ရှင်တွင် ဇာတ်ညွှန်းရေးဆရာများစွာနှင့် အသင်းအဖွဲ့များစွာ ရှိသည်။ သူတို့ လင်းဖန်လို လူသစ်မျိုးကို ရှုံးနိမ့်လိမ့်မည်ဟု မထင်ထားပေ။
လင်းဖန်က ဘယ်လောက်ချောချော၊ သူ့သရုပ်ဆောင်စကေးတွေ ဘယ်လောက်ပဲ ကောင်းမွန်ပါစေ၊ သူ့ဇာတ်ညွှန်းတွေက ဘယ်လောက်ပဲ ပြောင်မြောက်နေပါစေ သူ့မှာ ရေပန်းစားသည့် ဒရမ်မာတစ်ခုသာ ရှိဖူးသည်။ ထိုအရာက ဘဝရဲ့ပျော်ရွှင်မှုသာ ဖြစ်သည်။။
ဘဝရဲ့ပျော်ရွှင်မှု တစ်ကားလောက် ထုတ်လုပ်ဖူးတာနဲ့ ဘာမှ ဖြစ်မသွားပါ။
ထိုရုပ်သံဒရမ်မာ ရေပန်းစားလာတာလည်း ကံကြောင့်သာ ဖြစ်နိုင်ပါသည်။
ဒီလောကတွင် ဟွာစဲရုပ်ရှင်၏ ဇာတ်ညွှန်းရေးဆရာများက ရေပန်းစားသည့် ဇာတ်ညွှန်းများစွာကို ရေးသားခဲ့ဖူးပါသည်။
သူတို့အားလုံးမှာ အတွေ့အကြုံရှိကြသည်။
လင်းဖန်၏ ဇာတ်ညွှန်းရေးစကေးများက တကယ့်ကို အရမ်းကြီး မဆိုးသော်လည်း သူက လူသစ်တစ်ယောက် ဖြစ်နေဆဲပင်။
အတွေ့အကြုံပိုင်းအရ၊ စျေးကွက်ကို ဆန်းစစ်နိုင်စွမ်း၊ တိတိကျကျ အကဲဖြတ်နိုင်စွမ်းတို့တွင် လင်းဖန်က သူတို့လို ဝါရင့်များကို မယှဥ်ပြိုင်နိုင်ပါ။
"စီအီးအိုလျို့ စိတ်ပူမနေပါနဲ့။ ဒီတစ်ခေါက် ယွဲ့ဟွာ ကျုပ်တို့ကို အနိုင်ယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။"
"ကြမ္မာဆိုးရုပ်ရှင်တွေ ရပ်တည်နိုင်ရင်တောင်၊ လင်းဖန်က ဆန်းသစ်တဲ့လမ်းကို ရွေးသွားရင်တောင် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းနေရင်တောင် သူတို့ အားလုံးကို ပြီးပြည့်စုံအောင် လုပ်ထားရင်တောင် ဘာမှ အသုံးမဝင်ဘူး။"
"ယွဲ့ဟွာ အမှားတစ်ခု လုပ်လိုက်မိတာကိုး။"
"လင်းဖန်လို လူသစ်မျိုးကို ဒါရိုက်တာလုပ်ခွင့်ပေးလိုက်တယ်တဲ့။ အဲ့တာ အကြီးမားဆုံး အမှားတစ်ခုပဲ။"
"ဒါရိုက်တာက အရေးအကြီးဆုံးပဲလေ။ သရုပ်ဆောင်တွေထက်တောင် ပိုပြီး အရေးကြီးသေးတယ်၊။ အဲ့တာကြောင့် ကျုပ်တို့ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့ကမှ အရမ်းပရော်ဖက်ရှင်နယ်ဆန်တဲ့လူတွေပဲ။"
"ယွဲ့ဟွာက မကျွမ်းကျင်တဲ့လူတစ်ယောက်ကို ဒါရိုက်တာလုပ်ခိုင်းတယ်..."
"အဲ့တာက ယွဲ့ဟွာကျဆုံးခြင်းရဲ့ အဓိက အကြောင်းပြချက်ပဲ။"