← Chapters

ပြောင်မြောက်တဲ့ ဂန္တဝင်လက်ရာ၊ လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ လက်ထပ်ကြတော့မှာလား

Vol. 11 Ch. 152

ပြောင်မြောက်တဲ့ ဂန္တဝင်လက်ရာ၊ လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ လက်ထပ်ကြတော့မှာလား

Vol. 11 Ch. 152

အရင်တုန်းကကော အခုကော ဘုရင်ဖြစ်နေဆဲဖြစ်သည့် ဟွာစဲရုပ်ရှင်က ယွဲ့ဟွာဖျော်ဖြေရေး၏ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို လေးလေးနက်နက် ဂရုမစိုက်ခဲ့ကြပေ။

ဒါက ဘုရင်တစ်ပါး၏ ဘဝင်မြင့်မှုနှင့် ယုံကြည်မှု ဖြစ်ပါသည်။

နောက်ဆုံးတော့ သောကြာနေ့ကို ရောက်ရှိလာခဲ့သည်။ ဒီသောကြာနေ့က ယွဲ့ဟွာဖျော်ဖြေရေးနှင့် ဟွာစဲရုပ်ရှင်တို့ တိုက်ခိုက်ကြမည့် သောကြာနေ့ ဖြစ်ပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီက သောကြာနေ့ည ၈ နာရီတွင် တရားဝင် စတင်ထုတ်လွှင့်လိမ့်မည်။

"ကြယ်ဥယျာဥ်"ကိုလည်း ထိုအချိန်မှာပဲ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်.

ဓားနှင့်နတ်သမီးဒဏ္ဍာရီအား စုကျန့်တီဗီတွင် ထုတ်လွှင့်ပြသပြီး ကြယ်ဥယျာဥ်အား MangoTVတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ရုပ်သံဒရမ်မာနှစ်ခုအာား တစ်ချိန်တည်းမှာပဲ ထုတ်လွှင့်ပြသပါလိမ့်မည်။

ည ၈ နာရီထိုးနေပြီဖြစ်သည်။

ပရိတ်သတ်များစွာက တီဗီရှေ့မှာ ဒရမ်မာများ ထုတ်လွှင့်ပြသမည့်အချိန်ကို စောင့်ဆိုင်းနေကြပါသည်။

ပရိတ်သတ်အားလုံး စိတ်လှုပ်ရှားနေကြ၏။

အထူးသဖြင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီအတွက် ဖြစ်သည်။ ဒါက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ နှစ်ယောက်သား အတူတူ သရုပ်ဆောင်ကြသည့် ဒုတိယမြောက် ဒရမ်မာ ဖြစ်၏။

ဒီလိုရှန်းရှ ဒရမ်မာကို အားလုံးစောင့်မျှော်နေမိကြပါသည်။

အမှန်ပင်။ "ကြယ်ဥယျာဥ်" ကိုလည်း ပရိတ်သတ်များစွာက စောင့်ကြည့်နေကြ၏။

သောကြာနေ့ညတွင် စုစုပေါင်း ၃ ပိုင်းကို ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ထုတ်လွှင့်ပြသသောအခါ အဖွင့်သီချင်းကို အရင်ဆုံးပြသပါသည်။ အဖွင့်သီချင်းထဲတွင် ဇာတ်လမ်းများစွာနဲ့ ဇာတ်ကောင်များကို ပြသသည်။

အစပိုင်းတွင် ပရိတ်သတ်များက လင်းဖန်၊ စုရှောင်းယွီ၊ ရှားဝမ်ချွေ့၊ လင်းကျင်းကျင်းနှင့် ရှုယန်တို့ကို မြင်သွားကြပါသည်။

ထို ၅ ယောက်ကို မြင်သောအခါ တီဗီရှေ့က ပရိတ်သတ်မြောက်များစွာ အော်ဟစ်ကုန်ကြသည်။

"လခွမ်း လခွမ်း... ၅ ယောက်စလုံးက ကြည့်ကောင်းလိုက်ကြတာ တကယ့်ကို မျက်စိအစာကျွေးစရာပဲ။"

"လင်းဖန်နဲ့ ရှုယန်တို့က ချောလွန်းတယ်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကလည်း အရမ်းလိုက်ဖက်တာပဲ။”

"ပြီးတော့ လင်းဖန်နဲ့ စုရှောင်းယွီတို့ အတူတူ ရပ်နေတဲ့ ပုံစံက အရမ်းလိုက်တာပဲ။ စုရှောင်းယွီ အရင်တုန်းက တီဗီဒရမ်မာတွေထဲမှာ ဒီလောက်ထိ ချစ်ဖို့မကောင်းဖူးဘူး။ စုရှောင်းယွီက ကျက်သရေရှိပြီး သူရဲကောင်းဆန်လိုက်တာ။ သူက ပါရမီပါပြီး ချစ်ရဲမုန်းရဲတဲ့ သူရဲကောင်းတစ်ယောက်လိုပဲ။"

"လခွမ်း ငါဘာမြင်လိုက်လဲသိလား။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဒီရုပ်သံဒရမ်မာထဲမှာ လက်ထပ်ကြတယ်တဲ့။ သူတို့ တကယ်ကြီး လက်ထပ်ကြတာ။"

"မင်္ဂလာဦးည ဇာတ်ဝင်ခန်းတစ်ခန်း တကယ်ကြီးပါတယ်။ အဖွင့်ဇာတ်ဝင်တေးပဲ ရှိသေးတာကို မင်္ဂလာဦးည ဇာတ်ဝင်ခန်း ပါနေပြီ။"

"ပြီးသွားပြီ။ ငါ့ငယ်ဘဝတော့ သွားပါပြီ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဒီရုပ်သံဒရမ်မာထဲမှာ အတူတူ အိပ်ခဲ့ကြတယ်။ ဒါ ငါတို့ချွေ့ချွေ့လေးရဲ့ ပထမဆုံး အိပ်ယာပေါ်က ဇာတ်ဝင်ခန်း မဟုတ်လား။"

ရုပ်သံဒရမ်မာ၏ ပထမပိုင်းကို စတင်ထုတ်လွှင့်လိုက်သောအခါ ပရိတ်သတ်အားလုံး တုန်လှုပ်သွားကြပါသည်။

ဒီဇာတ်ဝင်ခန်း၏ထုတ်လုပ်ရေး၊ အထူးပြုလုပ်ချက်များ၊ ရိုက်ကူးရေးနည်းလမ်းများ၊ ဇာတ်ဝင်ခန်း ကူးပြောင်းမှုများ၊ နောက်ခံတီးလုံးများ၊ အဖွင့်တေးသီချင်းများကြောင့် ပရိတ်သတ်များအားလုံး မှင်သက်သွားခဲ့ကြပါသည်။

တူညီသည့် ဖော်မြူလာနဲ့ အရသာအတိုင်းပဲ ဖြစ်သည်။

"ဘဝရဲပျော်ရွှင်မှု" မှာလည်း ပရိတ်သတ်တွေက ဒီလို ပြီးပြည့်စုံသည့် နည်းလမ်းတစ်ခုကိုတွေ့ခဲ့ဖူးပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီမှာလည်း ပရိတ်သတ်များက အသေးစိတ်တိုင်းကို မြင်နိုင်ပြီး ဇာတ်ဝင်ခန်းတိုင်းကို ပြီးပြည့်စုံအောင် ဖန်တီးထားသည်။

မျှော်လင့်ထားသည့်အတိုင်းပင်။ ဒါက လင်းဖန် ရိုက်ကူးထားသည့် ဒရမ်မာ ဖြစ်သည်။ အားလုံးကို မှင်သက်သွားစေခဲ့ပါသည်။

အဘယ့်ကြောင့်ဆိုသော်... လင်းဖန်ဖြစ်နေသောကြောင့်ပင်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ဒါရိုက်တာက လင်းဖန် ဖြစ်သည်။

လင်းဖန်က ဒီရုပ်သံဒရမ်မာကို လေးလေးနက်နက် နားလည်ထား၏။ သူ့နတ်ဘုရားအဆင့် ဒါရိုက်တာစွမ်းရည်များဖြင့် ပေါင်းစပ်လိုက်သောအခါ ဒီရုပ်သံဒရမ်မာ၏ အသေးစိတ်တိုင်းကို ပြီးပြည့်စုံအောင် ရိုက်ကူးနိုင်ခဲ့ပါသည်။

အသေးစိတ်တိုင်း၏ ပြီးပြည့်စုံမှုက ဖန်သားပြင်ပေါ်တွင် ပေါ်လွင်နေသည်။

အစကတည်းက သူ့ကို ချီးကျူးနေသည့် ပရိတ်သတ်များစွာ ရှိနေပါပြီ။

အဖွင့်ဇာတ်ဝင်တေးတစ်ခုတည်းနဲ့ ဒီရုပ်သံဒရမ်မာကို ကြည့်ရှုနေသည့် ပရိတ်သတ်ကို ဆွဲဆောင်ခဲ့ပါသည်။

ရာဇဝင်ထဲက ပထမဆုံး ရှန်းရှဒရမ်မာက အားလုံးကို မှင်သက်သွားစေခဲ့သည်။

ထို့နောက် ပထမပိုင်း ပြသခဲ့ပါသည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တောင်ပိုင်း ကျောင်းတိုင်းပြည်တွင် စုန်းဧကရီအား လူထုရှေ့တွင် စစ်ဆေးမေးမြန်းခဲ့သည်။ လမင်းခစားဂိုဏ်းသခင်ကြီးက လူတွေကို လှည့်စားပြီး စုန်းဧကရီက မိစ္ဆာတစ်ကောင်ဖြစ်သည်ဟု ဆို၏။ စုန်းဧကရီ၏ ခန္ဓာကိုယ် အစစ်အမှန်ကို ထုတ်ဖော်နိုင်ဖို့အတွက် သူက ရေမိစ္ဆာသားရဲကို ဆင့်ခေါ်ပြီး ရေကြီးမှုတစ်ခုကို ဖန်တီးခဲ့သည်။ သူမ၏ လူများကို ကာကွယ်ဖို့အတွက် စုန်းဧကရီက သူမ၏ ခန္ဓာကိုယ် အစစ်အမှန်ကို ဖော်ထုတ်ကာ ရေမိစ္ဆာသားရဲကြီးကို တိုက်ခိုက်ခဲ့သည်။ ဘွားဘွားက ကျောက်လင်အာကို သယ်ဆောင်ကာ နန်းတော်ထဲမှ ထွက်ပြေးခဲ့ကာ လီရှောင်းယောင်နှင့် သေရည် ဓားအင်မော်တယ်တို့၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။

လီရှောင်းယောင်၏ အိပ်မက်ထဲတွင် သူ က မှင်စာတစ္ဆေအဘွားကြီးနှင့် လေထဲမှာ တိုက်ခိုက်ပြီး ကုတင်ပေါ်သို့ ပြန်ရိုက်ချခံခဲ့ရသည်။ သူ့ကို အဒေါ်လီက နှိုးခဲ့၏။ အဒေါ်လီက လီရှောင်းယောင်ကို ဆိုင်ဖွင့်ဖို့ မှာကြားသည်။ လီရှောင်းယောင် တံခါးကို ဖွင့်လိုက်သည်နှင့် ထူးဆန်းသည့် လမင်းခစားဂိုဏ်းသား ၃ ယောက်ကို မြင်ခဲ့ရ၏။ သူတို့ ၃ယောက်က လီမိသားစုတည်းခိုခန်း (တိမ်ဝင်တိမ်ထွက် တည်းခိုခန်း)မှာ နေထိုင်ရသည့် တခြား ရည်ရွယ်ချက်များ ရှိသည်။ သူတို့ အဒေါ်လီကို သတိလစ်အောင် လုပ်ခဲ့၏။ အဒေါ်လီကို ကယ်တင်ဖို့အတွက် လီရှောင်းယောင်က ထောင်ချောက်မိသွားခဲ့ပြီး အင်မော်တယ် ဝိညာဥ်ကျွန်းပေါ်ကို ပို့ဆောင်ခံခဲ့ရသည်။ ထိုနေရာတွင် ကျောက်လင်အာနှင့် ဆုံတွေ့ခဲ့၏။ သို့သော်လည်း ကျောက်လင်အာနှင့် ဘွားဘွားတို့က လီရှောင်းယောင်ကို လွန်ခဲ့သည့် ၁၀ နှစ်ကတည်းက သိပြီးသားဖြစ်သည်ဟု ဆိုကြသည်။ လီရှောင်းယောင် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ ဘွားဘွားက လီရှောင်းယောင်နှင့် ကျောက်လင်အာတို့ကို လက်ထပ်ခွင့်ပေးခဲ့သည်။

ဒါက ပထမပိုင်း၏ ဇာတ်လမ်း အပြည့်အစုံ ဖြစ်ပါသည်။ ကာရံက မြန်ဆန်ပြီး အထူးပြုလုပ်ချက်များကလည်း ပြီးပြည့်စုံလှပါသည်။

လင်းဖန်က လီရှောင်းယောင်အဖြစ်၊ ရှားဝမ်ချွေ့က ကျောက်လင်အာအဖြစ် သရုပ်ဆောင်သည်။

သူတို့ ပထမပိုင်းမှာတင် ဒီလို ဆက်နွယ်မှုမျိုး ရှိနေပြီ ဖြစ်သည်။

ရုပ်သံဒရမ်မာ အပိုင်း စုစုပေါင်း ၃၆ပိုင်း ရှိပါသည်။ ဇာတ်လမ်းတည်ဆောက်နှုန်းက အလွန်မြန်ဆန်ပြီး ဆွဲဆန့်ထားတာမျိုး မရှိပါ။

ပထမပိုင်း၏ အဆုံးသတ်တွင် လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ လက်ထပ်လိုက်ကြသည်။

ထိုနေရာတွင် ပထမပိုင်း ပြီးဆုံးသွားခဲ့၏။

ပထမပိုင်းအဆုံးတွင် သေချာပေါက် ကြော်ငြာတစ်ခု ပေါ်လာပါလိမ့်မည်။

ပထမပိုင်းတစ်ခုတည်းနှင့် ဒီဒရမ်မာ ပေါက်သွားခဲ့သည်။

ဝေ့ပေါ် ၏ ရေပန်းစား အကြောင်းအရာ စာမျက်နှာပေါ်မှာ ပေါ်မလာသေးသော်လည်း ဝေ့ပေါ် တွင် ကောမန့်ကောင်းများဖြင့် ပြည့်နှက်နေပါပြီ။

"လခွမ်း လခွမ်း။ ငါ တရုတ်စကား သိပ်မပြောတတ်ဘူး။ ငါ့စိတ်လှုပ်ရှားမှုကို ဘယ်လိုဖော်ပြရမှန်းတောင် မသိတော့ဘူး။ ဒါရိုက်တာလင်းရဲ့ ရုပ်သံဒရမ်မာက တကယ့်ကို စွဲမက်စရာပဲ။"

"ကောင်းလိုက်တဲ့ အထူးပြုလုပ်ချက်တွေပါလား။ ရှန်းရှန်ဒရမ်မာတွေမှာ ဒီလောက်ကောင်းတဲ့ အထူးပြုလုပ်ချက်တွေ ရှိနေတာ မသိခဲ့ဘူး။ လင်းဖန်ရိုက်တဲ့ ရုပ်သံဒရမ်မာတွေတိုင်းက အရမ်းကောင်းနေတာပဲ။ ဇာတ်ကောင်တိုင်းရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းလွန်းတယ်။"

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်အကြောင်းကို ပြောစရာမလိုဘူး။ သူ့သရုပ်ဆောင်စွမ်းရည်တွေက တကယ့်ကို ကောင်းလွန်းပါတယ်။ သူ ရှားဝမ်ချွေ့နဲ့ သရုပ်ဆောင်တဲ့အခါကျရင် အထူးပြုလုပ်ချက်တွေကလည်း အရမ်းလှတယ်။ အထူးသဖြင့် သူတို့ စုံတွဲတွေလို သရုပ်ဆောင်ရင် အရမ်းချိုမြိန်နေတာပဲ။ လင်းဖန်က ရှားဝမ်ချွေ့ရှေ့မှာ ဒီတိုင်း ရပ်နေရင်တောင် ကြည့်ကောင်းလွန်းတယ်ကွာ။"

"လီရှောင်းယောင်နဲ့ ကျောက်လင်အာတို့က တကယ်လိုက်ဖက်ကြတယ်။ လင်းဖန် ဖန်တီးထားတဲ့ အဲ့ဒီဇာတ်ကောင်နှစ်ခုက ပြီးပြည့်စုံလွန်းတယ်။ သရုပ်ဆောင်တွေကလည်း တကယ်ကောင်းကြတယ်။ ရှားဝမ်ချွေ့တစ်ယောက်တည်းပဲ ကျောက်လင်အာလို ဇာတ်ကောင်မျိုးကို ဒီလောက်ကောင်းအောင် သရုပ်ဆောင်နိုင်မှာ"

"ကြိုက်တယ် ကြိုက်တယ်။ အပိုင်း ၂ ကို ဘာလို့ မလွှင့်သေးတာလဲ။ ကြော်ငြာတွေ ဆက်ပြနေတုန်းပဲ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က အပိုင်း ၂ မှာ လက်ထပ်ကြတော့မှာလေ။ ဒီဒရမ်မာရဲ့ ဇာတ်လမ်းတည်ဆောက်နှုန်းက ဘဝရဲ့ပျော်ရွှင်မှုထက်တောင် ပိုမြန်သေးတယ်။ Follow လုပ်ဖို့ နောက်ဒရမ်မာ တစ်ခုပေါ်လာပြီပဲ။"

ဝေ့ပေါ် ပေါ်တွင် အားလုံးက လင်းဖန်ကို ချီးကျူးနေကြပါသည်။

ထိုကဲ့သို့ ရီဗျူးကောင်းများကြောင့်ပဲ ဖြတ်သွားဖြတ်လာများက စိတ်ဝင်စားလာကြသည်။

ချက်ချင်းပဲ ဖြတ်သွားဖြတ်လာများစွာကပါ တီဗီကို ဖွင့်ကြည့်လိုက်ကြသည်။

"ငါလည်း အဲ့ဒရမ်မာ ကြည့်ချင်လိုက်တာ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ လက်ထပ်ကြတော့မယ်လို့ ကြားတယ်။"

"ဟုတ်တယ်။ နောက်ပိုင်းကျရင် လက်ထပ်ကြတော့မှာ၊ အိပ်ယာပေါ်က ဇာတ်ဝင်ခန်းတစ်ခုတာင် ပါလာနိုင်တယ်။"

"လခွမ်း... ဒါဆို ကြည့်မှ ဖြစ်မှာပေါ့။ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရမ်မာကို မကြည့်ရရင် နှမြောစရာပဲ။"

"မြန်မြန် မြန်မြန် အပိုင်း ၂ စတော့မယ်။ ဒီလောက်ကောင်းတဲ့ ဒရမ်မာမျိုး င့ါဘဝမှာ မမြင်ဖူးဘူးကွာ။"

ယွဲ့ဟွာ၏ ဝန်ထမ်းများ၊ ပရိတ်သတ်များ၊ ဖျော်ဖြေရေးကုမ္ပဏီများ၊ လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်တို့အားလုံး ဒါကို မျှော်လင့်မထားခဲ့ကြပေ။

ပထမပိုင်းသာရှိသေးသည်။

သို့သော်လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီက ရီဗျူးကောင်းများစွာကို ရရှိနေပါပြီ။

All Chapters