← Chapters

နတ်ဘုရားအဆင့် လက်ရာနှစ်ခုကို ယှဥ်ရခက်တယ်

Vol. 11 Ch. 153

နတ်ဘုရားအဆင့် လက်ရာနှစ်ခုကို ယှဥ်ရခက်တယ်

Vol. 11 Ch. 153

တချိန်တည်းမှာပင် အွန်လိုင်းပေါ်မှာ ရီဗျူးကောင်းကောင်းရတာ ဓားနှင့်နတ်သမီးဒဏ္ဍာရီပဲ မဟုတ်ပါ။

"ကြယ်ဥယျာဥ်"ကလည်း အလွန်ရေပန်းစားလာပါသည်။

အနုပညာလောက၏ နံပတ်တစ် အမျိုးသမီးသရုပ်ဆောင်အဖြစ် လင်းခယ့်ရှင်းက ပရိတ်သတ်နှင့် အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဟွာစဲရုပ်ရှင်၏ ထိပ်တန်းအဖွဲ့တစ်ခုဖြစ်သည့် ရွှေတံဆိပ် ဇာတ်ညွှန်းရေးဆရာ ၅ ယောက်နှင့် ပေါင်းစပ်လိုက်သောအခါ ကြယ်ဥယျာဥ်ဒရမ်မာကိုလည်း ကြည့်ရှုသူများက နှစ်သက်ကြပါသည်။

"လင်းခယ့်ရှင်းရဲ့ ဓာတ်ပုံလေးတွေက အရမ်းချိုမြိန်တာပဲ။ ဘာလို့ အဲ့လောက် လှနေရတာလဲ။"

"ဒီရုပ်သံဒရမ်မာက အရမ်းကောင်းတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီလောက် ကောင်းတယ်လို့ ထင်တယ်။"

"အဲ့တာ မသိသာဘူးလား။ ဒါက လင်းခယ့်ရှင်းနဲ့ ချူးယောင်ယောင်တို့ ပါတဲ့ ရုပ်သံဒရမ်မာလေ။ အရမ်းချောတဲ့ မင်းသားနှစ်ယောက်လည်း ပါသေးတယ်။"

"ချူးယောင်ယောင်က အရမ်းလှတယ်။ သူနဲ့ လင်းခယ့်ရှင်းတို့ မင်းသမီးကြီးတွေ အတူတူ ဖြစ်လာနိုင်တယ်။ အရမ်းလှတာပဲ။ သူက စုရှောင်းယွီထက်တောင် ပိုလှမယ်ထင်တယ်။"

"မဟုတ်တာတွေ။ စုရှောင်းယွီနဲ့ ချူးယောင်ယောင်တို့က တခြားစီပဲ။ လင်းခယ့်ရှင်းနဲ့ ယှဥ်ဖို့ဆိုတာ ပိုဝေးသေး နားလည်လား။"

"အပိုင်း ၂ ခဏနေရင် ထုတ်လွှင့်တော့မယ်။ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဘယ်လို အနိုင်ယူပြမလဲဆိုတာကို ဟိုဘက်အိမ်မှာ သွားကြည့်လိုက်မယ်။"

"ငါလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီကို သွားကြည့်လိုက်ဦးမယ်။ ငါက မုန်းတီးရေးနဲ့ ပတ်သတ်လာရင် ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲ။ လာစမ်း ငါသွားကြည့်လိုက်ဦးမယ်။ မကောင်းတာ တစ်ခုခု တွေ့လို့ကတော့ အဖွဲ့ဖွဲ့ပြီး မုန်းတီးရေး စကြမယ်။"

"လခွမ်း ယောက်ဖတို့ ငါပြန်လာပြီ။ ဟိုဘက် ရပ်ကွက်က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဝေဖန်စရာ ဘာမှမရှိဘူးဖြစ်နေတယ်။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကလည်း အရမ်းလှတယ်။ သူတို့က အခုဆို ပိုလို့တောင် ဆွဲဆောင်မှု ရှိလာသလိုပဲ။ ယောက်ဖတို့ ငါပြန်မလာနိုင်တော့ဘူး။ တာ့တာ။ ငါ ဓားနှင့်နတ်သမီးဒဏ္ဍာရီကိုပဲ သွားကြည့်တော့မယ်။"

ကောမန့်ပေါင်းစုံ ဝေ့ပေါ် ပေါ်တွင် ပေါ်လာပါသည်။

"ကြယ်ဥယျာဥ်"ကလည်း အပိုင်း ၁ ကို ထုတ်လွှင့်ပြီးနောက် အလွန်အမင်း ရေပန်းစားလာပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" အပိုင်း ၁ ကလည်း ရီဗျူးကောင်းများ ရရှိထားသည်။

လင်းဖန်၏ ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ကို တကယ်တိုက်ခိုက်နိုင်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။

ထို့အပြင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက စတင်လွှင့်တင်ကတည်းက အရေးနိမ့်နေသူ မဟုတ်ခဲ့ပေ။

ဒါက ရုပ်သံဒရမ်မာနှစ်ခုအကြားက တိုက်ပွဲ မဟုတ်တော့ပေ။

လင်းဖန်နှင့် ဝမ်ဟောက်ရန် (ကြယ်ဥယျာဥ်၏ ခေါင်းဆောင်မင်းသား) တို့အကြားက တိုက်ပွဲ၊ ရှားဝမ်ချွေ့နှင့် လင်းခယ့်ရှင်းတို့အကြားက တိုက်ပွဲနှင့် ပိုတူလာပါသည်။

ထိပ်တန်း နာမည်ကျော် အမျိုးသမီးနှစ်ယောက် တိုက်ခိုက်သည့်အခါ ဘယ်လို မီးပွားမျိုးတွေ ထွက်လာနိုင်မှာလဲ။

တချိန်တည်းမှာပင် ဒါက ယွဲ့ဟွာဖျော်ဖြေရေးနှင့် ဟွာစဲရုပ်ရှင်တို့အကြားက တိုက်ရိုက်ရင်ဆိုင်မှု ဖြစ်သည်။

ထို့နောက် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"၏ ဒုတိယပိုင်းကို တရားဝင် ထုတ်လွှင့်ပြသခဲ့ပါသည်။

"ကြယ်ဥယျာဥ်" ၏ ဒုတိယပိုင်းကိုလည်း တစ်ချိန်တည်းမှာပဲ ထုတ်လွှင့်ပြသခဲ့သည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"၏ အပိုင်း ၂ ကလည်း အလွန်မြန်ဆန်လှပါသည်။ လီရှောင်းယောင်နဲ့ ကျောက်လင်အာတို့ လက်ထပ်သွားကြသည်။

ထို့နောက် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ မင်္ဂလာဦးည ဇာတ်ဝင်ခန်းကို သရုပ်ဆောင်ရသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ အပိုင်း ၂ ဇာတ်လမ်းမှာ --

လီရှောင်းယောင်နှင့် ကျောက်လင်အာတို့ လက်ထပ်လိုက်သောအခါ လီရှောင်းယောင်သည် ကျောက်လင်အာနှင့် သူ မထိုက်တန်ဘူးဟု ခံစားခဲ့ရသည်။ သူ့အိမ်ထောင်ရေးမှ ထွက်ပြေးခဲ့၏။ ကျောက်လင်အာက သူ့နောက်သို့ လိုက်လာခဲ့သည်။ ကျောက်လင်အာ၏ ဖြောင်းဖြမှုတချို့ ပြီးသောအခါ သူတို့နှစ်ယောက်သား လက်ထပ်မင်္ဂလာကို ကျင်းပခဲ့ကြပါသည်။ နောက်တစ်နေ့တွင် ကျောက်လင်အာက လီရှောင်းယောင်ကို ကျွန်းပေါ်မှ ထွက်ခွာဖို့ လိုက်ပို့ခဲ့သည်။ သူတို့နှစ်ယောက်သား ခွဲခွာရဖို့ တွန့်ဆုတ်နေပါသည်။ ထိုအချိန်တွင် လမင်းခစားဂိုဏ်းသားများက ကျွန်းကို တိုက်ခိုက်ခဲ့သည်။ ဘွားဘွား၊ နတ်သမီးများနှင့် လမင်းခစားဂိုဏ်းသားတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ လီရှောင်းယောင်ကို ကာကွယ်ဖို့အတွက် ကျောက်လင်အာက သူ့ကို လှေငယ်လေးတစ်ခုပေါ် တွန်းကာ ကျွန်းမှ ထွက်ခွာစေခဲ့သည်။ ထိုအချိန်တွင် အာ့နွီလည်း ကျောက်လင်အာ အန္တရာယ်ရှိနေသည်ဟု အာရုံရခဲ့ပါသည်။ လမင်းခစားဂိုဏ်းသခင်ကြီးက စုန်းဘုရင်ကြီးကိုပါ လှည့်စားခဲ့သည်။ သူ့သမီးကို အရမ်းလွမ်းနေသည့် ဘုရင်ကြီးအား ကျောက်လင်အာ အဆင်ပြေနေပါသည်ဟု ဆိုခဲ့၏။

လီရှောင်းယောင်က လမင်းခစားဂိုဏ်းက ပေးခဲ့သော ဝမ်းနည်းမှုမေ့ပျောက်ခြင်းအဆိပ်ကို စားသုံးခဲ့သောကြောင့် အာနိသင် သက်ရောက်ကာ အင်မော်တယ်ဝိညာဥ်ကျွန်းပေါ်က အရာရာကို မေ့ပျောက်သွားခဲ့ပါသည်။ ညဘက်တွင် သေရည် ဓားအင်မော်တယ်နှင့် တွေ့ဆုံကာ သိုင်းပညာကို သင်ယူခဲ့သည်။

ဒုတိယပိုင်း၏ ဇာတ်လမ်း တည်ဆောက်နှုန်းက အလွန်မြန်ဆန်သည်။

လင်းဖန်နှင့် ရှားဝမ်ချွေ့က ဒီလိုမျိုး လက်ထပ်ခဲ့ကာ ချစ်တင်းပင်နှောခဲ့သည်။

နောက်တစ်နေ့ သူတို့နှစ်ယောက် ခွဲခွာဖို့ကို တွန့်ဆုတ်နေခဲ့သည်။ ထို့နောက် အန္တရာယ်ကို အတူတူ ရင်ဆိုင်ကာ လမင်ကိုးကွယ်ဂိုဏ်းသာားများကို တိုက်ခိုက်ခဲ့ကြ၏။

လင်းဖန်သည် အစပိုင်းမှာ သိုင်းပညာ မတတ်မြောက်သေးသဖြင့် သူ့ဇနီး ရှားဝမ်ချွေ့၏ ကာကွယ်ပေးမှုကိုသာ ခံခဲ့ရသည်။

သို့သော်လည်း လင်းဖန်က ဝမ်းနည်းမှုမေ့ပျောက်ခြင်းအဆိပ်ကို စားသုံးခဲ့သဖြင့် ရှားဝမ်ချွေ့ကို မေ့ပျောက်သွားခဲ့သည်။

ထိုဇာတ်ဝင်ခန်းများစွာ အဆုံးသတ်သွားသောအခါ ပရိတ်သတ်အားလုံး လုံးဝ မှင်သက်သွားခဲ့ပါသည်။

"ဒါ... ဘယ်လိုတောင် ကောင်းလိုက်တဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုးလဲ။"

"ဇာတ်လမ်းတည်ဆောက်ပုံကလည်း မြန်ချက်ပဲ..."

"အဓိက အချက်က ရှားဝမ်ချွေ့ မင်္ဂလာဝတ်စုံလေးနဲ့ အရမ်းလှတာပဲ။ လင်းဖန်နဲ့ လက်ထပ်ပြီး အိပ်ယာပေါ်က အခန်းတောင် ပါသေးတယ်။"

"သူတို့နှစ်ယောက်ရဲ့ အိပ်ယာပေါ်က ဇာတ်ဝင်ခန်းကို ငါ ဘာလို့ မမြင်လိုက်တာလဲ။ ငါ့ရဲ့ အင်တာနက်အမြန်နှုန်း နှေးနေတာလားဟ။"

"ကာရံနဲ့ ဇာတ်လမ်းဇာတ်ကွက်က အရမ်း စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်။ အီးဟီးဟီး ဘာလို့ အရမ်းချိုမြိန်တယ်လို့ စောစောက မပြောတာလဲ။ လီရှောင်းယောင်က ဘာလို့ ကျောက်လင်အာကို မေ့ပျောက်သွားတာလဲ။ အကျင့်မကောင်းတဲ့ လမင်းခစားဂိုဏ်းသားတွေ..."

"အစကတည်းက ဒီလောက် ကြမ်းမှာလားဟ။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်။ လီရှောင်းယောင်က ကျောက်လင်အာကို မြန်မြန်မှတ်မိစေချင်နေပြီ။"

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူ သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ။ ဒီလိုသက်ရောက်မှုမျိုး ရအောင် ဘယ်လိုတောင် သရုပ်ဆောင်လိုက်တာလဲ။ ဒုတိယပိုင်းက အရမ်းကောင်းတာပဲ။ ပွဲသိမ်းသွားပြီ။ နောက်ဆို ငါတီဗီရှေ့က မခွာတော့ဘူး။ ဒီမှာ နောက်ထွက်မယ့်အချိန်အထိ ထိုင်စောင့်နေတော့မယ်ကွာ။"

အပိုင်း ၂ ပြီးဆုံးသွားသောအခါ ပရိတ်သတ်တချို့က တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။

ပြီးတောင်သွားပြီလား။

သူတို့ကြည့်လို့မဝသေးပေ။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့အကြားက သရုပ်ဆောင်မှု အစပိုင်းက ချိုမြိန်မှုနှင့် နောက်ပိုင်းက အတိတ်မေ့မှုတို့က ပရိတ်သတ်အားလုံး၏ နှလုံးသားကို လုံးဝ စွဲငြိသွားခဲ့သည်။

ဒီဇာတ်လမ်းဇာတ်ကွက်ကို ပရိတ်သတ်များစွာ မြင်လိုက်သောအခါ လုံးဝ မှင်သက်သွားကြ၏။

ကြယ်ဥယျာဥ်မှ ရောက်လာခဲ့သော ပရိတ်သတ်များကတောင် ဒီအပိုင်းကို ကြည့်ပြီးနောက် ကြယ်ဥယျာဥ်ကို ပြန်သွားမကြည့်ကြတော့ပေ။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ သရုပ်ဆောင် ကောင်းလွန်းသည်။

တချိန်တည်းမှာပင် "ကြယ်ဥယျာဥ်"၏ အပိုင်း ၂ လည်း ထုတ်လွှင့်ပြသမှု ပြီးဆုံးသွားခဲ့ပြီဖြစ်၏။

အင်တာနက် တစ်ခွင်လုံး အပူတပြင်း စတင် ဆွေးနွေးကြတော့သည်။

"ကြယ်ဥယျာဥ်"တွင် စူပါစတား လင်းခယ့်ရှင်းနှင့် ဝမ်ဟောက်ရန်တို့၏ အချစ်ရေးက အလွန်ချိုမြိန်သည်။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ ကောင်းကာ ပိုအရေးကြီးတာက ဝမ်ဟောက်ရန်၏ ပုံပန်းသဏ္ဌာန်ကြောင့် ပရိတ်သတ်များစွာ အော်ဟစ်မိကြခြင်းပင်။

စုစုပေါင်း ၂ ပိုင်းတိတိ ထုတ်လွှင့်ပြီးပါပြီ။

အခုချိန်ထိ "ကြယ်ဥယျာဥ်" နှင့် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" တို့အကြား ရှင်းရှင်းလင်းလင်း အောင်နိုင်သူ ပေါ်မလာသေးပါ။

ရုပ်သံဒရမ်မာနှစ်ကားက ရီဗျူးကောင်းများဖြင့် ပြည့်နှက်နေပါသည်။

ဘယ်ဒရမ်မာက ပိုရေပန်းစားသလဲဆိုတာ ပရိတ်သတ်များတင်မကဘဲ MangoTV နှင့် စုကျန့်တီဗီတို့က ဝန်ထမ်းများကတောင် မပြောနိုင်သေးပါ။

ယွဲ့ဟွာဖျော်ဖြေရေးနှင့် ဟွာစဲရုပ်ရှင်တို့မှ အားလုံးလည်း မပြောနိုင်သေးပါ။

ရုပ်သံဒရမ်မာနှစ်ခုစလုံးက အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။

၎င်းတို့က အွန်လိုင်းပေါ်တွင် အလွန်ရေပန်းစားနေပါသည်။

လင်းခယ့်ရှင်းနှင့် ချူးယောင်ယောင်တို့၏ ပရိတ်သတ်များကိုတော့ ပြောဖို့ မလိုတော့ပါ။ သူမတို့ နှစ်ယောက်၏ ပရိတ်သတ်နှင့် ရေပန်းစားမှုက နိုင်ငံတော်တစ်ခုလုံး၏ ထက်ဝက်လောက် ရှိပါသည်။

နှိုင်းယှဥ်ကြည့်လိုက်လျှင် ရှားဝမ်ချွေ့ စုရှောင်းယွီ၊ ရှုယန်၊ လင်းဖန်နှင့် လင်းကျင်းကျင်းတို့က အရေးနိမ့်နေပါသည်။

ရုပ်သံဒရမ်မာနှစ်ခုအား တစ်ပြိုင်တည်း ထုတ်လွှင့်ပြသခဲ့ကြသည်။ ပရိတ်သတ်ကလည်း အားကောင်းသော ယှဥ်ပြိုင်မှုတစ်ခုကို အာရုံခံမိပါသည်။

သူတို့ နှစ်ခုစလုံးကို အားပေးချင်သည်။

အဓိကက သူတို့ ဘာပဲ ရွေးချယ်ပါစေ တစ်ခေါက်ကို ရုပ်သံဒရမ်မာတစ်ခုသာ ကြည့်နိုင်မည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" နှင့် "ကြယ်ဥယျာဥ်"တို့က သရေကျနေကြသည်။ အလွန်အမင်း စိတ်ဝင်စားဖို့ကောင်းသော ရုပ်သံဒရမ်မာ နှစ်ခုက ဖန်သားပြင်ပေါ်တွင် တစ်ပြိုင်နက်တည်း ပေါ်လာပါသည်။

ပရိတ်သတ်များစွာ အကျပ်ရိုက်ကုန်ကြပြီ။

ရုပ်သံဒရမ်မာတစ်ခုတွင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ပါဝင်သည်။ တစ်ပြိုင်တည်းမှာပင် စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန်စသဖြင့် နာမည်ကျော်များစွာလည်း ပါသည်။ လင်းဖန် ရိုက်ကူးထားသော လက်ရာဖြစ်ကာ ကြည့်ရှုသူတွေကလည်း ကြိုက်နှစ်သက်မှု ရှိသည်။

နောက်ရုပ်သံဒရမ်မာတစ်ခုက လင်းခယ့်ရှင်းနှင့် ချူးယောင်ယောင်တို့ ပါဝင်သည်။ ၎င်းကလည်း အလွန် ရေပန်းစားပါသည်။

ပထမ နှစ်ပိုင်းကိုကြည့်ရုံနဲ့ ဘယ်တစ်ခုက ပိုကောင်းလဲ မပြောနိုင်သေးပါက ထုတ်လွှင့်ပြသတာ မကြာသေးသောကြောင့်ဖြစ်သည်။

ပထမနေ့ရက်တွင် ရုပ်သံဒရမ်မာနှစ်ခု၏ ဒေတာများက အထူးအရေးကြီးသည်။

တချိန်တည်းမှာပင် ရုပ်သံဒရမ်မာ နှစ်ခု၏ အပိုင်း ၃ ကို စတင် ထုတ်လွှင့်ပြသနေပါပြီ။

All Chapters