← Chapters

ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်း

Vol. 24 Ch. 325

ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်း

Vol. 24 Ch. 325

သူတို့ရဲ့ အောက်မှာတော့  ဝတ်စုံနက် ဝတ်ဆင်ထားတဲ့ လူတစ်ထောင်ကျော်ဟာ ယုံဝူးမြို့ရဲ့ အနောက်ဘက် ဆင်ခြေဖုံး အရပ်ကို တဖြည်းဖြည်း စိမ့်ဝင်လာခဲ့ပါပြီ။

ဒီလူစုထဲက အများစုကတေ့ာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာပဲ ရှိပါသေးတယ်။  ဒါပေမဲ့ မြေကမ္ဘာ ပညာရှင်တွေနဲ့ ကောင်းကင်နယ်ပယ် ပညာရှင်အချို့လည်း ပါလာပါသေးတယ်။

သူတို့ကို ဦးဆောင်လာသူကတော့ ကြောင်မျက်နှာဖုံး ဝတ်ဆင်ထားတဲ့  ဝတ်စုံနက် တစ်ယောက်ပါပဲ။  ထိုကြောင်မျက်နှာဖုံးရှင်ရဲ့ အနောက်မှာတော့ ကင်းခြေများ မျက်နှာဖုံး ဝတ်ဆင်ထားတဲ့ လူတစ်ယောက်လည်း ပါလာပါသေးတယ်။  သူတို့ နှစ်ယောက်ရဲ့ ရာထူး အဆင့်အတန်းက သိပ်ပြီး ကွာဟပုံ မပေါ်ပါဘူး။

" ကောင်းကင်နယ်ပယ် အဆင့်မြင့် ပညာရှင်နှစ်ယောက်ပါလား ... "

လီဖူချန်းကတော့ အခြေအနေ မကောင်းတော့ဘူး ဆိုတာကို ရိပ်မိလိုက်ပါပြီ။

သူရဲ့ အသိစိတ်အာရုံက  ထိုမျက်နှာဖုံးရှင် နှစ်ယောက်ရဲ့  ကျင့်ကြံခြင်း အဆင့်ကို ကောင်းကောင်းကြီး ခန့်မှန်းပေးနိုင်သည် မဟုတ်ပါလား။

ကြောင်မျက်နှာဖုံးရှင်က ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင် ဖြစ်ပြီး ကင်းခြေများ မျက်နှာဖုံးရှင်က ကောင်းကင် နယ်ပယ် အဆင့်၉ ပညာရှင် ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းက ကြောင်မျက်နှာဖုံးရှင်ဟာ ကင်းခြေများ မျက်နှာဖုံးရှင်ထက် ပိုကြောက်စရာ ကောင်းနေတယ်လို့ ခံစားနေရပါတယ်။   သူ့ရဲ့ အစိုးရိမ်ကြီးမှုကြောင့် အခုလို ခံစားနေရတာလား ဆိုတာကိုတော့  သူကိုယ်တိုင်လည်း ဝေခွဲမရတော့ပါဘူး။

ဒီတစ်ကြိမ် ပေါ်လာတဲ့ မိစ္ဆာတာအို အင်အားစုက သူထင်ထားတာထက်ကို ပိုအားကောင်း နေပါတယ်။  အငယ်စားနယ်မြေ အပိုင်းအခြား၇က  မိုးပြာရောင်ဂိုဏ်း အဖွဲ့ဝင်တွေ အားလုံး ရောက်လာမှသာ သည်မိစ္ဆာတာအို ကျင့်ကြံသူတွေကို  တွန်းလှန်နိုင်မှာပါ။

" ယုံဝူးမြို့ကို ဝိုင်းထားလိုက် "

ကြောင်မျက်နှာဖုံးရှင်က အမိန့်ပေး လိုက်ပါတယ်။

ဟူး ... ဟူး ... ဟူး ...  ...

လူတစ်ထောင်ကျော်ရှိတဲ့ ဝတ်စုံနက်တွေဟာ နှစ်ဖွဲ့ခွဲပြီး ယုံဝူးမြို့ကို စတင် ဝိုင်းလိုက်ပါပြီ။  တစ်နာရီမျှ  အကြာမှာတော့ ယုံဝူးမြို့ရဲ့ ပတ်ပတ်လည်မှာ ဝတ်စုံနက်တွေနဲ့  ပြည့်နှက် သွားပါတော့တယ်။

လီဖူချန်းက ယုံဝူးမြို့ထဲက အထိတ်တလန့် အော်နေသံတွေကိုတောင်  ကြားနေရပါတယ်။

ယုံဝူးမြို့နဲ့ ၁၀မိုင် အကွာအဝေးမှာတော့ လူရိပ်ကိုးရိပ်ဟာ  ကောင်းကင်ထက်မှာ ပျံသန်း နေကြပါတယ်။

မိုးပြာရောင် ဂိုဏ်းအတွင်းစည်း အကြီးအကဲတွေရဲ့ ပျံသန်းနှုန်းနဲ့ ဆိုရင်တော့  အချိန်၂နာရီ ဆိုတာက ရွှေရောင် တိမ်တိုက်မြို့ကနေ ယုံဝူးမြို့ကို ရောက်ဖို့အတွက် လုံလောက်မက လုံလောက် နေခဲ့ပါပြီ။

ယုံဝူးမြို့ကို လာခဲ့တဲ့ အတွင်းစည်း အကြီးအကဲ အရေအတွက်ကတော့ ကိုးယောက်တိတိ ရှိပါတယ်။

အကြီးအကဲ မားချီဟိုင်ကတော့ ဇောင်ဝူကျင်းလို မူတဘူတဓား လျှို့ဝှက် နည်းစနစ်ကို လေ့ကျင့်ထားတဲ့ အတွက်  သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု အပြည့် ရှိပုံပင်။   သူက ကောင်းကင်နယ်ပယ် ပညာရှင် ၅ယောက်ကိုသာ သူနဲ့အတူ ခေါ်ဆောင်သွားခဲ့တယ်လေ။

ယုံဝူးမြို့ကို လာတဲ့ အတွင်းစည်း အကြီးအကဲတွေကို ဦးဆောင်လာသူကတော့ ကောင်းကင်နယ်ပယ် အဆင့်၈ ပညာရှင်ဖြစ်တဲ့  လင်ခွန်း ဖြစ်ပါတယ်။

ယုံဝူးမြို့ကို ဝိုင်းထားတဲ့ ဝတ်စုံနက်တစ်ထောင်ကျော်ကို မြင်လိုက်ရတဲ့ အခါမှာတော့ လင်ခွန်းဟာ အခြေအနေ အရပ်ရပ်ကို သဘောပေါက် လိုက်ပါပြီ။ ယုံဝူးမြို့က မိစ္ဆာတာအို ပညာရှင်တွေ ပစ်မှတ်ထားတဲ့ မြို့ပါပဲ။ ငြိမ်းချမ်းရေး မြို့ကတော့ မိုးပြာရောင်ဂိုဏ်းကို လှည့်စားဖို့ အတွက် မိစ္ဆာတာအို ပညာရှင်တွေ အယောင်ပြ လှုပ်ရှားတဲ့ မြို့ဖြစ်ပါတယ်။

လင်ခွန်းက တွေဝေ တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ သူ့ရဲ့ သားသမီး တံဆိပ်တော်ကို ချေမွလိုက်ပါပြီ။  ဒါပေမဲ့လည်း မိုးပြာရောင်ဂိုဏ်းရဲ့ စစ်ကူတွေ ဒီကိုရောက်လာဖို့ အတွက် ဆိုရင် အနည်းဆုံး ၂နာရီကနေ အများဆုံး ၄နာရီအထိ ကြာမယ် ဆိုတာကိုတော့ သူကောင်းကောင်းကြီး ရိပ်မိပါတယ်။  အဲဒီအတွက်  ပထမဆုံး သူတို့လုပ်ရမှာကတော့ စစ်ကူတွေ မလာခင်အထိ တောင့်ခံထားဖို့ပါပဲ။

" ခွေးမသား. ... အယုတ်တမာကောင်တွေ  ... ။  မင်းတို့က အရမ်း သတ္တိရှိနေတယ်ပေါ့ ... "

ရွှမ်း ...

လင်ခွန်းက ယုံဝူးမြို့နဲ့ ၈မိုင်အကွာကို အရောက်မှာတော့ တိုက်ပွဲကို စတင်လိုက်ပါပြီ။  သူ့ရဲ့ ဓားချက်က ဝတ်စုံနက်တွေ ဆီကို   မုန်တိုင်း တစ်စင်းပမာ တိုးဝင်သွားပြီး ဝတ်စုံနက် အယောက်၂၀ လောက်ကို တစ်စစီ  ဖြစ်သွားစေခဲ့ပါတယ်။

" ဒီမိုးပြာရောင်ဂိုဏ်းက စောက်ရူးတွေက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ရောက်လာတာလဲ ... ။ "

ကြောက်မျက်နှာဖုံးရှင်ရဲ့ မျက်လုံးထဲမှာတော့ အံ့အားသင့်တဲ့ အရိပ်အယောင်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

" ခြေထောက်တစ်ထောင် ...  မင်းသူတို့ကို တာဝန်ယူလိုက်။ "

ကြောင်မျက်နှာဖုံးပိုင်ရှင်က သူ့နံဘေးမှာ ရပ်နေတဲ့ ကင်းခြေများ မျက်နှာဖုံးရှင်ကို ပြောလိုက်ပါတယ်။

" ဒီကောင်တွေ လောက်တော့ စာမဖွဲ့ဘူး"

ကင်းခြေများ မျက်နှာဖုံးပိုင်ရှင်က ဝတ်စုံနက် ဝတ်ဆင်ထားတဲ့  ကောင်းကင် နယ်ပညာရှင်တွေကို ခေါ်ဆောင်ကာ လင်ခွန်းတို့ကို တားဆီးရန် အလို့ငှာ ထွက်သွားခဲ့ပါတယ်။

" အကြီးအကဲကျင်း၊ အကြီးအကဲစု  ...   အောက်ဆင်းပြီး ဝင်တိုက်ကြစို့ ... ။ "

လီဖူချန်းကတော့ အကြီးအကဲ နှစ်ယောက်ရဲ့ သဘောထားကိုတောင် မမေးတော့ဘဲ  ဖျက်ဆီးခြင်း တံစဉ်ငှက်ကို  တဟုန်ထိုး ထိုးဆင်းစေလိုက်ပါပြီ။  သူ့ရဲ့ ဓားက သွေးဆာနေပြီ မဟုတ်ပါလား ... ။

ဒီဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးဟာ ပျံသန်းနှုန်း အရာမှာတော့ လက်ဖျား ခါလောက်အောင် မြန်လှပါတယ်။ ကောင်းကင်နယ်ပယ် အလယ်အလတ် အဆင့် ပညာရှင်တွေတောင်မှ သည်ငှက်ကြီးလောက် မြန်အောင် ပျံသန်းနိုင်မှာ မဟုတ်ပါဘူး။

ရွှီး ...  ...

စူးရှတဲ့ လေတိုးသံကြီး တစ်ခုနဲ့ အတူ ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီး မီတာ၅ထောင် အမြင့်ကနေ ဇောက်ထိုးဆင်းချ လာခဲ့ပါတယ်။  ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးရဲ့ သင်တုန်းဓားတွေလို ထက်မြက်လှတဲ့ ခြေသည်းတွေကတော့  မိစ္ဆာတာအို အင်အားစုဘက်က  ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင် တစ်ယောက်ကို အညှာအတာကင်းမဲ့စွာ ကုတ်ဖဲ့လိုက်ပါပြီ။

ဝတ်စုံနက်ကတော့ ရုတ်တရက် ပေါ်လာတဲ့ ဖျက်ဆီးခြင်း တံစဉ်ငှက်ရဲ့  တိုက်ခိုက်မှုကို အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပါဘူး။

အား ...

ဝတ်စုံနက်ကတော့ အသံနက်ကြီးဖြင့် အော်ကာ သွေးသံတရဲရဲဖြင့်  မြေပြင်ပေါ်ကို ပြုတ်ကျ သွားခဲ့ပါပြီ။

ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးဟာ အဆင့် ၄အမျိုးအစား  အဆင့်နိမ့်သားရဲ တစ်ကောင်ပါ။  သာမန် အခြေအနေတွေမှာ ဆိုရင်တောင် သည်ဖျက်ဆီးခြင်း တံစဉ်ငှက်ကြီးက ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင်တွေထက် အစွမ်းထက် ပါတယ်။  ဒီငှက်ကြီးရဲ့ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ ဝတ်စုံနက်က ဘယ်လို အကြောင်းနဲ့မှ ခုခံနိုင်စရာ မရှိပါဘူူး။

ဒီဝတ်စုံနက်ကတော့ အတော်လေး ကံဆိုးတယ်လို့ ပြောရမှာပါပဲ။  သူက မြေပြင်ပေါ်ကို ပြုတ်ကျ နေဆဲမှာပင်  ဖျက်ဆီးခြင်း တံစဉ် ငှက်ပေါ်ကနေ လူနှစ်ယောက် ခုန်ဆင်းလာပြီး သူ့ကို ဘယ်ညာညှပ်ကာ တိုက်ခိုက်လိုက်ပါတယ်။

ရွှမ်း ... ရွှမ်း ...

အား ...

ဓားချက်နှစ်ချက်က ဝတ်စုံနက်ရဲ့ ခန္ဓာကိုယ်ကို ၂ပိုင်း ပြတ်သွား စေခဲ့ပါပြီ။  ထိုလူနှစ်ယောက် ကတော့ ကျင်းမင်နဲ့ စုချန်းတို့ပါပဲ။

ထိုဖြစ်ရပ်ကို မြင်တွေ့လိုက်တဲ့  ကြောင်မျက်နှာဖုံးရှင်က ဒေါသတကြီးနဲ့ သူတို့ နှစ်ယောက်ဆီကို ခုန်တက် သွားခဲ့ပါပြီ။

"မကောင်းတော့ဘူး ... ။  အဲဒါက ကျင်းမင်နဲ့ စုချန်းပဲ။  သူတို့နှစ်ယောက်က ကြောင်မျက်နှာဖုံး ရှင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

လင်ခွန်းက ပြင်းထန်တဲ့ ဓားကွက် တစ်ကွက်ကို ထုတ်လိုက်ပြီး ကင်းခြေများ မျက်နှာဖုံးရှင်ကို နောက်ဆုတ် စေလိုက်ပါတယ်။  ထို့နောက်မှာတော့ သူက ကြောင်မျက်နှာဖုံးရှင်နဲ့  ထိပ်တိုက်ရင်ဆိုင် လိုက်ပါတယ်။

" ကျင်းမင် နဲ့ စုချန်း ... ။  ငါနဲ့ နေရာလဲပြီးတိုက် "

" ရတယ်လေ "

ကျင်းမင်နဲ့ စုချန်းတို့ကလည်း  လူပါးတွေပါပဲ။ သူတို့ နှစ်ယောက်က ကင်းခြေများ မျက်နှာဖုံးရှင် ထံကို ခုန်ဝင်ပြီး တိုက်ခိုက်လိုက်ပါတယ်။

" မင်းက သေချင်နေတာပဲ”

ကြောင်မျက်နှာဖုံးရှင်က သံမဏိ လက်သည်းတွေ စွပ်ထားတဲ့ သူ့ရဲ့လက်နဲ့ လင်ခွန်းကို ကုတ်ဆွဲ ချလိုက်ပါတယ်။

" ဟား ... ဟား ... ဟား ...  "

" လာစမ်းပါ"

လင်ခွန်းကလည်း နောက်တွန့် မနေပါဘူး။  သူက တဟားဟား ရယ်မောလိုက်ပြီး ကြောင်မျက်နှာဖုံးရှင်နဲ့ လက်သည်း ကုတ်ချက်တွေကို ထိပ်တိုက် ရင်ဆိုင် လိုက်ပါတယ်။

" မကောင်းတော့ဘူး။  အကြီးအကဲကျင်းနဲ့ အကြီးအကဲစု တို့က ကင်းခြေများ မျက်နှာဖုံးရှင်ကို လက်ရည်တူ ယှဉ်နိုင်ပေမယ့် အကြီးအကဲ လင်ခွန်းကတော့ ကြောင်မျက်နှာဖုံးရှင်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

လီဖူချန်းက ကောင်းကင်နယ်ပယ် ပညာရှင် မဟုတ်ပေမယ့်လည်း သူ့ရဲ့ အသိစိတ်အာရုံ အထောက်အပံ့ကြောင့် ကောင်းကင်နယ်ပယ် ပညာရှင်တွေရဲ့ တိုက်ပွဲ အခြေအနေကို ကောင်းကောင်းကြီး သုံးသပ် နေနိုင်ပါတယ်။

" ငါ့အနေနဲ့  အားနည်းတဲ့  ကောင်းကင် နယ်ပယ် ပညာရှင်တွေကို အရင်သတ်မှ ဖြစ်တော့မယ်”

မိစ္ဆာတာအို ကျင့်ကြံသူတွေ ဘက်မှာ ကောင်းကင် နယ်ပယ်ပညာရှင် ၁၄ယောက် ရှိနေချိန်မှာ မိုးပြာရောင် ဂိုဏ်းဘက်မှာတော့ လီဖူချန်းအပါအဝင်မှ ကောင်းကင် နယ်ပယ် ပညာရှင် ၁၂ယောက်သာ ရှိပါတယ်။  အရေအတွက် အပိုင်းမှာတင်  မိစ္ဆာတာအို ကျင့်ကြံသူတွေဘက်က တပန်း သာနေပါပြီ။

( note - လီဖူချန်းက မြေကမ္ဘာနယ်ပယ်ပညာရှင် ဖြစ်ပေမယ့်လည်း ကောင်းကင်နယ်ပယ် အနိမ့်ပိုင်းက ပညာရှင်တွေနဲ့ ယှဉ်တိုက်နိုင်စွမ်း ရှိတဲ့အတွင် သူ့ကိုပါ ထည့်ပြီး ရေတွက်ထားပုံ ရပါတယ်။ )

" သားရဲကြီး ...  သွားတော့"

လီဖူချန်းက ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးရဲ့ ကျောပေါ်မှာ သေသေချာချာ ပုန်းလိုက်ပြီး  ဝတ်စုံနက်တွေထဲက လူတစ်ယောက်ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။  ထိုဝတ်စုံနက်ကတော့ ကောင်းကင်နယ်ပယ် အဆင့်နိမ့်ပိုင်းက လူတစ်ယောက်ပါ။

ဂီး ...

ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးကတော့  လျင်မြန်စွာ ပျံသန်းသွားပြီး တိုက်ခိုက် လိုက်ပါပြီ။

" ဝိညာဉ်ပျောက် လှံ "

ထိုဝတ်စုံနက်ရဲ့ လက်နက်ကတော့ အနီရောင် သွေးလှံတစ်လက် ဖြစ်ပါတယ်။  သူက ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးကို လှံဖြင့် ဆောင့်ထိုးချ လိုက်ပါတယ်။

ချွမ် ...

ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးကလည်း မခေပါဘူး။  ငှက်ကြီးက သူ့ရဲ့ ခြေသည်းတွေနဲ့ လှံချက်ကို ကာကွယ် လိုက်နိုင်တယ်လေ။

" မီးပင်လယ် "

ရုတ်တရက် ဆိုသလိုပင် လူရိပ်တစ်ရိပ်က ဖျက်ဆီးခြင်းတံစဉ် ငှက်ကြီးရဲ့ ကျောဘက်ကနေ ခုန်ထွက်လာပြီး ငရဲမီးလို ပူပြင်းတဲ့ ဓားကွက်တစ်ကွက်နဲ့ ဝတ်စုံနက်ကို တိုက်ခိုက်လိုက်ပါပြီ။

ထိုဓားကွက်ရဲ့ ပိုင်ရှင်ကတော့ လီဖူချန်းမှ လီဖူချန်း စစ်စစ်ပါပဲ။

" မကောင်းတော့ဘူး"

ဝတ်စုံနက်က ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးရဲ့ ကျောပေါ်မှာ လူတစ်ယောက် ပုန်းအောင်း နေတယ် ဆိုတာကို လုံးဝ အာရုံခံလို့ မရခဲ့ပါဘူး။  ဘာဖြစ်လို့လည်း ဆိုတော့ လီဖူချန်းက သူ့ရဲ့ တည်ရှိမှုကို ဖျောက်ထားလို့ပါပဲ။  လီဖူချန်းရဲ့  ချီအရှိန်အဝါတွေက တစ်စက် ကလေးမှကို ထွက်မနေတာပါ။

သူ့ရဲ့ စိတ်ဝိညာဉ်က အပြာရောင် ဘက်ကို ကူးပြောင်းပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ တည်ရှိမှုကို ဖျောက်ထားနိုင်တဲ့ စွမ်းရည်က ကြောက်စရာ ကောင်းတဲ့ အဆင့်တစ်ခုအထိကို ရောက်လာခဲ့ပါပြီ။  အကယ်၍ လီဖူချန်းသာ ဆန္ဒရှိမယ်ဆိုရင်ဖြင့် ကောင်းကင်နယ်ပယ် အမြင့်ပိုင်းက ပညာရှင်တွေတောင်မှ သူ့ရဲ့ တည်ရှိမှုကို အာရုံခံနိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းက အစစ်အမှန် ငရဲမီးတောက် အတွင်းအား အဆင့်၁၈၊ သန့်စင်သော ယန်အဖိုဓာတ် လျှို့ဝှက် နည်းစနစ်နဲ့ သံနက် ဓားအဆီအနှစ်တွေကို သည်ငရဲမီး ဓားကွက်ထဲမှာ ထည့်သုံးထားတာ ဖြစ်ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်ကတော့  သည်ဓားကွက် တစ်ကွက်ထဲနဲ့ တစ်ဖက် ရန်သူကို အသေသတ် နိုင်ဖို့ပါပဲ။

ဝတ်စုံနက်က သူ့ရဲ့ ခါးကြားမှာရှိတဲ့ ဓားတိုလေး တစ်ချောင်းကို ကမန်းကတန်း ဆွဲထုတ်ကာ လီဖူချန်းရဲ့ ဓားချက်ကို ခုခံဖို့ ကြိုးစား လိုက်ပါသေးတယ်။

ထန်

ဝေါ့ ...

ဓားတိုလေးက လွင့်ထွက် သွားသလို ဝတ်စုံနက်ကလည်း သွေးတစ်လုတ် အန်ကာ အနောက်ကို လွင့်ထွက် သွားခဲ့ပါပြီ။   လီဖူချန်းရဲ့ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုက ဝတ်စုံနက်ကို ဒဏ်ရာ အကြီးအကျယ် ရစေခဲ့တယ် ဆိုတာ သိသာလွန်းလှပါတယ်။

" ဟင် ...  မသေသေးဘူးလားဟ "

လီဖူချန်းက အနည်းငယ် အံ့အားသင့်သွား ခဲ့ပါတယ်။ ဒီဓားချက်က စီတုလေ့နဲ့ တိုက်ခိုက်တုန်းက ထုတ်သုံးလိုက်တဲ့ နောက်ဆုံး ဓားချက်ထက်ကို ၃၀ရာခိုင်နှုန်း ပိုပြင်းထန်ပါတယ်။  ဒါပေမဲ့ ဒီဓားချက်က ဝတ်စုံကိုတော့ သေစေနိုင်တဲ့အထိ မစွမ်းဆောင်နိုင် ခဲ့ပါဘူး။

ဂီး ... ။

ဖျက်ဆီးခြင်းတံစဉ် ငှက်ကြီးက သူ့ရဲ့ အရိုင်းစိတ်တွေ ပြန်ဝင်လာပုံပါပဲ။  သည်ငှက်ကြီးက  ဝတ်စုံနက်နောက်ကို ပျံသန်းလိုက်ပါသွားပြီး ခြေသည်းတွေနဲ့ ကုတ်ဖဲ့ လိုက်ပါသေးတယ်။

လီဖူချန်းကလည်း ရပ်ကြည့်မနေဘဲ ဖျက်ဆီးခြင်းတံစဉ် ငှက်ကြီးနဲ့အတူ တွဲဖက်ကာ တိုက်ခိုက် လိုက်ပါတယ်။

လူတစ်ယောက်နဲ့ သားရဲကြီးတစ်ကောင် ...  ... ။

သူတို့ရဲ့ နှစ်ယောက်ပေါင်း တိုက်ခိုက်မှုက အကြိမ်ကြိမ်အခါခါ လေ့ကျင့် ထားသလားလို့တောင် ထင်ရလောက်တဲ့ အထိပါပဲ။  ဒဏ်ရာ အပြင်းထန် ရနေတဲ့ ဝတ်စုံနက်ကတော့ လီဖူချန်းနဲ့ ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို  ဘယ်လိုမှ ခုခံနိုင်ခြင်း မရှိခဲ့ပါဘူး။

ဂီး ...

ရွှမ်း ...

ဖျက်ဆီးခြင်းတံစဉ် ငှက်ကြီးရဲ့ ခြေသည်းတွေက ဝတ်စုံနက်ရဲ့ အသည်းနှလုံးကို ကုတ်ဆွဲ သွားခဲ့သလို လီဖူချန်းရဲ့ ဓားချက်ကလည်း ဝတ်စုံနက်ရဲ့ ဦးခေါင်းကို ဖြတ်ယူ သွားခဲ့ပါပြီ။

ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးနဲ့ လီဖူချန်းတို့ကတော့ သူ့တို့ရဲ့ သတ်ဖြတ် လိုစိတ်တွေကို  ထိန်းချုပ် မထားတော့ဘဲ လွတ်ပေးလိုက်ပုံပါပဲ။

ဒီလူသားနဲ့ သားရဲငှက် အတွဲဟာ  နောက်ထပ် ဝတ်စုံနက် တစ်ယောက်ဆီကို ပျံသန်း သွားပြန်ပါတယ်။

ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးနဲ့ လီဖူချန်းတို့ရဲ့ ပစ်မှတ်အဖြစ် သတ်မှတ် ခံလိုက်ရတဲ့  ဝတ်စုံနက် ကတော့ ကြောက်ဒူး တုန်နေခဲ့ပါပြီ။ သူက  သွေးဆာနေတဲ့ ဒီအရူးနဲ့ သားရဲငှက်အတွဲရဲ့ အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ပုံကို အခုလေးတင် မြင်ထားခဲ့တာလေ။  သူတစ်ယောက်တည်းနဲ့တော့ ဒီသွေးဆာနေတဲ့ အရူးနဲ့ သားရဲငှက်အတွဲကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။

" ငါမင်းကို ကူညီပေးမယ် "

နောက်ထပ် ဝတ်စုံနက် တစ်ယောက်က သူ့ရဲ့ လက်နက်ကို ဆွဲကိုင်ပြီး တိုက်ပွဲထဲကို ဝင်လာခဲ့ပါတယ်။

" လာစမ်းပါ ...  တစ်ယောက်ချင်း တိုက်ကြတာပေါ့"

ဝတ်စုံနက် နှစ်ယောက် ဖြစ်လာပေမယ့်လည်း လီဖူချန်းက ကြောက်ရွံ့နေခြင်း မရှိပါဘူး။  လက်ရှိ သူ့ရဲ့ အခြေအနေက ကြောက်တယ်ဆိုတာ ချိုနဲ့လားဟု တောင်မေးရမယ့် အခြေအနေကို ရောက်နေပါပြီ။  လီဖူချန်းက လုံးဝကို စစ်သွေးကြွနေတာပါ။

ဂီး ...

ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးကလည်း လီဖူချန်းလို စစ်သွေးကြွနေပုံပါပဲ။  သူက တိုက်ပွဲက စတင်ဖို့တောင် အချက်ပြ လိုက်ပါသေးတယ်။

မိစ္ဆာသားရဲကတော့  မိစ္ဆာသားရဲပါပဲ။  ဘယ်လောက်ပဲ စိတ်ဝိညာဉ် ဆေးလုံးတွေ တိုက်ပြီး လေ့ကျင့် ပေးထားပါစေလေ။  တိုက်ပွဲနဲ့ သွေးကို မြင်လိုက်တဲ့ အခါမှာတော့ မိစ္ဆာသားရဲဗီဇက ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။

" အဲဒါက လီဖူချန်းပဲဟ  ... ။  ကောင်းတယ်ဟေ့ ...  သူပါ ရောက်လာမှတော့ ငါတို့ ဒီတိုက်ပွဲကို ရှုံးမှာ မဟုတ်တော့ဘူး”

လီဖူချန်းကို မှတ်မိလိုက်တဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်ကတော့ ဝမ်းသားအားရနဲ့ အော်ဟစ် လိုက်ပါတယ်။  ကျန်တဲ့ အကြီးအကဲတွေရဲ့ မျက်လုံးတွေကလည်း အရောင် တောက်သွားခဲ့ပါပြီ။

လီဖူချန်းက မြေကမ္ဘာအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့  ဘာကြောင့်လဲတော့  မသိပါဘူး။  လီဖူချန်း တိုက်ပွဲထဲကို ဝင်လာတာက စိတ်ဓာတ် ကျနေတဲ့ အတွင်းစည်း အကြီးအကဲတွေကို  စိတ်ဓာတ် ပြန်လည် တက်ကြွလာအောင် လှုံ့ဆော် ပေးနိုင်စွမ်း ရှိခဲ့ပါတယ်။

သူတို့ဟာ အစောပိုင်းတုန်းက ဆုတ်ခွာဖို့ စဉ်းစားနေကြတာပါ။  ဒါပေမဲ့ လီဖူချန်းလို မြေကမ္ဘာနယ်ပယ် ပညာရှင် တစ်ယောက်က သူ့အသက်ကို ပဓာန မထားဘဲ ကောင်းကင်နယ်ပယ် ပညာရှင်တွေကို တိုက်ခိုက်နေမှတော့ မိုးပြာရောင်ဂိုဏ်း အတွင်းစည်း အကြီးအကဲတွေက နောက်ဆုတ် ချင်စိတ် မရှိတော့ပါဘူး။

" တိုက်ကြဟေ့. ... ။  လီဖူချန်းလို ကလေး တစ်ယောက်ရဲ့  အရှေ့မှာ ငါတို့ အကြီးအကဲတွေရဲ့ သိက္ခာကို မကျစေနဲ့ဟ  ... "

" လာစမ်းပါ ... ။  မင်းတို့နဲ့ ငါတို့ ဘယ်သူ့သွေး ပိုရဲသလည်း ဆိုတာကို မှတ်ကျောက် တင်ကြတာပေါ့။ "

မိုးပြာရောင်ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေဟာ  သရဲ၊ ဘီလူး စီးသည့်အလား  ရဲရင့် ကြမ်းတမ်းစွာ တိုက်ခိုက် လာကြပါပြီ။

ဘန်း ... ဘန်း ... ဘန်း ...  ဝုန်း ... ဝုန်း ...

လူသား သုံးယောက်နဲ့ သားရဲတစ်ကောင်ရဲ့ တိုက်ပွဲ ပြင်းထန်မှုကလည်း အကြီးအကျယ်ပါပဲ။

ဖျက်ဆီးခြင်း တံစဉ် ငှက်ကြီးရဲ့ မျက်လုံးအစုံဟာ သွေးတွေကဲ့သို့ ရဲရဲနီလျက်ရှိပြီး  ဝတ်စုံနက် တစ်ယောက်ကို  အထက်စီးကနေ ဖိနှိပ် ထားပါတယ်။

လီဖူချန်းနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဝတ်စုံနက်ကတော့ အရူးမီးဝိုင်း ဖြစ်လို့ နေပါပြီ။

လီဖူချန်းရဲ့ တိုက်ပွဲ အသိစိတ်က လွန်ကို လွန်လွန်းပါတယ်။ သူထုတ်လိုက်တဲ့ ဓားချက်တိုင်းဟာ ဝတ်စုံနက်ရဲ့ ဟာကွက်တွေထဲကိုသာ တိုးဝင်နေတာပါ။   ဝတ်စုံနက်ကတော့  သိုင်းကွက် တစ်ကွက်ကိုတောင် အပြည့်အဝ ထုတ်သုံးခွင့် မရသေးပါဘူး။  သူက အမြဲလိုလို သူ့ရဲ့ ဟာကွက်ထဲကို တိုးဝင်လာတဲ့ လီဖူချန်းရဲ့ ဓားချက်တွေကို  စောင့်ကြည့် နေရတာ ဖြစ်ပါတယ်။

သိုင်းကွက်ပေါင်း ၂၀လောက် တိုက်ခိုက်အပြီးမှာတော့ လီဖူချန်းက တစ်ဖက် ရန်သူရဲ့ တိုက်ခိုက်ပုံကို သဘောပေါက် သွားခဲ့ပါပြီ။

" ငရဲမီးတောင် အမြစ်ပြတ် သုတ်သင်ခြင်း "

လီဖူချန်းက တစ်ဖက်လူရဲ့ သိုင်းကွက် အနည်းငယ် လစ်ဟသွားတာနဲ့ တစ်ပြိုင်နက် ပြင်ဆင်ချိန်တောင် မပေးတော့ဘဲ သူ့ရဲ့  ပွဲသိမ်းဓားကွက်ကို ထုတ်လိုက်ပါတယ်။

ဝတ်စုံနက်ကတော့ သွေးရူးသွေးတန်းဖြင့် လီဖူချန်းရဲ့ ဓားကွက်ထဲကနေ ထွက်ပြေးဖို့ အတွက် ကြိုးစားနေရှာ ပါသေးတယ်။

ဒါပေမဲ့ သူ့အတွက်တော့ အရာရာက နောက်ကျ သွားခဲ့ပါပြီ။  လီဖူခနေ်းရဲ့ ငရဲမီး ဓားချီတွေက ကော်ဇော တစ်ချပ်ဖြင့် အုပ်ချလိုက်သည့် အလား  ဝတ်စုံနက်ကို အုပ်မိုး သွားခဲ့ပါတယ်။

ဝတ်စုံနက်အနေနဲ့ ရွေးစရာလမ်း မရှိတော့ပါဘူး။  သူက ဒီဓားကွက်ကို ထိပ်တိုက်ရင်ဆိုင်မှကို  ဖြစ်တော့မှာပါ။

ဝုန်း ...

ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာ အပြီးမှာတော့ အပူလှိုင်းတွေဟာ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။

လီဖူချန်းရဲ့ ဓားချက်ကို  မိသွားတဲ့ ဝတ်စုံနက်ကတော့  လက်မောင်းတစ်ဖက် မီးကျွမ်း သွားခဲ့သလို  အဝတ်အစားတွေ အားလုံးဟာလည်း ပြာဖြစ်သွားခဲ့ပါပြီ။

" ဟိုကောင်  ဘယ်ရောက်သွားတာလဲ ... "

ဝတ်စုံနက်က ယောင်တောင်တောင်နဲ့ လီဖူချန်းကို လိုက်ရှာ လိုက်ပါသေးတယ်။   ဒါပေမဲ့လည်း လီဖူချန်းရဲ့ အရိပ်ကိုတောင်မှ မတွေ့ရတော့ပါဘူး။

" သေစမ်း ... ခွေးသူတောင်စား "

ရွှမ်း ...

ကျယ်လောင်လှသော ဆဲဆိုသံကြီးနဲ့ အတူ  လီဖူချန်းက ကောင်းကင် ပေါ်ကနေ ခုန်ချလာပြီး ဝတ်စုံနက်ကို ဓားဖြင့် ပိုင်းချလိုက်ပါတယ်။

လီဖူချန်းရဲ့ ဓားချက်က ဝတ်စုံနက်ကို အလည်ကနေ တိတိရိရိ ပိုင်းဖြတ်သွားခဲ့ပါပြီ။

ဝတ်စုံနက်ကတော့ သူသေလို့ သေသွားမှန်းတောင် သိလိုက်ပုံ မရပါဘူး။

" ကြောက်ဖို့ ကောင်းလိုက်တဲ့ စွမ်းရည် "

လင်ခွန်းအပါအဝင် မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲ အားလုံးက  လီဖူချန်းကို ကြည့်ပြီး ကြက်သေ သေသွားခဲ့ပါတယ်။

သူတို့အားလုံးဟာ လီဖူချန်းရဲ့ စွမ်းရည်က ကောင်းကင်နယ်ပယ် အဆင့်နိမ့် ပညာရှင် တစ်ယောက်နဲ့  ယှဉ်နိုင်တယ်ဆိုတာကို သိထားပြီး သားပါပဲ။

ဒါပေမဲ့ ...  ...

ဒါပေမဲ့   ယှဉ်နိုင်တယ် ဆိုတာနဲ့ သတ်ပစ်နိုင်တယ် ဆိုတာက မတူညီတဲ့ အရာတစ်ခု ဖြစ်သွားခဲ့ပါပြီ။  ဒီနှစ်ခုက လုံးဝကို ကွဲပြားခြားနားနေတဲ့ အရာဖြစ်ပါတယ်။

" စောက်ကလေး  ...  မင်းက သေချင်နေတာပဲ "

ကောင်းကင်နယ်ပယ် ပညာရှင်သုံးယောက် သေဆုံးသွားတာက ဝတ်စုံနက်တွေကို အကြီးအကျယ် ဒေါသ ထွက်စေခဲ့ပါပြီ။

ကောင်းကင်နယ်ပယ် အလယ်အလတ် အဆင့်မှာရှိတဲ့ ဝတ်စုံနက် တစ်ယောက်ဆိုရင် သူနဲ့ တိုက်နေတဲ့ မိုးပြာရောင်ဂိုဏ်း အတွင်းစည်း အကြီးအကဲကိုတောင် ဂရုမစိုက်တော့ဘဲ လီဖူချန်းဆီကို ခုန်ဝင် လာခဲ့ပါတယ်။

" မကောင်းတော့ဘူး "

ကျင်းမင်နဲ့ စုချန်းတို့ နှစ်ယောက်ကတော့ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်သွားခဲ့ပါပြီ။  သူတို့ နှစ်ယောက်က လီဖူချန်းကို ကာကွယ်ဖို့ တာဝန် ယူထားရတာပါ။  အကယ်၍သာ လီဖူချန်း သေသွားခဲ့မယ် ဆိုရင်တော့ဖြင့် ဂိုဏ်းတော်က သူတို့ နှစ်ယောက်ကို အပြစ်ဒဏ်ကြီးကြီး ပေးမှာ ဖြစ်ပါတယ်။

" မင်းတို့နှစ်ယောက်က ဘယ်သွားချင်တာလဲ ... ။  လာခဲ့စမ်း "

ကင်းခြေများ မျက်နှာဖုံးရှင်ကတော့  သူတို့နှစ်ယောက်ကို အခွင့်အရေး လုံးဝ မပေးဘဲ ဖိနှိပ်ထားပါတယ်။

'သည်နေရာက ငါ့ရဲ့ အစွမ်းတွေကို ထုတ်ပြလို့ ကောင်းတဲ့နေရာ မဟုတ်ဘူး။  ငါဒီခွေးမသားကို မျှားခေါ်ပြီး သတ်မှ ဖြစ်မယ်။  '

လီဖူချန်းက ဆုံးဖြတ်ပြီးတာနဲ့ တစ်ပြိုင်နက် အမှောင်ထဲကို ဝင်ပြေးသွားခဲ့ပါပြီ။

" စောက်ကလေး ...  မင်းက ဘယ်ကို ထွက်ပြေးချင်တာလဲ "

ကောင်းကင်နယ်ပယ် အလယ်အလတ်အဆင့် ဝတ်စုံနက်ကလည်း လီဖူချန်းကို လုံးဝ အလွတ်ပေးချင်ဟန် မတူပါဘူး။  သူက လီဖူချန်းရဲ့ အနောက်ကို ထပ်ချပ်မကွာ လိုက်သွားခဲ့ပါတယ်။

***

All Chapters