← Chapters

လင်းဖန်ရဲ့ နတ်ဘုရားအဆင့် ဒါရိုက်တာစွမ်းရည်

Vol. 11 Ch. 154

လင်းဖန်ရဲ့ နတ်ဘုရားအဆင့် ဒါရိုက်တာစွမ်းရည်

Vol. 11 Ch. 154

ရုပ်သံဒရမ်မာ နှစ်ခု၏ ပထမဆုံးနေ့ ဒေတာများက အလွန်အရေးကြီးသည်။

တစ်ပြိုင်တည်း ရုပ်သံဒရမ်မာနှစ်ခုကို ထုတ်လွှင့်ပြသလိုက်ခြင်းက ဒရမ်မာနှစ်ခု၏ အနာဂတ်ကို အဆုံးအဖြတ်ပေးလိမ့်မည်။

ထို့နောက် "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" နှင့် "ကြယ်ဥယျာဥ်"တို့၏ အပိုင်း ၃ ထုတ်လွှင့်ပြသခဲ့ပါသည်။

အပိုင်း ၃ ၏ ဇာတ်လမ်းမှာ

လီရှောင်းယောင်က လမင်းခစားဂိုဏ်းသား သုံးယောက် ပြန်ပေးဆွဲတာကို ခံခဲ့ရသော ကျောက်လင်အာနှင့် မတော်တဆ ပြန်ဆုံခဲ့သည်။ သို့သော်လည်း သူမကို မမှတ်မိတော့ပေ။ သူ ကျောက်လင်အာကို ကယ်တင်ဖို့ ကြိုးစားခဲ့ပြီး လမင်းခစားဂိုဏ်းသား ၃ ယောက်၏ လိုက်ဖမ်းခြင်းကို လွတ်မြောက်အောင် လုပ်ခဲ့သည်။ ထို့နောက် သေရည် ဓားအင်မော်တယ်၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ ဘွားဘွားကို ကယ်တင်ဖို့အတွက် ကျောက်လင်အာနှင့် လီရှောင်းယောင်တို့က အင်မော်တယ် ဝိညာဥ်ကျွန်းကို ပြန်လာပြီး နောက်ဆုံး အခိုက်အတန့် ရောက်နေသည့် ဘွားဘွားကို တွေ့ခဲ့ပါသည်။ ဘွားဘွား ဆုံးပါးသွားပြီးနောက် ကျောက်လင်အာက နာကျင်မှုကို သည်းခံကာ ဘွားဘွားကို သင်္ဂြုလ်ကာ သူမ၏ အရိုးပြာကို တောင်ပိုင်း ကျောင်းတိုင်းပြည်သို့ ပြန်ယူလာဖို့ ပြင်ဆင်ခဲ့၏။ လီရှောင်းယောင်က ကျောက်လင်အာကို တောင်ပိုင်း ကျောင်းတိုင်ပြည်သို့ ပြန်ပို့ဆောင်ပေးပါ့မည်ဟု ဘွားဘွားကို ကတိပေးခဲ့ပါသည်။။ သူတို့နှစ်ယောက် ယုဟန်မြို့ကို အရင်ဆုံး ပြန်ခဲ့ကြသည်။

အပိုင်း စတင်သောအခါ ကြည့်ရှုသူ အားလုံး အနည်းငယ် ဝမ်းနည်းသွားပါသည်။

အဘယ့်ကြောင့်ဆိုသော်... လီရှောင်းယောင်က ကျောက်လင်အာကို မေ့ပျောက်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

သို့သော် ကျောက်လင်အာကတော့ လီရှောင်းယောင််ကို မှတ်မိနေဆဲ ဖြစ်၏။

ထို့နောက် ကျောက်လင်အာ၏ ဆက်ဆံရေး ပြောင်းလဲခြင်းက အထူး အရေးကြီးပါသည်။

သူမ သူ့ကို မှတ်မိနေရင် လုံလောက်ပါပြီ။

သူမ သူ့ကို ဂရုစိုက်ပေးပြီး စောင့်ရှောက်ပေးမည်။ သူမကို မမှတ်မိတော့ရင်တောင် ကိစ္စမရှိပါ။

ထိုနေရာတွင် ရှားဝမ်ချွေ့၏ သရုပ်ဆောင်စွမ်းရည်များက အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။

သူမ လင်းဖန်ကို ကြည့်လိုက်ပြီး သူမကို မေ့ပျောက်သွားတာ သိသော်လည်း သူ့ဘေးမှာ ရှိနေပေးရဦးမည် ဖြစ်သည်။

လင်းဖန်နဲ့ သူမတို့ အင်မော်တယ်ဝိညာဥ်မြေကို ပြန်လာသောအခါ ဘွားဘွား ဆုံးပါးသွားပြီးဖြစ်ကြောင်း သိလိုက်ရသည်။

ရှားဝမ်ချွေ့၏ စိတ်ခံစားချက် ပြောင်းလဲမှုများက ဖော်ပြဖို့ ခက်ခဲသည်။

တစ်ဖက်တွင် လင်းဖန်နှင့် သူမတို့၏ ဆက်ဆံရေး ပြောင်းလဲမှုကို ဖော်ပြရပြီး ဘွားဘွား ဆုံးပါးသွားပြီးနောက် နာကျင်မှုကိုလည်း ဖော်ပြရသေးသည်။

သာမန်ရုပ်သံဒရမ်မာတစ်ခုသာဆို ဇာတ်လမ်း တည်ဆောက်နှုန်းက ဒီလောက် မြန်မှာ မဟုတ်ပေ။

သို့သော်လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီက အလွန်မြန်ဆန်ပါသည်။

ပုံမှန်ရုပ်သံဒရမ်မာများသာဆိုလျှင် သေခါနီးဆဲဆဲ လူတစ်ယောက်၏ နောက်ဆုံးစကားနဲ့တင် အပိုင်းတစ်ဝက်လောက် ကျိုးနိုင်သည်။

သို့သော်လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီမှာတော့ အဓိပ္ပာယ်ရှိသည့် ဇာတ်လမ်းဇာတ်ကွက်များနှင့် ပြည့်ဝနေပါသည်။

စုစုပေါင်း ၃ ပိုင်းတိတိရှိကာ အပိုင်းတိုင်းတွင် အလွန်အဓိပ္ပာယ်ရှိသည့် ဇာတ်လမ်းများ ပါဝင်သည်။ ပရိတ်သတ်၏ အချိန် တစ်မိနစ်ကိုတောင် မဖြုန်းတီးပါ။

အထူပြုလုပ်ချက်များ၊ ဇာတ်ဝင်ခန်းများ၊ ဇာတ်လိုက်၏ ရုပ်ရည်နှင့် သရုပ်ဆောင်စွမ်းရည်များဖြင့် ပေါင်းစပ်လိုက်သောအခါ ပရိတ်သတ်က ဒီရုပ်သံဒရမ်မာကို လေးလေးနက်နက် ချစ်မိသွားကြပါသည်။

အပိုင်း ၃ တွင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက ပရိတ်သတ်ကို စတင်နှိပ်စက်ပြီဖြစ်သည်။

ခေါင်းဆောင်မင်းသားက ခေါင်းဆောင်မင်းသမီးကို မေ့သွားသည်။ အရင်ညကပဲ ချစ်တင်းနှောခဲ့ကြသေးသည်။

လီရှောင်းယောင်၏ ကျောက်လင်အာကို ချစ်ကြိုက်ခြင်းမှ မေ့ပျောက်ခြင်းအဖြစ် ပြောင်းလဲမှုကြောင့် ပရိတ်သတ်ရင်များ ပွက်လောရိုက်သွားခဲ့ခြင်း ဖြစ်ပါသည်။

အားလုံးက လင်းဖန်တစ်ယောက် သူ့ဇနီး ရှားဝမ်ချွေ့ကို ဘယ်တော့ မှတ်မိမလဲဆိုတာကိုသာ မျှော်နေကြသည်။

အပိုင်း ၃ ပြီးသောအခါ ပရိတ်သတ်များက အရင်လို မပျော်ရွှင်ကြတော့ပါ။ သူတို့ အနည်းငယ် တိတ်ဆိတ်နေသည်။

"လီရှောင်းယောင်က ဘာလို့ သူ့မိန်းမကို မေ့သွားရတာလဲ။ သူက ကျောက်လင်အာ မင်းမိန်းမဆိုတာ မှတ်မိစမ်းပါ။"

"ကျောက်လင်အာက အရမ်း သနားဖို့ကောင်းတာပဲ။ သူ ချစ်တဲ့ ယောက်ျားက သူ့ကိုမေ့သွားပြီး သူ့အဘွားပါ သေသွားပြီ။"

"ဒီရုပ်သံဒရမ်မာက ရက်စက်လှချည်လား။ ဒါပေမယ့် ဒီတစ်ခေါက်ပဲ ဖြစ်မှာပါ။ လီရှောင်းယောင် ကျောက်လင်အာကို မှတ်မိတဲ့အခါကျရင် ရက်စက်မှာ မဟုတ်တော့ဘူး။"

"ဟူး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်။ ငါ တကယ်ဈာန်ဝင်သွားတာ။ လင်းဖန် ရှားဝမ်ချွေ့ကို တကယ် မှတ်မိစေချင်တယ်၊ အဲ့တိုင်း သရုပ်ဆောင်ရတာ ပိုမကောင်းဘူးလား။"

"မြန်မြန် ထပ်တင်ပါတော့။။ ငါ ဆက်ကြည့်ချင်တယ်။ လင်းဖန် ရှားဝမ်ချွေ့ကို ဘယ်တော့ မှတ်မိမလဲဆိုတာကြည့်ချင်တယ်။ မြန်မြန်လုပ်ကြပါ။"

"မြန်မြန်တင်ပါ"

"ငါပြောမှဖြစ်တော့မယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ရိုက်ကူးထားတာ အရမ်းကောင်းတယ်။ ဇာတ်လမ်းကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ နောက်တစ်ပိုင်း ကြည့်ရဖို့ မစောင့်နိုင်တော့ဘူး။”

"နောက်တစ်ပိုင်းကို ဘယ်တော့ ထုတ်လွှင့်ပြသမှာလဲ။ မနက်ဖြန်အထိ စောင့်ရဦးမယ်ထင်တယ်။ ဟူး..."

"ကြိုက်တယ် ကြိုက်တယ်။ အရမ်းကောင်းတဲ့ ရုပ်သံဒရမ်မာတစ်ခုပဲ။ ဇာတ်လမ်းလေးလည်း ကောင်းတယ်။ လင်းဖန်ကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာ။ အဲ့ဒီအကျင့်မကောင်းတဲ့ လင်းဖန်ကော့ ငါတို့လို ပရိတ်သတ်တွေကို အမြဲတမ်း အနိုင်ကျင့်နေတော့တာပဲ။”

"..."

"ကြယ်ဥယျာဥ်" အပိုင်း ၃ လည်း တီဗီတွင် ထုတ်လွှင့်ပြသပြီးပါပြီ။

ရုပ်သံဒရမ်မာနှစ်ခုစလုံး တစ်ပြိုင်တည်း ထုတ်လွှင့်ပြသမှု ပြီးဆုံးသွားသောအခါ ကြည့်ရှုသူများက ဝေ့ပေါ်၊ ကျစ်ဟူနှင့် တခြား App ပေါင်းစုံတို့ဆီ သွားလိုက်ကြသည်။

မီဒီယာအကြီးစားများစွာကလည်း စတင်လှုပ်ရှားပြီး ရှိုးများ၏ ရီဗျူးများကို စတင် ရှာဖွေကြသည်။

ရုပ်သံဒရမ်မာနှစ်ခုက တစ်ပြိုင်တည်း ရေပန်းစားလာသည်။

ပထမနေ့ရက်မှာတော့ ဘယ်ရုပ်သံဒရမ်မာက ပိုရေပန်းစားသလဲဆိုတာ မသိသာသေးပါ။

တစ်ညကြာသောအခါ...

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ"နဲ့ "ကြယ်ဥယျာဥ်"တို့ ဝေ့ပေါ် ပေါ်တွင် ရေပန်းစားလာပါပြီ။

သို့သော်လည်း ထိပ်တန်း ရေပန်းစားသော အကြောင်းအရာက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ မဟုတ်ပါ။

လင်းခယ့်ရှင်း ဖြစ်သည်။

လင်းခယ့်ရှင်း၏ ရေပန်းစားမှုကြောင့် သူမ တစ်ယောာက်တည်းနဲ့ လင်းဖန်၊ ရှားဝမ်ချွေ့၊ ရှုယန်တို့ထက် ပိုပြီး ရေပန်းစားနိုင်သည်။

ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ ဘွဲ့ရပြီး ပထမဆုံး ရိုက်ကူးသည့် ရုပ်သံဒရမ်မာက ရေပန်းမစားဘဲ နေပါ့မလား။

ထိပ်ဆုံး ရေပန်းစား အကြောင်းအရာ (လင်းခယ့်ရှင်းရဲ့ သရုပ်ဆောင်စွမ်းရည်) ရေပန်းစားမှု ၄,၃၂၀,၀၀၀။

ဒုတိယ ရေပန်းစား အကြောင်းအရာ (လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ မင်္ဂလာပွဲ) ရေပန်းစားမှု ၄,၃၀၀,၀၀၀။

တတိယ ရေပန်းစား အကြောင်းအရာ (ကြယ်ဥယျာဥ်က စိတ်ဝင်စားဖို့အရမ်းကောင်းတယ်) ၃,၈၄၀,၀၀၀။

စတုတ္ထ ရေပန်းစား အကြောင်းအရာ (ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကောင်းလွန်းတယ်) ရေပန်းစားမှု ၃,၈၃၀,၀၀၀။

ဒရမ်မာ နှစ်ခုစလုံး ရေပန်းစားနေပါသည်။

သို့သော်လည်း ခြားနားမှု တစ်ခုတောာ့ ရှိသည်။ လင်းခယ့်ရှင်း၏ ကြယ်ဥယျာဥ်က အဆင့် ၁ ဖြစ်ပါသည်။

လင်းဖန်နဲ့ရှားဝမ်ချွေ့တို့၏ ဓားနှင့်နတ်သမီး ဒဏ္ဍာရီမှာ ဒုတိယ ဖြစ်သည်။

သို့သော်လည်း ရုပ်သံဒရမ်မာနှစ်ခု၏ ရေပန်းစားမှုက အတူတူလောက်ပဲ ဖြစ်သည်။ စဦးပိုင်း မျှော်လင့်ထားတာနဲ့ ယှဥ်ရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက အလွန် ကောင်းမွန်သော ရလဒ်များကို ဆွတ်ခူးနိုင်ခဲ့ပါသည်။

သို့သော်လည်း ကြယ်ဥယျာဥ်ထက် ၂၀,၀၀၀ မှတ် နိမ့်နေဆဲ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လင်းခယ့်ရှင်းက အလွန်အမင်း ရေပန်းစားသော နာမည်ကျော် ဖြစ်သည်။ သူမကို ကျော်လွန်ဖို့က မလွယ်ကူလှပါ။

ထိုရုပ်သံဒရမ်မာနှစ်ခုကြောင့် ကျယ်ပြန့်သည့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာသည်။

ဝေ့ပေါ် ၏ရေပန်းစားအကြောင်းအရာစာရင်းတွင် ကြယ်ဥယျာဥ်က ထိပ်ဆုံးနဲ့ ပိုနီးစပ်ပါသည်။

သို့သော်လည်း ရုပ်သံဒရမ်မာနှစ်ခုကို နှိုင်းယှဥ်ကြည့်ချင်လျှင် ရုပ်သံဒရမ်မာနှစ်ခု၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်နှင့် ၎င်းတို့၏ အနှစ်ချုပ် ရေပန်းစားမှုကို နှိုင်းယှဥ်ကြည့်ရမည်။

ဝေ့ပေါ် တစ်ခုတည်းကို အားကိုးပြီး ဘယ်ရုပ်သံဒရမ်မာက ပိုရေပန်းစားလဲ ဆုံးဖြတ်လို့ မရနိုင်ပါ။

အနုပညာလောကထဲတွင် ဖျော်ဖြေရေး ကုမ္ပဏီကြီးများအားလုံးက ရုပ်သံဒရမ်မာနှစ်ခု၏ တိုက်ပွဲကို စောင့်ကြည့်နေကြ၏။

"ယွဲ့ဟွာဖျော်ဖြေရေးက တစ်ခုခုတော့ တစ်ခုခုပဲ။ သူတို့ ဟွာစဲရုပ်ရှင်ကိုတောင် တိုက်ခိုက်နိုင်တယ်။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရမ်မာကို ငါကြည့်ပြီးပြီ။ တော်တော်လေး ကောင်းတယ်။ လင်းဖန်ရဲ့ ဒါရိုက်တာစွမ်းရည်ကို ထိပ်တန်းအဆင့်ရှိတယ်လို့ ပြောလို့ရတယ်။ သူ့ဒါရိုက်တာစွမ်းရည်က ဟွာစဲရုပ်ရှင်က လူတွေအောက် မနိမ့်ကျဘူးလို့ ငါပြောနိုင်တယ်။"

"နားလည်ပါပြီ။ နောက်ပိုင်းကျရင် ဒါရိုက်တာ ရှာဖွေတဲ့အခါ လင်းဖန်ကို အရင်ခေါ်သင့်တယ်။ ဒါရိုက်တာလင်းရဲ့ စွမ်းရည်တွေက အရမ်းအားကောင်းတယ်။"

"လင်းခယ့်ရှင်းရဲ့ ရေပန်းစားမှုကြောင့်သာ မဟုတ်ရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ရေပန်းစားမှုက ပထမနေရာ ရောက်နေလောက်မှာ။ ကံမကောင်းစွာနဲ့ပဲ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အပေါ်မှာ ရှိနေတုန်းပဲ။"

"အဲ့တာတော့ မဟုတ်ဘူး။ ဒါ အစပဲ ရှိသေးတယ်လေ။ ပြီးတော့ တီဗီဌာနတွေရဲ့ ဒေတာက မရှင်းလင်းဘူး။ ဘယ်ရုပ်သံဒရမ်မာက ပိုပြီး ရေပန်းစားတာလဲဆိုတာ ငါတို့ မသိဘူး။ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီထက် ပိုကောင်းနေရင်တောင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကျော့ပြန်လာနိုင်ချေရှိသေးတာပဲ။"

"ပထမ ၃ ပိုင်းကို ကြည့်ခြင်းအားဖြင့် ကြယ်ဥယျာဥ်ရဲ့ ဇာတ်လမ်း တည်ဆောက်နှုန်းကလည်း မနှေးဘူး။ အရမ်း ချိုချိုမြိန်မြိန်နဲ့ စတင်ထားတယ်။ ကြည့်ရှုသူတွေက အရမ်း သဘောကျနေကြတယ်။"

"ဒါပေမယ့် ငါပြောချင်တာက လင်းဖန်က တကယ့်ဇာတ်ညွှန်းဆရာတစ်ဆူပဲ။ ဘဝရဲ့ပျော်ရွှင်မှုကော ဓားနှင့်နတ်သမီးဒဏ္ဍာရီကော ကောင်းကောင်း ရေးသားနိုင်ခဲ့တယ်။"

"အထူးသဖြင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီပေါ့။ ကမ္ဘာကြီးရဲ့ ရှုခင်းက ခမ်းနားလွန်းတယ်။ ဒီရုပ်သံဒရမ်မာရဲ့ ကမ္ဘာကြီးရဲ့ရှုခင်းတွေ မကုန်ဆုံးသေးသလို ဇာတ်လမ်းကလည်း အပြည့်အဝ မကုန်သေးဘူး။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီသာ နောက်ပိုင်းအဆင့်တွေမှာ အားစိုက်ထုတ်နိုင်မယ်ဆိုရင် ကြယ်ဥယျာဥ်ကို ကျော်တက်ဖို့ မခက်နိုင်ဘူး။ အားလုံးက လင်းဖန်ရဲ့ အစွမ်းအစ ကျေးဇူးကြောင့်ပဲပေါ့။"

"ငါတို့ အနုပညာလောကမှာ ဒီလောက်တော်တဲ့ ပါရမီရှင် ရှိနေတာလား။ သူက ဇာတ်ညွှန်းရေးဆရာကော ဒါရိုက်တာပညာရှင်ကော ဖြစ်နေတယ်။ သူ ရေးတဲ့ ဇာတ်ညွှန်းကလည်း အရမ်း စိတ်ဝင်စားဖို့ ကောင်းတာပဲ။"

"လခွမ်း စောစောကသာ သိရင် ငါတို့ကုမ္ပဏီ လင်းဖန်ရဲ့ ဇာတ်ညွှန်းကို ဝယ်ခဲ့ပါတယ်ကွာ။ သူ ရိုက်ကူးမယ့် ဒရမ်မာက ဒီလောက်ကောင်းမယ်မှန်း ဘယ်သိမှာလဲ။"

All Chapters