← Chapters

ကြယ်ဥယျာဥ်ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်နဲ့ စူပါစတား လင်းခယ့်ရှင်း ပေါ်ပေါက်လာခြင်း

Vol. 11 Ch. 155

ကြယ်ဥယျာဥ်ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်နဲ့ စူပါစတား လင်းခယ့်ရှင်း ပေါ်ပေါက်လာခြင်း

Vol. 11 Ch. 155

ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရမ်မာကြောင့် ဖျော်ဖြေရေးကုမ္ပဏီအားလုံး လင်းဖန်၏ အစွမ်းအစကို မြင်နိုင်ခဲ့ကြသည်။

လင်းဖန်၏ ဒါရိုက်တာစွမ်းရည်နှင့် သရုပ်ဆောင်စွမ်းရည်များကို ထိုဖျော်ဖြေရေးကုမ္ပဏီများက တန်ဖိုးထားကြ၏။

လင်းဖန်သည် အနုပညာလောကမှာ တောက်ပသည့် ကြယ်ပွင့်တစ်ပွင့်လို ဖြစ်သည်။ အလွန် တောက်ပပါသည်။

လင်းဖန်ကို ခေါ်ယူချင်ပြီး သူနှင့် အတူတူ အလုပ် တွဲလုပ်ချင်သည့် ဖျော်ဖြေရေးကုမ္ပဏီများစွာ ရှိနေပါပြီ။

လင်းဖန်တွင် အလွန်အားကောင်းသည့် ဒါရိုက်တာစွမ်းရည် ရှိသည်။ လင်းဖန် သူတို့၏ ရုပ်သံဒရမ်မာများကိုသာ ကူညီရိုက်ကူးပေးနိုင်ပါက သူတို့ စိတ်ဝင်စားဖို့ကောင်းသည့် ရုပ်သံဒရမ်မာများ တစ်ကားပြီး တစ်ကား ထုတ်လုပ်နိုင်ပါလိမ့်မည်။

ထို့ကြောင့်လည်း ဖျော်ဖြေရေးကုမ္ပဏီများစွာက လင်းဖန်ကို ခေါ်ယူချင်ကြခြင်း ဖြစ်သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ အလွန် ရေပန်းစားလာသောအခါ အားလုံး တုန်လှုပ်သွားခဲ့ကြ၏။

ရှားဝမ်ချွေ့နှင့် ကုမ္ပဏီထောက်ခံချက်စာချုပ်များ ဖျက်သိမ်းခဲ့ကြသော ကုမ္ပဏီတွေလည်း အနည်းငယ် နောင်တရနေပါသည်။

သူတို့ စောစောကသာ ဒီအကြောင်းကို သိခဲ့ပါက ဒီလောက် အလောတကြီး ရှားဝမ်ချွေ့နှင့် ကုမ္ပဏီထောက်ခံချက်များ ဖျက်သိမ်းခဲ့မှာ မဟုတ်ပေ။

သူတို့ စာချုပ်ကို ဖျက်သိမ်းပြီး သိပ်မကြာလိုက်ပေ။ ရှားဝမ်ချွေ့က နောက်ထပ် ရေပန်းစားသည့် ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးနိုင်ခဲ့ပါသည်။

သူမ၏ ရေပန်းစားမှုနှင့် ပရိတ်သတ် အရေအတွက်က လင်းခယ့်ရှင်းနှင့် မယှဥ်နိုင်သော်လည်း ရှားဝမ်ချွေ့၏ ရေပန်းစားမှုကလည်း အတော်လေး မြင့်မားပါသည်။

ကုမ္ပဏီ အမြောက်အများ အမှားအကြီးကြီး လုပ်မိသလို ခံစားနေကြရပါသည်။

တချို့ ထောက်ခံချက်ကုမ္ပဏီများဆိုရင် ရှားဝမ်ချွေ့နှင့် ပြန်ပြီး ဆက်သွယ်နိုင်ဖို့ ကြိုးစားနေကြပါပြီ။

အမှန်ပင် လင်းခယ့်ရှင်းနှင့် ဆက်သွယ်ချင်သည့် ဖျော်ဖြေရေးကုမ္ပဏီများက ပိုများပါသည်။

ဝေ့ပေါ် ပေါ်က ရေပန်းစားမှုကိုကြည့်ရုံနှင့်တင် သူတို့၏ ရွေးချယ်မှု မမှားယွင်းခဲ့ပါ။

ရှားဝမ်ချွေ့က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ရိုက်ကူးနိုင်ခဲ့လည်း ဘာဖြစ်လဲ။ သူက လင်းခယ့်ရှင်းကို ယှဥ်နိုင်လို့လား။

ရှားဝမ်ချွေ့၏ ရေပန်းစားမှုက လင်းခယ့်ရှင်းအောက် အလွန်နိမ့်ကျနေဆဲ ဖြစ်သည်။

ရုပ်သံဒရမ်မာတစ်ခုတည်းကို အားကိုးပြီး သူမကို မှီနိုင်ဖို့ကတော့ မလွယ်လှပါ။

ရှားဝမ်ချွေ့နှင့် လင်းခယ့်ရှင်းတို့ကြားက ကွာဟချက် ဘယ်လောက်ကြီးမားလဲဆိုတာ မေ့လိုက်လို့ မဖြစ်ပေ။

ထိုကွာဟချက်ကို ပိတ်ဖို့က အတော်လေး ခက်ခဲပါလိမ့်မည်။

အနည်းဆုံး ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ကို မကျော်လွန်နိုင်သေးပါ။

တစ်ချိန်တည်းတွင် MangoTV နဲ့ စုကျန့်တီဗီတို့တွင် ဒရမ်မာနှစ်ခု၏ ထုတ်လွှင့်ပြသမှု ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များ ထွက်လာခဲ့ပါပြီ။

MangoTV တွင်။

"ရေပန်းစားလွန်းတယ်။ လင်းခယ့်ရှင်းက တကယ် ရေပန်းစားလွန်းတာပဲ။ ကြယ်ဥယျာဥ်အတွက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ဘယ်လောက်လဲ သိကြလား။ ၃.၅ ရာခိုင်နှုန်းတောင် ဖြစ်နေပြီ။ တစ်ရက်တည်းနဲ့ ၃.၅ ရာခိုင်နှုန်း ဖြစ်နေပြီ။ ရုပ်သံဒရမ်မာပေါင်းများစွာကို ကျော်လွန်ပြီး ရုပ်သံဒရမ်မာ သမိုင်းကြောင်း တစ်ခုလုံးကို ဖန်တီးနိုင်လောက်တဲ့အထိတောင် လုံလောက်တယ်။"

"လင်းခယ့်ရှင်းက အားကောင်းလွန်းတယ်။ ကြယ်ဥယျာဥ်က MangoTV အတွက် မကြုံစဖူး ရလဒ်မျိုးကို ဖန်တီးပေးလိုက်တာပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ထုတ်လွှင့်ပြသမှု စံချိန်တွေကို ကြယ်ဥယျာဥ်က ချိုးဖောက်သွားတာပဲ။"

"ဒါဟွာစဲရုပ်ရှင်ရဲ့ အင်အားလား။ ကံကောင်းလို့ ငါတို့ ကြယ်ဥယျာဥ်ကို ရွေးခဲ့ပေလို့ပေါ့။ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီထက် အဆပေါင်းများစွာ ပိုသာပါတယ်လို့ ငါပြောသားပဲ။”

"ဟုတ်တယ် ဒီတိုင်းသာ ဆက်သွားမယ်ဆို ကြယ်ဥယျာဥ်က သေချာပေါက် အဆုံးသတ်နိုင်ပွဲကို ရရှိမှာပဲ။"

MangoTV ၏ဝန်ထမ်းများ အံ့အားသင့် ပျော်ရွှင်နေကြပါသည်။

သူတို့အမြင်မှာတော့ ကြယ်ဥယျာဥ်က တကယ်ပဲ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ကျော်လွန်သွားခဲ့ပါပြီ။

လင်းဖန်က ဒါရိုက်တာပညာရှင်၊ ဇာတ်ညွှန်းရေးပညာရှင် မဟုတ်ဘူးလား။

သူက နောက်ဆက်တွဲ တည်းဖြတ်ရေးမှာ အရမ်းတော်တယ်ဆို။ ဂီတကို ဘယ်လို ရေးစပ်ရမလဲဆိုတာတောင် မသိဘူးလား။

လင်းဖန်က အနုပညာလောကမှာ ပါရမီရှင်ဆို။

ဒီတစ်ခေါက်တော့ လင်းဖန်က အနုပညာလောက၏ နတ်ဘုရား သို့မဟုတ် ဖန်ဆင်းရှင် ဖြစ်နေရင်တောင် အသုံးမဝင်တော့ပါ။

"ကြယ်ဥယျာဥ်က ရှေ့ကနေ ဦးဆောင်နေတာပဲ။"

ဒါတင်မကသေးဘဲ "ကြယ်ဥယျာဥ်"က နှစ် ၂၀ ကျော်တည်မြဲခဲ့သည့် ထုတ်လွှင်ပြသမှု စံချိန်တစ်ခုကို ချိုးဖောက်နိုင်ခဲ့သည်။

ဒါက ကြယ်ဥယျာဥ်၏ စွမ်းပကား ဖြစ်ပါသည်။

MangoTV ၏ ဝန်ထမ်းများက အပျော်လွန်နေကြသည်။

သူတို့ တော်တော်လေး ရေပန်းစားသည့် ဒရမ်မာဖြင့် စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြပါသည်။

အမှန်ပင်။ လင်းခယ့်ရှင်းကို ယုံကြည်လိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့ပါသည်။

ချက်ချင်းဆိုသလိုပဲ MangoTV က ထိုနေ့အတွက် ကြယ်ဥယျာဥ်၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။

(အံ့သြစရာပဲ ကြယ်ဥယျာဥ်ရဲ့ ပထမဆုံးနေ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၃.၅ရာခိုင်းနှုန်းတောင်)

ထို ရေပန်းစားအကြောင်းအရာ ထိပ်ဆုံးသို့ ရောက်လာသောအခါ ကြယ်ဥယျာဥ်၏ ပရိတ်သတ်အားလုံး တုန်လှုပ်သွားကြသည်။

ကြည့်လိုက်စမ်း... ဒါက ကြယ်ဥယျာဥ်ရဲ့ ခွန်အားပဲ။။

ဒါက လင်းခယ့်ရှင်းရဲ့ ခွန်အားအစစ်ပဲ။

သူမက ပေကျင်းတက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် ကျောင်းတွင်း မိန်းမလှလေး ဖြစ်သည်။ သူမ၏ ဘွဲ့ရပြီးပြီးချင်း ပထမလက်ရာက အင်တာနက်တစ်ခွင်လုံးကို လောင်ကျွမ်းသွားစေခဲ့သည်။

MangoTV ကဦးဆောင်ကာ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များကို ကြေညာလိုက်သည်။ တစ်ဖက်မှာတော့ စုကျန့်တီဗီက ဘာမှမပြော၊ ဘာမှလည်း မထုတ်ပြန်သေးပါ။

ယွဲ့ဟွာ၏ ဝန်ထမ်းများကလည်း ဘာမှ မပြောကြပေ။

ကြည့်ရတာ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" နဲ့ "ကြယ်ဥယျာဥ်"တို့၏ ရေပန်းစားမှုက ဝေ့ပေါ် မှာ ဆင်တူသလောက် ရှိလေသည်။

သို့သော် ကြည့်ရှုသူအရတော့ ကြယ်ဥယျာဥ်က စံချိန်တောင် ချိုးသွားခဲ့ပါပြီ။

၃.၅ ရာခိုင်နှုန်းနှင့် ၂.၅ ရာခိုင်နှုန်းဖြစ်နေရင်တောင် ခြားနားချက်က ကြီးမားလွန်းသည်။

၂.၅ရာခိုင်နှုန်း ကြည့်ရှုသူ ရှိသော ရုပ်သံဒရမ်မာ များစွာ ရှိပါသည်။

သို့သော်လည်း ၃.၅ ရာခိုင်နှုန်း ထုတ်လွှင့်ပြသမှု ကြည့်ရှုသူ အရေအတွက်က အလွန် ရှားပါးသည်။

၃ရာခိုင်နှုန်းထက် ပိုသည့် ရုပ်သံဒရမ်မာများပင် အလွန် ရှားပါးသည်။

ရာဇဝင်ထဲ ရေပန်းအစားဆုံး ဖြစ်ခဲ့သည့် ရုပ်သံဒရမ်မာမှာ ကြည့်ရှုသူ ၃.၁ ရာခိုင်နှုန်း ရှိခဲ့ပါသည်။

"ဘဝရဲ့ပျော်ရွှင်မှု"ကတော့ အွန်လိုင်းဒရမ်မာ တစ်ခုဖြစ်သဖြင့် ထုတ်လွှင့်ပြသမှု အဆင့်သတ်မှတ်ချက်ဆိုတာ မရှိပါ။ ကလစ်ပမာဏနှင့် ရေပန်းစားမှုသာ ရှိသည်။ အွန်လိုင်းဒရမ်မာများနှင့် ရုပ်သံဒရမ်မာများက မတူညီသည့် ပလက်ဖောင်းတွင် ထုတ်လွှင့်ပြသခြင်း ဖြစ်သဖြင့် နှိုင်းယှဥ်ကြည့်လို့ မရနိုင်ပါ။

ဟွာစဲရုပ်ရှင်တွင် အားလုံး စုစည်းမိကြသည်။

အထူးသဖြင့် စီအီးအိုလျို့က အခြေအနေကို နားလည်ဟန်ဖြင့် ပြုံးလိုက်ပါသည်။

စီအီးအိုလျို့က အားလုံးကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါထင်သားပဲ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက ငါတို့ကြယ်ဥယျာဥ်ကို ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့။ ဝေ့ပေါ် ပေါ်က ရေပန်းစားမှုတွေက ဝယ်လို့ရတယ်။ ဒါပေမယ့် ရုပ်သံဒရမ်မာ အဆင့်သတ်မှတ်ချက်တွေက မလိမ်နိုင်ဘူး။ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ရိုက်ကူးထားတာ တကယ် မဆိုးပေမယ့် သူတို့ စျေးကွက်အရွေးမှားပြီး ပရိတ်သတ်ရဲ့ အကြိုက်ကို အကဲခတ်လွဲခဲ့တာကိုး။"

"ဒါ အစပဲ ရှိသေးတယ်။ နောက်ပိုင်း ငါတို့ ဆက်သွားလေလေ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီရှေ့ကို ပိုရောက်လေလေပဲ" စီအီးအိုလျို့က ပြုံးလိုက်ပါသည်။

ဝန်ထမ်းများစွာကလည်း ပြောလိုက်၏။ "နှမြောစရာပဲ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက အစတုန်းက တော်တော်ကောင်းမယ့် ရုပ်သံဒရမ်မာဖြစ်ရမှာကို။ ဒါပေမယ့် ကျုပ်တို့နဲ့ ယှဥ်နိုင်လောက်တဲ့အထိတော့ မကောင်းဘူးပေါ့ဗျာ။"

"ဒါပေမယ့် ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရမ်မာက အဲ့လောက် မကောင်းပါဘူး။ ဒီတိုင်းဆက်သွားလေလေ ကျုပ်တို့ ကြယ်ဥယျာဥ်နဲ့ မယှဥ်နိုင်လေလေ ဖြစ်လာမှာပဲ။"

"ဓားနှင့်နတ်သမီးဒဏ္ဍာာရီ ရုပ်သံဒရမ်မာ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၂.၉ ရာခိုင်နှုန်းလောက်ရရင်ပဲ အရမ်းကောင်းနေပြီလို့ ယူဆလို့ရတယ်။ ကျုပ်တို့ ၃.၅ ရာခိုင်နှုန်းနဲ့ ယှဥ်ရင်တော့ အဝေးကြီးပေါ့"

"ကြယ်ဥယျာဥ်ရဲ့ အောင်မြင်မှုအတွက် အောင်ပွဲခံပါတီတစ်ခု ပြင်လိုက်ကြ။ ဂုဏ်ယူပါတယ် လင်းခယ့်ရှင်း။"

"ဂုဏ်ယူပါတယ် လင်းခယ့်ရှင်း~"

ထောင့်တွင် ထိုင်နေသည့် ကောင်မလေး တစ်ယောက်ကို အားလုံး ကြည့်လိုက်ကြသည်။

လင်းခယ့်ရှင်းတွင် နက်မှောင်သည့် ဆံပင်ရှည်များ ရှိသည်။ ထိုနေရာတွင် ထိုင်နေသောအခါ သူမက အိမ်နီးချင်း ကောင်မလေးတစ်ယောက်၏ ခံစားချက်မျိုး ပေးစွမ်းနေသည်။ သူမ၏ အရှိန်အဝါက အလွန်ထူးခြား၏။ သို့သော် အလွန် သန့်စင်ကာ လှပသည်။ ဒီတိုင်း ထိုင်နေရုံနဲ့တင် လူများစွာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပါသည်။

သူမ၏ ဆံပင်စတိုင်က အလွန် လှပသည်။ ကောင်လေးများစွာကို မက်မောသွားစေ၏။ ကြယ်ဥယျာဥ်ထဲတွင် ယောက်ျားလေး ပရိတ်သတ်များစွာက သူမကို ကြိုက်နှစ်သက်ကြသည်။

အားလုံး လင်းခယ့်ရှင်းကို ကြည့်လိုက်သောအခါ လင်းခယ့်ရှင်းကလည်း သူမ၏ လှပသော မျက်လုံးလေးများကို ပင့်ကာ အားလုံးကို ပြန်ကြည့်လိုက်ပါသည်။

သူမက ထောင့်မှာ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ထိုင်ကြည့်နေခြင်း ဖြစ်သည်။

အွန်လိုင်းပေါ်မှာ ကြည့်စရာ ဗီဒီယို မရှိသော်လည်း သူမ ရုပ်သံဒရမ်မာကို ရီကော့ဒ်ယူထားပြီး ခိုးကြည့်နေပါသည်။

လင်းခယ့်ရှင်းက သတိကြီးကြီးဖြင့် သူမဖုန်းကို ပိတ်လိုက်သည်။

"တကယ်တော့လေ... ဓားနှင့်နတ်သမီးဒဏ္ဍာရီထဲက သရုပ်ဆောင်တွေလည်း သရုပ်ဆောင် အရမ်းတော်ကြတယ်လို့ ကျွန်မ ထင်တယ်။"

"ဖြစ်နိုင်ရင် ကျွန်မ လင်းဖန်နဲ့ ဒရမ်မာ ၂ ခုလောက် ရိုက်ချင်တယ်။"

"လင်းဖန်က .... ယောက်ျားပီသတယ်။"

သူမ၏ နက်မှောင်သော ဆံပင်ရှည်များကို သပ်ချရင်း လင်းခယ့်ရှင်း ပြောလိုက်ပါသည်။ သူမ၏ ကျော့ရှင်းသည့် မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်ဝနေသည်။

သူမသာ လင်းဖန်နဲ့ အလုပ်လုပ်နိုင်ပါက…

ကြယ်ဥယျာဥ်နဲ့ ယှဥ်လျှင် လင်းခယ့်ရှင်းက ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ပိုသဘောကျပါသည်။

လင်းခယ့်ရှင်း၏ မျက်လုံးထဲတွင် ဒီကမ္ဘာကြီးထဲ ဒီလောက်တော်သည့်လူရှိမည်ဟု မမြင်မိပါ။

သရုပ်ဆောင်များ၏ သရုပ်ဆောင်စကေးက အလွန်ကောင်းမွန်ကြပြီး ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူမသာ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"မှာ ပါဝင်ရိုက်ကူးနိုင်ခဲ့လျှင်...။

လင်းခယ့်ရှင်း၏ စကားလုံးများကို ကြားသောအခါ ကုမ္ပဏီထဲက လူအားလုံး ဆွံ့အသွားသည်။

လင်းခယ့်ရှင်းက ဟွာစဲရုပ်ရှင်နှင့် ပူးတွဲ လုပ်ကိုင်နေဆဲ ဖြစ်သည်။

ယွဲ့ဟွာကလည်း သူမကို လာရောက် မကမ်းလှမ်းသေးပါ။

ဒါတောင် လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်နဲ့ ဇာတ်ညွှန်းတို့၏ ဖမ်းစားမှုကို သူမ ခံလိုက်ရပါပြီ။

All Chapters