"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် အောင်မြင်မှု နောက်ကွယ်က အဓိက အကြောင်းအရင်း
Vol. 11 Ch. 156
လင်းခယ့်ရှင်းက ပြုံးလိုက်သည်။
"ကြယ်ဥယျာဥ်" နဲ့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ထဲက ဘယ်ဟာ ပိုကောင်းကောင်း သူမ ဂရုမစိုက်ပါ။
ကြည့်စရာ ဒရာမာများများရှိတာ ပိုမကောင်းဘူးလား။
သူမက အနုပညာလောကထဲတွင် ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး အလွန်ရေပန်းစားသော်လည်း ဒီလောကထဲမှာ လင်းခယ့်ရှင်းက အတွေ့အကြုံ မရှိသေးပါ။ သူမက အလွန် ရိုးရှင်းသည်။ သူမ၏ ဆံပင်စတိုင်ကတောင် တက္ကသိုလ်တက်တုန်းကအတိုင်းပဲ ဖြစ်သည်။ သူမ၏ နက်မှောင်သော ဆံပင်ရှည်များက သန့်စင်သည့် အမျိုးသမီးတစ်ဦး၏ အရှိန်အဝါမျိုးကို ထုတ်လွှင့်ပေးနေသည်။
ဒီနှစ်မှ အသက် ၂၀ ပြည့်တာဖြစ်ပြီး ကြယ်ပွင့်ကြီးတစ်ယောက်တောင် ဖြစ်လာခဲ့ပါပြီ။
အခုချိန်ထိ လင်းခယ့်ရှင်းက ဘယ်ကုမ္ပဏီနဲ့မှ စာချုပ်ချုပ်ဆိုခြင်း မရှိသေးဘဲ သူတို့လက်အောက်က အနုပညာရှင် ဖြစ်မလာသေးပါ။
ဖျော်ဖြေရေး ကုမ္ပဏီကြီးများ အများစုက လင်းခယ့်ရှင်းလို ကြယ်ပွင့်တစ်ယောက်ကို လိုချင်နေကြသည်။
ဟွာစဲရုပ်ရှင်က ဒီရိုက်ကူးရေးကို သူတို့ဘက်က လင်းခယ့်ရှင်းနဲ့ စတင်ပူးပေါင်းခဲ့ခြင်းဖြစ်၏။ ဒီ ရုပ်သံဒရာမာတစ်ကားကိုသာ ရိုက်ကူးမည်ဖြစ်သည်။
လင်းခယ့်ရှင်းကလည်း ရုပ်သံဒရာမာတစ်ခုကို ရိုက်ကူးနိုင်ဖို့ ကြိုးစားနေသူ ဖြစ်သည်။ သူမ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို မလိုမုန်းတီးခြင်း မရှိပါ။
သူမ အဆင့်သတ်မှတ်ချက်တွေအတွက်လည်း မယှဥ်ပြိုင်လိုပေ။ ရုပ်သံဒရာမာ တစ်ခုကို ကောင်းကောင်း ရိုက်ကူးချင်ရုံသာ ဖြစ်သည်။
ထို့ကြောင့် ကုမ္ပဏီထဲက လူအားလုံး စကားများပြောကြသောအခါ လင်းခယ့်ရှင်းက ဒီလို ပြောလိုက်ခြင်း ဖြစ်ပါသည်။
သူမ လင်းဖန်နှင့် သရုပ်ဆောင်ချင်သည်။
လင်းဖန်နှင့် ဆက်သွယ်နိုင်ပါက ဆိုးရွားမှာ မဟုတ်ပေ။
လင်းဖန်က ချောမောတာကလွဲပြီး တခြား အကြောင်းအရင်းမရှိပါ။
လင်းဖန်က အလွန်ချောမောပြီး ကြည့်ကောင်းလွန်းသဖြင့် သူမ၏ ပူးတွဲသရုပ်ဆောင် ဝမ်ဟောက်ရန်ကိုပင် လုံးဝ အနိုင်ယူသွားခဲ့ပါသည်။
သူတို့နှစ်ယောက်အကြား ဒီလောက်တောင် ကွာခြားသည်။
စီအီးအိုလျို့ ပြုံးလိုက်ကာ ပြောလိုက်ပါသည်။ "ခယ့်ရှင်းပြောတာ အဓိပ္ပာယ်တော့ရှိပါတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ရိုက်ကူးထားတာ တကယ် ကောင်းပါတယ်။ ဒါပေမယ့် ဒီရုပ်သံဒရာမာရဲ့ ကြည့်ရှုသူ ပမာဏက သိပ်ပြီး မကောင်းတာတော့ နှမြောစရာပဲ။ အခုချိန်ထိ စုန်ကျန့်တီဗီက ဘာမှ မထုတ်ပြန်သေးဘူး။"
တစ်ဖက်တွင် စုကျန့်တီဗီ၌...
ဝန်ထမ်းအားလုံး စုစည်းလိုက်ကြပြီး ကိန်းဂဏန်းများကို ကြည့်လိုက်ကြသည်။
"ဒီကိန်းဂဏန်းတွေက တကယ်ကြီးလာား" တစ်ယောက်ယောက်က မေးလိုက်သည်။
"မန်နေဂျာ ကျွန်တော် အတည်ပြုပြီးပါပြီ။ ဒီကိန်းဂဏန်းတွေက တကယ်ပဲ တိကျပါတယ်။ အမှားအယွင်းမရှိပါဘူး" ဝန်ထမ်းက ပြောလိုက်ပါသည်။
"လခွမ်း... ဒါဆို ဒီကိန်းဂဏန်းတွေက ရူးချင်စရာ ကောင်းလိုက်တာ"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ပထမနေ့အတွက် ကြည့်ရှုသူပမာဏက ၃.၄၈ ရာခိုင်နှုန်းလောက် ရှိတယ်။"
"လခွမ်း ဓားနှင့်နတ်သမီးဒဏ္ဍာရီက လွန်ခဲ့တဲ့ နှစ် ၂၀ တစ်လျှောက် ကြည့်ရှုသူ စံချိန်ကို ချိုးလိုက်တာပဲ။ အံ့သြဖို့ ကောင်းလိုက်တာကွာ။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာက သိပ်ပြီး အဆင်ပြေမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ ဒီလောက် ရလဒ်ကောင်းမျိုးရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မယုံနိုင်ဘူးကွာ။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီက ရေပန်းလည်းစားတယ်။ တကယ်ရေပန်းစားလွန်းပြီး ကြည့်ရှုသူလည်း များတယ်။ လင်းဖန်က တော်လိုက်တာ။ ဒါရိုက်တာလင်းက နောက်ထပ် ရေပန်းစားတဲ့ ရုပ်သံဒရာမာတစ်ခုကို ရိုက်ကူးလိုက်ပြန်ပြီပေါ့"
"ပြီးတော့ မင်းတို့ကောင်တွေ ကြယ်ဥယျာဥ်ရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၃.၅ ဆိုတာ သိပြီးပြီလား။ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ ကြည့်ရှုသူက ၃.၄၈ ရာခိုင်နှုန်း ရှိတယ်။ ၀.၀၂ရာခိုင်နှုန်းလေးပဲ ကွာတာကွ။"
"ဆိုလိုတာက ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ထက် မနိမ့်ကျဘူးဆိုတဲ့သဘောပဲ။ ရိုးရိုးသားသားပြောရရင် သိပ်မကြာသေးခင်က ရှားဝမ်ချွေ့ရဲ့ သတင်းတွေသာ ထွက်မလာရင် လင်းခဲရှင်းက ဒီလောက် ရေပန်းမစားရင် ငါ့အမြင်မှာတော့ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ယှဥ်နိုင်မှာ မဟုတ်ဘူးထင်တယ်။"
"ဒါပေမယ့် ဒါက ပထမဆုံးနေ့ရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ပဲ ရှိသေးတယ်လေ။ ဆက်ပြီးထုတ်လွှင့်ပြမယ်ဆိုရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ကြယ်ဥယျာဥ်ထက် များလာမယ်ဆိုတာ သေချာပေါက် ပြောရဲတယ်။"
"ငါမနေ့ညက ဓားနှင့်နတ်သမီးဒဏ္ဍာရီ ၃၆ ပိုင်းစလုံးကို ကြည့်ဖို့အတွက် တစ်ညလုံး မအိပ်ခဲ့ဘူး။ ငါတို့မှာ အပိုင်း အကုန်လုံး ရှိနေတာကိုး။ ငါကြည့်ပြီးသွားတော့ ညသန်းခေါင်ကြီး ထငိုမိတယ်..."
"ကြည့်ပြီးသွားတဲ့လူတွေပဲ ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ နောက်ပိုင်း ဇာတ်လမ်းဇာတ်ကွက်တွေ ဘယ်လောက်ကောင်းလဲ၊ ကမ္ဘာကြီးရဲ့ မြင်ကွင်းက ဘယ်လောက်ထူးခြားပြီး ခမ်းနားလဲ၊ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကြားက ဇာတ်လမ်းက ဘယ်လောက်ရက်စက်လဲဆိုတာကို သိနိုင်လိမ့်မယ်။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီက သေချာပေါက် ဂန္တဝင်လက်ရာဖြစ်လာလိမ့်မယ်လို့ သေချာပေါက် ပြောနိုင်တယ်။ လင်းဖန်နဲ့ စုရှောင်းယွီတို့ရဲ့ နောက်ပိုင်း ဆက်ဆံရေးက ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းလဲ မင်းတို့ မသိသေးဘူ။ လင်းဖန်နဲ့ ရှုယန်တို့အကြားက ဆက်ဆံရေးလည်း ပါသေးတယ်။"
"အထူးသဖြင့် စုရှောင်းယွီက လင်းဖန်ကို ချစ်မိသွားပြီး လင်းဖန်ကလည်း စုရှောင်းယွီကို ချစ်မိသွားတဲ့နေရာပဲ။ဒါပေမယ့် လင်းဖန် မှတ်ဉာဏ်တွေ ပြန်ရသွားပြီး သူချစ်တဲ့လူက ရှားဝမ်ချွေ့ဖြစ်ကြောင်း သိလိုက်ရတယ်။။ ဇာတ်လမ်းက အရမ်း ရက်စက်တာပဲ။ စုရှောင်းယွီက သူတို့အချစ်ရေးအတွက် သူ့ကိုယ်သူ စတေးပေးခဲ့တယ်။ ငါ ညသန်းခေါင်ကြီး ထငိုနေမိတယ်။"
"ဇာတ်လမ်းက တော်တော့်ကို ရက်စက်လှပြီလို့ ထင်နေတာ။ ဇာတ်သိမ်းမှာ အဲ့လိုဖြစ်သွားမယ် မထင်ထားဘူး။"
"ထန်ယွိနဲ့ အာ့နွီတို့ နှစ်ယောက်စလုံးလည်း သေသွားပြီ။ ကျောက်လင်းအာက လီရှောင်းယောင်ရဲ့ ရင်ခွင်ထဲမှာ သေသွားတယ်။ ဒီဒရာမာက ဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတာ ဆိုပေမယ့် တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ ငါ့ရင်ထဲမှာတော့ ဂန္တဝင်လက်ရာတစ်ခုပဲ။"
"ဝမ်းနည်းစရာတွေပါတဲ့ ရုပ်သံဒရာမာက အကောင်းဆုံးပဲလေ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက လူတွေအတွက် အဓိပ္ပာယ်တွေ အများကြီး ဆောင်ကျဥ်းပေးတယ်။ နောက်နေ့ကျရင် ကြယ်ဥယျာဥ်ကို လုံးဝ ကျော်လွန်သွားနိုင်တယ်။"
"ငါတို့ ဒီရုပ်သံဒရာမာရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို ကြေညာလိုက်ကြမလား။"
"ငါတို့လင်းဖန်ကို ဆုံးဖြတ်ချက် ချခိုင်းကြမယ်လေ။"
စုကျန့်တီဗီ ဆုံးဖြတ်ချက်ချပြီးနောက် ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ဒေတာအမှန်များကို ယွဲ့ဟွာ ဖျော်ဖြေရေးအား ပြောပြလိုက်ပါသည်။
ယွဲ့ဟွာဖျော်ဖြေရေးတွင်…
လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်၊ လင်းကျင်းကျင်း၊ စီအီးအိုလီ၊ လုပမ်ခိုင်းနှင့် တခြားသူများအားလုံး ရုံးခန်းထဲမှာ ထိုင်နေသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ရိုက်ကူးရေး အဖွဲ့သားအားလုံးလည်း ရှိနေပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ကြည့်ရှုသူ အဆင့်သတ်မှတ််ချက်က ၃.၄၈ ရာခိုင်နှုန်း ရောက်သွားပြီဖြစ်ကြောင်းကို အားလုံး ကြားလိုက်ရသောအခါ လင်းဖန်ကလွဲပြီး အားလုံး အံ့အားသင့်ပျော်ရွှင်ကာ တုန်လှုပ်သွားကြပါသည်။
ဒီရုပ်သံဒရာမာကို စတင် မရိုက်ကူးခင်တုန်းက ဘယ်သူမှ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အထင်မကြီးခဲ့ကြပါ။
သို့သော်လည်း ၃ ပိုင်း ထုတ်လွှင့်ပြသပြီးနောက် သူတို့ တစ်ခုခု သိလိုက်ရသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်အောက် လုံးဝ မနိမ့်ကျပါ။
ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၃.၄၈ ရာခိုင်နှုန်းနှင့် ၃.၅ ရာခိုင်နှုန်းတို့အကြား ခြားနားချက်ကလည်း အလွန် သေးငယ်လှသည်။
တနည်းအားဖြင့် ဒီရုပ်သံဒရာမာနှစ်ခု၏ စံနှုန်းများက အတူတူလောက် ရှိသည်။
သို့သော်လည်း ဒါ အစပဲ ရှိပါသေးသည်။
နောက်ဆက်တွဲ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များက အလွန် အရေးကြီးသည်။
ဘယ်ရုပ်သံဒရာမာက အနိုင်ရမလဲဆိုတာကတော့ နောက်ပိုင်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာအပေါ်မှာ မူတည်ပါသည်။
"ဘုရား ဘုရား... ငါတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီက ဒီလိုရလဒ်မျိုး တကယ်ကြီး ရလိုက်တာပေါ့လေ။ ယွဲ့ဟွာက ဟွာစဲရုပ်ရှင်ကို မယှဥ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။"
"ငါတို့ လုပ်နိုင်ခဲ့ပြီကွ။ ဒီလောက်ထိ ကြိုးစားခဲ့ပြီး ငါတို့ လုပ်နိုင်ခဲ့ပြီ။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်အောက် လုံးဝ မနိမ့်ကျဘူး။"
"အစ်ကိုဖန်က တော်လိုက်တာ။ ဇာတ်ညွှန်းကိုရေးပြီး ဒါရိုက်တာပါလုပ်ခဲ့တာ။ မင်းမပါရင် ဒီရုပ်သံဒရာမာက ဒီလို ရလဒ်မျိုးတွေ ရနိုင်မှာ မဟုတ်ဘူး။"
"အစ်ကိုဖန်က အရမ်းတော်တယ်။ အခုချိန်ကစပြီး ငါတော့ အစ်ကိုဖန်ရဲ့ အမာခံ ပရိတ်သတ် လုပ်တော့မယ်။ အစ်ကိုဖန်ရဲ့ ရုပ်သံဒရာမာက ဒီလောက်ကောင်းမယ်လို့ ဘယ်သူက ထင်မှာလဲ။"
"အစ်ကိုဖန် ကျွန်မတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို ပို့စ်တင်ပြီး သံသယရှိတဲ့လူတွေကို ကောင်းကောင်းကြီး ကြည့်ခိုင်းလိုက်ရမလား။"
အားလုံး လင်းဖန်ကို ကြည့်လိုက်ကြပါသည်။
အားလုံး ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အနိုင်ယူသွားပြီဟု ထင်နေကြစဥ် ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များကိုသာ ထုတ်ပြလိုက်ပါက သေချာပေါက် အားလုံးကို တုန်လှုပ်သွားစေပါလိမ့်မည်။