← Chapters

လှပလွန်းတဲ့ ဓားနှင့် နတ်သမီး ဒဏ္ဏာရီ ‌အရမ်းရေပန်းစားနေပြီ

Vol. 11 Ch. 158

လှပလွန်းတဲ့ ဓားနှင့် နတ်သမီး ဒဏ္ဏာရီ ‌အရမ်းရေပန်းစားနေပြီ

Vol. 11 Ch. 158

ဘာမှန်းမသိလိုက်ဘဲ တနင်္ဂနွေနေ့ ညပိုင်းသို့ ရောက်လာခဲ့ပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီနှင့် ကြယ်ဥယျာဥ်တို့လည်း ရေပန်းစားလာခဲ့လေပြီ။

အခုချိန်ထိ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အနည်းငယ်ကျော်လွန်နေဆဲဖြစ်သည်။

သို့သော်လည်း ပထမ ရက်နည်းနည်းလောက်၏ ဒေတာကို ကြည့်ပြီး ဘာမှ မဆုံးဖြတ်နိုင်သေးသဖြင့် သူ့အပေါ် သက်ရောက်မှု မရှိပါ။

ရုပ်သံဒရာမာများ၏ နောက်ပိုင်းအဆင့် ဒေတာများကသာ အထူး အရေးပါခြင်း ဖြစ်ပါသည်။

အပိုင်း ၃ ပိုင်းကို တနင်္ဂနွေနေ့ညပိုင်းတွင် ထုတ်လွှင့်ပြပြီးနောက် ကြည့်ရှုသူများစွာ တုန်လှုပ်သွားခဲ့ကြသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ အပိုင်း ၇၊ ၈၊ ၉ တို့တွင် လင်းဖန်နဲ့ စုရှောင်းယွီတို့၏ သရုပ်ဆောင်စွမ်းရည်များ၊ သူနဲ့ ရှားဝမ်ချွေ့တို့၏ ဇာတ်ဝင်ခန်းများ၊ လင်းဖန်နဲ့ ရှုယန်တို့၏ သရုပ်ဆောင်စွမ်းရည်များကို ပရိတ်သတ်အား လှလှပပကြီး ချေပခဲ့ပါသည်။

အရင်တုန်းက အပိုင်း ၆ ပိုင်းမှာ ကမ္ဘာကြီး၏ ရှုခင်းကို ချပြရုံသာ ရှိသည်။

အပိုင်း ၇၊ ၈၊ ၉ တို့ ရောက်လာသောအခါ ကမ္ဘာကြီး၏ ရှုခင်းမှာ ပိုရှင်းလင်းလာပြီဖြစ်သည်။

အထူးသဖြင့် စုရှောင်းယွီ လင်းဖန်ကို သဘောကျသွားသည့်အခါမှာ ဖြစ်သည်။ ဒီလို သရုပ်ဆောင်စွမ်းရည်နဲ့ ဇာတ်လမ်းဇာတ်ကွက်တို့ကြောင့် ပရိတ်သတ်များစွာ အံ့အားသင့်ကုန်ကြပါသည်။

"တကယ်လှတာပဲကွာ..."

"လင်းဖန်နဲ့ ရှုယန်တို့ရဲ့သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်။"

"အဓိကက လင်းဖန်ကလည်း အရမ်းချောတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံစီးရီးက အရမ်းကောင်းတာပဲ။"

"မင်း ဒီရုပ်သံဒရာမာကို မကြည့်ရင် မင်း အရှုံးကြီး ရှုံးပြီပဲ။ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရာမာမျိုးက ကြယ်ဥယျာဥ်နဲ့ မယှဥ်နိုင်ဘဲ နေမလား။"

"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းလွန်းတယ်။ နောက်အပတ်ကို ငါမျှော်နေပြီ။"

"ပြီးသွားပြီ။ ဒီနေ့ညတော့ ငါအိပ်ပျော်မှာ မဟုတ်တော့ဘူး။ ဒရာမာတွေကြည့်ရတာ ငါအမုန်းဆုံးပဲ။ ဒီဒရာမာကတော့ တော်တော် ကောင်းတယ်။ လင်းဖန် ဒါရိုက်တာဖြစ်လာရင် ငါညဘက် ကောင်းကောင်း အိပ်ပျော်တော့မှာ မဟုတ်ဘူးဟေ။"

"သူ ဖန်တီးတဲ့ ရုပ်သံဒရာမာတိုင်းက ကြည့်လို့ အရမ်းကောင်းတယ်။ အရင်တစ်ခေါက် ဘဝရဲ့ပျော်ရွှင်မှုကစလို့ အခုလက်ရှိ ဓားနှင့်နတ်သမီးဒဏ္ဍာရီအထိ ဘယ်လိုတန်ဖိုးဖြတ်ရမှန်းတောင် မသိတော့ဘူး။ ငါ မကြည့်ရင် နောင်တရမိမှာပဲ။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ကြည့်ကြပါလို့ နှစ်နှစ်ကာကာ အကြံပေးချင်တယ်။ နောင်တ မရစေရဘူး။"

အပိုင်း ၇ မှ ၉အထိ ထုတ်လွှင့်ပြသပြီးသောအခါ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရေပန်းစားမှုက ဝေ့ပေါ် ၏ ထိပ်တန်းရေပန်းစားမှု စာရင်းပေါ်သို့ ရောက်သွားပြီ ဖြစ်သည်။

ကမ္ဘာ့ရှုခင်းကို လုံးဝ ချပြပြီးနောက် ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ရေပန်းစားမှုက ကြယ်ဥယျာဥ်ထက်ပင် ကျော်သွားပါပြီ။

ဒါတင် မကသေးပါ။ အွန်လိုင်းပေါ်မှာလည်း တဖြည်းဖြည်းနဲ့ ရေပန်းစား အကြောင်းအရာ ဖြစ်လာခဲ့ပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ လုံးဝ ရေပန်းစားနေကြပါပြီ။

အရင်တစ်ခေါက် ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်ခဲ့သော မုန်းတီးရေးသမားဟု လူသိများသည့် လျို့တာတာဟု ခေါ်သည့် အွန်လိုင်း စာရေးဆရာတစ်ယောက်ကတောင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ အပိုင်း ၇ မှ ၉ အထိ ကြည့်ပြီးနောက် ပို့စ်တင်ခဲ့ပါသည်။

"အားလုံးသိတဲ့အတိုင်း ကျွန်တော်က တရားမျှတမှုရှိတဲ့ လူတစ်ယောက်ပါ။"

"အရင်တုန်းက လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကျွန်တော် လှောင်ခဲ့မိတယ်။ အခု လင်းဖန်ကို နှစ်နှစ်ကာကာ တောင်းပန်ချင်ပါတယ်။"

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ကောင်းလွန်းတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ အချိန်ရှိကြရင် အဲ့ဒီရုပ်သံဒရာမာကို သေချာ စောင့်ကြည့်သင့်ပါတယ်။"

"ပြီးတော့ ဒါရိုက်တာ အသစ်စက်စက်တစ်ယောက်အနေနဲ့ လင်းဖန် ဒီလိုရလဒ်မျိုး ရလာတော့ လင်းဖန်က တကယ်ကော လူသစ်ဒါရိုက်တာ ဟုတ်ရဲ့လားလို့ ကျွန်တော် နည်းနည်း သံသယဖြစ်မိတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာမှာ လင်းဖန် သုံးသွားတဲ့ တချို့ ရိုက်ကူးရေး နည်းလမ်းတွေက နိုင်ငံတော်ထဲမှာ အကောင်းဆုံးပဲ။ အဲ့ဒီဇာတ်ဝန်ခန်းတွေရဲ့ တင်ပြချက်နဲ့ ထုတ်လုပ်ချက်တွေက ပြီးပြည့်စုံမှုရဲ့ အထွတ်အထိပ်ပါပဲ။"

ဝေ့ပေါ် ဘလော့ဂါ လျို့တာတာသည် သူ့ရီဗျူးကို ရေးပြီးသောအခါ နာမည်ကျော်များစွာ အွန်လိုင်းပေါ်မှာ ပေါ်လာကြပါသည်။

မျက်စိကျစရာအကောင်းဆုံးက.... လင်းခယ့်ရှင်းတောင် ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်လိုက်ခြင်း ဖြစ်ပါသည်။

( ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ကောင်းတယ်လို့ ကျွန်မလည်း ထင်ပါတယ်။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းလွန်းတယ်~~~ အစ်မဝမ်ချွေ့နဲ့ အစ်မရှောင်းယွီတို့လည်း သရုပ်ဆောင်ကောင်းကြတယ်။ ကျွန်မ ကြယ်ဥယျာဥ်မှာ သရုပ်ဆောင်တာကိုကြည့်နိုင်သလို ဓားနှင့်နတ်သမီးဒဏ္ဍာရီကိုလည်း ကြည့်လို့ရပါတယ်။ ဘယ်ဒရာမာဖြစ်ဖြစ် အလွတ်ပေးလို့ မရဘူးနော်။ )

လင်းခယ့်ရှင်း ဝေ့ပေါ် မှာ ဒီလို ပို့စ်တင်လိုက်သောအခါ သူမ၏ ပရိတ်သတ်များစွာက အံ့အားသင့်နေကြပြီဖြစ်သည်။

အခုချိန်ထိ ဓားနှင့်နတ်သမီးဒဏ္ဍာရီနဲ့ ကြယ်ဥယျာဥ်တို့အကြား ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ရုပ်သံဒရာမာ နှစ်ခုစလုံးက ဂန္တဝင်လက်ရာများ ဖြစ်ကြသည်။ သို့သော် အခုလိုအချိန်တွ်င လင်းခယ့်ရှင်းက ဝေ့ပေါ် ပေါ်တွင် ဦးစွာ ပို့စ်တင်လိုက်ာ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အားပေးလိုက်ပါသည်။ တစ်ချိန်တည်းမှာပဲ ကြယ်ဥယျာဥ်အတွက်လည်း ကြော်ငြာပေးသွားပါသည်။

ရုပ်သံဒရာမာနှစ်ခုအကြားက ယှဥ်ပြိုင်မှုက သူတို့နောက်ကွယ်က ဖျော်ဖြေရေးကုမ္ပဏီနှစ်ခု၏ ယှဥ်ပြိုင်မှု ရလဒ် ဖြစ်ပါသည်။

လင်းခယ့်ရှင်းကလည်း ဝေ့ပေါ် ပေါ်မှာ ဦးစွာ ပို့စ်တင်လိုက်သည်။ ဆိုလိုရင်းက...

ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာမှာ တကယ်ပဲ ကောင်းမွန်လွန်းသောကြောင့် ဖြစ်ပါသည်။

လင်းခယ့်ရှင်းက ဘယ်လို ရုပ်သံဒရာမာ၊ ရုပ်ရှင်မျိုးကိုမှ ချီးမကျူးဖူးပါ။

ဒိနေ့ ဝေ့ပေါ် ပေါ်မှာ လင်းဖန်၏ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အားပေးဖို့အတွက် လူသိရှင်ကြား ပို့စ်တင်ခဲ့သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ဇာတ်လမ်းက လင်းခယ့်ရှင်းလို ကြယ်ပွင့်ကြီးကိုတောင် လေးလေးနက်နက် ဆွဲဆောင်ခဲ့တာ သိသာပါသည်။

လင်းခယ့်ရှင်းက တစ်ကိုယ်တော် အနုပညာရှင် ဖြစ်ကာ ဘယ်လိုဖျော်ဖြေရေးကုမ္ပဏီနဲ့မှ စာချုပ် မချုပ်ဆိုရသေးပါ။

သူမက ဟွာစဲရုပ်ရှင်၏ ထိန်းချုပ်မှုအောက်မှာ မရှိဘဲ သူမ ပြောချင်တာ ပြောနိုင်ပါသည်။

လင်းခယ့်ရှင်းက အလွန်ထက်မြက်ကာ လင်းဖန်ကို တိုက်ခိုက်မှာ မဟုတ်ပါ။

ဘဝရဲ့ပျော်ရွှင်မှုနဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ တို့ကို ကြည့်ရှုပြီးကတည်းက သူမ သိပြီးခဲ့တာ ကြာပါပြီ။

လင်းဖန်က သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ ဇာတ်ညွှန်းရေးဆရာကောင်းနဲ့ ဒါရိုက်တာကောင်း တစ်ယောက်ဆိုတာကို ဖြစ်ပါသည်။

ဘယ်လိုစွမ်းရည်ကမဆို လင်းဖန်ကို အနုပညာလောကတွင် ခြေချစရာနေရာ တစ်ခု ပေးနိုင်သည်။

ဇာတ်ညွှန်းရေးဆရာတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ ဒါရိုက်တာတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် အားလုံးက သရုပ်ဆောင်တစ်ယောက်အတွက် အလွန် အရေးပါသည်။

လင်းခယ့်ရှင်းလည်း တစ်နေ့ကျရင် လင်းဖန်နဲ့ အတူတူ တွဲလုပ်ဖို့ သူမဘက်က ဦးစွာ ကမ်းလှမ်းရမည် ဖြစ်ကြောင်း သိထားပါသည်။

လင်းခယ့်ရှင်း၏ မျက်လုံးထဲတွင် လင်းဖန်က ကြယ်ပွင့်ကြီး တစ်ယောက် ဖြစ်သည်။

လင်းခယ့်ရှင်း ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်လိုက်ပြီးနောက် ကောမန့်ကောင်းများဖြင့် ပြည့်နှက်လာခဲ့သည်။

"ရှင်းရှင်းပြောတာကို နားထောင်ကြ။ ငါတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ကိုလည်း ကြည့်လို့ ရတယ်။"

"ကြယ်ဥယျာဥ်နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ နှစ်ခုစလုံးက အရမ်းကောင်းတယ်။ ယှဥ်စရာကို မလိုဘူး။"

"ရှင်းရှင်းရဲ့ ဇာတ်ကောင်ကလည်း အရမ်းကောင်းတယ်နော်။ ချစ်တယ်~"

ထို့အပြင် လင်းခယ့်ရှင်းက လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ ရှုယန်၊ လင်းကျင်းကျင်းတို့၏ ဝေ့ပေါ် အကောင့်များကို ဦးစွာ Follow လုပ်သွားပါသည်။

လင်းခယ့်ရှင်း၏ စေတနာကို မြင်သဖြင့် အားလုံးလည်း လင်းခယ့်ရှင်းကို Follow ပြန်လုပ်လိုက်ပါသည်။

ရှားဝမ်ချွေ့လည်း ဝေ့ပေါ် ပေါ်မှာ ပို့စ်တင်လိုက်ပါသည်။

( ကြယ်ဥယျာဥ်ကလည်း ကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ အားလုံး ကျွန်မတို့ရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ နဲ့ ကြယ်ဥယျာဥ်တို့ကို တစ်ပြိုင်တည်း ကြည့်လို့ရတယ် )

ရှားဝမ်ချွေ့နှင့် လင်းခယ့်ရှင်းတို့ နှစ်ယောက်စလုံးက ကြယ်ပွင့်ကြီးများ ဖြစ်ကြပါသည်။

ကောင်မလေးနှစ်ယောက် ဝေ့ပေါ် ပေါ်တွင် ပို့စ်တင်လိုက်သောအခါ ဝေ့ပေါ် ပေါ်က တိုက်ပွဲများ လျော့နည်းသွားခဲ့ပါသည်။

ဖျော်ဖြေရေးလောထဲက ပြိုင်ပွဲများက ပရိတ်သတ်များနဲ့ ဘာမှ မဆိုင်ပါ။

ပရိတ်သတ်တွေ ကြည့်ချင်တာက ဒရာမာ ဖြစ်ပါသည်။

ဖျော်ဖြေရေးကုမ္ပဏီများက ရေပန်းစားမှုနဲ့ အင်တာနက် ဝင်ရောက်ကြည့်ရှုသူများအတွက် ပြိုင်ဆိုင်ကြသည်။

လင်းခယ့်ရှင်း၏ လုပ်ရပ်က နှစ်ဦးနှစ်ဖက် အနိုင်ရသော အခြေအနေကို ဖန်တီးနိုင်ခဲ့ပါသည်။

ဖျော်ဖြေရေးကုမ္ပဏီများအကြားက ပြိုင်ပွဲတွင် သရုပ်ဆောင်များ မပါဝင်ပါ။

ကောင်မလေးနှစ်ယောက် ဝေ့ပေါ် ပေါ်တွင် ပို့စ်တင်ပြီးနောက်...

ဓားနှင့်နတ်သမီးဒဏ္ဍာရီနဲ့ ကြယ်ဥယျာဥ်တို့၏ ရေပန်းစားမှု တစ်ချိန်တည်း အများကြီး မြင့်တက်သွားကြပါသည်။

တစ်ပြိုင်နက်တည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ တနင်္ဂနွေနေ့ အပိုင်းများလည်း ထုတ်လွှင့်ပြသပြီးသွားပြီဖြစ်သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ပဲ ရေပန်းစားလာခဲ့ပါသည်။

လမ်းပေါ် လမ်းကြားက လူများ၊ ဝေ့ပေါ်၊ ကျစ်ဟူ၊ သို့ပန်၊ ထုန်ထျောင်နှင့် တစ်တော့ခ်တို့အားလုံး ဓားနှင့်နတ်သမီးဒဏ္ဍာရီ အကြောင်းသာ ပြောနေကြပါပြီ။

ဘယ်သူမှ မျှော်လင့်မထားတာက...

အခုချိန်ကစပြီး ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ရေပန်းစားမှုက ကြယ်ဥယျာဥ်ထက်ပင် လုံးဝ ကျော်လွန်သွားပြီဖြစ်သည်။

All Chapters