အနှစ် ၃၀ စံချိန်ကို ချိုးဖျက်ခြင်း
Vol. 11 Ch. 159
အင်တာနက် တစ်ခွင်လုံး လုံးဝ တုန်လှုပ်သွားခဲ့ပါသည်။
အဓိက ဆိုရှယ်ပလက်ဖောင်းများ အားလုံးက ဓားနှင့်နတ်သမီးဒဏ္ဍာရီအကြောင်း ပြောဆိုနေကြသည်။
ဒီရုပ်သံဒရာမာ၏ ရေပန်းစားမှုနဲ့ ကြည့်ရှုသူ အရေအတွက်က အလွန်များပြားစွာ စတင်တိုးမြင့်လာပါပြီ။
ဒီရုပ်သံဒရာမာက အစကတည်းက အလွန်ပြီးပြည့်စုံခဲ့သည်။ ကမ္ဘာ့ရှုခင်းကို အပြည့်အဝ ချပြပြီးနောက် ရုပ်သံဒရာမာတစ်ခုလုံး၏ ရေပန်းစားမှုလည်း တိုးမြင့်လာခဲ့ပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာက အလွန်ရေပန်းစားလာဖို့ အလားအလာ ရှိပါသည်။
ဆွေးနွေးမှုများ၏ ပမာဏက ဘဝရဲ့ပျော်ရွှင်မှုထက်ပင် ပိုများနေပါသေးသည်။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီက အရမ်းကြည့်လို့ကောင်းတာပဲ ခေါင်းဆောင်မင်းသားနေရာမှာ သရုပ်ဆောင်တဲ့ ကောင်လေးက ဘယ်သူလဲ။ သူက တော်တော်ချောတယ်။ ငါ့သမီးလေးနဲ့ မိတ်ဆက်ပေးလို့ရရင် သိပ်ကောင်းမှာပဲ။"
"ငါ ရုပ်သံဒရာမာရဲ့ ထုတ်လွှင့်ပြသပြီးတဲ့ အပိုင်း အကုန်လုံးကို ကြည့်ပြီးသွားပြီ။ စုစုပေါင်း အပိုင်း ၉ ပိုင်း ရှိတယ်။ ဒီလောက် ကောင်းတဲ့ ဒရာမာမျိုး မမြင်ဖူးဘူးကွာ။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီကို လင်းဖန်က ရိုက်ကူးထားတာလေ။ သူ့ကို ဒါရိုက်တာလင်းလို့ ပြောင်းခေါ်သင့်တယ်။ ဒါရိုက်တာလင်းက အရမ်းတော်တာပဲ။"
"ငါ အဲ့ဗီဒီယိုတွေ ဘယ်မှာ သွားကြည့်လို့ရလဲ။ အဲဒီ ရုပ်သံဒရာမာကို မကြည့်ရသေးဘူး။ အွန်လိုင်းပေါ်မှာ အတိုလေးတွေပဲ ရှိတယ်။ အပိုင်းအပြည့်မရှိဘူး။ အပိုင်းအပြည့်ကို ဘယ်မှာသွားကြည့်လို့ရမလဲဆိုတာ ဘယ်သူသိလဲ။"
"ငါလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ အပိုင်း ၁ ကနေ ၉ အထိ ပြန်ကြည့်လို့ရမယ့်နေရာကို ရှာနေတာလေ။"
"ငါလည်း ဒုက္ခရောက်နေတယ်။ ဒီရုပ်သံဒရာမာက အရမ်းကောင်းလွန်းတယ်။ အဓိက အချက်က ခေါင်းဆောင်မင်းသား လင်းဖန်က အရမ်းချောနေတာပဲ။"
ဓားနှင့်နတ်သမီးဒဏ္ဍာရီက အင်တာနက်ပေါ်မှာ ဆက်တိုက် ရေပန်းစားလာခဲ့ပါသည်။
ထိုအချိန်တွင် စုကျန့်တီဗီ၏ ဝန်ထမ်းများက အတူတူ စုစည်းလိုက်ကြပြီး ဖန်သားပြင်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။
ထုတ်လွှင့်ပြသမှု ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များက သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။
ပထမအပတ် ထုတ်လွှင့်ပြသမှုအပြီး ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များက သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။
ဒီလို ကြည့်ရှုသူ အရေအတွက်များက မယုံနိုင်စရာ ကောင်းလှပါသည်။
အဘယ့်ကြောင့်ဆိုသော်... ဒီနှစ်ပေါင်းများစွာအတွင်း ဒီလောက် ကြည့်ရှုသူ များပြားသည့် ရုပ်သံဒရာမာမျိုး မရှိခဲ့ဖူးသောကြောင့် ဖြစ်ပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ထပ်ပြီး တိုးသွားခဲ့ပါသည်။
"လခွမ်း ငါအမြင်မှားနေတာများလား။"
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံစီးရီးရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၄.၁ ရာခိုင်နှုန်တောင် ရောက်သွားပြီ။"
"ပထမအပတ်ရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၄ ရာခိုင်နှုန်းတောင် ကျော်သွားပြီ။ နှစ် ၂၀ နှစ် ၃၀ အတွင်း ဒီလောက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များတဲ့ ဒရာမာမျိုးတစ်ခါမှ မမြင်ဖူးဘူး။"
"ကြည့်ရှုသူ ၄.၁ ရာခိုင်နှုန်းဆိုတာ ငါတို့ နိုင်ငံတော်ထဲက ရုပ်သံဒရာမာတွေအတွက် တစ်ခါမှ မကြားဖူးတဲ့အရာပဲ။"
"လွန်ခဲ့တဲ့ ၂ ရက်လောက်က ကြယ်ဥယျာဥ်ရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၃.၅ ကျော်နေတာကို တွေ့ခဲ့ရတယ်။ အဲ့တုန်းက ကြယ်ဥယျဥ်ရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်တွေကို တုန်လှုပ်ဖို့ ကောင်းနေပြီလို့ ထင်ခဲ့တာ။ အခုတော့ ငါတို့ဓားနှင့်နတ်သမီးဒဏ္ဍာရီအတွက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က တကယ့် သမိုင်းဝင် စံချိန်ကို ချိုးသွားတဲ့ပုံပဲဟေ့။"
"ဒါရိုက်တာလင်းက တော်လိုက်တာ။ ဒါက သူရေးထားတဲ့ ဇာတ်ညွှန်းကို သူကိုယ်တိုင် ရိုက်ထားတဲ့ ဒရာမာပဲ။ ဖျော်ဖြေရေးကုမ္ပဏီတွေ အများကြီးက လင်းဖန်ရဲ့ ဇာတ်ညွှန်းကို ငြင်းဆန်ပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း ဒီရုပ်သံဒရာမာအတွက် ရင်းနှီးမမြှုပ်နှံချင်ကြဘူး။ ဒါပေမယ့် ဒီရုပ်သံဒရာမာရဲ့ ရလဒ်တွေက တခြား ရုပ်သံဒရာမာတိုင်းကို အနိုင်ယူနိုင်ဖို့ လုံလောက်တယ်။”
"ဒါ ဒါရိုက်တာလင်းရဲ့ အစွမ်းအစလား။ ဒါရိုက်တာလင်းရဲ့ ဒါရိုက်တာစွမ်းရည်တွေကလည်း အရမ်း ကောင်းတယ်။ သူက တကယ့်ကို ပညာရှင်တစ်ယောက်ပဲ။ သူကြောင့်သာ မဟုတ်ရင် ငါတို့ ပြည်တွင်းရုပ်သံဒရာမာတွေရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ဒီလောက်ထိ မြင့်နိုင်မှာ မဟုတ်ဘူး။"
"ဒီရုပ်သံဒရာမာရဲ့ ဂုဏ်သတင်းက လုံးဝ ပေါက်သွားတာပဲ။ ကြယ်ဥယျာဥ်ရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၃.၈၅ ရာခိုင်နှုန်းကိုတောင် ကျော်တက်သွားပြီ။"
"၀.၂၅ ရာခိုင်နှုန်းလောက်ပဲ ကွာတာ ဆိုပေမယ့် ၀.၂၅ ကွာခြားမှုဆိုတာ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတို့လောက် ဝေးကွာတယ်ကွ။"
"မြန်မြန် မြန်မြန် ဒီရုပ်သံဒရာမာကို ကောင်းကောင်း ကြော်ငြာလိုက်ကြ။ ငါတို့ ကြယ်ဥယျာဥ်ကို ကျော်တက်ခွင့်ပေးလို့မဖြစ်ဘူး။"
စုကျန့်တီဗီမှ ဝန်ထမ်းများစွာ အံ့အားသင့်ကုန်ကြပါသည်။
အံ့အားသင့်ပြီးနောက် သူတို့ အလုပ်မြန်မြန် ပြန်လုပ်ကြသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီက ဦးဆောင်မှု ရသွားသောအခါ ၎င်း၏ သတင်းများကလည်း ဝေ့ပေါ် ပေါ် တစ်ပြိုင်နက်တည်း တက်လာခဲ့ပါသည်။
( အံ့သြစရာပဲ ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ပထမအပတ် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၄.၁ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံတော်ထဲက နှစ် ၃၀ ကြာ စံချိန်ကို ချိုးဖောက်သွားခဲ့ပြီ။ သူ့ရဲ့ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က အရင်တုန်းက မဟာဝတ္ထုကြီးလေးပုဒ်ကို ရိုက်ကူးထားတဲ့ အရင်ရုပ်သံဒရာမာတွေကိုတောင် ကျော်လွန်သွားပြီ )
( ကြယ်ဥယျာဥ်ရဲ့ ပထမအပတ် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကလည်း ၃.၈၅ လောက်အထိ မြင့်ပါတယ်။ဒါပေမယ့် ဓားနှင့်နတ်သမီးဒဏ္ဍာရီကိုတော့ မယှဥ်နိုင်တာ အသိသာကြီးကွ။ )
အဆိုပါ ဝေ့ပေါ် ပို့စ်နှစ်ခုသည် ရေပန်းစားရှာဖွေမှုစာမျက်နှာသို့ ရောက်သွားသောအခါ ဝေ့ပေါ် တစ်ခုလုံး ဗြောင်းဆန်သွားခဲ့ပါသည်။
"လခွမ်း ဓားနှင့်နတ်သမီးဒဏ္ဍာရီက နှစ် ၃၀ စံချိန်ကြီးကို တကယ် ချိုးသွားတာလား။ ကြောက်ဖို့ ကောင်းလိုက်တာ။ ဒီရုပ်သံဒရာမာက အဲ့လောက်တောင် ကောင်းတာလား။"
"ကောင်းတာထက် ပိုကောင်းတယ်။ မင်း ဗီဒီယို ရှာကြည့်လိုက်လေ။ ငါ လင့်ခ် ပို့ထားတယ်။"
"လာကြ လာကြ လာကြ မင်းတို့လင့်ခ်လိုချင်ရင် ငါ့ကို သီးသန့်မက်ဆေ့ပို့ကြ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက အရမ်းကောင်းတဲ့ ရုပ်သံဒရာမာတစ်ခုပဲ။ မင်းတို့ကြည့်မှဖြစ်မယ်။"
"မင်းတို့ အဲ့ဒီဒရာမာကို ကြည့်လိုက်လို့ အရှုံးမရှိဘူး။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ကောင်းလွန်းတာပါကွာ။"
ထို ဝေ့ပေါ် ပို့စ်နှစ်ခု ဝေ့ပေါ် ပေါ်မှာ ရေပန်းစားလာသောအခါ ပရိတ်သတ် အားလုံးနှင့် အနုပညာလောက တစ်ခုလုံးတောင် တုန်လှုပ်သွားခဲ့ပါသည်။
ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၄.၁ ရာခိုင်နှုန်းဆိုတာ ဘာသဘောလဲ။
ဆိုလိုရင်းက ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၄ ရာခိုင်နှုန်းထက် ကျော်လွန်ဖူးသည့် နိုင်ငံတော်ထဲက တစ်ခုတည်းသော ရုပ်သံဒရာမာဖြစ်သည် ဆိုတာပင်။
လင်းခယ့်ရှင်း၏ ကြယ်ဥယျာဥ်လို အထင်ကြီးစရာ ရလဒ်များ ရရှိထားသည့် ဒရာမာကတောင် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၃.၈၅ ရာခိုင်နှုန်းလောက်ပဲရထားပါသည်။
ကြယ်ဥယျာဥ်ကို ရိုက်ကူးထားတာ မကောင်းလို့ မဟုတ်ပေ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ရိုက်ကူးထားတာ အလွန်ပြောင်မြောက်လွန်းသောကြောင့် ဖြစ်ပါသည်။
ဒီရုပ်သံဒရာမာက ပွဲဦးထွက်ကတည်းက အထွတ်အထိပ်ကို ရောက်နေပါပြီ။ ဒါတောင် ပထမတစ်ပတ်တာ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ပဲ ရှိပါသေးသည်။ ဒီတိုင်းသာ ဆက်သွားပါက ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလာဦးမလဲဆိုတာ ဘယ်သူမှ မသိသေးပါ။
ဒီလောက် ကြောက်ဖို့ ကောင်းသည့် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို မြင်သောအခါ လင်းဖန်က ပြုံးလိုက်မိပါသည်။
ဒါက အစပဲ ရှိသေးမှန်း လင်းဖန် သိပါသည်။
နောက်ဆက်တွဲ ဇာတ်လမ်းများနှင့် ဇာတ်ကွက်များက ပို၍ပင် စိတ်ဝင်စားဖို့ ကောင်းလာပါလိမ့်မည်။
ဟွာစဲရုပ်ရှင်နဲ့ အသေအကြေ တိုက်ပွဲ စတင်ဖို့ အချိန်ကျပါပြီ။
ယွဲ့ဟွာ၏ ဝန်ထမ်းများ၊ လက်ထောက်ဒါရိုက်တာ လုပမ်ခိုင်း၊ စီအီးအိုလီ၊ နောက်ဆက်တွဲတည်းဖြတ်ရေး အဖွဲ့က ရွှယ်ခဲ့ရှင်းနှင့် နာမည်ကျော် သရုပ်ဆောင်များစွာက လင်းဖန်ကို အထင်ကြီးသွားကြပါသည်။
လင်းဖန်ကြောင့်သာ မဟုတ်ပါက ဒီလိုရေပန်းစားသည့် ဒရာမာမျိုး ပေါ်လာနိုင်ပါ့မလား။
လင်းဖန်၏ ထူးချွန်သည့် ဒါရိုက်တာစွမ်းရည်များက ဒီလို ဂန္တဝင်ရုပ်သံဒရာမာမျိုးကို ဖန်တီးပေးခဲ့ခြင်း ဖြစ်ပါသည်။
"အစ်ကိုဖန်က အရမ်းတော်တာပဲ။ အစ်ကိုဖန် မရှိရင် ငါတို့တွေ ဒီတစ်ခေါက် ဟွာစဲရုပ်ရှင် ဖိနှိပ်တာကို တကယ် ခံရလောက်တယ်။"
"ကံကောင်းလို့ အစ်ကိုဖန် ရှိနေပေလို့ပေါ့။ အခု ဟွာစဲရုပ်ရှင် ငါတို့ရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဘယ်လိုပြန်ကျော်ပြမလဲဆိုတာ စောင့်ကြည့်ချင်နေပြီ။"
"ဒါပေမယ့် ဟွာစဲရုပ်ရှင်ကိုလည်း အထင်သွားမသေးနဲ့။ နိုင်ငံတော်ထဲက အကြီးမားဆုံး ဖျော်ဖြေရေးကုမ္ပဏီတွေထဲက တစ်ခုဖြစ်လို့ ဟွာစဲရုပ်ရှင်က အရမ်းအားကောင်းတယ်။ သူတို့ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို နောက်တစ်ခေါက် ကျော်တက်သွားနိုင်ချေ ရှိသေးတယ်။ ပြီးတော့လည်း ကြယ်ဥယျာဥ်ကလည်း အတော်လေး နာမည်ကြီးတဲ့ ရုပ်သံဒရာမာပဲလေ။”
"ငါ ဝမ်ချွေ့အတွက် တကယ် စိတ်တိုတယ်။ ကုမ္ပဏီထောက်ခံချက်တွေ အများကြီး သူနဲ့ စာချုပ်ဖျက်သိမ်းသွားကြတယ်။ အဲ့ကုမ္ပဏီထောက်ခံချက်တွေတော့ နောင်တရတော့မှာပဲ။"
"ဝိုး ဆရာက အရမ်းတော်တာပဲ ဆရာ့ကို သေအောင်ချစ်တယ်။ ငါတို့အစ်မဝမ်ချွေ့ကို အနိုင်ကျင့်တဲ့လူမှန်သမျှ သေရမယ် ~ "စုရှောင်းယွီလည်း ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကိုကြည့်ကာ အနည်းငယ် ရွှင်မြူးသွားပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ဇာတ်ညွှန်းကို လင်းဖန် ရေးသားထားခြင်းဖြစ်ပြီး လင်းဖန်ကပဲ ရိုက်ကူးထားခြင်း ဖြစ်ပါသည်။
ယခုတော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ရေပန်းစားမှုမှာ ရပ်တန့်လို့ မရနိုင်တော့ပေ။