← Chapters

တန်ပြန်တိုက်ခိုက်မှု အခိုက်အတန့်

Vol. 11 Ch. 160

တန်ပြန်တိုက်ခိုက်မှု အခိုက်အတန့်

Vol. 11 Ch. 160

ဖျော်ဖြေရေးကုမ္ပဏီများစွာ ဒီသတင်းကိုမြင်သောအခါ အားလုံးတုန်လှုပ်သွားကြပါသည်။

"ဘုရားရေ ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က တကယ်ကြီး ၄.၁ ရာခိုင်နှုန်းကျော်သွားတာပဲ။"

"နှစ် ၃၀ ကြာ သမိုင်းဝင် စံချိန်ကို လင်းဖန်ရဲ့ ရုပ်သံဒရာမာက ချိုးသွားပြီ။"

"လခွမ်း လင်းဖန်က အရမ်းတော်တာပဲ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ကို မယှဥ်နိုင်လောက်ဘူးလို့ ထင်ခဲ့တာ၊ ဒါပေမယ့် ကြည့်ရသလောက်တော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီက ပိုကောင်းတဲ့ပုံပဲ။"

"ငါမှတ်မိတာ မမှားရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ဇာတ်ညွှန်းရေးဆရာက လင်းဖန်ပဲ။ ဒါရိုက်တာလည်း လင်းဖန်ပဲ ဟုတ်တယ်မလား။ ငါတို့ကုမ္ပဏီက လင်းဖန်ရဲ့ ဇာတ်ညွှန်းကို ဘာလို့ မဝယ်ခဲ့တာလဲ။"

"ထင်ထားတဲ့အတိုင်းပဲ၊ လင်းဖန်ကို ငါအထင်သေးလိုက်မိပြီ။ လင်းဖန်ရဲ့ ဒါရိုက်တာ စွမ်းရည်က အရမ်းကောင်းတာပဲကွာ..."

ဖျော်ဖြေရေးကုမ္ပဏီအားလုံးက အံ့အားသင့်နေကြသော်လည်း အနည်းငယ် နောင်တရမိကြပါသည်။

ရှားဝမ်ချွေ့ကို စာချုပ်ဖျက်သိမ်းခဲ့သော ကုမ္ပဏီထောက်ခံချက်များလည်း နောင်တရကုန်ကြပြီ။

ရှားဝမ်ချွေ့၏ ရေပန်းစားမှုက လင်းခယ့်ရှင်းအနားကို ချဥ်းကပ်လာနေပါပြီ။

ဒီတိုင်းသာ ဆက်သွားပါက ရှားဝမ်ချွေ့၏ ရေပန်းစားမှုက လင်းခယ့်ရှင်းကို လုံးဝ ကျော်လွန်သွားနိုင်ပါသည်။

ဟွာစဲရုပ်ရှင်တွင် အားလုံး အနည်းငယ် ကြက်သေ သေနေကြပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီက သူတို့ကို ဒီလောက် မြန်မြန် ကျော်တက်သွားလိမ့်မည်ဟု မထင်ခဲ့ကြပါ။

သို့သော်လည်း ဟွာစဲရုပ်ရှင်က ခေသော ဖျော်ဖြေရေးကုမ္ပဏီ မဟုတ်ပေ။ ထိပ်တန််းဖျော်ဖြေရေး ကုမ္ပဏီတစ်ခု ဖြစ်သောကြောင့် ဟွာစဲရုပ်ရှင် လွယ်လွယ်နဲ့ ရှုံးနိမ့်မှာ မဟုတ်ပါ။

စီအီးအိုလျို့က အားလုံးကိုကြည့်ပြီး ပြောလိုက်ပါသည်။ "အရင်တုန်းက ငါလင်းဖန်နဲ့ လင်းဖန်ရဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အထင်သေးခဲ့တယ်။ ဒါပေမယ့် ငါတို့ဟွာစဲရုပ်ရှင်ရဲ့ ကြယ်ဥယျာဥ် မျှော်လင့်ချက် ဆုံးရှုံးသွားပြီလို့ မဆိုလိုဘူး။"

"အခုချိန်ကစပြီး ကုမ္ပဏီက ကြော်ငြာနည်းလမ်းပေါင်းစုံကို သုံးပြီး ကြယ်ဥယျာဥ်ကို ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်အရ အဆင့် ၁ ပြန်ရောက်အောင် လုပ်ကြမယ်။ ငါ့တို့ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၃.၈၅ ရာခိုင်နှုန်းလေ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ၄.၁ ရာခိုင်နှုန်းကို ကျော်လွန်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး။"

စီအီးအိုလျို့က ပြောလိုက်ပါသည်။ သူ ဆုံးဖြတ်ချက် ချပြီးပါပြီ။

ရိုးရိုးသားသား ပြောရလျှင် စီအီးအိုလျို့ ဒေါသထွက်နေပါသည်။

လခွမ်းထဲမှ ကြယ်ဥယျာဥ်က ပထမနေရာကို မြဲမြဲကုပ်တွယ်ထားနိုင်ရမှာ...။

သို့သော်လည်း လင်းခယ့်ရှင်းက အသုံးမကျသည့် လုပ်ရပ်တစ်ခုကို လုပ်ခဲ့သည်။

သူမက ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ပွင့်လင်းစွာ ပရိုမိုးရှင်း ဆင်းပေးလိုက်ပါသည်။

သို့သော်လည်း စီအီးအိုလီက လင်းခယ့်ရှင်းကို ဘာမှ သွားပြောလို့တော့ မရပေ။

လင်းခယ့်ရှင်းက ဟွာစဲရုပ်ရှင်လက်အောက်က အနုပညာရှင် လုံးဝ မဟုတ်ပါ။ သူမက ဒီရုပ်သံဒရာမာ တစ်ခုတည်းသာ ရိုက်ကူးဖို့ ဟွာစဲရုပ်ရှင်နဲ့ စာချုပ် ချုပ်ဆိုထားခြင်း ဖြစ်ပါသည်။

စိအီးအိုလျို့၏ မျက်လုံးများ အေးစက်သွားသည်။

ဟွာစဲရုပ်ရှင်သာ လင်းခယ့်ရှင်းနဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါက သူမကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းမည်။

လင်းခယ့်ရှင်းက ဘယ်လောက်ပဲ ရေပန်းစားနေပါစေ သူမ ဟွာစဲရုပ်ရှင်ပိုင် အနုပညာရှင် ဖြစ်လာပါက ဟွာစဲရုပ်ရှင်က သူမကို အချိန်မရွေး ဘန်းနိုင်သည့် အခွင့်အရေး ရှိပါသည်။

ထိုအချိန်ကျလျှင် ဒီနေ့ဖြစ်ခဲ့တာတွေအတွက် လင်းခယ့်ရှင်းကို သူ အပြည့်အဝ ပြန်ပေးဆပ်ခိုင်းမည်ဖြစ်သည်။

လင်းခယ့်ရှင်းက ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ ကျောင်းသူ မိန်းမလှလေးလည်း ဖြစ်နေသည်။ အနုပညာလောကက ညစ်နွမ်း၏။ ဘာ ကျောင်းသူ မိန်းမလှလေးလဲ။ သူမက သူ့လက်အောက် တဖြည်းဖြည်း ရောက်လာမည့်သူ ဖြစ်သည်။

သူမနဲ့ စာချုပ်ချုပ်နိုင်သည်နှင့် လင်းခယ့်ရှင်း သူနဲ့ အိပ်ဖို့ သဘောမတူပါက ဟွာစဲရုပ်ရှင်က လင်းခယ့်ရှင်းကို လုံးဝ ဘန်းပစ်လိုက်နိုင်ပါသည်။

နာမည်ကျော်တစ်ယောက်က ဘယ်လောက်ပဲ ရေပန်းစားနေပါစေ ထိပ်တန်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ မဖြစ်နိုင်ပါ။

ဒါက ယခု အနုပညာလောကထဲက အခြေအနေဖြစ်ပါသည်။ အနုပညာလောကထဲက ရေများက အလွန်နက်ရှိုင်းသည်။

ယခု ဟွာစဲရုပ်ရှင်က လင်းခယ့်ရှင်းကို အားကိုးနေရဆဲဖြစ်သည်။

သို့သော်လည်း အနာဂတ်မှာတော့ ဟွာစဲရုပ်ရှင်က လင်းခယ့်ရှင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ပေ။

သာမန်အခြေအနေအောက်တွင် အမျိုးသမီး သရုပ်ဆောင်များက သူတို့အနာဂတ်တွင် အပေးအယူလုပ်ဖို့သာ တတ်နိုင်သည်။

ထိုအမျိုးသမီးသရုပ်ဆောင်တွင် နောက်ခံကောင်းကောင်းရှိရင်တော့ ဟွာစဲရုပ်ရှင်က ထိရဲမှာ မဟုတ်ပါ။

သိုသော်လည်း လင်းခယ့်ရှင်းမှာ ဒီလို အစွမ်းအစ မရှိတာ သိသာပါသည်။

"လင်းခယ့်ရှင်း စောင့်ကြည့်နေစမ်းပါ...."

"ကုမ္ပဏီက နင့်ကို အလကားသက်သက် ချီးမြှောက်ပေးခဲ့တာ မဟုတ်ဘူး။ နင်ကုမ္ပဏီရဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာလို့ကတော့..." စီအီးအိုလျို့၏ အကြည့်များက အေးစက်နေပြီး တစ်ယောက်တည်း တွေးနေပါသည်။

ဖျော်ဖြေရေးလောာကထဲမှာ ဘော့စ်တစ်ယောက် ဖြစ်လာနိုင်သည်ဆိုကတည်းက စီအီးအိုလျို့မှာ သေချာပေါက် ရိုးရိုးတန်းတန်း လူတော့ မဟုတ်နိုင်ပေ။

ဒီကိစ္စကြောင့်သာ မဟုတ်ပါက ကုမ္ပဏီက လင်းခယ့်ရှင်းကို မြေတောင်မြှောက်ပေးဖို့ အစွမ်းကုန် ကြိုးစားနိုင်သည်။

သို့သော်လည်း လင်းခယ့်ရှင်းကြောင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ကို ကျော်တက်သွားခဲ့သဖြင့် ကုမ္ပဏီက သူမကို အလွယ်တကူ အလွတ်ပေးမှာ မဟုတ်ပေ။

ထိုအချိန်ကျလျှင် လင်းခယ့်ရှင်းသာ အပေးအယူလုပ်မည်ဆိုပါက ဟွာစဲရုပ်ရှင်က သူမကို ဆက်လက် မြေတောင်မြှောက်ပေးမည်ဖြစ်သည်။

သူမ အပေးအယူမလုပ်ပါက... သူမကို လုံးဝ ဘန်းပစ်လိုက်မည်ဖြစ်သည်။

နောက်ဆုံးတော့ နောက်လထဲတွင် ဟွာစဲရုပ်ရှင်၏ ပရိုမိုးရှင်းဆင်းမှုများအောက် ကြယ်ဥယျာဥ်၏ ရေပန်းစားမှုက ပိုမြင့်တက်လာခဲ့ပါသည်။

ကြယ်ဥယျာဥ်၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်များလည်း ဆက်တိုက်မြင့်တက်နေသည်။

တစ်ချိန်တည်းတွင် ရှားဝမ်ချွေ့ကို ဝေဖန်သော မုန်းတီးရေးသမား တစ်စုနှင့် ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဝေဖန်သည့် မုန်းတီးရေးမသား တစ်စုပါ အင်တာနက်ပေါ်မှာ ပေါ်လာပြန်ပသါည်။

ဟွာစဲရုပ်ရှင်က ကြော်ငြာရာတွင် အလွန်တော်သည်။ သူတို့က အာရုံလွှဲရာမှာလည်း အလွန်တော်၏။ ကြယ်ဥယျာဥ် အာရုံစိုက်ခံရဖို့ သူတို့ နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ကြပါသည်။

အမှန်ပင်။ ယွဲ့ဟွာဖျော်ဖြေရေးကလည်း ဒီတိုင်း ထိုင်နေမှာ မဟုတ်ပါ။ သူတို့လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီကို အာရုံစိုက်မှုများ ရရှိစေဖို့ ကူညီပေးနေကြပါသည်။

သို့သော်လည်း ယွဲ့ဟွာဖျော်ဖြေရေးက ဟွာစဲရုပ်ရှင်ကို ယှဥ်နိုင်ဖွယ် မရှိသေးပေ။

ယွဲ့ဟွာဖျော်ဖြေရေးက ဟွာစဲရုပ်ရှင်လောက် မချမ်းသာသောကြောင့် ဖြစ်ပါသည်။

ဟွာစဲရုပ်ရှင်တွင် ရင်းနှီးမြှုပ်နှံသူများစွာနှင့် ကုမ္ပဏီထောက်ခံချက် များစွာ ရှိသည်။ ဟွာစဲရုပ်ရှင်၏ ကိုယ်ပိုင် ခွန်အားနဲ့ ပေါင်းစပ်လိုက်သောအခါ အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်ဖို့ ပိုလွယ်ကူသည်။

ယွဲ့ဟွာဖျော်ဖြေရေးက ဓားနှင့်နတ်သမီးဒဏ္ဍာရီအတွက် ယွမ် သန်း ၂၀၀ ကျော်ကို သုံးခဲ့ပြီး ငွေတွေ အများကြီး သုံးခဲ့ပြီးပြီ ဖြစ်သည်။ သူတို့ အာရုံံစိုက်မှုများ ထပ်ဆွဲဆောင်နိုင်ဖို့ အလွန်အမင်း ခက်ခဲလှပါသည်။

ဟွာစဲရုပ်ရှင်၏ လွှမ်းမိုးမှုအောက်တွင် ကြယ်ဥယျာဥ်၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကက ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ထပ်ပြီး ကျော်လွန်သွားပြန်ပါသည်။

ဟွာစဲရုပ်ရှင်က ရှုံးနိမ့်မှာ မဟုတ်ပါ။ အရှုံးကို ဝန်ခံဖို့ ပိုဝေးပါသည်။

လင်းခယ့်ရှင်းက ကိုယ်တိုင် ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ကြော်ငြာပေးခဲ့သော်လည်း ဟွာစဲရုပ်ရှင်ကတော့ ဒီလိုလုပ်မှာ မဟုတ်ပါ။

မားကတ်တင်းအကောင့်များစွာကလည်း ကြယ်ဥယျာဥ်များကို သတင်းများပေါ်တွင် မားကတ်တင်း ဆင်းလာကြသည်။

( ကြယ်ဥယျာဥ်ရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၄.၅ ရာခိုင်နှုန််းကိုရောက်နေပြီ။ ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အဆင့်သတ်မှတ််ချက်ကတော့ ၄.၁၅ပဲ ရှိတယ်။ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီထက် ကဏ္ဍတိုင်းမှာ ကျော်လွန်နေတာပဲ )

( ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို ကြယ်ဥယျာဥ်နဲ့ သွားယှဥ်လို့ မရတော့ဘူး။ အဓိကအကြောင်းအရင်းက ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့အကြားက သတင်းဆိုးတွေကြောင့်ပဲ )

( ကြည့်ရတာ ဒီတစ်ခေါက်တော့ ယွဲ့ဟွာက လုံးဝ ရှုံးနိမ့်တော့မယ်ထင်တယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက အရမ်း နာမည်ကြီးပေမယ့် ကြယ်ဥယျာဥ်ကို ယှဥ်လို့တော့ မရပါဘူးကွာ )

နောက်ဆုံးတော့ နောက်ဆုံး ရက်သတ္တပတ်သို့ရောက်လာခဲ့ပါပြီ။

အဆုံးသတ်တွင် ဘယ်ရုပ်သံဒရာမာက အနိုင်ရသွားမလဲဆိုတာကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်သည်။

ရုပ်သံဒရာမာနှစ်ခု၏ တိုက်ပွဲက ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်လာခဲ့ပါပြီ။

ဒီနေ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ အပိုင်း ၂၈ ကို ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ အရင် ၂၇ပိုင်းလုံးက ဇာတ်လမ်းအတွက် လမ်းဖောက်ပေးပြီး ဇာတ်လမ်းကို ရှင်းပြဖို့ ဖြစ်သည်ဟု ဆိုနိုင်သည်။

အပိုင်း ၂၈ ကစတင်ပြီး ဇာတ်လမ်းက တကယ့် ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်လာပါသည်။

အပိုင်း ၂၈ ၏ ဇာတ်လမ်းမှာ...

လီရှောင်းယောင်က ကျောက်လင်အာနဲ့ နီးစပ်ပြီး ပိတ်မိသွားသောအခါ ဝမ်းနည်းမှု မေ့ပျောက်ခြင်း အဆိပ် အာနိသင်က ပြေပျောက်လာသည့်ပုံပင်။ ကျောက်လင်အာနဲ့ အင်မော်တယ်ဝိညာဥ်ကျွန်းမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်အားလုံးကို သူ မှတ်မိသွားသည်။ လီရှောင်းယောင်က ပိတ်မိနေသော ကျောက်လင်အာကို ဖက်ကာ သေလောက်အောင် နာကျင်နေပါသည်။ ကျောက်လင်အာ၏ ဝိညာဥ်က လီရှောင်းယောင်၏ ခံစားချက် အစစ်အမှန်ကြောင့် လှုပ်ရှားသွားပြီး သူမ၏ ခန္ဓာကိုယ်သို့ ပြန်လာကာ အသက်ပြန်ဝင်လာသည်။ လီရှောင်းယောင်နှင့် ကျောက်လင်အာတို့ကို ကူညီဖို့အတွက် လင်ယွဲ့ရုက သူမကိုယ်သူမ စတေးပြီး မိစ္ဆာချိတ်ပိတ်မျှော်စင်ထဲတွင် သေဆုံးသွားခဲ့ပါသည်။ လီရှောင်းယောင် နိုးထလာသောအခါ လင်းယွဲ့ရု သေဆုံးသွာားတာကိုမြင်ကာ အလွန်အမင်း ဝမ်းနည်းသွားခဲ့ပါသည်။ ကျောက်လင်အာကို ကယ်တင်ဖို့အတွက် နွီဝါးကျောင်းဆောင်ကိုသွားပြီး ချီလင်ဦးချိုကို ရယူခဲ့သည်။ မိခင်နွီဝါးက သူ့ကို လွန်ခဲ့သည့် ၁၀ နှစ် စုန်းဧကရီ၏ တရားစီရင်ရေးနေ့ကို ပြန်ပို့ဆောင်ခဲ့သည်။

ဒီလိုဇာတ်လမ်းမျိုးက အလွန် ဝမ်းနည်းဖို့ ကောင်းပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ့်ကြမ္မာဆိုးဆီသို့ စတင်ဦးတည်လာပြီလည်းဖြစ်သည်။

လီရှောင်းယောင်ကို အမြဲ ချစ်ခင်နှစ်သက်ခဲ့သည့် ကောင်မလေး လင်းယွဲ့ရုက လီရှောင်းယောင်နှင့် ကျောက်လင်အာတို့ကို ကယ်တင်ဖို့ သေဆုံးသွားလိမ့်မည်။

တကယ်တော့ လင်းဖန်၊ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ အားလုံး ဒီမှာ ကြမ္မာဆိုးဇာတ်လမ်း တစ်ပုဒ်ကို အတူတူ သရုပ်ဆောင်ကြရမည်ဖြစ်သည်။

စုရှောင်းယွီက သူမအချစ်ဆုံးလူကို ကယ်တင်ဖို့ အသက်ဆုံးရှုံးခဲ့ရသည့် လင်းယွဲ့ရုအဖြစ် သရုပ်ဆောင်ရသည်။

ထို့ကြောင့် ဒါက ရုပ်သံဒရာမာတစ်ခုလုံးတွင် သူမ၏ သရုပ်ဆောင်စွမ်းရည်များ အထွတ်အထိပ်သို့ ရောက်ရှိသည့်နေရာလည်း ဖြစ်ပါသည်။

နောက်ဆုံးတော့ အပိုင်း ၂၈ ကိုစတင်ထုတ်လွှင့်ပြသခဲ့သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ တကယ့် ဇာတ်ရှိန်မြင့်သည့်နေရာ လာနေပါပြီ။

ကြည့်ရှုသူများစွာက တီဗီရှေ့မှ စုစည်းကြရင်း အပိုင်း ၂၈ ကို အာရုံစိုက်နေကြပါသည်။

ထို့နောက် ချပ်ချင်းဆိုသလိုပဲ ကြည့်ရှုသူများစွာ ငိုကြပါသည်။

ဒီရုပ်သံဒရာမာက... နာကျင်လွန်းသဖြင့် သူတို့ကို အလွန်ခံစားရစေကာ၊ အလွန် ဝေခွဲရခက်စေပြီး အလွန် စိတ်ဓာတ်ကျဆင်းစေပါသည်။

သို့သော်လည်း ဒီဇာတ်လမ်းဇာတ်ကွက်ကြောင့် ဇာတ်လမ်းတစ်ခုလုံးကို မြင့်တက်သွားစေခဲ့သည်။

ဇာတ်လမ်း တစ်ဆင့်ချင်း တစ်ဆင့်ချင်း တိုးတက်လာတာကိုကြည့်ရင်း ပရိတ်သတ်အားလုံး၏ မျက်လုံးများက နီရဲနေပါသည်။

ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် မျက်လုံးများ အနည်းငယ် နီရဲနေပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီနေရာတွင် အားလုံး၏ သရုပ်ဆောင်စွမ်းရည်က လုံးဝ အထွတ်အထိပ်ကို ရောက်သွားသောကြောင့် ဖြစ်ပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ နောက်ဆုံး ဇာတ်ရှိန်မြင့်နေရာသို့ ရောက်လာခဲ့ပါပြီ။

ဆိုလိုတာာက... ဓားနှင့်နတ်သမီးဒဏ္ဍာရီ ကြယ်ဥယျာဥ်ကို ကျော်တက်မည့် နောက်ဆုံးအခိုက်အတန့်ကို ရောက်လာခဲ့ပါပြီ။

ယခင် အပိုင်းများတုန်းက ဓားနှင့်နတ်သမီးဒဏ္ဍာရီမှာ ကြယ်ဥယျာဥ်၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်နှင့် မယှဥ်ပြိုင်နိုင်ခဲ့ပေ။

ပထမ ၂၇ ပိုင်းတွင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ဇာတ်လမ်းက အလွန်စိတ်ဝင်စားဖို့ကောင်းပြီး ပရိတ်သတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိပါသည်။

သို့သော်လည်း ကြယ်ဥယျာဥ်၏ ဇာတ်လမ်းကလည်း ကောင်းမွန်ပါသည်။ လင်းခယ့်ရှင်း၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းလွန်းသည်။ ရုပ်သံဒရာမာတစ်ခုလုံး၏ အေးချမ်းပြီး ဟာသဆန်သော စတိုင်များနဲ့ ပေါင်းစပ်လိုက်သောအခါ ကြည့်ရှုသူများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဟွာစဲရုပ်ရှင်၏ အားကောင်းသော ကြော်ငြာမှုများလည်း ရှိသဖြင့် ကြယ်ဥယျာဥ်က အနိုင်မယူနိုင်လောက်အောင် ဖြစ်လာသည်။

ပထမဆုံးအပတ် ဓားနှင့်နတ်သမီးဒဏ္ဍာရီက ဦးဆောင်မှု အနည်းငယ် ရခဲ့တာလွဲပြီး နောက်လတွင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက တစ်ချိန်လုံး အဖိနှိပ်ခံခဲ့ရသည်။

နောက်ဆုံးတော့လည်း ယွဲ့ဟွာနှင့် ဟွာစဲရုပ်ရှင်တို့အကြား ခြားနားချက် ရှိနေပါသေးသည်။

ယွဲ့ဟွာဖျော်ဖြေရေးမှာ ဟွာစဲရုပ်ရှင်ကဲ့သို့ အာဏာနဲ့ ငွေရေးကြေးရေး ခွန်အားရှိပါက အခုလောက် ငြိမ်နေမှာ မဟုတ်ပါ။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ ဒီလို ရလဒ်မျိုး ရလာနိုင်တာက ၎င်း၏ အစွမ်းအစ အစစ်အမှန်ကြောင့် ဖြစ်သည်။ ကုမ္ပဏီက ငွေကြေး မကျန်တော့သဖြင့် ကြော်ငြာဖို့ မတတ်နိုင်ခဲ့ပေ။

ရှားဝမ်ချွေ့၏ ကုမ္ပဏီထောက်ခံချက်များသည်လည်း ဖျက်သိမ်းခံခဲ့ရကာ သက်ရောက်မှု ကြီးမားခဲ့ပါသည်။

နောက်ဆုံးရက်သတ္တပတ်တွင် ဇာတ်သိမ်းကို ထုတ်လွှင့်ပြသတော့မည်။

အချိန် အများကြီး သိပ်မကျန်တော့ပါ။ ကြယ်ဥယျာဥ်၏ အနိုင်ရရှိမှုက သေချာသလောက် ဖြစ်နေပါပြီ။

သို့သော်လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ အပိုင်း ၂၈ ကိုရောက်လာသောအခါ ရုပ်သံစီးရီးတစ်ခုလုံး၏ စိတ်ဝင်စားဖို့ အကောင်းဆုံးအချိန်ကို ရောက်ရှိလာခဲ့ပါသည်။

အပိုင်း ၂၈ မတိုင်ခင်က ဘယ်သူမှ ဒီလောက်ထိ ကြမ္မာဆိုးလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ဒီအပိုင်းမှာတော့ လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့ကို ပြန်မှတ်မိကာ လီရှောင်းယောင်က သူအချစ်ဆုံးသူမှာ ကျောက်လင်အာဖြစ်ကြောင်း ပြန်သတိရသွားသောအခါ ဇာတ်လိုက်၏ သရုပ်ဆောင်စွမ်းရည်နဲ့ ဇာတ်လိုက်၏ နာကျင်မှုများကိုပါ မြင်တွေ့ခဲ့ကြပါသည်။

ထို့နောက် လင်းယွဲ့ရုအဖြစ် သရုပ်ဆောင်သည့် စုရှောင်းယွီက သူမ အချစ်ဆုံးပုဂ္ဂိုလ်အတွက် အသက်ကို စတေးလိုက်တာကို မြင်လိုက်ကြပါသည်။

ကြည့်ရှုသူ သန်းပေါင်းဆယ်ချီ ထိုအခိုက်အတန့်တွင် ငိုကြွေးခဲ့ကြပါသည်။

သမိုင်းဝင် ဇာတ်ဝင်ခန်းကြီး ထိုအချိန်တွင် ရပ်တန့်သွားခဲ့သည်။

All Chapters