← Chapters

အင်တာနက်တခွင် ရေပန်းစားလာခြင်း

Vol. 11 Ch. 161

အင်တာနက်တခွင် ရေပန်းစားလာခြင်း

Vol. 11 Ch. 161

ပရိတ်သတ်အားလုံး ဖြစ်ပျက်နေသည့် အရာများကြောင့် အထင်ကြီးသွားကြပါသည်။

သူတို့အားလုံးကို လှပသည့် ကမ္ဘာတစ်ခုဆီသို့ ပို့ဆောင်ခံလိုက်ရသလိုမျိုး ဒီရုပ်သံဒရာမာကို ကြည့်ရှုနေကြပါသည်။

လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ သံယောဇဥ်ကို ဖြည့်ဆည်းဖို့အတွက် စုရှောင်းယွီက သူတို့အတွက် သေဆုံးသွားခဲ့သည်။

စုရှောင်းယွီ သေဆုံးသွားကြောင်း လင်းဖန် သိလိုက်ရသောအခါ အလွန်အမင်း ဝမ်းနည်းသွားခဲ့ရပါသည်။

စုရှောင်းယွီက သူ့အနားတွင် အရေးပါဆုံးလူတွေထဲက တစ်ယောက် ဖြစ်သည်။

သို့သော်လည်း သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ စုရှောင်းယွီ သေဆုံးသွားပြီဖြစ်သဖြင့် လင်းဖန် ရွေးချယ်စရာမရှိတော့ဘဲ အားတင်းပြီး သူအချစ်ဆုံးလူကိုသာ ကယ်တင်ရတော့မည်။

ဒီဇာတ်ဝင်ခန်း ပြီးဆုံးသွားသောအခါ စုရှောင်းယွီ၏ ဇာတ်ဝင်ခန်းများ ပြီးဆုံးသွားပြီဖြစ်သည်။

သူမ သေဆုံးသွားသည့် ဇာတ်ဝင်ခန်းက ကြည့်ရှုသူများ၏ ရင်ထဲ ထာဝရ စွဲမြဲသွားပြီ ဖြစ်သည်။

"အားး ငါငိုနေပြီ..."

"စုရှောင်းယွီ သရုပ်ဆောင် အရမ်း ကောင်းတာပဲ။ လင်းယွဲ့ရုရဲ့ ဇာတ်ကောင်ကလည်း အရမ်းကောင်းတယ်။ ဘာလို့ အဲ့လိုမျိုး သေသွားရတာလဲ..."

"လီရှောင်းယွီ အခု ဘာလုပ်တော့မှာလဲ။ လီရှောင်းယောင်က ကျောက်လင်အာကို သွားရှာဖို့ပဲ ရှိတော့တယ်။ ကျောက်လင်အာလည်း တစ်ခုခုဖြစ်လို့ကတော့ ငါ ဒါရိုက်တာကို သတ်မယ်။"

"ငါငိုနေပြီ ငိုနေပြီ။ အရမ်းဝမ်းနည်းတာပဲ။ သူအချစ်ဆုံးသူကို ကာကွယ်ဖို့အတွက် သူက ကိုယ့်ကိုယ်ကို စတေးသွားတာပဲ။"

"စုရှောင်းယွီ တကယ် သရုပ်ဆောင်ကောင်းတယ်။ ငါ စုရှောင်းယွီ ပရိတ်သတ် ဖြစ်သွားပြီ။"

"လင်းဖန် သရုပ်ဆောင်တာလည်း အရမ်းကောင်းတယ်။ လင်းဖန်က အရမ်း သနားဖို့ ကောင်းတာပဲ။ ငါအရမ်းကြိုက်တဲ့ ခေါင်းဆောင်မင်းသားက ဒီလိုဖြစ်လာတယ် ဟူး...။ နှစ်ယောက်စလုံးကို သူ ယူလိုက်လို့ မရဘူးလား။"

ထို့နောက် အပိုင်း ၂၉ပြီးတော့ အပိုင်း ၃၀ ဆက်လာသည်။

အပိုင်း ၃၁ သို့ရောက်သောအခါ အာ့နွီနဲ့ သူမ အဖေတို့ ပြန်လာကြ၏။ သူမ အချစ်ဆုံးလူကို ကယ်တင်နိုင်ဖို့အတွက် သူမဝိညာဥ်ကို လမင်းခစားဂိုဏ်းသခင်ကြီးအား ပေးလိုက်သည်။

အပိုင်း ၃၂ တွင် လီရှောင်းယောင်နှင့် ကျောက်လင်အာတို့ နောက်ဆုံးဆန္ဒ ပြည့်ဝသွားကာ လက်ထပ်ခဲ့ကြပါသည်။

အပိုင်း ၃၃ တွင် အာ့နွီနှင့် ထျန့်ယုတို့နှစ်ယောက်ကြားက သံယောဇဥ်ကြောင့် အာ့နာ၏ ဝိညာဥ်ပြန်ရောက်လာခဲ့သည်။ သူတို့အတူတူ အခက်ခဲများစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် သူတို့၏ သံယောဇဥ်က တကယ်ပဲ ဖြတ်တောက်လို့မရနိုင်တော့ပါ။

အပိုင်း ၃၄ တွင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ ဇာတ်သိမ်းကိုရောက်ပါပြီ။

ရုပ်သံဒရာမာတစ်ခုလုံး၏ အကြီးမားဆုံး ဗီလိန်ဖြစ်သူ လမင်းခစားဂိုဏ်းသခင်ကြီးက နောက်ဆုံးတိုက်ခိုက်မှုကို လုပ်ခဲ့သည်။

လီရှောင်းယောင်က ဂိုဏ်းသခင်ကြီးနဲ့ တိုက်ခိုက်ရာတွင် အရေးနိမ့်နေခဲ့၏။

လမင်းခစားဂိုဏ်းသခင်ကြီးကို အနိုင်ယူဖို့အတွက် အာ့နွီနဲ့ ထျန့်ယုတို့က သူတို့၏ လည်ဆွဲများကို ထုတ်ကာ ဆန္ဒပြုခဲ့ကြသည်။ နောက်ဆုံးတော့ သူတို့ ငှက်များအဖြစ် ပြောင်းလဲသွားကြကာ ကောင်းကင်ပေါ်သို့ အတူတူ ပျံသန်းသွားခဲ့ကြပါသည်။

နောက်ဆုံးမှာတော့ လမင်းခစားဂိုဏ်းသခင်ကြီးကို နှိမ်နင်းပြီးနောက် ကျောက်လင်အာက ရေမိစ္ဆာသားရဲကြီးကို သတ်ကာ လီရှောင်းယောင်အနားသို့ ပြန်လာခဲ့သည်။ နောက်ဆုံးတွင် သူမ လီရှောင်းယောင်၏ ရင်ခွင်ထဲမှာပဲ သေဆုံးသွားခဲ့တော့သည်။

နောက်ဆုံးတော့ ရုပ်သံစီးရီးတစ်ခုလုံး၏ ဇာတ်သိမ်းပိုင်း အဆုံးသတ်သွားခဲ့ပါသည်။

နောက်ဆုံးဇာတ်ဝင်ခန်းတွင် ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲ ပစ်လဲသွားခဲ့သည်။

လင်းဖန်၏ ညီအစ်ကိုများ၊ ရဲဘော်ရဲဘက်များ၊ ချစ်ရသောသူများ အားလုံး သေဆုံးသွားခဲ့သည်။

ထို့နောက် ရုပ်သံစီးရီး၏ ဇာတ်သိမ်းပိုင်း ပြီးဆုံးသွားခဲ့ပါသည်။

ဒါက အကြီးမားဆုံး ကြမ္မာဆိုးတစ်ခုပင်။

ဒီရုပ်သံဒရာမာကို ကြည့်ရှုနေသည့် ပရိတ်သတ်တော်တော်များများက အပိုင်း ၂၈ လောက်ကတည်းက မျက်လုံးများ နီရဲနေသော်လည်း အားလုံးတော့ မငိုကြပါ။

သို့သော်လည်း ဇာတ်သိမ်းပိုင်း ရောက်သည့်အခါ...

ကြည့်ရှုသူအားလုံး ငိုကြွေးသွားကြပါသည်။

နောက်ဆုံးတွင် ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့ မပေါင်းဖက်ခဲ့ရပါ။

ပရိတ်သတ်များအားလုံး အသည်းကွဲသွားခဲ့ပါသည်။

ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲ ပစ်လဲသွားကာ ရုပ်သံစီးရီး၏ နောက်ဆုံးဇာတ်သိမ်းကို ရောက်လာခဲ့သည်။

အားလုံးမှတ်ဉာဏ်ထဲတွင် ကြမ္မာဆိုးဇာတ်သိမ်းတစ်ခု စွဲထင်သွားပြီဖြစ်သည်။

"မဟုတ်ဘူး... အားလုံးသေရင်တောင် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဘာဖြစ်လို့ နောက်ဆုံးမှာ မပေါင်းစည်းနိုင်ခဲ့တာလဲ။"

"သူတို့သာ အတူတူပေါင်းစည်းနိုင်ခဲ့ရင်..."

"ဘာလို့ သူ့ကို သေခွင့်ပေးလိုက်တာလဲ ဘာလို့လဲ။"

"ဒီလို ရုပ်သံဒရာမာ ဇာတ်သိမ်းမျိုးကို လက်မခံနိုင်ဘူး။"

"ဒါပေမယ့် ဒီရုပ်သံဒရာမာ ဇာတ်သိမ်းက အရမ်း ဝမ်းနည်းဖို့ ကောင်းတယ်။ စစ်မှန်တယ်...။ သူတို့နှစ်ယောက် အတူတူ ပေါင်းစည်းနိုင်ခဲ့ရင်တော့ အကောင်းဆုံးဇာတ်သိမ်းဖြစ်မှာပေါ့။”

"လင်းဖန် ရှားဝမ်ချွေ့ နင်တို့နှစ်ယောက် အခု အတူတူ ပေါင်းစည်းမှ ဖြစ်တော့မယ်။ ကံကောင်းလို့ ဒါက ရုပ်သံဒရာမာဖြစ်ပြီး အတုအယောင်ဆိုတာ ငါသိတယ်။ တကယ့်ဘဝမှာသာ ဒါမျိုးဖြစ်ရင် ငါမေ့လဲသွားလောက်ပြီ။"

ဇာတ်သိမ်းကို ထုတ်လွှင့်ပြသပြီးသောအခါ ရုပ်သံဒရာမာတစ်ခုလုံးအတွက် ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့ပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ကို အပြတ်အသတ် အနိုင်ယူခဲ့သည်။

ဝေ့ပေါ် ပေါ်က ထိပ်တန်းရေပန်းစား အကြောင်းအရာ ၅ ခုစလုံးက ဓားနှင့်နတ်သမီးဒဏ္ဍာရီ အကြောင်းပဲ ဖြစ်လေသည်။

ဝေ့ပေါ် ၏ ထိပ်တန်း ရေပန်းစားသည့် အကြောင်းအရာကလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ ဖြစ်သည်။

( လီရှောင်းယောင်၊ ကျောက်လင်အာ )

ပရိတ်သတ်အားလုံး ဒီဇာတ်ကောင်နှစ်ယောက်ကို လေးလေးနက်နက် မှတ်မိကြပါသည်။

ဝေ့ပေါ် ၏ အဆိုပါ ရေပန်းစားသည့် အကြောင်းအရာမှာ ၆ သန်း ၇ သန်းလောက်အထိ တက်လာသည်။

အရင်တုန်းက ဝေ့ပေါ် ပေါ်က ရေပန်းအစားဆုံး အကြောင်းအရာကတောင် ရေပန်းစားမှုအရဆို ၄ သန်းလောက်သာ ရောက်ရှိခဲ့ပါသည်။

သို့သော်လည်း ဒီနေ့ညတော့ ဝေ့ပေါ် ပေါ်က ရေပန်းစားအကြောင်းအရာအားလုံး ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။

၈ သန်း... ၉ သန်း

ဝေ့ပေါ် ပေါ်က ရေပန်းစားအကြောင်းအရာ ရေပန်းစားမှုမှာ တကယ်ကြီး ၁၀ သန်းအထိ ရောက်သွားခဲ့ပါသည်။

ဝေ့ပေါ် ပို့စ်၏ Like အရေအတွက်ကလည်း ၁၀ သန်းကျော်သွားပါပြီ။

ထို ဝေ့ပေါ် ပို့စ်အောက်က ကောမန့်များက ၆၀၀၊၀၀၀.... ၇၀၀၊၀၀၀...

၁.၂ သန်း... ၂. ၂ သန်း...

ကောမန့် ၂.၆ သန်းအထိရောက်သွားပြီဖြစ်သည်။

အောက်က ကောမန့်အားလုံးက ငိုကြွေးနေသော အီမိုဂျီများဖြစ်ပါသည်။

ဝေ့ပေါ် အပြင် တစ်တော့ခ်၊ ပီလိပီလိ၊ ကျစ်ဟူ၊ ထုန်ထျောင် တို့လည်းရှိသေးသည်....။

နေရာတိုင်းနီးပါးတွင်... ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ဇာတ်သိမ်း၊ လီရှောင်းယောာင်နဲ့ ကျောက်လင်အာတို့ အကြားက နောက်ဆုံး ဇာတ်ဝင်ခန်း၊ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ သရုပ်ဆောင်သည့် ဇာတ်ဝင်ခန်းများအားလုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါင်းစုံသို့ ပြန့်နှံ့သွားခဲ့ပါသည်။

WeChat Moments နဲ့ QQ Spaces များလည်း ပေါက်ကုန်ကြသည်။

တကယ်တော့ ဒီရုပ်သံဒရာမာကို အတူတူကြည့်ဖို့ စုစည်းခဲ့သော ပရိတ်သတ်များအားလုံး ဇာတ်သိမ်းကြောင့် ငိုနေပါပြီ။

ဝေ့ပေါ် ရုံးတွင် ဝန်ထမ်းများ အလုပ်များနေသည်။

"လခမ်း.... ဝေ့ပေါ် ဆာဗာတွေကို ခဏခဏ ပြန်ပြင်နေရပြီ။ နာမည်ကျော်တွေ ဖောက်ပြန်တဲ့သတင်းဆိုရင်တောင် ဒီလောက် အပျက်မြန်မှာ မဟုတ်ဘူး။"

"ဒါပေမယ့် ဒီနေ့တော့ ဝေ့ပေါ် ကြီး လုံးဝ ပျက်သွားပြီ။"

"ဒီနေ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီဇာတ်သိမ်းပိုင်းကြောင့် ဝေ့ပေါ် ပျက်သွားပြီ။ ဝေ့ပေါ် သာ မပျက်ရင် ရေပန်းစားအကြောင်းအရာ အဆင့် ၁ က ရေပန်းစားမှု ၁၅ သန်းလောက်တောင် ရှိနေလောက်ပြီ။"

"ကြောက်ဖို့ ကောင်းလိုက်တာ။ ငါတို့ကုမ္ပဏီရဲ့ ဆာဗာတွေက ဒီလောက်ထိ အကြိမ်ကြိမ် ပြန်ပြင်ထားတာတောင် ပျက်သေးတယ်...."

"လင်းဖန်က တော်လွန်းပါတယ်ကွာ။ သူရိုက်တဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီက အရမ်းရေပန်းစားသွားတာပဲ။"

"တော်ပါတော့ ငါတောင်ငိုနေပြီ။။ ဒါပေမယ့် ငါတို့ဘာမှ မတတ်နိုင်ဘူး။ ဝေ့ပေါ် ကိုတတ်နိုင်သမျှ အမြန်ဆုံး ပြန်ပြင်ရမယ်။"

ဝေ့ပေါ် ဝန်ထမ်းများပင် ၎င်းတို့၏ မျက်ရည်များကို သုတ်ကာ အလုပ်ဆက်လုပ်နေရသည်။

ဒီရုပ်သံဒရာမာ၏ ဇာတ်သိမ်းက အားလုံး၏ နှလုံးသားအပေါ်သက်ရောက်မှုရှိခဲ့ပါသည်။

ပရိတ်သတ်မြောက်များစွာ ငိုကြွေးနေကြသည်။

ဝေ့ပေါ် တစ်ခုတည်း ပျက်တာမဟုတ်ဘဲ တစ်ပြိုင်တည်း ပီလိပီလိ၊ Douyin၊ ကျစ်ဟူ၊ ထုန်ထျောင် တို့အားလုံး ပျက်ကုန်ကြသည်။

QQ နဲ့ WeChat Moments တို့တောင် ပျက်ခါနီးဆဲဆဲဖြစ်သည်။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းအားလုံးနီးပါးမှာ ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ သတင်းများ ပို့စ်များဖြင့် ပြည့်နှက်နေကြသည်။

ကြယ်ဥယျာဥ်ကတော့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ အနိုင်ယူခြင်းကို ခံလိုက်ရတာ ကြာခဲ့ပါပြီ။

All Chapters