လင်းဖန် မင်းက တကယ်ကြမ်းတာပဲ
Vol. 11 Ch. 162
ဇာတ်သိမ်းပိုင်းကို ထုတ်လွှင်ပြီးသောအခါ ဓားနှင့်နတ်သမီးဒဏ္ဍာရီက အားလုံးကို အလဲထိုးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
ဘယ်သူမှ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ဇာတ်သိမ်းပိုင်း ပြီးဆုံးသောအခါ ဒီလောက်ခမ်းနားသည့် မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု မထင်ခဲ့ကြပါ။
ဝေ့ပေါ်၊ ထုန်ထျောင်၊ ပီလိပီလိနဲ့ တခြားအဓိက App အကြီးစားများ အားလုံး ပျက်ကုန်ကြပါသည်။
အသုံးပြုသူတွေဘယ်လောက်များများ တစ်ပြိုင်တည်း ဝင်သုံးကြသလဲဆိုတာ ခန့်မှန်းကြည့်လိုက်လို့ရသည်။
ဒီရုပ်သံဒရာမာ၏ ရေပန်းစားမှုက တိုင်းတာလို့မရနိုင်အောင် ရှိနေပါပြီ။
"ဒီဒရာမာက သောက်ရမ်း အင်တာနက်ပေါ်မှာ ရေပန်းစားနေတယ်ဟေ့"
"ဒီလောက် ရေပန်းစားတဲ့ ဒရာမာမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။ လင်းဖန်.... လင်းဖန်ဘယ်လိုများ လုပ်လိုက်တာလဲ" စီအီးအိုလီက မယုံကြည်နိုင် ဖြစ်နေကြပါသည်။
အရင်တုန်းက ကြယ်ဥယျာဥ်နဲ့ တိုက်ပွဲများတွင် အမြဲတမ်းလိုလို အနည်းငယ် နောက်ကျကျန်နေခဲ့သည်။ အားလုံးက မျှော်လင့်ထားသည့်အတိုင်းပဲဖြစ်ပါသည်။
အရင်အပတ်က ယွဲ့ဟွာဖျော်ဖြေရေးကတောင် မျှော်လင့်ချက်မရှိတော့ဘူးဟု ခံစားခဲ့ရပါသည်။
သို့သော်လည်း လက်တွေ့ဖြစ်လာသောအခါ သာမန်လူများ၏ မျှော်လင့်ချက်ကို တကယ်ကြီး ကျော်လွန်သွားခဲ့သည်။
ယွဲ့ဟွာဖျော်ဖြေရေးတစ်ခုလုံးလည်း ဒီလို ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်လိုက်သောအခါ ဓားနှင့်နတ်သမီးဒဏ္ဍာရီက ကြယ်ဥယျာဥ်ကို လုံးဝ အလဲထိုးနိုင်ခဲ့သည်။
ယွဲ့ဟွာဖျော်ဖြေရေးကို မဆိုဦးနဲ့၊ ဟွာစဲရုပ်ရှင်က လူတွေတောင် ဒါကို မျှော်လင့်မထားခဲ့ကြပါ။
စုရှောင်းယွီ၊ ရှုယန်၊ ရှားဝမ်ချွေ့နဲ့ လင်းကျင်းကျင်း၊ တခြားသူများတောင် တုန်လှုပ်သွားခဲ့ကြပါသည်။
လင်းဖန်က သူတို့ကို တန်ပြန်တိုက်ခိုက်ပြီး အလဲထိုးအနိုင်ယူမည်ဟု ပြောခဲ့သည်။ သူ ပြောသည့်အတိုင်း တကယ်လုပ်ခဲ့ပါသည်။
အားသာချက်ကြီးကြီးမားမားဖြင့် အပြတ်အသတ် အနိုင်ရသွားသော ပွဲလည်း ဖြစ်ပါသည်။
ဒါက ဘတ်စ်ကတ်ဘောကစားပွဲတစ်ခုတွင် နောက်ဆုံးမိနစ်ရောက်ခါနီး တစ်ဖက်အသင်းက အမှတ်် ၃၀ လောက်ကွာနေသလို ဖြစ်ပါသည်။
သို့သော်လည်း ရုတ်တရက်ကြီး သတ္တိမွေးကာ နောက်ဆုံးမိနစ်ကျမှ 3-Pointer ချည်း ဆက်တိုက်ရခဲ့ပြီး တားမရဆီးမရဖြစ်လာသလိုပင်။
ခြောက်စက္ကန့်တိုင်း 3-Pointer ပစ်ချက်တစ်ချက်ရကာ တစ်ချက်မှ မလွဲဘဲ အားသာချက်ရထားသည့် ပြိုင်ဘက်ကို အလဲထိုးလိုက်သလိုဖြစ်ပါသည်။
ဟွာစဲရုပ်ရှင်က ၁ လကျော်လောက် ကြိုးစားခဲ့ရသည်။ သို့သော်လည်း အဆုံးသတ်မှာတော့ ဒီလိုနဲ့ ကျော်တက်ခံရကာ အနိုင်ယူခံလိုက်ရပါသည်။ သူတို့ ဘာတတ်နိုင်ဦးမည်နည်း။
"ညီအစ်ကိုဖန်က... တကယ်ကြမ်းတာပဲ” ရှုယန်က ပြောလိုက်သည်။
ရှုယန်တောင် သူ့ကို ချီးကျူးရပါသည်။
သူ လင်းဖန်ကို ခေါ်သည့်ပုံစံကလည်း ညီအစ်ကိုဖန် ဖြစ်လာခဲ့ပါသည်။
ယွဲ့ဟွာ၏ ထိပ်တန်း အမျိုးသား အနုပညာရှင်တောင် နေရာလဲခံရတော့မည်ထင်သည်။
ရှုယန် သက်ပြင်းချလိုက်မိပါသည်။
ဒါ ဘဝလား။
"ငါတို့နိုင်ပြီ။ ငါတို့ တကယ်နိုင်သွားပြီ။" လင်းကျင်းကျင်းလည်း အံ့သြတကြီးပြောလိုက်ပါသည်။
ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသပြီးသောအခါ ဟွာစဲရုပ်ရှင်၏ နောက်ဆုံးကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၄.၅၃ ရာခိုင်နှုန်းတွင် ပုံသေရပ်တန့်နေသည်။
သို့သော်လည်း ယွဲ့ဟွာဖျော်ဖြေရေး၏ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ကြည့်ရှုသူ အဆင့် သတ်မှတ်ချက် မထွက်သေးပေ။
စုကျန့်တီဗီ၏ ဝန်ထမ်းများက ဒေတာကို ထပ်ခါထပ်ခါ စစ်ဆေးနေသောကြောင့် ဖြစ်ပါသည်။
"ဖြစ်နိုင်ပါ့မလား။"
"မဖြစ်နိုင်ဘူးထင်တယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အဆင့်သတ်မှတ်ချက်တွေက မြင့်လွန်းနေတယ်။ Bug ကိုက်တာများလား။" ဘော့စ်က မေးလိုက်သည်။
"ဘော့စ် ဘာ Bug မှမရှိဘူး။ ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာကိုက အရမ်းရေပန်းစားလွန်းနေတာ...."
"ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က... ၇.၅၃ ရာခိုင်နှုန်းတောင် ရောက်သွားပြီ။"
"ကြယ်ဥယျာဥ်ထက် ၃ ရာခိုင်နှုန်းကြီးများတောင် မြင့်တယ်။"
"ဘော့စ် ဘာမှသာ မမှားရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ့် ဂန္တဝင်လက်ရာဖြစ်လာတော့မှာ။ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်က ၇.၅၃ ရာခိုင်နှုန်းတောင် ရှိတယ်။ နောက်ပိုင် ဒီလိုရလဒ်မျိုးကို ဘယ်သူမှ ကျော်နိုင်တော့မယ်လို့ မထင်ဘူး။" ဝန်ထမ်းက ပြောလိုက်ပါသည်။
"လခွမ်း ကြည့်ရှုသူ ၇.၅၃ ရာခိုင်နှုန်းတောင်။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ဘယ်ရုပ်သံဒရာမာမှ ဒီလိုရလဒ်မျိုး မရဖူးဘူး။ မယုံနိုင်စရာ ကောင်းလိုက်တာ။"
"လင်းဖန်က တော်လွန်းတယ်။ သူ့ပထမဆုံး ဒရာမာဖြစ်တဲ့ ဘဝရဲ့ပျော်ရွှင်မှုကလည်း အရမ်းရေပန်းစားပြီးသား။ သူ့ဒုတိယဒရာမာ ဓားနှင့်နတ်သမီးဒဏ္ဍာရီကလည်း ပိုပြီးတောင် ရေပန်းစားသေးတယ်။ ဒီရုပ်သံဒရာမာက ဂန္တဝင်လက်ရာတောင် ဖြစ်လာနိုင်တယ်။"
"မဟုတ်ဘူး ဘော့စ် ဒီဒရာမာက ဂန္တဝင်လက်ရာဖြစ်ပြီးသားပါ။"
"ဝေ့ပေါ် တောင်ပျက်သွားပြီ... ဒီရုပ်သံဒရာမာ ဘယ်လောက်ရေပန်းစားလဲ စဥ်းစားသာကြည့်ပေတော့။"
"လခွမ်း ဝေ့ပေါ် တကယ်ပျက်သွားတာပဲ။ လင်းဖန်က လူတောင် ဟုတ်ရဲ့လား။"
...
စုကျန့်တီဗီ၏ ဝန်ထမ်းအားလုံး မယုံနိုင်စရာကောင်းလှသည်ဟု ခံစားနေရပါသည်။
ဓားနှင့်နတ်သမီးဒဏ္ဍာရီက စံချိန်ချိုးရုံလောက်ဆို မပြောလိုပါ။
သို့သော်လည်း အခုတော့ စံချိန်ချိုးရုံတင်မကဘဲ ရာဇဝင်တစ်ခုပါ တွင်စေခဲ့ပါသည်။
ထို့နောက် စုကျန့်တီဗီက ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက် ၇.၅၃ ရာခိုင်နှုန်းကို ထုတ်ပြန်ခဲ့ပါသည်။
ဝေ့ပေါ် ပြန်ကောင်းသွားသောအခါ အလျှင်အမြန်ပဲ ဝေ့ပေါ် ၏ ထိပ်တန်းရေပန်းစား အကြောင်းအရာဖြစ်လာခဲ့ပါသည်။
"ဝိုးးး ကြည့်ရှုသူ ၇.၅၃ ရာခိုင်နှုန်းတဲ့။ ဒါ သာမန်ထက်တော်တော် ထူးကဲနေပြီ။"
"ဘာပြောရမှန်းတောင် မသိတော့ဘူး။ အစ်ကိုဖန်က အရမ်းတော်တယ်လို့ပဲ ပြောချင်တော့တယ်။"
"စကားကို ကြည့်ပြော။ သူ့ကို အစ်ကိုဖန်လို့ မခေါ်သင့်တော့ဘူး။ ဒါရိုက်တာလင်းလို့ ခေါ်သင့်တယ်။"
"ဒါရိုက်တာလင်းရဲ့ ဒါရိုက်တာစွမ်းရည်တွေက အရမ်းအားကောင်းလွန်းတယ်။ သူက ငါတို့နိုင်ငံတော်အတွက် ဒီလို ဂန္တဝင်လက်ရာမျိုးကို ဖန်တီးပေးခဲ့တာပဲ။ ဒါပေမယ့် ငါတို့ကြည့်လို့မဝသေးဘူး။ သိတောင်မသိလိုက်ခင်မှာ အဆုံးသတ်သွားတယ်။ ဟူး... ငါရုပ်သံဒရာမာတွေ ထပ်ကြည့်ချင်သေးတယ်။"
"ဒီလိုကြည့်ရှုသူ ပမာဏမျိုးက တစ်ခါမှ မကြုံစဖူးပဲ။ အစ်ကိုဖန်တစ်ယောက်ပဲ ဒီလို ကြည့်ရှုသူ ပမာဏမျိုးကို ထပ်ကျော်နိုင်မယ်လို့ ထင်မိတယ်။"
"နောက်ပိုင်း အစ်ကိုဖန်တောင် ဒီလိုကြည့်ရှုသူ အဆင့်သတ်မှတ်ချက်မျိုးကို ကျော်လွန်ဖို့ မလွယ်ကူတော့ဘူး။ ၇.၅၃ ရာခိုင်နှုန်းတဲ့။ ဘယ်လိုလူမျိုးက ဒီလိုလုပ်နိုင်မှာလဲ။ တကယ့်ကို နှိုင်းယှဥ်လို့တောင် မရဘူး။"
"ငါအစ်ကိုဖန်ကို အရမ်းတွေ အထင်ကြီးနေပြီ။ အစ်ကိုဖန်က ဒီလို စံချိန်မျိုးကိုဖန်တီးနိုင်တယ်ဆိုတော့ ကြယ်ဥယျာဥ်ထက် အဆပေါင်းများစွာတောင် ပိုသာနေပြီ။"
ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်လိုက်သောအခါ ယွဲ့ဟွာဖျော်ဖြေရေးမှ ဝန်ထမ်းအားလုံး အောင်ပွဲခံကုန်ကြပါသည်။
"လခွမ်းး မိုက်တယ်ဟေ့။"
"ငါတို့ယွဲ့ဟွာ နိုင်သွားပြီကွ။ ကြည့်ရှုသူ ၇.၅၃ ရာခိုင်နှုန်းနဲ့ ဘယ်သူလာယှဥ်နိုင်ဦးမှာလဲ။"
"အစ်ကိုဖန်က သောက်ရမ်းကြမ်းလွန်းတယ်။ ငါအစ်ကိုဖန်ဆီမှာ တပည့်ခံချင်လာပြီ။"
"အစ်ကိုဖန်ရိုက်တဲ့ ရုပ်သံဒရာမာတစ်ခုက ငါတို့ကုမ္ပဏီတစ်ခုလုံးကို ကယ်တင်ပေးခဲ့တာပဲ။"
"နောက်ကို ရှားဝမ်ချွေ့ကို အနိုင်ကျင့်ရဲတဲ့လူရှိရင် ဒီရုပ်သံဒရာမာပြီးတဲ့နောက်ပိုင်း ရှားဝမ်ချွေ့ရဲ့ ရေပန်းစားမှုလည်း သေချာပေါက် မိုးထိုးတက်လာမှာပဲ။"
ယွဲ့ဟွာမှ ဝန်ထမ်းများ အံ့သြတကြီး ဖြစ်နေကြပါသည်။
သူတို့ ပြောတာလည်း မမှားပေ။
ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာကို ထုတ်လွှင့်ပြသပြီးသည့် နောက်ပိုင်း ရှားဝမ်ချွေ့၏ ရေပန်းစားမှုက အလွန်မြင့်တက်သွားခဲ့ပါသည်။
ရှားဝမ်ချွေ့၏ ဝေ့ပေါ် ပရိတ်သတ်က သန်း ၁၀၀ အထိ ရောက်သွားပါပြီ။
လင်းဖန်၏ ဝေ့ပေါ် ပရိတ်သတ်က သန်း ၂၀ ပြည့်သွားပြီ။ လင်းဖန်၏ ဝေ့ပေါ် ပရိတ်သတ်များက တကယ်ကြီး သန်း ၂၀ ကို ချိုးဖောက်သွားခဲ့ပါပြီ။
စုရှောင်းယွီ၏ ပရိတ်သတ်က ၇၈ သန်းကျော်သွားပြီး ရှုယန်၏ ပရိတ်သတ်များလည်း တိုးမြင့်နေဆဲ ဖြစ်ပါသည်။
ယခု တစ်တော့ခ်၏ နာမည်ကျော် အဆင့်သတ်မှတ်ချက်တွင် ရှားဝမ်ချွေ့က ပထမနေရာမှာ မြဲမြဲထိုင်နေနိုင်ပါပြီ။ သူမ၏ ရေပန်းစားမှုက လင်းခယ့်ရှင်းကို ကျော်လွန်သွားခဲ့လေပြီ။
ရှားဝမ်ချွေ့က ဒီရုပ်သံဒရာမာကြောင့် ပို၍ပင် ရေပန်းစားလာခဲ့ပါသည်။
ဟွာစဲရုပ်ရှင်က လူတွေအားလုံး ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ကို မြင်သွားသောအခါ ဝန်ထမ်းအားလုံး အနည်းငယ် မယုံကြည်နိုင်ဖြစ်နေကြသည်။
"ဘုရားရေ မဖြစ်နိုင်တာ.... ကြည့်ရှုသူ ၇.၅၃ ရာခိုင်နှုန်းတဲ့.... ဘယ်သူက အဲ့တာကို ယှဥ်နိုင်တော့မှာလဲ။"
"ဟုတ်တယ်။ အဲ့လိုကြည့်ရှုသူ အရေအတွက်က အတုဖြစ်နိုင်ပါ့မလား။"
"ဒါရိုက်တာလင်းဖန်ရဲ့ ရုပ်သံဒရာမာက ဘာလို့ အရမ်းကောင်းရတာလဲ...."
ဟွာစဲရုပ်ရှင်၏ စီအီးအိုလျို့သည် ဒီသတင်းကိုမြင်သောအခါ သူ အားပျော့စွာ ထိုင်ချလိုက်သည်။
"မဟုတ်ဘူး..."
"ဒီလောက်မြင့်တဲ့ ကြည့်ရှုသူ အရေအတွက်ကြီးနဲ့.... ငါတို့ ဟွာစဲရုပ်ရှင်ရှုံးသွားပြီ..."
"မဖြစ်နိုင်ဘူး.... မဖြစ်နိုင်ဘူး။"