← Chapters

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၊ နတ်ဘုရားအဆင့် ဂန္တဝင်လက်ရာ

Vol. 11 Ch. 163

ဓားနှင့်နတ်သမီးဒဏ္ဍာရီ၊ နတ်ဘုရားအဆင့် ဂန္တဝင်လက်ရာ

Vol. 11 Ch. 163

စီအီးအိုလျို့၏ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဟွာစဲရုပ်ရှင် ရှုံးတာက ရှုံးသွားပြီဖြစ်သည်။

နောက်ဆုံးတော့လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီကို မယှဥ်နိုင်ခဲ့ကြပါ။

ဒါတွေအားလုံးကို ဟွာစဲရုပ်ရှင်၏ အစွမ်းအစအပေါ် အပြစ်တင်လို့တော့ မရပေ။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာက အလွန်ကောင်းမွန်လွန်းနေသောကြောင့်သာ ဖြစ်သည်။

ရုပ်သံဒရာမာတစ်ခုလုံး ဇာတ်သိမ်းပိုင်းသို့ ရောက်သောအခါ ဇာတ်လမ်းကလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါသည်။

လင်းဖန်၏ ဒါရိုက်တာ စွမ်းရည်များးက အလွန် ကောင်းမွန်လွန်းသည်ဟူသော သဘောသက်ရောက်သည်။

လင်းဖန်ကြောင့်သာမဟုတ်ပါက ယွဲ့ဟွာဖျော်ဖြေရေးက ဟွာစဲရုပ်ရှင်ကို အနိုင်ယူနိုင်မှာ မဟုတ်ပါ။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ကြီး ရေပန်းစားလာခဲ့တာပဲ။"

"ဘာပဲဖြစ်ဖြစ် ငါလင်းဖန်ကို အထင်သေးခဲ့မိပြီ။"

"လင်းဖန်က တကယ့်ကို သာမန်လူမဟုတ်ဘူးပဲ..." စီအီးအိုလျို့က ပြောလိုက်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပါသည်။

နောက်ဆို လင်းဖန်ကို ပစ်မှတ်ထားဖို့ ပို၍ပင် ခက်ခဲလာနိုင်ပါသည်။

လင်းဖန်က ရှင်းထုတ်ဖို့ လွယ်ကူသူမဟုတ်ပေ။ ယွဲ့ဟွာ၏ အကာအရံဖြင့်ဆို လင်းဖန်က ဖျော်ဖြေရေးလောကမှာ ရေထဲက ငါးတစ်ကောင်လို ဖြစ်နေလိမ့်မည်။

ဟွာစဲပစ်များ၏ ရှုံးနိမ့်မှုက အနုပညာလောကထဲတွင် ပွက်လောရိုက်သွားစေခဲ့သည်။

နာမည်ကျော်အားလုံးက လင်းဖန်ကို ဝေ့ပေါ် ပေါ်တွင် ဂုဏ်ပြုနေကြပါသည်။

"လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းတယ်။ ဒါ့ကြောင့်သာမဟုတ်ရင် ဓားနှင့်နတ်သမီးဒဏ္ဍာရီက ဒီလောက်ထိ အောင်မြင်မှာ မဟုတ်ဘူး။ ငါလင်းဖန်ကို အများကြီး ချီးကျူးရမယ်။"

"ငါလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ကြည့်ခဲ့ပါတယ်။ ဒီလိုရလဒ်မျိုးရခဲ့တဲ့အတွက် ဒါရိုက်တာလင်းကို ဂုဏ်ပြုပါတယ်နော်။ ဒါရိုက်တာလင်းရဲ့ အစွမ်းအစက သာမန်နဲ့ တကယ်ပဲ ခြားနားတယ်။ သာမန်လူတွေ ယှဥ်နိုင်တာမျိုး မဟုတ်ဘူး။"

"လင်းဖန် ရှင်က ကျွန်မရဲ့ ရာသက်ပန် အိုင်ဒေါ ဖြစ်သွားပြီ။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အတွဲ အသစ်တွေ ထွက်ဦးမလားမသိဘူး။ ထွက်မယ်ဆို ငါတို့လည်း ရိုက်ရမယ်။ ဒါက ငါတို့နိုင်ငဲ့ထဲက ရှန်းရှဒရာမာတွေရဲ့ စမှတ်ပဲ။ လင်းဖန်လို ဒါရိုက်တာကြီးတစ်ယောက် အနားမှာရှိရင် ငါတို့သေချာပါ ဒီ့ထက် ဂန္တဝင်လက်ရာပိုမြောက်တဲ့ ရုပ်သံဒရာမာတွေကို အနာဂတ်မှာ ရိုက်ကူးနိုင်လိမ့်မယ်။"

အေ အဆင့်ရှိ နာမည်ကျော်များစွာ လင်းဖန်ကို ဝေ့ပေါ် ပေါ်တွင် ဂုဏ်ပြုလိုက်ကြပါသည်။

ထိုအချိန်တွင် လင်းဖန်က အနုပညာလောကထဲ အလွန်အမင်းရေပန်းစားသူဖြစ်လာခဲ့ပါသည်။

နာမည်ကျော်အားလုံးက လင်းဖန်ကို အလွန် သဘောကျကြသည်။ လင်းဖန်က ချောတာကြောင့် သို့မဟုတ် သူ့သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်သောကြောင့်ပဲ မဟုတ်ပေ။ အရေးအကြီးဆုံးက လင်းဖန်မှာ ဇာတ်ညွှန်းရေး ဆရာတစ်ယောက်ဖြစ်ပြီး ထိပ်တန်းအဆင့် ဒါရိုက်တာပညာကိုလည်း တတ်မြောက်ထားသည်။

ထို့အပြင် ဒီရုပ်သံဒရာမာကို ထုတ်လွှင့်ပြသပြီးနောက် သို့ပန် တွင် ၉.၃ အထိ ရရှိခဲ့ပါသည်။

သို့ပန် ၏ အမှတ်ထွက်လာသောအခါ ပရိတ်သတ်များ အံ့အားသင့်သွားရပြန်သည်။

"နှစ်ပေါင်းများစွာ ကြာတာတောင် သို့ပန် ပေါ်မှာ ဒီလောက်အမှတ်မြင့်တဲ့ ရုပ်သံဒရာမာမျိုး မရှိခဲ့ဘူး။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ကောင်းတာပဲ။"

"ဟုတ်တယ်။ အရင်တုန်းက သို့ပန် က တချို့ အရမ်းကောင်းတဲ့ နိုင်ငံခြားကားတွေကိုပဲ အမှတ်မြင့်မြင့်ပေးတာ။ အခုငါတို့ ပြည်တွင်း ရုပ်သံဒရာမာတွေလည်း နောက်ဆုံးတော့ ရေပန်းစားလာနိုင်ပြီ။ ဒီလို အမှတ်မြင့်မြင့်နဲ့ ထိုက်တန်ပါပေတယ်။"

"လင်းဖန်က အရမ်းတော်တာပဲ အိုက်စ်..."

"လင်းဖန်က ငါတို့ အနုပညာလောကထဲက ပါရမီရှင်တစ်ယောက်ပဲ။ လင်းဖန်ကို မင်းတို့ တီဗီဒရာမာတွေ ရိုက်ကူးခိုင်းဖို့ ငှားနိုင်မယ်ဆိုရင် မင်းတို့လည်း ဂန္တဝင်ရုပ်သံဒရာမာတွေ ရိုက်ကူးနိုင်လောက်တယ်။"

တချိန်တည်းမှာပင် ဓားနှင့်နတ်သမီးဒဏ္ဍာရီ၏ ရုပ်ရှင် ရီဗျူးပေါင်းများစွာ ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် မျိုးစုံတွင် ပေါ်လာခဲ့ပါသည်။

ဒီရုပ်သံဒရာမာ၏ ပြောင်မြောက်လှသော ကဏ္ဍများတွင် ပရိတ်သတ်ထံမှ အားပေးမှုကို ရရှိခဲ့ပါသည်။

နာမည်ကျော် ဘလော့ဂါများစွာကလည်း ဒီရုပ်သံဒရာမာ ဓားနှင့်နတ်သမီးဒဏ္ဍာရီ အပေါ် ၎င်းတို့၏ အမြင်ကို ဖော်ပြကြပါသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီက တကယ်ပဲ သားမန်ထက်ထူးကဲပါတယ်။ ဒီရုပ်သံဒရာမာက ဘာကြောင့် အရမ်းရေပန်းစားလာရလဲဆိုတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတယ်။ ပထမဆုံး လင်းဖန်ရဲ့ ဇာတ်ညွှန်းဖန်တီးမှုက အရမ်းပြီးပြည့်စုံတာကိုး။ သူက ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် အကုန်လုပ်ခဲ့တယ်။ ဇာတ်ကောင်တိုင်းကို သူကိုင်တွယ်တဲ့ ပုံစံကလည်း ပြီးပြည့်စုံမှု အထွတ်အထိပ်မှာရှိတယ်လို့ ပြောလို့ရတယ်။"

"ဒီရုပ်သံဒရာမာမှာ ဇာတ်ကောင်များကို အနုပညာဆန်ဆန်၊ လက်တွေဆန်ဆန်ဖန်တီးထားတာ ဥပမာ လီရှောင်းယောင်ရဲ့ ကြင်နာတတ်မှု၊ လင်းယွဲ့ရုရဲ့ အရူးအမူးစွဲလမ်းတတ်မှု၊ ကျောက်လင်အာရဲ့ တာဝန်ယူတတ်မှုစသဖြင့် အားလုံးက ကိုယ့်စရိုက်ကိုယ် ဇာတ်ကောင်တွေထဲမှာ မြင်နိုင်တယ်။ လင်းဖန်၊ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းလွန်းတယ်လို့ ခံစားမိတယ်။"

"သူတို့သရုပ်ဆောင်စွမ်းရည်ကြောင့်ပဲ ဒီရုပ်သံဒရာမာက အရမ်းအောင်မြင်လာတာကိုး။"

"ဒီရုပ်သံဒရာမာရဲ့ Theme က ကံကြမ္မာတဲ့။ ကြမ္မာာဆိုးဆိုတာလည်း တစ်ခုခုလှပတာကို ရင်ဆိုင်ရပြီး မကြာခင် သေချာပေါက် ဖကျ်ဆီးခံရတော့မယ်ဆိုတာကို သိနေတဲ့ ဘာမှ မတတ်နိုင်တဲ့ ခံစားချက်မျိုးပဲ။ အဲ့တာကလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ ဂန္တဝင်လက်ရာမြောက်တဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါရိုက်တာတစ်ယောက်အနေနဲ့ လင်းဖန်က ပရိတ်သတ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို လေးလေးနက်နက် အာရုံစိုက်ထားတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီက သေချာပေါက် ရှန်းရှဒရာမာတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်လာပြီး အနာဂတ် ရှန်းရှ ဒရာမာတွေအတွက် လမ်းဖောက်ပေးလိုက်တာပဲ။"

"လင်းဖန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်း၊ ရှုယန် ဘယ်သူပဲဖြစ်ဖြစ် အားလုံးက အကောင်းဆုံး အသက်အရွယ်မှာ အသင့်တော်ဆုံး Role ကို သရုပ်ဆောင်ခဲ့ကြတာပဲ။ အဓိကဇာတ်ကောင်တွေပဲဖြစ်ဖြစ်၊ ဇာတ်ပို့တွေပဲဖြစ်ဖြစ်၊ ဇာတ်ကောင်တိုင်းက 3D ပဲ။"

...

ရုပ်ရှင် ရီဗျူးပေါင်းစုံ နေရာတိုင်းတွင် ပေါ်လာပါသည်။

နေရာတိုင်းနီးပါးမှာ ဒီရုပ်သံဒရာမာကို ချီးကျူးနေကြသည်။

အထူးသဖြင့် လင်းဖန်ဖြစ်သည်။ သူက အားလုံး၏ ရင်ထဲတွင် လေးလေးနက်နက် အမြစ်တွယ်နေခဲ့ပါပြီ။

ယခင် ဘဝရဲ့ပျော်ရွှင်မှု၏ ရေပန်းစားမှုက လင်းဖန်ကို လူထုမျက်စိရှေ့ ချပြခဲ့တာဆို ဓားနှင့်နတ်သမီးဒဏ္ဍာရီက သူ့ကို နတ်ဘုရားတစ်ဆူအဖြစ် ပြောင်းလဲပေးလိုက်သည့် ဂန္တဝင်လက်ရာတစ်ခုဖြစ်ပါသည်။

ပီလိပီလိတွင် Uploader အသစ်ဖြစ်သူ ဆရာရှစ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီဗီဒီယိုများကို တိတ်တိတ်လေး မှတ်တမ်းယူပြီး စတင်ရှင်းပြပါသည်။

"အားလုံးပဲ မင်္ဂလာညနေခင်းပါ။ ဒီနေ့ ဆရာရှစ်က အားလုံးကို ရုပ်သံဒရာမာတစ်ခုအကြောင်း ရှင်းပြဖို့ ရောက်လာခဲ့ပါပြီ။ ဟုတ်ပါတယ် ဓားနှင့်နတ်သမီးဒဏ္ဍာရီပါ။ ခုတလော အရမ်းရေပန်းစားနေတာလေ။"

"ဒီနေ့ အားလုံးကို ဓားနှင့်နတ်သမီးဒဏ္ဍာရီက ဘာကြောင့်အရမ်းရေပန်းစားလာရတာလဲဆိုတာ အားလုံးကို ကူညီပြီး ဆန်းစစ်ပေးသွားမှာ ဖြစ်ပါတယ်။"

"ဒီရုပ်သံဒရာမာရဲ့ ခေါင်းဆောင်မင်းသားက လင်းဖန်ပါ။ အများကြီးပြောဖို့တော့ မလိုဘူးထင်တယ်။ လင်းဖန်ရဲ့ ဓာတ်ပုံတချို့ကို ပြပါ့မယ်။ အားလုံးပဲ လင်းဖန်ဘယ်လောက်ချောလဲ ဆိုတာကို ရှုစားလိုက်ကြပါ။"

"နတ်သမီးလေးတွေရဲ့ ဓာတ်ပုံကိုလည်း ပြပါမယ်။ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းတို့ အားလုံးက အရမ်း လှပကြတယ်။”

"ဒီလောက်လှပတဲ့ အဓိကခေါင်းဆောင်မင်းသား မင်းသမီးတွေရယ် လင်းဖန်လို ချောမောတဲ့ ခေါင်းဆောင်မင်းသားရယ်ကြောင့် ဒီရုပ်သံဒရာမာ ရေပန်းမစားလာဖို့ကသာ ပိုခက်မှာပါ။"

"ဇာတ်လမ်းကို ထပ်ပြီးကြည့်ရှုလိုက်ရအောင်။ ပထမဆုံး ဒီရုပ်သံဒရာမာရဲ့ ဇာတ်လမ်းဇာတ်ကွက်က သံသယဖြစ်စရာမရှိအောင် အကောင်းဆုံးပါပဲ။ အစကနေ အဆုံးအထိ ဘာအပြစ်အနာအဆာမှကို မရှိတာပါ။

"ဒီရုပ်သံဒရာမာ အရမ်းရေပန်းစားရတဲ့ အကြောင်းအရင်းက ဇာတ်လိုက်တွေရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပုံပန်းသဏ္ဍာန်တွေကြောင့်ပဲ မဟုတ်ဘူး။ တခြား အချက်တွေလည်း ရှိပါသေးတယ်။"

"ကျွန်တော် ဒီမှာ ပြောချင်တာကတော့.... ကျေးဇူးပြုပြီး ဓားနှင့်နတ်သမီးဒဏ္ဍာရီရဲ့ အထူးပြုလုပ်ချက်တွေ၊ နောက်ခံအသံတွေ၊ နောက်ဆက်တွဲ တည်းဖြတ်ရေးတွေ အကုန်လုံးကို ကြည့်လိုက်ကြပါဦး။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီမှာ အစားထိုးသရုပ်ဆောင်တွေ မသုံးခဲ့ဘူး။ အဲ့တာကြောင့်လည်း ဒီရုပ်သံဒရာမာက အရမ်းရေပန်းစားခဲ့တာပါ။"

"နောက်ဆုံးတော့လည်း ဒီရုပ်သံဒရာမာ အရမ်းရေပန်းစားလာရတာက အားလုံး လင်းဖန်ကြောင့်ပါပဲ။"

"လင်းဖန်က အနုပညာလောကထဲမှာ ပါရမီရှင် ဇာတ်ညွှန်းဆရာတစ်ယောက်ပဲ။ သူက အရမ်းချောတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တယ်။ သူက ဆရာရှစ်ဆိုတဲ့ ကျွန်တော့်ထက်တောင် အများကြီး ပိုချောပါသေးတယ်...."

ဆရာရှစ် ဗီဒီယိုကို တည်းဖြတ်ပြီးသောအခါ ပီလိပီလိတွင် တင်လိုက်ပါသည်။

ထို့နောက်....

သူ့ဗီဒီယို ရေပန်းစားလာခဲ့သည်။

ဆရာရှစ်ကိုယ်တိုင်တောင် ရေပန်းစားလာပါသည်။

"ဝိုးးးး"

"လင်းဖန်ရဲ့ အရမ်းချောတဲ့ မျက်နှာလေးကိုလာကြည့်ကြဟေ့။ အရမ်းချောတာပဲ~"

"အားးး အစ်ကိုဖန်က အရမ်းချောတာပဲ။ ရှားဝမ်ချွေ့လည်း အရမ်းလှတယ်။ သူတို့ အချစ်ရေးဇာတ်ဝင်ခန်းကို နှစ်ခေါက်တောင် အတူတူရိုက်ပြီးကြပြီ ဘာလို့ မတွဲကြသေးတာလဲ။"

"နင်ပြောတာမှန်တယ်။ နင်တောင် လင်းဖန်က ချောတယ်လို့ ထင်နေပြီပေါ့။"

ကောမန့်များစွာကိုကြည့်ရင်း ဆရာရှစ် ထိန်လန့်သွားရပါသည်။

အရင်တုန်းက သူ ဘယ်လိုဗီဒီယိုကိုပဲလုပ်လုပ် ရေပန်းစားလာမှာ မဟုတ်ပါ။

သို့သော်လည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ ပေါ်လာကတည်းက သူပထမဆုံး Upload တင်လိုက်သည့် ဗီဒီယိုကတောင် သူ့ကို ရေပန်းစားသွားစေခဲ့ပါသည်။

အကြောင်းအရင်းကတော့ အလွန်ရိုးရှင်းပါသည်။ သူက လင်းဖန်၏ ဓာတ်ပုံအနည်းငယ်ကို ပို့စ်တင်လိုက်ရုံသာဖြစ်ပြီး သူ့ကို ရေပန်းစားသွားစေခဲ့ပါသည်။

လင်းဖန် အနုပညာလောကထဲမှာ ကြယ်ပွင့်တစ်ပွင့်ဖြစ်နေတာ ဘယ်သူ့အပြစ်လဲ။

ဆရာရှစ် အနည်းငယ် မနာလိုဖြစ်မိပါသည်။

သူ့လို ပမွှားလေးတစ်ကောင်ကတော့ လင်းဖန်ကို ဘယ်တော့မှ တွေ့နိုင်မှာ မဟုတ်ပေ။

သူ့ဘဝမှာ လင်းဖန်ကို တစ်ခေါက်လောက်သာ တွေ့နိုင်ပါက ကျေနပ်ပါပြီ။

ဘာပဲဖြစ်ဖြစ်... လင်းဖန်ကြောင့်ပဲ သူ့လို အလုပ်ပြုတ်ခဲ့သည့် Uploader လေးတစ်ယောက် ရှင်သန်ဖို့ အခွင့်အရေးရခဲ့ခြင်း မဟုတ်ပါလား။

နှလုံးသားရေကန်ဗီလာထဲတွင်ရှိနေဆဲဖြစ်သည့် လင်းဖန်ကတော့ မသိခဲ့ပါ။

ဘာမှန်း မသိလိုက်ဘဲ သူ့မှာ အမာခံပရိတ်သတ်လေး တစ်ယောက် တိုးလာပြီဖြစ်သည်။

လက်ရှိ သူက အင်တာနက်ပေါ်မှာ အလွန်ရေပန်းစားနေသည့် နာမည်ကျော်တစ်ယောက် ဖြစ်နေပါပြီ။

All Chapters